အပိုင်း ၁၂၅
Viewers 23k

ဖုကျန်းကတော့ ထိုဝတ္ထုဇာတ်လမ်းများကို တစ်ခါတစ်ရံ အင်တာနက်ပေါ်တွေ့သည့်အခါတိုင်း ဖတ်ဖြစ်သည်။၎င်းတို့က သူ့ကို စိုးစဉ်းမျှစိတ်အနှောင့်အယှက်မဖြစ်စေပေ။ သူ သူ့ကိုယ်သူ ထိုခွေးဇာတ်လမ်းများထဲတွင် မြင်ရသည်အား အလွန်သဘောကျသည်။ ဇာတ်လမ်းများကလည်း ဖတ်လို့ကောင်းလှသည်ပင်။ ထို့ကြောင့် သူသည် ညအိပ်ယာဝင်ချိန်တွင် မီးများကိုပိတ်ပြီး အိပ်ယာပေါ်တက်ကာ စောင်ခြုံလျက် စောင်အောက်တွင် စာခိုးဖတ်လေတော့သည်။
အကျိုးဆက်အနေနှင့် ကျန်းဟန်ရှုနှင့် ပက်ပင်းတိုးခြင်းပင်။ ကျန်းဟန်ရှုက ဤစကားနားမထောင်သည့် ကလေးငယ်ကို ကောင်းကောင်းဆုံးမဖို့ ပြင်ဆင်ထားခြင်းဖြစ်၏။ သို့သော် မိုဘိုင်းဖုန်းစခရင်၏ အလင်းရောင်မှ ဖုကျန်း၏မျက်တောင်များတွင် မျက်ရည်စများခိုတွဲနေသည်ကို မြင်လိုက်ရသည်။ သူ့မျက်ဝန်းများမှ မျက်ရည်များစီးကျလျက် ရှိနေပြီး မျက်ဝန်းထောင့်များကလည်း နီရဲနေသည်။ ၎င်းက ဖုကျန်း ငိုထားကြောင်း သေချာသွားစေသည်။
ကနဦးက ကျန်းဟန်ရှုသည် ဖုကျန်းကို ကျန်းမာရေးပညာပေး သင်တန်းပို့ချဖို့ဖြစ်သော်လည်း ဖုကျန်း၏မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ကြောင်အမ်းသွားလေသည်။ သူ အလျင်အမြန် လက်ကိုမြှောက်လျက် ဖုကျန်း၏မျက်ဝန်းထောင့်က မျက်ရည်များကို သုတ်ပေးလိုက်ပြီး လေသံဖျော့ဖျော့ဖြင့် မေးသည်။
" ဘာဖြစ်လို့လဲ။ ဘာလို့ငိုနေတာလဲ..."
ဖုကျန်းက ဤသို့သောအချိန်တွင် နူးညံ့ပျော့ပြောင်းသွားသော ကြင်နာမှုများကို တန်ဖိုးထားရကောင်းမှန်း မသိချေ။ ကျန်းဟန်ရှု၏စိုးရိမ်ပူပန်နေဟန် အသွင်သဏ္ဌာန်ကို မြင်လိုက်ရသောအခါ သူ အော်ရယ်လိုက်တော့သည်။ ဖုကျန်း ဘာမှဖြစ်မနေကြောင်း ကျန်းဟန်ရှုသိသွားသည်။
သူ မျက်နှာပေါ်က စိုးရိမ်ပူပန်နေဟန် မျက်နှာထားကို ချက်ချင်းပြောင်းလိုက်သည်။ ထို့နောက် အိပ်ယာဘေးက မီးအိမ်ကိုဖွင့်လိုက်ကာ ဖုကျန်းကိုငုံ့မိုးကြည့်လျက် တည်ကြည်လေးနက်စွာပြောလိုက်သည်။
" မင်း ခုနက ဘာဖြစ်တာလဲ။ အမှန်အတိုင်းပြောရင် ညှာတာပေးမယ်..."
ဖုကျန်းက ကျန်းဟန်ရှုကို ယခုထိတိုင် နောက်ပြောင်နေဆဲ။
" အမှန်အတိုင်းပြောရင် ထောင်ထဲရောက်တယ်တဲ့၊ တင်းကြပ်တဲ့စည်းကမ်းတွေကို ခံနိုင်ရည်ရှိရင် နှစ်သစ်ကူးကျ အိမ်ပြန်ရတယ်..."
ကျန်းဟန်ရှု ဖုကျန်း၏နဖူးလေးကို တောက်လိုက်သည်။ ထို့နောက် အိပ်ယာထဲမှ လူးလွန့်ထလိုက်သည်။ သူ ဘာလုပ်ဖို့ ကြံရွယ်နေသည်မှန်း ဖုကျန်းလည်းမသိပါချေ။ သူသည် ကျန်းဟန်ရှု၏အိပ်ယာအောက်ကို လှန်လှောရှာဖွေနေပုံကိုသာ ကြောင်အအဖြင့် ကြည့်နေမိသည်။ ခဏကြာသော် ကျန်းဟန်ရှု၏ လက်ထဲတွင် လက်ထိပ်နှစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေ၏။
ဖုကျန်းမှာ ချက်ချင်း နားဝေတိမ်တောင်ဖြစ်သွားသည်။ ကျန်းဟန်ရှုက အိမ်တွင် ထိုသို့သောအရာမျိုး ထားလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သူ ကျန်းဟန်ရှုအား မေးလိုက်၏။ " ခင်ဗျား အဲ့ဒါကို ဘယ်ကရတာလဲ..."
ကျန်းဟန်ရှုက သူ့အား လျစ်လျူရှုထားပြီး အိပ်ယာပေါ်ကို လက်ထိပ်ကိုင်လျက် တက်လာသည်။ သူ ဖုကျန်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး လက်နှစ်ဖက်လုံးကို လက်ထိပ်ခတ်လိုက်သည်။ ထို့နောက် ဖုကျန်း၏ခန္ဓာကိုယ်ကို သူ့အောက်၌ဖိထားကာ ပြောလိုက်သည်။ " အိုကေ၊ ပွင့်ပွင့်လင်းလင်းပဲ လုပ်တာပေါ့..."
ဖုကျန်း၏မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် နီမြန်းနေသည်။ ယနေ့ညတွင် ကျန်းဟန်ရှုက သူ့နှင့် Cosplay ကစားလိုသည်ထင်၏။
သို့သော် ကျန်းဟန်ရှု၏စကားကို အထအနကောက်လျှင် ဖုကျန်းနှင့် ရဲသားနဲ့သူခိုး ဂိမ်းကိုကစားလိုနေသည့်ပုံ မပေါ်ပါချေ။ သူ အိပ်ယာပေါ်က ဖုကျန်း၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုကျန်း၏လက်ကိုဆွဲကာ လက်ဗွေရာဖြင့် ဖုန်းကိုဖွင့်လိုက်သည်။ ထိုအခါ ဖုန်းစခရင်ပေါ်တွင် စာပိုဒ်တစ်ခုမြင်လိုက်ရလေသည်။ " သင်းပျံ့ချိုမွှေးနေတဲ့ ဖယ်ရိုမုန်းတွေက အခန်းကိုတစ်ခဏချင်း ဖုံးလွှမ်းသွားတယ်။ ဒီအိုမီဂါ၏ရနံ့က ချိုမြိန်လွန်းပြီး သူ့ကိုဆွဲဆောင်နေတယ်။ သူ အခုလို လှုံ့ဆော်မှုမျိုးမရရှိခဲ့တာ အချိန်ကြာလှနေပြီ။ ကျန်းဟန်ရှု အင်အားသုံးပြီး ဖုကျန်းကို ထောင့်တစ်နေရာမှာ ကပ်လိုက်ကာ လက်ကိုပင့်မြှောက်လိုက်ရင်း ဖုကျန်းရဲ့မေးစေ့ကို မော့စေလိုက်တယ်။ ရှည်ရှည်မျောမျော သူ့မျက်ဝန်းတွေက အနည်းငယ်မှေးကျဉ်းသွားပြီး အန္တရာယ်အငွေ့အသက်တွေလည်း ထုတ်လွှတ်နေတယ်။ သူ့နှုတ်ခမ်းတွေက ဖုကျန်းရဲ့နားရွက်နားကို တိုးကပ်သွားပြီး သြသြရှရှအသံနဲ့ နားလည်ရခက်စွာ ပြောတယ်။ ကောင်လေး၊ ဒါကမင်းတောင်းဆိုတာနော်။ ဖုကျန်း သူ့ဗိုက်ကလေးကို ပိုက်ထားရင်း ကျန်းဟန်ရှုကို သနားစဖွယ် ကြည့်လျက် ပြောတယ်။ ကျွန်တော်..ကျွန်တော် ကိုယ်ဝန်ရှိနေလို့ ဖြည်းဖြည်းပဲလုပ်ပေးပါ..."
ကျန်းဟန်ရှု : "........"
" မင်းညမအိပ်ဘဲ ဒီလိုဇာတ်လမ်းတွေ ဖတ်နေတာပေါ့လေ၊ အပြစ်ပေးရတော့မယ်နဲ့တူတယ်" ကျန်းဟန်ရှု ဖုကျန်းကို သူ့ပေါင်ခွင်ပေါ်တင်လိုက်ပြီး ဖုကျန်း၏ပေါင်ကို ခပ်သာသာရိုက်လိုက်သည်။
ယခုတလောတွင် ဖုကျန်းက ကျန်းဟန်ရှုချမှတ်ပေးထားသည့် အလုပ်နှင့်နားချိန်အချိန်ဇယားကို တဖြည်းဖြည်း မျက်ကွယ်ပြုလာသည်။ ကိုယ့်အပြစ်ကိုယ်သိသော ဖုကျန်းမှာ ကျန်းဟန်ရှု၏လက်မောင်းကို ဆွဲလျက် ညှာတာပေးဖို့ တောင်းပန်ရတော့သည်။
" ကျွန်တော် မှားပါတယ်၊ ကျွန်တော်မှားပါတယ်၊ ကျွန်တော်မှားပါတယ်။ နောက်မလုပ်တော့ပါဘူး..."
ဤအသံနေအသံထားက သနားညှာတာဖို့ တောင်းပန်နေသည်နှင့် မတူပါချေ။
ကျန်းဟန်ရှု ဖုန်းကိုဖုကျန်းရှေ့ ယူလာပြီး ပြောလေသည်။ " မင်းကိုယ်တိုင်အသံထွက်ဖတ်..."
ဖုကျန်းမှာ ကျန်းဟန်ရှုက သူ့ကိုယခုကဲ့သို့အပြစ်ပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ၎င်းက သူမျှော်လင့်ထားသည်နှင့် လုံးဝကွဲပြားနေသည်ပင်။ လက်ထိပ်ခတ်ခံထားရသည့် သူ့လက်ကလးကိုသာ သနားမိတော့သည်။
" မြန်မြန်..." ကျန်းဟန်ရှုကို သူ့ကိုဆော်သြသည်။
ဖုကျန်း စခရင်ပေါ်က စာပိုဒ်များကို ကြည့်လိုက်သည်။ သူ ကိုယ်တိုင်ဖတ်ရလို့လည်း သိပ်အထွေအထူးမခံစားရပါချေ။
လုပ်စမ်းပါ၊ အပန်းမကြီးပါဘူး။
သူ လည်ချောင်းကို ရှင်းလိုက်ရင်း : " ကျန်းဟန်ရှု ဖုကျန်းရဲ့လည်ပင်းပေါ်က ဂလင်းနားမှာ ခေါင်းကိုမြှုပ်ထားပြီး အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်တယ်။ အိုး၊ ဒီကောင်လေးရဲ့ အနံ့က အရမ်းကို ချိုအီနေတာပဲ။ သူ့ရဲ့ အာသာဆန္ဒတွေကို ဘယ်လိုမှ ချုပ်တည်းမထားနိုင်တော့ဘူး။ သူ ဖုကျန်းရဲ့ ခန္ဓာကိုယ်လေးကို ပွတ်သပ်နေမိတယ်။ ဖုကျန်းကတော့ ကျန်းဟန်ရှုရဲ့ပုံစံကြီးကြောင့် ကြောက်ပြီး တစ်ကိုယ်လုံးတုန်ယင်နေရှာတယ်..."
.......
ဤသနားစဖွယ်စာဖတ်ခြင်းကြောင့် ဖုကျန်းမှာ နောက်တစ်နေ့ နံနက်ဆယ်နာရီမှ အိပ်ယာက ထနိုင်ခဲ့သည်။ ကံကောင်းထောက်မ၍ ယနေ့က ပိတ်ရက်ဖြစ်၍ ကျန်းဟန်ရှုက ကုမ္ပဏီကိုအလုပ်သွားစရာမလို၍သာ တော်တော့သည်။ ထို့ကြောင့် သူ ဖုကျန်းနှင့်အတူ အိပ်ယာပေါ်၌ အတော်ကြာနေပေးခဲ့သည်။
အိပ်ယာမှထပြီးလျှင် ကျန်းအိမ်ကိုသွား၍ ကိုကိုးကို သွားကြိုသည်။ ထို့နောက် နေ့လယ်ပိုင်း၌ ကိုကိုးနှင့်အတူ ခဏကြာ ဆော့ကစားပေးသည်။ ကိုကိုး မော၍အိပ်ပျော်သွားသောအခါမှ သူတို့နှစ်ယောက်လုံး အလုပ်စလုပ်ကြတော့သည်။
ကျန်းဟန်ရှု ဖုန်းဖြေဖို့ အပြင်ကိုထွက်သွားသည်။ ခဏကြာတော့ တံခါးကိုပြန်ဖွင့်၍ဝင်လာကာ ဖုကျန်းကိုပြောသည်။ " အထက်အစိုးရက မင်းကို နောက်နှစ်အမျိုးသားနေ့မှာ ပြည်သူလူထုကို အမျိုးသားစိတ်ဓာတ်လှုံ့ဆော်ပေးမဲ့ ဗီဒီယိုအတိုလေးတစ်ပုဒ် ရိုက်ပေးစေချင်တယ်တဲ့..."
ဖုကျန်း၏ စာရွက်လှန်နေသည့်လက်လေးက တုန့်ခနဲရပ်သွားကာ ကျန်းဟန်ရှုကို ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် တွေးဆဆနှင့် ပြန်ဖြေလိုက်၏။
"ကိစ္စမရှိပါဘူး..."
သို့သည့်တိုင် သူ သဘောတူလက်ခံလိုက်ပြီးကာမှ အနည်းငယ်စိုးရိမ်ပူပန်လာသည်။ ဤနယ်ပယ်နှင့်ပတ်သက်ပြီး သူ တစ်ခါမှ ကမ်းလှမ်းမခံခဲ့ရဖူးပေ။ ထိုနယ်ပယ်တွင် ကျွမ်းကျင်သည့်ဒါရိုက်တာများရှိပါလျက် ဘာကြောင့် သူ့ကိုမှ လာကမ်းလှမ်းရသနည်း။ သူ ကျန်းဟန်ရှုန်ကို မေးလိုက်သည်။ " ကျွန်တော်တစ်ယောက်တည်းလား..."
ကျန်းဟန်ရှုက ပြုံးကာ ခေါင်းခါပြလိုက်သည်။ " မဟုတ်ပါဘူး။ တခြားဝါရင့်ဒါရိုက်တာကြီးတွေလည်း ပါတယ်။ လူငယ်ဒါရိုက်တာထဲမှာဆိုရင် ဒါရိုက်တာ လီပင်း၊ ဒါရိုက်တာ ကောဟန့်နဲ့ ဒါရိုက်တာ ဝမ်လုံရှု ပါတယ်..."
ထိုအခါမှ ဖုကျန်းမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
" ကျွန်တော်တစ်ယောက်တည်းသာဆို အရမ်းဖိအားများမှာ..."
ကျန်းဟန်ရှုက ဖုကျန်း၏ပုခုံးကို ပုတ်လိုက်သည်။ " မင်းကိုယ်မင်း အရမ်းဖိအားမပေးနဲ့..."
ဖုကျန်းက ခေါင်းညိတ်ကာ နာခံသံလေးပြုလိုက်သည်။
ဗွီဒီယိုအတိုလေးသာဖြစ်သောကြောင့်စိုးရိမ်ကြောင့်ကြဖို့ မလိုသော်ငြား ဖုကျန်းမှာ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်သည်။ သူက သမိုင်းကြောင်းရာဇဝင်နှင့်ပတ်သက်ပြီး အနည်းငယ်သာ တီးမိခေါက်မိရှိကာ ထိုနယ်ပယ်နှင့်လည်း အကျွမ်းတဝင်မရှိပါချေ။ သူက ဗွီဒီယိုရိုက်ကူးပေးဖို့ သဘောတူညီလိုက်ပြီဖြစ်၍ အဆုံးထိတာဝန်ယူပေးရလိမ့်မည်။
ထို့ကြောင့် သူသည် အမျိုးသားရေးနှင့် သမိုင်းကြောင်းစာအုပ် အမြောက်အမြားကို Taobao တွင် ဝယ်လိုက်သည်။ ပစ္စည်းက မကြာမီပင် ရောက်လာသည်။ ကျန်းဟန်ရှုက ပစ္စည်းသေတ္တာကြီးကို မ,ကာ အိမ်ထဲ သယ်လာသည်။ သေတ္တာကြီးက အတော်ပင် လေး၏။ ဖုကျန်း ဘာတွေများ ဝယ်ထားသလဲဟု သူ သိချင်စိတ်ဖြစ်လာသည်။
ဖုကျန်းက ပွင့်ပွင့်လင်းလင်းသာ ပြောလာ၏။ " ကျွန်တော် စာအုပ်တွေ ဝယ်ထားတာ..."
ကျန်းဟန်ရှုသည် သေတ္တာပေါ်က တိပ်များကို ဆုတ်ဖြဲလိုက်ကာ သေတ္တာကိုဖွင့်လိုက်သည်။ မြင်လိုက်ရသည်က စီရီထားသော စာအုပ်များစွာ။ သူ ဖုကျန်းကို ပြောလိုက်၏။ " စာအုပ်တွေလို့ ကိုယ်မထင်ထားခဲ့ဘူး..."
" ဖြည်းဖြည်းချင်း ဖတ်ပါ၊ တစ်နှစ်တောင် ကျန်သေးတယ်။ မင်း ဖတ်လို့ပြီးမှာပါ..."
ဖုကျန်းက သေတ္တာထဲမှ စာအုပ်များကို ထုတ်ယူလိုက်ကာ စာကြည့်ခန်းထဲသို့ ထည့်လိုက်သည်။
ဖုကျန်းက ဤနှစ်တွေထဲမှာ အပြည့်အဝပြန်လည်ကျန်းမာလာပြီဖြစ်သော်လည်း ကျန်းဟန်ရှုမှာ သူ ပင်ပန်းမှာကို မစိုးရိမ်ဘဲမနေနိုင်ချေ။ သို့နှင့် သူက မေးလိုက်၏။ " မင်း ဟာသရုပ်ရှင်ကို အရင်ရိုက်မှာလား၊ short video ကိုပဲ အရင်ရိုက်ဦးမလား..."
ဖုကျန်းက ခေတ္တတွေးလိုက်ကာ ကျန်းဟန်ရှုကို ပြန်ဖြေလိုက်သည်။ " ဗွီဒီယိုက ခနနေလိုက်ဦးမယ်၊ ဟာသရုပ်ရှင်ကို အရင်ရိုက်မယ်..."
ကျန်းဟန်ရှုက ခေါင်းညိတ်ကာ ဖုကျန်း၏ဘေးတွင် ထိုင်ချလာလျက် အမေးပြုသည်။ " ဒါဆို သရုပ်ဆောင်တွေကို ဘယ်လိုရှာဖို့စိတ်ကူးထားလဲ..."
ဖုကျန်းက အနည်းငယ်မျက်မှောင်ကြုတ်ကာ သက်ပြင်းဖွဖွချလိုက်သည်။
"ဒီတစ်ခါတော့ ကျွန်တော် လူသစ်တွေပဲ သုံးချင်တယ်။ ကင်မရာရှေ့မှာ တစ်ခါမပေါ်လာဖူးသေးတဲ့လူမျိုး..."
ကျန်းဟန်ရှုက မျက်ခုံးပင့်သွားသည်။ "ပိုက်ဆံချွေတာရအောင်လား..."
ဖုကျန်းက ချောင်းဖွဖွဟန့်လိ်ုက်ကာ သူ့ရင်ဘတ်ကိုမတ်လိုက်ရင်း ကျန်းဟန်ရှုကို ပြောလိုက်သည်။ " ကျွန်တော်က အဲ့လိုလူစားမျိုးလား..."
" ဆိုတော့ မင်းက Talent show လုပ်ပြီး လူရွေးဖို့စီစဉ်ထားတာလား..."
ကျန်းဟန်ရှု ထိုမေးခွန်းကို မေးလိုက်ရခြင်းမှာ တစ်ခါက ရသစုံရှိုးပွဲတစ်ခုသည် ဖုကျန်းကို နည်းပြအဖြစ် ကမ်းလှမ်းဖူးခဲ့သောကြောင့်ဖြစ်၏။ သို့သော်လည်း ဖုကျန်းက ငြင်းပယ်လိုက်သည်။
" မဟုတ်ဘူး၊ မဟုတ်ဘူး။ အခြေခံအုတ်မြစ်မရှိတဲ့လူသစ်တွေကို လေ့ကျင့်ပေးရတာ အရမ်းဒုက္ခများလွန်းတယ်။ ပြီးတော့ နောက်ရိုက်မယ့် ဟာသရုပ်ရှင်ထဲမှာ သူ့တို့ကို လက်တွဲခေါ်ပေးနိုင်မယ့် သရုပ်ဆောင်ဟောင်းတွေလည်း အများကြီးမပါဘူး..."
ဖုကျန်းက သူ့အစီအစဉ်ကို ကျန်းဟန်ရှုအား ရှင်းပြလိုက်သည်။ " ကျွန်တော် သရုပ်ဆောင်ကျောင်းက လူနည်းနည်းလောက်ကို သွားရှာချင်တယ်..."
ကျန်းဟန်ရှုက ခေါင်းညိတ်သည်။ ဤသရုပ်ဆောင်ရွေးချယ်သည့်နည်းလမ်းက အလွန်သင့်တော်သော နည်းလမ်းဖြစ်၏။ ကျန်းဟန်ရှုက မေးပြန်သည်။
"ဒါဆို ဘယ်တော့လောက် သွားကြမလဲ..."
ဖုကျန်း သွားလျှင် သူပါလိုက်လိုသည်။
ဖုကျန်းက ခေတ္တမျှတွေးနေပြီးနောက် ကျန်းဟန်ရှုကို ပြန်ဖြေလိုက်သည်။
"ခဏတော့ စောင့်လိုက်ဦးမယ်..."
သူ့ဇာတ်ညွှန်းက အပြီးမသတ်ရသေးသလို၊ တက္ကသိုလ်ကျောင်းများကလည်း ယခုမှ စဖွင့်ခါစဖြစ်သောကြောင့် ကျောင်းသားများ အလုပ်များနေကြသည်။
ထို့ကြောင့် သူ ဦးစားပေးပြင်ဆင်ထားသင့်သည်က ဇာတ်ညွှန်းကိုအပြီးသတ်ဖို့ပင်။ သူ ဇာတ်ညွှန်းကို အကြမ်းဖျင်းသာရေးရသေးသည်။ သို့သော် သူ ဇာတ်ညွှန်းရေးဖို့ ဘောလ်ပင်ကောက်ကိုင်လိုက်တိုင်း အယ်လ်ဖာ ကျန်းဟန်ရှုက ကိုယ်ဝန်ရှိနေသော အိုမီဂါလေးကို လင်းယုန်က ကြက်ကလေးကိုဖမ်းသကဲ့သို့ ဖမ်းဆီးကာဆော့ကစားနေမည့် စိတ်ကူးယဉ်ဇာတ်လမ်းသာ သူ့ခေါင်းထဲရောက်ရောက်လာသည်။
ထို Fan ficition က သူ့စိတ်ထဲ အလွန်စွဲနေသည်။ သူ ထိုစိတ်ကူးယဉ်ဇာတ်လမ်းထဲမှ မြန်မြန်ရုန်းထွက်နိုင်မှ ဖြစ်မည်။
သူသည် နောက်ရုပ်ရှင်ကို ဟာသရုပ်ရှင်အဖြစ်ရိုက်ကူးရန် ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် ဤနယ်ပယ်တွင် ပိုကြိုးစားလေ့လာရမည်။ တကယ်တော့ ဖုကျန်းကိုယ်တိုင်က ဟာသအရေးကောင်းသူဖြစ်ခဲ့၏။ << Shazhou Chronicles>> ထဲက ဟာသများက ယခုထက်ထိ ခေတ်နောက်မကျသေးချေ။
xxxxxxx