အပိုင်း ၁၁၅
Viewers 23k

ဝမ်ထုံ : "သူဌေး၊ ကောက်စက်ဝယ်ဖို့ စဥ်းစားပြီးပြီလား"
ကျန်းဟန်ရှုက ဝမ်ထုံကို ပြန်ကြည့်ကာ ထူးဆန်းစွာ မေးသည်။
"ဒီကိစ္စကို ငါကဘာအတွက် စဉ်းစားရမှာလဲ"
ဝမ်ထုံ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"မင်းရဲ့ အရည်အချင်းက အရမ်းဆိုးတယ်လေ၊ အနာဂတ်မှာ မင်းရဲ့ဇနီးလေးနဲ့အတူ ကစားလို့ အဲဒီ့အချိန် မင်း အရုပ်ကိုမကောက်နိုင်ပဲဖြစ်နေရင် အရမ်းရှက်စရာကောင်းတယ်”
ကျန်းဟန်ရှုက ငိုလိုက်ပြီးမှ တည်တည်ငြိမ်ငြိမ်ပင် ဖြေလိုက်သည်။
"ငါ့ဇနီးလေးက ဖမ်းနိုင်တယ်"
ဝမ်ထုံ : "..."
ဇနီးရှိတာကောင်းတယ်။
တော်တော်ထူးခြားပုံပဲ။
ဝမ်ထုံက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး ဖုကျန်းနှင့်ကျန်းဟန်ရှုတို့ကြားတွင် ဝင်နေလိုက်သည်။ ဖုကျန်းက ခေါင်းငုံ့ပြီး သူ့ကိုစိုက်ကြည့်လိုက်ကာ သူတော့ ကလေးတစ်ယောက်နှင့် ကလေးကြီးတစ်ယောက်ကို ခေါ်လာမိပြီဟုတွေးမိသွားရ၏။ တကယ်တမ်းတွင်၊ သူနှင့်ဝမ်ထုံမှာ အသက်အရွယ်အားဖြင့် သိပ်မကွာခြားလှပေ။
....
ဇွန်လ ၁ရက်နေ့တွင် လူတိုင်းအတွက် ပျော်စရာကောင်းခဲ့သည်။ သူတို့ လမ်းခွဲခါနီးမှာ ဝမ်ထုံက ကျန်းဟန်ရှုကို ရှက်ရွံ့စွာ မေးနေဆဲပင်။
"သူဌေး၊ နောက်တစ်ခေါက် ထွက်ရင်ရော မင်း ငါ့ကို ခေါ်သွားမှာမလား"
ကျန်းဟန်ရှုက သူ့ကိုကြည့်ပြီး မေးလိုက်၏။
"မင်းကို ဘယ်ကိူခေါ်သွားရမှာလဲ"
“ခေါ်သွားပါ၊ ငါ့ကိုခေါ်သွားပေး…”
ဝမ်ထုံက ငါ့ကိုခေါ်သွားပါဆိုတာကို အချိန်အတော်ကြာအောင် ပြောနေပြီး သူ့(JHS)မှာ သူနှင့်ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာ မသိတော့ပေ။
ကျန်းဟန်ရှုက ဝမ်ထုံ၏စကားကို ခံယူရင်း မေးလိုက်သည်။
"ငါတို့ကို မီးသီးနှစ်လုံးပေးစေဖို့ မင်းကိုခေါ်သွားရမှာလား"
ဝမ်ထုံက မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး အဲဒါက အနည်းငယ် သနားစရာကောင်းပုံရသည်ဟု ဖုကျန်းက တွေးမိသွားသည်။ သူက ရှေ့သို့ တိုးကာ ဝမ်ထုံကိုပြောလိုက်သည်။
"ကျွန်တော်တို့ အဖွဲ့ထဲမှာ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေ အများကြီးပဲ၊တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးစေချင်လား"
ဝမ်ထုံက ချက်ချင်းပင်ဆိုလာသည်။
"ဆက်သွယ်ရမယ့်အချက်အလက်တွေပေး၊ ဆက်သွယ်လို့ရမယ့်အချက်အလက်တွေပေး..."
ဖုကျန်းက အနည်းငယ်ပြုံးလိုက်ပြီး ဝမ်ထုံကို ပြောလိုက်သည်။
"မနက်ဖြန် ဒီကိစ္စကို မေးဖို့ အဖွဲ့ဆီသွားလိုက်မယ်၊ ပြီးရင် ခင်များကို ပေးမယ်"
“ကောင်းပြီ”
ဝမ်ထုံမှာ တကယ်ပင် လွယ်လွယ်ဖြင့် စိတ်ကျေနပ်တတ်သည့် လူငယ်တစ်ယောက်ဖြစ်၏။
“ဒါဆို ငါအိမ်ကိုအရင်ပြန်တော့မယ်၊ တာ့တာ”
ဝမ်ထုံက ကားပေါ်တက်ပြီး ကားကို ကားဂိုဒေါင်ထဲက ထုတ်လိုက်သည်။ သူက ဖုကျန်းကို သတိပေးဖို့လည်း မမေ့ခဲ့ပေ။
“မစ္စ၊ ဆက်သွယ်ရမယ့်အချက်အလက်လေးတွေ မမေ့နဲ့နော်"
စကားပြောပြီးနောက် သူသည် ကျန်းဟန်ရှု၏မြင်ကွင်းမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
သူတို့ အရုပ်တွေကောက်နေသည့် မြင်ကွင်းကို ပါပါရာဇီတွေက မိသွားခဲ့ပြီး ယင်းပါပါရာဇီတွေကို အခုထိ သူတို့ဓာတ်ပုံရိုက်နေဆဲဖြစ်အောင် ဘာကပံ့ပိုးပေးနေသလဲ မသိတော့ချေ။
ဓာတ်ပုံထဲ၌ ဖုကျန်းက အရုပ်ကောက်စက်ရှေ့တွင် ရပ်နေပြီး ဝမ်ထုံက cocoကိုချီထားရင်း သူ့ဘေး၌ရပ်နေသည်။ ကျန်းဟန်ရှုကတော့ ဂိမ်းအခကြေးငွေကို လဲလှယ်ကာ လျှောက်သွားခဲ့သည်။
ကလေးများနေ့မှာ အရုပ်တွေနှင့်ကစားတာက ရှက်စရာကောင်းတာမဟုတ်ပေမယ့် မေးစရာရှိတာကတော့ အဲဒါက အမျိုးသားတစ်စုသာဆို သင်ဘယ်လိုထင်မလဲ။
ဒီပုံက နည်းနည်းထူးဆန်းနေပေမယ့် ကျန်းဟန်ရှုနှင့်ဖုကျန်းမလား။ သူ့ဘေးမှာ လူကြီးတစ်ယောက်နှင့်ကလေးတစ်ယောက် အပိုရှိနေတာကို မင်းမမြင်ဘူးလား။
ကြည့်ရတာ သူတို့က နည်းနည်းပိုပြီးသွေးဝေးတဲ့ ဆွေမျိုးတွေဖြစ်ပုံပဲ။ အင်တာနက်သုံးစွဲသူအများစုက ဒီကိစ္စကို သိပ်စိတ်မဝင်စားကြပေ။ တစ်ချက်ကြည့်လိုက်ပြီး ကျော်သွားကြ၏။ ကျန်းဟန်ရှုနှင့်ဖုကျန်း၏ CP ပရိသတ်များကသာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားကြသည်။၊ ကျန်းဟန်ရှုနှင့်ဖုကျန်းတို့က အခုထက်ပိုပြီး တစ်ယောက်အတွက်တစ်ယောက်တည်းရှိနေခြင်း မဟုတ်တော့ပေ။
ဇွန်လလယ်တွင်၊ "လွတ်မြောက်ခြင်း" ကိုအပြီးသတ်ခဲ့သည်။ ထို့နောက်တွင် တည်းဖြတ်ခြင်း၊ အထူးပြုလုပ်ချက်များနှင့် အသံသွင်းခြင်းတို့က ထုတ်လုပ်ရေး၏နောက်ပိုင်းအလုပ်များဖြစ်သည်။ ဖုကျန်းက ထိုအရာများအတွက် ပိုမိုမြင့်မားသော လိုအပ်ချက်များရှိနေသဖြင့် စေ့စပ်ပြီးစိတ်ချရစေရန် အရာအားလုံးကို သူကိုယ်တိုင် လုပ်ဆောင်ဖို့ရာလိုအပ်ခဲ့သည်။
ထိတ်လန့်သည်းဖိုရုပ်ရှင်များ၏ နှောင်းပိုင်းSound effectများက အထူးအနေနှင့် အရေးကြီးသည်။ ထို့ကြောင့် သတ္တိရှိသည့်ကြည့်ရှုသူအများအပြားက အွန်လိုင်းတွင် သရဲရုပ်ရှင်များကိုကြည့်ရှုချိန်၌ မူရင်းနောက်ခံသီချင်းကို အစားထိုးကာ spoof filterတစ်ခုကိုထည့်ပြီး ထိတ်လန့်စရာရုပ်ရှင်ကို ဟာသလုပ်လိမ့်မည်။
ထိုအလုပ်မှာ ပိုမိုအသေးစိတ်လာပြီး ဖြည့်စွက်ရန်အတွက် မှန်ဘီလူးတစ်ခု လိုအပ်သည်။ ဖုကျန်းက အချိန်များစွာမရသဖြင့် ထိုအရာကို အလုပ်ပြီးသည့်အခါမှသာ စစ်ဆေးနိုင်ပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်သည့်အချက်များကို အဆိုပြုနိုင်သည်။
"ဒီအပိုင်းမှာ နောက်ခံသီချင်းအပြင် တံခါးဖွင့်တဲ့ Sound effectထပ်ထည့်ရမယ်၊ တံခါးအဟောင်းရဲ့အသံမျိုး"
ကွန်ပျူတာကိုမဖွင့်မှီ ဖုကျန်းက နောက်ခံသီချင်းအတွက် ဂီတပါရမီရှင်Magherနှင့်အတူ တွဲလုပ်ရန် ၂သန်းနီးပါး သုံးစွဲခဲ့သည်။ ယခု သူတို့လုပ်ရန်ကျန်ရှိသည်မှာ ထိုသီချင်းကို သင့်လျော်သည့်နေရာတွင် ထည့်ရန်ပင်။
သို့သော်လည်း ထိုအလုပ်တွင် နောက်ပိုင်း၌ အဟန့်အတားများဖြင့် ကြုံလာရသည်။ နောက်ခံသီချင်းမည်မျှပင် ပြောင်းလဲနေပါစေ ဖုကျန်းမှာ မကျေနပ်နိုင်သေးတဲ့ ရိုက်ချက်တစ်ခုရှိနေသည်။ အဆုံးတွင် တကယ်ကို နည်းလမ်းမရှိခဲ့ချေ။ သူက ဤဗီဒီယိုကို ဒါရိုက်တာလီပင်းထံပို့လိုက်ပြီး သူ့ကိုယ်သူ ကိုးကားခွင့်ပြုလိုက်သည်။
ဒါရိုက်တာလီပင်းက ကျည်ဆန်ကိုကိုက်ထားရင်း ထိုဗီဒီယိုကိုကြည့်လိုက်သည်။ သိူ့သော်ငြား ဖုကျန်းကို မည်သည့်အကြံမှ မပေးနိုင်ခဲ့ပေ။ သူက ဖုကျန်းပို့ပေးသည့်ဗီဒီယိုနှစ်ခုလုံးက အတူတူပဲလို့ ခံစားနေရသည်။
ထုတ်လုပ်ရေးဝန်ထမ်းများက နောက်လုပ်ငန်းကိုစနေပြီဖြစ်ပြီး ဖုကျန်းကလည်း ထိုဇာတ်ကွက်တွင် ဝေ့လည်ကြောင်ပတ်ဖြစ်နေဆဲပင်။ လီပင်းက ထိုဗားရှင်းနှစ်မျိုးမှ ပိုကောင်းတာကို မရွေးချယ်နိုင်ကတည်းက ထိုနှစ်မျိုးလုံး လုံလောက်အောင်မကောင်းသေးလို့သာဖြစ်၏။ ပြီးနောက် ဖုကျန်းက ထိုအရာကို အသုံးချခဲ့သည်။ နှစ်ရက်ကြာပြီးနောက် ကြောက်မက်ဖွယ်နောက်ခံသီချင်းအချို့ကို ရှာဖွေပြီး သူတို့ကို တွဲစပ်ကာ လီပင်းကိုမေးလိုက်သည
"စီနီယာအစ်ကို၊ ဘယ်တစ်ခုက ပိုကောင်းတယ်လို့ထင်လဲ"
"ကျေးဇူးပြုပြီး ဒါ ကို ငါ့ကိုမကြည့်ခိုင်းပါနဲ့"
လီပင်းက ဖုကျန်းအား ဖုန်းထဲမှအော်လိုက်သည်။
"ဆက်ပြီးဖတ်ကြည့်ရအောင်၊ ငါဒီလတွေအိပ်လို့ကိုမပျော်ဘူး၊ မင်းဘယ်လိုလုပ် ဒီလိုထူးထူးဆန်းဆန်း ရိုက်ကွက်တွေကို ဖြတ်တောက်နိုင်ရတာလဲ"
ထိုအရာက နှစ်မိနစ်မျှကြာသည့် ဇာတ်ကွက်တစ်ခုဖြစ်သည်။ အတော်ကြာအောင် ကြည့်ပြီးနောက်တွင် လီပင်းမှာ တကယ်ပင် ထူးဆန်းသည့်ခံစားချက်ကြီးကို ခံစားလာရသည်။ သူသည်လည်း ထိုမတူညီသည့် ဒိုင်မန်းရှင်းspaceကို ရောက်သွားသကဲ့သို့ပင်။ သူထိုဗီဒီယိုနှစ်ခုကို လွန်ခဲ့သည့်နှစ်ရက်က ကြည့်ခဲ့ခြင်းဖြစ်၏။ သူကညတိုင်း ကောင်းကောင်းအိပ်ပျော်ခဲ့ပေမယ့် ဒီနေ့ကထပ်ရောက်လာပြန်ပြီ။
ဖုကျန်းက ရိုရိုသေသေပင် ပြန်ပြောလိုက်သည်။
"တိုက်ဆိုင်တာပါ၊ တိုက်ဆိုင်မှုလေးတစ်ခုပါပဲ"
လီပင်းက အသက်ပြင်းပြင်းရှူရင်း ဖုကျန်းကို ပြန်ပြောလိုက်သည်။
"မင်းငါရှက်နေမှန်းသိလို့ ငါ့ကို အရင်ဆုံး၂ရက်လောက် အေးဆေးပေးနေပြီး ဒါမျိုးတွေကို ကြည့်ခွင့်မပေးတာမလား၊ ငါနှလုံးဖောက်ပြီး သေသွားလိမ့်မယ်ကွ"
"စီနီယာအစ်ကို၊ ခင်များမှာ နှလုံးရောဂါရှိနေတာလား"
ဖုကျန်းကမေးလိုက်သည်။
"ဖြစ်ခါနီးနေပြီ"
ဖုကျန်းကရယ်လိုက်ရင်း လီပင်းကို နှမြောတသဖြစ်စွာပြောလိုက်သည်။
"ဒါဆိုလည်း၊ ကျွန်တော် အခြားလူတွေကို မေးလိုက်ဦးမယ်"
လီပင်းက ဖုကျန်းကိုပြောသည်။
"ကျန်းဖုန့်ကိုသွားမေးလိုက်၊ သူက ဒါမျိုးတွေကြည့်ရတာကြိုက်တယ်၊ မင်းကို အကြံပေးနိုင်လောက်တယ်"
ကျန်းဖုန့်မှာ ဒါရိုက်တာကျန်းလီ၏အငယ်ဆုံးသားဖြစ်သည်။ သူက ယခုနှစ်တွင် တက္ကသိုလ်မှ ဘွဲ့ရထားတာဖြစ်သည်။ သူက သူ့အဖေ၏အလုပ်ကို ဆက်ခံထားပုံပင်။ သူသည်လည်း ကျောင်းတွင် ဒါရိုက်တာပညာရပ်ကို သင်ကြားခဲ့သည်။
ဖုကျန်းကသူ့ကို သူငယ်ချင်းအဖြစ် addလိုက်ချိန် ကျန်းဖုန့်မှာ တုန့်ဆိုင်းသွား၏။ သူက ထန်ဝမ်ဝမ်၏ပရိတ်သတ်တစ်ဦးဖြစ်ကာ မကြာခဏဆိုသလို အင်တာနက်ပေါ်တွင် ဖုကျန်းထံမှဆူငေါက်ခြင်းကို ခံရသည်။ နောက်ပိုင်းတွင် သူကထန်ဝမ်ဝမ်ကို ဆန့်ကျင်ပြီး နောက်ဆုတ်လိုက်၏။
သို့သော်လည်း ဖုကျန်းအပေါိ အမြဲလိုလို အပြစ်ရှိသလို ခံစားရသည်။
ကျန်းဖုန့်က လက်ခံခြင်းကိုနှိပ်လိုက်ပြီး ဘာလို့ဖုကျန်းကသူ့ကို addသလဲသိချင်နေသည်။ သူဘွဲ့ရပြီးနောက်တွင် ရှားကျိုးမှတ်တမ်းကို သူ၏ကိုယ်ရေးအကျဥ်း တင်သွင်းခဲ့ကြောင်း သတိရသွားသည်။ဖြစ်နိုင်တာက သူ၏ကိုယ်ရေးအကျဥ်းက ကောင်းလွန်းတာကြောင့် ဒါရိုက်တာဖုကိုယ်တိုင် ဆက်သွယ်လာခြင်းဖြစ်နိုင်သည်။ ကျန်းဖုန့်မှာ သူ၏ပုံရိပ်ကအနည်းငယ်မြင့်မားသွားသလို ခံစားလိုက်ရ၏။
သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက်တွင် ဖုကျန်းက သူ့အား ထုတ်လုပ်ရေးအဖွဲ့ကို လာပူးပေါင်းဖို့ မပြောချေ။ ထို့အစား သူက မေးလာ၏။
"ဒီအပိုဒ်အတွက် ဘယ်နောက်ခံသီချင်းက ပိုကောင်းတယ်လို့မင်းထင်လဲ"
ကျန်းဖုန့်က အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ သူကသူ့ကို မူလကဒီအကြောင်းမေးပေမယ့် ဘာလို့သူ့ကိုမေးရတာလဲ။ သူက ရုပ်ရှင်ရိုက်လို့မပြီးသေးဘူးလား။ သူ့ကိုဘယ်သူကများ အနာဂတ်ရဲ့နိုင်ငံ့ရတနာဒါရိုက်တာလို့ နာမည်ပေးခဲ့တာလဲ။
ဖုကျန်းက "လွတ်မြောက်ခြင်း"အမည်ရှိ သည်းထိတ်ရင်ဖိုရုပ်ရှင်ကိုရိုက်နေတာကို ကျန်းဖုန့်သိပြီးဖြစ်သည်။ အင်တာနက်သုံးစွဲသူအများစုကဲ့သို့ပင် ကျန်းဖုန့်တွင်လည်း ​​ပြည်တွင်းထိတ်လန့်သည်းဖိုရုပ်ရှင်တွေအတွက် ျှော်လင့်ချက်မထားပေ။ ထိုအရာက သူရခဲ့သည့် ရိုက်ကွက်လို အရာအနည်းငယ်လေးမျှသာဖြစ်သည်။ မည်သူကမှ ပြည်ပတွင် အလုပ်ကောင်းကောင်းမလုပ်ဖူးပေ။ ဒါရိုက်တာက ဖုကျန်းဖြစ်နေလျှင်ပင် သူတို့အတွက်တော့ အထူးအာရုံစိုက်မှုရအောင် ဆွဲဆောင်ဖို့ ခက်ခဲ၏။
ကျန်းဖုန့်က ဖုကျန်းပို့သည့် များစွာသောဗီဒီယိုများထဲမှ အောက်ဆုံးတစ်ခုကို နှိပ်လိုက်သည်။ မှိန်ဖျဖျစင်္ကြံတွင် ခေါင်းပေါ်ရှိမီးလုံးက လင်းထိန်သွားပြီး လျှပ်စစ်သံများဆူညံသွား၏။ ကျန်းဖုန့်မှာ မတ်မတ်မထိုင်ပဲမနေနိုင်တော့ချေ။ သူ၏ခေါင်းကို ဖုန်းအနားတိုးကပ်သွားလိုက်သည်။
ရှုထောင့်ကရုတ်တရက်ပြောင်းလဲသွားသည်။ အရိပ်ထဲမှ ကျိုးဝမ်လျန့်၏လက်ချောင်းများက ပြောင်းလဲမှုအချို့ရှိနေပြီး ပတ်ပတ်လည်မှနံရံများက မီးရောင်ချို့တဲ့မှုကြောင့် အလည်ကိုရွေ့လျားနေသလိုထင်ရသည်။ ထူးဆန်းသည့်ခံစားချက်ကြီးက ကျန်းဖုန့်၏ရင်ထဲရောက်လာသည်။ ဗီဒီယိုက အဆုံးသတ်သွားသည်။ ဒုတိယတစ်ခုကိုမဖွင့်မှီ ကျန်းဖုန့်က တည်ငြိမ်အောင်လုပ်လိုက်ရ၏။
"ဒါရိုက်တာဖု၊ ကျွန်တော်ထင်တာကတော့..."
ကျန်းဖုန့်ကဖုကျန်းကိုပြောလိုက်သည်။
"ခင်များရဲ့နောက်ခံသီချင်းတွေက တကယ်ကိုအတူတူပဲဖြစ်နေတယ်၊ တစ်ခုခုကို ကျပန်းရွေးလိုက်ရုံပါပဲ၊ အဲဒါက ဒီရိုက်ချက်ကိုဖော်ပြမှုအပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိမှာမဟုတ်ပါဘူး"
ဖုကျန်းက အဲဒါကိုအရင်ကတည်းကသိပေမယ့် သူ့ကိုယ်သူသိပ်မသေချာတဲ့အတွက် သူ့ကိုကူပြီးရွေးချယ်ပေးဖို့ လူတော်တော်များများကို ရှာခဲ့ခြင်းဖြစ်သည်။ သူက ကျန်းဖုန့်ကိုပြောလိုက်၏။
"ကျေးဇူးပါပဲ"
ထိုရှည်လျားတဲ့ ရိုက်ချက်ကြောင့် ကျန်းဖုန့်တွင် ​​ဤဇာတ်ကားအတွက် အပြည့်အဝမျှော်လင့်နေပြီဖြစ်သည်။ သူက သည်းထိပ်ရင်ဖိုရုပ်ရှင်နှစ်သက်သူတစ်ဦးဖြစ်သည်။ ယခုနှစ်များတွင် သူ့ကိုချွေးပျံအောင်လုပ်နိုင်သည့် သည်းထိပ်ရင်ဖိုရုပ်ရှင်က အနည်းငယ်သာရှိသည်။ ဤ"လွတ်မြောက်ခြင်း"က သူ့ကိုအံ့အားသင့်စရာတစ်ခုခု ပေးနိုင်ကောင်းပေးနိုင်လိမ့်မည်။ ကျန်းဖုန့်က မေးလိုက်သည်။
"ဒါရိုက်တာဖု၊ ခင်များရဲ့ရုပ်ရှင်က ဘယ်အချိန်ထွက်မှာလဲ"
"မဆုံးဖြတ်ရသေးဘူး၊ မြန်ရင်တော့ သြဂုတ်လထဲမှာဖြစ်လိမ့်မယ်"
ဖုကျန်းက ပြန်ဖြေလိုက်သည်။
ကျန်းဖုန့်ထဲမှအထင်အမြင်ကိုမေးပြီးနောက်တွင် ဖုကျန်းက နောက်တစ်ညထပ်စဥ်းစားခဲ့ပြီး မည်သည့်sound effect နှင့်နောက်ခံသီချင်းမှမပါသည့် ဇာတ်ကွက်ကို ရွေးချယ်လိုက်သည်။
သူ ဒီရက်တွေအလုပ်ရှုပ်နေတာကို ကျန်းဟန်ရှုမြင်ခဲ့ပြီး အရင်ကအကြွေးတင်နေသည့် ဟန်းနီးမွန်းကို ခေါ်သွားချင်ခဲ့သည်။ ပြီးနောက်တွင် သူအားမလားမအားဘူးလားမသိသဖြင့် မေးလိုက်၏။
"ရုပ်ရှင်က ဘယ်အချိန် ထွက်လာမှာလဲ"
ဖုကျန်းက အတော်ကြာအောင် စဥ်းစားလိုက်ပြီး ဖြေလိုက်သည်။
"ကျွန်တော်တော့ ဇူလိုင် ဒါမှမဟုတ် သြဂုတ်မှာဖြစ်မယ်လို့ မှန်းထားတယ်"
သည်းထိပ်ရင်ဖိုရုပ်ရှင်၏ reviewတက်နှုန်းက နှေးနေဆဲဖြစ်ပြီး ထိုရုပ်ရှင်မှာ နွေရာသီအားလပ်ရက်ကို အမှီလိုက်နိုင်မည်မဟုတ်ပေ။
ကျန်းဟန်ရှုက ဖုကျန်း၏ခေါင်းလေးကိုထိလိုက်ပြီး နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့၊ အချိန်ယူလို့ရပါတယ်"
ဖုကျန်းက ထိုကိစ္စနှင့်ပတ်သက်ပြီး အများကြီးစိတ်မပူပါချေ။ သို့သော်လည်း စက်တင်ဘာအထိ မထုတ်လွှင့်နိုင်ခဲ့လျှင် ထုတ်လွှင့်ဖို့မစဥ်းစားမှီ အမျိုးသားနေ့အထိ စောင့်ဖို့လိုအပ်သည်။
လွန်ခဲ့သည့်နှစ်က လီပင်းစတင်ရိုက်ကူးခဲ့သည့် သမိုင်းနောက်ခံဒရာမာက ထုတ်လွှင့်ပြီးဖြစ်သည်။ ပရိသတ်ရဲ့ တုံ့ပြန်မှုက အရမ်းကောင်း၏၊၊ ဤအချိန်တွင် အားကောင်းသည့်ပြိုင်ဖက်လည်းမရှိသဖြင့် Box officeတွင်လည်း ကောင်းမွန်စွာ မြင့်တက်လာခဲ့သည်။ မော့ယန်မှာ သန်းပေါင်းတစ်သန်းအထိ ချိုးဖြတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထား၏။ မှတ်ချက်တွေကလည်း အများကြီးပင်။ ဒီဇာတ်ကားထဲမှ ဇာတ်ကောင်တွေကလည်း သမိုင်းဝင်ဒရာမာများ၏ လေးနက်မှုကို မလျော့စေဘဲ ကွက်ကွက်ကွင်းကွင်းဖြင့်ဆန်းသစ်သည်ဟုဆိုသည်။ဒါရိုက်တာလီပင်းမှာ မျိုးဆက်သစ် ဒါရိုက်တာများ၏ ခေါင်းဆောင်ဖြစ်ထိုက်သည်ဟူ၏။ တစ်ချိန်ထဲမှာပင် သူက ဖုကျန်းကိုလည်းပြောခဲ့ပြီး နှစ်ဦးကြား နှိုင်းယှဥ်ခဲ့သည်။
ကျန့်ရှင်းခယ်၏ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု ငါးသန်းကြောင့် "လွတ်မြောက်ခြင်း"၏ကြေငြာချက်က အလွန်မရိုးရှင်းပေ။ ကျန့်ရှင်းခယ်ကပါ အစီအစဥ်တစ်ခု၌ ပါဝင်လာသည့်အခါ သူက "လွတ်မြောက်ခြင်း"ထံ ပူပြင်းသည့်လှိုင်းကြီးတစ်ခုကို ယူဆောင်လာတော့သည်။
ထိုအချိန်တွင် hostကသူ့ကိုမေးလာသည်။
္"ရှင်းရှင်း၊ မင်းဘာလို့ ဒါရိုက်တာဖုကျန်းရဲ့အဖွဲ့ကို ဝင်ဖို့ရွေးချယ်လိုက်တာလဲ၊ သူကမင်းကို အခကြေးငွေအများကြီးပေးလို့လား"
ကျန့်ရှင်းခယ်က ရယ်လိုက်ပြီး သတင်းထောက်တွေထံ တိုက်ရိုက်ပင်အဖြေပေးလိုက်သည်။
"အနှုတ်ငါးသန်းပါဗျာ"
"ဟင်..."
Hostမှာ နောက်ကိုအနည်းငယ်ဆုတ်သွားသည်။ သူယခုကြားလိုက်တာကို မတုန့်ပြန်နိုင်ခဲ့ချေ။
"အနှုတ်..."
ကျန့်ရှင်းခယ်က စကားလုံးကို ခက်ခက်ခဲခဲဖိပြောလိုက်သည်။
"ငါးသန်းလို့..."
xxxxxx