Chapter 17
Viewers 1k

🐯Chapter 17



ကြိုတင်ပြင်ဆင်ထားသည့် ပါဝင်ပစ္စည်းများကို ​ကြောင်မှယူသွားသည့်အတွက် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြဿနာဖြစ်သွားရသည်။ အများ၏အထင်အရ သူ၏​ကျော်ကြားမှုကို ထိခိုက်သွားလိမ့်မည်ဟုပင်။ ကုယွီမြန်လည်း ထိုသို့​ခန့်မှန်းခဲ့​သော်လည်း ​ပြောင်းပြန်ဖြစ်​လာချေ၏။


ကြည့်ရှုသူများမှာ ဆက်၍တက်လာပြီး ​​နေ့တစ်နေ့​၏ကျော်ကြားမှုစာရင်းမှ ဒုတိယ​နေရာအတွက်ယှဥ်ပြိုင်ရန် လူအ​ရေအတွက်မှာ လုံ​လောက်လာခဲ့သည်။


ကုယွီမြန် : "ဟင်…"


ငါလူငယ်​တွေကို နားကိုမလည်နိိုင်​တော့ဘူး...


"​ဆော်လမွန်ကို ချိစ့်နဲ့စားကြရ​အောင်..."

ကုယွီမြန်က တစ်ခဏမျှဝမ်းနည်း​နေပြီး​နောက် သူ၏စိတ်အား လျင်မြန်စွာဆွဲတင်ခဲ့ပြီး က​လေးလေးအား မည်သည့်အ​ခြေအ​နေတွင်မဆို အဆာမခံခိုင်းနိုင်​ပေ။


"​ဆော်လမွန်ကို ချိစ့်နဲ့စားတာကလည်း အရသာရှိတယ်... ရှို့ရှီ​ဟော့​​ပေါ့ရဲ့ ပါဝင်ပစ္စည်း​တွေကို​တော့  နောက်​​နေ့မှ ဝယ်နိုင်တော့မယ်..."


ကြိုတင်မှာယူထားရသည့် ​အမဲသားအတုမှာ ဝယ်ရန်မလွယ်ကူပေ။ ထိုအမဲသားကိုရရန် လူတစ်​ယောက်က ကြယ်ကွန်ရက်​ပေါ်တွင် ​​နေ့ဝက်ခန့်ကြိုတင်မှာယူထားရန်လိုအပ်​ပေသည်။ ယခုအချိန်တွင်မူ ဝယ်ရန်အလွန်​နောက်ကျ​​နေ​ပြီဖြစ်သည်။ ကုယွီမြန်က ဆော်လမွန်ငါးအတုကို အ​စောပိုင်းတွင် ဝယ်ထားမိခဲ့ပြီး ​နောက်ဆက်တွဲအစားအစာအဖြစ်လုပ်ရန် ရည်ရွယ်ထားခဲ့သည်။


ကုယွီမြန်က ဆော်လမွန်အား​ ရေဖြင့်​ဆေး​ကြော၍ အ​ကြေးခွံများကိုချွတ်ကာ ဓားဖြင့်အပိုင်းပိုင်းလှီးခဲ့ပြီး ဝိုင်၊ ဆားနှင့်​ဆော့အနည်းငယ်ဖြင့် အရသာနှပ်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြိတ်ထား​သော ငရုတ်​ကောင်းအမှုန့်အား အ​ပေါ်ယံတွင် ဖြူးလိုက်သည်။


" ဆော်လမွန်ငါးရဲ့ အရသာက​ပေါ့တယ်၊​ အဆီနည်းတယ်... ဒါပေမဲ့ အသားဓာတ်များများပါဝင်ပြီး​​တော့ ကျန်းမာရေးအတွက်ကောင်းပါတယ်..."

ကုယွီမြန်မှ ပြောပြခဲ့သည်။


ဆော်လမွန်ငါးကို အချိန်ကြာမြင့်စွာ အရသာနှပ်ရန်မလိုအပ်​ပေ။ ထို့​ကြောင့် ကုယွီမြန်မှာ ဤဟင်းပွဲအား​ရွေးခဲ့ခြင်းဖြစ်သည်။​ ကြောင်များက နွားနို့မ​သောက်နိုင်​သော​ကြောင့် ချိစ့်မစားသင့်ပေ။ သို့​သော် ဒိန်ချဥ် သောက်နိုင်သည်။ အချဥ်​ဖောက်ထား​​သော ချိစ့်တွင် နို့သကြားပါဝင်မှုအား အလွန်နည်းသည်။


ယခု​ခေတ်တွင် ချိစ့်များရှိ​သော်လည်း ချိစ့်အား အသိမှတ်ပြုရန်မှာ ကုယွီမြန်အတွက် အလွန်အကူညီမဲ့​စေသည်။ သူတို့ကို တိုက်ရိုက်စားသုံးရန်သာသိပြီး လူအများစုကသူ့အရသာအား လက်မခံနိုင်ကြပေ။


ကုယွီမြန်က ကြယ်ကွန်ရက်မှဝယ်ခဲ့​သော်လည်း ထုတ်လုပ်သည့်လုပ်ငန်းစဥ်နှင့် ပတ်သက်၍ ပြဿနာရှိမည်လား မသိနိုင်၍ သူကိုယ်တိုင် အနည်းငယ်ပြုလုပ်ခဲ့သည်။ အရသာနှပ်​နေသည့်အချိန်တွင် ကုယွီမြန်မှာ အရည်ထုတ်ရန် ပန်းသီး ၂လုံးအားယူပြီး​နောက် အိမ်လုပ်ချိစ့်ကိုအရည်​ပျော်သည်အထိ အပူ​ပေးခဲ့သည်။


မကြာမီတွင် ပြင်းထန်​သောချိစ့်နှင့် နို့အနံ့ထွက်လာခဲ့သည်။


ကုယွီမြန်က ချိစ့်ကို ဇွန်းဖြင့် အနည်းငယ်ခပ်ယူလိုက်သည်။အ​အေးခံပြီး​နောက် နှင်းကျားသစ်​လေးအား မ​ကျွေးမီကိုယ်တိုင် အနည်းငယ်မြည်းကြည့်လိုက်သည်။


"စားကြည့်... ငါပထမဆုံးအကြိမ် ဒါမျိုးလုပ်ဖူးတာ... အရသာရှိလား..."


သူက နှင်းကျားသစ်​လေး၏​မေး​လေးကို ကုတ်ခဲ့ပြီး နှင်းကျားသစ်​လေးမှာလည်း မသိစိတ်ဖြင့် ခေါင်းကို ကုယွီမြန်၏လက်ဖဝါးနှင့် ပျင်းရိစွာပွတ်သပ်မိသည်။


【အိမ်မှာဗုံးတစ်လုံးရှိတယ်: ငါရွှယ်ထွမ်အစား ​ဖြေ​​ပေးမယ်... အရမ်းအရသာရှိတယ်…】


【 ကြောင်​လေးရဲ့​​​အော်သံ: ဒါ ချိစ့်ပဲ... ဒီ​နေ့မနက် အ​မေကငါ့အတွက် ချိစ့်လုပ်​ပေးတာ ငါငြင်းလိုက်တယ်... ငါ့အိမ်မှာရှိတဲ့ ချိစ့်က ချဥ်ပြီး​တော့ အီစိမ့်စိမ့်ကြီး...အရသာရှိ​အောင် ဘယ်လိုလုပ်လိုက်တာလဲ...】


【တိမ်​လေးတစ်ခုရှိတယ်  : နူးညံ့၊​မွှေးပြီး အချဥ်ဓါတ်ထဲမှာကို ချိုနေတယ်... ငါ့ပါးစပ်ထဲမှာ အချိုအရသာကျန်​နေတုန်းပဲ…】


【ရေခဲမုန့်​​လေး: တိမ်နတ်ဘုရားမအတွက်တောင် အဖိုးတန်တာပဲ... ငါ့မှာ​‌တော့ အရသာရှိတဲ့အစားအစာ​တွေအ​ကြောင်းကို ကြွားဘဲကြွားနိုင်တယ် ဝူးဝူးဝူး... တကယ်စားရမယ်ဆိုရင်​ကောင်းမှာပဲ... တင်ဆက်သူ​ရေ ချိစ့်​တွေပိုလုပ်​​​ပေးနိုင်မလား...ချစ်တယ်‌နော်... 】


"စိတ်မပူပါနဲ့...ခဏနေ ဆော်လမွန်ငါးနဲ့ဆိုရင် ပိုပြီးကောင်းသွားမှာ..."

ကုယွီမြန်က ပြုံးပြလိုက်သည်။


ထိုအချိန်တွင် ကြည့်ရှုသူအ​ရေအတွက်က ၁သိန်း၈​သောင်း​ကျော်​နေပြီး ယ​နေ့၏ဒုတိယ​နေရာအောက် အနည်းငယ်သာနိမ့်​ပြီး စီးကရက်အား ခုနှစ်​နေရာတွင် ချန်ထားရစ်ခဲ့သည်။


စီးကရက်မှာ စိတ်တိုလွန်း၍​သေလုနီးပါပင်။


သူက ​ရေတပ်အားငှားခဲ့​သော်လည်း ယခုကဲ့သို့ရလဒ်သာ ရ​ပေသည်။ ယခင်ပုံ၏ ကျော်ကြားမှု ​ပျောက်ကွယ်သွားသည်ကို ​စောင့်ကြည့်ပြီး​​နောက် "လူသားတွေ တိုက်ရိုက်ထုတ်လွှင့်မှုရပ်ဝန်းက​နေထွက်သွား" ဟူသည့် ​​ခေါင်းစဥ်ဖြင့် ဆက်ချင်ခဲ့သည်။ မ​မျှော်လင့်စွာဖြင့် ​သူ၏ရေတပ်များက ကုယွီမြန်၏အရသာရှိ​သော အစားအစာများဖြင့် ပုံနှင့်ဗီဒီယိုအသစ်များယူ၍ ပြန်လာခဲ့ပြန်သည်။


စီးကရက်မှာ ​လူသားကုယွိမြန်၏ ​ကြီးမား​သောအကြုံပြုချက်​နေ​​ရာအား ​လျော့ကျသွား​​စေရန်အတွက် ​ခေါင်းစဥ်ဝယ်ရန်  ​ရေတပ်အား ငွေ​ပေးခဲ့ခြင်းဖြစ်သည်။


စီးကရက် : "..."


ပြဿနာပဲ တိုင်ပတ်နေပြီ...


-----


အခြားတစ်ဖက်တွင် ကုယွီမြန်၏​တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယို၏ ​ကျော်ကြားမှုမှာ မြင့်တက်​နေဆဲပင်။


သူက နှင်းကျားသစ်​​လေး၏မျက်နှာ​လေးအား ကိုင်၍ နားရွက်နုနု​လေးကို ပွတ်သပ်လိုက်သည်။

"ဒီ​နေ့ရှို့ရှီ​ဟော့​ပေါကို မစားလိုက်ရတဲ့ ​နောင်တရမှုအတွက် အ​လျော်​​ပေးချင်ပါတယ် ... မင်းတို့ရဲ့​​​ထောက်ပံ့မှုအတွက်လည်း ​ကျေးဇူးတင်ပါတယ်... ဒါကြောင့် မင်းတို့ရဲ့တောင်းဆိုမှု‌တစ်ခုကို ဖြစ်စေရမယ်လို့ ကတိ​ပေးပါတယ်..."


ယ​​​နေ့တွင် သူသည် ဆဆော်လမွန်ငါးသာမက ချိစ့်ပါ လုံလုံ​လောက်​လောက် မဝယ်ခဲ့မိ​ပေ။ သူသည် ကံစမ်းမဲမပြုလုပ်နိုင်​သော်လည်း ကြည့်ရှုသူများ၏ ​လိုအပ်မှုများကို ပြုလုပ်ပေးနိုင်သည်ကပင် အဆင်ပြေနေပြီဖြစ်သည်။


ကုယွီမြန်၏စကားများ ဆုံးသွားသည့်နှင့် မျက်နှာပြင်​ပေါ်တွင် မရေတွက်နိုင်သောမှတ်ချက်များ ထွက်​ပေါ်လာခဲ့သည်။


【သူငါ့ကိုလည်း အဲလိုမျိုး မြင့်မြင့်ဖက်ထား​စေချင်တယ်…】


【တင်ဆက်သူက ရွှယ်ထွမ်​လေးကို ငါ့အိမ်​ခေါ်လာ​စေချင်တယ်…】


【မြန်မြန်က ကြယ်ကွန်ရက်တစ်ခုဖန်တီးသင့်တယ်…】



မ​မျှော်လင့်စွာ မကြာမဏ​ပြောကြသည့် တစ်ခုမှာ:


【ငါမင်းကို ပွဲဦးထွက်​စေချင်တယ် …】


ကုယွီမြန်  :"...."


"ကျွန်တော့်ကို ပွဲဦးထွက်​စေချင်တယ်လား...ဒါဆို ကျွန်တော့်ကို သီချင်းဆိုစေချင်တာပေါ့..."

ကုယွီမြန်မှာ ဘာပြောရမည်မသိ ဖြစ်သွားရသည်။


နှင်းကျားသစ်​လေးမှာ သီချင်း ဟူသည့်စကားလုံးအား ကြားရသည့်အခါ သူ့နားရွက်လေးများလှုပ်၍ စိတ်ဝင်စားမှု ပြသလာသည်။


ခဲပြာ​ရောင်မျက်လုံးများက ကုယွီမြန်အား စိုက်ကြည့်ခဲ့ပြီး တစ်ခဏအကြာတွင် သူ၏လက်ဖဝါး​လေးကိုဆန့်၍ ကုယွီမြန်၏နဖူးကို ဖိလိုက်သည်။


သူက ကုယွီမြန် သူ့ကိုသီချင်းဆိုပြ​စေချင်သည်။


အအခြားများအတွက် မဟုတ်ဘဲ သူ့တစ်​ယောက်ထဲအတွက်သာ ဆို​စေချင်သည်။


ကုယွီမြန်က သူ့လက်ဖဝါး​လေးကိုယူ၍ နမ်းလိုက်သည်။ တစ်ခဏမျှစဥ်းစားပြီး​နောက် သူ့ကိုအလိုလိုက်စွာဖြင့် ​ပြော​လေသည်။

"ဒီ​နေ့က နည်းနည်း​​နောက်ကျ​နေပြီ... ပြင်ဆင်ထားပြီး မနက်ဖြန်​မှဆိုပြမယ်နော်..."


​ဒါ​ပေါ့ ကြည့်ရှုသူ​တွေက​တာ့ "ဟုတ်ကဲ့"လို့ ​​ပြောကြလိမ့်မယ်...


"ဆော်လမွန်ငါးကို အရသာနှပ်တာ လုံ​လောက်ပြီ...အခုချက်ကြရအောင်..."

ကုယွီမြန်က သူ့နာရီအားကြည့်၍ ​ပြောလိုက်သည်။


၎င်းက နှင်းကျားသစ်​လေးအတွက် ဖြစ်​သော​ကြောင့် ပါဝင်ပစ္စည်းအားလုံးမှာ နည်း​ပါးပေသည်။ ကုယွီမြန်က ဒယ်အိုးအားအပူပေးပြီး သံလွင်​ဆီ​လောင်းထည့်ကာ အပူထပ်​ပေးသည်။ အရသာနှပ်ထား​သော ဆော်လမွန်ငါးကို ဒယ်အိုးထဲသို့ထည့်ပြီး နှစ်ဖက်လုံး​ရွှေ​ရောင်သန်းသည်အထိ လျင်မြန်စွာ ​ကြော်လိုက်သည်။ ထို့​နောက် ပူ၍အရည်​ပျော်​နေ​သောချိစ့်ကို ထပ်ထည့်သည်။ ဆော်လမွန်ငါးက ချိစ့်ဖြင့်ရစ်ပတ်ခံလိုက်ရသည်။


သူ့က ဆာမွန်ငါးနှင့် ချိစ့်အချိုးအစားအား ​ကောင်းမွန်ပိုင်နိုင်စွာ ရောစပ်ထားသည်။ သူ၏လက်​ကောက်ဝတ်အား ​ဝှေ့ယမ်းလိုက်​သောအခါ ဆော်လမွန်ငါးက ချိစ့်နှင့် အစီအစဥ်ကျကျ ရစ်ပတ်မိသွားသည်။ နို့နံ့ပြင်းပြင်က ဆော်လမွန်ငါး၏ လတ်ဆတ်​သောအနံ့နှင့်အတူ​ရော၍ ထွက်လာသည်။အနံ့ရှူရရုံဖြင့်ပင် လူတိုင်းကို သွားရည်ယိုသွားစေသည်။


ဆော်လမွန်က မပူ​တော့​သောအခါ ကြည့်ရှုသူများနှင့် နှင်းကျားသစ်​​လေးက မ​စောင့်နိုင်​တော့​ပေ။


ကုယွီမြန်မှာ အပိုင်း​သေး​သေး​လေးအား ဦးစွာမြည်းကြည့်ခဲ့ပြီး​နောက် အ​အေးခံ၍ နှင်းကျားသစ်​လေးအား​ကျွေးလိုက်သည်။

"ငါ​တော့ ​အဆင်​ပြေတယ်ထင်တာဘဲ... ​ထွမ်ထွမ် ကြိုက်ရဲ့လား..."


အရည်အ​သွေး​ကောင်း​သော ချိစ့်၏နို့အရသာကို ဆော်လမွန်ငါး၏လတ်ဆတ်မှုနှင့် ​ရောစပ်လိုက်​​သောအခါ လျှာဖျား​ပေါ်တွင် တရစ်ရစ်ဝဲ​နေ​စေသည်။ ချိစ့်ပူပူက ​ချော့​မွေ့ပြီး မလိုင်များသည်။​ ရွှေ​ရောင်သန်းသည်အထိ ​ကြော်ထား​သော ဆော်လမွန်ငါးသည်လည်း နူးအိပြီးအဆင်သင့်စားနိုင်သည်။


၎င်းက ရိုးရှင်း​သောနည်းလမ်းသာဖြစ်​သော်လည်း အားသာချက် အားနည်းချက်များရှိသည်။


ချိစ့်၊ နို့အရသာနှင့် လတ်ဆတ်​​သောဆော်လမွန်ငါး၏အရသာက အလွန်ထူးကဲပြီး အံ့သြဖွယ်​ကောင်းသည်။


နှင်းကျားသစ်​လေးက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ​ခေါင်းညိတ်ပြပြီး လျင်မြန်စွာစား​လေသည်။


ထိုအချိန်တွင် လက်​ဆောင်များ၏အထူးပြုလုပ်ချက်များက မျက်နှာပြင်​ပေါ်တွင် လွှမ်းမိုးသွားသည်။


【မိန်မိန်ကလူ​ကောင်း​လေး : ကယ်ကြပါဦး… ငါက သူ့မျက်နှာကို ငမ်းဖို့လာခဲ့တာ​လေ... ဘာစားလိုက်ရတာလဲ..ပြန်​ပေးပါဦး(≧□≦) မင်း... အားး ​စားလို့ကောင်းတယ်...】


【ရေခဲမုန့်​​လေး :ရိုးရိုးသားသား​ပြောရရင် ကိုယ့်လျှာကိုယ် ပြန်မျိုချမိလုနီးပါးဘဲ(-.-)】


【တိမ်​​လေးတစ်ခုရှိတယ် : အရသာရှိတယ်… ဆော်လမွန်ငါးကို ချက်စားဖို့ အံ့သြဖွယ်နည်းလမ်းပဲ...ဒီမှာ မင်းအတွက် မီးရှူးမီးပန်​တွေ…】


【တရုတ်ပြည်​တောင်ဘက်ကကျားက ဘယ်​တော့မှချိန်းမ​တွေ့ဘူး:အားးးးးး ဝူးဝူးဝူးဝူးးးးး ငါလူကိုယ်တိုင်စားချင်တယ်QAQ ငါသာလူဝင်စားနိုင်မယ်ဆိုရင် ​နောက်ဘဝကျ မြန်မြန်ရဲ့က​လေး​လေးတစ်​ယောက် ဖြစ်ချင်တယ်…】


ကုယွီမြန်က ပြုံး၍​ပြောလိုက်သည်။

"အများကြီးစားထား​တော့ နည်းနည်းအီနေမှာပဲ... ပန်းသီး​ဖျော်ရည်လည်း ပြင်​​ပေးထားတယ်..."


ပန်းသီး​ဖျော်ရည်က ဖန်ခွက်ထဲတွင်ရှိနေပြီး ည၏​နွေး​ထွေး​​သောအလင်းရောင်က ​ရောင်ပြန်ဟပ်​နေသည်။ ကုယွီမြန်မှ နှင်းကျားသစ်​လေးအား ​ဖျော်ရည်တိုက်ခဲ့သည်။


မူလပထမတွင် ယ​နေ့ညအတွက် ဘယ်လူးဘယ်ရီဝိုင် ပြင်ဆင်ထားခဲ့​သော်လည်း ဝိုင်နှင့် ဆော်လမွန်ငါးချိစ့်​ကြော်က အနည်းငယ် မလိုက်ဖက်ဟုထင်မိသည့်အတွက် ပန်သီး​ရေခဲ​ဖျော်ရည်သို့​​ပြောင်းပြီး ဝိုင်အား မနက်ဖြန်မှ ​ဟော့​ပေါ့နှင့်တွဲရန် ထားလိုက်သည်။


ပန်းသီး​ဖျော်ရည်၏ ချိုချိုချဥ်ချဥ်အရသာက ဆော်လမွန်ငါး၏ အဆီများ​သောအရသာအား ​ပျော့သွား​စေသည်။ ၎င်းက လည်ပင်းမှတစ်ဆင့် အစာအိမ်ထဲအထိ လန်း​ဆန်း​စေပြီး အလွန်လိုက်ဖက်သည်။


​ရေပူစမ်းတွင်စိမ်ပြီး​နောက် သက်​သောင့်သက်သာရှိမှုက အ​ရေပြား​ပေါ်တွင်ကျန်​နေဆဲပင်။


​ကောင်းကင်တွင် ဖဲပွင့်သဏ္ဍာန်ကြယ်များဖြင့် ဖုံးကွယ်ထားခံရပြီး ည​နေခင်း​လေ​ပြေ​အေးက နားရွက်​ပေါ်မှ ဖြတ်တိုက်သွားသည်။ နှင်းကျားသစ်​လေးက  လူသားအား သူ့ကို သယ်​ဆောင်ခွင့်ပြုထားသည်။ ထို့​ကြောင့် ကြည့်ရှုသူများသည်လည်း တစ်စုံတစ်​ယောက်၏ ဂရုစိုက်မှုနှင့် နှလုံးသားတစ်ခုလုံးဖြင့် ချစ်မြတ်နိုးခံရသည့် ခံစားချက်အား ခံစားနိုင်သည်။


တိတ်ဆိတ်​​သော​လေထုက အိပ်မက်ကဲ့သို့ စိတ်​ကျေနပ်စရာများဖြင့် ပြည့်နှက်​​နေခဲ့သည်။


ည​နေခင်း​လေ၏အပူချိန်က သင်တင့်ပြီး ​တောင်တန်းနှင့်မြစ်များကလည်း တည်ငြိမ်၍ လွတ်လပ်​ပေသည်။ ကုယွီမြန်က သူ၏စိတ်ထဲမှတေး​သွားကို ဖြည်းညင်းစွာ ညည်းလာခဲ့သည်။


သူက မျက်လုံးများကို​မှေး၍ နှင်းကျားသစ်လေး၏နားထဲသို့ တီးတိုး​ပြော​​နေသည့် အသံဖြင့် စာတစ်​ကြောင်းအား သီဆိုပြခဲ့သည်။


"~~ကြယ်​​တွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်တဲ့အခါ... လမင်းကြီးက ငါ့ဆီ​ပြေးလာတဲ့အခါ~~"


လူ​ပေါင်း ၂သိန်းခန့်က တစ်ချိန်တည်းမှာပင် ကြက်​သေ​သေသွားရသည်။


ရိုးရှင်းပြီး ​သူတို့နှင့် အလှမ်းဝေးကွာ​သော​တေးသွားက သားချော့တေးနှင့်တူပြီး ကုယွီမြန်၏အသံက ၎င်းအတွက် အလွန်သင့်​လျော်​ပေသည်။


သီချင်းတစ်​ကြောင်းကပင် လူများအား ထူးကဲသည့်စိတ်အ​ခြေအ​နေတစ်ခု ယူလာ​ပေးသည်။


နှင်းကျားသစ်​လေး၏ ခဲပြာ​ရောင်မျက်လုံးများလည်း ပြူးကျယ်သွားခဲ့သည်။


【အဖြူ​ရောင်ပိုးထည်ခြုံထားတဲ့လ :ဘုရား​ရေ ဒါက ဘာသီချင်းလဲ…】


【သမင်နဲ့ ငှက်​တွေ : အားး အားး အားး သီချင်းလား…​သေချာနား​ထောင်​လေ​လေ ငါ့နား​တွေပြုတ်ကျ​တော့မလိုပဲ…】


【အလှကုန်တွေလွှတ်ပစ်မယ်: သူ့မှာအရည်အချင်း မရှိဘူးဆိုတာ အသိသာကြီးပါ ဒါ​ပေမယ့် ဒီခံစားချက်က... မြန်မြန်က ပွဲဦးထွက်နိုင်တယ်လို့ ငါထင်တယ်…】


【မိန်မိန်ကလူ​ကောင်း​လေး:​ ကျေးဇူးပြုပြီး အယ်လ်ဘမ် ထုတ်​ပေးပါ...ငါအားလုံးကိုဝယ်ပါ့မယ် အားး အား အား…】


ချိစ့်နှင့်ဆော်လမွန်ငါးက လူများအတွက် လုံ​လောက်​အောင်အရသာရှိ​နေပြီဖြစ်​​သော်လည်း ဤသီဆိုသည့်အပိုင်းတို​လေးက ထုတ်လွှင့်မှု၏​လေထုအား ဦး​​ဆောင်သွားသည်။


လက်​ဆောင်အမျိုးမျိုး၏ အထူးပြုလုပ်ချက်များကမျက်နှာပြင်​ပေါ်တွင် ​ဒီ​ရေအလားပြည့်​နေပြီး မ​ရေတွက်နိုင်​သော ကြည့်ရှုသူများက သူတို့၏ ​ခေါင်းများကို ကုတ်ခြစ်၍ ကုယွီမြန်အား ယခုထက်ပို၍ သီဆို​စေချင်သည်။


သို့​သော် ကုယွီမြန်က ဆက်မဆိုခဲ့​ပေ။ သူ၏ အကျင့်စရိုက်တာ introvertဆန်ပြီး သူကိုယ်တိုင်ကလည်း ရှက်တတ်သူဖြစ်ကာ နှိမ့်ချတတ်သည်။ တစ်ခဏသာဆိုပြီး​နောက် သူ့အား အမှန်တကယ် ရှက်ရွံ့သွား​စေသည်။ သူက လက်ညိုးကိုကွေး၍ နှာ​ခေါင်းထိပ်အား ထိ​နေခဲ့သည်။


"ဒါဆို...ဒီ​နေ့​တော့ ဒီ​လောက်ပါပဲ...မနက်ဖြန်ည​နေကျရင် ​ဟော့​​ပေါ့လုပ်စားပါမယ်...မနက်ဖြန်ကြမှ ​​တွေ့မယ်​နော်..."


ကြည့်ရှုသူများ : ​​နေပါဦး...


သူတို့စကားလုံးတစ်လုံးမှ မ​ပြောရ​သေးမီတွင် တိုက်ရိုက်ထုန်လွှင့်မှုက ရုတ်ချည်းပြတ်​တောက်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုပြီး​နောက် တစ်စက္ကန့်တွင် ကြည့်ရှုသူအ​​ရေအတွက်က တရားဝင်၂သိန်း​ကျော်သွားခဲ့ပြီး ​နေ့တစ်​နေ့၏​ကျော်ကြားမှုစာရင်းတွင် ဒုတိယ​မြောက်ဖြစ်လာသည်။


ဆိုလိုသည်မှာ...


ကုယွီမြန်၏တိုက်ရိုက်ထုတ်လွှင့်မှုက တာ့ခ်၏စာရင်းထိပ်ဆုံးနားသို့ နီးလာခဲ့သည်ဟူ၍ပင်။


-----


ကြယ်တာရာမြို့​တော်၌…


အင်တာဗျူးသမားတစ်​ယောက်က စတင်၍ ရိုက်ကူး​နေခဲ့သည်။


"မစ္စတာကော.."


ပရိုဂရမ်ဒါရိုက်တာမှ စင်​နောက်သို့လာ၍ တံခါး​ခေါက်ခဲ့သည်။


"မစ္စတာ ​ကောအာရှစ်စစ်... ကျွန်​တော်တို့စတော့မှာမို့လို့... မင်း..."


တံခါးကို ပပိတ်မထား၍ အနည်းငယ်တွန်းလိုက်ရုံဖြင့်ပင် ပွင့်သွားခဲ့သည်။ ပရိုဂရမ် ဒါရိုက်တာမှာလည်း ကြက်​သေ​သေသွားရသည်။ ထို​​နေရာတွင် ထိုင်​နေ​ကာ အမူအရာမဲ့​​နေသည်မှာ ကြာလှပြီဖြစ်သည့် ပန်ဒါ၏​နောက်​ကျောအား သူ မြင်လိုက်ရသည်။


အလင်းမျက်နှာပြင်​ပေါ်ရှိ ပုံရိပ်သက ပျောက်ကွယ်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုအဆုံးသတ်အား ပြသ​​နေ​သော်လည်း ​ကောအာရှစ်စစ်မှာ မ​ရွေ့လျား​သေး​ပေ။


"ဒီသီချင်းက..."

အချိန်အ​တော်ကြာပြီး​နောက် သူ အိပ်မက်မှ နိုးထလာခဲ့ပြီး လုံးဝန်းသောခန္ဓာကိုယ်ကို စိတ်ကူးမကြည့်နိုင်​သော တက်ကြွမှုဖြင့် ခုန်လိုက်သည်။


တစ်ချိန်တည်းမှာပင် သူ၏လက်ပတ်ကွန်ပျူတာအားသုံး၍ မိဘများထံ လျင်မြန်စွာ ဗီဒီယို​ကော ​ခေါ်လိုက်သည်။


"ငါ​တောင်းပန်ပါတယ်... ဒီပွဲကို ဆက်မလုပ်နိုင်​တော့ဘူး…အားသိုရေ တာ့ခ်ကိုသွားဖို့ လက်မှတ်တစ်​​စောင်ဖြတ်​ပေးပါဦး..."


အားသိုက ရုတ်ချည်းပြောင်းလဲမှု​ကြောင့် ကြက်​သေ​သေ​​နေရသည်။


တာ့ခ်ကိုသွားမယ်တဲ့လား…


ဘာလို့ တာ့ခ်ကိုသွားမှာတုန်း…


​ကောအာရှစ်စစ်ကရပ်တန့်သွားသည်။


အားသိုမှာ သူက ပရိုဂရမ်အားဆက်လုပ်မည်ဟု ထင်ခဲ့​သော်လည်း ​ကောအာရှစ်စစ်၏ ​လေး​လေးနက်နက်​ပြောသံကို ကြားလိုက်ရသည်။ 

"မဟုတ်ဘူး လက်မှတ်ဖြတ်နေရင် ​​နှေးလွန်းတယ်… ငါ့အ​ဖေရဲ့ကြယ်သင်္ဘောကိုပဲ မောင်းသွား​တော့မယ်..."


အားသို : "ဘာ​ပြောတာ..."




🐯🐯🐯