အပိုင်း ၁၁၃
Viewers 23k

"ဒါရိုက်တာဖု၊ ခင်များနှင့်အစ်ကိုကျန်းက ဘယ်လိုတွေ့ခဲ့တာလဲ"
ကျန့်ရှင်းခယ်က ရုပ်ရှင်ရိုက်နေချိန်တွင် ဖုကျန်းထံပြေးသွားပြီး သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
"ငါမပြောပြခဲ့ဘူးလား"
ဖုကျန်းက ကျန့်ခယ်ရှင်းကိုကြည့်ကာ သူထိုခွန်းကို အင်တာဗျူးတစ်ခုတွင် တစ်ခါပြောခဲ့သည်ဟုခံစားမိသော်လည်း ထိုအင်တာဗျူးကို လူတိုင်း မတွေ့ခဲ့လောက်ဘူးဟု တွေးလိုက်သည်။ ထို့ကြောင့် ကျန့်ရှင်းခယ်မသိဘူးဆိုတာက ပုံမှန်ပင်။
ကျန့်ရှင်းခယ်က ခေါင်းကိုခါလိုက်ကာ သူထိုအကြောင်းနှင့်ပတ်သက်ပြီး ဘာမှမသိကြောင်း ပြောလိုက်သည်။
ဖုကျန်းက ပြုံးကာပြောလိုက်သည်။
"လွန်ခဲ့တဲ့နှစ်ဆောင်းရာသီက ဆောက်လုပ်ရေးခွင်တစ်ခုမှာ တွေ့ခဲ့တာ"
ကျန့်ရှင်းခယ်က ဤအရာနှင့် အနည်းငယ်ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ဖုကျန်းက သူနှင့်သူ့ချစ်သူမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တွေ့ဆုံခဲ့ကြောင်း ယခုနှစ် အင်တာဗျူးတစ်ခု၌ ပြောခဲ့သည်ကို မှတ်မိဖို့ အချိန်ယူလိုက်ရသည်။ ထိုအချိန်က ဤအမျိုးသမီးမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားတဲ့အထိ ဘယ်လောက်တောင် ကြမ်းကြမ်းတမ်းတမ်း ဖြစ်နေသလဲဟူ၍ပင် စောဒကတက်လိုက်သေးသည်။ လက်တွေ့တွင် မစ္စဖူမှာ အရပ်ရှည်သည့်အမျိုးသားတစ်ဦးဆိုတာကို သူအမှန်ပင် လက်မခံနိုင်သေးချေ။
ခဏကြာပြီးနောက် ကျန့်ရှင်းခယ်က ဖုကျန်းကို ထပ်မေးလိုက်သည်။
"အစ်ကိုကျန်းလည်း ဆောက်လုပ်ရေးလုပ်ငန်းကို အုတ်ခဲသယ်ဖို့ သွားတာလား"
ဖုန်ကျန်းက ကျန်းဟန်ရှု ဆောက်လုပ်ရေးတွင်လုပ်သည်နှင့်ပတ်သက်၍ အများကြီး မပြောချေ။
Zeng Xingke သည် အုတ်များကို မည်သည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရွှေ့မည်ကို စတင်တွေးတောလာကာ Hexijiang မိသားစု၏ အမွေဆက်ခံသူနှင့် အရည်အချင်းရှိသော ဒါရိုက်တာတစ်ဦးသည် ထိုနေရာတွင် တလိုတလား ရှိနေနိုင်ကာ နှစ်ရက်ကြာ အလုပ်သွားသင့်သလား စဉ်းစားလာတော့သည်။ . ငါ့ကံကြမ္မာကို ငါ ဖြည့်ဆည်းပေးနိုင်မယ် မထင်ဘူး။
ကျန့်ရှင်းခယ်က ဘယ်လိုဆောက်လုပ်ရေးလုပ်ငန်းကများ ဟယ့်ရှီကျန်းမိသားစု၏ဆက်ခံသူဖြစ်ပြီး အရည်အချင်းရှိသည့်ဒါရိုက်တာဖြစ်သူကို လိုလိုလားလားအုတ်ခဲသယ်စေခဲ့သလဲဆိုတာကို စတင်စိတ်ဝင်စားလာသည်။ ပြီးတော့ သူရော၂ရက်မျှ သွားအလုပ်လုပ်သင့်လားဟု စတင်တွေးမိသည်။
ငါလည်း ငါ့ကံကြမ္မာ(ဖူးစာရှင်)နှင့်တွေ့မလား မသေချာဘူးလေ။
ကျန့်ရှင်းခယ်က မူလက အဖွဲ့ထဲမှာ ၂ရက်လောက်ထပ်နေပြီး သင်ယူချင်ခဲ့ပေမယ့် အေးဂျင့်က အဖွဲ့ဆီကို ကိုယ်တိုင်လာပြီး သူ့ကိုဆွဲထုတ်သွားခဲ့သည်။သူလှုပ်ရှားသွားလာပုံမျိုးနှင့်တော့ အချိန်အတော်ကြာအောင် ပရိသတ်ရှေ့မှာ မပေါ်လာခဲ့လျှင် ပရိသတ်တွေဆီမှာ ဖမ်းမိသွားလိမ့်မည်။ မေ့လိုက်ပါတော့။ ဒီအတောအတွင်းမှာ ကျန့်ရှင်းခယ်အတွက် လှုပ်ရှားမှုတွေ အများကြီး စီစဉ်ပေးခဲ့တာကြောင့် ခဏတာ အလုပ်များနေဖို့ အတွက်တော့လုံလောက်သည်။
သို့ပေမယ့် ကျန့်ရှင်းခယ်ကိုကြည့်ရတာ ပျော်နေပုံမပေါ်ချေ။ သူကအေးဂျင့်ကိုပြောလိုက်သည်။
"ငါက စွမ်းအားအပြည့်နဲ့သရုပ်ဆောင်အဖြစ်ကို ပြောင်းလဲဖို့ အစီအစဉ်ချထားတာ"
အေးဂျင့်က သက်ပြင်းချသည်။ သူက ကျန့်ရှင်းခယ်ကို ပြောင်းလဲဖို့ စီစဥ်ထားပြီး အခုတော့ သူကိုယ်တိုင်က အသိစိတ်ရှိနေပြီဖြစ်သည်။ သူ့ကို ဒါရိုက်တာဖုရဲ့အဖွဲ့ထံ သွားခွင့်ပေးလိုက်တာက ကောင်းမွန်သည့်ဆုံးဖြတ်ချက် ဖြစ်ပုံပင်။
ကျိုးဝမ်လျန့်နှင့်မာယွမ်တို့က ကျန့်ရှင်းခယ်အပေါ် သြဇာသက်ရောက်မှုကောင်းပုံရသည်။သူတို့က စုန့်ရှင်းခယ်ကို သရုပ်ဆောင်ရခြင်း၏ ပျော်ရွှင်မှုကို သိစေခဲ့ပြီး သူ့အရည်အချင်းတွေကို ပြသဖို့အခွင့်အရေးကို ရှာဖို့ရာ စိတ်အားထက်သန်နေ၏။
"မင်းငါ့ကို ကောင်းတဲ့နေရာအချို့ပေးထားတာပဲ၊ ဒါရိုက်တာကျန်းရိကောက ရုပ်ရှင်အသစ်ရိုက်ဖို့စီစဥ်နေတယ်ကြားတယ်၊ ငါ ခေါင်းဆောင်နေရာလိုချင်တယ်"
အေးဂျင့်က ခေါင်းကိုလှည့်ကာ ကျန့်ရှင်းခယ်ကို အတော်ကြာအောင်ကြည့်လိုက်ပြီး လက်ကိုမြှောက်ကာ သူ့(ZXK)နဖူးကိုထိလိုက်သည်။ အဖျားမရှိပါချေ။ အေးဂျင့်က သူ့လက်ကို ရုတ်လိုက်ပြီး ကျန့်ရှင်းခယ်ကို မေးလိုက်သည်။
"မင်းအိမ်မက်က မနိုးသေးဘူးလား"
"ငါစိတ်တိုလာပြီနော်"
ကျန့်ရှင်းခယ်က အော်လိုက်သည်။
အေးဂျင့်က ကျန့်ရှင်းခယ်ကို ကြည့်လိုက်ကာ အနည်းငယ် တုံ့ဆိုင်းသွားပြီး သူ့ကို သတိပေးလိုက်သည်။
"ငါ့လစာနှစ်ဆတိုးလာရင် မင်းပေးနိုင်မှာမဟုတ်ဘူးနော်"
"..."
ကျန့်ရှင်းခယ်က ခဏမျှ လေလျော့ပြီးစိတ်ပျက်အားငယ်နေသည့်ပူဖောင်းတစ်လုံးပမာ ခံစားလိုက်ရသည်။
အေးဂျင့်က သူ့ကိုနှစ်သိမ့်ရင်းပြောလာသည်။
"တစ်ကိုက်လောက်စားရုံနဲ့ လူဝကြီးဖြစ်အောင်မလုပ်နိုင်ဘူး၊ မင်းရဲ့အရင်က အင်တာနက်ပေါ်ကသုံးသပ်ချက်တွေက သိပ်မကောင်းဘူး၊ မင်းရဲ့တိုးတက်မှုကို လူတိုင်းမြင်နိုင်စေဖို့ နည်းနည်းချင်းလုပ်ရမယ်၊ သုံးသပ်ချက်တွေပြောင်းပြန်လှန်လိုက်နိုက်ပြီဆိုတာနဲ့ ဒါရိုက်တာကြီးတွေက မင်းကိုလာရှာလိမ့်မယ်၊ ကောင်းထျန်ကိုပဲကြည့်လေ၊ မင်းရုပ်ရှင်ရိုက်ဖို့ ဖိတ်ကြားချက်တွေအများကြီး မရသေးဘူးမလား"
စုန့်ရှင်းခယ်မှာ အဖွဲ့ထဲရှိ ကောင်းထျန်၏သရုပ်ဆောင်ပုံကို ပြန်သတိရလိုက်ပြီး သူနှုတ်ခမ်းတွေက အေးဂျင့်ကို တစ်ခုခုပြောချင်စိတ်ဖြင့် လှုပ်ရှားသွားသည်။ သို့ပေသိ အဆုံးမှာတော့ သူက အားလုံးကိုပြန်မြိုချရင်း ပြန်ပြောလိုက်သည်။
"ကောင်းပြီ"
အေးဂျင့်က ကျန့်ရှင်းခယ်ကို ကုမ္ပဏီသို့ ပြန်ခေါ်သွားသည်။ သူက မနေ့ညက ရှိုးပွဲတွေနှင့် အလုပ်ရှုပ်နေတာကြောင့် အလွန်အိပ်ချင်နေသည်။အခုတော့ သူက ကားပေါ်မှာ ကုလားထိုင်ကို မှီပြီးထိုင်နေရင်း ငြီးစီစီဖြင့် အိပ်ပျော်သွားသည်။ ရုတ်တရက် သူက ကျန့်ရှင်းခယ်၏အသံကို ကြားလိုက်ရသည်။ သူကငိုပြီးနောက် ကျိန်ဆဲလိုက်ခြင်းပင်။
"ပြီးသွားပြီ!"
အေးဂျင့်က ချက်ချင်းနိုးလာပြီး ခေါင်းကိုလှည့်ကာ စိုက်ကြည့်ရင်း မေးလိုက်သည်။
"ဘာဖြစ်တာလဲ၊ ငါ့ကိုမခြောက်စမ်းပါနဲ့"
ကျန့်ရှင်းခယ်က သူ့အေးဂျင့်ကို ရှက်ရွံ့ရိပ်အချို့ဖြင့် ပြောလိုက်သည်။
"ငါ လက်မပေးလိုက်မိရုံလေးပါ"
အေးဂျင့်က ပြန်လှဲလိုက်ပြီး ပြောသည်။
"မင်းရဲ့ ဝေပေါ်အကောင့်ကို သုံးခွင့်မပြုဘူးလို့ သူတို့ပြောတယ်မလား၊ ဘာလို့နားမထောင်တာလဲ၊ ဘယ်အချိန်မှ ပြီးမှာလဲ၊ ဒီတစ်ခါ အခြားတစ်ယောက်ရဲ့ အနက်ရောင်ပစ္စည်းတွေကို ကြိုက်ပြန်ပြီလား၊ ဒါမှမဟုတ် အတင်းအဖျင်းတွေကို ပိုကြိုက်လား"
ကျန့်ရှင်းခယ် ဘာမှမပြောနိုင်မှီမှာပင် အေးဂျင်က လျင်မြန်စွာပင် သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်သည်။
"ဘိုးဘေးလေးရယ်၊ မင်းငါ့ကို ဒင်ဆမ်းလည်း မကယ်နိုင်ဘူး၊ ငါစဥ်းစားလိုက်ဦးမယ်၊ ဘယ်လိုPR..."
"အနက်ရောင်ပစ္စည်းမဟုတ်ဘူး"
စုန့်ရှင်းခယ်က အေးဂျင့်ကို နှောင့်ယှက်လိုက်သည်။
"အဲဒါက ဘာလဲ"
"တုံကျင့်မြေပုံ"
အေးဂျင့်က သူ့လက်ထဲကဖုန်းကိုရပ်လိုက်ပြီး မေးသည်။
"ဘယ်သူ့ဟာလဲ"
"တောက်ဖုနဲ့အစ်ကိုကျန်း ဆောက်လုပ်ရေးခွင်မှာ အုတ်သယ်နေတဲ့ပုံကို ဖန်တစ်ယောက်ဆွဲထားတာ"
အေးဂျင့်မှာ ရိုးရှင်းစွာပင် ဘာပြောရမှန်းမသိတော့ချေ။
"မင်း မင်း၊ ဘာလို့မင်းလက်တွေက စျေးပေါနေရတာလဲ"
ကျန့်ရှင်းခယ်မှာ အေးဂျင့်၏စကားတွေကို ငြင်းပယ်နိုင်စွမ်းမရှိချေ။ သူကအခုမှ ထိပ်ကို အနည်းငယ်ရောက်လာတာဖြစ်သည်။ အထူးသဖြင့် သူက ဖုကျန်းနှင့်ကျန်းဟန်ရှု ဆောက်လုပ်ရေးခွင်မှာ တွေ့ခဲ့တာကို အခုပဲသင်ကြားခဲ့ရတာဖြစ်ပြီး ပန်းချီပညာရှင်၏ဇနီးက အလွန်စိတ်လှုပ်ရှားနေတာကြောင့် သက်တောင့်သက်သာဖြစ်သွားသည်။
ငါက လက်မပေးလိုက်မိပြီးတော့ ပေးလိုက်ပြီးတဲ့အခါမှ ငါtubaမှာရှိနေတာကို သတိထားမိသွားတာ။
အေးဂျင့်က ဖုကျန်းနှင့်ကျန်းဟန်ရှုကြားမှ ဆက်ဆံရေးကို အတိအကျမသိသေးချေ။ သို့သော်လည်း သူက ကျန့်ရှင်းခယ်၏ အသွားအလာကိုသိသည်။ သူက သေချာပေါက်ကို မိနစ်ပိုင်းအတွင်း hot searchမှာ ပါလာလိမ့်မည်။
"ရှာဖွေမှုကို ရုပ်သိမ်းဖို့ Weibo ကို ဆက်သွယ်လိုက်မယ်၊ ဒါရိုက်တာထုကို ဖုန်းဆက်ပြီး တောင်းပန်လိုက်၊ မင်း မင်း တစ်ရက်လောက် ပြဿနာမရှာရရင် မနေနိုင်ဘူးလား"
ကျန့်ရှင်းခယ်ကလည်း သူ့မှာ အားနည်းချက်ရှိနေမှန်းသိပြီး ဘာမှပြန်မပြောချေ။ သူကဖုန်းကိုထုတ်ကာ ဖုကျန်းထံဖုန်းခေါ်ပြီး သူ့ရဲ့အခြေအနေကို ရှင်းပြရင်း တောင်းပန်လိုက်သည်။ ဖုကျန်းက အများကြီးမတွေးခဲ့ေပမယ့် ကျန့်ရှင်းခယ်ကိုပြောလိုက်သည်။
ကျန့်ရှင်းခယ်ကလည်း သူ့လိုပဲ ကိုယ့်ပေါင်ကိုယ်လှန်မထောင်းမိအောင် သတိပေးလိုက်ပြီး ထိုartist၏ဝေပေါ်ကို သူကိုယ်တိုင် တင်ခိုင်းလိုက်သည်။
ကျန့်ရှင်းခယ်က လက်မထောင်တာကို အမြန်ပြန်ရုတ်သိမ်းခဲ့ပေမယ့် သူ့ကို အင်တာနက်အသုံးပြုသူတွေက မိသွားဆဲပင်။ လူထုက ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးတလည် တွေးမနေချေ။ ကျန်းဟန်ရှုနှငွဖုကျန်း၏ ပရိသတ်များကသာ ဆူပွက်လာခဲ့သည်။ ရှင်းခယ်ကလည်း သူတို့ရဲ့ အပေါင်းအပါပဲ။
......
ထိုအချိန်အတောအတွင်းတွင် ချင်ကျောင်း၏ ပုံစံက ကွဲပြားနေသည်။ သူက ထန်ဝမ်ဝမ်အပေါ်ကောင်းပေးနေပြီး နေ့ရက်ဟောင်းတွေကို ပြန်ရောက်သွားသလိုပင်။ ပြီးနောက်တွင် ထိုစျေးပေါသည့်ညီမမှာ ဘယ်တော့မှ ပေါ်မလာတော့ချေ။
နေသာသည့်မနက်ခင်းတစ်ခုတွင် ထန်ဝမ်ဝမ်က မျက်နှာသစ်ပြီး ရေချိုးခန်းထဲမှထွက်လာသည်။ ချင်ကျောင်းက တံခါး၌စောင့်နေပြီး ထန်ဝမ်ဝမ်နှင့် မနက်ခင်းအနမ်းကို ဖလှယ်လိုက်သည်။ သူက ထန်ဝမ်ဝမ်ကို မေးလိုက်သည်။
"ဝမ်ဝမ်၊ မင်းကိုယ့်ကို တစ်ခုလောက် ကူညီမလား၊ အဲဒါ ကောင်းတယ်မလား"
"ကောင်းပြီ၊ ဘာဖြစ်တာလဲ"
ထန်ဝမ်ဝမ်က အပြုံးတစ်ခုဖြင့် မေးလိုက်၏။
"ချင်းချင်းရဲ့ရောဂါက ဆက်ပြီးဆွဲဆန့်လို့မရတော့ဘူး၊ မင်းဒီမနက်မှာ သင့်လျော်တဲ့ကျောက်ကပ်ကို အစားထိုးကုသမှုလုပ်ရမယ်၊ မင်းနဲ့သူက ညီအစ်မတွေပဲလေ၊ ကိုယ်မင်းနဲ့ ကိုက်ညီမှုရှိမရှိ စစ်ကြည့်ခဲ့တယ်၊ အဲဒါကအောင်မြင်တယ်၊ ဒါကြောင့် မင်းသူမကို ကူညီလို့ရတယ်"
"ချင်ကျောင်း၊ ငါကကိုယ်ဝန်ရှိနေတာ၊ နင်သိလား၊ ငါ့မှာကိုယ်ဝန်ရှိနေတယ်လို့!"
ထန်ဝမ်ဝမ်၏အမူအယာက ချက်ချင်းပင် ပြောင်းလဲသွားပြီး သူမက ချင်ကျောင်းကို ပြောလိုက်သည်။
"ဒီအချိန်မှာ နင်ကငါ့ကို သူမကိုကျောက်ကပ်အစားထိုးပေးဖို့ပြောတယ်၊ နင်ဆရာဝန်ကိုမေးကြည့်လိုက်၊ ကျွမ်းကျင်တဲ့လူတွေကိုပြောပြီး လက်ခံနိုင်လားလို့မေးလိုက်"
ချင်ကျောက်၏အမူအယာက အေးအေးဆေးဆေးပင်။ သူက ထန်ဝမ်ဝမ်ကို ပြောလိုက်သည်။
"ကိုယ်မေးပြီးပြီ၊ ရတယ်တဲ့"
သူကတရားမဝင်ဆေးရုံကိုမေးခဲ့တာဆိုပေမယ့် အားလုံးပြီးတဲ့နောက်မှာတော့ ဆေးရုံကြီးတွေမှာ ကိုယ်ဝန်ဆောင်တွေကို ကျောက်ကပ်အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ချေ။
ထန်ဝမ်ဝမ်၏နှလုံးသားတစ်ခုလုံး အေးစက်သွားသည်။ သူမက ချင်ကျောက်ကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့၏။ ချင်ကျောက်အခုလိုပြောနိုင်တယ်ဆိုတာကို သူမဘယ်တော့မှ မယုံကြည်ချင်ပါချေ။ သူမကပြောသည်။
"ချင်ကျောက်၊ ဒီရက်တွေမှာ နင်ငါ့အပေါ်ကောင်းတယ်၊ အဲဒါက ငါသူမကို ကျောက်ကပ်အစားထိုးပေးစေချင်လို့မဟုတ်လား"
ချင်ကျောက်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခဏကြာအောင် တွေးလိုက်သည်။ သူက ရှေ့ကိုခြေတစ်လှမ်း လှမ်းလိုက်ပြီး ထန်ဝမ်ဝမ်၏ပုခုံးတွေကို ဆုပ်ကိုင်လိုက်ကာ သူမအနည်းငယ် ပိုပြီးတည်ငြိမ်သွားအောင် လုပ်လိုက်သည်။ သူက ထန်ဝမ်ဝမ်ကို ရှင်းပြလိုက်သည်။
"သေချာပေါက်မဟုတ်ဘူးပေါ့၊ ကိုယ်မင်းကို တကယ်ချစ်တာပါ၊ အရင်က သူမက ကိုယ့်အသက်ကို ကယ်ခဲ့တာလေ၊ အခုသူမသေတော့မယ်၊ ကိုယ် သူမကို အခုလိုပုံမျိုးနဲ့ မကြည့်နိုင်လို့ပါ"
ထန်ဝမ်ဝမ်က ချင်ကျောကိထံမှ လုံးဝအလှည့်စားမခံပါချေ။ သူမက ချင်ကျောက်ကိုကြည့်ကာ မေးလိုက်သည်။
"နင်သာငါ့ကိုတကယ်ချစ်ရင် ကလေးဘဝက နင့်ကိုကယ်ခဲ့တာငါပါဆိုတာကို ဘာလို့မယုံရတာလဲ၊ ငါနင့်ကို ကယ်ခဲ့တာ၊ နင်ဘာလို့အဲလို့မတွေးတာလဲ၊ တကယ်လို့ ဒီအချိန်မှာ ငါသာ ကျောက်ကပ်အစားထိုးလိုက်ရင် ငါလည်းသေသွားမှာပဲ"
"ဒါပေမယ့် သူမမလုပ်နိုင်တော့ဘူး"
ချင်ကျောက်က ထန်ဝမ်ဝမ်ကို တောင်းပန်လိုက်သည်။
"ဝမ်ဝမ်၊ မင်းသူမကို ကျောက်ကပ်အစားထိုးဖို့ပေးသရွေ့၊ သူမအသက်ရှင်နိုင်လိမ့်မယ်"
ထန်ဝမ်ဝမ်က ငြင်းလိုက်သည်။
"ငါမလုပ်ချင်ဘူး"
ထန်ဝမ်ဝမ်၏အဖြေကိုရပြီးနောက်တွင် ချင်ကျောက်မျက်နှာက ရုတ်တရက် ရုပ်ဆိုးသွားခဲ့ပြီး တိမ်တွေညို့သွားသည်။ သူမကိုလွှတ်ပေးလိုက်ပြီးနောက်ကိုခြေတစ်လှမ်းဆုတ်ကာ
"ထန်ဝမ်ဝမ် ကောင်းကောင်းတောင်းဆိုတုန်းမှာမလိုကိလျောချင်ဘူးလား..."
ဒေါသကြောင့် ထန်ဝမ်ဝမ်၏ရင်ဘတ်က ပြင်းထန်စွာ တုန်ခါနေသည်။ သူမက စားပွဲပေါ်မှ ရေခွက်ကို ကောက်ယူလိုက်ပြီး ချင်ကျောက်၏မျက်နှာကို ရေနှင့်ပက်ဖို့ ကြိုးစားလိုက်သည်။သို့ပေမယ့် သူမ ဘာကိုမှမလုပ်နိုင်မှီမှာပင် ချင်ကျောင်းက ခြေတစ်လှမ်းသာသွား၏။ သူက ပုဝါတစ်ခုကိုထုတ်လိုက်ပြီး ထန်ဝမ်ဝမ်၏နှာခေါင်းနှင့်ပါးစပ်ကို ပိတ်ဆို့လိုက်သည်။ ထန်ဝမ်ဝမ် ချင်ကျောင်း၏လက်ထဲမှ ရုန်းကန်နေသော်ငြား မကြာမှီမှာပင် သူမ၏အားအင်တွေကို ဆုံးရှုံးလိုက်ရပြီး ချင်ကျောင်း၏လက်ထဲသို့ ကျသွားသည်။
ထန်ဝမ်ဝမ် သူမ၏မျက်လုံးကို ထပ်ဖွင့်လိုက်သည့်အခါ သူမက ဆေးရုံတစ်ခု၏ကုတင်ပေါ်တွင် လဲလျောင်းနေတာကို သိလိုက်ရပြီး သူမ၏ ဦးခေါင်းထက်တွင် တောက်ပသော အဖြူရောင် ခွဲစိတ်ခန်း မီးအိမ်တစ်ခုရှိနေကာ အစိမ်းရောင် ခွဲစိတ်ခန်းသုံး ၀တ်စုံနှင့် မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် ဆရာဝန်အများအပြားက သူမကို ဝိုင်းရံထားသည်။ သူ၏ခွဲစိတ်ခန်းသုံးဓားက မီးရောင်အောက်တွင် တောက်ပနေ၏။
ထန်ဝမ်ဝမ်က နောက်ထပ် သူမဘာနှင့်ကြုံတွေ့ရတော့မယ်ဆိုတာကို သိသွားသည်။ ထို့ကြောင့် သူမက systemကို ကျယ်လောင်စွာ အော်ခေါ်လိုက်၏။ သို့ပေမယ့် သူမ၏systemက သူမကို ပြန်မဖြေခဲ့ပါချေ။
ဘာလို့ systemက သူမကိုပြန်မဖြေနိုင်ရတာလဲ။ သူကမူလက ထန်ဝမ်ဝမ်၏ သနားစရာကောင်းသည့်တန်ဖိုးကို စုဆောင်းပြီး သူမအကြွေးတင်ထားသည့် အောင်မြင်သည့်တန်ဖိုးကို ဖြည့်ဆည်းဖို့ရာ ပြုလုပ်ခဲ့သည်။ ထန်ဝမ်ဝမ်က အကြွေးတွေအရမ်းများနေသောကြောင့်ပင်။ သူ၏သန်မာမှုကလည်း ကန့်သတ်ချက်ရှိသေး၏။ ထို့ကြောင့် သူမနှင့်အနီးဆုံးလူကိုသာ အကူအညီတောင်းနိုင်သည်။Systemရဲ့သက်ရောက်မှုကို မခံခဲ့ရသည့် ချင်ကျောင်းတစ်ဦးတည်းကသာလျှင် အကောင်းဆုံး ကိုယ်စားလှယ်လောင်းဖြစ်၏။ သူထန်ဝမ်ဝမ်ကို နက်နက်ရှိုင်းရှိုင်းချစ်မိလေ သူ့ထိန်းချုပ်မှုက ပိုကောင်းလေပင်။
ထန်ဝမ်ဝမ်က အေးခဲနေသော ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသည်။မေ့ဆေးထိုးအပ်က သူမခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်သွား၏။ သူမ၏အမြင်အာရုံတွေက တဖြည်းဖြည်း ဝေဝါးလာသည်။ အဖြူရောင် အလင်းအောက်တွင် သူမညီမက သူမဘေးမှာလဲလျောင်းနေတာကို မြင်လိုက်ရသည်။ ပြီးတော့ ချင်ကျောင်းက သူမညီမ၏ကုတင်ဘေးတွင် ဒူးထောက်ထိုင်ကာ သူမညီမ၏လက်ကို ဆုပ်ကိုင်ထားရင်း စိတ်သက်သာစေမယ့်စကားများကို ပြောနေခဲ့သည်။
ထန်ဝမ်ဝမ်၏မျက်လုံးထောင့်မှ မျက်ရည်တစ်စက်ကစီးကျသွားခဲ့သည်။သူမ၏ အသိစိတ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမ၏နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
"ချင်ကျောင်း၊ ငါနင့်ကိုမုန်းတယ်"
နောက်ဆုံးတွင် သူမ တုံ့ပြန်မှုတစ်ခုရခဲ့သည်။ ဖုကျန်းကဲ့သို့ပင် သူမက သူမအကြိုက်ဆုံးလူဆီမှ သစ္စာဖောက်ခံခဲ့ရသော်လည်း မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို သူမမသိခဲ့ပေ။
ထန်ဝမ်ဝမ် နိုးလာချိန်တွင် သူမ၏ကျောက်ကပ်တစ်ခုမှာ ဖယ်ထုတ်ခြင်း ခံထားရပြီး ဒေါက်တာက သူမကို ကလေးမရှိတော့ကြောင်း ပြောလာသည်။ ပြီးနောက် သူမက ထပ်ပြီးကလေးမရနိုင်တော့ပေ။
xxxxxxx