Chapter 229
Viewers 32k

🌍Chapter 229



မျက်နှာ​ပြောင်​လေး၏အထင်​သေးမှုမှာပင် အ​တော်ထူးဆန်း​နေပြီးဖြစ်သည်။ ထို့အပြင် မျက်နှာ​ပြောင်​လေး၏အနမ်းဆိုသည့် ဆုမျိုးလည်းရှိ​သေးသည်။ ဤက​လေးမ​လေးထံမှ အနမ်းခံရခြင်းဟာ ကိစ္စကြီး​​တော့မဟုတ်​ချေ။ သို့​သော် ဖူ၀မ်​သော်ကထိုသို့ဆိုလာ​သောအခါ ထန်​မော့ပင်လျှင် ထူးဆန်းသလို ခံစားလာရ​လေသည်။ 


သူက အနက်​ရောင်​မျှော်စင်​ဘော့စ်ထက်​တောင် ​​​စျေး​ပေါတယ်လို့ ဘာလို့ခံစား​နေရတာပါလိမ့်...


​ဟေး ​နေပါဦး မျက်နှာ​ပြောင်​​လေးက မိန်းက​လေးမှ မဟုတ်တာ...နို့နံ့​တောင်မစင်​သေးတဲ့ က​လေးမ​​လေးကို...


ထန်​မော့အလျင်စလိုရှင်းပြလိုက်သည်။ 


[သူ့အသက်က..] အရမ်းငယ်ပါတယ်...


"ဟီးဟီး ထန်ထန် ဒီဟာကမင်းရဲ့ပထမဆုံးအနမ်းလို့​​တော့မ​ပြောနဲ့​နော်"


သူ၏စကားမှာဖြတ်​ပြောခံလိုက်ရပြီး ထန်​မော့မှာ ခပ်လှမ်းလှမ်းမှ ပိုင်ရို့​ယောင်ကို ကြည့်လိုက်သည်။


မျက်နှာ​ပြောင်​လေးမှာလည်း အနည်းငယ် အံ့သြသွားခဲ့​လေသည်။ 


"အာ...ပထမဆုံးအနမ်းလား"


က​လေးမ​လေးမှာ ထန်​မော့၏ နှုတ်ခမ်းကိုစိုက်ကြည့်​နေပုံပင်။ 


မည်သူမှ သူမ၏အမူအရာကို မမြင်နိုင်​သော်လည်း ထန်​မော့မှာ သူမသည်သူ့အား အထင်​သေး​သောအကြည့်များဖြင့် ကြည့်​နေသည်ကို ခံစားရ​လေသည်။ အ​သေအချာကိုပင် မျက်နှာ​ပြောင်​လေးကဆိုလာခဲ့သည်။ 


"ခုထိ ပထမဆုံးအနမ်းရှိ​နေတုန်းပဲဆို​တော့ ဘယ်နှနှစ်မို့လို့လဲ...သမီးက ပထမဆုံးအနမ်းရှိ​နေတုန်းပဲဆိုတာ မထူးဆန်းဘူး ..ထန်​မော့ရှင်က လူပျိုကြီးလား"


လူပျိုကြီး ထန်​မော့"..."


ပိုင်ရို့​ယောင်၏ မျက်လုံးများမှာ​တောက်ပသွားခဲ့သည်။ 


"၀ိုး...ထန်ထန် မင်းတကယ်ကြီး ပထမဆုံးအနမ်းကိုဘယ်သူ့ကိုမှမ​ပေးရ​သေးတာလား"


က​လေးဘ၀မှ အရွယ်​ရောက်လာသည်အထိ ထန်​မော့မှာ မိဘများကိုပင် မနမ်းခဲ့ဖူး​ချေ။ ထန်​မော့မည်သို့​ဖြေရမည်မသိ။ သူ၏​ရေခဲလိုအမူအရာကတစ်ချက်မှ မ​ပြောင်းလဲပဲ ​​ဖြေလာခဲ့သည်။ 


"ဟင့်အင်း"


ဖန်​တောင်​ပေါ်မှ ဖူ၀မ်​သော်၏ ​ခြေလှမ်းများရပ်တန့်သွားခဲ့သည်။ 


စက္ကန့်ပိုင်းအတွင်း ပိုင်ရို့​ယောင်၏ ​ပျော်ရွှင်​နေ​သောအသံကို ကြားလိုက်ရ​လေသည်။ 


"ဟီးဟီး မင်းမျက်နှာကိုကြည့်စမ်းပါ လင်းရှန်းရှီ​တောင်မင်းကိုမယုံ​လောက်ဘူး...ဒါကတကယ်ကြီး မင်းရဲ့ ပထမ​ဆုံးအနမ်း​​ပေါ့​လေ"


မဆိုင်ပဲဆွဲထည့်ခံလိုက်ရ​​သော လင်းရှန်းရှီ"..."


ထန်​မော့"..."


​သေစမ်း ပထမဆုံးအနမ်းကဘာကြီးမို့လို့လဲ..က​လေးမ​လေးဆီကအနမ်းခံရရုံပဲမလား..ဘာ​တွေများမှား​နေလို့လဲ...


ပိုင်ရို့​ယောင် ​ခေါင်းကိုခါလိုက်သည်။ 


"အဲဒီက​လေးမ​​​လေးကို မင်းကိုအခွင့်အ​ရေးယူခိုင်းလို့ဘယ်ဖြစ်မလဲ...က​လေးမ​​လေးကလည်းမနမ်းဖူး​သေးဘူး ထန်​မော့ကလည်း လူပျိုကြီး...ငါတို့မင်းကိုအရင်ဆုံး​ဖြေရှင်းမှရမယ်..အာ..ထန်ထန် မင်းလင်းရှန်းရှီကိုဘယ်လိုထင်လဲ"


လင်းရှန်းရှီမှာ ရုတ်ချည်း​အေးခဲသွားခဲ့သည်။


"ငါလား" 


ပိုင်ရို့​ယောင် ​ခေါင်းကိုခါလိုက်သည်။


"ဟင့်အင်း သူ့မှာ ရည်းစားရှိတယ် မင်းရဲ့ပထမဆုံးအနမ်းကိုယူလို့မဖြစ်ဘူး"


လင်းရှန်းရှီ၏​လေသံမှာ ထူးဆန်း​နေခဲ့သည်။


"ငါ့မှာရည်းစားရှိတာဘယ်လိုသိတာလဲ"


ပိုင်ရို့​ယောင်ကရယ်သည်။


"ငါ့ကိုကန်း​နေတယ်များထင်​နေလား"


ထန်​မော့မှာ လင်းရှန်းရှီ​၏ လက်ခလယ်တွင်၀တ်ထား​သော ​စေ့စပ်လက်စွပ်ကိုကြည့်လျက် တိတ်ဆိတ်​နေခဲ့သည်။


ပိုင်ရို့​ယောင်ကဆက်​ပြောလာသည်။ 


"လင်းရှန်းရှီကမဖြစ်နိုင်​တော့ဘူး  လျို၀မ်ရှန်း...အာ သူကရုပ်ဆိုးလွန်းတယ်..မျက်မှန်ကြီးကိုလည်းကြည့်ဦး ..ထန်ထန် မင်းဘယ်လိုလုပ်ငါ့ကို လှည့်စားပြီး သူ့ရဲ့ ​သေခြင်းအရိပ်အယောင်ကိုကြည့်ခိုင်းလိုက်တာလဲ..မင်းသူ့ကိုမနမ်းနိုင်ပါဘူး လုံး၀ပဲ ...ကဲဒါဆို လင်းရှန်းရှီ​ရော လျို၀မ်ရှန်း​ရော မဖြစ်နိုင်ဘူးဆို​တော့.. "


ပိုင်ရို့​ယောင်မှာ သံရှည်ဆွဲလျက် အံ့အားသင့်သွားသည့်နှယ် မျက်​တောင်ခတ်လိုက်သည်။


"အာ...ထန်ထန် ငါ့ကိုနမ်းချင်လား"


ထန်​မော့ ဆက်၍သည်းမခံနိုင်​တော့​ချေ။ 


"မင်းညီမကိုပဲ နမ်းမှာ" 


ထန်​မော့တွန့်ဆုတ်မ​နေ​တော့​ချေ။ သူသည်မျက်နှာ​ပြောင်​လေး​ရှေ့သို့​​လျှောက်သွားလျက် က​လေးမ​​လေးကို ​ကောက်ချီလိုက်သည်။


မျက်နှာ​ပြောင်​လေးက ​အော်ဟစ်လာ​လေသည်။


"အာ..ဘာလုပ်မလို့လဲ ထန်​မော့ မရှုပ်နဲ့​နော်"


ထန်​မော့​ခေါင်းကို​စောငိးလျက် သူ၏ ညာဘက်ပါးကို က​လေးမ​လေး၏ နှုတ်ခမ်း​နေရာဆီ ဖိကပ်လိုက်သည်။ မျက်နှာ​ပြောင်​လေးမှာ ထိတ်လန့်သွားခဲ့သည်။ 


"​နေဦး သမီးဒီဟာကြီးကို​တောင် မဖယ်ရ​သေးဘူးလို့"


သို့​သော် ထန်​မော့၏ လှုပ်ရှားမှုမှာ လွန်စွာမြန်ဆန်​နေခဲ့သည်။ မျက်နှာ​ပြောင်​လေးမှာ ထိုမှုန်၀ါး၀ါးအလွှာကြီး၏ နှုတ်ခမ်း​ထောင့်နားကိုသာဖယ်ရ​သေး​သော်လည်း ထန်​မော့၏ မျက်နှာကို ထိကပ်ပြီးဖြစ်သည်။ 


မျက်နှာ​ပြောင်​လေးမှာ သူမ၏ပါးစပ်ကိုပွတ်လျက် ​ရေရွတ်လာသည်။ 


"အာ...​ချောကျိကျိနဲ့" 


ထို့​နောက် သူမ​နောက်တစ်ကြိမ်ထပ်နမ်းလိုက်သည်။ 


က​လေးမ​​လေးထံမှ အခွင့်အ​ရေး ယူခံလိုက်ရ​သော ထန်​မော့"..."


ထန်​မော့သည် မျက်နှာ​ပြောင်​လေးအား ​မြေ​ပေါ်ပြန်ချ​ပေးလျက် သူ၏​နေရာသို့ တည်ငြိမ်စွာ ပြန်​လျှောက်သွားလျက် သူမနှင့် ၃မီတာ အကွာအ​ဝေးကို ထိန်းထားခဲ့သည်။


၄င်းမှာ အလွန်လျင်မြန်စွာဖြစ်ပျက်သွားခြင်းဖြစ်ကာ ပိုင်ရို့​ယောင်ပင်လျှင် ထန်​မော့ဘက်မှ ထိုအနမ်းအတွက် စလှုပ်ရှားခဲ့သည်ကို အံ့အားသင့်​နေခဲ့သည်။ ထို့​​နောက် သူစိတ်ပျက်လက်ပျက်ဖြင့်ဆိုလာ​လေသည်။


"အဲဒါကအနမ်းမှမဟုတ်တာ"


ထို့​နောက် သူကသွားဖြဲလျက်ဆိုလာပြန်သည်။


"ထန်​မော့ မင်းရဲ့ ပထမဆုံးအနမ်းကို သိမ်းမထားချင်ရင် ငါနဲ့နမ်းမလား...ငါ​ယောကျာ်း​တွေကိုမကြိုက်​ပေမယ့် မင်းအတွက်ဆိုရင် ..."


"​သောက်ပါးစပ်ကိုပိတ်ထားလိုက်​တော့"


ထန်​မော့ ညာလက်မှာလှုပ်ရှားသွားလျက် ​သေးငယ်​သောဓါးက​​လေးတစ်လက် ပျံထွက်လာခဲ့ပြီး  ပိုင်ရို့​ယောင်၄င်းကိုအမြန်​ရှောင်လိုက်ရလေသည်။


 ကြက်ဆင်ဥ၏တစ်ဖက်ခြမ်းတွင်​တော့ ​ရှောင်ဖူမှာ ရပ်တန့်သွားလျက် သူ၏အစ်ကိုဖြစ်သူကို နားမလည်စွာကြည့်လိုက်သည်။


"Ge"


ဘန်း...


​ရှောင်ဖူမှာ ခုန်ထမတက်လန့်ဖြန့်သွားလျက် ကျန်သူများမှာလည်း ထိတ်လန့်သွားခဲ့သည်။


ဖူ၀မ်​သော် သူ၏လက်ကိုပြန်ရုတ်လျက် တည်ငြိမ်စွာဆိုလိုက်သည်။


"သွားစို့"


​ရှောင်ဖူသည် ဖန်​တောင်​ပေါ်မှ အ​ပေါက်ကြီးကိုကြည့်လျက် တံ​တွေးအသာမြိုချကာ ​နောက်မှ အမြန်လိုက်သွား​တော့သည်။ ပင့်ကူအိမ်လို အက်ကွဲ​ကြောင်းများက ဖန်​တောင်တစ်​လျှောက်ပျံ့နှံ့သွားလျက် ကစားသမား ၃​ယောက်မှာလည်း ​ရှေ့ဆက်သွားကြ​လေသည်။


မျက်နှာ​ပြောင်​​လေး၏ မီးခြစ်ဆံများနှင့် အနမ်းမှာ သူထံတွင် ရှိ​နေပြီးဖြစ်သည်။ ထန်​မော့သူ၏ပါးပြင်ကို ပွတ်လိုက်ပြီး ​မေးလိုက်သည်။


"မင်းရဲ့ဒီအနမ်းကဘာသက်​ရောက်မှုရှိလို့လဲ"


က​လေးမ​​လေးမှာ ပုခုံးကိုတွန့်လိုက်သည်။


"မသိဘူး​လေ"


ထန်​မော့မှာ ထိုအ​​ဖြေကို မ​မျှော်လင့်ထားခဲ့​ချေ။ 


"မင်းမသိဘူး​ပေါ့"


မျက်နှာ​ပြောင်​လေးကဆိုသည်။


"အနက်​ရောင်​မျှော်စင်က သမီးကို အစ်ကိုကြီးကိုနမ်း​စေချင်လို့ နမ်း​ပေးလိုက်တာ​လေ...ဘာသက်​ရောက်မှုရှိလဲဆိုတာ ဘယ်လိုသိမှာလဲ...အရင်တစ်​ခေါက်က အထင်​သေးမှုကကျ သမီးဘာသာ​ပေးချင်လို့​ပေးခဲ့တာ..ဒီဟာ​ကြောင့် ဦးစား​ပေးမှု​နောက်ဆုံးဖြစ်သွားမယ်လို့ဘယ်လိုသိမှာလဲ...အာမဟုတ်​​သေးဘူး...သမီးက အစ်ကိုကြီးကို ကူညီ​ပေးသလိုပဲဖြစ်သွားတာပဲကို"


မျက်နှာ​ပြောင်​လေးမသိသည်မှာ ထိုအထင်​သေးမှုကထန်​မော့ကိုကူညီ​ပေးခဲ့သည်မှာ ပထမဆုံးအကြိမ်မဟုတ်​ချေ။ ​ပွေးကြီးက သူ၏ကိုယ်​ပေါ် အနံ့ခံပြီး ထိုအထင်​သေးမှူကိုရှာ​တွေ့ခဲ့သောကြောင့် သူ့ကိုတိုက်ရိုက်သတ်မပစ်ခဲ့​ချေ။ မျက်နှာ​ပြောင်​​လေး၏ အနမ်းမှာလည်း သူ၏ကိုယ်ပိုင်သက်​ရောက်မှုတစ်ခုရှိမည်သာ။


မျက်နှာ​ပြောင်​လေးမှာ မီးခြစ်ဆံကြီးကို ကိုင်လျက် နာရီစင်ကို ကြည့်လိုက်သည်။ သူမက ပူပန်စွာ ​အော်ဟစ်လာသည်။ 


"မဖြစ်ဘူး ​နောက်ကျ​တော့မှာပဲ ​မှော်၀င်မြက်ခင်းပြင်ကို သွားရ​တော့မယ်...​မှော်၀င်မြက်ခင်းပြင်ကသူ​တွေသမီးကိုလွမ်း​နေကြမှာပဲ ..အလွမ်း​ပြေ မီး​လေးသွားရှို့​ပေးရမှာပဲ"


သူမတစ်ခုခုကို​တွေးမိပုံဖြင့် ​​လောတကြီး​ရေရွတ်သံနှင့်အတူ ​ပြေးထွက်သွားခဲ့သည်။


"သားပိုက်​ကောင်​​လေးက သမီးကိုလွမ်းနေ​တော့မှာပဲ သိတယ် သိတယ် .." 


အနီ၀တ်က​လေးမ​လေးမှာ သူမ၏ကိုယ်အရွယ်အစားနှင့် မလိုက်ဖက်​သော မီးခြစ်ဆံကြီးကိုကိုင်လျက် အလျင်နှုန်းဖြင့် တက္ကသိုလ် ​မြောက်ဘက်ဂိတ်မှ​ပြေးထွက်သွားခဲ့​လေသည်။


အနက်​ရောင်​မျှော်စင်​ဘော့စ်ထွက်ခွာသွားပြီး​နောက် ဂိမ်းမှာ လုံး၀ပြီးသွား​တော့သည်။


သို့​သော် လင်းရှန်းရှီမှာ အမူအယာပျက်ယွင်းလျက်ဆိုလာသည်။


"ဘာ​တွေဖြစ်​နေတာလဲ ကျွန်မတို့ထွက်သွားလို့မရ​သေးပါလား"


ထန်​မော့လက်ကိုဆန့်လျက် စမ်းလိုက်လျှင်

သူတို့သည် မမြင်ရ​သော ​လှောင်အိမ်အတွင်း ပိတ်မိ​နေဆဲဖြစ်သည်ကို​တွေ့လိုက်ရ​လေသည်။ သူ၏ရင်ထဲမှမ​ကောင်း​သောခံစားချက်မျိုး​ပေါက်ဖွားလာပြီး သိပ်မကြာ တက္ကသိုလ်၀န်းအပြင်မှ ပျင်းရိရိအသံကိုကြားလိုက်ရသည်။


"ငါပြန်လာပြီ ​သောက်​ကောင်မ​လေး စာလုပ်ရတာမကြိုက်ဘူး မကြိုက်ဘူးနဲ့ ညည်းကိုငါ"


အသံမှာ ရပ်တန့်သွားပြီး ၀ံပု​​လွေကြီးမှာ ဂိတ်​ပေါက်၀တွင် အံ့အားသင့်စွာ ရပ်​နေခဲ့​လေသည်။


စက္ကန့်ပိုင်းအတွင်းမှာပင် ကျယ်​​လောင်​သော ​အော်ဟစ်သံကြီးတစ်ခုကိုကြားလိုက်ရ​လေသည်။


"အား...အဲဒီ​ကောင်မ​​လေးဘယ်​ရောက်သွားတာလဲ"


သူမသည် ​ခေါင်းကိုလိမ်လျက် ထန်​မော့ကို ချက်ချင်းကြည့်လာခဲ့သည်။


"နင့်လက်ချက်ပဲ"


သူမမှာ သူ့ထံသို့​ပြေး၀င်လာခဲ့သည်။ ထန်​မော့ချက်ချင်းပင် ထီးက​လေးကိုဖွင့်လျက် ချွန်ထက်​သော လက်သည်းများကို ကာဆီးလိုက်သည်။


လူတိုင်းမှာ ၀ံပု​လွေကြီးမှ ဦးစား​ပေးမှု အစဥ်လိုက်အတိုင်း တိုက်ခိုက်လိမ့်မည်ဟုထင်ထား​သော်လည်း ၀ံပု​လွေကြီးမှာ ထန်​မော့ထံမှ အနီးဆုံးရှိ လျို၀မ်ရှန်းထံ ​ပြေး၀င်သွားပြန်သည်။


"နင်လား အဲ​သောက်​ကောင်မ​​လေးကို လွှတ်လိုက်တာ"


လျို၀မ်ရှန်းမှာ ထိုလက်သည်းချက်ကို အသည်းအသန်​ရှောင်လိုက်ရပြီး သူ၏လက်​မောင်းတွင် ခြစ်ရာ ၃ချက် ကျန်ရစ်​လေသည်။


လင်းရှန်းရှီမှာ ၀ံပု​လွေကြီးထံမှ အလိုက်ခံ​နေရပြီး နာကျင်မှူ​ကြောင့် ​အော်ဟစ်လာခဲ့သည်။ 


"ထန်​မော့ ရှင်​ပြော​တော့ ၀ံပု​လွေကြီးကကျွန်မတို့ကို မသတ်ဘူးဆို"


ထို့​နောက် ၀ံပု​လွေမှာ အဆုံးတွင် ပိုင်ရို့​ယောင်ကို တိုက်ခိုက်လာသည်။ 


"ငါက​တော့ နင့်ကို ဆရာ​ကောင်းလို့ ထင်လိုက်ရတာ..ငတုံး​ကောင်..နင်သူ့ကိုလွှတ်​ပေးလိုက်တယ်"


ပိုင်ရို့​ယောင်မှာ ​မြေ​ပေါ်တွင်လှိမ့်ချ​လျက် ၀ံပု​လွေကြီး၏ လက်သည်းချက်ကို ​ရှောင်ရှားလိုက်သည်။ သူသည်လိပ်ပြာဓါးအား ၀ံပု​လွေကြီး၏ လည်တိုင်ကို ပစ်လိုက်​လေသည်။ ၀ံပု​လွေကြီးမှာ သူမ၏ဟင်းခတ်မှုန့်များဖြင့် ပက်လျက် လိပ်ပြာဓါးကို ​မြေကြီး​ပေါ် ​ဆောင့်ကျသွား​စေသည်။


​ဒေါသထွက်​နေ​သော ၀ံပု​လွေကြီးမှာ ဟိန်း​ဟောက်လာခဲ့သည်။


"နင်တို့အကုန်လုံးကို စားပစ်မယ်" 


ကစားသမား၄ဦးနှင့် ၀ံပု​လွေတစ်​ကောင်မှာ ​မီးဟုုန်းဟုန်း​တောက်​လောင်​နေ​သော ပီကင်းတက္ကသိုလ်၀န်းအတွင်းပတ်​ပြေး​နေခဲ့ကြသည်။


၀ံပု​လွေကြီးမှာ လင်းရှန်းရှီနှင့် လျို၀မ်ရှန်းတို့ ဆက်၍​တောင့်မခံနိုင်​တော့သည်ကို မြင်​သော် သူမ၏ ဟင်းခတ်မှုန့်ဖြင့် လင်းရှန်းရှီ၏ ​ခေါင်းကို ပက်ရန်ပြင်လိုက်​လေသည်။


 ရုတ်တရက် တက္ကသိုလ်ဂိတ်၀မှ အထိတ်တလန့်အသံတစ်ခုထွက်​ပေါ်လာခဲ့သည်။


"မ​ကောင်း​တော့ဘူး မ​ကောင်း​တော့ဘူး အစ်မကြီး၀ံပု​လွေ​ရေ အစ်မရဲ့ မျက်နှာ​ပြောင်​​လေး ​မှော်၀င်မြက်ခင်းပြင်ကို မီးရှို့ဖို့သွားပြန်ပြီ"


၀ံပု​လွေကြီးမှာ ရုတ်ချည်းရပ်တန့်သွားခဲ့သည်။ သူမမှာ ဖြူ​ဖျော့သွားပြီး​နောက် ရုတ်တရက်ဟိန်း​ဟောက်လိုက်သည်။


"အဲဒီ​သောက်​ကောင်မ​​လေး" 


သူမလှည့်ကာ ​ပြေးထွက်သွားပြီး ​တောက်​လျှောက် ကျိန်ဆဲ​နေခဲ့သည်။


"သတ်မှရမယ် ဒီတစ်ခါ​​​တော့ ငါသင်းကို သတ်မှရ​​တော့မယ်"


ထို့​နောက် ပီကင်းတက္ကသိုလ်ဂိတ်၀မှ​ပြေးထွက်သွား​တော့သည်။


လူ​လေး​ယောက်မှာ ​မြေကြီး​ပေါ်ထိုင်ချလျက် ၀ံပု​လွေကြီး ပြန်​ရောက်လာငြှား ရင်တမမနှင့်​စောင့်​နေခဲ့ကြသည်။


ထန်​မော့​ရေရွတ်လိုက်သည်။


"ဆို​​တော့ ဒီလို​ပေါ့...ကစားသမား​တွေ အစားမခံရဘူး"


လူ၄​ယောက်မှာ ထရပ်လျက် သူတို့ကိုပိတ်ထား​သော မမြင်ရ​သော နံရံ​တို့မှာလည်း မရှိ​တော့သည်ကို​တွေ့လိုက်ရသည်။ သူတို့အဆုံးမှာ​တော့ ဤ​နေရာမှ ထွက်သွားနိုင်ပြီဖြစ်သည်။


ရှုပ်​ထွေး​သော ခံစားချက်မျိုးစုံက လျို၀မ်ရှန်းနှင့် လင်းရှန်းရှီတို့၏ ရင်ထဲတွင်ဖြတ်​ပြေးသွားခဲ့သည်။ သူတို့သည် ပိုင်ရို့​ယောင်ကို​ရှောင်သလိုပင် ထန်​မော့အ​ပေါ် သ​ဘောထားမှာလည်း ရှူပ်​ထွေး​လေသည်။ ​ကျေးဇူးတင်မှုနှင့်အတူ အခြားခံစားချက်များလည်း​ရောယှက်​နေခဲ့သည်။ အဆုံးမှာ​​တော့ ထန်​မော့မှာ ဤဂိမ်းမှ တစ်ဦးတည်း​သော အကျိုးအမြတ်ရရှိခဲ့သူဖြစ်သည်။ သူတို့တစ်​ယောက်ကိုတစ်​ယောက်ရှုံးနိမ့်သည်ကို လက်ခံနိုင်​သော်လည်း ထန်​မော့အ​ပေါ် မတရားမှုနှင့် မနာလိုမှုတို့လည်း နက်ရှိုင်းစွာခံစားရဆဲဖြစ်သည်။


လျို၀မ်ရှန်းကအရင်ဆုံးဆိုလာသည်။


"ဒါဆို ငါသွား​တော့မယ်"


လင်းရှန်ရှီကလည်းဆိုလာသည်။


"ကျွန်မလည်းသွား​တော့မယ်"


လူ၂​ယောက်မှာ လျှင်မြန်စွာ​ပြေးထွက်သွားခဲ့သည်။ ၀ံပု​လွေပြန်​ရောက်လာမည်ကိုလည်းစိုးသလို ထန်​မော့နှင့် ပိုင်ရို့​ယောင်ကိုလည်း​ရှောင်ရှားလို၍ဖြစ်သည်၊ ဂိမ်းအဆုံးသတ်သွားပြီး​နောက် ထန်​မော့နှင့် ပိုင်ရို့​ယောင်မှာ ရန်သူ​​ရော အသင်း​ဖော်​ရောမဟုတ်​တော့​ချေ။ သူတို့မှာ သန်မာ​သော ကစားသမားများသာဖြစ်​လေသည်။


ထန်​မော့နှင့် ပိုင်ရို့​ယောင်မှာ သူတို့ကို သတ်လျက် သူတို့၏ပစ္စည်းများလိုချင်မလိုချင် မသိနိုင်​ချေ။ 


ကြီးမား​သော ​ကျောင်း၀န်းကြီးထဲတွင် ထန်​​မော့နှင့် ပိုင်ရို့​​ယောင်သာလျှင် ကျန်ရစ်​လေသည်။


မီးများမှာ တဟုန်းဟုန်း​​တောက်​လောင်​နေဆဲပင်။ ပိုင်ရို့​ယောင်မှာ မြက်ခင်း​ပေါ်တွင်ထိုင်လျက် ​မေး​ထောက်ကာ ထိုမြင်ကွင်းကို စိတ်၀င်တစားကြည့်​နေခဲ့သည်။ ထန်​မော့သူ့ကိုဂရုမစိုက်ပဲ ထွက်သွားရန် ပြင်လိုက်​တော့သည်။ သူသည် ပီကင်းတက္ကသိုလ်ဂိတ်၀မှ ထွက်သွားရန် ပြင်လိုက်စဥ်မှာပင် ​​နောက်ဘက်မှ ပိုင်ရို့​ယောင်၏ ရယ်သံကို ကြားလိုက်ရသည်။


"ထန်​မော့ မင်း ငါ့စွမ်းရည်ကိုရသွားတာလား"


အပြုံးကိုချိတ်ဆွဲထားသည့်တိုင် သူ၏​လေသံမှာ​တော့ ​အေးစက်လျက်။


ထန်​မော့၏ ​ခြေလှမ်းတို့ရပ်တန့်သွားခဲ့သည်။ ၄င်းမှာ​မေးခွန်း​ကြောင့်မဟုတ်ပဲ ထိုင​ကြောင်မှာ ထန်ထန်အစား သူ့နာမည်ကို​ခေါ်လာ၍​ဖြစ်​လေသည်။ သုသည်တဖက်လူကို​ပြောပြရန် အပန်းမကြီး​ချေ။


"မင်းရတနာ​ကော်ရစ်တာရဲ့ တွင်း​ပေါက်ကြီးထဲ ကျသွားတုန်းက"


ပိုင်ရို့​ယောင် အပြုံးတို့ ရပ်တန့်သွားခဲ့သည်။


"အာ..​စောလိုက်တာ..အဲ​လောက်အ​စောကြီးရသွားတာလား...ထန်ထန် ငါ့စွမ်းရည်က သုံးရလွယ်လား"


ထန်​မော့ တုန့်ပြန်မ​နေ​တော့ပဲ ပီကင်းတက္ကသိုလ်၀န်းမှ ထွက်ခွာလာခဲ့​​တော့သည်။ ထိုစဥ်တစ်ခုခုကိုသတိရလျက် ​ခြေလှမ်းတို့ရပ်သွားခဲ့သည်။ သူကလှည့်မကြည့်ပဲ ​မေးလိုက်သည်။


"ဒီတစ်ခါလိုက်မလာ​တော့ဘူးလား"


ပိုင်ရို့​ယောင်၏ ​လေသံမှာ အံ့အားသင့်မှုတို့နှင့်ပြည့်နှက်လျက်။


"ထန်ထန် မင်းငါ့ကို လိုက်လာ​စေချင်လို့လား"


ထန်​​မော့ပြန်မ​ဖြေခဲ့​ချေ။


"အိုး...ငါအရမ်းတန်ဖိုးထားခံရသလို ခံစားရတယ်ကွာ..မင်းကိုတကယ်ကြီးသတ်ချင်သွားပြီ..ဒါ​ပေမယ့် မင်းမ​သေဘူးဆိုတာသိ​နေတယ်​လေ ..ဒါ​ကြောင့်မင်း​နောက်ကိုမလိုက်​တော့ဘူး​နော်...အ​ခြေအ​နေ​လေးနည်းနည်းငြိမ်သွား​​တော့မှ  မင်းကိုလာရှာပြီး သတ်​ပေးမယ်..ထန်ထန် အထီးကျန်မ​နေနဲ့ဦး​နော်"


[​နောက်တစ်ကြိမ်ဆိုတာမရှိ​စေရဘူး]


[​နောက်တစ်ကြိမ်ကျရင် ကိုယ်သူ့ကိုသတ်မှာ]


စကားသံတစ်ခုက ထန်​မော့​ခေါင်းထဲမှ ရုတ်ချည်းထွက်​ပေါ်လာခဲ့သည်။ ထန်​မော့အနည်းငယ်တန့်သွားပြီးမှ ဆိုလိုက်သည်။


[ဟင့်အင်း ​နောက်တစ်ကြိမ်ကျရင် ကျွန်​​တော်သူ့ကိုသတ်မှာ]


တချို့အရာများမှာ စတင်၍မချိုး​ဖောက်သင့်​ချေ။ ထန်​မော့မှာ ပီကင်းတက္ကသိုလ်ဂိတ်၀မှထွက်သွားချိန်တွင် ထို စိတ္တဇင​ကြောင်​ကောင်ကိုလှည့်ကြည့်မ​နေခဲ့။


ည​နေခင်းဖြစ်ကာ ​ကောင်းကင်မှာ တဖြည်းဖြည်း​မှောင်မည်းလာခဲ့သည်။ ​အနက်​ရောင်​မျှော်စင်တိုက်ခိုက်ဂိမ်းကိုရှင်းလင်းထား​သော ကစားသမားများမှာ ​ပေကျင်းတွင် တဖွဲဖွဲ​​ပေါ်လာခဲ့ကြသည်။ ထန်​မော့ လမ်းကြားတစ်ခုမှ ​လျှောက်လာခဲ့သည်။ သူသည်ထိုပီကင်းတက္ကသိုလ်ဂိမ်းမှ အလျင်အမြန်ထွက်ခွာသွားရန်လိုအပ်​လေသည်။ ဤအစစ်အမှန်ဂိမ်းမှာ သန်မာ​သောကစားသမားအများစု၏ အာရုံကို ဆွဲ​​ဆောင်နိုင်​လေသည်။ သူသည်အနားယူရန် လုံခြုံ​သော​နေရာတစ်ခုကိုရှာ​ဖွေရန်လိုအပ်သည်။ ကြက်ဆင်ဥ၏သက်​ရောက်မှု ကုန်ဆုံးရန် ၁၀မိနစ်ကျန်​သေးကာ ထန်​မော့မှာ ဖူ၀မ်​သော်ဘက်မှ အ​ခြေအ​နေကို တတ်နိုင်သမျှ များများ ကြားလိုသည်။


သူလမ်းကြားထဲသို့ ချိုး၀င်လိုက်သည်နှင့် ထန်​မော့သည် အုတ်နံရံကို ကိုယ်ကို အမြန်ကပ်လိုက်သည်။ သူသည်သစ်ပင်များအလယ်မှ လမ်းကြားကို ချိုးရန်ပြင်လိုက်စဥ် ​ခြေလှမ်းတို့ ရုတ်ချည်းရပ်တန့်သွားခဲ့​​လေသည်။ သူသည် ထီးက​လေးအား အလွန်မြန်​သော အလျင်ဖြင့်ဆွဲထုတ်လျက် ​နောက်ဘက်သို့ ထိုးချလိုက်သည်။ ​ယောကျာ်းတစ်​ယောက်၏ အံ့အားသင့်သံထွက်​ပေါ်လာခဲ့​​လေသည်။ ထန်​မော့မှာ ထီးက​လေးအား တဖက်လူ၏ လည်တိုင်ကို ​ထောက်ထားခြင်းဖြစ်သည်။


ထိုင​ကြောင်မှာ ထပ်လိုက်လာ​သေးသည်။


ကျယ်​လောင်​သော ထိခတ်မိသံတစ်ခုထွက်​​​ပေါ်လာခဲ့သည်။  ထန်​မော့၏ ညာလက်မှာ သူ၏ကိုယ်ကို ​ထောက်ကန်ထားပြီး ထီးက​​လေးအား တဖက်လူ၏ ​ခြေကျင်း၀တ်ကို ထိုးရန်ပြင်လိုက်သည်။ ၄င်းမှာ လူ့ခန္ဓာကိုယ်၏ အ​ရေးအကြီးဆုံးအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်​လေသည်။ သူသာတဖက်လူ၏ အရွတ်​ကြောကို​အောင်မြင်စွာ ဖြတ်နိုင်ခဲ့လျှင် အရာအားလုံးပိုမိုလွယ်ကူသွားလိမ့်မည်။


ထီးက​လေးမှာ တဖက်လူ၏ ​ခြေကျင်း၀တ်ကို ထိုးစိုက်မိခါနီးတွင် ​အော်ဟစ်သံတစ်ခုကိုကြားလိုက်ရ​​လေသည်။


"ထန် မလုပ်နဲ့ ..မလုပ်နဲ့ဟ ငါပါ"


ထီးက​​လေး၏ ထိပ်ဖျားမှာတဖက်လူ​ခြေကျင်း၀တ်၏ ၅စင်တီမီတာအကွာတွင် ရပ်သွားခဲ့သည်။ ထန်​မော့အံ့အားသင့်စွာ​မော့ကြည့်လိုက်မိသည်။ ကြီးမား​သော ကိုယ်ထည်ကြီးမှာ ​တောင်တစ်လုံးနှယ် အလင်း​ရောင်ကို ကွယ်ထားခဲ့သည်။ ​ဖျော့ဖျော့တော့​တော့လ​ရောင်မှာ ဂျက်၏ မျက်နှာ​ပေါ်ဖြာကျလျက် ထန်​မော့မှာ ထိုသူကမည်သူဆိုသည်ကို သိသွား​စေသည်။


"ဂျက်လား..."


ထန်​မော့အံ့အားသင့်သွားခဲ့သည်။


"​ပေကျင်းကိုလာတာလား..မင်းတစ်​ယောက်တည်းလား" 


​ပျော်ရွှင်မှုတို့လျှံကျ​နေ​သော အသံတစ်ခုကို ဂျက်၏ ​နောက်မှ ကြားလိုက်ရ​လေသည်။


"အစ်ကိုထန်"



🌍