Chapter 29
Viewers 4k

🐯Chapter 29



၎င်းက သာမန်လူတန်းစားနယ်​မြေတွင် လူအရှုပ်ဆုံး​နေရာဖြစ်သည်။​ လေ​ပေါ်ဝဲထိုင်ခုံ​ပေါ်မှတစ်ဆင့် ပိတ်ရက်မှာပင် စီးပွား​ရေးနယ်​​မြေထဲရှိ သွားလာ​နေ​သောလူများကိုမြင်နိုင်သည်။ လမ်းမ​​ပေါ်ရှိအရာရာတိုင်းက ကုယွီမြန်၏

မျက်လုံးထဲတွင် အနက်​ရောင်နည်းပညာများဖြစ်​နေသည်။သို့ဖြစ်​စေကာမူ ကြီးမား​သောလူစုလူ​ဝေးက ပရမ်းပတာဖြစ်မ​နေဘဲ စနစ်တကျသွားလာလှုပ်ရှား​နေကြသည်။


ကုယွီမြန် စိတ်ဝင်စားမှုအပြည့်ဖြင့် ငုံ့ကြည့်​နေဆဲပင်။ နှင်းကျားသစ်​​လေးမှာ ပျင်းရိစွာတစ်ချက်ကြည့်လိုက်ပြီး ကုယွီမြန်၏ရင်ခွင်ထဲသို့ ပြန်ဝင်၍အသိုက်ဖွဲ့ကာ မျက်လုံးများမှိတ်လိုက်သည်။ သူ၏ရှည်လျား​သောအမြှီးမှာ လူငယ်​လေး၏လက်​ကောက်ဝတ်ကိုပတ်ကာ သူ့ဘေးမှထွက်သွားမည်ကို တားဆီးထားသည်။


ဤ​​နေရာက သူ၏အုပ်ချုပ်မှု​အောက်တွင် ရှိ​နေ​သော်လည်း ကြယ်တာရာမြို့တော်အား သူ မနှစ်သက်​ပေ။ မည်သည့်မြို့​တော်ဖြစ်ပါစေ သူ့အတွက် အ​ရေးမကြီး​​ချေ။


သူတို့က အထက်တန်းလွှာနယ်​မြေထဲရှိ စွမ်းရည်နိုးထရာတွင်အခက်အခဲဖြစ်​နေ​သော က​လေးများကိုအထူးထိန်း​ကြောင်း​ပေးသည့် အ​ကောင်းဆုံးမူကြို​ကျောင်းသို့ သွားကြသည်။ ထိုကျောင်းက များပြား​သော​အောင်မြင်မှုများလည်း ရရှိခဲ့သည်။ အစပိုင်းတွင် ကုယွီမြန်က ရွှယ်ထွမ်အား​ ပျော်ရွှင်​စေချင်သည်။ သို့​သော် ​ရေရှည်တွင်သူ၏သက်တမ်းမှာ ရွှယ်ထွမ်​လေး၏ဘဝတစ်​လျှောက်အတူတူရှိ​နေနိုင်မည် မဟုတ်​​ချေ။ ထို့​ကြောင့်အနည်းဆုံး သူက စွမ်းရည်နိုးထကာ ကိုယ်တိုင်ရပ်တည်နိုင်ရ​ပေလိမ့်မည်။


အမှန်တကယ်တွင် အထက်တန်းလွှာနယ်​​မြေ၏ 

အချက်အချာကျ​သော​နေရာတွင် ပို၍တိုးတက်​သော ​လေ့ကျင့်​ရေး အတိုင်းအတာများရှိ​သော်လည်း ကုယွီမြန်က အထက်တန်းလွှာနယ်​မြေ၏ အချက်အချာကျသော​နေရာသို့  ဝင်​ရောက်ခွင့်မရှိ​​ချေ။


-----


အခြားတစ်ဖက်တွင်...


ကြယ်တာရာမြို့​တော် အထက်လွှာ၏ အ​ကောင်းဆုံး​​မူကြိုကျောင်း၏​လေထုမှာ  သီးသန့်ဆန်စွာ ကျက်သ​ရေရှိ​နေသည်။


"သူတို့ ဒီကို​ရောက်ခါနီးပြီ ဆယ်မိနစ်ပဲလို​​တော့တယ်... ဝန်ထမ်းတွေအားလုံး နေရာယူထားကြ​တော့..."


ဝတ်စုံ​ဟောင်းကို ဝတ်ဆင်ထားကာ ရွှေအို​ရောင်ဆံပင်နှင့် နှာတံ​ပေါ်တွင် အနက်​ရောင်မျက်မှန်ကိုင်းဖြင့် မစ္စတာဖန်းနစ်ခ်မှ ​ပြောလိုက်သည်။ သူ၏​ရှေ့တွင် အပြစ်အနာဆာ

မရှိ​​သော ကျောင်းသူ​ကျောင်းသားများ၊ ဆရာဆရာမများနှင့် ပါ​မောက္ခများ တန်းစီရပ်​နေသည်။


အသက်၃၀၀​ကျော်ပြီဖြစ်သော လူအိုကြီးဒင်းက ကျောင်းသားများ၊ ဆရာများနှင့်အတူ ဦးညွှတ်ပြီးပြောလိုက်သည်။

"ဟုတ်ကဲ့ပါ အဘိုး..."


ဖန်နစ် :"ဟမ်..."


လူအိုကြီးဒင်းက ​ချောင်းဟန့်၍ သူ့စကားများအား လျင်မြန်စွာပြင်လိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာဖန်းနစ်ခ်..."


ဖန်းနစ်ခ်က ခေါင်းညိတ်ပြလိုက်ပြီး မစ္စတာကုမှာ

အလွန်မတင်းကြပ်ရန် ဆု​တောင်းမိ​နေသည်။


နာရီဝက်ခန့်ကြာပြီး​နောက်...


"မစ္စတာကုနဲ့ သူ့မိသားစုဝင်ပါ...ဒါက ကုရွှယ်ထွမ်ပါ..."

ဖန်းနစ်ခ်က သူ့မျက်မှန်ကိုတွန်းတင်လိုက်ပြီး ကုယွီမြန် ကြည့်ရန်အတွက် အလင်းမျက်နှာပြင်​​ပေါ်တွင် တင်ပြလိုက်သည်။


"လွန်ခဲ့တဲ့တစ်နှစ်ခန့်က နည်းပညာအသစ်တစ်ခုကို ရှာ​တွေ့ခဲ့တာအရမ်းကံ​ကောင်းတယ်... ​မွေးရာပါစွမ်းရည် မနိုးထ​သေးတဲ့ က​လေးတိုင်းကို တစ်နှစ်​ကျော်​လောက်​လေ့ကျင့်​ပေးလိုက်တာနဲ့ ​အောင်​အောင်မြင်မြင်နိုးထလာနိုင်ပါတယ်... ဒါက ​​​အောင်မြင်မှု​တွေအများကြီးရှိခဲ့​ပေမယ့် 

စကြဝဠာတစ်ခုလုံးကို ထုတ်မပြတာခဲ့ဘူး... ​လေ့ကျင့်​ရေးအတွက်က​တော့ သင်တန်းကာလက ​နေ့တစ်ဝက်ပါ... မနက်ပိုင်းမှာရွှယ်ထွမ်​လေးကို ဒီကိုပို့​ပေးပြီး ညဆိုပြန်​ခေါ်သွားလို့ရပါတယ်... အကြိုအပို့မလုပ်နိုင်ရင် ကျောင်းက တာဝန်ယူပြီး ပို့​ဆောင်​ပေးမှာပါ..."

  

အချိန်ဇယားနဲ့ပတ်သတ်ပြီး ဂရုတစိုက်ဆွဲထားတာ... ငါတို့ရဲ့ဧကရာဇ်က လူလုံးထွက်မပြတာ အ​​တော်ကြာ​နေပြီ... ဒီလိုဆက်သွားရင် နိုင်ငံ​ရေးမှာပြဿနာ​တွေတက်လာမှာကို စိုးရိမ်တယ်… ဒါ​ကြောင့် ငါတို့သ​ဘောတူညီချက်တစ်ခု

ရှာဖို့လိုအပ်တယ်...


​"ကျောင်းသွားခြင်း"ဆိုတဲ့ ထွက်​ပေါက်တစ်ခုရှိ​နေသ​ရွေ့ ​နေ့အချိန်မှာ ဧကရာဇ်ကအုပ်ချုပ်နိုင်ပြီး ညအချိန်မှာ အဲလူသားဘေးမှာ ကောင်းကောင်းမွန်မွန်အိပ်နိုင်မှာပဲ…


ကုယွီမြန်က ဆရာဖန်း၏ကုတ်အကျီ​ပေါ်ရှိ နာမည်ကတ်ပြားကို တစ်ချက်ကြည့်လိုက်သည့်အခါ 'ဖန်းနစ်ခ်'ဟူသောအမည်ကို မြင်လိုက်သည်။

ထူးဆန်းတဲ့နာမည်ပဲ...


"ဒါ​ပေမယ့် ရွှယ်ထွမ်က ​​ရောင်ခြယ်ဓာတ်ချို့တဲ့တာမျိုးမဟုတ်ဘူး..."

ကုယွီမြန်က နှင်းကျားသစ်​လေးအား သူ့ရင်ခွင်ထဲတွင် ဖက်ထားပြီး နားရွက်​​လေးကိုကုတ်​ပေး​သည်။ နှင်းကျားသစ်​​လေးမှာ အိပ်ချင်မူးတူးဖြင့် နား​ထောင်​နေသည်။


"သူက မျိုးစိတ်တစ်ခုပဲ... အာ ဆရာတို့ မြင်ဖူးမှာမဟုတ်ဘူး... ပုံမှန် စွမ်းရည်နိုးထခြင်းလေ့ကျင့်​ရေး​တွေက 

သူ့အတွက်အဆင်​ပြေနိုင်မယ်ဆိုတာ သေချာရဲ့လား..."


ယခင်အချိန် သူ ရဲစခန်း၌ စာရင်းသွင်းချိန်တွင်

အချက်အလက်ထဲမှ နှင်းကျားသစ်လေးမှာ အသက်ပြည့်ပြီဖြစ်ကြောင်းပြောခဲ့သည်။ ကြယ်တာရာ​ခေတ်၏ စွမ်းရည်နိုးထခြင်းအသက်အရွယ်မှာ အသက်မပြည့်​သေးသူများ

အတွက်သာဖြစ်ပြီး နှင်းကျားသစ်​​လေးမှာ အသက်၂၀ရှိပြီဖြစ်သည်။


​ပြောရမည်ဆိုလျှင် နှင်းကျားသစ်​လေးမှာ ​ရောင်ခြယ်ဓါတ်ချို့တဲ့သူမဟုတ်​ဘဲ ပုံမှန်အသက်အရွယ်တွင် စွမ်းရည်မနိုးထခြင်းမျိုးပင်။ ၎င်းက အလွန်ထူးဆန်းသည်။


"..."


​ထိုမေးခွန်းက ဖန်းနစ်ခ်အား ၃မိနစ်ခန့် ဆွံ့အသွား​စေသည်။ မစ္စတာကု၏ စကားများက ထူးဆန်းလွန်းလှသည်။ ဧကရာဇ်အရှင်က ​ရောင်ခြယ်ဓာတ်ချို့တဲ့သူတစ်​ယောက်ဖြစ်​ကြောင်း သိရှိသူမှာအလွန်နည်းပြီး ၎င်းကို နိုင်ငံတစ်ခုလုံးတွင် သြဇာအရှိဆုံး ပညာရှင်မှ အတည်ပြု​ပေးထားခြင်းဖြစ်သည်။ သို့​သော် ခြားနားချက်မှာ သူက ရောင်ခြယ်ဓာတ်ချို့တဲ့သူ တစ်​ယောက်ဖြစ်​​သော်လည်း သူ၏စိတ်ဝိညာဥ်ပိုင်းဆိုင်ရာ စွမ်းရည်အဆင့်က ​ကောင်းကင်ထိမြင့်တက်သွားသည်။ ၎င်းက အထူးကိစ္စရပ်ထဲမှ အထူးဖြစ်ရပ်တစ်ခုပင်။


ဖန်းနစ်ခ်က ​ချောင်းဟန့်ပြီး ​ပြောလိုက်သည်။

"ဟုတ်ကဲ့ အဲ့ဒါက အလုပ်ဖြစ်ပါလိမ့်မယ်..."


ကုယွီမြန် "..."

အလုပ်ဖြစ်တယ်လား... ဒီ​ကျောင်းက တကယ်​ရောစိတ်ချရရဲ့လား...


အခြားအ​ကြောင်း​ပြောရလျှင် သူတို့​ကျောင်းထဲဝင်လာသည့်အချိန်မှစ၍ အရာအားလုံးက စနစ်တကျစီစဥ်ထားသည့်အတိုင်းဖြစ်​နေပြီး စာသင်ခန်းထဲတွင်​လည်း ကျောင်းသားများ ပြည့်​နေသည်။ သူ့စိတ်ထဲ ထူးဆန်း​သောခံစားချက်တစ်ခုရသည်။


"မစ္စတာကု ​လေ့ကျင့်​ရေးအတွက် အခု​ပေး​​ချေ​တော့မလား... ​စော​စော​စလေ ပို​ကောင်း​လေပါပဲ..."

ဖန်းနစ်ခ်က ကုယွီမြန်ကို အားတက်သရောကြည့်လိုက်သည်။ သူက မိဘများထံ ညံ့ဖျင်းသည့် 

ကျူရှင်အတန်းများကို ​မိတ်ဆက်​​ပေး​နေ​သော ​ကောင်​လေးတစ်​ယောက်အတိုင်းပင်။

"အခုဆိုရင် ​လျှော့​​စျေး​တွေလည်း ရှိ​နေပါ​သေးတယ်..."


ကုယွီမြန် :"...."

"​ကောင်းပါပြီ ကျွန်​တော်စဥ်းစားကြည့်လိုက်ဦးမယ်..."


ဤ​ကျော်ကြားသည့် ဆရာမှာ အလွန်ပ​ရော်ဖက်ရှင်မဆန်သည့်ပုံ​ပေါ်သည်။ သူ့စိတ်ထဲတွင် သံသယများလာ​လေ​လေ က​လေးအား​ကျောင်းပို့ရန်အတွက် ပို၍ဂရုစိုက်လာ​လေ​လေပင်။

"​တောင်းပန်ပါတယ်...​​ နောက်မှ အ​ကြောင်းပြန်မယ်​​​နော်..."


ကုယွီမြန်၏လက်​မောင်းထဲတွင် အသိုက်ဖွဲ့​နေ​သော နှင်းကျားသစ်​လေးက ဖန်းနစ်ခ်အား ​အေးစက်စွာတစ်ချက်ကြည့်လိုက်သည်။

ဘာကိုမှ​ကောင်း​ကောင်းမလုပ်နိုင်ဘူး... အရူး...


ဖန်းနစ်ခ်၏ နဖူး​​​​ပေါ်တွင်  ချွေးစေးများ စီးကျလာသည်။


"နေပါဦး...တကယ်​တော့ ကျွန်​​​တော်က ယာယီအလုပ်သမားပါ..."

ဖန်းနစ်ခ်က အလျင်စလို​ပြောလိုက်သည်။


"ကျွန်​​​​တော်က အစားထိုးမို့လို့ ​သေချာမသိပါဘူး... ပ​ရော်ဖက်ဆာကို ထွက်လာပြီး​ပြောဖို့ သွား​​​ခေါ်လိုက်ပါဦးမယ်..."


"ဟုတ်ကဲ့..."


ထိုအချိန်တွင် အသက်၃၀၀​ကျော်ရှိ​ပြီဖြစ်သော လူအိုကြီးဒင်းက အချိန်ကိုက် တံခါးဖွင့်ဝင်လာသည်။

"​တောင်းပန်ပါတယ်... ကျွန်​​တော်က ပ​ရော်ဖက်ဆာပါ... ညစာစားဖို့အတွက် ထွက်သွားတာပါ..."


ကုယွီမြန် :"…"


"မစ္စတာကု အချိန်ရမယ်ဆိုရင် ကျွန်​တော် စည်းမျဥ်း​တွေနဲ့ ​လေ့ကျင့်​ရေးလုပ်​ဆောင်ချက်​တွေကို ​သေချာရှင်းပြ​ပေးပါ့မယ်..."

လူအိုကြီးဒင်းက ကြင်နာစွာပြုံးပြီး ဝင်လာသည်။


နှစ်နာရီကြာပြီး​နောက်...


ကုယွီမြန်၏​ခေါင်းက ​လေးလံလာပြီး ရုံးခန်းမှထွက်လာ​သောအခါ သူ့ခြေ​ထောက်များ​ပေါ့ကာ ​ခေါင်းမူးလာသည်။လူအိုကြီးဒင်းက ဖန်းနစ်ခ်မှာ မြို့​တော်၏​ဆေး​ကျောင်းမှ 

အလည်လာသည့်ဆရာတစ်ဦး​ဖြစ်​ကြောင်း​ ပြောခဲ့သည်။ သူက ကုယွီမြန်ကို အရူးလုပ်ခဲ့သည်။ သို့​သော် 

သူ၏သင်ကြားမှုစွမ်းရည်က ထိပ်တန်းဖြစ်သည်။ ကုယွီမြန်မှာ ​​ဟော​ပြောချက်များကို နား​ထောင်ပြီး လွတ်​ပေါက်များကိုရှာ​ဖွေရန် ကြိုးစားခဲ့​သည်။ သူ၏ဦး​နှောက်မှာ ခဲလုနီးပါးပင်။


သို့​သော် ရှင်းပြသည်များကိုနား​ထောင်ပြီး ကိုယ်တိုင်နားလည်ရန်အတွက် ပစ္စည်းများကို စစ်​ဆေးကြည့်သောအခါ ​လေ့ကျင့်​ရေးက အဆင်​ပြေသည်ဟုထင်သည့်အတွက်  လိုအပ်သည့် ​ငွေပမာဏကို​ပေးချေလိုက်သည်။

ယ​နေ့တွင် ​ကျောင်းစထားမည်ဖြစ်၍ ကုယွီမြန်မှာ လူအိုကြီးဒင်း​နောက်သို့လိုက်သွားပြီး နှင်းကျားသစ်​လေးကို ရုံးခန်းသို့ ပို့လိုက်သည်။ လူအိုကြီးဒင်းနှင့် ​ကျောင်အုပ်ကြီးတွင် ​ဆွေး​နွေးစရာများရှိ​နေသည့်ပုံ​ပေါ်သည်။ ဖန်းနစ်ခ်ကလည်း သူတို့၏​နောက်မှလိုက်သွား၍ ကုယွီမြန်တစ်​ယောက်ထဲသာ ထွက်လာလိုက်သည်။


နှင်းကျားသစ်​လေးမှာ​ နေ့​ကျောင်းသွား​တော့မည်ဖြစ်၍ ကုယွီမြန် အနည်းငယ် အထီးကျန်​ရလိမ့်မည်။


"ကောင်းပြီလေ.."

ကုယွီမြန် ကျောင်းဂိတ်​ပေါက်မှထွက်လာပြီး​​နောက် တစ်စုံတစ်ခုအား သတိရသွားသည်။ ပန်ဒါအ​ကြောင်း လိုင်း​​ပေါ်တွင် မရှာနိုင်​သော်လည်း တစ်စုံတစ်​ယောက်အားမ​မေးနိုင်ဟု မဆိုလို​ပေ။ အသက်၃၀၀ရှိ​သော ဒင်းက

ဗဟုသုတကြယ်ဝသည့်ပုံ​ပေါ်သည်။ သူ့ကို​မေးသင့်သည်။


ကုယွီမြန်၏ နှလုံးခုန်သံမြန်လာပြီး လမ်းလျှောက်ရာတွင်​ပြေးလုနီးပါပင်။ ရုံးခန်း​ရှေ့​ပေါက်သို့​ရောက်​သောအခါ တံခါးက ​သော့ခတ်မထား​သော​ကြောင့် ဖွင့်ဝင်လိုက်သည်...


"ပ​ရော်ဖက်ဆာ...ကျွန်​တော်​မေးချင်လို့ပါ..."

သူ့စကားမဆုံးမီတွင် စကားလုံးများက လည်​ချောင်းထဲတွင် ​သေဆုံးသွားရသည်။


​လေထုက ရပ်တန့်​နေသည်။


ရုံးခန်းက ကုယွီမြန်ထွက်သွားစဥ်ကနှင့် မှတ်မိသည့်အတိုင်းတူညီ​နေသည်။ ၎င်းက သာမန်ရုံးခန်းဖွဲ့စည်းပုံနှင့် စာအုပ်စင်၂ခုနှင့် ထိုင်ခုံများဖြစ်​ချေသည်။


​ရွှေ​ရောင်ဆံပင်နှင့် ဆရာဖန်းနစ်ခ်က ​​ငွေ​ရောင် စစ်တပ်ကုတ်ကို သူ့လက်ထဲတွင်ကိုင်ထားပြီး ဦးညွှတ်​နေသည်။လူအိုကြီးနှင့်သူ၏ လက်​အောက်ငယ်သားများကလည်း 

နနဖူးတွင်ချွေးစေးများဖြင့် ကိုးဆယ်ဒီဂရီဦးညွှတ်​ကာ ​​​လေထုမှာအလွန်  ဂုဏ်ကျက်သ​ရေရှိ​နေသည်။


သူ၏ရွှယ်ထွမ်​လလေးမှာ ပျောက်ဆုံး​နေပြီး 

လူအားလုံးအလယ်တွင် ​​ယောကျာ်းတစ်​ယောက်ရှိ​နေသည်။


ထိုသူက စစ်သားဝတ်စုံဖြင့် သူ၏ရှည်လျား၍ စစွမ်းအားကြီးသော​​ခြေ​ထောက်များကို​ ပေါ်လွင်စွာ

ထိုင်​နေသည်။ သူက ဘွတ်ဖိနပ်စီးထား​သော ​ခြေ​ထောက်များကို ချိတ်ထားပြီး ပျင်းရိပျင်းတွဲ​လေထုအား

​ပေး​နေသည်။ သူ၏လည်စည်းကို ပြင်ဆင်​နေသည့်လက်​ချောင်းများမှာ အနည်းငယ်စိတ်မရှည်ဖြစ်​နေသည်။


​ငွေ​ရောင်ဆံပင်၊ နှုတ်ခမ်းပါးနှင့် ခဲပြာ​ရောင်မျက်လုံးများ။


သူက အရပ်ရှည်၍​ချော​မော​​သော အမျိုးသားတစ်​ယောက်ပင်။


အသံကြား​​​​သောအခါ သူက မျက်လုံးပင့်လိုက်ပြီး မီတာအနည်းငယ်အကွာတွင်ရပ်​နေ​​သော ကုယွီမြန်အား ကြည့်လိုက်သည်။

"..."


​လေထုက ရပ်တန့်သွားသည်။


-----


ထိုအချိန်အ​တောအတွင်း ကိုယ်ပိုင်ဘ​လော့အ​သေးစား​​ပေါ်၌


[@ ကြယ်တာရာ​ကောင်းကင်လိုက်ဖ်: ဒီမှာတင်ဆက်သူအသစ်!ကုယွီမြန် [ဗီဒီယို] တာ့ခ်က တင်ဆက်သူက ယ​နေ့ညအတွက် အဆင့်သတ်မှတ်ချက်ကို ​ကြေငြာ​ပေးလိမ့်မယ်... ​ကျေးဇူးပြုပြီး ​စောင့်​မျှော်​ပေးပါဦး...]


[ဂျူနီယာဘီ : အာအာ ငါဒီမှာ... ဟိုနတ်ဘုရားပဲ...သွားပြီး တစ်ချက်ကြည့်ရ​အောင်...]


[တိမ်ရင်ထိုး​သေး​သေး​လေး: အ​ရှေ့ဆုံးခုံမှာထိုင်မယ်...နတ်ဘုရားတင်ဆက်သူကို မြန်မြန်ထုတ်လွှင့်ဖို့အတွက်​ပြော​ပေးပါဦး… ငါ့ရဲ့ပိုက်ဆံ​တွေကို သူ့အ​​​ပေါ်သုံးချင်တယ်QAQ ပြီးတော့ သူက  Aအဆင့်ထက် မြင်မှာ...

ငါ့သူ့ကို Sအဆင့်ရမှတ်​ပေးမယ် ဟားဟားဟား…]


[​ရေပူ​ဖောင်း​တွေမှုတ်​နေတဲ့ သာမန်ငါး​လေး:

@ ဂျူနီယာဘီ အစ်ကို လွန်ခဲ့တဲ့တစ်ပတ်​လောက်ကမှ မင်းဘဝမှာ လူသားတစ်​ယောက်ကို ထပ်မ​တွေ့ချင်ဘူးလို့ ​ပြောခဲ့တာမဟုတ်ဖူးလား… ပြီးတော့ ငါ့ကိုလာ​နောက်​နေတာလား A အဆင့်တဲ့… ကြယ်တာရာမြို့​တော်မှာ A အဆင့် အယောက် 40ထက်ပိုပြီး မရှိ​သေးဘူး... ဘယ်လိုလုပ် တာ့ခ်က တင်ဆက်သူတစ်​ယောက်က အဲဒီ အဆင့်ရှိနိုင်မှာလဲ...]


[ပ​ရေရီ​ဇော်မွှားပန်း: ​ရှောင်မင်ဆီက​နေ ​ထောက်ခံချက်ရထားတာ...တကယ်အသုံးဝင်တယ်... ဒီထုတ်လွှင့်မှုကို ကြည့်ဖို့ဆုံးဖြတ်ထားတယ်..]


[အိပ်မက်​တွေရဲ့ဇာတ်သိမ်းတစ်ခု: လိုက်ခ်​ပေးပြီး မျှ​ဝေ​ပေးလိုက်မယ်... အိပ်မ​ပျော်တဲ့​ရောဂါရှိတဲ့ သူငယ်ချင်း​တွေလည်း ကြည့်သင့်တယ်…]


လူသစ်ယှဥ်ပြိုင်ပွဲ​ကြောင့် ကြယ်တာရာ​ကောင်းကင်က တင်ဆက်သူအသစ်အချို့ကို ​ကြေငြာခဲ့သည်။ သို့​သော် ကုယွီမြန်၏မှတ်ချက်များမှာ အခြားကြယ်များထံမှ တင်ဆက်သူများထက် ပိုများ​နေသည်။ ကြယ်တာရာ​ကောင်းကင်၏ CEOဖန့်လဲ့နာကိုယ်တိုင် မျှ​ဝေထားသည့်အတွက် လူများစွာအား မနာလိုဖြစ်​စေသည်။


သို့​သော် အတင်းအဖျင်းများ​ကြောင့် ကုယွီမြန်၏

အဆင့်များနှင့်ပတ်သတ်ပြီး လူများစွာကသံသယဝင်​နေကြသည်။ အဆုံးတွင် Aအဆင့်ရရန်က အလွန်ခက်ခဲသည်။​ကျော်ကြား​သော တင်ဆက်သူအများစုက  Bအဆင့်နှင့်

​​အောက်သာ ရှိကြသည်။


၎င်းက ကိုယ်ပိုင်ဘ​လော့အ​သေးစားတစ်ခု၏ ​​သေးငယ်​သော​ထောင့်​တစ်​နေရာသာဖြစ်သည်။


ကြယ်တာရာမြို့​တော်တွင် ကြီးမား​​သောပမာဏရှိသည့် သတင်းများမှာ အချိန်နှင့်အမျှတက်​​​နေသည်။


ဥပမာအားဖြင့် ယ​နေ့၏လူကြည့်အများဆုံး ရှာ​ဖွေမှုထိပ်ဆုံးစာရင်း၁၀​နေရာတွင်


[ငါ့မိသားစုရဲ့အကြိုက်ဆုံး ပဲ​စေ့​​လေး ဖျားနာ​နေတယ်QAQ]


[​လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ကောအာရှစ်စစ်ရဲ့​အေးဂျင့်က ကိုယ်ပိုင်ဘ​လော့​လေးတစ်ခုတင်ခဲ့ပြီး အာရှစ်စစ်က အနာဂတ်မှာ တင်ဆက်မှု​​တွေနားထားဦးမယ်လို့​ ပြောတယ်…]


[​ကောအာရှစ်စစ်က နေမကောင်းတော့ အနားယူသင့်ပါတယ်လေ…]


​ကောအာရှစ်စစ်၏ ပရိသတ်အားလုံး စိတ်ဓာတ်ကျ​နေသည်။


အ​ကြောင်းအမျိုးမျိုး​ကြောင့် ​ကောအာရှစ်စစ်မှာ သူ၏ကိုယ်ပိုင်ဘ​လော့ကို အသုံးမပြုဘဲ ​အေးဂျင့်နှင့်စတူဒီယိုမှ အားလုံးကိုစီမံ​နေခဲ့သည်။ ​​အေးဂျင့်မှ ဘ​လော့တင်ထားသည်မှာ ကြာပြီဖြစ်​သော်လည်း ​ကောအာရှစ်စစ်က အလွန် ကျော်ကြား​သော​ကြောင့် ရှာ​ဖွေမှုစာရင်းတွင် 

၂ရက်၃ရက်ကြာသည်အထိ ရှိ​နေ​သေးသည်။


ယ​နေ့၏အခြားထိပ်ဆုံးစာရင်းဝင် ရှာ​ဖွေမှု 

တစ်ခုမှ တာ့ခ်​ပေါ်တွင် တွေ့ခဲ့သည် ဥ ပုံသဏ္ဍာန် 

အာကာသယာဥ်အပိုင်းအစဖြစ်သည်။


ထိုသတင်းက ပရိသတ်များထံမှ တွန်းထုတ်ခံလိုက်ရသည်။


၎င်းက သေ​စေနိုင်​သောချို့ယွင်းချက်ဖြစ်ပြီး

ဥ ပုံစံကယ်ဆယ်​​ရေးအာကာသယာဥ်များမှာ 

စစ်ကြီးပြီး​​နောက် လုံးဝ​ပျောက်ဆုံးသွားခဲ့ပြီးဖြစ်သည်။


လူအများစုက ​အတွင်းထဲရှိသက်ရှိ၏ဥာဏ်ရည်နှင့် အရွယ်အစားမှာ သေးငယ်သွားမည်ဖြစ်​ကြောင်း သိရှိကြသည်။ သို့​သော်​ နောက်ဆုံးအသုတ်ထုတ်လုပ်သည့် ဥ ပုံစံကယ်ဆယ်​ရေးယာဥ်များမှာ အလွန်ထူးခြားပြီး အဖိုးတန်သည်။ ၎င်းတို့အား ​ခေတ်​ဟောင်းချစ်သူများမှ လိုက်လံရှာ​ဖွေကြသည်။


ဤ​နောက်ဆုံးအသုတ်တွင် အ​ကောင်​ပေါက်ပုံစံသို့

​ပြောင်းသွားသည့် ချို့ယွင်းချက်ကို ပြင်ဆင်ခဲ့ပြီး

အချိန်ကြာလာသည်နှင့်အမျှ သူတို့၏နဂိုအရွယ်သို့ပြန်သွားနိုင်သည်။ အစပိုင်းတွင် အချိန်က အလွန်တို​​​တောင်း​သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တည်ငြိမ်လာလိမ့်မည်။


​ကောအာရှစ်စစ်၏​ ငွေ​ရောင်စစ်သ​င်္ဘောက ထို​နောက်ဆုံးအသုတ် ဥ ပုံစံကယ်ဆယ်​ရေးယာဥ်များထဲ ပါဝင်သည်။


-----


ကုယွီမြန်၏အိမ် တိတ်ဆိတ်​သောဗီလာ၌


လုံခြုံ​ရေးစက်ရုပ်က ယုံကြည်စိတ်ချရစွာဖြင့် အန္တရာယ်များမှကာကွယ်ရန် လှည့်ပတ်​နေသည်။ ဝဝတုတ်တုတ် ပန်ဒါ​လေးက ပျော့​ပြောင်း​သော ကူရှင်​​ပေါ်တွင်ထိုင်​နေပြီး ကိုယ်ပိုင်အသိဥာဏ်ပါရှိ​သောအိမ်မှ​ ဆော့ကစားရန် အရုပ်​လေးများ ပို့​ပေးထားသည်။ သို့​သော် မကြာမီတွင် သူ မ​ပျော်မရွှင်ဖြစ်လာသည်။


သူ့ကို ထိန်းပေးသည့် လူငယ်လေးမှာ မရှိ​တော့​ပေ။


သံသယနှင့် စိတ်မလုံခြုံမှုများမြင့်တက်လာပြီး​​နောက် 

အခန်းထဲတွင် အလင်းတစ်ချက်လက်သွားသည်။


အသက်၉နှစ်အရွယ်ရှိသည့် ကလေးငယ်​လေးက ​မြေပြင်​ပေါ်တွင် ထိုင်​နေသည်။ သူက အနက်​ရောင်ခါးပတ်​ဘောင်းဘီနှင့် အကျီအဖြူ​လေးဝတ်ထားသည်။ သူ့တွင် ချစ်စဖွယ်လုံးဝန်း​သောမျက်နှာရှိပြီး အနက်​ရောင်မျက်ဝန်းကြီးများအား ဗလာဖြစ်စွာခတ်လိုက်သည်။


​ကောအာရှစ်စစ်က ကြီးမား​သောပန်ဒါကြီးအဖြစ်​ ပေါ်လာရမည်ဖြစ်​သော်လည်း သူ၏ လူသားအသွင်အပြင်မှာ ၈နှစ်အရွယ်သာရှိ​​သေး၍ အမှန်တကယ် စိတ်တိုစရာ​ကောင်းသည်။


ရုတ်တရက် သူ့မှတ်ဥာဏ်များပြန်ဝင်လာသည်။ အစပိုင်း တိုက်ရိုက်ထုတ်လွှင့်​မှုကြည့်​နေသည့်အချိန်မှစ၍ သူ့အ​ဖေ၏ကြယ်သ​င်္ဘောနှင့် တာ့ခ်သို့လာပြီး ကယ်ဆယ်​ရေးယာဥ်ထဲသို့ဝင်သွားပြီးနောက်  ​သူ ပေါက်စ​လေးဖြစ်လာခဲ့သည်။


"...."


​ကောင်ငယ်​လေးက မြေပြင်မှခုန်ထပြီး ဗီဒို​ပေါ်သို့တွယ်တက်ကာ သူ၏နာရီသဏ္ဍာန် လက်ပတ်ကွန်ပျူတာကိုရှာ​ဖွေ၍ ​လော့ဖွင့်လိုက်သည်။


သူ့မိဘများမှာ ​ရှေး​​ဟောင်းကမ္ဘာ​ပေါ်တွင် အ​ပျော်ခရီးထွက်​နေဆဲဖြစ်၍ သူတို့​ပေါ်  မှီခိုအားမထားနိုင်​ပေ။ ယခု သူအားကိုးနိုင်သည့် သူမှာ...


သူ၏အေးဂျင့်ပင်...




🐼🐼🐼