အပိုင်း ၁၄၂
Viewers 23k

ဒီ system ကလည်း ဗန်းစကားတွေ သုံးတတ်တာပဲလား ..."
သူ့ကိုယ်သူ ပြန်မေးလိုက်သည်။
"ဘယ်သူတွေကို လျော်ကြေးပေးရမှာလဲ ..."
"886က ဆိုးယုတ်မှုတွေအများကြီး ကျူးလွန်ခဲ့တာ ..."
ဖုကျန်းကသာ သူ့ကို မေးခွန်းအများကြီးပြန်ထုတ်သည့်သူ ဖြစ်သည်။ 233 မှာ ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့။ သူက ဖုကျန်းကို ရှင်းပြလိုက်သည်။
"ကြိုတင်စုံစမ်းမှုတွေ လုပ်လိုက်တော့ သူ့ကြောင့် ထိခိုက်သွားတဲ့သူ တစ်ဒါဇင်ထက်မနည်း ရှိပြီးတော့ အဲ့ထဲက ခြောက်ယောက်ခုနစ်ယောက်က မင်းနဲ့ သက်ဆိုင်နေတယ်လေ ဖုကျန်းချန်နဲ့ ဖုထင်တို့ကိုလည်း တွေ့ပြီးပြီ သူတို့က မင်းခြေထောက် သက်သာလာဖို့ပဲ ဆန္ဒရှိတယ်တဲ့ ဒါကတော့ သူတို့မပြောတောင် လုပ်ပေးမှာပါ မစ္စတာလော်ရှီးကကျ မစ်ချန်းမိုကို အန္တာရာယ်ကင်းကင်းနဲ့ မွေးဖွားစေချင်တယ်တဲ့ မစ္စတာပိုင်ကန်းကကျ ..."
ဖုကျန်း "...."
ဒီ system က တကယ်ကို အများကြီး ပိုကောင်းတာပဲ။
သူက ဆက်ပြောနေဆဲပင်။
"ဥပမာအနေနဲ့ဆို ဒီကိစ္စတွေကြောင့် ဖုကျန်းချန်က တအားအိုသွားတယ်လေ ဒါကိုပြန်ကောင်းဖို့ကတော့ ဆန္ဒမပြုလည်းဘဲ ကူညီပေးမှာပါ မစ္စတာဖုရော ဘာဆန္ဒတွေများ ရှိလဲ ..."
ဖုကျန်းမှာ ဆန္ဒပြုစရာ ထွေထွေထူးထူးလည်းမရှိ။ သူက မေးလိုက်သည်။
"886 ကရော ..."
"သူ့အစိတ်အပိုင်းတွေအားလုံးကို ဖြုတ်ပြီး တိမ်ကြေးမုံထဲမှာ system အသစ် ပြန်လုပ်မှာပါ ..."
သူက ထပ်မေးလိုက်ပြန်သည်။
"မင်းကရော ဘယ်လိုအသက်ရှင်ရတာလဲ သူ့လိုပဲလား ..."
"သေချာပေါက်ကို မဟုတ်ဘူးပေါ့ ကျွန်တော်တို့က သိက္ခာရှိတော့ သူ့လိုမျိုး ကမ္ဘာပေါ်လာပြီး အမှတ်တွေစုစရာ မလိုဘူးလေ ဂြိုဟ်မှာ ကိုယ်ပိုင်လေ့ကျင့်ရေးပရိုဂရမ်တွေ ရှိပြီးတော့ စတူဒီယိုကလည်း ကျွန်တော်တို့ကို ရိုးသားကြင်နာတတ်အောင် ဖန်တီးပေးထားတာပါ ...."
"886 ကကျ စည်းကမ်းဖောက်ခဲ့တယ်လေ သူက ရာဇဝတ်မှု ကျူးလွန်ပြီး ကမ္ဘာပေါ်ကို လာပုန်းနေတာ သူက ထန်ဝမ်ဝမ်ရဲ့အမှတ်တွေရဖို့ အထူးနည်းလမ်းကို သုံးခဲ့တာ သူလုပ်ခဲ့တာတွေက ဂြိုဟ်ရဲ့ဥပဒေတွေကို ပြင်းပြင်းထန်ထန်ကို ချိုးဖောက်လို့ အခု ဖျက်ဆီးပစ်လိုက်ပါပြီ အထူးတလည် အခြေအနေမျိုးကလွဲလို့ ကမ္ဘာပေါ်ကို ထပ်မလာနိုင်ကြတော့ပါဘူး ပြီးတော့ ဒီက ရာသီဥတုကလည်း ကျွန်တော်တို့အတွက် အဆင်မပြေဘူးလေ ..."
ဖုကျန်းက သူတို့ဂြိုဟ်နှင့်ပတ်သက်၍တော့ဘသိပ်စိတ်မဝင်စားပေ။
"မစ္စတာဖု လိုချင်တဲ့ဆန္ဒများ ရှိရင်ပြောပါ အတတ်နိုင်ဆုံး ကျေနပ်အောင် လုပ်ပေးပါ့မယ် ..."
"မလိုပါဘူး ကျေးဇူးပါ..."
"အိုး ..."
233၏ အသံမှာ အနည်းငယ် စိတ်ပျက်သွားသလိုပင်။ ထန်ဝမ်ဝမ်၏ 886 မှာတော့ ဘယ်လိုနေသည်မသိ။ ဒီ 233 မှာတော့ အတော်စိတ်ဝင်စားစရာ ကောင်းလှသည်။
သူက မမေးဘဲပင် မနေနိုင်တော့။
"ဒါကို ဘယ်လိုရှာတွေ့တာလဲ ..."
233 ၏ အသံမှာ အနည်းငယ် ရှက်နေ‌သယောင်။ သူက ပြောလိုက်သည်။
"နံပါတ်တစ်က ကျွန်တော့်နံပါတ်က ပိုပြီး စွဲမက်စရာကောင်းတယ်ဆိုလို့လေ ..."
ဖုကျန်း "...."
system က သူ့မူလအသံဖြင့် ဖုကျန်းကို မေးလိုက်သည်။
"မစ္စတာဖု တကယ် လျော်ကြေးမယူဘူးလား တကယ်လို့ သေချာတယ်ဆိုရင် ကျွန်တော် ထွက်ခွါပါတော့မယ် ..."
ဖုကျန်းက ခေါင်းယမ်းလိုက်သည်။
"မလိုပါဘူး ..."
233 "ဒါဆို မှတ်ဉာဏ်တွေ ဖျက်ပေးခဲ့ပါမယ် စိတ်မရှိပါနဲ့ ..."
ဖုကျန်းက မျက်လုံးကို မှိတ်လိုက်လျှင် ဒင် ဟူသောအသံကို ကြားလိုက်ရသည်။ အဖြူရောင်အငွေ့တို့ ထွက်လာကာ သူ့ခြေထောက်မှာ ပူနွေးသွားပြီး သက်တောင့်သက်သာရှိလာသည်။
မျက်လုံးကိုပြန်ဖွင့်လိုက်ချိန်တွင်တော့ တရေးတမော အိပ်နေရာမှ နိုးလာသည့်နှယ်။ သူက မီးဖိုထဲသို့ လှမ်းကြည့်လိုက်လျှင် အေပရွန်ဝတ်ကာ အလုပ်များနေသော ကျန်းဟန်ရှုကို တွေ့လိုက်ရသည်။ အနည်းငယ် တုန့်ဆိုင်းနေပြီးမှ ဆိုဖာ‌မှ ထရပ်ကာ မီးဖိုထဲဝင်ပြီး ကျန်းဟန်ရှု၏လက်ကို လှမ်းဆွဲလိုက်သည်။ အသီးအရွက်ဆေးနေသော ကျန်းဟန်ရှုက သူ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဘာလို့လဲ ဗိုက်ဆာလို့လား ..."
ဖုကျန်းက ခေါင်းယမ်းကာ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
"ဒီတိုင်း ခဏလောက် ဖက်ထားချင်လို့ ..."
ဖုကျန်းက ဒီနေ့ နည်းနည်း ထူးဆန်းနေသည်ဟု ခံစားရ၍ သူ့နဖူးကိုစမ်းကာ မေးလိုက်သည်။
"စောစောက ကိုယ့်ကို ဘာလို့ခေါ်တာလဲ ..."
ဖုကျန်းမှာ ဇဝေဇဝါဖြစ်သွားသည်။ သူက စဉ်းစားလိုက်ပြီးမှ ပြန်မေးလိုက်သည်။
"ခေါ်လိုက်သေးတယ်လား ..."
သူ ထိုသို့ ပြောလာလိမ့်မည်ဟု ကျန်းဟန်ရှုမှာ လုံးဝထင်မထားပေ။ မိနစ်နှစ်ဆယ်ခန့်သာ ရှိသေးသည့်အတွက် သူက မေးလိုက်သည်။
"ဆိုဖာပေါ်မှာ ဘာလုပ်နေတာလဲ ..."
ဖုကျန်းက လက်ကိုလွှတ်ကာ နဖူးကို ဖိလိုက်သည်။
"အိပ်နေတာ ထင်တာပဲ ..."
အိပ်နေတာနေမှာပါ။ ကျန်းဟန်ရှုက သူ့ကို နှစ်သိမ့်ပေးကာ အသီးအရွက်ဆေးနေလိုက်သည်။ ဖုကျန်းက ခေါင်းကိုယမ်းကာ အိပ်ချင်ပြေအောင်လုပ်ရင်း ဘေးနားမှ အာလူးလှီးပေးနေလိုက်သည်။ သူ့ဓားကိုင်စွမ်းရည်မှာ သိပ်မကောင်းသည့်အတွက် အာလူးတစ်ခုတည်းသာ လှီးပေး‌နိုင်သည်။
ကျန်းဟန်ရှုက သူ့ကို လှမ်းကြည့်လိုက်သည်။
"ဓါးမကိုင်နဲ့ ပန်းကန်ပဲ လာဆေးပေး ..."
ဖုကျန်းလည်း ဓားကိုချကာ ကျန်းဟန်ရှုနှင့် နေရာလဲလိုက်သည်။
ထန်ဝမ်ဝမ်၏ ကျောက်ကပ်ကတော့ သူမ၏ ခန္ဓာကိုယ်ထဲတော့ ပြန်ရောက်သွားသည်။ ထန်ချင်နှင့် မလဲလှယ်ရသေးခင် ချင်ကျောက်၏ လျှို့ဝှက်ဆေးရုံကို ဖော်ထုန်ခံရပြီး ဒါရိုက်တာမှာလည်း ထိုကျောက်ကပ်အစားထိုးမှုကြောင့် တစ်ကျွန်းချခံလိုက်ရသည်။ ချင်ကျောက်က ပြည်တွင်းမှ ထွက်ပြေးရန် ငွေကို ပုံအောသုံးခဲ့သည်။
သိူ့သော်ငြား ဌာနမှူးကိုတော့ ဖမ်းမိသွားဆဲပင်။ သူက ပြစ်ဒဏ်ပေါ့လျော့ရန်အလို့ငှာ ချင်ကျောက်အပါအဝင် ဆေးရုံတွင် ခွဲစိတ်သူများကို ဖော်ထုတ်လိုက်သည်။
ချင်ကျောက်၏ အပြုအမူမှာ တော်တော်ကို ဆိုးဆိုးဝါးဝါးပင်။ သူက ထန်ဝမ်ဝမ်ကိုဖိအားပေးကာ ကျောက်ကပ်လဲစေခဲ့ခြင်းသည် ကိုယ်ကျင့်တရားကို စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။ သတင်းထွက်လာသည်နှင့တစ်ပြိုင်နက် မျှမျှတတ ဆုံးဖြတ်ပေးရန် အုံကြွတောင်းဆိုလာကြသည်။
ထန်ဝမ်ဝမ်ကို စစ်ဆေးသည့်အချိန်တွင်တော့ သူမ၏ ကျောက်ကပ်မှာ အကောင်းအတိုင်း ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ 866 ဖျက်ဆီးခဲ့သည်အားလုံးကို အကောင်းအတိုင်း ပြန်ပြင်ပေးသွားခြင်းဖြစ်သည်။ သိူ့သော် သူမက 866ထံမှ အကျိုးအမြတ်ရထားသည့်အတွက် စိတ်ပိုင်းဆိုင်ရာလျော်ကြေးတော့ မရ‌ပေ။
ချင်ကျောက်မှာ နောင်တရနေပြီဖြစ်သော်ငြား ထိုပြဿနာထဲမှ မလွတ်နိုင်တော့။ ထိုဆေးရုံတွင် ရင်းနှီးမြှုပ်နှံသည့်သတင်း ထွက်လာသည်နှင့် ချင်မိသားစု၏ ရှယ်ယာများလည်း ထိုးကျသွားတော့သည်။ ချင်ကျောက်က ဆေးရုံတွင် မြှုပ်နှံခဲ့သည်မှလွဲ၍ ကျန်သည့်ကိစ္စများနှင့် မသက်ဆိုင်ဟု ငြင်းဆိုခဲ့သော်လည်း ဘယ်သူကမှ သူ့စကားကိုမယုံ။ ဒါရိုက်တာကို နိုင်ငံခြားသို့ ထွက်ပြေးရန်ပင် ငွေအမြောက်အများ ပေးခဲ့သောကြောင့်ဖြစ်သည်။
အဆုံးတွင်တော့ ချင်ကျောက်က ထောင်ငါးနှစ် ကျသွားသည်။ သူသာ ကောင်းကောင်းနေကာ မစ္စစ်ချင်ကလည်း နောက်မှ လိုက်ပါက စောစောစီးစီး လွတ်လာမည်ဖြစ်သော်လည်း သူ့ကိစ္စကြောင့် ကုမ္ပဏီမှာ ရှယ်ယာများ ထိုးကျကာ အခက်ကြုံနေရသည်။ အင်တာနက်၏ကျေးဇူးကြောင့် သတင်းကလည်း မြန်မြန်ပျံ့သွားကာ ချင်ကုမ္ပဏီကို သပိတ်မှောက်လာကြသည်။
ချင်ကျောက်မှာ system ၏ ထိန်းချုပ်မှုကို မခံရတော့သည့်အတွက် ထန်ဝမ်ဝမ့်အပေါ် သူ၏ ချစ်မြတ်နိုးမှုကလည်း ပြန်ပေါ်လာပြီဖြစ်သည်။ သို့သော် အားလုံး နောက်ကျသွားချေပြီ။ သူပိုင်ဆိုင်သမျှအားလုံးလည်း ဆုံးရှုံးသွားရတော့သည်။ ထောင်ထဲမဝင်ခင် သူက မစ္စစ်ချင်ကို ထန်ဝမ်ဝမ်အား အိမ်ခေါ်ပြီး စောင့်ရှောက်ထားရန် တောင်းဆိုခဲ့သည်။
မဒမ်ချင်မှာ လုံးဝစိတ်မပါ။ သူမကို အရင်ကတည်းက အမြင်မကြည်သော်လည်း ထောင်ထဲဝင်ရတော့မည့် သားဖြစ်သူက ဒူးထောက်တောင်းပန်ခဲ့သည့်အတွက် မျက်ရည်စက်လက်ဖြင့်သာ ခေါင်းငြိမ့်လိုက်ရတော့သည်။
ထန်ဝမ်ဝမ်ကို ပြန်တွေ့ချိန်တွင်တော့ သူမလည်း အတော်အံ့ဩသွားခဲ့သည်။ ကိုယ်ဝန်ပျက်ကျသွားပြီဟုသာ ထင်ခဲ့သော်လည်း အခုပြန်တွေ့ချိန်တွင် သူမ၏ဗိုက်မှာ ဖောင်းကားနေသည်။ မဒမ်ကျန်းမှာ တုန့်ဆိုင်းနေမိသည်။
ထန်ဝမ်ဝမ့်ဗိုက်ထဲက ကလေးကရော ချင်ကျောက်ရဲ့ကလေးပဲလား
ကလေးမွေးပြီး၍ မိဘရင်းဟုတ်မဟုတ် စစ်ဆေးချိန်ကိုသာ စောင့်နေရပေတော့မည်။ ချင်မိသားစု၏ သွေးသားဟုတ်ပါက ချင်ကျောက်တောင်းဆိုထားသလို သူမကို ဂရုစိုက်ပေးမည်ဖြစ်သော်လည်း မဟုတ်ပါက ချက်ခြင်း နှင်ထုတ်မည်ဖြစ်သည်။
သူမဗိုက်ထဲမှကလေးမှာ တကယ်ပဲ ချင်ကျောက်၏ သွေးသားဖြစ်သည်။ ကျောက်ကပ်လဲစဉ်က ပျက်ကျသွားသည့်ကလေးကို system မှ ပြန်ကယ်ပေးထားခြင်းဖြစ်သည်။ သို့သော် ထန်ချင်၏ ကိုယ်ဝန်မှာလည်း ပျက်ကျမသွား။
ဟုတ်တယ် ထန်ချင်လဲ ဗိုက်ကြီးနေတာလေ။ system သာ အချိန်မီ ပြန်မပြင်ပေးရင် သူက ချင်ကျောက်နဲ့ လက်ထပ်မှတ်ပုံတင် လုပ်တော့မလို့။
ချင်ကျောက်က ထန်ဝမ်ဝမ်နှင့် တစ်ခါပြန်ချစ်သွားပြန်ပြီဟု သိတာတောင်မှ ထန်ချင်သည် ကလေးဖျက်ချရန် ငြင်းနေဆဲဖြစ်သည်။ သူမလည်း ချင်အိမ်သို့ ပြောင်းလာကာ မစ္စစ်ချင်ကတော့ သူမကို ဦးစားပေးဆဲဖြစ်သည်။
ချင်မိသားစုမှာ ဆန်ပြုတ်အိုးကဲ့သို့ပင် ပွစာကျဲနေသည်။ မစ္စတာချင်သည် တစ်နေကုန်အလုပ်လုပ်ကာ ပြန်လာချိန်တွင်လည်း ချွေးမနှစ်ဦး၏ အရှုပ်တော်ပုံကို နားထောင်ရသေးသည့်အတွက် ထောင်ထဲက ချင်ကျောက်ကိုသာ ပြေးရိုက်ချင်စိတ် ပေါက်လာတော့သည်။
ထန်ဝမ်ဝမ်က ချင်အိမ်သို့ အမုန်းတရား ရင်ဝယ်ပိုက်ကာ ပြန်လာခြင်းဖြစ်သည်။ သူမက ထန်ချင်၊ မဒမ်ချင်ကိုသာမက ထောင်ထဲရောက်နေသော ချင်ကျောက်ကိုပါ လက်တုန့်ပြန်ကာ သူမကြုံတွေ့ခဲ့ရသမျှ နာကျင်မှုတို့ကို ထပ်တူ ခံစားရစေချင်သည်။
နှစ်အနည်းငယ်အကြာ ချင်ကျောက်လွတ်လာချိန်တွင်တော့ ချင်မိသားစုမှာ ယခင်လို မဟုတ်တော့‌ပေ။ ထန်ချင်၏ကလေးမှာ အသက်မရှင်သည့်အတွက် ထန်ဝမ်ဝမ်၏ကလေးကသာ နောက်ဆုံးမျိုးဆက်ဖြစ်သည်။ သူမ၏လက်ချက်ဖြစ်ကြောင်း သိသော်ငြား မဒမ်ချင်မှာ တစ်ခွန်းမှ မဟရဲ။ မမျှော်လင့်ထားသောအရာ တစ်ခုခု ဖြစ်လာမည်ကို ကြောက်ရွံ့၍ သူမကိုသာ ဘိုးဘေးတစ်ယောက်လို ပြုစုနေရတော့သည်။
ကလေးမွေးပြီးချိန်တွင် ထန်ဝမ်ဝမ်၏ မုန်းတီးမှုမှာ ပို၍ပင် တိုးပွားလာသည်။ သူမလက်ချက်ဖြင့် မဒမ်ချင်မှာ ဆေးရုံတက်ရပေါင်းလည်း မနည်းတော့။ ချင်ကုမ္ပဏီမှာလည်း အခြေအနေဆိုးသည်ထက်ဆိုးလာ၍ မစ္စတာချင်မှာ အိမ်တွင်းရေးကို ဂရုမစိုက်နိုင်တော့။ ထောင်ထဲက ချင်ကျောက်ကို စောဒကတက်တိုင်းလည်း ထန်ဝမ်ဝမ်ကို သည်းခံပေးရန်သာ ပြောခဲ့သည်။
နက်ရှိုင်းသော မေတ္တာနှ့င် အပြစ်မကင်းမှုတို့ကြောင့် ထောင်ကထွက်လာသောချင်ကျောက်သည် ထန်ချင်အား အိမ်မှနှင်ထုတ်လိုက်ခြင်းကိုပင် အပြစ်မဆိုချေ။ သူက စိတ်သက်သာရာရသွားဟန်ဖြင့်ပင် သက်ပြင်းချလိုက်သေးသည်။
ချင်မိသားစု၏ အခြေအနေမှာတော့ နေ့ရှိသရွေ့ ပိုကာ ဆိုးဝါးလာသည်။ ချင်ကျောက်မှာ ပြန်မထူထောင်နိုင်တော့သည့်အပြင် ဒေါ်လာသန်းပေါင်းများစွာလည်း အကြွေးတင်နေသေးသည်။ အားလုံးက သူတို့ကို ဟာသသဖွယ် စောင့်ကြည့်နေကာ ရေနစ်လျှင် ဝါးကူထိုးကြမည့်သူများဖြစ်သည်။
မစ္စတာချင်က ဗီလာကိုရောင်းကာ အိမ်အသေးတစ်လုံးသို့ ပြောင်းလိုက်သည်။ သို့သော် အိမ်သေးလာလေ ပြဿနာများလာလေပင်။ မဒမ်ချင်နှင့် ထန်ဝမ်ဝမ်တို့က နေ့ရှိသရွေ့ စကားများကာ ချင်ကျောက်နှင့် ထန်ဝမ်ဝမ်တို့က တွေ့လိုက်တိုင်း ရန်သတ်ကြသည်။ ထို့နောက်တွင်တော့ မဒမ်ချင်တို့ဇနီးမောင်နှံက ထိုအိမ်မှ ထွက်သွားတော့သည်။
ချင်ကျောက်က သူ၊ ကလေးနှင့် ထန်ဝမ်ဝမ်တို့သာ ကျန်ခဲ့ပါက ပိုပြီး သဟဇာတဖြစ်လိမ့်မည်ဟု တွေးခဲ့သော်ငြား ထန်ဝမ်ဝမ်က ပိုပိုပြီး ဆိုးဝါးကာ မဒမ်ချင်အပေါ် ရန်လိုစိတ်က သူ့ထံ ရောက်လာသည်။ နောက်ဆုံးတွင်တော့ သူမမှာ သူသဘောကျသူ မဟုတ်တော့ကြောင်း သဘောပေါက်သွားပြီဖြစ်သည်။ သူက နေ့ရှိသရွေ့ ရန်ဖြစ်နေကာ အလုပ်လည်း မလုပ်တော့။ တစ်ဖန် သူမကိုလည်း လက်လွှတ်မပေးချင်။ တစ်ဦးနှင့်တစ်ဦး နှိပ်စက်အပြစ်တင်မှုများက ပိုပိုပြီး များပြားလာသည်။ နောက်ဆုံး၌ လက်ရှိအိမ်ကိုပင် မနေနိုင်တော့၍ ချင်မိသားစုမှ ထွက်လာရစဉ်က သူမနေခဲ့သည့် အိမ်အစုတ်သို့ ပြောင်းလာရတော့သည်။
ထန်ဝမ်ဝမ်မှာ ချင်ကျောက်နှင့်အတူ ဆက်မနေချင်တော့။ ထွက်ပြေးဖို့ ကြိုးစားသော်လည်း အကြိမ်တိုင်း ပြန်ဖမ်းမိခံရသည်။ ချင်ကျောက်မှာ စိတ်လွတ်သွားသလိုမျိုး သူမကို အချိန်ပြည့်စောင့်ကြည့်နေသည်။ သူအလုပ်သွားလျှင်လည်း ဖုန်းကိုသိမ်းထားကာ အခန်းထဲတွင် သော့ခတ်ခဲ့သည်။ သူမကို ခြေတစ်လှမ်းမှ အရွေ့မခံ။ အကြမ်းဖက်မှုများ မလုပ်သော်ငြား ထန်ဝမ်ဝမ်သည် ဒီတိုင်းသာဆက်သွားရပါလျှင် ရူးတော့မည်ဖြစ်သည်။
တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ နှစ်ဦးလုံး တည်ငြိမ်ရင့်ကျက်ကာ ကိုယ်ပိုင်ဘဝကို ပိုင်ဆိုင်နိုင်ကောင်းပါရဲ့။
ထန်ချင်က ချင်မိသားစုမှ ထွက်လာရချိန်တွင် အားလုံးထင်ထားသလိုမျိုး စိတ်မပါလက်မပါ မဖြစ်ခဲ့။ ချင်မိသားစုမှာ အထည်ကြီးပျက်မှန်း သိသွားသည့်အတွက် သူမသည် သူဌေးတစ်ယောက်ကို ချက်ခြင်းရှာလိုက်သည်။ သို့သော် ထိုသူ၏ ကျားရဲလို ဇနီးမှာ သူမကို ချက်ခြင်းပင် ရှာတွေ့သွားသည်။ သူမကို ဆူပူကြိမ်းမောင်းသော်ငြား နောင်တရဟန်မရှိသည့်အတွက် လူတစ်ယောက်ငှားကာ ပါးကို အပြန်ပြန်အလှန်လှန် ရိုက်ခိုင်းပြီး အင်တာနက်ပေါ်တင်ကာ လူရယ်စရာဖြစ်စေခဲ့သည်။
xxxxx