အပိုင်း ၁၁၁
Viewers 23k

ကျန်းဟန်ရှူက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ကာ ထပြီးဧည့်ခန်းကို သွားလိုက်သည်။ ဧည့်ခန်းမှာ မူလက သရုပ်ဆောင်များ၏ နေ့လည်စာစားချိန်အတွက် ပြင်ဆင်ထားခြင်းဖြစ်သည့်တိုင် ယခုအခြေအနေတွင် မည်သူကမှ နေ့လည်စာစားဖိူ့ မလိုအပ်ပါချေ။
"ရှောင်ကျန်းတစ်ယောက် နေ့တိုင်း ဒီကိုပြေးလာရတာ နည်းနည်းများပင်ပန်းနေမလား"
လက်ထောက်ဒါရိုက်တာကမေးသည်။
ဖုကျန်းက သက်ပြင်းချလိုက်ကာ
"ကျွန်တော်လည်း သူပင်ပန်းမှာကိုစိုးရိမ်တာပဲ၊ ဒါကြောင့် သူ့ကိုနားမထောင်ဖို့ ပြောလိုက်တယ်"
လက်ထောက်ဒါရိုက်တာက ဖုကျန်း၏ပုခုံးကိုပုတ်ကာ နားလည်သည့်မျက်နှာပေးဖြင့်ရှိနေသည်။ ဖုကျန်းက လက်ထောက်ဒါရိုက်တာ ဘာကိုနားလည်သွားလည်း မသိခဲ့ပေ။
ခဏတာအနားယူပြီးနောက်တွင် နောက်ထပ်ရိုက်ဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။ ထိုအချိန်တွင် စုန့်ရှင်းက အော်လိုက်သည်။ အမြင့်သံကြောင့် ဖုကျန်းမှာထိတ်လန့်သွားပြီး သူကကျွမ်းကျင်အဆိုရှင်ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။ အဖွဲ့သားအားလုံးက အလုပ်တွေကိုရပ်လိုက်ပြီး သူ့ကို ဘာဖြစ်တာလဲဟူ၍ စိတ်ဝင်တစား ကြည့်လိုက်ကြသည်။
"လက်တွေ... လက်တွေ..."
ကျန့်ရှင်းခယ်ကအော်လိုက်သည်။
ဖုန်ကျန်းနှင့်အခြားဝန်ထမ်းများက ကျန့်ရှင်းခယ်၏လက် ဒဏ်ရာရသွားတာဖြစ်မည်ဟု တွေးလိုက်ကြသည်။ ထို့ကြောင့် သူ့ကိုဆေးရုံအမြန်ပို့ဖို့လိုသလားကြည့်ဖို့ ပြေးလာကြသည်။သို့သော်လည်း သူတို့ကျန့်ရှင်းခယ်ဘေးရောက်သွားချိန်မှာ သိလိုက်ရသည်။ သူ့လက်ကသွေးတွေနှင့်ပြည့်နေပြီး ဇာတ်ဝင်ခန်းသုံး လက်တုတစ်ခုဖြစ်သည်ဟုဆိုလာသည်။ ဘယ်ဝန်ထမ်းက ဇာတ်ဝင်ခန်းသုံးပစ္စည်းတွေရွှေ့တဲ့အခါမှာ မေ့သွားလဲမသိချေ။
ကျန့်ရှင်းခယ်က ထိုလက်ကို ကြောက်လန့်သွားပြီး ကြက်တစ်ကောင်လိုအော်ဟစ်ကာ အခြားဝန်ထမ်းတွေကိုပါ ခြောက်လှန့်ခဲ့သည်။
ဝေ့သျဲချီက တစ်ချက်ကြည့်လိုက်ပြီး အရူးနှင့်တူနေသည့်ကျန့်ရှင်းခယ်ကိုကြည့်ကာ အကူအညီမဲ့စွာ ပြောလိုက်သည်။
"ဒါကအတုပါ"
ကျန့်ရှင်းခယ်က တံထွေးမြိုချလိုက်ပြီး
"ဘာလို့ ဒီလိုပစ္စည်းက ရှိနေရတာလဲ"
ဝေ့သျဲချီက ပြောလိုက်သည်။
"ဒါက horrorရုပ်ရှင်လေ၊ ဒီလို အတုတွေရှိတာ ပုံမှန်ပဲမဟုတ်ဘူးလား"
ကျန့်ရှင်းခယ်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ဖြူဖျော့နေသောအသားအရည်မှာ နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။
"ဘယ်လိုလုပ် အတုက အစစ်နဲ့ တူနေရတာလဲ၊ ငါအခုဘယ်လောက်လန့်နေလဲ မင်းမသိပါဘူး၊ ချွေးအေးတွေတောင်ထွက်သွားတယ်၊ ငါတို့အဖွဲ့ထဲကလူတစ်ယောက်က တစ်ယောက်ယောက်ကိုသတ်ပြီး အလောင်းကိုဖွက်ထားတယ်လို့ သောက်ကျိုးနည်းထင်သွားတာ"
ဝေ့သျဲချီ : "မင်း ဒါရိုက်တာဖုကိုမေးလေ၊ ဒီက ဇာတ်ဝင်ခန်းသုံးပစ္စည်းတွေကို တစ်စုံတစ်ယောက်က သူကိုယ်တိုင် လုပ်ထားတယ်ပြောတယ်"
ဖုကျန်းက ဘေးမှနေ၍ အေးဆေးစွာပြောလာသည်။
"ဒီပစ္စည်းတွေက မင်းနဲ့အတော်ကြာအောင် အနီးကပ်ရှိနေမှာ၊ ဒီတော့ ရင်းနှီးအောင်လုပ်ထား၊ အားလုံးက ဟိုအိတ်ထဲမှာရှိတယ်"
ကျန့်ရှင်းခယ် : "..."
ထိုအရာကိုပြောပြီးနောက်တွင် ဝန်ထမ်းတချို့က အိတ်တွေကို ကိုင်ဆောင်ပြီး ကျန့်ရှင်းခယ်၏ရှေ့မှာ ဖွင့်ပြသည်။ သူ့ရှေ့က အိတ်တွေကို ကြည့်လိုက်ချိန်တွင် ကျန့်ရှင်းခယ်မှာ မူးလဲလုနီးပါးပင်။
ဖုကျန်းက သူ့ကို မေးလိုက်၏။
"ကောင်းပြီ မင်းအဲဒါတွေနဲ့ ရင်းနှီးသွားပြီလား"
ကျန့်ရှင်းခယ်က ဒီညမှာ ဒါရိုက်တာဖုရဲ့အသံက ထူးဆန်းနေတယ်လို့ အမြဲခံစားနေရတာဖြစ်သည်။ သူ့နေရာကို အစားထိုးလိုက်မှာကို မလိုချင်ပါချေ။ သူကအလျင်အမြန်ခေါင်းညိတ်ကာ ဖြေလိုက်သည်။
"ရင်းနှီးသွားပါပြီ"
"နောက်ပိုင်း ရိုက်ကူးရေးလုပ်ရင် မင်းအော်လို့မရဘူးနော်"
ဖုကျန်းက ထပ်ပြောလိုက်သည်။
"မလုပ်ပါဘူး"
ဖုကျန်းက ညည်းညူလိုက်ပြီး မောနီတာရှေ့မှာ ပြန်ထိုင်လိုက်သည်။ ကျန့်ရှင်းခယ်က ဖုကျန်းသွားရာနောက်ကို အတော်ကြာလိုက်ကြည့်နေပြီး စပ်စုစွာမေးလိုက်သည်။
"ဘာလို့ ဒါရိုက်တာဖုပုံစံက ဒေါသထွက်နေပုံပေါက်နေရတာလဲ"
လက်ထောက်ဒါရိုက်တာက စုန့်ရှင်းခယ်၏ပခုံးကိုပုတ်ကာ ဆိုလိုက်သည်။
"မင်းနားမလည်ပါဘူး၊ ရှောင်ကျန်းက အခုပဲ အနားယူဖို့ဧည့်ခန်းကိုသွားတယ်၊ ငါထင်တာ သူအိပ်ပျော်နေလောက်ပြီ၊ မင်းရဲ့အသံကကျယ်တော့ သူ့ကိုနှိုးလိုက်နိုင်တယ်လေ၊ ဒါရိုက်တာဖုစိတ်ဆိုးရင်တောင် မင်းကြောက်စရာမလိုပါဘူး၊ သူက ငါးမိနစ်မပြည့်ခင် စိတ်လျှော့ပြီး ဒီအကြောင်းကို မေ့သွားလိမ့်မယ်"
ကျန့်ရှင်းခယ်က သူနောက်ထပ် ခွေးစာကို ပါးစပ်အပြည့်စားလိုက်ရသလို ခံစားလိုက်ရသည်။ သူကခေါင်းညိတ်ပြီးပြောသည်။
"ကျွန်တော် ပြန်သုံးသပ်လိုက်ပါ့မယ်၊ ပြန်သုံးသပ်လိုက်ပါ့မယ်"
ဖုကျန်းသာ လက်ထောက်ဒါရိုက်တာထံမှ အဆိုပါမှတ်ချက်များကို လူကိုယ်တိုင်ကြားလိုက်ရလျှင် အနှီလက်ထောက်ဒါရိုက်တာမှာ နားမလည်ဟန်ဆောင်နေခြင်းသာဖြစ်ကြောင်း သူတကယ်နားလည်သွားမည်ဖြစ်သည်။
ဖုန်ကျန်းနှင့်အခြားလူတွေက မနက်တစ်နာရီခွဲအထိ ရိုက်ကူးရေးမပြီးသေးချေ။ နောက်ပိုင်းမှာတော့ ကျန့်ရှင်းခယ်တစ်ယောက် သူဘယ်ဆေးကိုသောက်လိုက်လဲ မသိတော့ချေ။ သရုပ်ဆောင်စွမ်းရည်က ခုန်ပျံကျော်လွှားတိုးတက်လာပြီး အဖွဲ့တစ်ခုလုံး၏ရိုက်ကူးရေးမှာလည်း အလျင်အမြန် တိုးတက်လာခဲ့သည်။
ဖုကျန်းက ဝန်ထမ်းတွေကို ပစ္စည်းတွေသိမ်းဖို့ ကူညီပေးလိုက်ပြီး သူ့လက်ထဲတွင် ရေမြှပ်တစ်ခုကို ကိုင်ထားကာ ထောက်ပံ့ရေးဒါရိုက်တာကို ပြောလိုက်သည်။
"အားလုံးသွားလို့ရပါပြီ၊ ကျွန်တော် နားလိုက်ဦးမယ်"
"ဒါဆို ဒါရိုက်တာဖု၊ ကျွန်တော်တို့ သွားရတော့မလား"
ဖုကျန်းက ခေါင်းညိတ်ပြပြီး ဝန်ထမ်းတွေ ထွက်သွားတာကို စောင့်နေသည်။ သူက လက်ထဲမှာရေမြှုပ်ကို ဂိုထောင်ထဲထားလိုက်ပြီး ဧည့်ခန်းထဲကို သွားလိုက်သည်။
လပြည့်ဝန်းက လေထဲမှာချိတ်ဆွဲထားပြီး ငွေရောင်တောက်နေသည်။ ဖုကျန်းက ဧည့်ခန်းအပြင်ဘက်မှာရပ်နေပြီး တံခါးကို ဖွင့်လိုက်ကာ သူ့ကိုယ်သူ အသံမထွက်အောင် လုပ်လိုက်သည်။ ဧည့်ခန်းထဲဝင်သွားပြီးနောက် သူက သူ့ဂျက်ကတ်ကိုထုတ်ယူလိုက်ကာ အိပ်ယာဆီကို တိတ်တဆိတ်သွားလိုက်ပေမယ့် ကျန်းဟန်ရှုက နိုးနေပြီဖြစ်သည်။ သူက သူ၏အိပ်ချင်နေဆဲမျက်လုံးတွေကိုဖွင့်လိုက်ရာ ဖုကျန်းက သူ့ကိုနှိုးပြီး ခေါ်သွားဖို့ လုပ်နေတာကို တွေ့လိုက်ရသည်။
အဆုံးမှာတော့ ဖုကျန်းက တိုက်ရိုက်ပင်ပြုံးပြလိုက်တော့သည်။ ပြီးနောက် သူက ကုတင်ပေါ်ကိုတိုက်ရိုက်တက်လိုက်ပြီး ကျန်းဟန်ရှုရဲ့အိပ်ယာထဲကို ဝင်ကာပြောလိုက်သည်။
"မထနဲ့၊ ဒီမှာပဲ ဒီညအိပ်တာပေါ့"
ဒီကနေ အိမ်ကို နာရီဝက်ကျော်ကားမောင်းရမှာဖြစ်ပြီး ညကတကယ်ကို မလုံခြုံချေ။
ကျန်းဟန်ရှုက သူ့ကိုမေးလိုက်သည်။
"မကြောက်ဘူးလား"
သူတို့၏စတူဒီယိုမှာ အလွန်ဝေးပြီး စွန့်ပစ်ခံဘူတာရုံတစ်ခုမှ ပြောင်းလဲထားခြင်းဖြစ်သည်။ လွန်ခဲ့တဲ့နှစ်တွေက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတွေအများကြီး သေကြေခဲ့ရသည်ဟုကြားခဲ့ရသည်။ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေပြီး လူမရှိချေ။ သရဲခြောက်သည်ဟုပင် ကောလဟာလတွေရှိ၏။
"ခင်များရှိတာပဲ"
ဖုကျန်းက ကျန်းဟန်ရှု၏လက်တွေထဲကို ဝင်လဲလျောင်းလိုက်သည်။
"ကျွန်တော်အိပ်တော့မယ်၊ အရမ်းအိပ်ချင်နေပြီ"
ပြောပြီးသည်နှင့် သူကသန်းဝေလိုက်သည်။
ကျန်းဟန်ရှုက ရယ်လိုက်ပြီး လက်ကိုဆန့်ကာ ဖုကျန်းကို သူ့လက်တွေကြားဆွဲခေါ်လိုက်ပြီး နောက်ကျောကို ပုတ်ပေးလိုက်သည်။ မကြာခင်မှာပင် ကျန်းဟန်ရှု၏အသက်ရှူသံက တည်ငြိမ်လာသည်။ဂီတသံတွေက တိတ်ဆိတ်နေပြီး အင်းဆက်အချို့က ရံဖန်ရံခါ ပေါ်လာသည်။ လရောင်က သေးငယ်တဲ့ပြတင်းပေါက်လေးကိုဖြတ်ကာ ကျဆင်းလာ၏။ ဖုကျန်းက စောင်းကာကြည့်လိုက်ရင်း မနက်ဖြန် အိပ်ဖို့အတွက် အိပ်ယာတစ်ခုဝယ်သင့်တယ်ဟုတွေးလိုက်သည်။ သးက လက်တွေကိုဆန့်လိုက်ပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူက ကိုအာလာတစ်ကောင်လို ကျန်းရှုဟန်အပေါ် တွယ်ကပ်နေ၏။
နောက်တစ်နေ့မနက်တွင် နေရောင်က လိုက်ကာမရှိတဲ့ ပြတင်းပေါက်ကိုဖြတ်ကာ အခန်းထဲဝင်ရောက်လာသည်။ ဖုကျန်းက ပျင်းရိစွာဖြင့် မျက်လုံးကိုဖွင့်လိုက်ပြီး သူ့ဘေးက ကျန်းရှုဟန်မှာ နိုးပြီးနေပြီဖြစ်တာကို တွေ့လိုက်ရသည်။ သူက headphonesကိုသုံးကာ ဗီဒီယိုတွေကို ကြည့်နေသည်။
ဖုကျန်းက ကိုယ်ကိုဘေးဘက်ကိုစောင်းကာ ကျန်းရှုဟန်၏ဝမ်းဗိုက်ပေါ်သူ့လက်တွေတင်(ဖက်)လိုက်ပြီး မေးလိုက်သည်။
"ဘာတွေကြည့်နေတာလဲ"
"မင်းရဲ့ အင်တာဗျူးဗီဒီယို"
"ဘာက ကောင်းလို့လဲ"
ဖုကျန်းက လည်ပင်းကိုဆန့်လိုက်ပြီး ထိုအရာကို ကြည့်ချင်ခဲ့သည်။
ကျန်းဟန်ရှုက headphonesတွေကိုဖယ်လိုက်ပြီး အသံကိုဖွင့်လိုက်သည်။ hostက ဖုကျန်းရဲ့ချစ်သူကို မစ္စဖုအဖြစ်ရည်ညွှန်းတြနေရာကို ရောက်နေပြီဖြစ်သည်။ ဖုကျန်းက ရယ်လိုက်ကာ ချက်ချင်းပင် အန္တရာယ်အငွေ့အသက်ရလိုက်ပြီး ပြောလိုက်သည်။
"အဲဒါက အရမ်းလှတယ်"
ကျန်းဟန်ရှုက သူ့ခေါင်းကိုလှည့်ကာ စိုက်ကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။
"မစ္စဖု?"
ကျန်းဟန်ရှုမှာ ဤသို့ခေါ်ခြင်းက တုံးအသည်ဟုထင်မိသည်။ မူလန်းကျောင်းသားနှစ်ယောက် စကားများကြသလိုပဲမို့ သူတိတ်တိတ်ပဲနေလိုက်တော့သည်။ ဖုကျန်းက တိုင်ပေါ်တက်ပြီး သူအထင်အမြင်ကို ပြောလိုက်၏။
"ကျွန်တော်တော့ မစ္စဖုက ပိုကောင်းတယ်ထင်တယ်"
"ဘာဖြစ်လို့လဲ"
"ဘာလို့လဲဆိုတော့ အဲဒါက မစ္စသူဌေးမလိုပဲ"
ကျန်းဟန်ရှုက သူ့နှုတ်ခမ်းကို ပွတ်သပ်ကာပြုံးလိုက်၏။ သူကလက်ကိုဆန့်ကာ ဖုကျန်း၏ခေါင်းကို ပွတ်သပ်လိုက်သည်။
"အဝတ်တွေဝတ်တော့၊ အိမ်ပြန်ရအောင်"
ထိုညနေတွင် ကျန့်ရှင်းခယ်၏ပရိတ်သတ်များက အဖွဲ့လိုက် လာရောက်လည်ပတ်မှာဖြစ်သည်။ သူတို့အများကြီးလာမှာတော့မဟုတ်ချေ။ လူ၂၀ထက်မများပေ။ ထိုလူများက ကျန့်ရှင်းခယ် ပွဲဦးထွက်ပြီးကတည်းက အားပေးလာတဲ့ သစ္စာရှိအမာခံပရိတ်သတ်များဖြစ်သည်။ ကျန့်ရှင်းခယ်က ထိုလူအနည်းငယ်အပေါ် အလွန်စိတ်ရှည်သည်။ သို့ပေမယ့် ထိုပရိတ်သတ်နည်းနည်းလေးထဲတွင် ကျန်းဟန်ရှုနှင့်ကျန့်ဖုန်း CPဖန်တွေရှိနေမယ်လို့တော့ မမျှော်လင့်ခဲ့ပေ။
ကျန်းဟန်ရှုလည်း ဒီအဖွဲ့ထဲမှာပါနေတာကို သူသိလိုက်ရချိန်တွင် သူက သူတို့ရဲ့ CP အဖွဲ့ထဲက တခြားညီအစ်မတွေကို ထိုနတ်သမီးအချစ်လေးကို ချက်ချင်းပင် ထုတ်လွှင့်လိုက်တော့သည်။
တိုက်ရိုက်ထုတ်လွှင့်ပြီးချိန်တွင် ပရိတ်သတ်လေးတွေက မေးခွန်းတစ်ခုကို စဥ်းစားမိလိုက်သည်။ ကျန်းဟန်ရှုက ဖုကျန်းရဲ့အဖွဲ့ထဲကို လာမယ်ဆိုတော့ မစ္စဖုရော လာမှာလား။ အခုချိန်အထိ သူတို့က မစ္စဖုဘယ်လိုပုံစံလဲဆိုတာ မသိရသေးချေ။ သူတို့သိတာဆိုလို့ သူနှင့်ကျန်းဟန်ရှုက အလုပ်လုပ်ရင်းတွေ့တာဆိုတာပင်။
"မစ္စဖုကကြည့်ကောင်းလား"
ထိုမေးခွန်းမေးပြီးနောက် ကျန့်ရှင်းခယ်၏မျက်နှာထက်တွင် ဖော်မပြနိုင်တဲ့အမူအယာတစ်ခုကို တွေ့လိုက်ရသည်။
"သူ..."
ကျန့်ရှင်းခယ်က အတူတကွထိုင်နေတဲ့ ကျန်းဟန်ရှုနှင့်ဖုကျန်းကို ကြည့်လိုက်ပြီး သက်ပြင်းချကာပြောသည်။
"မင်းတို့ တစ်စုံတစ်ယောက်ကိုတွေ့တဲ့အခါ သိလိမ့်မယ်"
သူတို့က ဘယ်ကိုသွားပြီး လူတွေနှင့်တွေ့ရမှာလဲ။
ထိုမှတ်ချက်က ပရိတ်သတ်တွေကို မကောင်းတဲ့အတွေးအမြင်တွေ ဖြစ်ပေါ်စေခဲ့သည်။ မစ္စဖုက ကြည့်မကောင်းလို့များလား။ ဒါကြောင့် ကျန့်ရှင်းခယ်က အဲလိုအမူအယာဖြစ်နေတာလား။ ဒါပေမယ့် သူတို့က ကျန့်ရှင်းခယ်ရဲ့ပရိတ်သတ်တွေဖြစ်ကြရာ အကြာကြီးရုန်းကန်မနေကြချေ။
နောက်ထပ်ကတော့ ကျန့်ရှင်းခယ်၏အခန်းကို ရိုက်ရမယ့်အချိန်ပင်။ ပရိတ်သတ်တွေအားလုံးက ငြိမ်သက်စွာ ရပ်ပြီး ကျန့်ရှင်းခယ်ကို ကြည့်နေကြသည်။
ကျန့်ရှင်းခယ်၏ဖျော်ဖြေမှုပြီးသွားချိန်တွင် ပရိတ်သတ်အားလုံးက နှလုံးသားထဲမှအသံဖြင့် တူညီစွာအော်ဟစ်ခဲ့ကြသည်။ သူတို့က ကြယ်ပွင့်တွေနှင့် ကြီးပြင်းလာတာဖြစ်သည်။ သူတို့သည် အလွန်ပင်ဝမ်းသာအားရမှုကို ခံစားခဲ့ရသည်။ ရုန်ဝေ့ဖန်များက ကျေးဇူးတင်ကြောင်းဖော်ပြဖို့အတွက် ကျန့်ရှင်းခယ်ထံ အထူးတလည် လာရောက်လည်ပတ်ကြသည်။ အဖြူရောင်မျက်နှာဖုံးကို ဖုကျန်းထံပေးလိုက်ကြ၏။
ဖုကျန်းက ထိုမျက်နှာဖုန်းကို လက်ထဲတွင်ကိုင်ထားပြီး စိတ်ပျက်လက်ပျက်ဖြင့်ကြည့်နေကာ ပရိတ်သတ်တွေပြောတာကို နားထောင်နေခဲ့သည်။
"အဲဒါကမင်းအတွက်ပဲ အချစ်လေး၊ အစိုဓာတ်ကိုဖြည့်ပေးပြီး ဖြူဖွေးစေတယ်"
ထောင်ဖု၏ချစ်သူမှာ အရင်က ဆောက်လုပ်ရေးဆိုက်တစ်ခုတွင် အုတ်ခဲများသယ်ခဲ့ပြီး သူ့မျက်နှာက လေဒဏ်မိုးဒဏ်များထိခဲ့သည်။ သူ အဲဒါနဲ့ပတ်သက်ပြီး ဂရုစိုက်သင့်သည်။ ပရိတ်သတ်တွေက သူ၏အရည်အချင်းကို ချီးကျူးလိုက်ကြသည်။
ဖုကျန်းက ပရိတ်သတ်တွေကို ကျေးဇူးတင်လိုက်ပြီး၊ ဒါကို ကျန်းဟန်ရှုရဲ့မျက်နှာပေါ် ဘယ်လိုထားရမလဲဆိုတာကို တွေးနေခဲ့သည်။
မေလ၏အစတွင် မာယွမ်က တကယ်ပင် အဖွဲ့ထဲကိုလာခဲ့၏။ ထိုအချိန်တွင် ကျန့်ရှင်းခယ်၏အခန်းကဏ္ဍမှာ ပြီးလုနီးပြီဖြစ်သည်။ သို့သော်လည်း ထိုသတင်းကိုကြားပြီးချိန်တွင် သူက အဖွဲ့ထဲတွင် ဆက်နေခွင့်ပေးရန် တောင်းဆိုခဲ့သည်။
သူကတော့ အရင်ကလူတွေလိုဖြစ်ချင်သဖြင့် ပိုပြီးသင်ယူရမည်ဟုဆိုသည်။
သို့ပေမယ့် လက်တွေ့တွင် သူက မာယွမ်က သူ့နေရာကို အစားထိုးလာမှာလားဆိုတာ သိချင်ရုံသာဖြစ်သည်။ သူက မားယွမ် ဤနေရာကို တကယ်ပင် ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ဖို့လာတာလားသိချင်ပြီး ထိုအတွက် အခကြေးငွေလည်း မတောင်းခဲ့ချေ။
ဖုကျန်းနှင့်ကျန့်ရှင်းခယ်က ထိုအရာနှင့်ပတ်သက်ပြီး ထူးဆန်းနေတာဖြစ်သည်။ မာယွမ်က သူ့ကိုရုတ်တရက်ကြီး ဆက်သွယ်လာပြီး သူ့အဖွဲ့မှာ ဧည့်သည်အဖြစ်အခန်းကဏ္ဍတစ်ခုလိုချင်ကြောင်း ပြောလာခဲ့သည်။ သူကထိုအတွက် အခကြေးငွေမယူဟုဆို၏။ ဖုကျန်းတွင် ငြင်းပယ်စရာအကြောင်းမရှိပါချေ။ ထပ်ပေါင်းပြောရလျှင် သူ့အဖွဲ့ကကြီးသည်။ ဇာတ်ညွှန်းရေးဆရာဝေ့သျဲ.ချီကလည်း မာယွမ်၏ ဦးနှောက်သေနေသည့် ပရိတ်သတ်တစ်ဦးဖြစ်နေသေးသည်။ ထိုအကြောင်းကို ကြားပြီးနောက်တွင် သူက လှပပြီးဆွဲဆောင်မှုရှိသည့် ဗီလိန်အကြောင်းကို မိနစ်ပိုင်းအတွင်းမှာပင် ဇာတ်ညွှန်းထဲထည့်လိုက်၏။
ထိုမတော်တဆနှင့်ပတ်သက်ပြီး နောက်ထပ်အံ့သြနေတဲ့အခြားလူတစ်ဦးမှာ မာယွမ်ကိုယ်တိူင်ပင်။ သူက ကောင်းမွန်တဲ့အားလပ်ရက်ကလေးရနေခဲ့တာဖြစ်ပြီး ရုတ်တရက် ဖုထင်ဆီမှ ဖုန်းလက်ခံခဲ့ရကာ သူ့ကိုကူညီဖို့ ပြောလာသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က မာယွမ် ဖုထင်ကို အကြွေးတင်ခဲ့ဖူးသည်။ အခုတော့ သူက ကျရာအခန်းကနေသရုပ်ဆောင်ရင်း ပြန်ပေးဆပ်ရတော့မှာဖြစ်၏။ မာယွမ်မှာ ထိုအကြောင်းကို တကယ်ပင် မမေးနိုင်ချေ။ သို့ပေမယ့် ဖုထင်ကလည်း ဖုကျန်းရှေ့မှာ သူ့နာမည်ကို ထုတ်မပြောဖို့ ပြောခဲ့သေး၏။
မာယွမ်က ဖုထင်သတ်မှတ်ထသည့်အတိုင်း ဖုကျန်းဆီကို အထူးလာရောက်ပြီး ကူညီလိုက်သည်။ ဖုကျန်းက သဲထိတ်ရင်ဖိုရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်မယ်ဆိုတာ သိလိုက်ရပြီးနောက် သူက တမင်လေ့လာခဲ့သည်။ သည်းထိတ်ရင်ဖိုရုပ်ရှင်များအတွက် box officeက သိပ်ပြီးအားမပေးချေ။ သူက မာယွမ်ကို ဖုကျန်းဆီလာပြီးကူညီဖို့ ပြောခဲ့သည်။ ရုပ်ရှင်က တကယ်ပင် Box officeကို ဆွဲဆောင်နိုင်ခဲ့သည်။
xxxxxx