Chapter 16
Viewers 1k

🐯Chapter 16



ထိုအချိန်တွင် ကြည့်ရှုသူများ၏ အစားထိုးခံစားချက်မှာ အလွန်ပြင်းထန်​နေခဲ့သည်။


ကုယွီမြန်မှ တိုးညင်းစွာ​ပြော​နေချိန်တွင် သူတို့က ချက်ချင်းပင် အပူချိန်ကျဆင်းလာသည်အား ခံစားရပြီး အ​စောပိုင်း​နွေဦး၏အ​အေးဓာတ်သည်လည်း ယခုအခါ ​နွေး​ထွေးသွားသည်။


​ရေအပြင်ဘက်တွင်​ပေါ်​နေသည့် အသားရည်က ​အေး​​နေသည်။​​ ရေချိုးဆားထည့်ပြီး​နောက် ​ရေက ဖြူဆွတ်ဆွတ် ပုံစံ​ပြောင်းသွားကာ နှာ​ခေါင်းထိပ်​လေးကို ရေ​နွေးဖြင့်ထိ​နေပြီး အနံ့​ဖျော့​ဖျော့နှင့် ​ရေကျသံတ​ပေါက်​ပေါက်ကြား​နေရသည်။


ကုယွီမြန်၏အမူအကျင့်က အမြဲနူးညံ့သိမ်​မွေ့သည်။ မည်သည့်ကိစ္စမဆို ဆုံးဖြတ်ပြီးသွားလျှင် သူ၏နှလုံးသားတစ်ခုလုံးဖြင့် လက်ခံလိမ့်မည်။ သူ၏ရည်မှန်းချက်မှာ နှင်းကျားသစ်​လေး​ပျော်​အောင် လုပ်​ပေးခြင်းသာဖြစ်သည်။


အမြင်အာရုံထဲတွင် အလင်း​ရောင်က ဝါ​ဖျော့​ဖျော့လင်း​နေပြီး ကြယ်များမှာ သူတို့ထံ​ပြေးဝင်လာ​တော့မည်ဟု ထင်ရသည်။ အလွန်တိတ်ဆိတ်နူးညံ့​သော ပတ်ဝန်းကျင်က မူလအ​ကြောက်တရားအား တွန်းလှန်လိုက်ပြီး လူတိုင်းအား ​ရေပူနှင့် သူတို့၏အသားထိ​နေရသည့် ခံစားချက်ကိုသာ ​စောင့်​မျှော်​နေ​စေသည်။


​နောက်တစ်စက္ကန့်တွင် ​ရေ​နွေးများ စီးဆင်းကျလာပြီး ခန္ဓာကိုယ်တစ်လုံးအ​ပေါ် ပျံ့နှံ့သွားသည်။


မ​ရေတွက်နိုင်​သောလူများက သူတို့၏မျက်လုံးများကို တစ်ချိန်တည်း ဖွင့်လိုက်မိသည်။


​ရေ​နွေး၏အထိအ​တွေ့က သူတို့၏ခန္ဓာကိုယ်တစ်​လျှောက်  နူးညံ့စွာစီးဆင်းသွားပြီး ​ကြောင်​ဆေးပင်အနံ့​ဖျော့​ဖျော့နှင့် ပင်လယ်ဆားငံရည်နံ့အနည်းငယ်လည်း ရလာသည်။ သက်​သောင့်သက်သာရှိ​သောခံစားချက်က လူတိုင်းအား ထုံကျဥ်သွား​စေသည်။​ ရေထဲ​​​ရောက်​သောအခါ သူတို့က လုံးဝ​​နွေး​ထွေး၍ သီးခြားအိပ်မက်ကမ္ဘာထဲသို့ ဝင်​ရောက်သွားသလိုပင်။


​​နွေဦး၊ ကြယ်မြစ်၊ ည၊ ည​နေခင်း​လေ​ပြေ​အေး​လေး...


အကြားအာရုံ၊ အမြင်အာရုံနှင့်ခံစားချက်က အလွန်သက်​သောင့်သက်သာရှိ​သောအ​ခြေအ​နေတွင်​ ရောက်​နေပြီး လူတိုင်းအား သူတို့၏မျက်လုံးများကို ကျဥ်း​မြောင်း၍လက်ရှိအ​ခြေအ​နေတွင် ​ပျော်​​မွေ့စေသည်။


ထိုမျှသာ မက​သေး​ပေ။


အစပိုင်း​ရေအပူချိန်က မကြာမီတွင် သူတို့၏ခန္ဓာကိုယ်​ပေါ်၌ နူးညံ့​သောအထိအ​တွေ့ကို ခံစားမိ​စေသည်။


လူငယ်​လေး၏လက်​ချောင်းများက သွယ်လျပြီး​နွေး​ထွေးသည်။ သူက ဆပ်ပြာများကို လက်ဖဝါး​​ပေါ်တွင်ပွတ်တိုက်ပြီး သူ့၏လက်​​ချောင်းများက ​ရေ​နွေးကိုဖြတ်၍ နှင်းကျားသစ်လေး၏လည်ပင်း၊​ မေး​စေ့မှ​နောက်​ကျောအထိ တိုက်​ပေးပြီး အညစ်အ​ကြေးများကို ​ပြောင်​စေကာ ခန္ဓာကိုယ်ရှိဆဲလ်တိုင်းကို စိတ်​ကျေနပ်စွာ သက်ပြင်းချမိ​စေသကဲ့သို့ပင်။


နှင်းကျားသစ်​လေးက သူ့အမြှီး​လေးအား မသိစိတ်မှ​ဝေ့ရမ်း​​နေပြီး ကုယွီမြန်၏လက်ဖဝါးကို ပွတ်သပ်​နေခဲ့သည်။


" ကျွန်တော် အဆင့်နိမ့်ဘယ်လူးဘယ်ရီဝိုင်တချို့ ပြင်ဆင်ထားတယ်...ခဏ​နေရင် အရသာခံခိုင်းမယ်​နော်..."


စကားသံထွက်လာပြီး​နောက် ဝိုင်မှ ဘယ်လူးဘယ်ရီ၏အနံ့က နှာ​ခေါင်းထဲတွင် အနံ့ရလာသည်ကို လူတိုင်းရှုကြည့်ပြီး​နောက် မူး​ဝေလာ​စေသည်။


သက်​သောင့်သက်သာရှိ​သော​ ရေ​ပူစမ်းတွင်စိမ်ပြီး တူညီ​သောအပူချိန်ရှိသည့် ဟော့​ပေါ့အားစားပြီး အရသာရှိ​သော ​​ဘယ်လူးဘယ်ရီဝိုင်နှင့်အတူ...


ကုယွီမြန်က အမြဲတမ်း အရာအားလုံးကို အစီအစဥ်တကျလုပ်တတ်သည်။


သူ၏အသားရည်​လေးက နူးညံ့​နွေး​ထွေးပြီး လူတိုင်းအား ညထက်ပင်ပို၍ နူးညံ့သည်ဟု ခံစားမိ​စေသည်။ 


ရာသီဥတု​အေးလာ​သောအခါ ​ရေပူစမ်း၊ ည​နေခင်းတွင် ပင်လယ်ရှုခင်းကြည့်ပြီး ဘာဘီကျူးစားခြင်း၊ အလုပ်ပင်ပန်း​သော ​​နေ့တစ်​နေ့အဆုံးတွင် ဂရုစိုက်မှုနှင့် ​စံပယ်ရေ​နွေးကြမ်းပူပူ၊ ဘဝ၏စည်းချက်ကို သူက သင့်​လျော်စွာ စီစဥ်ထားနိုင်ပြီး ကြည့်ရှုသူများအား သူ့အ​​ပေါ် ယုံကြည်၍မှီခိုအားထားကာ ချစ်မြတ်နိုးလာ​စေသည်။


၎င်းက စွဲလန်း​စေသည်။


ကြည့်ရှုသူများက ​လေထုထဲတွင် လုံးဝနစ်မြုပ်​နေပြီး အိပ်မက်မှနိုးထရန် အချိန်အ​တော်ယူခဲ့ရသည်။ မှတ်ချက်မျက်နှာပြင်တွင် မရေတွက်နိုင်သောလူတစ်​ယောက်ပြီးတစ်​ယောက်၏ မှတ်ချက်များ ပျံသန်းလာခဲ့သည်။


【နက်ရှိုင်း​တဲ့ပင်လယ်ထဲမှာအိပ်​​နေတယ်: လက်​ဆောင်အားလုံးကို တင်ဆက်သူဆီပို့လိုက်ပြီ… ငါ​မွေးလာကတည်းက ဒီလိုခံစားချက်မျိုး ပထမဆုံးခံစားဖူးတာပဲ…】


【တိမ်​လေးတစ်ခုရှိတယ်: ဒီ​နေ့ရဲ့ ​ရေပူစမ်းကတကယ် ပြီးပြည့်စုံတယ်… လေထုနဲ့ရေချိုးဆားလည်းပါတဲ့ တင်ဆက်သူရဲ့စီစဥ်မှုက အ​ကောင်းဆုံးဘဲ... ဒီမီးရှူးမီးပန်းကမင်းအတွက်ပါ ヽ(´▽`)ノ】


【​ကြောင်​လေးရဲ့​အော်သံ: ငါ လုံးဝကိုဆွဲ​ဆောင်ခံလိုက်ရပြီ... ရွှယ်ထွမ်​လေးရဲ့အိမ်က လူသားကိုခိုးချင်တယ်(-ε- )】


【တရုတ်ပြည်​တောင်ဘက်က ကျားကဘယ်​တော့မှချိန်းမ​တွေ့ဘူး : +1 ငါလည်း တင်ဆယ်သူနဲ့ ရွှယ်ထွမ် နှစ်​ယောက်လုံးကို ခိုးချင်တယ်... ငါ့အိမ်ကို သူတို့နှစ်​ယောက်လုံးပြန်​ပေးဆွဲလာလို့ ရနိုင်လား( ・ε・)】


လက်​ဆောင်တစ်ခုပြီးတစ်ခု ​ပေါက်ကွဲထွက်လာခဲ့ပြီး အထူးပြုလုပ်ချက်များသည်လည်း အတူတကွတွဲထွက်လာကာ မှတ်ချက်မျက်နှာပြင်အား မမြင်နိုင်လုနီးပါးပင်။ပရိသတ်များစွာက မီးရှူးမီးပန်းများကို တစ်ချိန်တည်း ပစ်လိုက်ကြရာ ပလက်​ဖောင်းအမျိုးမျိုးမှ ကံစမ်းမဲ​ပေါက်ချင်သူ အများအပြားအစပျိုးလာခဲ့ပြီး ကြည့်ရှုသူအ​ရေအတွက်က ထိပ်ဆုံးသို့​ရောက်သွားသည်။


ယ​နေ့တွင် ကုယွီမြန်က အကြုံပြုချက်စာရင်းတွင်မပါခဲ့​ပေ။ သို့​​သော် မ​ရေတွက်နိုင်​သော လက်​ဆောင်များနှင့်တိုးလာ​သော ကြည့်ရှုသူများက သူ့အား​နေ့တစ်​နေ့၏ ထိပ်ဆုံးဆယ်​​နေရာသို့တွန်းပို့လိုက်ပြီး ယခင် ဘာဘီကျူး၏​ကျော်ကြားမှုနှင့် အတူတူဖြစ်လာခဲ့သည်။


တစ်ခြားတစ်ဖက်တွင်မူ တင်ဆက်သူ စီးကရက်က အသက်ရှုကြပ်လုနီးပါးပင်။


သူက တင်ဆက်သူအသစ်​​ ထောက်ပံ့​ရေးအစီအစဥ်ကို မြှင့်တင်ရန်အတွက် ​ရေတပ်အားဝယ်ခဲ့ပြီး ထိပ်စီးခေါင်းစဥ်တွင် အချိန်အ​တော်ကြာရှိ​နေခဲ့သည်။ သူက ကြယ်တာရာ​ကောင်းကင်မြို့၏ 'တင်ဆက်သူအသစ်​​ထောက်ပံ့​ရေးအစီအစဥ်'တွင်ပါဝင်ရမည့် အခွင့်အ​ရေးကို အယူရန်နှင့် မကြာ​သေးမီက အတင့်ရဲ​​လာသော ကုယွီမြန်ကိုနင်း​ခြေရန် စီစဥ်​နေခဲ့သည်။


သူ၏​ရေတပ်များက ထိပ်စီး​​ခေါင်းစဥ်အား 'စီးကရပ်၏အစားအစာ' ၊ ''လူသားတွေ တိုက်ရိုက်ထုတ်လွှင့်မှုက​နေထွက်သွား' အစရှိသဖြင့် ​ခေါင်းစဥ်များရရန် ကြိုးစား​နေစဥ်တွင် ရုတ်တရက် ကြယ်တာရာ​ကောင်းကင်မြို့၏တရားဝင်ခေါင်းစဥ်တွင် အခြားတစ်ခု​​​ပေါ်လာခဲ့သည်။


အချို့ပရိသတ်များက တိုက်ရိုက်ထုတ်လွှင့်မှု၏ဗီဒီယိုနှင့် ပုံများအား ပြန်တင်ခဲ့ကြပြီး ကြယ်ကွန်ရက်တွင်လည်းတင်ခဲ့သည်။


၎င်းပုံမှာ လူငယ်လေးက ​ရေ​နွေး​​ငွေ့များဖြင် ​ရေကန်​ဘေးတွင် ဒူး​တစ်ဝက်ထောက်​နေသည့်ပုံဖြစ်သည်။ သူ၏အင်္ကျီလက်များကို​ ခေါက်တင်ထားပြီး ဖြူ​ဖွေး၍ နူးညံ့​သောလက်​ကောက်ဝတ်​လေးအား ပြသထားသည်။ သူ၏ဆံပင်များက အနည်းငယ်စို​နေပြီး လိပ်ပြာသဏ္ဍာန်မျက်ခွံများမှာအောက်ငုံ့​နေကာ ပယင်း​​ရောင်မျက်လုံးတောက်​တောက်က​လေးအား ဖုံး​နေသည်။


သူ့နှုတ်ခမ်းအနီးတွင် ပါးချိုင့်အရိပ်က​လေးတစ်ခုအား မြင်နိုင်သည်။


ထိုပုံက လူတိုင်းအားရယ်​မော​စေပြီး တစ်ချိန်နည်းမှာပင်ငို​စေနိုင်သည်။ ထိုပုံအား အလှအပများကို ​တောင့်မခံနိုင်​​သော blogger တစ်​ယောက်မှ တင်ထားခြင်းဖြစ်သည်။ bloggerက အမျိုးမျိုး​သော နတ်ဘုရားအလှများကို အာရုံစိုက်၍ တင်​လေ့ရှိသည်။ ကုယွီမြန်၏ပုံကို မြင်​သောအခါ သူမတွင် ​​တောက်ပ​သော အမြင်တစ်ခုရှိ​နေခဲ့သည်။


【အရိုအ​သေ​ပေးထိုက်တဲ့မျက်နှာ​​​တွေအ​ပေါ်မှာ အာရုံစိုက်​နေတယ်:ဒီအစ်ကိုအသစ်ကလေးက ဘယ်သူတုန်း... ငါ နှလုံး​ရောဂါရ​တော့မယ်... @နက်ရှိုင်း​တဲ့ပင်လယ်ထဲမှာအိပ်​​နေတယ် : ဒီနတ်ဘုရားကိုကြည့်ပါဦး 5555 (人´∀`)

[picture][Video]】


【အကြည့်တစ်ချက်နဲ့ ရင်ခုန်သွားမယ်: +1 မင်းသူတို့​တွေ့ပြီးပြီလား...ဘယ်ကုမ္ပဏီကလဲ...အားး အားး အဲ့အစ်ကိုကြီး​ကိုလိုချင်တယ်…】


【ငါကြက်​လှောင်အိမ်ယူလာခဲ့တယ် : ညီအစ်မတို့ စိတ်​အေး​အေးထားကြပါ...ငါက​တော့ စိတ်မထိန်းနိုင်​တော့ဘူး (//∇//)】


【သူကသာမန်လူလို့ပဲ ထင်ရတယ်...အလှအပ​တွေလည်း မပါဘူး...​သေချာရိုက်ထားတဲ့ မှန်ဘီလူးလည်း မပါဘူး... ဒီလိုတည်ရှိမှုမျိုးက သက်ရှိတစ်​ယောက်​​ရောဟုတ်ရဲ့လား…】


【သူက idolမဟုတ်ဘူး...ကြယ်တာရာပလက်​ဖောင်းက တင်ဆက်သူတစ်​ယောက်ပဲ… Room No. 342xxxညီအစ်မတို့ မြန်မြန်လာကြ နတ်ဘုရားကိုသွားကြည့်ကြမယ်…】


ပရိသတ်များ၏အင်အားက ​ကြောက်မက်ဖွယ်​ကောင်းလှသည်။ သူတို့က တင်ဆက်သူ၏ပုံအား 'တင်ဆက်သူအသစ်​ထောက်ပံ့​ရေးအစီအစဥ်'မှတင်ထားသည့်ပုံကို bloggerပြန်တင်ထားသည်မှ ဦးဆုံးဆုံးရရှိခဲ့ခြင်းဖြစ်သည်။ စီးကရက် ယခု​​လေးတင် ခြယ်မှုန်းခဲ့သည့် ​ခေါင်းစီးများတွင် ​နေရာယူပြီး​နောက် တိုက်ရိုက်ထုတ်လွှင့်မှုကိုရှာ​​တွေ့ခဲ့ကြသည်။


၎င်းက ကုယွီမြန်၏​ကျော်ကြားမှုအား တစ်ဆင့်မြှင့်​ပေးခဲ့ပြီး စီးကရက်၏​ကျော်ကြားမှုအား ထပ်မံကျော်သွားပြန်သည်။ ကုယွီမြန် တိုက်ရိုက်ထုတ်လွှင့်မှုစတင်ခဲ့သည်မှာ တစ်နာရီသာရှိ​သေး​သော်လည်း ယ​နေ့၏ ​ကျော်ကြား​သော ထိပ်ဆုံး​နေရာ ၃​နေရာထိပင် ရောက်နိုင်ခဲ့သည်။


-----


【မိန်မိန်ကလူ​ကောင်း​လေး :  အားဝေ့…  ဒီနတ်ဘုရားကိုလာကြည့်ပါဦး…】


【ယုန်​လေးကလည်း ပင်လယ်ဘုရင်ဖြစ်လာနိုင်တယ် : ငါ့စိတ်​တွေကစဥ့်ကလျားဖြစ်​နေပြီ... အစ်ကို​ပေါက်စ​လေးရဲ့ဆွဲ​ဆောင်မှုအညွှန်းက ဇယားကို​ကျော်​​နေပြီ... အနည်းဆုံး တစ်​ထောင်​လောက်​​တော့ရှိမယ်လို့ ငါထင်တယ်…】


【 ဗဟို​လေ​အေး​ပေးစက် သမင်​လေး: တင်ဆက်သူက​တော့ နတ်ဘုရားအဖြစ် အဆင့်တက်သွားရလို့ ပင်ပန်း​နေ​တော့မှာဘဲQAQ ယောကျာ်းက ပွဲဦးထွက်ချင်စိတ်ရော ရှိလောက်လား… 】


【 မူလီချိုး : ငါ ဒါကိုလက်ခံတယ်လို့ အားး… ​ကျေးဇူးပြုပြီး သူ့လိုက်ဖ်ကို ဗီဒီယိုပြန်ရိုက်ပြီးသိမ်းထား​ပေးပါဦး...ငါအဆအများကြီး​ပေးဝယ်ပါ့မယ်…】


ဤ​ခေတ်သို့​​ရောက်လာ​သောအခါ လူ့အဖွဲ့အစည်းက မည်သည့်သက်ရှိတွင်မဆို လူမျိုးခွဲခြား​ရေးကို ဆန့်ကျင်​ကြောင်း ရှင်းလင်းစွာပြသလာခဲ့သည်။ သူတို့က ​ခွေးများကိုပင် ကြိုက်နှစ်သက်ကြသည်။ တင်ဆက်သူမှာကြည့်​ကောင်း​​နေသ​ရွေ့သူတို့က လူမျိုး(မျိုးနွယ်)၊ အသက်နှင့် လိင်ကို ဂရုမစိုက်​ပေ။


ကုယွီမြန်၏မျက်နှာက အလွန်ကြည့်​ကောင်းသည်။ သူ့တွင် နူးညံ့သိမ်​မွေ့၍ အန္တရာယ်ကင်း​သောမျက်လုံးများ၊ လှပ​သောနှုတ်ခမ်းပါးနှင့် ပါးချိုင့်များရှိသည်။ များ​သောအားဖြင့် သူ့တွင် ​အေးစက်​သော​လေထုရှိ​သော်လည်း သူပြုံးလိုက်​သောအခါ တစ်စုံတစ်​ယောက်အား မီးရှူးမီးပန်းများ မြင်စေသကဲ့သို့ ဆွဲ​ဆောင်သွားသည်။ သူက တိုက်ရိုက်ထုတ်လွှင့်သည့်အချိန်တွင် အလွန်တည်ငြိမ်ပြီး မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမှ မပြသဘဲ ချက်ပြုတ်၊​ ရေချိုး၍နှိပ်နယ်​ပေးသည်။


​ရေပူစမ်းတွင်စိမ် စေပြီး​​နောက် ကုယွီမြန်က နှင်းကျားသစ်​လေး၏ခန္ဓာကိုယ်မှ​ ရေများ​ခြောက်​စေရန် ပူ​​နွေးနူးညံ့​သော သဘက်​စောင်အားယူလာခဲ့ပြီး​​​နောက် အ​ခြောက်ခံစက်အ​သေးစား​​လေးကို ​လေ​နွေး​​နွေးဖြင့် နှင်းကျားသစ်​လေး၏ အ​မွေးများအား မှုတ်​ပေးသည်။ ထို့​နောက် သူ မှတ်ချက် မျက်နှာပြင်အားကြည့်လိုက်သည်။


ကုယွီမြန် : "..."


သူတို့က ငါ့ကိုဘာလုပ်​စေချင်​နေတာလဲ...


အားဝေ့က ဘယ်သူတုန်း..


အဲဒါ​တွေထက် ပွဲဦးထွက်တယ်တဲ့လား...


သူ နားမလည်​ပေ။


ကုယွီမြန်က ရုတ်တရက်​ ရော​ထွေး​နေ​သောမှတ်ချက်များအား ကြည့်ပြီး သူ၏​ကျော်ကြားမှုသည်လည်း တစ်ချိန်တည်းမှာပင် ပို၍မြင့်မားလာခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ်  ရှည်လျား​သောတိုက်ရိုက်ထုတ်လွှင့်မှုတွင် စိတ်ရှုပ်​​​ထွေးသလိုခံစားခဲ့ရသည်။


ဒါက ချီမွမ်းတာနဲ့တူတယ်...


"​ကျေးဇူးတင်ပါတယ်..."

ကုယွီမြန်က သူ့နှာ​ခေါင်းထိပ်​လေးအား ထိလိုက်သည်။


"ဒါဆို...ငါတို့ ဆက်ကြမယ်​နော်..."


သူက နှင်းကျားသစ်​လေးအားချီ၍ အပြင်ဘက်ထမင်းစားခန်းသို့ သွားခဲ့သည်။ ထမင်းစားခန်းတွင် ရှို့ရှီး​ဟော့​ပေါ့အားပြင်ဆင်ထားပြီး အဓိကပါဝင်ပစ္စည်းမှာ အဆင့်မြင့်အမဲသားဖြစ်သည်။


သို့​သော် ယ​နေ့တွင် မ​မျှော်လင့်ထားသည့်အရာ ဖြစ်ပျက်သွားသည်။


လွန်ခဲ့​သောနာရီဝက်ခန့်က ကုယွီမြန် အမဲသားကိုထုတ်၍ ပြင်ပစားပွဲဝိုင်းတွင် ​​ရေခဲ​ပျော်​​အောင်ထားထားခဲ့သည်။


သူ မ​မျှော်လင့်ခဲ့သည်မှာ အမဲသားထည့်ထား​သော ပန်းကန်က ဗလာဖြစ်​နေခဲ့သည်။ ကုယွီမြန် ပ​ဟေဠိဖြစ်သွားရပြီး ဥယျာဥ်အားလှည့်ပတ်ကြည့်ပြီး​နောက် ​ထောင့်ရှိကြောင်​ဆေးပင်အိုးသို့​ အကြည့်ရောက်သွားသည်။​ ကြောင်​ဆေးပင်မှာ ထပ်ခါထပ်ခါဖျက်ဆီး​ခံထားရပြီး ရှုပ်ပွ​နေသည်။


သူ ​စောင့်ကြည့်ကင်မရာအား ချက်ချင်းစစ်​ဆေးလိုက်​သောအခါ ​ပြင်ပရှိကြောင်နှစ်​ကောင်က ​ကြောင်​ဆေးပင်၏ဆွဲ​ဆောင်ခြင်းခံရ​ကြောင်း ထွက်​ပေါ်လာသည်။ သူတို့က ဆေးပင်ကို အလွန်တရာစိတ်ဝင်စားခဲ့ပြီး ပြန်သွား​သောအခါ သူ့အမဲသားကိုလည်း ယူသွားခဲ့သည်။


ကုယွီမြန် : "...." (ーー;)

"ထွမ်ထွမ်​ရေ ငါဘာလုပ်ရမလဲ..."


ကုယွီမြန်မှာ သူ့မေး​စေ့အား နှင်းကျားသစ်​လေး၏​ခေါင်း​ပေါ်တင်၍ ပင်ပန်းစွာသက်ပြင်းချလိုက်သည်။

"မင်းကတော့ ​ကြောင်​ဆေးပင်အ​ပေါ် ဘာမှမတုံ့ပြန်ဘူး..."


ကုယွီမြန်မှာ ဤ​ခေတ်၏​ကြောင်​ဆေးပင်က ​ကြောင်များအ​ပေါ်ဆွဲ​ဆောင်မှု​​လျော့နည်းသွားသည်ဟုထင်သော်လည်း ထိုသို့မဟုတ်ခဲ့​ပေ။


သူက အလွန်နီးကပ်​နေခဲ့၍ နှင်းကျားသစ်​လေး၏နားရွက်ထိပ်များမှာ အနည်းငယ်ပူလာသည်။ သူ၏လက်ဖဝါး​လေးအား ကုယွီမြန်၏လည်ပင်း​ပေါ်ဖိ၍ ခဲပြာ​ရောင်မျက်လုံးများကို ကျဥ်း​မြောင်းလိုက်သည်။


​ကြောင်​ဆေးပင်ဆိုတာ မြက်ပင်အိုးကို ပြောတာလား...


မြက်ပင်အိုးအ​ကြောင်း​တွေးမိ​သောအခါ နှင်းကျားသစ်​လေး၏မျက်လုံးများတွင် သ​ဘောမကျမှုကို ပြသလာခဲ့သည်။


မြက်ပင်အိုးက ရေပူစမ်းအတွက် အမှုန့်ကြိတ်ထားတာဆိုရင်​တော့ တကယ်​ကောင်းပါတယ်... ဒါ​ပေမယ့် ငါ့ကို ဆွဲ​ဆောင်မယ့်တစ်ခုခုကို ရှာချင်တယ်ဆိုရင်​တော့... ဒီအမျိုးသား(ကုယွီမြန်)က မြက်ပင်အိုးထပ် အနည်းဆုံးအဆတစ်ရာ​လောက်ပိုပြီး ဆွဲ​ဆောင်မှုရှိတယ်...


​ကြောင်​ဆေးပင်က သူတို့​ရှေ့တွင် အရသာရှိ​သော ငါး​ပေါင်းနှင့်တူသည်။ ကမ္ဘာကြီးအား မမြင်ဖူး​သော ​ကြောင်များကိုသာ ဆွဲ​ဆောင်နိုင်လိမ့်မည်။


"​ကလေးလေး ဗိုက်ဆာ​နေပြီလား... အကုန် ငါ့အပြစ်တွေပါ..."

ကုယွီမြန်က နှင်းကျားသစ်​လေး၏မျက်နှာ​လေးအား ပွတ်လိုက်သည်။


" ဘာစားရမလဲဆိုတာ​ နောက်မှစဥ်းစားရ​အောင်... ငါရဲ့ဘိုး​ဘေး​လေကို အဆာမခံခိုင်းနိုင်ပါဘူး... ထွမ်ထွမ်ဘာစားချင်လဲ... ​​ဆယ်လမွန်ငါးဆိုရင်​‌ရော ဟင်..."


တစ်ခဏကြာပြီး​နောက် ကုယွီမြန်က မှတ်ချက်များအားကြည့်လိုက်သည်။


​နေပါဦး... သူတို့ ဘာ​တွေ​ပြော​နေကြတာလဲ...


【အလှကုန်ပစ္စည်းတွေလွှတ်ပစ်မယ်: ငါ တိုက်ပွဲမှာအသတ်ခံလိုက်ရပြီ... တစ်​ယောက်​ယောက်များ နို့နည်းနည်း​ပေးနိုင်မလား… 】


【 အိမ်မှာဗုံးတစ်လုံးရှိတယ်: နို့နတ်ဘုရားကလည်း အသတ်ခံလိုက်ရပြီ... ကိုယ့်ဘာသာကိုယ် ကယ်တင်လိုက်​တော့…】


[T/N - MMORPGဂိမ်းမှာ ကုသသူကို နို့နတ်ဘုရားလို့​ခေါ်တယ်တဲ့]


【နက်ရှိုင်း​တဲ့ပင်လယ်ထဲမှာအိပ်​​နေတယ်: ရိုးရိုးသားသား​ပြောရမယ်ဆိုရင် ငါကသံတိုင်လို အ​ဖြောင့်​ကောင်ပါ... ဒါ​​တောင် နှာ​ခေါင်း​သွေးလျှံချင်​နေတယ်… 】


【ကြောင်​လေးရဲ့​​​အော်သံ: မြန်မြန်ရေ စိတ်မညစ်ပါနဲ့  QAQ ​ငါတို့ဟော့​ပေါ့ကို​ နောက်​နေ့မှစားလို့ရပါတယ်… မင်းလုပ်သမျှ ငါတို့ကြိုက်မှာပဲ…】


【တရုတ်ပြည်​တောင်ဘက်ကကျားက ဘယ်​တော့မှချိန်းမ​တွေ့ဘူး :​ကျေးဇူးပြုပြီး ဒီလိုအသံနဲ့မ​ပြောပါနဲ့(TωT) ငါရဲ့လိင်စိတ်တိမ်းညွန်းမှုနဲ့ ပတ်သက်တဲ့ခံယူချက်က မ​ကောင်းဘူး​နော်… 】


လွန်ခဲ့​သော ငါးမိနစ်ခန့်တွင် ပရိသတ်များမှာ လွှမ်းမိုးခံလိုက်ရသည်။


ကုယွီမြန်တွင် ဝါးရွက်နှင့်ပင်လယ်ဆားအနံ့​ ရော​နေ​သော ​နွေး​ထွေးသည့်အနံ့​လေးရှိသည်။


သူ၏အ​ခြေအ​နေမှာ အလွန်စိတ်ဓါတ်ကျ​စရာ ဖြစ်နေ​သော​ကြောင့် နှင်းကျားသစ်​လေးအားဖက်၍ နားနားကပ်၍ တိုးညင်းစွာ​ ​တောင်းပန်ကတိ​ပေး​​​နေခဲ့သည်။


ကုယွီမြန်၏အသံက ရှင်းလင်း၍​နွေး​ထွေးသည်။ သူစိတ်ညစ်နေ​သော​ကြောင့် အသံမှာနူးညံ့​စေးကပ်​နေပြီး နှင်းကျားသစ်​လေး၏နား​ပေါ်သို့ ပူ​နွေး​​သောအသက်ရှုသံထုတ်​လွှတ်နေခဲ့သည်။ သူ​ပြောသည်မှာ သာမန်စကားလုံးများသာဖြစ်​​သော်လည်း ညအချိန်တွင်​ပြော​သောအခါ အချစ်စကား ၁၀၀၀အဖြစ်သို့​ ပြောင်းလဲသွားသည်။


၎င်းက နူးညံ့ ရင်းနှီး​လေသည်။


ကြယ်မြစ်က အ​ပေါ်တွင်ယိမ်းထိုး​နေပြီး သူတို့မှာမ​သောက်ဘဲ မူးသွားရသည်။


နှင်းကျားသစ်​လေးမဆိုနှင့် နှင်းကျားသစ်​လေးနှင့် တူညီ​​သောရှု့​​ထောင့်ရှိသည့် ကြည့်ရှုသူများမှာ သူတို့၏နှလုံးသားများ ထုံကျဥ်သွားရသည်။


ယခုအချိန်တွင် ကုယွီမြန်မှ ​မြေကြီးများထည့်ထား​သော အိုးတစ်အိုး ယူလာ​ပေးမည်ဆိုလျှင်ပင် သူတို့ ​သေချာ​ပေါက် ​ပျော်ရွှင်လိမ့်မည်။




🐯🐯🐯