အပိုင်း၁၉
Viewers 2k

👾Chapter - 19

[ ကျွန်‌‌တော်ကလှနေတာကြောင့်နဲ့  ဗိုလ်ချုပ်က မက်ခါDebuggingလုပ်ပေးဖို့ တောင်းဆိုလာတယ်ပေါ့ ]

[T/N -debuggingက softwareတို့မှာ data error တွေစိစစ်ဖယ်ရှားတာလို့ ပြောပါတယ် ]


နောက်ဆုံးဖြစ်ရပ်တွင် ရှင်းလင်းသည့် သုံးသပ်ချက် မရှိခဲ့သည့်အတွက် အာမခံမှုရှိရန်နှင့် အခြားသူများထိခိုက်ဒဏ်ရာရရှိခြင်းမှ ကာကွယ်ရန်အလို့ငှာ ဗိုလ်ချုပ်သည် နောက်ဆုံး၌ လက်လျှော့ရန် ဆုံးဖြတ်လိုက်‌ရတော့သည်။ 


လင်းဟန်ကို တိတ်ဆိတ်ငြိမ်သက်သည့်အချိန်တိုလေးတစ်ခု ထပ်မံရရှိစေနိုင်မည့် ထိတွေ့မှုကို တိုးမြှင့်ရန် အကြောင်းပြချက်များရှာဖွေရန် သူက အလွန်စိတ်အားထက်သန်နေသော်ငြား..။



မကြာသေးမီက အင်ပါယာမှာ အတော်လေး ငြိမ်သက်သွားသော်လည်း အဖွဲ့အစည်းကမူ ခေတ္တမျှပင် မရပ်တန့်နိုင်ခဲ့ချေ။


လင်းဟန်သည် စစ်တပ်ထဲ၌ အမြောက်အမြား အသုံးပြုရန် အသင့်ဖြစ်နေပြီဖြစ်သည့်နောက်ဆုံးအသုတ်မက်ခါများကို ဒီဇိုင်းပြုလုပ်ရန်နှင့်ပြုပြင်ရန်အတွက် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ စတင်လုပ်ဆောင်သည်။


သူသည် အယ်လ်ဖာတစ်ယောက်ကဲ့သို့ မက်ခါဗဟိုချက်နှင့် တိုက်ရိုက်ချိတ်ဆက်၍ ချွန်ထက်သည့်ဓားသွားအဖြစ်သို့ မပြောင်းလဲနိုင်သော်လည်း လင်းဟန်၏ အာရုံစူးစိုက်မှု၊ဒီဇိုင်းတီထွင်နိုင်မှုနှင့် ထုတ်လုပ်နိုင်စွမ်းများမှာ သာမန်လူများထက် သာလွန်နေလေသည်။


သူသည် အင်ပါယာစစ်တက္ကသိုလ်မှ ဘွဲ့မရရှိသေးခင်မှာပင် သုတေသနအဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အင်ပါယာတိုက်ပွဲရှေ့တန်းတွင် ကြီးမားလှသည့်ပမာဏဖြင့် ယခု အသုံးပြုနေကြသည့် ဆယ်ခုမြောက် QT မက်ခါမျိုးဆက်ကို တီထွင်ရန် သူ၏ဆရာဖြစ်သူနှင့်တိုက်ရိုက်အလုပ်လုပ်ခဲ့သည်။


စစ်တပ်မှ ကြေငြာပြီးနောက်တွင် ဤမက်ခါအမျိုးအစားများကို ယခင်မျိုးဆက်နေရာတွင် အများအပြားအစားထိုးခဲ့ကြပြီး ၎င်း၏အသုံးဝင်မှုမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း  ဇာ့ဂ်များနှင့် ကြုံကြိုက်ချိန်တွင် အပြည့်အဝ ပြသခဲ့ပြီးဖြစ်လေသည်။ 


၎င်းသည် ဇာ့ဂ်ပေါင်းမြောက်များစွာ၏ ယိုယွင်းပျက်စီးစေနိုင်သည့်အဆိပ်ကို တောင့်ခံနိုင်စွမ်းရှိပြီး ဇာ့ဂ်အများစု၏ ချွန်ထက်သည့်ဓားသွားများကိုလည်း တောင့်ခံနိုင်ခဲ့သည်။ မြင့်မားသောအဆင့်ရှိသည့်ဇာ့ဂ်ကို ကိုင်တွယ်မဖြေရှင်းနိုင်လျှင်တောင် မှ မောင်းနှင်သူ၏အတွင်းပိုင်းအလိုအလျောက်လွတ်‌မြောက်စနစ်သည် လူသားတို့၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန် အမြင့်မားဆုံးလုပ်ဆောင်ပေးနိုင်သည်။


တိုက်ပွဲမှာ လူထု၏ပါးစပ်ဖျားတွင် မှန်ကန်ကြောင်း မစစ်ဆေးနိုင်ဖြစ်လာခဲ့လေသည်။ ၎င်းတို့ကို ရန်စသည့် ကြယ်တာရာဓားပြများ သို့မဟုတ် အိမ်နီးချင်းနိုင်ငံများရှိကောင်းရှိနိုင်သော်လည်း ဇာ့ဂ်များမှာမူ ရက်စက်ကြမ်းကြုတ်ပြီး ဘေးဥပါဒ်ဖြစ်စေနိုင်ကာ ရန်စရန်အတွက် ပဏာမခြေလှမ်းစတင်ကြသူများဟု လူအများစုက တစ်ညီတစ်ညွတ်ထဲပြောကြသည်။ 


ဇာ့ဂ်ခေါင်းဆောင်မှာ ကိုယ်တိုင်မလုပ်ဆောင်သော်လည်း အဆင့်နိမ့်နှင့် အလယ်အလတ်ဇာ့ဂ်အများအပြားကို အင်ပါယာ၏ အရပ်သားများအား ထိခိုက်ခွင့်ပြုခဲ့သည်ဖြစ်ရာ အင်ပါယာမှာ အချင်းချင်း လှုံဆော်မှုများ ထပ်ခါတလဲလဲဖြစ်စေခြင်းကို သည်းမခံနိုင်တော့သဖြင့် တစ်နှစ်တာ၏တိုက်ပွဲမှာ စတင်ခဲ့တော့သည်။


ထို့အပြင် အဆိုပါတိုက်ပွဲအား အကြီးအကျယ်အောင်မြင်စေခဲ့သည့်၊ အဆုံးအဖြတ်ပေးသည့်အချက်နှစ်ချက်လည်းရှိပေသည်။


တစ်ချက်မှာ စတင်အသုံးပြုနေပြီဖြစ်သည့် ဆယ်ကြိမ်မြောက် QT မျိုးဆက်ဖြစ်ပြီး နောက်တစ်ချက်မှာ ဗိုလ်ချုပ် ဟယ့်ယွယ်ထင်ပင် ဖြစ်လေသည်။


လူအများအပြားက ထိုတိုက်ပွဲကို အားရခဲ့ကြသည်။ ဟယ့်ယွင်ထင်စစ်သင်္ဘော၏လုပ်ဆောင်ချက်မှာ ကန့်သတ်ခံထားရကာ ဇာ့ဂ်များ၏ တိုက်ပွဲစွမ်းအားများမှာလည်း သူ၏နှစ်ဆနီးပါးပင်ဖြစ်ခဲ့ပြီး နောက်ဆုံးရလဒ်မှာမူ ဟယ့်ယွင်ထင်သည် အင်ပါယာတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့်အောင်မြင်မှုနှင့်အတူ အံ့ဩဖွယ်ကောင်းသည့်အဖြေတစ်ခု ပေးအပ်လာခဲ့သည်။


လူတိုင်း တွေးတောနိုင်သည်ထက်ပို၍ တိုက်ပွဲမှာ ပို၍လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ ဇာ့ဂ်များသည် ရက်အ‌တော်ကြာမြင့်သည့် မြန်ဆန်သောထိုးနှက်ချက်များကို တောင့်မခံနိုင်တော့သဖြင့် စစ်ပြေငြိမ်းရန် ဦးစွာ အဆိုပြုလာခဲ့ပြီး ရိုးသားမှုကိုပြသရန် ဇာ့ဂ်ဂြိုဟ်နှင့်သက်ဆိုင်သော အရင်းအမြစ်များစွာကိုပါ အထူးကမ်းလှမ်းလာခဲ့သည်။


ထို့အပြင် ကြယ်တာရာခေတ်ကို ကြည့်မည်ဆိုပါက အရင်းအမြစ်များသည် တိုက်ခိုက်ရယူရန်အတွက် ပထမဆုံး အခြေခံကျသည့်အရာဖြစ်ပေသည်။


အင်ပါယာသည် ဇာ့ဂ်များ၏တောင်းဆိုချက်ကို လက်ခံခဲ့ပြီး ကြီးမားသည့်အောင်ပွဲတစ်ခုကို အရယူနိုင်ခဲ့သည်။ လင်းဟန်မှာ မက်ခါကြောင့် အဖွဲ့အစည်းတွင် သူ၏ရာထူးကို တိုးမြှင့်နိုင်ခဲ့ပြီး ဟယ့်ယွင်ထင်ဟူသည့်နာမည်မှာ ထိုအချိန်မှစတင်၍ စွမ်းအားနှင့်သင်္ကေတတစ်ခုဖြစ်လာခဲ့တော့သည်။


သူ့အကြောင်းကို တွေးလိုက်မိရုံနှင့်တင် အင်ပါယာအား အနိုင်မခံ၊အရှုံးမပေးဖြစ်စေသည်။


လူတိုင်းက ထိုသည်ကို ဂုဏ်ယူစွာပင် မျက်စိစုံမှိတ်ယုံကြည်ခဲ့ကြသည်။


ထိုတိုက်ပွဲသည် အင်ပါယာအတွင်းမှ ငြိမ်းချမ်းရေးဖော်ဆောင်သူများနှင့် အစွန်းရောက်များကို ပို၍ပင် သဟဇာတမဖြစ်စေသည့်တိုက်ပွဲတစ်ခုကိုလည်း ဖြစ်ပွားစေခဲ့သည်။


ငြိမ်းချမ်းရေးဖော်ဆောင်သူများက တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီး ဇာ့ဂ်များကလည်း ချစ်ကြည်ရေးလက္ခဏာများပြသခဲ့ပြီးဖြစ်သဖြင့် သံတမန်ဆက်ဆံရေးများအတွက် သင့်တော်သော ကြွယ်ဝသည့်အရင်းအမြစ်များစွာ ရှိနေပြီဟု ယုံကြည်ခဲ့ကြသည်။ စနစ်နှစ်ခုစလုံးမှ အရပ်သားများကို ကြီးမားသောဘေးဒုက္ခဖြစ်လာစေနိုင်သည့်အတွက် ၎င်းတို့ကို အမြစ်ပြတ်ချေမှုန်းရန် မလိုအပ်ဟု ထိုသူတို့က ဆိုကြသည်။


 အစွန်းရောက်များဖြစ်ကြသည့်ရိုကီများကမူ ၎င်းမှာ သူရဲဘောကြောင်သည့်လုပ်ရပ်တစ်ခုသာဖြစ်ပြီး အင်ပါယာစစ်တပ်၏ စွမ်းအားသည် ဇာ့ဂ်ဂြိုဟ်များထက် များစွာသာလွန်နေသဖြင့် ကျိုးနွံနေစရာ မလိုအပ်ဟူ၍ ကောင်စီတွင် ပြင်းထန်စွာ အပြစ်တင်ခဲ့ကြသည်။ ဇာ့ဂ်ဂြိုဟ်ရှိ အပိုင်းတစ်ပိုင်းကို သိမ်းပိုက်လိုက်ခြင်းက ပို၍ကောင်းမွန်ကာ ကျန်ရှိနေသည့်ဇာ့ဂ်များကို အလင်းနှစ် ဘီလီယံများစွာ ဝေးကွာသည့် တခြားနေရာတစ်ခုသို့ နှင်ထုတ်လိုက်မှသာလျှင် သူတို့က ချမ်းမြေ့စွာ အနားယူနိုင်လိမ့်မည်ဟု ပြောကြသည်။


အစွန်းရောက်များသည် အကယ်၍ ဟယ့်ယွင်ထင်ဦးဆောင်သည့်စစ်သားများသာ လွန်စွာကြောက်ရွံ့တတ်လျှင် အင်ပါယာ၏ဓားသွားချွန်မှာ ၎င်း၏ သင့်တင့်သည့် တောက်ပမှု ရှိနေလိမ့်မည်မဟုတ်ဟု ဆိုကြသည်။ အချို့အစွန်းရောက်များကမူ ၎င်းမှာ အမည်ပင် မရှိသည့် နှစ်ယောက်မောင်းမက်ခါတစ်ခုသာဖြစ်ပြီး အခြားလူတစ်ယောက်မောင်းမည်ဆိုလျှင် ၎င်းတို့သည် ဟယ့်ယွင်ထင်ဖြစ်မလာနိုင်ဟူ၍တောင်မှ ဆိုကြသည်။(တစ်ခြားသူမောင်းရင် တစ်ခြားနာမည်ဖြစ်လာမယ်လို့ပြောချင်တာထင်တယ်)


သို့သော် ထိုသည်များမှာ ကောလဟာလများသာလျှင် ဖြစ်ကြသည်။


လင်းဟန်က အလုပ်သင်ကျောင်းသားတစ်ယောက်ယူလာပေးသည့် ကော်ဖီကို ကုန်စင်အောင်သောက်လိုက်ပြီး  နောက်ဆုံးတွင်မှ ဦးနှောက်အား ပြင်းပြင်းထန်ထန် အလုပ်ပေးခြင်းကို ရပ်နားလိုက်တော့သည်။ သို့သော် သူ့လက်ထဲတွင် ပုံတစ်ပုံရှိနေဆဲပင်ဖြစ်ပြီး သူ့စိတ်မှာလည်း ဆက်လက်ပြေးလွှားနေလျက်ပင်။


ရှန်ရှိုးနန်၏ ယခုတစ်ခေါက်တာဝန်မှာ လင်းဟန်နှင့် ကွဲပြား‌လေသည်။ သူ့အလုပ်ပြီးစီးသွားချိန်တွင် လင်းဟန်မှာ ထိုင်ခုံ၌ မလှုပ်မယှက်ရှိနေဆဲပင်ဖြစ်သည်။


အချိန်အတော်ကြာ ဆက်တိုက်အလုပ်လုပ်နေသည်ကိုမြင်နေရသဖြင့် ရှန်ရှိုးနန်မှာ မနေနိုင်တော့ဘဲ သူ့ကို လာရောက်သတိပေးတော့သည်။


" မင်း ခဏနားချင်လား။ ဒီ  ဒီဇိုင်းက အဲ့လောက် အရေးတကြီးမဟုတ်ပါဘူး။ နောက်တစ်ဆင့် မက်ခါဒီဇိုင်းကိုစောင့်ပြီးမှ လာပြီးမွမ်းမံလို့ရတယ်လေ။ မင်းရဲ့အချိန်နဲ့ လုံ့လကိုလည်း သက်သာစေလိမ့်မယ် "


လင်းဟန်က ပုံကိုကြည့်နေရာမှ မော့ကြည့်လာခြင်းမရှိစွာ ပြောသည်။ 


" ဒီမက်ခါ အသုတ်ရဲ့ လက်မောင်းတွေမှာ လေပွေသံလိုက်ဒုံးခွင်းသေနတ် ထည့်ဖို့ငါ စဉ်းစားနေတာ "


ရှန်ရှိုးနန်မှာ သူ နားကြားမှားသွားသလားဟု တွေးမိလုနီးပါးပင်။


 " ဒါက ပေါ့ပေါ့ပါးပါး မက်ခါတစ်စီးမဟုတ်ဘူးလား။ အဲ့ဒါက လေးလံတဲ့သံချပ်ကာလဲမဟုတ်ဘူး။ အမြောက်အမြားထုတ်လုပ်ထားတာလေ။ သူတို့တစ်ခုချင်းစီမှာသာ လေပွေသံလိုက်ဒုံးခွင်းသေနတ်ရှိမယ်ဆိုရင် အဲဒါက ပိုလေးသွားပြီး ပိုဈေးကြီးသွားတော့မှာ..."


လင်းဟန်က နှုတ်ခမ်းများကိုစေ့ရင်း တွေးလိုက်သည်။  " ငါ စဉ်းစားကြည့်လိုက်အုံးမယ် "


သူသည်လည်း ပေါ့ပါးသည့်ယေဘုယျမက်ခါတစ်စီးတွင် ဤအရာအား အသုံးမပြုသင့်သည်ကို သိရှိသည်။ ဟယ့်ယွင်ထင်၏ ပုခုံးပေါ်မှဒဏ်ရာနှင့် လွန်ခဲ့သည့်နှစ်ရက်တွင် ထိုသူကို တစ်ယောက်ပြီးတစ်ယောက် နာကျင်အောင်ကြိုးပမ်းခဲ့ကြသောသူစိမ်းများအကြောင်း သူက ပြန်‌၍တွေး‌တောမိသွားရုံသာဖြစ်လေသည်။


သူ တစ်ယောက်တည်း ဤကဲ့သို့ဖြစ်နေသည်ဟုတ်မဟုတ်ကို မသိသော်လည်း ယခု ငြိမ်းချမ်းရေးမှာ အံ့ဩဖွယ်ကောင်းသကဲ့သို့ သူ ခံစားနေရသည်…  အတော်လေး လွယ်ကူလွန်းနေပေသည်။


သူက ငြိမ်းချမ်းရေးကို တန်ဖိုးမထားခြင်းမဟုတ်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် လက်ရှိငြိမ်းချမ်းရေးမှာ ကျိုးပဲ့လွယ်ပုံရပြီး ငြိမ်သက်နေပုံပေါ်သော်ငြား ၎င်းမှာ သူတို့အားလုံး အက်ကွဲလွယ်သည့်မှန်တံတားပေါ်၌ ရောက်နေသည်နှင့်တူညီသည်ဟု သူက ခံစားနေရသည်။ 


သေးငယ်ချွန်ထက်သောကိရိယာတစ်ခု ရှိနေသရွေ့ ထိုအရာမှာ ဤကောင်းမွန်လှသည့်အလွှာကို မြန်မြန်ဆန်ဆန်ထိုးဖောက်နိုင်လိမ့်မည်။


တစ်ကမ္ဘာလုံးမှာ ဟယ့်ယွင်ထင်သည် ကြယ်တာရာဓားပြများဆီမှ အောင်ပွဲဆွတ်ခူးကာ ပြန်ရောက်လာကြောင်းကို သိကြသော်လည်း တစ်စုံတစ်ဦးက M2742အား ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးရေးနည်းလမ်းဖြင့် ဖောက်ခွဲဖျက်ဆီးရန်ကြိုးပမ်းခဲ့သည်ကိုမူ မည်သူမျှမသိရှိကြချေ။ 


ဧကရာဇ်အရှင်က သူ့အတွက် အောင်ပွဲခံအခမ်းအနားကျင်းပပေးသည်ကို ကမ္ဘာက သိရှိသော်လည်း တစ်စုံတစ်ယောက်က အနည်ထနေသည့် ရေထဲတွင် ငါးမြားရန် ကြိုးပမ်းခဲ့ပြီး ဗိုလ်ချုပ်ပိုင်ဆိုင်သည့်စိတ်စွမ်းအားနမူနာများကို ခိုးယူရန်ကြိုးစားခဲ့မှန်း မည်သူမှ မသိကြချေ...။


လင်းဟန်အတွေးထဲ နစ်မျောသွားသည်နှင့်အမျှ ဖောင်တိန်ကို ကိုင်ထားလျက်ဖြစ်သည့် သူ၏လက်ချောင်းများက ပုံပေါ်တွင် အမှတ်အသားအသစ်တစ်ခုပြုလုပ်သွားမိသည်။


ဟယ့်ယွင်ထင်က လူသတ်သမားကိုရှာတွေ့ခဲ့သလား။ သူ့ထံ၌ သဲလွန်စရှိနေသလား။


သူက သူ ကူညီနိုင်သည်ဟု ပြောခဲ့သော်ငြား နှစ်ဦးသားမှာ အလွန်မရင်းနှီးသလို ထိုသူကလည်း သူ့ကို ယုံကြည်လိမ့်မည်မဟုတ်ပေ။ လင်းဟန်၌ ရောထွေးသည့်ခံစားချက်အချို့ ရှိနေသည်။


ယခင်ကဆိုလျှင် သူသည် ရုတ်တရက်ပေါ်လာတတ်သည့် သူ့စွမ်းရည်ကို အတိုင်းအတာတစ်ခုအထိ မုန်းတီးခဲ့သော်လည်း ယခုတွင်မူ ဤစွမ်းရည်မှာ ဟယ့်ယွင်ထင်ကို တစ်နည်းနည်းဖြင့် ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေမိသည်။


အလင်းရောင်အောက်တွင် မုန်တိုင်းက အစပျိုးနေခဲ့လေပြီ။


_


သေဆုံးသွားသည့်အိုမီဂါအပေါ်  နောက်ထပ်စမ်းသပ်မှုအစီရင်ခံစာများကို စောင့်မျှော်နေသည့်ဟယ့်ယွင်ထင်၏ဘက်တွင်လည်း ယခုအချိန်မှာတော့ လမ်းကြောင်းပေါ် သို့ ပြန်လည်ရောက်ရှိပြီဖြစ်လေသည်။ ထို့အပြင် မက်ခါအခြေစိုက်စခန်း၏ နှစ်စဉ် မောင်းနှင်သူ စခန်းသွင်းရွေးချယ်ပွဲအချိန်သည်လည်း ရောက်ရှိလာလေပြီ။


ဤမက်ခါခေတ်၌ ကမ္ဘာရာစုနှစ်များနှင့်မတူညီစွာ ခြေလျင်တပ်နှင့်သံချပ်ကာယန္တရားတပ်များကို လိုအပ်လာသည့်အခါ အင်ပါယာသည် မဖြစ်မနေစစ်မှုထမ်းရန် အတင်းအကြပ် ခိုင်းစေခြင်းများမပြုလုပ်ချေ။


 အကြောင်းမှာမူ အင်ပါယာတစ်ခုလုံး၏စိတ်သဘောထားမှာ ယေဘုယျအားဖြင့် ပိုခိုင်မာပြီး လူအများစုသည် ၎င်းတို့၏ပန်းတိုင်ကို မောင်းနှင်သူကောင်းတစ်ဦးဖြစ်ရန် ရည်မှန်းထားကြသောကြောင့်ပင်။


သို့သော် မောင်းနှင်သူတစ်‌ယောက်ဖြစ်ရန်မှာ လုံးလုံးမလွယ်ကူသည့်အပြင် ဟယ့်ယွင်ထင်၏ မက်ခါအခြေစိုက်စခန်းသို့ ဝင်ရောက်နိုင်ရန်မှာ ပို၍ပင်ခက်ခဲသည်။


ပထမဆုံးအနေနှင့် သင်က အိုမီဂါတစ်ဦးဖြစ်၍မရချေ။ ဒုတိယအနေနှင့် ရုပ်ပိုင်းဆိုင်ရာရလဒ်မှာ အနည်းဆုံး အေအဆင့်ဖြစ်ရမည်။ ထို့အပြင် တတိယအနေနှင့် စိတ်စွမ်းအားတိုင်းတာမှုမှာ အလွန်အမင်းနိမ့်ကျနေ၍ မရချေ။


ဤသုံးချက်နှင့်ပြည့်စုံမှသာ စတင်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ရင်ဆိုင်ရမည့် မျက်လုံးပြူးနိုင်လောက်သည့်ပြင်းထန်သောစမ်းသပ်စစ်ဆေးမှုနှင့် လေ့ကျင့်ရေးသည် ၎င်းတို့အား တစ်သုတ်ပြီးတစ်သုတ် စစ်ထုတ်သွားလိမ့်မည်။ အရည်အချင်းပြည့်မီသည့် စစ်သားတစ်ထောင်တွင် တစ်ဦးထက်နည်းသည့်သူများသာ နောက်ဆုံးတွင် မက်ခါအခြေစိုက်စခန်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး လူတိုင်းမှာ အခြေခံစက်ပြင်ဆရာအဖြစ် စတင်ကြရသည်။


" အခုက စစ်ဆေးမှုပထမအကျော့ပဲရှိသေးတယ် ၊ သူတို့ထဲက တစ်ဝက်လောက်မရှိကြတော့ဘူး " 


လုအန်းဟယ်က ပေါင်းစည်းရေးဌာနမှ သူ့ထံသို့ အချိန်နှင့်တပြေးညီ ပေးပို့လာသည့်ဗီဒီယိုဒေတာကို ကြည့်ရှုရင်း စိုးရိမ်နေသည့်လေသံဖြင့် ပြောလာသည်။ 


" အဆုံးကျရင် သူတို့ထဲက အယောက်သုံးဆယ်လောက်တောင် ရွေးခံရမဲ့ပုံ မပေါ်ဘူး "


ရွေးချယ်မှု၏နောက်ဆုံး link ဖြစ်သောကြောင့် ဟယ့်ယွင်ထင်သည် အင်ပါယာအား ပံ့ပိုးကူညီရန် ဤနေရာသို့ရောက်လာကြသည်ဟု အခိုင်အမာဆိုခဲ့ကြသူများကို အီလက်ထရွန်းနစ်ဖန်သားပြင်မှတစ်ဆင့် ထူးမခြားနားစွာ ကြည့်လိုက်သည်။ သို့သော် နောက်ဆုံး၌ မက်ခါမောင်းနှင်သူများပင် မအောင်မြင်နိုင်သည့်အတွက် သူက မျက်မှောင်ကြုံ့လိုက်သည်။


လုအန်းဟယ်သည် နှစ်တိုင်း၏ ဤကဲ့သို့နေ့ရက်မှာ ဟယ့်ယွင်ထင် ဒေါသအထွက်ဆုံးအချိန်ဖြစ်မှန်း သိရှိသည်။


 " ကျွန်တော် အခြေစိုက်စခန်းနှစ်ခုကို သူတို့အပေါ် အနီးကပ်စောင့်ကြည့်ခိုင်းထားတယ်။ အရည်အချင်းရှိတဲ့ လူသစ်အချို့ ရှိပါတယ် "


ဟယ့်ယွင်ထင်၏နှုတ်ခမ်းများမှာဖြောင့်တန်းနေပြီး သူက ငြင်းဆိုမလာပေ။


စစ်ဆေးမှုနှစ်ကျော့ပြီးဆုံးသည့်နောက်တွင် လူအများအပြား မကျန်ရှိတော့ ချေ။ ထိုအချိန်တွင် လူသစ်များအား သူတို့လက်ဖြင့် မက်ခါအား ကိုယ်တိုင်မောင်းနှင်ခွင့် ပေးထားသည်။


 ထိုကဲ့သို့ အချိန်မျိုးတွင် မတော်တဆမှုဖြစ်များကို ရှောင်ရှားရန်နှင့် အခြားသော ဆုံးရှုံးမှုများမရှိ‌စေရန် မက်ခါပညာရှင် တစ်ဦး သို့မဟုတ် နှစ်ဦးကို မက်ခါ Debugging ပြုလုပ်ခြင်းနှင့် အခြားသောပျက်စီးဆုံးရှုံးမှုများကို ကြိုတင်ကာကွယ်ရန် အမြဲဖိတ်ကြားထားလေ့ရှိ လေသည်။[T/N -debuggingက softwareတို့မှာ data error တွေစိစစ်ဖယ်ရှားတာလို့ ပြောပါတယ် ]


လုအန်းဟယ်သည် မျက်ကွယ်အချက်အား ရုတ်တရက် ဖမ်းဆုပ်မိသွားသည်။


အကယ်၍၊ ဖြစ်နိုင်တာ၊ ဖြစ်ကောင်းဖြစ်နိုင်တာ..


" မစ္စတာလင်းက လတ်တလော... "


" Debug လုပ်ပေးမဲ့လူကို ရှာဖို့အချိန် ရောက်ပြီ "


သူနှင့်ဟယ့်ယွင်ထင်တို့ တစ်ချိန်တည်း၌  ပြောလိုက်မိကြသည်။


ဟယ့်ယွင်ထင်သည်လည်း ဤကိစ္စကိုတွေးတောပြီးသားဖြစ်နေသည်မှာ ထင်ရှားသည်။


အချိန်တစ်ခုကြာ တိတ်ဆိတ်သွားပြီးနောက် လုအန်းဟယ်က ဆက်သွယ်ရေးကိရိယာကို တိတ်တဆိတ် ကောက်ကိုင်လိုက်သည်။


 " သိပါပြီ၊ ကျွန်တော်လုပ်လိုက်ပါ့မယ် "


ဟယ့်ယွင်ထင်၏ မျက်လုံးများသည် နောက်ဆုံးတွင် ပျာယာခတ်နေသည့် တပ်သားသစ်များကို အတော်‌လေး ပိုမိုကြင်နာစွာ ကြည့်လိုက်တော့သည်။


_


လင်းဟန်သည် လုအန်းဟယ်၏ဆက်သွယ်မှုကို ရရှိချိန်တွင် ထိုနေ့အတွက် စားသုံးရမည့်အာဟာရဓာတ်စာများကို စားသုံးပြီးရုံမျှသာ ရှိသေးသည်။


လုအန်းဟယ် သူ၏တောင်းဆိုမှုကို ပြောပြီးသည်နှင့် စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။ 


" မစ္စတာလင်း အဲ့အကြောင်းကို စဉ်းစားလို့ရပါတယ်။ ဒါက ခင်များရဲ့အလုပ်နဲ့ အနားယူမှုကိုထိခိုက်စေမှာမဟုတ်ပါဘူး။ အခြေစိုက်စခန်းမှာလည်း အာဟာရဓာတ်စာတွေရှိတာမို့ မစိုးရိမ်ပါနဲ့ "


သူက ဤအလုပ်ကို ယခင်က ကြားခဲ့ဖူးသော်လည်း အဖွဲ့အစည်း၌ နေရသည်ကပို၍လွယ်ကူပြီး သူ၏ပုံမှန်အလုပ်များကိုလည်း မထိခိုက်စေပေ။ အခြေစိုက်စခန်းသည် သူ့ကို အထူးရုံးခန်းတစ်ခု ပေးလိမ့်မည်ဖြစ်ပြီး မက်ခါဌာနခွဲအား ဒီဇိုင်းပြုလုပ်ရန် လွှတ်ပေးထားနိုင်ကာ သူ ထွက်လာချိန်တွင် Debug ပြုလုပ်ရန်နှင့် ပြုပြင်ရန်အတွက်သာ လိုအပ်ပေသည်။ ထို့အပြင် ဤအလုပ်သည် အလွန်ရက်ရောသည့်ထောက်ပံ့မှုများလည်းရှိနေသည့်အတွက် အဖွဲ့အစည်းတွင် နှစ်စဉ်နှစ်တိုင်း စေတနာ့ဝန်ထမ်းအဖြစ်လျှောက်ထားသူများရှိကြပြီး အခြေစိုက်စခန်း၏ စစ်ဆေးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းကြရသည်။


ဤနှစ်တွင် သံလွင်ခက်ကိုပစ်ရန် အစပြုလာသူမှာ လက်ထောက်ဖြစ်နေလိမ့်မည်ဟု သူက မမျှော်လင့်ခဲ့မိပေ။

[ T/N - တစ်စုံတစ်ခုကိုကမ်းလှမ်းတာပါ ]


လင်းဟန်က သူ့လက်ထဲမှပုံကို တစ်ချက်ကြည့်လိုက်သည်။


ယခုရက်ပိုင်း သူ၏အတွေးအခေါ် တချို့မှာ သဲလွန်စမရှိ ပိတ်ဆို့နေခဲ့ပြီး အကြောင်းရင်းကို သူလည်း မသိရှိနေချေ။ 


ယခုအခါ အခြေစိုက်စခန်းသည် ဒီဇိုင်းလုပ်ရာတွင် သူ ပါဝင်ခဲ့သည့် ဆယ်ကြိမ်မြောက် QT မျိုးဆက်ကို အသုံးပြုနေသဖြင့် အကယ်၍ သူက သွားရောက်လိုက်လျှင် အတွေးအခေါ်အသစ်အချို့ ရရှိလာနိုင်ပေမည်။


လင်းဟန်သည် ဖောင်တိန်ကိုလှည့်လိုက်ရင်း တစ်ဖက်မှ လုအန်းဟယ်ကိုပြန်ဖြေမည်အပြု၌ တစ်စုံတစ်ခုကို တွေးမိသွားကာ မေးလိုက်သည်။ 


" ဗိုလ်ချုပ်က ကျွန်တော့်ကို လာခိုင်းတာလား "


လုအန်းဟယ်သည် စပီကာကိုဖွင့်လိုက်ပြီး ဟယ့်ယွင်ထင်၏နံဘေး၌ လေးနက်စွာဖြင့် ဖြေကြားသည်။


 " မဟုတ်ဘူး၊ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့အခြေစိုက်စခန်းက ဝန်ထမ်းတွေအားလုံးရဲ့စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်မှုတစ်ခုပါ "


ဟယ့်ယွင်ထင် "....."


" အိုး " လင်းဟန်က ပြောသည်။


 " ကျွန်တော်စဉ်းစားပါရစေ "


လုအန်းဟယ်မှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ခြေကုန်လက်ပန်းကျပင်ပန်းသွားကာ အမှန်တကယ် အကြပ်ရိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။


 " မစ္စတာလင်း.... "


" ဗိုလ်ချုပ်က ခင်များဘေးမှာရှိသလား " လင်းဟန် မေးလိုက်သည်။


လုအန်းဟယ်က တည့်တိုးဖြေလိုက်သည်။ " မရှိပါဘူး "


👾