Chapter 70
Viewers 4k

🐯Chapter 70


( စာမကျန်ခဲ့ပါဘူးနော် 69က မြေခွေးလေး ရောက်လာတဲ့နေရာမှာတင် ရပ်သွားပြီး 70ကိုတော့ ရေပူစမ်းရှိတဲ့ဟိုတယ်မှာ တိုက်ရိုက်လွှင့်တာနဲ့စထားလို့ပါ💙)


တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သည်နှင့်တစ်ပြိုင်နက် လူထောင်​ပေါင်းများစွာ ဝင်​ရောက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြည့်ရှုသူအ​​ရေအတွက်က ဂဏန်း၆လုံးထိရှိလာပြီး မှတ်ချက်များမှာလည်း တစ်ခုပြီး တစ်ခုတက်လာသည်။


[မိုင်းတွင်းထဲမှာ မိသားစုတစ်ခုရှိတယ် : မြန်မြန် လိုင်းတက်လာပြီ... အသက်ရှင်​နေသ​ရွေ့ ဘာကို​စိတ်ပူနေရမလဲ... အဲ့ဒါChaikeshanက ​ရေပူစမ်းလား...​​မျှော်လင့်​နေမိပြီ...]


[ဗီဗီယန် : ပထမဆုံး၂ရက်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက တိုလွန်းတယ်... ဒီ​နေ့​လည်း တိုဦးမှာလား... သိပ္ပံအကယ်ဒမီက အရမ်း​ကျော်ကြား​နေတာ သူ့ရဲကျော်ကြားမှု​ပေါ် အခွင့်​ကောင်းယူနိုင်တယ်လေ... တိုက်ရိုက်လွှင့်တာက တဖြည်းဖြည်း ပိုတိုလာတယ်... ​ကျေးဇူးပြုပြီး ​မ​ကျော်ကြား​အောင်မလုပ်ပါနဲ့...ငါတို့အတွက် ငဲ့ကြည့်ပါဦးQAQ]


[အညို​ရောင်ပင်လယ် 53 : ​ရှေ့၂ရက်တုန်းက တိုတယ် +1 မင်း ဒီ​နေ့ဘာစားမှာလဲ... ​ရေပူစမ်းက​ရော... ငါ့​ခေါင်းကို​ဖက်ပြီး ဆိုဖာ​ပေါ် ​ပျော်​ပျော်ရွှင်ရွှင် လှဲချလိုက်ပြီ...]


[နို့လက်ဖက်စိမ်းပန်း : လူသစ်​တွေက 

တွင်းထဲကိုဝင်ပြီး ကတ်ထဲကထွက်လာကြတယ်...]


ငါးမိနစ်အတွင်းမှာပင် ကြည့်ရှုသူများစွာ

ဝင်​ရောက်လာပြီး ရှစ်သန်းအထိ ရောက်သွားသည်။


"ဒီ​နေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြာကြာလုပ်နိုင်ဖို့ ကြိုးစား​ပေးပါ့မယ်.."

ကုယွီမြန်က ပြောလိုက်ပြီး ယခင် ၂ရက်မှ တိုက်ရိုက်ထုတ်လွှင့်မှု တို​တောင်းသည့်အ​ပေါ်  လူများမ​ကျေမနပ် ဖြစ်နေလိမ့်မည်ဟု မ​မျှော်လင့်ထားခဲ့​ချေ။


" ကျွန်တော်တို့ ဒီ​နေ့ညအရသာရှိတာစားကြမယ်... ကံစမ်းမဲလည်း ရှိတယ်​နော် ဟုတ်ပြီလား ..."


[​သေစမ်း ... ကံစမ်းမဲတဲ့...]


[ငါ မင်း​ပြောတာနား​ထောင်မယ်...]


[ငါမ​မျှော်လင့်ထားဘူး ဝူး ဝူး ဝူး ...]


[​ကျော်ကြားတဲ့တင်ဆက်သူနဲ့ဆိုရင် ပိုပြီးလုပ်ရလည်း အဆင်​ပြေပါတယ်..]


မီးခို​ချောင်ထဲတွင် ဖြစ်​သော်လည်း ကုယွီမြန်က ရှုပ်​ထွေးသည့်ညစာအားလုပ်ရန် အစီစဥ်မရှိ​ပေ။


​ရေဘဝဲနဲ့ ဝက်ရိုး​ခေါက်ဆွဲ...


​ခေါက်ဆွဲလုပ်ရခြင်းမှာ ပို၍လွယ်ကူပေလိမ့်မည်။ ​ရေပူစမ်းထဲတွင် ​ခေါက်ဆွဲပူပူတစ်ခွက် စားရခြင်းက အဖိုးတန်လှသည်။


"​ကောင်းပြီ စကား​တွေအများကြီး မ​ပြော​တော့ဘူး...စကြရ​အောင်..."


ဝက်ရိုးများကို လတ်ဆတ်ပြီးနူးညံ့သွားသည်အထိပြုတ်ရန် လိုအပ်​ပေသည်။ ဝက်ရိုးအတုက ကုယွီမြန် သိပ္ပံအကယ်ဒမီသို့ သွားစဥ်က ရရှိခဲ့သည့် အကျိုး​ကျေးဇူးများထဲမှ တစ်ခုဖြစ်သည်။ ကုယွီမြန် ဝက်ရိုးများကိုသန့်စင်ပြီး ​ရေလုံလုံ​လောက်​လောက်ထည့်ကာ မီးပူပူတွင် ပြုတ်လိုက်ရာ မကြာမီတွင်  အညစ်အ​ကြေးတစ်ထပ်မှာ မျက်နှာပြင်​ပေါ်သို့တက်လာခဲ့သည်။


မျက်နှာပြင်​ပေါ်မှ အလွှာများကို ဇွန်းရှည်ဖြင့်ခပ်ယူရန် ဇွန်းရှည်ကြီးကို လက်သည်း​လေးနှစ်ဖက်ဖြင့်ကိုင်ထားသည့် ​မြေ​ခွေး​ပေါက်​လေးအား လှည့်ကြည့်လိုက်သည်။ သူက ဇွန်းကို ကုယွီမြန်ထံ​ပေးလိုက်ပြီး​​နောက် ကုယွီမြန်နှင့်ထိလိုက်မိသည့်အတွက် ရှက်ရွံ့စွာ မျက်လုံးများငုံ့​ကြည့်​နေသည်။


"​ကျေးဇူးပါ ချိုးချိုး..."

ဥာဏ်​ကောင်းသော​မြေ​ခွေး​လေး သူတို့၏မိသားစုထဲ ရောက်လာပြီး​​နောက် ကုယွီမြန်၏အလုပ်များမှာ ပို၍လွယ်ကူလာသည်။


ပန်ဒါ​​လေးမှာ ကိစ္စများလုပ်ရန် အလွန်​နှေး​ကွေးပြီး ရိုးသားလွန်းသည်။ ကုယွီမြန်မှာ သူ၏ကူညီခွင့်ကို ငြင်းပယ်လိုက်သည်။​ နောက်မှကုယွီမြန်က သူ့အားကူညီ၍ ​ကျွေး​မွေး​ပေလိမ့်မည်။ သို့​သော် သူက မြေ​ခွေး​လေး​လောက် နားမလည်​နိုင်​သေး​​ချေ။


နှင်းကျားသစ်​လေး၏ မျက်နှာမှာ အမူယာမဲ့သွားရသည်။

"...."


ကုယွီမြန်က ထပ်မံ၍ ချဥ်စူးစူးဖြစ်​နေ​သော နှင်းကျားသစ်​လေးအား သူ့လက်​မောင်းထဲတွင် သယ်လာခဲ့သည်။တစ်ခါတစ်ရံတွင် သူ့၌ ​မြေး​ခွေးတစ်​ကောင်၊ပန်ဒါတစ်​ကောင်နှင့် သံပုရာသီးတစ်လုံး ရှိ​​နေသည်ဟု ခံစားရသည်။


ကုယွီမြန်မှာ ကြည့်ရှုသူများက "ရွှယ်ထွမ်​လေးလို ငါလည်းချဥ်​စူးနေပါပြီ" ဟူသည့် ရုပ်ပုံ​လေးများဖြင့် စ​နောက်ကျလိမ့်မည်ဟု မ​မျှော်လင့်ခဲ့​ပေ။


အရသာရှိ​သော အစားအ​သောက်များနှင့် ကုယွီမြန် အပြင် အိမ်မှက​လေးများနှင့် ကုယွီမြန်၏ကြားရှိ ​နွေး​ထွေး​သော အပြန်အလှန်ဆက်ဆံမှုများအတွက် ကြည့်ရှုသူများလာ​ရောက်ကြခြင်းဖြစ်သည်။


ကုယွီမြန်လည်း ပြုံး၍​နောက်တစ်ဆင့်အား သွားလိုက်သည်။ လတ်ဆတ်သွား​စေရန် အိုးထဲသို့ ရှာလကာရည် ဇွန်းအပြည့် ၂ဇွန်းထည့်လိုက်သည်။ သူက ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းများကို အပိုင်းပိုင်းပြီး ဟင်းခတ်အ​မွှေးအကြိုင်အတွက် ပိုင်းဖြတ်ထားလိုက်သည်။ ဝက်​ပေါင်​ခြောက်၂ပိုင်းကိုထည့်ပြီး အပူချိန်ခပ်​အေး​အေးဖြင့် ချက်ပြုတ်လိုက်သည်။ သူက တစ်ချိန်တည်းမှာပင် ရှင်းပြလိုက်သည်။

"ဝက်​ပေါင်​ခြောက်က သူ့ကိုယ်တိုင်ကကို အငန်ဓါတ်ရှိပြီးသားမို့ ဆားထပ်ထည့်စရာမလို​​တော့ဘူး..."


အရိုးစွတ်ပြုတ်မှာ ခပ်​ပေါ့​ပေါ့ အလယ်အလတ် ထူပျစ်သည့် အ​နေအထားမျိုးဖြစ်သည်။ ကြည့်ရှုသူများမ​မျှော်လင့်ထားသည့် လုပ်ရပ်တစ်ခုကို ကုယွီမြန်မှ လုပ်လိုက်သည်။


အရိုးစွပ်ပြုတ်လုပ်မည်အစား သူက အရိုးနှင့်ဝက်​ပေါင်​ခြောက်များကို ဇကာဖြင့် စစ်ယူလိုက်သည်။ ကျန်ရှိ​နေသည့် အရိုးစွပ်ပြုတ်များကို ​အေးသွား​စေရန် ​ရေခဲ​သေတ္တာထဲသို့ထည့်လိုက်သည်။​ ရှေး​ဟောင်းကမ္ဘာ၌ဆိုလျှင် တစ်ရက်တာ​ ထည့်ထားရမည်ဖြစ်​သော်လည်း ယခုတွင်မှု မိနစ်ဝက်ခန့်သာ လိုအပ်​ပေသည်။ သူ ထုတ်ယူလိုက်​သောအခါ အရိုးစွပ်ပြုတ်သက ဖောက်ထွင်းမြင်ရသည့် ဂျယ်လီများအဖြစ် 

​ပြောင်းသွားသည်။


ကုယွီမြန်က ဂျယ်လီ၏အ​​ပေါ်ယံမျက်နှာပြင်ရှိ အဆီများကို ဇွန်းဖြင့် ဂရုတစိုက်ခြစ်ထုတ်လိုက်ပြီး ရှင်းပြလိုက်သည်။

"ဒီလိုနည်းနဲ့ဆိုရင် ဆီနဲ့ စွပ်ပြုတ်ကို သက်သက်ဆီ ခွဲလို့ရသွားပြီ..​​. နောက်ဆုံးကျန်တဲ့စွပ်ပြုတ်က ပိုလတ်ဆတ်ပြီး​​တော့ အဆီနည်းသွားလိမ့်မယ်... ဒါက ကျန်းမာ​ရေးအတွက်လည်း​ကောင်းတယ်..."


သူ့စိတ်ထဲ နာကျင်စွာဖြင့် ထန်ယွမ်​လေး၏ဗိုက်​အား နှိပ်နယ်ပြီး ကူညီ​ပေးခဲ့သည်။ ယွမ်ယွမ်က ဤထက်ပိုဝ၍ မဖြစ်​ချေ။


ပန်ဒါ​လေးက ကုယွီမြန်၏ လက်အားကိုင်ထားကာ ​စိတ်လွတ်နေခဲ့သည်။


"ဘာ​တွေဖြစ်​နေတာလဲ..."

ကြည့်ရှုသူများက ဖြစ်ပျက်သွားသည့်အရာများကို အနည်းနှင့်အများ ခန့်မှန်းမိပြီး​​နောက် မျက်နှာပြင်​ပေါ်တွင် ​နောက်ထပ် "ဟားဟား" များတက်လာခဲ့သည်။


ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုက မူရင်းမျက်နှာပြင်​ပေါ်ရှိ ​ကျော်ကြားမှုစာရင်းတွင် ထပ်မံ​နေရာယူရန် အချိန်မကြာခဲ့​​ပေ။ သူ၏​ကျော်ကြားမှုက ​သောကြာ​နေ့တွင် စတင်ပျံဝဲတက်​​နေခဲ့ပြီး ကြည့်ရှုရန်ဝင်​ရောက်မှုများ များပြားလာချိန်တွင် လမ်းတစ်​လျှောက် ထိပ်ဆုံးသို့တက်သွားသည်။


သူက ဂျယ်လီကဲ့သို့စွပ်ပြုတ်အား အိုးထဲသို့ထည့်ပြီး အပူ​ပေးကာ ချက်ပြုတ်လိုက်သည်။ ဆူပွက်​နေသည့်အချိန်တွင် တပွက်ပွက်အသံများ မြည်​နေသည်။ သူက လတ်ဆတ်​သော ခရင်ဗူးတစ်ဝက်ကိုပင် ထည့်ခဲ့​သေးသည်။


အရိုးစွပ်ပြုတ်နှင့် ခရင်များမှာ ​ရော​နှောသွားပြီး ဖြူဆွတ်ဆွတ် စွပ်ပြုတ်ပျစ်ပျစ်က ဆူပွက်လာသည်။ မကြာမီတွင်  နူးညံ့​ပြင်းထန်သောအနံ့က အိုးထဲမှထွက်လာသည်။


"လတ်ဆတ်တဲ့ ခရင်ဗူး တစ်ဝက်​လောက်ထည့်လိုက်တာက စွပ်ပြုတ်ကိုပိုပြီး အနံ့အရသာနဲ့ ပြည့်စုံ​စေတယ်... မင်းတို့မိသားစုမှာ နို့အရသာကို မခံနိုင်တဲ့သူပါတယ်ဆိုရင် နို့အနံ့ကင်းတဲ့ ​နွားနို့အတုကို သုံးလို့ရတယ်... ကျွန်တော်က အခုတစ်​ခေါက် ခရင်အတုကို ထည့်သုံးထားတာပါ..."


ကုယွီမြန်က ဇွန်းအရှည်တစ်​ချောင်းအားကိုင်၍​​မွှေရင်း ​ပြော​နေခဲ့သည်။ သူ၏ယခင်ဘဝတွင် ​ခေါက်ဆွဲစား​လေ့ရှိ​သော်လည်း တူညီ​သောအရသာနှင့် အ​ရောင်အဆင်းကို အိမ်တွင်မလုပ်နိုင်ခဲ့​ပေ။ ဤဖြစ်ရပ်အပိုင်းကို နားမလည်မှီက ဂျပန်စား​သောက်ဆိုင် မန်​နေဂျာအား ​မေးမြန်းကြည့်ခဲ့သည်။


ဖြူ​ဆွတ်ဆွတ်နှင့် ခပ်ပျစ်ပျစ်စွပ်ပြုတ်အား မီး​အေး​အေးဖြင့်တည်ထားပြီး တစ်ခါတစ်ရံ မျက်နှာပြင်​ပေါ်တွင် ပူစီ​​ပေါင်း​လေးများထ​နေသည်။ ဝက်​ပေါင်​ခြောက်နှင့်ဝက်ရိုး၏

အရသာများမှာ စိမ့်ဝင်​နေသည်။ နို့အရသာခပ်​ပေါ့​ပေါ့နှင့် ဝက်အရိုးစွပ်ပြုတ်က တစ်ငုံစာဖြင့်ပင် လူတိုင်းအား သူတို့၏လျှာများကို မျိုချမိချင်သည်အထိ ဖြစ်သွား​စေသည်။


ယခုအ​ခြေအ​နေတွင် စွပ်ပြုတ်မှာ ကျက်လုနီးပါးပင်။​ခေါက်ဆွဲနှင့်အခြားပါဝင်ပစ္စည်းများကို ပြင်ဆင်ရ​တော့မည်ဖြစ်သည်။


သို့​သော် ကုယွီမြန်က မ​နေနိုင်ဘဲ က​လေးသုံး​ယောက်နှင့်ကြည့်ရှုသူများ မြည်းစမ်းနိုင်ရန် က​လေးတစ်​ယောက်လျှင် ဇွန်းအပြည့်​ကျွေးလိုက်သည်။ ပါးစပ်အပြည့် ဝက်ရိုးစွပ်ပြုတ်က နှုတ်ခမ်းနှင့်သွားများကြားမှ လည်​ချောင်းထဲသို့ စီးဝင်သွားပြီး လျှာ​ပေါ်တွင် ကြာရှည်စွာ အရသာစွဲကျန်ခဲ့သည်။


​​မြေ​ခွေး​လေးနှင့် ပန်ဒါ​​လေးမှာ တစ်​ယောက်နှင့် တစ်​ယောက်ကြည့်လိုက်မိပြီး မျက်လုံးများဝိုင်းသွားသည်။​ မြေ​ခွေး​လေးက သူ့ခေါင်းဖြင့် ကုယွီမြန်၏လက်​မောင်းကိုတွန်းကာ ​နောက်တစ်ဇွန်း ထပ်မံ​တောင်းဆိုသည်။ နှင်းကျားသစ်​လေးမှာ တည်ငြိမ်​နေဆဲပင်။ သူ၏​က မေး​လေးကို

ပင့်ပြီး ကုယွီမြန်၏လက်ဖဝါးကို ​ခေါင်း​လေးဖြင့်ပွတ်သပ်လိုက်သည်။


[အသုံးပြုသူ 1467 :အားး.....]


[လျန့်ချန်ယွဲ့ : ဝှက်သယ်ဖတ် ​သောက်လို့ အရမ်း​ကောင်းတယ်...​ အရသာခပ်ပြင်းပြင်းလေးနဲ့ မအီဘူး... အရမ်း​ကောင်းတယ် အားးးး...]


အကယ်၍တစ်စုံတစ်​ယောက်မှ ဤကဲ့သို့ စွပ်ပြုတ်ကို​ခေါက်ဆွဲဖြင့်ချက်ပြုတ်လျှင် အလွန် လက်ခံနိုင်ဖွယ်မရှိဖြစ်လိမ့်မည်။


ချက်ပြုတ်ခြင်းအ​ကြောင်း သိသည့် လူအနည်းငယ်ကသာ ​ခေါက်ဆွဲက စွပ်ပြုတ်ကို ပွယောင်းသွား​စေပြီး အရသာကိုဖျက်စီးပစ်လိမ့်မည်ဟု သိကြသည်။ လူအများစုကလည်း စွပ်ပြုတ်နှင့်ခေါက်ဆွဲမှာ လိုက်ဖက်မှုမရှိဟု သ​ဘောတူကြသည်။ ယခုကဲ့သို့ လတ်ဆတ်၍အရသာ​ကောင်းမွန်​သောစွပ်ပြုတ်အား ​ခေါက်ဆွဲနှင့်ချက်ပြုတ်သည်မှာ အနည်းငယ်တရားလွန်လွန်းသည်။


"စိတ်မပူပါနဲ့..."

ကုယွီမြန် သူ၏ဘခေါင်းကိုခါရင်း ပြုံး၍​ပြောလိုက်သည်။

"​ခေါက်ဆွဲကိုစားကြည့်ပြီးရင် အရသာပိုရှိလာလိမ့်မယ်..."


ဂျပန်​ခေါက်ဆွဲ(ရာမန်)၏ လိုအပ်ချက်၃ခုမှာ စွပ်ပြုတ်ရည်၊ ​ခေါက်ဆွဲနှင့် အခြားပါဝင်ပစ္စည်းများဖြစ်သည်။

သူက ​ခေါက်ဆွဲနှင့်ပါဝင်ပစ္စည်းများကို ပြင်ဆင်​တော့မည်ဖြစ်သည်။


ဂျပန်​ခေါက်ဆွဲလုပ်နည်းက အ​ခြေခံအားဖြင့် တရုတ်နှင့်ဆင်တူသည်။ ကုယွီမြန်က ကစီဂျုံမှုန့်နှင့် ဆားကို ဇလုံးထဲသို့ သူမှတ်မိသည့်အချိုးအစားအတိုင်း ထည့်လိုက်သည်။​ ရေ​နွေးပူပူကို လက်တစ်ဖက်ဖြင့် အကြိမ်များစွာထည့်ပြီး အခြားလက်တစ်ဖက်ဖြင့် ဂျုံနှယ်လိုက်သည်။ ဂျုံမှုန့်များက ​ရေကိုစုပ်ယူပြီး ​ချော​မွေ့​သောမျက်နှာပြင်တစ်ခုဖြစ်လာကာ ဂျုံညက်သည်အထိ နှယ်လိုက်သည်။ ထို့​နောက် ​ဘေးသို့ဖယ်ထားလိုက်သည်။


"ဒါကို ပါဝါစိုနဲ့အုပ်ပြီး ခဏဖယ်ထားလိုက်ရ​အောင်..."


တစ်ခဏထားပြီး​နောက် ကုယွီမြန်က ဂျုံလုံးကို အပိုင်းပိုင်းဖြတ်ပြီး သွယ်လျ​သော လက်​​​ချောင်းများဖြင့် လျင်မြန်စွာလှိမ့်လိုက်သည်။ ဂျုံလုံးက အ​ချောင်းရှည်ကြီးဖြစ်လာပြီး​နောက် အလယ်မှဖြတ်၍ ဆီဖြင့်သုတ်လိုက်သည်။ ဂျုံလုံးအား သူ၏လက်​ကောက်ဝတ်အားကို သုံး၍ဖိလိုက်သည်။သူ့အားကို ဂျုံလုံးအလယ်တွင်ထည့်ကာ ​ဘေးသို့ပွတ်ဆွဲပြီး ရှည်သွယ်​သော အ​ချောင်း​လေးများအဖြစ် ပွတ်တိုက်လိုက်သည်။


​ခေါက်ဆွဲထည့်မည့် ပန်းကန်ပြားနှင့် ပျဥ်ချပ်​ပေါ်တွင် ဆီသုတ်လိုက်သည်။​ ခေါက်ဆွဲများကို ပန်းကန်ထဲထည့်ပြီး​နောက် ဆီတစ်လွှာသုတ်လိုက်သည်။​ ခေါက်ဆွဲများ​ခြောက်သွားပြီး​နောက် အစွန်းနှစ်ဖက်အားကိုင်၍ ပျဥ်ချပ်​ပေါ်တွင် 

ထပ်ခါထပ်ခါ လိမ်လိုက်သည်။


ဤလှုပ်ရှားမှုများမှာ ​ပျော်စရာ​ကောင်းသည်ဟု ထင်ရသည်။ ကုယွီမြန်၏ပခုံး​ပေါ်မှ နှင်းကျားသစ်လေးက သူ့မျက်လုံးများကို​မှေးကြည့်ပြီး ကုယွီမြန်၏လက်အားဆွဲရန် သူ့လက်ဖဝါး​လေးကို ထပ်ခါထပ်ခါဆန့်ထုတ်လိုက်သည်။ ​မြေ​ခွေး​လေးနှင့် ပန်ဒါ​လေးတို့၏ မျက်လုံးများမှာလည်း သူထံကပ်တွယ်​နေသည်။​ မြေ​ခွေး​လေး၏​ ရှေ့လက်နှစ်​ချောင်းက ကုယွီမြန်အား မြဲမြန်စွာချိတ်တွယ်ထားပြီး သနားကမားကြည့်​နေသည်။


​ပန်ဒါ​လေးမှာ ရိုးသား၍ချစ်စဖွယ်​ကောင်း​​နေစဥ်တွင် ​​မြေ​ခွေး​လေးမှာ ရှက်တတ်ပြီး သီးသန့်​နေတတ်သည်။ သို့​သော် က​လေးနှစ်​ယောက်၏ လှုပ်ရှားမှုများမှာ တစ်ထပ်တည်းကျ​နေသည်။ နှင်းကျားသစ်​လေးမှာ သူတို့နှင့်အတူရှိရန် စိတ်မဝင်စားသကဲ့သို့ ပြုမူ​နေ​သော်လည်း သိချင်စိတ်အပြည့်ဖြင့် အာရုံစိုက်ထားသည်။


ကုယွီမြန်မှာ က​လေးများက အလွန်ချစ်စရာကောင်းသည်ဟုထင်ပြီး မကြည့်ဘဲမ​နေနိုင်ခဲ့​ချေ။ သူ၏နှလုံးသားကို ​ကြောင်လက်သည်း​လေးများဖြင့် ကုတ်ခြစ်​နေသည်ဟု ခံစားရ၍ သူ့လက်တွင် ဂျုံမှုန့်များကပ်မ​နေလျှင် က​လေးတစ်​ယောက်ချင်းဆီအား ချီပစ်လိုက်မည်ဖြစ်သည်။ လူငယ်​လေး၏လက်​ချောင်းများမှာ ဖြူ​ဖွေးသွယ်လျပြီး လှပသည်။ သူက ​ဖြေးညင်းစွာဖြင့်နယ်ရင်း ​ခေါက်ဆွဲများပြုလုပ်​နေသည်။ သို့သော် ကြည့်ရှုသူများမှာ အခြားအရာတစ်ခု​ပေါ်တွင် အာရုံစိုက်​နေကြသည်။


[လက်နှစ်ဖက်လုံးက ကြည့်​ကောင်းတယ်...]


[မြန်မြန် ဂျုံနယ်တာက အနုပညာလက်ရာတစ်ခု

လုပ်​နေသလိုပဲ...]


[တင်ဆက်သူရဲ့လက်ကို ကိုင်ချင်တယ်...]


နှင်းကျားသစ်​လေးမှာ မ​ပျော်မရွှင်နှင့် ကုယွီမြန်၏ လက်ကောက်ဝတ်အား သူ့အမြှီးရှည်ဖြင့် ပတ်နေသည်။


ကုယွီမြန် သူ့လက်ကိုဆေးပြီး သုတ်လိုက်သည်။ သူက က​လေးသုံး​ယောက်၏လက်များကိုလှည့်၍ ခါလိုက်ပြီး ​ခေါင်းများကိုပွတ်​ပေးကာ ဖက်လိုက်ပြန်သည်။

"မ​စောင့်နိုင်​​တော့ဘူးလား... ခဏ​နေရင်ပြီး​​တော့မှာပါ..."


ယခုအချိန်တွင် ကုယွီမြန်၏စတူဒီယိုမှာ ပင်မစာမျက်နှာ၏ အချိန်နှင့်တစ်ပြေးညီ လူကြိုက်များသည့်စာရင်းတွင် ထိပ်ဆုံးငါး​နေရာသို့ ဝင်သွားသည်။ ယနေ့က လူအများဆုံး​နေ့ဖြစ်သည့် ​သောကြာ​နေ့ညဖြစ်ရ။ တင်ဆက်သူအများအပြားတစ်ပြိုင်တည်း လုပ်ကိုင်​နေကြချိန်ဖြစ်သည်။

​၎င်းက ပိတ်ရက်တွင် ထိပ်ဆုံးသို့​ရောက်ရှိခဲ့သည့် ယခင်သိပ္ပံအကယ်ဒမီတိုက်ရိုက်ထုတ်လွှင့်မှုနှင့် လုံးဝကွဲပြားသွားသည်။


ကြည့်ရှုသူအ​ရေအတွက်မှာ ၄၀မီလီယံ​ကျော်သွားပြီး အထူးပြုလုပ်ချက်များနှင့်လက်​ဆောင်မျိုးစုံမှာ ပျံသန်း​နေသည်။


"မင်းတို့ လက်​ဆောင်​တွေ အများကြီး​ပေးဖို့ မလို​ပါဘူး..."

ကုယွီမြန် အကူညီမဲ့စွာ​ ပြောလိုက်မိသည်။

"ပိုက်ဆံစုပြီး မင်းတို့မိသားစုနဲ့ အပြင်ထွက်လည်ကြပါ..​.

ကောင်းပြီ အခြားပါဝင်ပစ္စည်း​တွေ ပြင်ကြရ​​အောင်..."


[မိုင်းတွင်းထဲမှာ မိသားစုတစ်ခုရှိတယ် : မင်းကဘာလို့ အရမ်းပွင့်လင်းရတာလဲ...]


ဝက်ရိုး​ခေါက်ဆွဲ၏ ပါဝင်ပစ္စည်းများအ​​ပေါ်တွင် အမြင်အမျိုးမျိုးရှိသည်။ ကုယွီမြန်က အမဲသား ၊ပုစွန်၊ မျှစ်၊ကြက်သွန်မိတ်၊​ ရေညှိနှင့် ကြက်ဥပြုတ်အ​ပျော့အား နှစ်သက်သည်။


အမဲသားနှင့် ပုဇွန်ကိုင်ရသည်မှာ မခက်ခဲ​ပေ။ သူက အမဲရွတ်များကို အတုံးကြီးကြီးလှီးဖြတ်ပြီး ဟင်းချက်ဝိုင်၊ပဲငံပြာရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့နှင့် နှပ်ကာ အပူချိန်မြင့်မြင့်ဖြင့် ချက်ပြုတ်ရသည်။ အ​အေးမခံမီတွင် အပူချိန်​​နည်းနည်း​​လျှော့ချကာ အ​အေးခံပြီး​​နောက် လှီးဖြတ်ရမည်ဖြစ်သည်။ မျှစ်များကို ​ရေ​ဆေးပြီး​နောက် အပိုင်းပိုင်းဖြတ်ကာ ​ရေ​​နွေး​ဖျော၍ ရှာလကာရှည်အုပ်​ပေးရသည်။


ပုဇွန်က ပို၍ရိုးရှင်းသည်။​​ နောက်​ကျောအားလှီး၍ ဖွင့်ပြီး အ​ကြောကိုထုတ်ကာ ကြက်ဥအစိမ်းဖြင့်သုတ်ပြီး အ​ကြော်မှုန့်ကပ်ကာ ​လျင်လျင်မြန််မြန်​​ကြော်ပေးရသည်။


ကုယွီမြန်က ပုဇွန်​ကြော်အ​သေး​လေးအားယူ၍ ဆာ​လောင်​နေသကဲ့သို့ဟန်​ဆောင်၍ ငို​နေ​​သော ပန်ဒါ​လေးအား​ကျွေးလိုက်သည်။ ပန်ဒါ​​လေးက ချက်ချင်း ​ပျော်ရွှင်သွားသည်။သူက ဂရုတစိုက်ဖြင့် ဝါးပြီး​​နောက် ကုယွီမြန်၏လက်ကိုဆွဲကာ ​ပျော်ရွှင်သည့် အသံများလုပ်​နေသည်။


ကုယွီမြန် စဥ်းစားကြည့်ပြီး​နောက် ကြက်ဥပြုတ်အ​ပျော့အား လုပ်လိုက်သည်။


ကြက်ဥပြုတ်အ​ပျော့ လုပ်သည့်နည်းလမ်းသည်လည်း မခက်ခဲ​​ပေ။ ကြက်ဥများကို ငါးငံပြာရည်၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ မီဆိုတို့ဖြင့် ​ရောပြုတ်ပြီး​​​​နောက် အ​အေးခံရသည်။ ကုယွီမြန်က ကြက်သားအတုပြုတ်ရည်အား 

အိုးထဲသို့ထည့်ပြီး အပူချိန်အလယ်အလတ်​လောက်ဖြင့် အပူ​​ပေးလိုက်ပြီး​နောက်  ကြက်ဥအား ရေ​အေးထဲသို့တိုက်ရိုက်ထည့်ကာ အခွံခွာပြီး​နောက် ငံပြာရည်ထဲစိမ်ထားလိုက်သည်။


"ချာရှူဝက်သားလုပ်နည်းက​​တော့ နည်းနည်းခက်တယ်... သူက အခြားပါဝင်ပစ္စည်းတွေ အားလုံးရဲ့အဓိကအနှစ်သာရပဲ..."


ကုယွီမြန်က မက်မွန်ပွင့်ကဲ့သို့ အဆီထူ၍​ပါး​​သော ဝက်သားအတု၏ဂုတ်သားအား​ ရွေးချယ်လိုက်သည်။ သူက အသားကို အပိုင်းများစွာဖြစ်သည်အထိ လက်တစ်ဖက်မှ ဓါးကိုင်၍ လှီးလိုက်သည်။ သူ၏လက်​ချောင်းများကိုလှည့်ပြီး 

ဓားနှောင့်နှင့် အသားနှစ်ဖက်လုံးအားရိုက်ကာ နူးညံ့စွာ ပုတ်လိုက်သည်။


"ဓားနှောင့်နဲ့ အသားကိုရိုက်လိုက်တာက အသားကိုပိုနူးညံ့​​ပျော့​ပျောင်းသွား​စေပြီး ဝါးရတာလွယ်ကူ​စေတယ်... အဲဒါက ချာရှူ ရဲ့အရသာအတွက် အရမ်းအ​ရေးကြီးတယ်..."


အသားပိုင်းများကို နှပ်ရန်အတွက် ကုယွီမြန်က ပဲငံပြာရည်နှင့်ပျားရည်ကို အသုံးပြုသည်။ ပယင်း​ရောင် ပျားရည်က အပူ​ပေးပြီး​နောက် သကြားရည်ကဲ့သို့အရည်​ပျော်သွားသည်။ ၎င်းမှာ ပျစ်ချွဲပြီး ပဲငံပြာရည်နှင့်အတူ အသားပြားများအ​ပေါ်တွင် ပျံနှံ့သွားသည်။ ​ဆော့စ်ကို ဆား၊ နှင်းဆီဝိုင်နှင့်ဟင်းချက်ဝိုင်တို့ဖြင့် အချိုးကျ​​ရောစပ်ထားသည်။အသားတစ်ခုလုံးက ပျားရည်​ဆော့စ်ဖြင့် ဖုံးအုပ်လုနီးပါးပင်။


အသားချက်ပြုတ်ပြီး​နောက် ချကာ အကင်ဗန်း​ပေါ်တင်ပြီး ကင်လိုက်သည်။ အသားကင်​နေစဥ်တွင် ပျားရည်​ဆော့စ်အား အကြိမ်များစွာသုတ်ပြီး လှည့်​ပေးသည်။ အကင်ကင်​နေစဥ်တွင် ဝက်ဂုတ်သား၏အဆီများက အရည်​ပျော်သွားပြီး  ပါးလွှာ​သောအသားက ကြွပ်ရွ​သောအသံအားထုတ်​ပေးလာသည်။


ဝက်ဂုတ်သားအား နှစ်ဖက်လုံး​ရွှေညို​ရောင်သန်း၍နူးညံ့ကြွပ်ရွကာ​ ချော​မွေ့သည်အထိ လှည့်​ပေးရသည်။ ချိုမြိန်၍ လတ်ဆတ်​သောအနံ့က ​နေရာတိုင်းတွင်ပြန့်နှံ့​နေကာ လူတိုင်း၏လည်​ချောင်းများကို လှိမ့်မိ​စေသည်။


လူ​ပေါင်း၅၀မီလီယံ​ခန့်နှင့် က​လေး၃​ယောက်မှာ ရင်သပ်ရှု​မော​နေကြရသည်။




🐯🐯🐯