အပိုင်း ၁၁၂
Viewers 23k

မာယွမ်က ဖျော်ဖြေရေးလောကမှာ တဖြည်းဖြည်းမှေးမှိန်လာပြီး တစ်နှစ်လျှင် ရုပ်ရှင်တစ်ကားမျှသာ ရိုက်တော့သည်။သူ့ပုံရိပ်က လွန်ခဲ့တဲ့နှစ်တွေထဲက big screenပေါ်မှာ ပေါ်မလာတော့ပေ။ သူ့ပရိတ်သတ်တွေက သူရှေ့ကိုထွက်လာဖို့ကို မျှော်လင့်နေကြသဖြင့် မာယွမ်အနေနှင့် ဒီရုပ်ရှင်မှာ ပိုက်ဆံဆုံးရှုံးဖို့ရာ မဖြစ်နိုင်ချေ။
မာယွမ်က သူမလာမှီ ဇာတ်ညွှန်းကိုဖတ်ခဲ့ပြီး သူကဝေ့သျဲချီ၏ဇာတ်ညွှန်းအရေးအသားကိုလည်း ချီးကျူးခဲ့သည်။
"မင်းရဲ့ဇာတ်ညွှန်းကကောင်းတယ်၊ တကယ်ကြောက်ဖို့ကောင်းတာပဲ"
နောက်တစ်နေ့ ရိုက်ကွင်းကိုသူလာသည့်အခါတွင် ဖုကျန်းတစ်ယောက် မာယွမ်၏မျက်လုံးအောက်ရှိ အနက်ရောင်ကွင်းများကို မြင်လိုက်ရသည်။ သူကသိလိုစိတ်ဖြင့်မေးလိုက်သည်။
"မစ္စမာ မနေ့က သေချာမနားခဲ့ရဘူးလား"
မာယွမ်က သက်ပြင်းချပြီး ဖုကျန်းကိုပြောသည်။
"မပြောပါနဲ့တော့၊ နေ့လည်ပိုင်းမှာ ဇာတ်ညွှန်းကိုဖတ်တုန်းကတော့ ငါ့အတွက် ပြဿနာမရှိဘူး၊ ငါက အယ်ဒီတာဝေ့ရဲ့စိတ်ကူးက အရမ်းကောင်းတာပဲလို့တွေးမိရုံလေးပါ၊ ဒါပေမယ့် ညဘက်အိမ်ပြန်ရောက်တော့ နောက်ပိုင်းဇာတ်ညွှန်းက ဘာဆက်ဖြစ်မလဲလို့စဥ်းစားနေတာ၊ အမေရေ ငါမီးတောင်မပိတ်ရဲတော့ဘူးလေ၊ ငါတော့ ဒီနှစ်ရက်လုံး ကောင်းကောင်းမအိပ်ခဲ့ရဘူးလို့ထင်တာပဲ"
ဝေ့သျဲ ချီက မာယွမ်သူ့ကိုချီးကျူးခဲ့သလို အဲဒါကို သေချာစေ့စေ့စပ်စပ်လုပ်ခဲ့တာဖြစ်ပြီး ရုတ်တရက် မာယွမ်၏ရှေ့ကို ယိုင်ကျသွားခဲ့၏။
"ဆရာမာ၊ အဲဒီမှာ ပြန်လည်စိစစ်ဖို့လိုတာလေးတွေများ ရှိနေလား"
မာယွမ်က မူရင်းဇာတ်ညွှန်းကို မတိုင်မှီကဖတ်ခဲ့ပြီး ဝေ့သျဲချီက သူ့ရဲ့ကိုယ်ရေးအချက်အလက်နှင့် ဇာတ်ကြောင်းကို ယနေ့အထိ ပြီးပြည့်စုံအောင်မရေးထားရသေးချေ။ မာယွမ်က ဇာတ်ညွှန်းအသစ်ကိုယူလိုက်ကာ စာမျက်နှာအနည်းငယ်ကို လှန်လိုက်ပြီး ပြောလိုက်၏။
"ဒီစာကြောင်းတွေက အတော်လေးများတယ်၊ ဘာတွေလဲ"
ဝေ့သျဲချီက မာယွမ်ကို အလွန်တရာမှနာခံမှုရှိရှိ ပြောလိုက်သည်။
"ဆရာမာ၊ တကယ်လို့ စာသားတွေအရမ်းများတယ်ထင်ရင် ကျွန်.. ကျွန်တော် ခင်များကို ငွေပိုပေးပါ့မယိ"
ဖုကျန်း : "..."
ကြည့်ရတာ ဝေ့သျဲချီက တကယ်ကို မာယွမ်ရဲ့ အမာခံပရိတ်သတ်ဖြစ်ပုံပဲ။
"မလိုပါဘူး၊ အခကြေးငွေ မယူဘူးလို့ ပြောပြီးသားပဲ"
မာယွမ်က ဝေ့သျဲချီကိုပြုံးကာ ပြောသည်။
"ငါ ဒီroleကို အတော်လေးသဘောကျပါတယ်"
မာယွမ်က "လွတ်မြောက်ခြင်း"အဖွဲ့ကို တရားဝင် ဝင်ရောက်လာခဲ့သည်။
ပါပါရာဇီတွေက အဖွဲ့နားမှာ နေ့မနားညမနားလိုက်နေပြီးနောက် သတင်းက အင်တာနက်ပေါ် ရုတ်တရက် ရောက်လာခဲ့သည်။ ဒေသခံတွေက ဖုန်ကျန်းဒီရုပ်ရှင်မှာ အများကြီး မရင်းနှီးထားတာကို သိခဲ့ကြသဖြင့် မာယွမ်လိုကြယ်ပွင့်ကို ဘယ်လိုဖိတ်ခေါ်ခဲ့လဲဆိုပြီး ထူးဆန်းနေကြသည်။ သူတို့က အတော်ကြာအောင်ဆွေးနွေးနေကြပြီးနောက် မာယွမ်က ရုပ်ရှင်ထဲမှာ ခဏတာပေါ်လာပြီး အခန်းအများကြီးမပါလောက်ဘူးဟု ခန့်မှန်းလိုက်ကြသည်။
မာယွမ်၏ ပရိတ်သတ်များက ဖုကျန်း၏သည်းထိတ်ရင်ဖိုရုပ်ရှင်မှာ သူပါဝင်မည့်အကြောင်းကြားပြီး အရမ်းမပျော်ကြချေ။ မာယွမ်က ထိုရုပ်ရှင်မှာ ဒီနှစ် ဧည့်သည်အဖြစ်ပါပြီးနောက် အခြားရုပ်ရှင်ထပ်ရိုက်မည်မဟုတ်ချေ။ သူတို့က မာယွမ်ကို ဒါရိုက်တာကြီးများနှင့်ပူးပေါင်းကာ စာပေနှင့်အနုပညာရုပ်ရှင်များကို တစ်ကြိမ်မျှ ရိုက်စေချင်ပြီး နိုင်ငံတကာ ဆုတွေရစေချင်သော်ငြား သူကအဆုံးမှာတော့ ဖုကျန်း၏အဖွဲ့သေးသေးလေးဆီ ပြေးဝင်သွားခဲ့၏။
အဲဒါက ဖုကျန်းကမတော်လို့မဟုတ်ပါဘူး။ဒါပေမယ့် ဒီရုပ်ရှင်ကတော့ သူတို့မျှော်လင့်နေတာနှင့် အများကြီးကွာခြားသည်။ အားလုံးပြီးတဲ့နောက်မှာ သည်းထိတ်ရင်ဖိုရူပ်ရှင်အနည်းငယ်ကသာ ဆုရကြပြီး မာယွမ်မှာ ထိုရုပ်ရှင်ထဲ၌ အဓိကအခန်းကဏ္ဍ၌ မဟုတ်ပေ။ မူလအတိုင်း တန်ဖိုးမရှိပါချေ။
ဒါပေမယ့် အဲတာကတန်ရဲ့လား ဒါမှမဟုတ် မတန်ဘူးလား။ သူတို့ကိုယ်တိုင်ကသာ ဆုံးဖြတ်နိုင်သည်ပင်။
မာယွမ်က ပထမတွင် သူဖုထင်ပေးတဲ့တာဝန်ကြောင့် ဆိုးရွားတဲ့ရုပ်ရှင်မှာ ပါလာရတော့မယ်ဟု ထင်ခဲ့သည်။ သို့သော်လည်း ဇာတ်ညွှန်းရပြီးနောက်တွင် မူလကအတွေးအမြင်များကို လုံးဝစွန့်လွှတ်ပစ်လိုက်၏။ ပြီးနောက် သူက မူလကဖုကျန်းရိုက်ခဲ့သည့်ရုပ်ရှင်နှစ်ခုကို ကြည့်ခဲ့ပြီး ဖုကျန်း၏အဆင့်ကို သိရှိသွားသညိ။ ထို့ကြောင့် သူက ဖုထင်ကဘာလို့ သူ့ကို သူ့ကိုယ်သူဧည့်သည်အဖြစ်ပါဝင်ခိုင်းလဲဆိုတာ သိချင်သွားရသည်။ သူမပါလျှင်ပင် ဖုကျန်းက ဤဇာတ်ကားအတွက် ငွေရှာရန် မခက်ခဲချေ။ သူက စုစုပေါင်း၁၀သန်းသာ ရင်းနှီးမြှုပ်နှံခဲ့သည်။
မာယွမ်က စွယ်စုံရ သရုဝ်ဆောင်တစ်ဦးဖြစ်ပြီး ကျိုးဝမ်လျန့်၏ပူးပေါင်းဆောင်ရွက်မှုကလည်း ပြည့်ပြီးစုံကာ စိတ်လှုပ်ရှားဖို့ကောင်းလှသည်။
ကျန့်ရှင်းခယ်က မာယွမ်နှင့်သူ့နေရာကို အစားမထိုးဘူးဆိုတာ သိလိုက်ပြီးနောက် အဖွဲ့ထဲတွင် ဆက်နေဖို့ ရွေးချယ်ခဲ့သည်။ မီးအိမ်အောက်မှမြင်းပုလေးက ဒဏ်ခတ်ခံခဲ့ရပြီး ပြပွဲမှလူနှစ်ဦးကို စိုက်ကြည့်နေခဲ့သည်။ သူ့ရင်ထဲတွင် ထူးဆန်းသည့်ခံစားချက်အချို့က တိတ်တိတ်လေး ကြီးထွားလာသည်။ သူက တစ်နေ့မှာ ထိုနှစ်ယောက်ကဲ့သို့ မည်သည့်အခန်းကဏ္ဍတွင်မဆို ထိန်းချုပ်နိုင်တဲ့လူဖြစ်ဖို့ ဆုတောင်းလိုက်သည်။
ထိုပြိုင်ဘက်နှစ်ဦးက ဒရာမာထဲတွင် ကောင်းမွန်စွာ သရုပ်ဆောင်နေကြပြီး ဖုကျန်းကလည်း ရိုက်ကူးရင်းပျော်နေခဲ့သည်။ ထိုအချိန်တွင် ကောင်းထျန်ကလည်း ဖုကျန်းကိုဖုန်းခေါ်ကာ သရုပ်ဆောင်လိုလားဟုမေးလာသည်။ သူမကလာပြီး ကြိုးစားကြည့်ချင်၏။
ဖုကျန်းက ပြုံးလိုက်ပြီး ကောင်းထျန်ကိုမေးလိုက်သည်။
"အချိန်ဖြုန်းနေတာပဲ၊ ငါ့ရဲ့ အဖွဲ့လေးကို လာသာလာလိုက်"
ကောင်းထျန်က ဖုန်းထဲမှ ပြန်ဖြေလိုက်သည်။
"ငါ ပိုပြီးလှချင်တယ်"
ဖုကျန်းက ညည်းညူရင်းပြောလိုက်သည်။
"လှပါတယ်၊ ငါကတိပေးတယ် မင်းက မင်းရဲ့အတန်းထဲမှာ အလှဆုံးဖြစ်စေရမယ်၊ ဒါပေမယ့် မင်းပြန်လာတဲ့အတွက် ငွေတော့မပေးဘူး"
ကောင်းထျန်က လက်ခံလိုက်သည်။
"ငါလည်းအခကြေးငွေမလိုချင်ပါဘူး၊ ငါ့ကိုသာ ပိုကြည့်ကောင်းအောင်လုပ်ပေး"
ဖုကျန်းက အလင်းရောင်အောက်မှ ကျိုးဝမ်လျန့်ကို စိုက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထက်၌ အပြုံးတစ်ခုပေါ်လာသည်။ သူက ကောင်းထျန်ကို ပြောလိုက်၏။
"ငါအခု night scenesတွေရိုက်နေတာ၊ မင်းဧည့်သည်အဖြစ်ပါချင်ရင် ညဘက်လာခဲ့လေ"
"သိပြီ"
ကောင်းထျန်က နောက်နေ့ညတွင် ရိုက်ကွင်းကိုလာခဲ့သည်။ သို့သော်လည်း သူမရသည့်အခန်းကဏ္ဍမှာ တစ္ဆေသတို့သမီးဖြစ်ပြီး အဖွဲ့လိုက် သရုပ်ဆောင်ရသည်။
ကောင်းထျန်က အဝတ်လဲခန်းတွင် မိနစ်အတော်ကြာအောင်လမိတ်ကပ်လိမ်းပြီးနောက် သူမထွက်လာသည့်အခါ ဖုကျန်းကို ရန်မူတော့သည်။ သူ့ရှေ့တွင်ရပ်ကာ မေးလိုက်၏။
"ဘာလို့ ငါက ပင်လယ်ဓားပြသင်္ဘောပေါ်ရောက်နေသလို ခံစားနေရတာလဲ၊ ဒါက ဘာများကောင်းလို့လဲ"
ဖုကျန်းက သူမကို လက်မထောင်ပြလိုက်သည်။
"သမိုင်းမှာ အလှဆုံးသရဲမလေးပဲ"
ကောင်းထျန် : “…”
ဖုကျန်းကသူမကို မင်းအတန်းထဲမှာ အလှဆုံးဖြစ်စေရမယ်လို့ ဖုန်းထဲမှာ ပြောခဲ့တာကို ရုတ်တရက် သတိရလိုက်သည်။ အဲဒါက ဒီလိုဖြစ်လာတာပေါ့လေ။ ကောင်းထျန်က ရုတ်တရက် သူမရဲ့လက်သီးကို ဖုကျန်းဆီဝေ့ယမ်းလိုက်သည်။
"ဖုကျန်း ငါနင့်ကိုသတ်မယ်"
ဖုကျန်းက ပြုံးလိုက်၏။
"မင်းဆက်ရိုက်ဦးမှာလား၊ ဆရာကျိုး၊ ကောင်းထျန်ဒီကိုရောက်နေတယ်၊ သူမကိုနောက်တစ်ခန်းအတွက် ပြောပြလိုက်ပါဦး"
ကျိုးဝမ်လျန့်က ပြန်တုန့်ပြန်လိုက်ပြီး ကောင်းထျန်ကို လက်ယပ်ခေါ်လိုက်သည်။ ကောင်းထျန်တစ်ယောက် မိန်းမငယ်လေးဖြစ်သွားပြီး ကျိုးဝမ်လျန့်ထံ လျှောက်သွားခဲ့သည်။
“အဖြူရောင်ရဲတိုက်” ရိုက်ကူးစဥ်ကကဲ့သို့ပင် ကျိုးဝမ်လျန့်က ကောင်းထျန်ကို လှုပ်ရှားမှုတစ်ခုချင်းစီအား သင်ပေးခဲ့ပြီး သူမ၏အမူအရာနှင့် အကြည့်တို့ကို တာဝန်ယူခဲ့သည်။
ကျန့်ရှင်းခယ်က ရိုက်ကွင်းမှလူနှစ်ဦးကိုကြည့်ကာ ရုတ်တရက်သဘောပေါက်သွားခဲ့သည်။
"ဒါက ကောင်းထျန် ရိုက်ကူးရေးဘယ်လိုလုပ်လဲဆိုတာပေါ့လေ"
သူပြောပြီးနောက် အနည်းငယ်မှားနေသလို ခံစားလိုက်ရသည်။ သူတို့အားလုံးက သရုပ်ဆောင်မကောင်းကြဘူး။ ဘယ်လိုလုပ် ဒီလောက်ခြားနားအောင် ကုသလိုက်နိုင်တာလဲ။ သူအဖွဲ့မှာရောက်နေတာကြာပြီဆိုပေမယ့် ဘယ်သူမှသူ့ကို ဒီလိုနည်းလမ်းနှင့် မသင်ပေးခဲ့ဘူး။
ဖုကျန်းက သူ့ကိုကြည့်နေပြီး ကျန့်ရှင်းခယ် ဘာတွေးနေလဲဆိုတာကို ချက်ချင်းခန့်မှန်းလိုက်ပြီး ပြောလိုက်သည်။
"မင်းမှာအရည်အချင်းရှိရင် ဆရာကျိုးကို ဒီနည်းနဲ့သင်ခိုင်းလေ"
ကျန့်ရှင်းခယ်က ပြုံးပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
"ကျွန်တော် မတတ်နိုင်ဘူး"
ကောင်းထျန်အတွက် ဇာတ်ကွက်များစွာမရှိသဖြင့် မကြာမှီမှာပင် ရိုက်ကူး၍ပြီးသွားသည်။ သူထွက်သွားသည့်အချိန်တွင် သူက Fu တမင်တကာပင်ဖုကျန်းထံသွားလိုက်ပြီး သူ့ကိုပြောလိုက်သည်။
"နောက်ကျ ဒီလိုအခန်းမျိုးဆို ငါ့ကိုမခေါ်နဲ့"
"ဆရာကျိုးဒီမှာရှိနေရော..."
ဖုကျန်းက မျက်လုံးတွေကို မှေးစင်းလိုက်သည်။
ကောင်းထျန်က ချောင်းအသာအယာဟန့်ကာ သူမ၏ခေါင်းကို စုန့်ရှင်းခယ်နှင့်အတူ သရူပ်ဆောင်နေသည့် ကျိုးဝမ်လျန့်ထံ လှည့်လိုက်သည်။ သူမက စကားတစ်ခွန်းမှမဆိုပဲ ဖုကျန်းကို လက်ယမ်းပြကာ
"ဒါဆို ဒါရိုက်တာဖု၊ ငါသွားတော့မယ် "
ဖုကျန်းက ကောင်းထျန် အဖွဲ့မှထွက်သွားတာကိုကြည့်ပြီးငိုပြလိုက်ကာ နောက်ဇာတ်ကွက်အတွက် ရိုက်ကူးဖို့ပြင်နေကြတာကို သူ့ရှေ့ရှိ မော်နီတာမှတစ်ဆင့်ကြည့်လိုကိသည်။
မေလတွင် ဖုကျန်းချန်က အဖွဲ့ထံပြန်လာခဲ့ပြီး ညဘက်တွင် မကြာခဏ အဖွဲ့ကိုလာလည်ခဲ့သည်။သူသည် လူစုလူဝေးထဲ၌ အကြာကြီးရပ်နေပြီး သူထွက်သွားချိန်အထိ ဖုကျန်းကို အကြိမ်ပေါင်းများစွာကြည့်နေသော်လည်း သတိမထားမိခဲ့ချေ။ နောက်ဆုံးတွင် လက်ထောက်ဒါရိုက်တာက ဖုကျန်းကို ပြောပြလိုက်သည်။
ထို့နောက် နေ့စဥ်နေ့တိုင်း စက်ပစ္စည်းများမတပ်ဆင်မှီ လူအုပ်ကြီးထဲ၌ ဖုကျန့်ချန်ရှိနေသလားဟု မသိစိတ်ဖြင့် ရှာနေမိသည်။
သူ့ကိုတွေ့လျှင် ဝန်ထမ်းကို ထိုင်ခုံတစ်လုံးယူခိုင်းလိုက်ပြီး ဖုကျန့်ချန်က ဖုကျန်း၏နောက်ဘက် မနီးမဝေးတွင် တိတ်ဆိတ်စွာ ထိုင်နေလိမ့်မည်။ သူက အဖွဲ့ထဲမှအခြားလူများကဲ့သို့ပင် သရုပ်ဆောင်နေတာကို လူတိုင်းငေးကြည့်နေသကဲ့သို့ သူ့မျက်လုံးတွေကလည်း ဖုကျန်းနောက်ကို ညင်သာစွာနှင့်ထပ်ကြပ်မကွာ လိုက်နေလိမ့်မည်။
မာယွမ်၏ ရိုက်ကူးရေးက သိပ်မကြာခင်မှာ ချောချောမွေ့မွေ့ပင် ပြီးသွားသည်။ အဖွဲ့ထဲမှ အခြားလူများက ဆွေးနွေးကြပြီးနောက် မာယွမ်ကို သူမထွက်သွားမှီ ထမင်းစားဖိတ်ခဲ့သည်။
ညစာစားပွဲက ဒီညတွင်ဖြစ်သည်။ ဖုကျန်းက ခဏလောက်စဉ်းစားပြီးနောက် အဖွဲ့သားတွေအဆုံးမသတ်ခင်ရပ်လိုက်ပြီး ဖုကျန်းချန်ကိုခေါ်ကာပြောလိုက်သည်။
"ဒီမှာနေပြီး အတူစားသွားပါ"
ဖုကျန်းချန်က အံ့အားသင့်သွားပြီး ဖုကျန်းကို မော့ကြည့်လိုက်သည်။ ခဏအကြာတွင် ဖုကျန်းကသူ့ကို ပြောနေတယ်ဆိုတာကို သဘောပေါက်သွားသည်။ အပြုံးတစ်ခုက နှုတ်ခမ်းထောင့်၌ ပြည့်ဝစွာပေါ်လာပြီး ဖုကျန်းကို ခေါင်းညိတ်ပြလိုက်၏။
ဖုကျန်းက သူ့မျက်လုံးထဲတွင် အနည်းငယ် နာကျင်လာသလိုခံစားလိုက်ရသည်။ သူက အဝေးကိုသာမျှော်ကြည့်နေခဲ့ပြီး အဝေးက တောင်တန်းတွေကိုသာ ကြာ့်နေခဲ့သည်။ တောင်တွေကမှေးမှိန်သွားပြီး အမှောင်ရိပ်ထဲ၌ အနက်ရောင်ကောက်ကြောင်းတစ်ခုကိုသာ ချန်ရစ်ခဲ့သည်။ ညအချိန်အတွင် သီချင်းသံများက ကျယ်လောင်နေပြီး သူ့နှလုံးသားအောက်ခြေမှ ထူထဲသည့်နံရံသည်လည်း တဖြည်းဖြည်း ကွဲအက်သံ ထွက်လာခဲ့၏။
ဖုကျန်းချန်၏ဖုန်းမြည်လာသည်။ သူအိမ်ပြန်သင့်တဲ့အချိန်ရောက်နေပေမယ့် ယနေ့မှာတော့ သူကထွက်မသွားခဲ့ချေ။ ဖုထင်က သူ့အတွက်စိုးရိမ်နေသဖြင့် သူ့ကိုဖုန်းဆက်ပြီး မေးခြင်းပင်။
ဖုန်းကျသွားပြီးနောက် ဖုကျန်းချန်က တုန့်ဆိုင်းစွာဖြင့် ဖုကျန်းကိုပြောသည်။
"ဖုထင်လည်း လာချင်နေတယ်"
ဖုကျန်းခေါင်းညိတ်ပြလိုက်သည်။ လူတွေအများကြီးရောက်နေပြိးပြီ အဲဒါက ဖုထင်အတွက် သိပ်မဆိုးပေ။
ကျန်းဟန်ရှုကလည်း အလုပ်ပြီးသည်နှင့် သူတို့ရဲ့ပါတီကို လာခဲ့သည်။ အဖွဲ့ထဲမှ လူအများစုက ဖုကျန်းနှင့်ကျန်းဟန်ရှုကြားမှ ဆက်ဆံရေးကိုသိကြသည်။ ဖုကျန်းနှင့်မစ္စကျန်းဆိုတာ အတူရှိနေသရွေ့တော့ လူတစ်ယောက်တည်းဆိုတာဖြစ်နိုင်ပြီး ယင်းတို့ကို နှိုင်းယှဥ်ကြည့်ချင်းအားဖြင့် အလွယ်တကူပင် အမှန်တရားကို တွေ့နိုင်ပေသည်။
ညစာစားပွဲတွင် ဖုမျိုးရိုးအမည်ရှိလူသုံးဦးမှလွဲ၍ လူတိုင်းက ဝိုင်အချို့ကိုသောက်ခဲ့ကြသည်။ မာယွမ်၏ပါးပြင်တွေက နီရဲနေ၏။ အရှေ့အနောက်တောင်မြောက် မကွဲမှာပင်ကို စိုးရိမ်လှသည်။ သူက ဖုထင်၏ပုခုံးကိုပုတ်သည်။ နျန်မာယွမ်က ပြည်မကြီးတွင်မဖွံ့ဖြိုးသေးပဲ ဖုမိသားစု၏မကောင်းသည့်အရာများကိုလည်း မရင်းနှီးသေးချေ။ သူကသက်ပြင်းချပြီး ဖုထင်ကိုပြောသည်။
"တောက်ဖုကမင်းရဲ့ညီကိုဆိုတာသိတယ်၊ ငါ့ကိုလာပြီး မင်းညီကိုကူညီခိုင်းတယ်ပေါ့၊ ဘာလို့မပြောပဲ ဖုန်းကွယ်ထားတာလဲ၊ ငါကတော့ မင်းက အခြားဒါရိုက်တာကို တိတ်တိတ်လေးချစ်နေတယ်ထင်ခဲ့တာ"
စကားပြောပြီးနောက် မာယွမ်သည် တစ်ယောက်တည်း ရယ်မောလိုက်ပြီး ခေါင်းငိုက်ကျသွားကာ စားပွဲပေါ်၌ အိပ်ပျော်သွားသည်။
ဖုကျန်း ခေါင့်းမော့ပြီး သူနှင့်မျက်စောင်းထိုးမှာထိုင်နေသည့် ဖုထင်ကိုကြည့်လိုက်သည်။ ထိုအချိန်မှပင် မာယွမ်ကို ဖုထင်ခေါ်လိုက်တာဖြစ်ကြောင်း သိလိုက်ရသည်။
သူက ဖျော်ရည်တွေပြည့်နေတဲ့ သူ့လက်ထဲက ဝိုင်ခွက်ကို လှုပ်ယမ်းလိုက်သည်။ အတော်ကြာပြီးနောက် သူကဖုထင်ကို ညင်သာစွာပြောလိုက်သည်။
"ကျေးဇူးပဲ"
ဖုထင်က ဖုကျန်းဆီက ကျေးဇူးတင်တာကို မလိုခဲ့ချေ။ ဖုကျန်းအတွက် သူတတ်နိုင်တာတစ်ခုခု လုပ်ပေးချင်ခဲ့တာသာဖြစ်ပြီး ခေါင်းခါလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
ညစာစားပွဲက ညဉ့်နက်ပြီးနောက်ကျနေတဲ့အထိ မပြီးသေးပေ။မာယွမ်နှင့်ကျန့်ခယ်ရှင်းတို့နှစ်ဦးစလုံးကို သူတို့၏ အေးဂျင့်များက ပြန်ခေါ်သွားခဲ့သည်။
ဖုကျန်းချန်နှင့်ဖုထင်တို့က သောက်ထားကြသောကြောင့် ဖုကျန့်းက ဖုမိသားစုအိမ်ထိန်းကို ဖုန်းခေါ်ပြီး သူတို့ကို လာခေါ်ဖို့ တစ်စုံတစ်ယောက်ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်သည်။
ပြီးနောက် ကျန်းဟန်ရှုနှင့်အတူ အိမ်ကိုကားမောင်းပြီးပြန်သွားသည်။
xxxxxx