အပိုင်း ၁၁၄
Viewers 23k

အပြစ်ရှိစိတ်ကြောင့်ဖြစ်နိုင်သည်။ ထန်ဝမ်ဝမ် ဆေးရုံနက်(တရားမဝင်ဆေးရုံ)မှ ပြန်လာပြီးနောက် ချင်းကျောင်းက ထပ်မံ၍ ကွာရှင်းဖို့မပြောတော့ချေ။ သူက လူအများကြီးကို သူမကိုဂရုစိုက်ပေးဖို့ပြောခဲ့ပြီး အဲဒါက ထန်ဝမ်ဝမ်အတွက်တော့ ဘာမှအဓိပ္ပါယ်မရှိချေ။ သူမက ကျောက်ကပ်တစ်ခုနှင့်ကလေးကို ဆုံးရှူံးခဲ့ရခြင်းဖြစ်ပြီး ချင်ကျောင်းက သူမရသင့်သည့် နှစ်သိမ့်မှုကိုပင် မပေးခဲ့။
"နင် ငါ့ရဲ့ သနားစရာကောင်းတဲ့တန်ဖိုးကို စုဆောင်းနေတယ်မလား"
Systemမှာ ထိုအချိန်က ပျောက်ကွယ်သွားပြီးနောက် ဘယ်တော့မှ ပေါ်မလာတော့သော်လည်း ထန်ဝမ်ဝမ်က သူမကိုယ်ထဲတွင် သူရှိနေဆဲဖြစ်ကြောင်း သိထားသည်။ ချင်ကျောင်းတစ်ယောက် ဒီလိုဖြစ်လာရသည်မှာလည်း system၏လုပ်ဆောင်ချက်မှ ရလဒ်ဖြစ်ရမည်။
ထန်ဝမ်ဝမ်က ထိုအရာကိုနားလည်သော်လည်း သူမအနေဖြင့် ချင်ကျောင်းကို ခွင့်မလွှတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် system၏လွှမ်းမိုးမှုအောက်တွင် ဖုကျန်းချန်နှင့်ဖုထင်က သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်ခဲ့ပြီး သူမနောက်ကို မလိုက်လာတာကို တွေ့ခဲ့ခြင်းကြောင့်ဖြစ်သည်။
"အင်း"
ရက်တွေအများကြီးကြာပြီးနောက် ပထမဆုံးအနေနှင့် Systemက ပြန်ဖြေလာခဲ့ခြင်းဖြစ်သည်။
ထန်ဝမ်ဝမ် အော်လိုက်သည်။
"ငါနင့်ကို ကတိမပေးခဲ့ဘူးလေ၊ ဒါတောင် ဘယ်လိုလုပ် လုပ်နိုင်ရသေးတာလဲ"
System၏အသံက ပြောင်းလဲမသွားချေ။ သူ့အသံက အတက်အကျမရှိဖြစ်နေဆဲဖြစ်ပြီး သူကထန်ဝမ်ဝမ်ကို ပြောလိုက်သည်။
"မင်းရဲ့သဘောတူညီချက်ကိုမလိုဘူး၊ ငါမင်းကို ကြိုသတိပေးခဲ့တာပဲ"
"မကောင်းဆိုးဝါး! ၊ နင်လည်း ပြန်လက်စားချေခံရလိမ့်မယ်!"
Systemက ထန်ဝမ်ဝမ်၏ ဒေါသတကြီးအော်ဟစ်မှုကို လျစ်လျူရှုခဲ့သည်။
"ဒါက သနားစရာကောင်းတဲ့တန်ဖိုးကို စုဆောင်းနေတာပါ၊ ဘာလို့အဲလို ရှုပ်ယှက်ခတ်အောင်လုပ်ရတာလဲ၊ အရင်က မင်းဆီက အောင်မြင်မှုရမှတ်တွေ စုဆောင်းတုန်းက မင်းအရမ်းစိတ်လှုပ်ရှားနေတာကို ငါမတွေ့ခဲ့ရဘူးလား"
"ငါ့ကလေးမရှိတော့ဘူး၊ ငါ့ကလေးမရှိတော့ဘူးလို့၊ နင်သိရဲ့လား"
"သိတယ်"
System၏အသံမှာ လူကြီးတစ်ယောက်သဖွယ် အေးစက်နေသည်။
"မင်းရဲ့ရမှတ်တွေနဲ့ လိုချင်တာမှန်သမျှကို ငါ့ဆီကနေလဲနေကတည်းက ဒီလိုနေ့မျိုးကို ကြိုတွေးထားသင့်တယ်၊ မင်းတို့လူတွေပြောနေကျလိုပဲ ကောင်းချီးနှင့် ကံဆိုးမှုတွေဆိုတာ အမြဲဒွန်တွဲနေတာ"
ထန်ဝမ်ဝမ် systemကို အော်လိုက်သည်။
"ငါ နင့်ကိုသတ်မယ်!"
"မင်းငါ့ကို မသတ်နိုင်ဘူး၊ ငါဘယ်မှာရှိနေလဲဆိုတာတောင် မင်းရှာနိုင်မှာမဟုတ်ဘူး"
System၏ လှိုင်းထနေသော အသံသည် အနည်းငယ်လှောင်ပြောင်နေပုံရပြီး သူက ထန်ဝမ်ဝမ်ကို ပြောသည်။
"ဒေါသမထွက်နဲ့၊ ငါအဲဒါကို စုဆောင်းပြီးပြီ၊ သနားစရာကောင်းတဲ့တန်ဖိုးတွေအများကြီးရပြီးရင် နောက်တစ်နှစ်ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ ငါ့ဆီအကြွေးတင်နေတဲ့ အောင်မြင်မှုတွေအားလုံးကို မင်းပြန်ပေးနိုင်တော့မှာပါ၊ ပြီးရင် မင်း အနုပညာလောကထဲပြန်ဝင်ပြီး အောင်မြင်မှုတွေ ပြန်ရလိမ့်မယ်၊ ငါနဲ့အတူ မင်းလိုချင်တဲ့ Sအဆင့်ပစ္စည်းတွေ ရနိုင်တယ်"
"မင်း လှချင်တယ်ဆို"
ထိုသို့ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်နေရဦးမည်ဟုတွေးလိုက်စဥ် ထန်ဝမ်ဝမ် သူမရဲ့နှလုံးသားက သေဆုံးသွားသလိုပင်။ သူမ ဘာကြောင့် ဒီလို နှိပ်စက်ခံနေရတာလဲ။ တစ်နေ့မှာ ဒီလိုဖြစ်လာမယ်ဆိုတာ သိခဲ့ရင် ဒီsystemကို ဘယ်တော့မှ မလိုချင်တော့ဘူး။
Systemက ထန်ဝမ်ဝမ်အပေါ် ကြက်စွပ်ပြုတ်ကို လောင်းချနေဆဲပင်။
"အချိန်ယူလိုက်ပါ၊ ဒီရက်တွေက ကျော်ဖြတ်သွားမှာပဲ၊ မင်း ငါ့အကြွေးတွေကြေသွားတာနဲ့ ချင်ကျောင်းက ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်၊ ပြီးရင်အောင်မြင်မှုတန်ဖိုးကို ယူလို့ရပြီ၊ အရမ်းလွယ်တယ်"
ထန်ဝမ်ဝမ်က system၏ စျေးပေါသည့်ကြက်စွပ်ပြုတ်တွေကြောင့် ရှုပ်ထွေးမသွားခဲ့ပါချေ။ အားလုံးပြီးတဲ့နောက်မှာတော့ သူမရဲ့အကြွေးတွေ systemကို ပြန်ဆပ်ပြီးချိန်တွင် သူမသေမလားရှင်မလားပင် မသေချာတော့ချေ။
ချစ်သူများနေ့မတိုင်မှီ ဖုကျန်းက ဝမ်ထောင်ကို လျှိုယီက သူ့အား Coc​o နှင့်ကစားဖို့ ခေါ်သွားလိမ့်မည်ဟု ကတိပေးလာသည်။ ယခုမူ လျှိုယီကရောက်လာပြီဖြစ်ကာ ဖုကျန်းက သူ့ကိုဒီအချိန်မှာ ဘယ်ကိုခေါ်သွားပြီး ကစားမလဲဆိုတာ စတင်သိချင်လာသည်။
ဒီလိုပွဲတော်များတွင် ကလေးတွေကို ကစားကွင်း ဒါမှမဟုတ် ငါးပြတိုက်လိုနေရာတွေကို တစ်ရက်လောက်ခေါ်သွားသင့်သည်။
သို့သော်လည်း ဇွန်လ 1 ရက်နေ့တွင် အပန်းဖြေဥယျာဉ်၌ လူများလွန်းသဖြင့် ပွဲအများစုမှာ တန်းစီနေရပြီး cocoနှင့် ကစားရန် နည်းလမ်းမရှိပေ။ ဖုကျန်းက ဝမ်ထုံ၏အကြံကို ဖုန်းဆက်ကာကြိုပြီး မေးသည်။ ဝမ်ထုံကလည်း ပင်လယ်ကိုသွားချင်နေပုံရသော်ငြား လတ်တလောတွင် သင့်လျော်သည့်လှေမရှိသေးသလို ပင်လယ်၌ လူငယ်တွေနှင့်သင့်တော်သည့် လှုပ်ရှားမှုတွေမရှိချေ။
အဆုံးတွင် ကျန်းဟန်ရှုက ဖျင်ဟိုင်းမြို့ ဆင်ခြေဖုန်းအနောက်ဘက်ရှိ ကျွန်းငယ်တစ်ကျွန်းသို့သွားရန် ဆုံးဖြတ်ခဲ့သည်။ အပန်းဖြေစခန်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ ဖွံ့ဖြိုးလာတာဖြစ်ပြီး လှုပ်ရှားမှုမျိုးစုံရှိပေမယ့် ဈေးနှုန်းကဖောင်းပွနေသည့်အတွက် သူသွားခဲ့သည်။ လူတွေအများကြီး မရှိချေ။
နံနက်စောစောတွင် ဝမ်ထုံက ဖုကျန်း၏အိမ်ကို သွားခဲ့သည်။ သူက ကျန်းဟန်ရှု သူနှင့်coco ကို ထားခဲ့မှာ ကြောက်၍ပင်။ ဖုကျန်းက ဝမ်ထုံ၏အပြုအမူကို ဝေဖန်လိုက်၏။ ကျန်းဟန်ရှုခေါ်သွားမှာကိုကြောက်ပြီး ချန်ထားခဲ့မှာကြောက်တယ်လို့တောင် ဆင်ခြေသုံးလိုက်သေးတယ်။ ဘယ်လိုလုပ် ကိုယ့်ဟာကိုယ် သံသယထားနိုင်ရတာလဲ။
ဝမ်ထုံက ဖုကျန်း၏ အဓိပ္ပါယ်မဲ့စကားများကို မယုံပေ။ သူဖုကျန်းကိုခေါ်လိုက်တိုင်း ကျန်းဟန်ရှုအနားမှာရှိနေသရွေ့ လွှတ်ပေးလိမ့်မည်။ နှစ်ယောက်လုံး ဘောင်းဘီတစ်ထည်တည်းကို အတူဝတ်ပြီး သူ၏အထီးကျန်မှုကို အနိုင်ကျင့်ကြသည်။ ဒီမနက်သူ မလာနိုင်ဘူး၊ ကြည့်လိုက်ပါဦး မိသားစုသုံးယောက်က အတူတူ ပြေးသွားကြနိုင်တယ်။
ကျန်းဟန်ရှုက coco ကို ကိုင်ထားပြီး အိပ်ခန်းမှ ထွက်လာကာ ဝမ်ထုံကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"မင်းကိုယ်တိုင် ကားမောင်းလာတာလား၊ ဒါမှမဟုတ် ငါတို့နဲ့ လမ်းလျှောက်လိုက်မှာလား"
ဝမ်ထုံက အံကြိတ်လိုက်၏။ သူ့အသံက အနည်းငယ် တင်စီးနေသည်။
"မင်းတို့နဲ့သွားမှာ"
ကျန်းဟန်ရှုက ပြောလိုက်သည်။ ဖုကျန်းက သူ့လက်ထဲမှcoco ကို ယူလိုက်ပြီး လူနည်းနည်းလေးက ကားဂိုထောင်ကို အတူသွားကြသည်။ ကျန်းဟန်ရှုက ထိုအရာကို မောင်းထုတ်ပြီး ကျွန်းငယ်လေးဆီသို့ ထွက်ခဲ့ကြသည်။
နွေရာသီအစောပိုင်းတွင် ကျွန်းပေါ်ရှိ အပင်များက စိမ်းလန်းစိုပြေနေသည်။အပန်းဖြေရန် လာရောက်သူအများစုမှာ ချမ်းသာသည့် လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများဖြစ်သည်။သူတို့သည် ငါးဖမ်းရင်း၊ စစ်တုရင်ကစားရင်း၊ အေးမြသောလေကိုမှုတ်ထုတ်ကြရင်းဖြင့် ရှားပါးသောလွတ်လပ်သည့်ဘဝကို ခံစားနေကြသည်။
သူတို့က ကျွန်းတစ်ဝိုက်တွင် လျှောက်သွားခဲ့ကြပြီး ဝမ်ထုံက သက်ပြင်းချကာ ပြောသည်။
"ကလေးများနေ့အတွက် ဒီကိုလာရတာနဲ့တောင် မတူဘူး၊ ဒါပေမယ့် အနီရောင်နေဝင်ချိန်ဖျော်ဖြေရေးအဖွဲ့မှာ ပါရတာနဲ့ ပိုပြီး ခပ်ဆင်ဆင်တူတယ်"
ကျန်းဟန်ရှု သူ့အိတ်ကပ်ထဲမှဘဏ်ကတ်ကို ထုတ်လိုက်ပြီး ဝမ်ထုံက ထိတ်လန့်စွာပြောသည်။
“ဘာဖြစ်တာလဲ၊ မင်းငါ့ကိုဘာလို့ပိုက်ဆံပေးနေတာလဲ"
ကျန်းဟန်ရှုက ပြောလိုက်သည်။
"ဒီပိုက်ဆံကိုယူ တက္ကစီငှားပြီး အပန်းဖြေဥယျာဥ်ကိုသွားလိုက်၊ အဲ့မှာ ကလေးတွေရဲ့ ဖျော်ဖြေရေးခရီးစဥ်မှာ ဝင်ပါလိုက်"
ဝမ်ထုံ မျက်ရည်ပင်ကျလာသည်။
"ငါတော့ သူဌေးရွေးမှားပြီ"
ကျန်းဟန်ရှုက ဖုကျန်းထံမှ cocoကိုယူလိုက်သည်။ သို့သော်လည်း အဝေးရှိ ရေဘီးအကြီူကြီးက ကိုကိုးကို ဆွဲဆောင်သွားခဲ့သည်။ သူကလည်ပင်းကိုဆန့်ပြီး ကြည့်ချင်ခဲ့သည်။ ဖုကျန်းက လမ်းလျှောက်ရတာ ပင်ပန်းနေပြီ။ ဝမ်ထုံလည်း နေရာတွင် ထိုင်ချလိုက်ကာ ကျန်းဟန်ရှု ရေဘီးကိုကြည့်ပြီး ပြန်လာတာကို စောင့်နေခဲ့သည်။
ကျန်းဟန်ရှုက cocoကို ဝမ်ထုံနှင့် လုံးဝကွဲပြားစွာ ဆက်ဆံခဲ့သည်။ကျန်းဟန်ရှု၏လက်အောက်တွင် သွေးနှင့်မျက်ရည်များကျခဲ့ကသည့်နေ့ရက်များကိုတွေးရင်း ဝမ်ထုံမှာ မတူညီသောဆက်ဆံမှုဟူသောစကားလုံးလေးလုံး၏အဓိပ္ပါယ်ကို နက်နက်နဲနဲသဘောပေါက်သွားခဲ့သည်။
ကျန်းဟန်ရှုက သူ့သမီးအပေါ် အလွန်စိတ်ရှည်ပြီး ရေဘီးနားတွင် ကလေး နှင့်အတူ ဆယ်လ်ဖီများစွာ ရိုက်ခဲ့သည်။ ဝမ်ထုံက ဖုကျန်းကို သူ့လက်မောင်းနှင့် တို့လိုက်ပြီး တိတ်တိတ်လေး မေးလိုက်သည် ။
"မဒမ်၊ အဲဒါကို ဘာလို့ခေါ်လဲသိလား"
ဖုကျန်း သူ့ခေါင်းကိုလှည့်ကာ ဝမ်ထုံကိုကြည့်ပြီး မေးလိုက်သည်။
"ဘာကိုလဲ"
"ထျန်ဟန့်ရဲ့နူးညံ့မှု"
မကြာခင်မှာပဲ ကျန်းဟန်ရှုက စတော်ဘယ်ရီဖျော်ရည်တစ်ခွက်ကို သူ့လက်ထဲမှာ ကိုင်ပြီး cocoနှင့်အတူ ပြန်လာခဲ့တယ်။သူသည် ဖျော်ရည်ကို ဖုကျန်းကိုပေးလိုက်ပြီး မဝေးသည့်နေရာမှ အရုပ်ကောက်စက်ကို ညွှန်ပြကာ ဖုကျန်းကို မေးလိုက်သည် ။
"မင်းဘာလိုချင်လဲ၊ ကိုယ် မင်းအတွက် ကောက်ပေးမယ်။"
"ကျွန်တော်ကရော"
ဝမ်ထုံက ဖုကျန်းထံမှ စတော်ဘယ်ရီဖျော်ရည်ကိုကြည့်ကာ ကျန်းဟန်ရှုကို သူကရော ဘာလို့ သောက်စရာတစ်ခုခုမရသလဲဟု မေးလိုက်သည်။
ကျန်းဟန်ရှုက ငိုပြလိုက်ပြီး သူ့လက်ထဲမှ ကိုကိုးကို ဝမ်ထုံ၏လက်ထဲသို့ ထည့်လိုက်သည်။
"မင်းအတွက်ပဲ၊ ခေါ်ထား"
ဝမ်ထုံ : "..."
"သွားကြရအောင်"
ကျန်းဟန်ရှု ဖုကျန်း၏လက်ကိုကိုင်ကာ မဝေးသောနေရာမှ ကောက်စက်ထံသို့ လျှောက်သွားသည်။ နှစ်ယောက်သားက ထိုအလွန်နုံအသည့်ဂိမ်းကို စတင်ဆော့ခဲ့ကြ၏။
ဝမ်ထုံက ကိုကိုးကို ကိုင်ထားရင်း မဝေးသည့်နေရာမှ လူနှစ်ယောက်ကို ကြည့်ကာ အသက်ရှူသွင်းရင်း ပြောလိုက်သည်။
"coco အခု သူတို့ကို ဘယ်လိုခေါ်လဲ သိလား"
cocoက ဝမ်ထူံကို လုံးဝလျစ်လျူရှုကာ ရယ်မောလိုက်သည်။
ဝမ်ထုံက ခေါင်းယမ်းပြီး ပြောလိုက်သည်။
"အဲဒါကို ထျန်ဟန့်ကျိချင်း လို့ခေါ်တယ်"
က​လေးလေး ၏ ရယ်သံများက ပိုပြီးကျယ်လောင်လာကာ ဝမ်ထုံက သက်ပြင်းချလိုက်ပြီး cocoကို မြှောက်တင်လိုက်သည်။
"ဦးဦး မင်းကို ပျံသန်းဖို့ ခေါ်သွားမယ်"
အချိန်အတော်ကြာ ကစားပြီးနောက် ဝမ်ထုံလည်း အနည်းငယ် ပင်ပန်းလာသည်။ မနီးမဝေးတွင် အရုပ်ကောက်နေဆဲ လူနှစ်ယောက်ကို ကြည့်လိုက်ပြီး ကိုကိုးကိုမေးသည်။
“ဘာလို့ လူလေးယောက်ပါတဲ့ ဇာတ်ကားနာမည်ကျ မရှိရတာလဲ”
cocoက သူ့တွင်အမည်ရှိမရှိကို လုံးဝဂရုမစိုက်ပေ။ ဆော့ကစားနေရင်း အနည်းငယ်ပင်ပန်းလာမှသာ သမ်းဝေကာ သူ့လက်ကလေးများကို ဖြေလျော့၍ ဝမ်ထုံ၏ရင်ဘတ်ပေါ်တွင် ငြိမ်ငြိမ်လေးလဲလျောင်းလိုက်သည်။ ဝမ်ထုံက ကိုကိုးကို ကိုင်ထားကာ ဖုကျန်းနှင့်ကျန်းဟန်ရှုတို့၏ မီးသီးပျက်စီးသွားသကဲ့သို့ သရုပ်ဆောင်ရန် သွားလိုက်သည်။
''သူဌေးရာ၊ မင်းမလုပ်နိုင်ပါဘူး၊ ကျွန်တော်သူတို့ကို မကောက်ဖူးတာ အတော်ကြာပြီ''
ဝမ်ထုံက ကျင်းဟန်ရှုပြီးသွားသည်နှင့် သူ့နေရာကို ဝင်ယူလိုက်ပြီး ကျင်းဟန်ရှု၏လက်မောင်းထဲသို့ coco ကို ပို့လိုက်ကာ လက်ကိုင်ကိုဆွဲလိုက်သည်။
''ငါ့ကိုကြည့်စမ်း၊ ငါ့အပိုင်လေး''
သို့သော်လည်း ဝမ်ထုံ၏ စိတ်အားထက်သန်စွာ သရုပ်ဖော်ပြမှုအပြီး ရလဒ်မှာ သုညဖြစ်သည်။
ထိုအချိန်မှာပဲ သူတို့၏လက်ထဲမှ အ ကြွေစေ့များ တဖြည်းဖြည်းကုန်လုနီးပါးကာ ဖုကျန်းကလျှောက်လာသည်။
''ကျွန်တော်လုပ်မယ်''
ဖုကျန်းရောက်လာပြီးနောက်တွင် လက်ကိုင်ကိုဆွဲကာ နှစ်ကြိမ်မျှခါခဲ့သည်။ အလားတူဂိမ်းမျိုးကို အချိန်အတော်ကြာ မကစားခဲ့ရသကဲ့သို့ပင် လှုပ်ရှားမှုများက လုံးဝချောမွေ့မနေပေ။
"အဲ့ဒါအဆင်ပြေမယ်လို့မင်းထင်လား''
ဝမ်ထုံက ကျင်းဟန်ရှုအား အသံခပ်နိမ့်နိမ့်ဖြင့် မေးလိုက်သည်။ သို့သော် ကျင်းဟန်ရှု ပြန်မဖြေရသေးခင် ဝမ်ထုံက သူ့ဘာသာပြန်ဖြေလိုက်သည်။
"ငါတော့မထင်ပါဘူး မရီးရဲ့ ကိုယ်ဟန်အနေအထားက စစချင်းမှာ မကျွမ်းကျင်သေးဘူး၊ အကြွေနည်းနည်းကျန်သေးတယ်၊ အကြွေစေ့တွေထပ်လဲလိုက်ရမလား''
ကျန်းဟန်ရှု က ဝမ်ထုံကို ''တိတ်စမ်း'' ဟူသော စကားနှစ်လုံးသာ ပြန်ပေးခဲ့သည်။ ဝမ်ထုံသည် မည်သူကမျှသူ့ကို အာရုံမစိုက်သော်လည်း ပေါက်ကရပြောနေတတ်သူတစ်ယောက်ဖြစ်သည်။ သူက အလွန်ပျော်ရွှင်နေကာ ပြောလိုက်သည်။
''ကြည့်လေ တစ်ခါမှ ဖမ်းမမိတဲ့ငါ့လိုမျိုးပဲ''
''ဟေးး ငါဒါကို နောက်ထပ်မဖမ်းမိပြန်ဘူး''
" ငါကစားဖို့ အကြွေေစေ့တွေလဲတာ ဒါတတိယအကြိမ်ပဲ ဒီတစ်ကြိမ်တော့ ငါလုပ်နိုင်ရ_''
ဝမ်ထုံ၏အသံက ရုတ်တရက် ရပ်တန့်သွားသည်။ကောက်စက်တွင် အရုပ်က မြဲမြံစွာ ပါလာတာကိုမြင်လိုက်သောကြောင့်ဖြစ်သည်။ သူကအပေါ်သို့ယိမ်းကာ
"မြန်မြန်! ညာဘက်ကိုဆွဲလိုက်တော့ မဒမ်၊ လာပါ လုပ်စမ်းပါ! "
ကျန်းဟန်ရှုက အပြုံးမျက်လုံးများဖြင့် ဘေးဘက်ရှိကောင်တာသို့ သွားကာ ကစားသည့်အကြွေစေ့များကို လက်နှင့်အပြည့် လဲလိုက်သည်။ ဖုကျန်းသည် ဒဏ္ဍာရီလာ ရှောင်လင် ဘုန်းကြီးနှင့်တူပြီး မကြာမီ အရုပ်များစွာကို ဖမ်းမိခဲ့သည်။
"ဆရာကြီး''
ဝမ်ထုံက ကလေးအရုပ်လေး၏ လက်မောင်းကို ဆုပ်ကိုင်ကာ ဖုကျန်းအား လှည့်ကွက်ကိုမေးလိုက်သည်။
''အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ''
“ငါအလယ်တန်းကျောင်းတက်တုန်းက ဒါကို ကစားရတာ ကြိုက်တယ်လေ၊ ပြီးတော့ အိမ်မှာ ကောက်စက်တွေ အများကြီး ဝယ်ခဲ့တယ်။ ငါအများကြီးဖမ်းမိခဲ့ပြီး ဒီအရာနဲ့ ငါရင်းနှီးတယ်”
ဖုကျန်းက ရယ်မောပြီး
“ဒါကို ငါမမျှော်လင့်ထားဘူး၊ နှစ်တွေ အများကြီးကြာသွားပြီ၊ အခုလည်း ကလေးရုပ်ကို ဖမ်းနိုင်သေးတယ်”
'သူ့အရည်အချင်းက အလကားမဖြစ်ဘူးဆိုတာ ငါသိတယ် သူဖုမိသားစုက ကန်ထုတ်ခံရရင်တောင် အရုပ်တွေလာကောက်ပြီး ရောင်းစားလို့ရသေးတယ်'
ဝမ်ထုံက တိတ်ဆိတ်စွာတွေးနေပြီး ဖုကျန်းအား
'' မင်းတို့ လူချမ်းသာတွေရဲ့ကမ္ဘာကို ငါတော့နားမလည်ဘူး''
ဖုကျန်းက တိတ်ဆိတ်သွားသည်။
''ဒီအရည်အချင်းက မိန်းကလေးတွေကိုလိုက်တဲ့နေရာမှာ သေချာပေါက်အသုံးဝင်တယ်''
ဖုကျန်းက တစ်ဖက်မှ ကျန်းဟန်ရှုကို တစေ့တစောင်းကြည့်လိုက်ပြီးကာ ဝမ်ထုံက ချက်ချင်းပင် သူ့စကားကိုပြောင်းလိုက်သည်။
'' ဒါကသုံးရအရမ်းလွယ်တယ် မရီး ၊ ငါ့ကိုသင်ပေးပါနော်''
ဖုကျန်းက သူ့ကိုယ်သူ အရုပ်ကောက်ရာတွင် ဘယ်လိုကျွမ်းကျင်နေမှန်း မပြောတတ်ပေ။ သူက သူ့အတွေ့အကြုံများကို ဝမ်ထုံအား အကျဥ်းချုံးပြောပြလိုက်သည်။
'' ဒါက လက်ရဲ့ခံစားမှုနဲ့ဆိုင်တဲ့ ပြဿနာပဲ၊ လုံလောက်တဲ့လေ့ကျင့်မှုရှိရင် အလိုလိုရလာလိမ့်မယ်"
ဝမ်ထုံ ''...''
သူကအိမ်ကို ကောက်စက်တစ်လုံးလောက် ဝယ်သွားချင်နေတာလား
xxxxx