အပိုင်း ၁၁၆
Viewers 23k

မတိုင်မီက ကျန့်ရှင်းခယ်မှ ''လွတ်မြောက်ခြင်း''အဖွဲ့ထဲသို့ ဝင်ချင်ရသည့် အကြောင်းအရင်းအား အင်တာနက်အသုံးပြုသူများနှင့် ပရိသတ်များက အလွန်သိချင်နေကြသည်။ အချို့က 'အဖြူရောင်ရဲတိုက်'ကို ရိုက်ကူးပြီးနောက် ကောင်းထျန်ရရှိခဲ့သလို အကျိုးအမြတ်ရဖို့ ကျန့်ရှင်းခယ် စိတ်ကူးနေသည် ထင်နေကြပြီး အချို့ကမူ ဖုကျန်းက သူ၏သည်းထိတ်ရင်ဖိုဇာတ်လမ်းအား box officeတွင် အသာစီးရလို၍ ကျန့်ရှင်းခယ်ကို ခေါ်ခဲ့သည်ဟု တွေးကြသည်။
မည်သို့ပင်ဆိုစေကာမူ ကျန့်ရှင်းခယ်က သူ၏ရုပ်ရှင်များကို အနှုတ်ပြနေသည့် အခကြေးငွေဖြင့် ရိုက်ကူးလိမ့်မည်ဟူ၍တော့ အင်တာနက်အသုံးပြုသူများက မတွေးမိခဲ့ကြပေ။ ဒါက ဘယ်လိုလုပ်ငန်းကြီးလဲ။ တစ်ခါမှ မကြားဖူးဘူး။
Hostက အလွန်သိချင်နေပြီး ကျန့်ရှင်းခယ်အားမေးလိုက်သည်။
''ကြယ်ပွင့်တွေရေ၊ ဒါကဘာလို့ ငါးသန်းတောင် အနှုတ်ပြနေရတာလဲ''
ကျန့်ရှင်းခယ်ကတော့ သူဟာ ဖုကျန်းရဲ့အဖွဲ့မှ ကန်ထုတ်ခံရလုနီးနီးဟု ပြောဖို့ရာ အရိပ်အယောင်လေးပင် မရှိချေ။ သူက မီဒီယာများနှင့် တိုက်ရိုက်ပင်မျက်နှာချင်းဆိုင်လိုက်ပြီး
"ကျွန်တော်တို့ ဒီအကြောင်းကို မပြောလို့မရဘူးလား''
Hostက နှစ်ကြိမ်မျှ ရယ်မောလိုက်ပြီး ကျန့်ရှင်းခယ်ကို မေးလိုက်သည်။
''ရှင်းရှင်း၊ ဒါပြီးရင် မင်းနောက်ထပ်တိုးတက်မှုအနေနဲ့ ဘာလုပ်ဖို့ စီစဥ်ထားလဲ''
''နောက်ထပ်လား ကျွန်တော် ပြောင်းလဲဖို့စီစဥ်ထား...''
ကျန့်ရှင်းခယ်၏ 'လွတ်မြောက်ခြင်း'တွင် အနှုတ်ပြနေသည့်အခကြေးငွေဖြင့် သရုပ်ဆောင်သောအကြောင်းမှာ ရှာဖွေအများဆုံးစာရင်းထဲသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ဒါက လူ့သဘာဝနှင့်အကျင့်စရိုက်ကို ထင်ဟပ်နေခြင်းလား။
နောက်ဆုံးတွင် ညဏ်ကောင်းသော အင်တာနက်အသုံးပြုသူများသည် ဤကိစ္စက အကွက်ကောင်းတစ်ခုဖြစ်ကြောင်းကို လျင်မြန်စွာ မှန်းဆမိကြပြီး တပြိုင်တည်းမှာပင် မပါးနပ်သော အင်တာနက်အသုံးပြုသူများကမူ ကျန့်ရှင်းခယ်၏ ပရိတ်သတ်များနောက်လိုက်ကာ 'လွတ်မြောက်ခြင်း'အဖွဲ့သားများက အလွန်ဆင်းရဲသဖြင့် အခကြေးငွေလျော့ယူခဲ့သည်ဟုထင်ကြသည်။
ထိုသို့သော ကျန့်ရှင်းခယ်၏ လူသားချင်းစာနာမှုကြောင့် ဘတ်ဂျတ်မလုံလောက်ကာ ရုပ်ရှင်၏ သရုပ်ဖော်မှု သိပ်မကောင်းတော့မည်ကို စိုးရိမ်နေကြသည်။
ဖုကျန်းသည် အင်တာနက်အသုံးပြုသူများထံမှ အဆိုပါထင်မြင်ယူဆချက်များကို မြင်တွေ့ရသည့်အတွက် ကျေနပ်အားရခဲ့ပြီး ဤအကြောင်းအရာသည် ရှာဖွေမှုအများဆုံးစာရင်းတွင် အချိန်အကြာကြီး ဆက်လက်တည်ရှိနေပါက ရုပ်ရှင်အားလူသိများအောင် ကြော်ငြာရန် ကုန်ကျစရိတ်များအား ချွေတာနိုင်လိမ့်မည်ဟု တွေးလိုက်သည်။
အတိအကျကို သူကလက်တစ်လုံးခြားလုပ်တာမဟုတ်ပဲ အလုပ်ကြိုးစားပြီး ချွေတာတတ်ရုံပါ။
ဖုကျန်းက ကွန်ပြူတာရှေ့တွင်ထိုင်နေကာ တည်းဖြတ်ထားသောနမူနာများကို စစ်ဆေးပြီး အမှားအယွင်းများကို ရွေးထုတ်ကာ ဝန်ထမ်းများအား မနက်ဖြန်အစည်းအဝေးတွင် ထောက်ပြရန် စာအုပ်ငယ်တစ်အုပ်ပေါ်တွင် ချပြီးရေးမှတ်နေသည်။
ကျန်းဟန်ရှု တံခါးဖွင့်ပြီးဝင်လာတာကို သူမသိလိုက်ပေ။ သူက ဖုကျန်း၏နောက်တွင် ရပ်ကာ ဖုကျန်း၏နမူနာများ အစအဆုံး ပြီးသည်အထိ ရပ်စောင့်နေလိုက်သည်။
ကျန်းဟန်ရှုက ဖုကျန်းအပေါ်ကို လက်နှစ်ဘက်လုံး တင်လိုက်ပြီး သူ့ပခုံးပေါ်မှ ငုံ့ကိုင်းကာ နှုတ်ခမ်းများက ဖုကျန်း၏နားရွက်ကို ဖိကပ်ရင်း “ဒါရိုက်တာ မင်းအလုပ်ပြီးသွားပြီလား” ဟူ၍ တိုးတိုးလေး မေးလိုက်သည်။
ဖုကျန်းက သူ့ခါးကိုဆန့်ပြီး ခေါင်းကိုလှည့်ကာ ကျန်းဟန်ရှု၏မျက်နှာကို နမ်းလိုက်ပြီး
"နောက်မှပဲ ထပ်ကြည့် ေတာ့မယ်"
''ရုပ်ရှင်က ဘယ်တော့ပြီးမှာလဲ''
''နောက်အပတ်ဆို ပြီးခါနီးပြီ''
"ဟုတ်သားပဲ"
ဖုကျန်းက သူ့ဟာက အခုတော့မဟုတ်သေးဘူးဟု ရုတ်တရက်တွေးမိသွားသည်။
လွန့်ခဲ့သောနှစ်နာရီခန့်က ကျန်းဟန်ရှုက cocoကို ချီထားသည်။ သို့သော် ယခု သူ၏လက်များက ဗလာဖြစ်နေရကား ဖုကျန်းမှာ အံ့အားသင့်သွားသည်။ နှစ်စက္ကန့်မျှကြာပြီးနောက် သူကသူ့ကိုမေးလိုက်သည်။
''cocoဘယ်မှာလဲ''
ကျန်းဟန်ရှုက
''ကိုယ်ရောင်းလိုက်ပြီ''
ဖုကျန်းက သူ့မျက်လုံးများကို ကျဥ်းမြောင်းလိုက်ကာ ကျန်းဟန်ရှုအားမေးလိုက်သည်။
"ရောင်းလို့ရတဲ့ ငွေကို ခင်များမျိုချပစ်လိုက်ပြီလား''
''ကိုယ်နဲ့ အတူအိပ်မယ့် ကောင်ငယ်လေးတွေကိုရော အမ်းလို့မရဘူးလား''
ဖုကျန်း၏ မျက်နှာထားက တည်သွားကာ လေးနက်တဲ့ပုံနှင့် ကျန်းဟန်ရှုအားပြောလိုက်သည်။
"ဒါက တရားဝင်ဧည့်သည်လေ၊ ကျွန်တော်တို့ရောင်းလို့မရဘူး''
''ကိုယ့်ကို ပိုက်ဆံ ပိုပေးလို့ရမလား''
ထို့နောက် ကျန်းဟန်ရှုက မှော်လှည့်ကွက်တစ်ခုကဲ့သို့လက်ဟန်ဖြင့် အိတ်ကပ်အတွင်းမှ ငွေလက်စွပ်တစ်ကွင်းကို ထုတ်လိုက်ကာ ဖုကျန်းကိုပေးလိုက်သည်။
''ဒါ ကိုယ့်ဇနီးဆီက ခိုးလာတာလေ၊ မင်းကြိုက်လား''
ဖုကျန်း : ''...''
သူက ကျန်းဟန်ရှုထံမှ လက်စွပ်ကိုယူကာ မေးလိုက်သည်။
'' coco ဘယ်မှာလဲ''
''ကိုယ်က coco နဲ့ အတူလာပြီး မင်းကိုပြောမလို့ပဲ၊ အဖိုးက coco ကိုလွမ်းနေတော့ သူ့ကို အိမ်ပို့လိုက်တယ် ''
ကျန်းဟန်ရှုက ဖုကျန်း၏ ခေါင်းကိုငြင်သာစွာ ပွတ်လိုက်သည်။
ဖုကျန်းကလက်ကိုမြှောက်လိုက်ပြီး သူ့ခေါင်းကို ထိလိုက်ကာ
''ကျွန်တော့်ကို ပစ္စည်းတစ်ခုလိုဆက်ဆံနေတာလား''
''မင်း ဘာကိုဆိုလိုတာလဲ''
ကျန်းဟန်ရှုက သူ့ကို အပြုံးနှင့်မေးသည်။
ဖုကျန်းက ခေါင်းရမ်းလိုက်သည်။ သူက ယခုပင် ဆန္ဒပြပွဲတစ်ခုကို ကြည့်ရန် စိတ်အားထက်သန်သွားပြီး အခြားအရာများကို ပြန်ဖြေရန် စိတ်ဝင်စားခြင်းမရှိတော့ချေ။ကျန်းဟန်ရှုက ကုလားထိုင်ကိုဆွဲလိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ ဖုကျန်းအားမေးလိုက်သည်။
''အလုပ်တွေပြီးရင် ဘယ်နေရာကို သွားအပန်းဖြေဖို့ စဥ်းစားထားလဲ''
ဖုန်းကျန်းက နေရာကောင်းတစ်ခုကို မစဥ်းစားခင် သူ့မေးစေ့ကိုအရင်ထိလိုက်ပြီး ထိုအကြောင်းကိုတွေးလိုက်သည်။
ကျန်းဟန်ရှုက မေးလိုက်သည်။
''မင်း ပြည်ပကိုသွားချင်လား''
''နိုင်ငံခြားထိသွားစရာမလိုပါဘူး''
ဖုကျန်းက ခေါင်းကိုဆန့်၍ ကုလားထိုင်နောက်ကျောကိုမှီကာ
"တကယ်တော့ ကျွန်တော် အမြဲတမ်း အနောက်ဘက်ကို သွားလည်ချင်နေတာ၊ ဒါမှမဟုတ် ကိုယ်တိုင်ကားမောင်းပြီးသွားရတဲ့ ခရီးတစ်ခုသွားကြည့်ရအောင်''
"ကောင်းပြီ၊ နောက်တစ်ပတ်မှာ မင်းအလုပ်သေချာပေါက် ပြီးမှာလား။"
ဖုကန်းက ခေါင်းညိတ်လိုက်ရာ ကျန်းဟန်ရှုက
"ဒါဆို ကိုယ် အခုစပြီး ပြင်ဆင်တော့မယ်"
''ခင်များရဲ့အလုပ်တွေက အရေးမကြီးဘူးလား''
ကျန်းဟန်ရှုက ခေါင်းယမ်းကာပြောသည်။
''မကြီးဘူး''
ဘာပဲဖြစ်ဖြစ် မစ္စတာကျန်းရှိသည်။ မစ္စတာကျန်းက ကုမ္ပဏီတွင် နောက်တစ်ကြိမ် အလုပ်ပြန်မလုပ်ချင်တော့သော်လည်း ကျန်းဟန်ရှုက ရပ်နားပြီး သွားလည်ရန် စီစဉ်နေပြီဖြစ်သည်။ သူနှင့်ဖုကျန်း ဖျင်ဟိုင်မြို့မှ ထွက်ချိန်တွင် သူ့ဖခင်နှင့် ဆွေးနွေးခဲ့သည်။ ထိုအချိန်တွင် မစ္စတာကျန်းက တုံ့ဆိုင်းနေသော်လည်း ကုမ္ပဏီအတွက် အချိန်အတိုင်းအတာတစ်ခုအထိ အလုပ်လုပ်ရတော့မည်ဖြစ်သည်။
''ကျွန်တော်တို့နှစ်ယောက်တည်း သွားကြမှာလား''
နွေးထွေးသော နေရောင်ခြည်သည် စာဖတ်ခန်းထဲသို့ ဖြာကျနေကာ ရွှေရောင်အလင်းတန်းထဲတွင် ဖုန်မှုန့်များဝဲလွှင့်နေသည်။ ကျန်းဟန်ရှုက ဖုန်ကျန်း၏ရှေ့နားသို့ တိုးကာသူ့မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး
''မင်းမှာ တခြားယောက်ျားတွေရှိနေလို့လား''
''မရှိပါဘူး''
ကျင်းဟန်ရှု၏ အပြာရောင်မျက်လုံးများက သူ့ကိုရှက်သွေးဖြာစေသည်။
'' coco ကို ခေါ်မသွားဘူးလား''
ကျန်းဟန်ရှုက ရယ်မောကာ
''ဘယ်coco လဲ၊ cocoနဲ့အတူ ဝမ်ထုံကိုပါ ခေါ်သွားရင် ပိုမကောင်းဘူးလား''
ဖုကျန်း : "..."
''coco က ငယ်လွန်းသေးတယ်''
ကျန်းရှုဟန်က ဖုကျန်းအား ရှင်းပြလိုက်သည်။
"နောက်တစ်ခါ လမ်းမှာ နေမကောင်းဖြစ်ရင် သူ့ကို ဂရုစိုက်ဖို့မလွယ်ဘူး''
ဖုကျန်းက တိတ်နေသေးတာကို မြင်သောအခါ ကျန်းရှုဟန်က
''တကယ်လို့ မင်းသူ့ကိုလွမ်းရင် ကိုယ်တို့ ဗွီဒီယိုကောလ်ခေါ်လို့ရတာပဲ၊ ကိုယ်တို့ အကြာကြီးသွားမှာမဟုတ်ပါဘူး''
ဖုကျန်းအနေဖြင့် coco က သူနှင့်ကျန်းဟန်ရှုဆီမှာထက် ကျန်းမိသားစုတွင် ပို၍ဂရုစိုက်ခံနေရကြောင်းသိနေသည့်တိုင် သူ့တွင် အခြားတွယ်တာမှုများရှိနေသေးသည်။
သူက နှုတ်ခမ်းကိုဖွဖွကိုက်ကာ ကျန်းဟန်ရှုကိုပြောလိုက်သည်။
"coco က တစ်ခုခုစပြောတော့မယ်လို့ ငါထင်တယ်၊ ပါပါးလို့များဖြစ်နေမလား''
ယေဘုယျအားဖြင့်ပြောရလျှင် ကလေးတွေက ခုနစ်လ သို့မဟုတ် ရှစ်လအတွင်း အဖေဟုခေါ်လိမ့်မည်ဖြစ်ကာ သူ့သမီးသည်လည်း စခေါ်ဖို့ ရက်အနည်းငယ်သာ လိုတော့သည်ဟု ခန့်မှန်းရသည်။
ကျန်းဟန်ရှုက ဒါကို ဂရုမစိုက်ပေ။ သူက ဖုကျန်းကိုပြောသည်။
"ကိုယ်တို့နှစ်ယောက် အိမ်မှာ မရှိရင် တခြားတစ်ယောက်က အဖေဖြစ်သွားမယ်ဆိုတာကို မင်းလက်ခံနိုင်လား''
ဖုကျန်း ''...''
ကျန်းဟန်ရှုပြောတဲ့စကားဟာ ကျိုးကြောင်းဆီလျော်လွန်းသည်ဟု ပြောရမည်။၊ ထို့နောက် ဖုကျန်းက လုံးဝကို ဖျောင်းဖျခံလိုက်ရသည်။
"ဒါဆို ကျွန်တော် တတ်နိုင်သမျှ မြန်မြန်ပြင်ဆင်ပြီး နောက်အပတ်မှာ စထွက်ကြမယ်"
ရုပ်ရှင်က ရုံတင်တော့မည်ဖြစ်ပြီး ဒါရိုက်တာကလည်း အလွန်အလုပ်များနေသောကြောင့် သူက လူတစ်ယောက်ကို နှစ်ယောက်အဖြစ်သုံးရန် မစောင့်နိုင့်တော့ပေ။ ဖုကျန်းတွင် တစ်စုံတစ်ရာ အမှားအယွင်းမရှိပါက သူနှင့်ကျန်းဟန်ရှုတို့ ဟန်းနီးမွန်းထွက်တော့မည်ဖြစ်သည်။ သူ၏မနှစ်က စီမံချက်အရ လက်မှတ်ရုံနှင့်ပက်သက်၍ အမှန်ပင်
ယခုအခါ နွေရာသီအားလပ်ရက်ကို စတင်နေပြီဖြစ်ပြီး ဟာသရုပ်ရှင်ဖြစ်သည့် “သန်းကြွယ်သူဌေး”၊ ထိတ်လန့်စရာရုပ်ရှင် ဖြစ်သည့်“ပိုင်ဟွား၄၅လမ်း” နှင့် ပရော်ဖက်ရှင်နယ်ဒရာမာဖြစ်သည့် “တစ်ရာနှင့်နုတ်ထွက်စာတစ်ခု” စသည်ဖြင့် ထိပ်တန်းရုပ်ရှင်များအား အလှည့်အပြောင်း ပြုလုပ်ပြသလျက်ရှိသည်။ “လွတ်မြောက်ခြင်း ” ၏ ကြောငြာချက်သည် အခြားရုပ်ရှင်များ ကြားတွင် လျင်မြန်စွာ နစ်မြုပ်သွားသေည့်တိုင် ကံကောင်းထောက်မစွာဖြင့် ဒါရိုက်တာဖုကျန်းမှာ အနည်းငယ်ကျော်ကြားသဖြင့် ရံဖန်ရံခါတွင် အင်တာနက်အသုံးပြုသူ တစ်ဦး သို့မဟုတ် နှစ်ဦးက ဤရုပ်ရှင်၏ ဖော်ပြမှုများကို စူးစမ်းရန်အတွက် “လွတ်မြောက်ခြင်း” နှင့် ပတ်သက်၍ ၎င်းတို့အမြင်များကို မျှ ေဝရန် သူ့ကို ရံဖန်ရံခါတွင် မန်းရှင်းမည်ဖြစ်သည်။ .
ယခုအခြေအနေတွင် ''လွတ်မြောက်ခြင်း'' သည်လမ်းကြောင်းတစ်ခု ဖောက်ရန် အလွန်ခက်ခဲပြီး ၄င်းကို ကိုယ်ပိုင်ပြုလုပ်ရန်လည်း ကန့်သန့်ချက်ရှိနေသည်။box officeက အလွန်မမြင့်မားသည့်တိုင် ငွေသိမ်းလိုလျှင်တော့ အဆင်ပြေပါသည်။
နမူနာထွက်လာပြီးနောက် သုံးသပ်ချက်အတွက် ပေးပို့ခဲ့သည်။ ယင်းအား အကြောင်းပြန်ရန် တစ်ပတ်မျှ ကြာသွားခဲ့၏။ ရလာဒ်အနေဖြင့် အချို့သော အမှားများကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း သူက ပြောသည်။ ဖုကျန်းက ထိုအလုပ်ကိုပြီးရန် နှစ်ပတ်ကြာသွားသည်။ ကျန်းဟန်ရှုနှင့် သူ၏ ဟန်းနီးမွန်းခရီးကို အချိန်တစ်ခု ရွှေ့ဆိုင်းခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် အရာအားလုံးက ဇူလိုင်လကုန်တွင် ပြီးမြောက်ခဲ့ပြီး ရုပ်ရှင်ကို ဩဂုတ်လလယ်တွင် ရုံတင်ပြသရန် စီစဉ်ထားကာ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့သည် အနောက်ဘက်သို့ အောင်မြင်စွာ ခရီးထွက်နိုင်ခဲ့သည်။
''လွတ်မြောက်ခြင်း ''ရုပ်ရှင်နှင့် ရုပ်ရှင် နမူနာကို ရုံတင်ပြသသည့်နေ့တွင် ကျန်းဖုန့်က သူ၏ဇတ်ကားအပေါ်ထားရှိသည့် စိတ်အားထက်သန်သော မျှော်လင့်ချက်များအား ဖော်ပြရန်အလို့ငှာ Weiboမှာ တင်လိုက်သည်။သူက နာမည်ကြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဘလော့ဂါလေးတစ်ဦးလည်း ဖြစ်သည်။ သူအကြံပြုထားသော ထိတ်လန့်ဖွယ်ဇာတ်ကားများက အလွန်နည်းပါးသည်။ သူ့ရဲ့ Weibo ကိုတွေ့လိုက်ရချိန်တွင် ပရိသတ်များက အံ့အားသင့်သွားကြသည်။ ကျန်းဖုန့်က ကြော်ငြာတွေကို ဘယ်တော့မှ လက်မခံဘူးဆိုတာကို သိကြ၏။ ဒီ"လွတ်မြောက်ခြင်း''က တကယ်ကိုထူးခြားတာလား။ ဒါပေမယ့် ဒီရုပ်ရှင်က အခုမှပဲ ပြီးသွားတာကို ကျန်းဖုန့်က ဒီသတင်းကို ဘယ်လိုသိတာလဲ။
"လွတ်မြောက်ခြင်း"trailerသည် တစ်ချိန်တည်းတွင် ထွက်ရှိခဲ့သော အခြားရုပ်ရှင်များစွာ၏trailerနှင့် နှိုင်းယှဉ်ပါက စိတ်လှုပ်ရှားမှုကြောင့်နှလုံးခုန်ခြင်းကို ရုတ်တရက်တိုးလာ စေသည်လွဲ၍ အခြားအားသာချက်မရှိသောကြောင့် “လွတ်မြောက်ခြင်း” ၏နမူနာမှာ ပြင်းထန်သည့်အရှိန်အဟုန်ကိုမခံစားရပေ။
သြဂုတ်လ ၁၆ ရက်၊ ယနေ့သည် ဆောင်းဦးအလယ်ပွဲတော်ဖြစ်ကာ "လွတ်မြောက်ခြင်း" ကို ထုတ်လွှင့်ခဲ့သည်။ သို့သော်လည်း ဒါရိုက်တာကမူ သူ၏ပစ်မှတ်နောက်ကိုလိုက်ကာ Gobi သဲကန္တာရတွင် ခွေးစာများကို ဖြန့်ကျဲနေခဲ့၏။
"လွတ်မြောက်ခြင်း" မတိုင်မှီ တူညီသည့်ရုပ်ရှင် “ပိုင်ဟွား၄၅လမ်း”ကို တစ်လကျော်ကြာရုံတင်ပြသခဲ့ပြီး မကြာမီတွင် ''လွတ်မြောက်ခြင်း''အား ရုံတင်ပြသတော့မည်ဖြစ်သည်။ အင်တာနက်အသုံးပြုသူအများအပြားသည် ထိုနာမည်ကို ပထမဆုံးကြားရသောအခါတွင် မည်သို့တွေးမိကြကြောင်း အင်တာနက်ပေါ်တွင် မျှဝေထားကြသည်။ "ပြည့်တန်ဆာခန်းထဲက အမျိုးသမီးတွေအကြောင်း ဇာတ်လမ်းက ထိတ်လန့်စရာကောင်းတဲ့ ရုပ်ရှင်ပဲ"
"ပန်းတစ်ရာလမ်း" ကို ရိုက်ကူးခဲ့သူ ရှဲ့မင်မှာလည်း လူငယ်ဒါရိုက်တာတစ်ဦးဖြစ်သည်။ သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ခုအနေဖြင့် "ပန်းတစ်ရာလမ်း"မှာ အရည်အချင်းပြည့်မီမည်မှာ သေချာသည်။ ထိတ်လန့်စရာအချက်များစွာကို အလွန်ပါးနပ်စွာ ဖန်တီးထားသည်။ ဇာတ်ညွှန်းက အရမ်းပြည့်စုံပြီး စိတ်ရောဂါအကြောင်း ဖန်တီးထားတာမဟုတ်ပေ။ ပြီးဆုံးအောင်ထိတွေ့ပြီးသောအခါ ထိုအရာများက အိပ်မက်ထဲထိမက်လာမည်ဖြစ်သည်။
သရုပ်ဆောင်များ၏ သရုပ်ဆောင်မှုစွမ်းရည်က သာမန်ဆိုသည့်တိုင် သူတို့အားလုံးက ရုပ်ရှင်ကို နှောင့်နှေးမသွားစေဘဲ မျဥ်းအထက်ကို ဖြတ်ကျော်စေနိုင်သည်။
ကျုံးယွမ်ပွဲတော်နေ့တွင် "လွတ်မြောက်ခြင်း"ကို ထုတ်လွှင့်ခြင်းက Box office၏ပထမနေ့အား ဖော်ရွေစေလိမ့်မည်မဟုတ်ပေ။ အားလုံးပြီးသည့်နောက်တွင် လူအများစုက လွမ်းဆွတ်ဖွယ်တစ္ဆေတစ်ကောင်ဖြင့် တွေ့ရမည်ကိုကြောက်ရကား အပြင်မထွက်လိုကြချေ။သို့သော်လည်း ဤကမ္ဘာတွင် မကောင်းဆိုးဝါးများတည်ရှိခြင်းကိုမယုံပဲ သေချင်နေကြသူများလည်းရှိပြီး ထိုသို့သောနေ့တွင် စိတ်လှုပ်ရှားစရာတွေကိုရှာဖွေဖို့ရာ ထွက်လာကြသူတွေရှိနေဆဲပင်။
ရှုယွမ်မှာ သူတို့ထဲမှတစ်ဦးဖြစ်သည်။ ချစ်သူများနေ့တွင် သူနှင့်တွေ့နေသည့် မိန်းမငယ်လေးမှာ ချီရှီနေ့မတိုင်မှီ လမ်းခွဲသွား၏။ အကြောင်းပြချက်များစွာရှိသော်လည်း နောက်ဆုံးတွင် ခွဲခြမ်းစိတ်ဖြာလိုက်သည့်အခါ အဖြေကတစ်ခုသာရှိ၏။
အချစ်မဟုတ်ခြင်းပေ။
xxxxxx