အပိုင်း၁၂
Viewers 2k

👾Chapter 12: 

“သူ့မှာ အသန့်ကြိုက်တဲ့​ရောဂါ ရှိတယ်" 




ဟယ့်ယွင်ထင်၏ နှုတ်ခမ်း​ထောင့်​လေးများ အနည်းငယ် ​ပြေ​​​လျော့သွား​သော်လည်း တစ်ခုခုအား ​တွေးမိသွား​သောအခါ​အေးတိ​အေးစက်မျက်နှာကြီး ပြန်​ရောက်လာသည်။ သူက ဝမ်ထျန်း​ယောင်ကိုပင် မ​ရှောင်​တော့ဘဲ တိုတိုတုတ်တုတ် ​​မေးလိုက်သည်။ 



"ဒီ​​လောက် မြန်လား" 


“?” 


လုအန်းဟယ်၏ မျက်လုံး​မှေး​လေးများ အတန်ငယ် ပြူးကျယ်သွားပြီး ဝမ်ထျန်း​ယောင် မကြား​နိုင်​လောက်သည့် အသံတိုးတိုးဖြင့် တိတ်တဆိတ် ​ရေရွတ်လိုက်သည်။ 


"​ဘောစ့်ပဲ မြန်မြန် ပြင်ပြီးသွားဖို့ အလျင်စလို ဖြစ်​နေတာမဟုတ်ဘူးလား...." 


ကံအား​လျော်စွာဖြင့် ဒုဗိုလ်မှုးလုမှာ အလွန် ဥာဏ်​ပြေးလှ​လေရာ ​နောက်ပိုင်းစကားများကို ဆက်​ပြောခြင်းမှ ကိုယ့်ကိုယ်ကိုယ် တားမြစ်လိုက်ပြီး အလွန်တည်ငြိမ်​သော ​လေသံဖြင့် ဆက်​ပြောလိုက်သည်။ 


"ဟုတ်ပါတယ်... မစ္စတာလင်းက အင်ပါယာရဲ့ အ​ရေးကိစ္စ​တွေကို စိုးရိမ်ပြီး ​နေ့စဥ် ​လေ့ကျင့်မှု​တွေ ​နှောင့်​နှေးမှာ စိုးရိမ်လို့ အချိန်ပိုဆင်းပြီး ပြန်ပြင်လိုက်တာလို့ ​ပြောပါတယ်" 


"​သြော်" ဟယ့်ယွင်ထင် မတုန်မလှုပ် ပြန်​ဖြေလိုက်သည်။ 


သို့​သော်လည်း ဖြစ်ပျက်​နေသည့် အရာများကို နားလည်​နေဟန်ရသည့် ဝမ်ထျန်း​ယောင်က သိလိုစိတ်အပြည့်ဖြင့် ​မေးလိုက်သည်။ 


"ဗိုလ်ချုပ်ရဲ့ မက်ခါကို ပြင်ဖို့ ပို့ထားရတာလား... ကျွန်​တော် သူများ​တွေဆီက​နေ အရင်တစ်​ခေါက် ကြယ်တာရာဓါးပြ​တွေကို တိုက်ခဲ့တာ ​အဆင်​ပြေ​ပြေနဲ့ ပြီးသွားတာလို့ ​သေ​သေချာချာ ကြားခဲ့တာပါ" 


ဟယ့်ယွင်ထင်၏ မက်ခါ ပျက်စီးသွားပြီး ပြုပြင်​ရေးအခန်းသို့ ပို့ထားရ​ကြောင်း လူအနည်းငယ်သာ သိထားသဖြင့် ဝမ်ထျန်း​ယောင် သတင်းမရနိုင်သည်က ပုံမှန်ပါပင်။  


“ဒါဆို ဗိုလ်ချုပ်က ဘယ်​အချိန်​လောက် ပို့ခိုင်းဖို့ ရည်ရွယ်ထားလဲ" ဝမ်ထျန်း​ယောင် ​မေးလိုက်သည်။ 


"အခုပဲ" ဟယ့်ယွင်ထင် လက်​​မြှောက်ကာ ရှပ်အင်္ကျီ​ကော်လာကို အ​သေးစိတ် ပြန်ပြင်လိုက်သည် 


ဝမ်ထျန်း​ယောင် ​​တွေးကြည့်လိုက်ပြီး​နောက် အဆုံးတွင် အကြံတစ်ခု ​ပေးလာသည်။ 


"သု​တေသနအဖွဲ့အစည်းက​နေ မက်ခါပြန်ပို့ဖို့က အချိန်အရမ်းကြာတယ်လို့ ကြားထားတယ်... ဒီမက်ခါက ဗိုလ်ချုပ်အတွက် အရမ်းအ​ရေးကြီးမှ​တော့ တစ်​ယောက်​ယောက်ကို ဗိုလ်ချုပ်ဆီ တိုက်ရိုက် လာပို့ခိုင်းလိုက်ရမလား" 


ဟယ့်ယွင်ထင် မည်သည့်စကားမှ မ​ပြော။ 


လုအန်းဟယ်မှာ​တော့ ထိတ်လန့်သွား​လေသည်။ 


ဝမ်ထျန်း​ယောင် ဆက်​ပြောလိုက်သည်။ "မက်ခါ​တွေက သယ်ရခက်တယ်... ဒီလိုဆို ပိုစိတ်ချရတာ​ပေါ့" 


“…” အင်္ကျီ​ကော်လာကို ပြင်​နေသည့် ဟယ့်ယွင်ထင်၏ လက်များ ပြန်ချလိုက်ပြီး တိတ်ဆိတ်​နေဆဲ ရှိ​နေသည်။ 


လုအန်းဟယ် ​ခေါင်းတစ်ခုလုံး ​တောင့်တင်းသွားသည်။ "ဒါက... ဗိုလ်ချုပ် ​ပြောချင်တာ သူကိုယ်တိုင် သွားယူမယ်လို့ပါ" 


"မက်ခါ​လေးတစ်ခုပဲမို့လား... ဗိုလ်ချုပ်ကိုယ်တိုင် သွားယူစရာ လိုလို့လား" ဝမ်ထျန်း​ယောင်မှာ အ​တော်​​လေး ​တွေးရခက်​နေသည်။ 


"ဒီမက်ခါက အရမ်းကို အ​ရေးကြီးလို့ ဗိုလ်ချုပ်က ကိုယ်တိုင်သွားပြီး စစ်​ဆေးမှ စိတ်ချနိုင်မယ်လို့ ​ပြောခဲ့ပါတယ်" လုအန်းဟယ်က မျက်လုံးနှင့် နားများကို အ​သေအချာ အာရုံစိုက်ထားပြီး အရည်အ​သွေး​မြောက်လှ​သော ဟယ် ဘာသာပြန်စက် ဖြစ်ရန် ကြိုးစားလိုက်သည်။ 


“​သြော်” ဝမ်ထျန်း​ယောင် ယုံကြည်သွား​လေပြီး လုအန်းဟယ်တစ်​ယောက် ထိုသူ စကားလမ်း​ကြောင်း ​ပြောင်းပါ​စေဟု ​တွေး​နေမိသည်။ "ဒါဆို ကျွန်​တော်လည်း အတူလိုက်ခဲ့မယ်" 


“…အ... အရှင်မင်းသား" လုအန်းဟယ် မျက်လုံး မှိတ်ထားလိုက်သည်။ 


"သု​တေသနအဖွဲ့အစည်းကို မ​ရောက်ဖူး​သေးဘူး" ဝမ်ထျန်း​ယောင် ​ပြောလိုက်သည်။ 


"ခင်ဗျားတို့ ​ပြောတဲ့အတိုင်းဆို ဒီမစ္စတာလင်းက အရမ်းအထင်ကြီးဖို့ ​ကောင်းတာပဲ... ကျွန်​တော်လည်း ​တွေ့ဖူးချင်မိတယ်" 


လင်းဟန်မှာ အ​ကြောင်းကြားစာ ပို့ပြီး​နောက် လုအန်းဟယ်ဘက်မှ ပြန်စာကို ​စောင့်​မျှော်​နေရင်း မက်ခါပို့​ဆောင်မှုကို လုပ်​ဖော်ကိုင်ဖက်တစ်​ယောက်ထံ လွှဲ​​ပြောင်း​ပေး​တော့မည်အပြုတွင် ​နောက်တစ်နာရီအကြာ၌ အင်ပါယာ​တော်ဝင်မင်းသားပါ ​ရောက်ရှိလာခဲ့မည်ဟု မထင်ထားခဲ့​ပေ။ 


သု​တေသန အဖွဲ့အစည်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြန်သည်။ 


အခုတ​လော သု​တေသနအဖွဲ့အစည်းမှာ ဘာ​တွေ ဖြစ်​နေတာလဲ... ဘာလို့ ဒီလူ​တွေ ​ရောက်လာကြတာလဲဟ... ဟိုရက်ကမှ ဗိုလ်ချုပ်ကိုယ်တိုင် လာထားတာ​လေ... အခု အရှင်မင်းသား ကိုယ်တိုင် ​ရောက်​နေပြန်တာတဲ့လား... ဒီ M2742မှာ ဘယ်လို ​မှော်အစွမ်း​တွေ ရှိ​နေတာလဲကွာ... 


လင်းဟန်မှာ အ​တော်​လေး တည်ငြိမ်​နေပြီး လုပ်စရာရှိသည်များကိုသာ လုပ်​ဆောင်​နေကာ လုအန်းဟယ် ​ရောက်​မည့်အ​ကြောင်း မက်​ဆေချ့်ပို့လာမည်ကို ​စောင့်​နေရင်း မက်ခါကို သယ်ထားသည့် ကြီးမားလှ​သော သံချပ်ကာ ကားကြီး​ရှေ့တွင် ရပ်​နေသည်။ 


သု​တေသနအဖွဲ့အစည်း၏ ကြိုဆိုနှုတ်ဆက်မှုက ​သေ​သေသပ်သပ် မရှိလှဘဲ ​မင်းသား၏ သီးသန့်ထုတ်လုပ်ထား​သော ယာဥ်ပျံက VIPလမ်း​ကြောင်း၏ အတွင်းပိုင်း​နေရာတွင် ရပ်နားလိုက်ပြီး ​​ခြေချလိုက်သည်နှင့် ဝမ်ထျန်း​ယောင်က မမြင်နိုင်လုနီးပါး ဖြစ်​သော မျက်​မှောင်ကြုတ်မှုတစ်ခုကို ပြုလုပ်လိုက်သည်။


သို့​သော်ငြား ဝမ်ထျန်း​ယောင်က ချက်ချင်းဆိုသလို မျက်နှာကို ပြန်ပြင်လိုက်ပြီးနောက် ဗိုလ်ချုပ်၏ အသစ်စက်စက် ပြင်ထား​သော M2742 မက်ခါကို ​တွေ့လိုက်ရ​လေသည်။ 


ဟယ့်ယွင်ထင်နှင့်  လုအန်းဟယ်တို့လည်း ​နောက်မှလိုက်ကာ ဆင်းလိုက်ကြသည်။ 


လင်းဟန်က ​​ကျော့ရှင်းလှသည့် ဝတ်စုံကို ဝတ်ထားသည့် ​တော်ဝင်မိသားစုဝင်တစ်​ယောက် ​​လျှောက်လှမ်းလာသည်ကို ​တွေ့​သောအခါ လူတိုင်း ပြု​လေ့ရှိသည့်အတိုင်း ညာလက်ကို ဘယ်ဘက်ရင်ဘတ်​ပေါ်သို့ တင်ကာ ​တော်ဝင်မင်းသားကို ဦးညွှတ် အရိုအ​သေ ​ပေးလိုက်သည်။  


“ဓ​လေ့ထုံးစံ​တွေ စိတ်ထဲထားမ​နေပါနဲ့" ဝမ်ထျန်း​ယောင်က စိတ်​ကောင်းဝင်​နေပုံရ​လေသည်။ "မင်းက မစ္စတာလင်းပဲ ဖြစ်ရမယ်... ​တွေ့ရတာ ဝမ်းသာပါတယ်" 


​ပြောပြီး​နောက် သူပြုံး၍ လင်းဟန်ဆီသို့ တုံ့ဆိုင်းခြင်းမရှိ လက်လှမ်းလိုက်သည်။ 


လင်းဟန်တစ်ကိုယ်လုံး ​တောင့်တင်းသွား​လေသည်။ 


ယခင်တစ်​ခေါက်က ဟယ့်ယွင်ထင်၏ စိတ်ကို ဖတ်လိုက်ရသည်ကပင် သူ့အား အ​တော်​​လေး ဒုက္ခဖြစ်​စေခဲ့ပြီး ယခုတွင်လည်း သူ့​ရှေ့တွင် ရပ်​နေသူမှာ ဟယ့်ယွင်ထင်နှင့် ကွဲပြား​လှသည့် ​တော်ဝင်မင်းသားတစ်ဦး ဖြစ်ရာ ရိုင်းပြစွာဖြင့်လက်အိတ်မချွတ်ဘဲ ​နေရန် မဖြစ်နိုင်​ပေ။  


လင်းဟန်မှာ ကူကယ်ရာမဲ့လို့ ​နေပြီး သူမကြားချင်သည့် ​နောက်ထပ်အ​တွေးများကို နား​ထောင်ရန် စိတ်ပြင်ဆင်ထားလိုက်ပြီး ဘယ်လက်ဖြင့် ညာဘက်လက်အိတ်ကို ကိုင်ကာ လက်အိတ်ချွတ်၍ ဝမ်ထျန်း​ယောင်နှင့် လက်ဆွဲနှုတ်ဆက်ရန် ပြုလိုက်စဥ်တွင်... 


“သူ့မှာ အသန့်ကြိုက်​ရောဂါ ရှိတယ်" ဟယ့်ယွင်ထင်က သူတို့နှစ်​ယောက်ထံ ​လျှောက်လာ​နေပြီး လက်အိတ်ချွတ်ရန် ပြု​နေသည့် လက်များကို ကြည့်ကာ ​ပြောလိုက်​လေသည်။ 


လင်းဟန်၏ လက်လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဟယ့်ယွင်ထင်အား ​မော့ကြည့်လာခဲ့သည်။ 


ဝမ်ထျန်း​ယောင်က အလျင်အမြန် တုံ့ပြန်လိုက်ပြီး နားလည်ဟန်ဖြင့် ​ခေါင်းငြိမ့်ပြလိုက်သည်။ 


"ချွတ်စရာ မလိုပါဘူး... ဒီတိုင်း လက်ဆွဲနှုတ်ဆက်ရုံပါပဲ" 


မည်သို့ပင်ဆို​စေကာမူ တစ်စုံတစ်​ယောက်၏ အ​တွေးများကို အတင်းအကြပ် နားမ​ထောင်ရသည်က ​ကောင်း​ပေသည်။ ထို့​ကြောင့် လက်အိတ်ချွတ်ရန် ပြင်​နေသည့် ဘယ်လက်ကို ပြန်ရုတ်ကာ ဝမ်ထျန်း​ယောင်၏ လက်များကို ညာလက်ဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး​နောက် အလျင်အမြန် ပြန်ရုတ်လိုက်သည်။


 "ကျေးဇူးပါ... အရှင်မင်းသား"  


ဝမ်ထျန်း​ယောင် ​ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်​တော့်ကို စိတ်ထဲ မထားပါနဲ့... ဗိုလ်ချုပ်နဲ့အတူတူ မက်ခါကို ကြည့်ဖို့ လိုက်လာရုံပဲ... အဖွဲ့အစည်းရဲ့ အ​တော်ဆုံး မက်ခါပြင်ဆရာကို ​တွေ့ချင်တာလည်း ပါတာ​ပေါ့​လေ" 


လင်းဟန် ပြန်မ​ဖြေဘဲ နှုတ်ခမ်း​ထောင့်​လေးများကို ခပ်ဖွဖွ ပင့်တင်လိုက်သည်။ 


ကြားဝင်​​​စေ့စပ်သူ​လေး လုအန်းဟယ်မှာ အချိန်ကိုက် ​ပေါ်လာ​လေသည်။ "အရှင်မင်းသား... ဗိုလ်ချုပ်က မက်ခါကို ပြန်မယူသွားခင် စစ်​ဆေးမှု​လေး​တွေ လုပ်စရာ လို​သေး​တော့ နည်းနည်း ကြာနိုင်တယ်" 


ဝမ်​ထျန်း​ယောင်မှာလည်း အဖွဲ့အစည်း၏ ပတ်ဝန်းကျင်ကို သ​ဘော​ခွေ့ပုံမရ​​ပေ။ "အင်း... ဒါဆို ပြန်​တော့မယ်​လေ... ကျွန်​တော်လည်း ခဏ​တဖြုတ် လိုက်လာရုံပါ... ​သြော် ဟုတ်သား ဒီတစ်​ခေါက် ကျွန်​တော် ​ရောက်လာတာ ဗိုလ်ချုပ်ရဲ့ ​မွေး​နေ့ကိုလည်း ကြိုပြီး ဂုဏ်ပြုထားချင်လို့​လေ" 


ဟယ့်ယွင်ထင်၏ မျက်နှာထက် ​ဝေခွဲမရဖြစ်​နေပုံရသည့် ရှားပါး​သော အရိပ်အ​ယောင်တစ်ခု ​ပေါ်လာခဲ့သည်။


 "​မွေး​နေ့လား" 


သို့​သော်လည်း သူမ​ပြောနိုင်ခင်မှာပင် လုအန်းဟယ်က ​ဘောစ့်ဖြစ်သူ၏ ပါးစပ်မဟခင်မှာပင် ဖြတ်​ပြောလိုက်ရာ အနည်းငယ် မယဥ်မ​ကျေး ဖြစ်သွားသည်။ 


"အရှင့်မင်းသား.... ဗိုလ်ချုပ်က​လေ... သူကတစ်ခါမှ ​မွေး​နေ့ကို မကျင်းပခဲ့ဖူးပါဘူး"


 လုအန်းဟယ်က ထပ်ပြီး ရှင်းပြ​ပေးလိုက်သည်။ "သူက အလုပ်များလွန်းလို့ တစ်ခါတစ်​လေ ​မေ့သွားတတ်တယ်... ဒါကလည်း အထူး​နေ့လိုမျိုး မဟုတ်​​တော့ ဘယ်​တော့မှ မကျင်းပဖြစ်​​တော့တာပါ" 


ဝမ်ထျန်း​ယောင် အံ့အားသင့်သွား​လေသည်။


 "ဗိုလ်ချုပ်ဟယ့်က အင်ပါယာရဲ့ အကျိုးကို ထမ်းရွတ်​နေတဲ့ အမှုထမ်း​ကောင်းတစ်​ယောက်ပဲ... သူ့ဘက်က အ​လေးအနက် မှတ်မထားရင်​တောင် သူများ​တွေက​တော့ ​​မေ့သွားကြမှာမဟုတ်ဘူး​လေ" 


လုအန်းဟယ်၏ မျက်ခုံးများ စုကြုံ့သွားပြီး ထပ်မ​ပြော​တော့​ပေ။ 


လင်းဟန်က သူ့အတွက် လုပ်စရာ မရှိ​တော့​ကြောင်း ​တွေ့လိုက်ရ​သောအခါ ​တော်ဝင်မင်းသားကို အရိုအ​သေ​ပေးကာ ထွက်သွား​တော့မည်အပြုတွင် ဝမ်ထျန်း​ယောင် ဆက်​​ပြောလာသည်ကို ကြားလိုက်ရသည်။ 


"ကျွန်​တော် နှစ်ရက်အတွင်း စား​သောက်ပွဲတစ်ခု လုပ်ဖို့ ရှိတယ်... ဗိုလ်ချုပ်ကို ကိုယ်တိုင်ဖိတ်ချင်လို့... ဒီလိုဆိုရင်​​ရော... ဒါကို ဗိုလ်ချုပ်ရဲ့ ​မွေး​​နေ့ပွဲလို့ သတ်မှတ်လိုက်ရ​အောင်... မပူပါနဲ့... ဒီတစ်ကြိမ်က ဂုဏ်ပြုဧည့်ခံပွဲနဲ့ ​သေချာ​ပေါက် တူမှာ မဟုတ်ဘူး... ဟိုလူအိုကြီး​တွေကိုလည်း ဖိတ်မှာ မဟုတ်ဘူး... ခမည်း​တော်လည်း လာမှာမဟုတ်ပါဘူး... ကျွန်​တော်ရဲ့ ကိုယ်​ရေးကိုယ်တာဆန္ဒ​လေးပဲ​လေ... ရမလား" 


ဟယ့်ယွင်ထင်၏ မျက်ခုံးများ ဆတ်ကနဲ ဖြစ်သွားသည်။


နဖူးရိုးများ မြင့်တက်သွားကာ စိတ်အ​ခြေအ​နေက မ​ပြောင်းမလဲ ရှိ​နေ​သေးပြီး ​ပေါ့​ပေါ့ပါးပါး အမူအရာသာ ရှိ​နေ​သော်လည်း သူ့တစ်ကိုယ်လုံးကမူ ပြင်းထန်​သော အ​ရောင်အဝါများ ထုတ်လွှင့်​နေသည်။ 


လုအန်းဟယ် တုံ့ဆိုင်းစွာ ​ပြောလိုက်သည်။ "ဒါက..." 


လုအန်းဟယ်မှာ ဟယ့်ယွင်ထင်ထံသို့ ပွဲအခမ်းအနား ဖိတ်ကြားလာသူများအား ကိုင်တွယ်​နေကျဖြစ်ပြီး ငြင်းဆန်ရန်အတွက် မ​ရေတွက်နိုင်​သော အ​ကြောင်းပြချက်များ ဆွဲထုတ်အသုံးပြုခဲ့​သော်ငြား ယခု ဖိတ်ကြားလာသူမှာ ​​တော်ဝင်မင်းသားကိုယ်တိုင် ဖြစ်​နေသည်။ ငြင်းဆိုရန် ခက်ခဲလှပြီး ဟယ့်ယွင်ထင် ကိုယ်တိုင်က ဂရုမစိုက်​သော်ငြား လုအန်းဟယ်မှာ ​​ဘောစ့်ဖြစ်သူ၏ ဂုဏ်သတင်းကို ကာကွယ်​ပေးရမည်ပင်။ 


ထို့အပြင် ​တော်ဝင်မင်းသားကိုယ်တိုင်က မည်သည့်အုပ်စုမှာမှ ပါဝင်ပုံမရသဖြင့် ငြင်းဆန်ရန် အ​ကြောင်းပြချက် နည်းသွားရသည်။  


လုအန်းဟယ် အချိန်အ​တော်ကြာ ရုန်းကန်​နေရပြီးမှ စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး တ​လေးတစား ​ပြောလိုက်သည်။ "​ကျေးဇူးတင်ပါတယ်... အရှင်မင်းသား" 


ဝမ်ထျန်း​ယောင်က စိတ်​​ကျေနပ်စွာဖြင့် ​ခေါင်းငြိမ့်လိုက်ပြီး လင်းဟန် ထွက်သွား​တော့မည်ကို မြင်လိုက်ရ​သောအခါ အသံမြှင့်၍ ​ပြောလိုက်သည်။ "ဗိုလ်ချုပ်ကို ဖိတ်ပြီးသွားပြီ... မစ္စတာလင်းကလည်း ဗိုလ်ချုပ်ရဲ့ မက်ခါကို ပြင်တဲ့​နေရာမှာ ကူညီ​ပေးထားတာ​ဆို​တော့ မစ္စတာလင်းလည်း လာခဲ့ပါလား"


လင်းဟန် ​ခြေလှမ်းရပ်သွားပြီး လှည့်ကြည့်လာသည်။ လင်းဟန်က မျက်နှာထက်တွင် ယဥ်​ကျေးပြီး ခပ်ခွာခွာ အမူအရာဖြင့် ဝမ်ထျန်း​ယောင်ကို အရိုအ​သေပြန်​ပေးလိုက်ပြီး ခါးကို ပြန်​ဖြောင့်လိုက်သည့်အခါ ပြုံးပြလိုက်သည်။ 


"မလိုပါဘူးအရှင်" လင်းဟန်က ​ခြောက်ကပ်ကကပ်ဖြင့် ပွင့်ပွင့်လင်းလင်း ပြန်​ဖြေလိုက်သည်။ အဆုံးတွင် သူနှင့် လုံးလုံးသက်ဆိုင်မှု မရှိသဖြင့် အရှင်မင်းသားအား ငြင်းဆန်လိုက်လျှင်ပင် ကိစ္စကြီး မဟုတ်​ပေ။ 


"ကျွန်​တော်က​တော့ ဧည့်ခံပွဲ​တွေအစား ပြုပြင်​ရေးအခန်းထဲမှာ လှဲအိပ်ရတာကို ပိုပြီး သ​ဘောကျလို့ပါ... ​ကျေးဇူးတင်ပါတယ် အရှင်မင်းသား" 


သူက ခပ်သဲ့သဲ့ မျက်​မှောင်ကြုတ်​နေ​သော ဟယ့်ယွင်ထင်ကို တစ်ချက်ကြည့်လိုက်​သော်လည်း စကားတစ်ခွန်းမှ မ​ပြောခဲ့​ပေ။ 


လင်းဟန်က ထပ်ပြီး အရိုအ​သေ ​ပေးလိုက်ပြီး​နောက် ရုံးခန်းထဲသို့ ပြန်သွားခဲ့သည်။ 


ဝမ်ထျန်း​ယောင် ဟယ့်ယွင်ထင်အား ​ပြောလိုက်သည့်စကားကိုကား လင်းဟန်လည်း ဂရုမထားလိုက်​ပေ။ 


နာရီဝက်ခန့်အကြာ ဟယ့်ယွင်ထင် မက်ခါ ယူကာ ထွက်သွား​လောက်ပြီဟု ​တွေး​နေခဲ့​သော်လည်း မထင်မှတ်ထားစွာပင် ရုံးခန်းတံခါး​ခေါက်သံ ကြားလိုက်ရသည်။ဪ 


“ရှန်ရှိုးနန်လား" လင်းဟန်က တံခါးဆီသို့ ​လျှောက်လာ​နေရင်းက ​ပြောလိုက်​သော်ငြား သူတံခါးဖွင့်လိုက်စဥ်မှာပင် ထွက်သွားသင့်ပြီဖြစ်​သော ​ဟယ့်ယွင်ထင်အား ​တွေ့လိုက်ရလေသည်။ 


"ဗိုလ်ချုပ်..." 


ဟယ့်ယွင်ထင်က သူ့​ရှေ့တွင် ရပ်လိုက်ပြီး ​ကော်လာကို လက်ဖြင့် သပ်ပြီးမှ ​ပြောလိုက်သည်။ "လင်းဟန်" 


လင်းဟန် ​ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်... ဘာလိုအပ်တာများ ရှိ​လို့လဲ" 


ဟယ့်ယွင်ထင်က မှိတ်မသုန်ဖြင့် အကြည့်လွှဲလိုက်ပြီး စကား​ပြော​သော စက်ရုပ်တစ်ရုပ်အလား "မရှိဘူး" ဟုသာ ​ပြောလိုက်သည်။ 


အချိန်အ​တော်ကြာ တိတ်ဆိတ်​နေပြီးမှ ဟယ့်ယွင်ထင်တစ်​ယောက် ​အေးတိ​​အေးစက်​လေသံဖြင့် ဆက်​ပြောလိုက်သည်။ "လုအန်းဟယ် မင်းကို ရှာ​နေတယ်" 


ဟယ့်ယွင်ထင်၏ စကားလုံးများက သူ့အမူအရာနှင့် မလိုက်ဖက်သဖြင့် လင်းဟန် ​မေးလိုက်သည်။ "ဒုတိယဗိုလ်မှုးလုက ကျွန်​​တော့်ကို ရှာ​နေတာလား... သူဘယ်မှာလဲ" 


"သူက မင်းကို ဒီနှစ်ရက်မှာ လုပ်မဲ့ ညစာစားပွဲကို ဖိတ်ချင်လို့တဲ့" 


"ညစာစားပွဲအ​ကြောင်း ထားလိုက်ပါ​တော့... ကျွန်​တော် တကယ့်ကို ဒီလိုပွဲအခမ်းအနားမျိုး​တွေ စိတ်မဝင်စားလို့ပါ" 


“…” ဟယ့်ယွင်ထင် ထပ်​ပေါင်း​​ပြောလိုက်သည်။ "ဒါ​ပေမယ့် လုအန်းဟယ်က မင်းကို ​ပြောစရာ ရှိလို့တဲ့" 


လင်းဟန် သူ့နှုတ်ခမ်း​ထောင့်​လေးများကို ​ပင့်တင်လိုက်သည်။ "ဒုဗိုလ်မှုးလု ကျွန်​တော့်ကို ​ပြောစရာ ရှိရင် ဆက်သွယ်​ရေးစက်က​နေ တိုက်ရိုက် ဆက်သွယ်လို့ ရပါတယ်" 


ဟယ့်ယွင်ထင်က အ​​လေးအနက်ဖြင့် ​ပြောလာသည်။ "ဆက်သွယ်​ရေးစက်က​နေ ​ပြောလို့ အဆင်မ​ပြေ​လောက်ဘူး... သူက ​နောက်နှစ်ရက်အတွင်း အဲ့ဒီညမှာပဲ အားမှာ​" 


လင်းဟန်က ဟယ့်ယွင်ထင်ကို ​မော့ကြည့်လိုက်ရာ နေ​ရောင်ခပ်​နွေး​နွေး​အောက်တွင် တစ်ဖက်လူ၏ နဖူးထက်တွင် ဖြာကျ​နေ​သော ​ငွေမင်​ရောင် ဆံနွယ်​လေးများက ပို၍ တလက်လက်​တောက်ပ​နေသလိုပါပင်။ "ဒါဆို ဒုဗိုလ်မှူးလုက ဘာအ​ကြောင်း ​ပြောချင်လို့များလဲ" 


အင်ပါယာဗိုလ်ချုပ်ကြီးမှာ တရှိန်ထိုး ထိုးစစ်ဆင်လာသည့်အလား ​အေးတိအေးစက် ​ပြောလိုက်သည်။


 "သူ့မက်ခါလည်း ပျက်သွားတယ်လို့ ​ပြောတယ်" 


“?”



👾