Chapter 73
Viewers 4k

🐯Chapter 73



တိတ်ဆိတ်၍ ရှုပ်​​ထွေး​နေ​သော​လေထုက သူတို့၏နောက်မှအခန်းထဲထိ လိုက်လာခဲ့ပြီး ကျိုးပျက်သွားသည်။​ ရေပူစမ်းဗီလာမှ ယဥ်​ကျေးသည့်အလုပ်သမားတစ်​ယောက်က

အခန်းတံခါး​ရှေ့တွင် မတ်တပ်ရပ်ပြီး ​ဦးညွှတ်လိုက်သည်။


"မစ္စမိုလီ... ကျွန်​​​တော်တို့ရဲ့လုပ်ငန်းအမှား​ကြောင့် မစ္စရဲ့အခန်းထဲက​ ရေ​ပြောင်းလဲတဲ့စနစ်က ပျက်စီးသွားပါတယ်... အခန်းကိုပြန်ပြင်ရမှာမို့ အခန်းကို ​မေပယ်ဧရိယာကို​ ပြောင်းထားပေးပါတယ်..."


​မေပယ်ဧရိယာက ကုယွီမြန်တည်ရှိသည့် 'လ'နယ်​မြေနှင့် အ​ဝေးဆုံးတွင်တည်ရှိသည်။ ၎င်းမှာ ​ရေပူစမ်းဗီလာ၏ အခြားတစ်ဖက်တွင် ဖြစ်လုနီးပါးပင်။ ဤရက်ပိုင်းအတွင်း၌ ကုယွီမြန်နှင့်မိုလီမ ထိပ်တိုက် မတွေ့​စေရန်အတွက် ရေပူစမ်းဗီလာအား က​လေးဆန်​သော

လူကြီးလူကောင်းတစ်​ယောက်မှ ဝယ်ယူလိုက်သည်။


မိုလီ : "အာ..."


ထိုမျှနှင့် မပြီး​သေး​ပေ။ အလုပ်သမားက မိုလီအား​ပြောပြီး​နောက် ယုအာဘက်သို့လှည့်ကာ​ပြောလိုက်သည်။

"​တောင်းပန်ပါတယ် ကျွန်​​​တော်တို့က လူမျိုး​ရေးခွဲခြားတဲ့သူကို မကြိုဆိုပါဘူး... သာမန်လူတန်းနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့ အယူအဆ​တွေကိုလည်း လက်မခံပါဘူး... ကျွန်​​တော်တို့မင်းအတွက် check-outလုပ်ပြီးပါပြီ... ကျွန်​တော်​တို့ဘက်က တောင်းပန်တာကို ​ဖော်ပြတဲ့အ​နေနဲ့ ​ငွေနှစ်ဆပြန်​​လျော်​ပေးထားပါတယ်..."


ယုအာ : "ဟမ်..."


-----


ကုယွီမြန်နှင့် ရှို့ဟန်က လမ်းဆုံတွင် တစ်​ယောက်နှင့်တစ်​ယောက် နှုတ်ဆက်လိုက်သည်။


ရှို့ဟန်၏အခန်း​နေရာမှာ ကုယွီမြန်၏​ဘေးရှိ နှင်းလူသားဧရိယာတွင်ဖြစ်သည်။ ကုယွီမြန်က သူခရီး​ဆောင်အိတ်အားဆွဲ၍ အိမ်​လေးထဲသို့ဝင်သွားပြီး မီးဖွင့်လိုက်သည်အထိ

​စောင့်ကြည့်​နေခဲ့သည်။ သူစဥ်းစား​တတွေးတောရင်းဖြင့် ပြန်လာသည်။


ရှို့ဟန်တွင် အခန်းတစ်ခန်းရှိ​နေခဲ့သည်။ သူက အခန်းကတ်ဖြင့် ဖြတ်ဝင်သွားပြီး ကုယွီမြန်နှင့် အတူလိုက်မလာခဲ့​ပေ။ ယခုအချိန်၌ ရှို့ဟန်နှင့်နှင်းကျားသစ်​လေးကြားရှိ ဆက်စပ်မှုမှာ ဖြတ်​တောက်ခံလိုက်ရသည်။ သူ၏​သွေး​ဆောင်ဖျား​ယောင်းမှုများဖြင့် ​​တွေ့ပြီး​နောက် ထိုအ​တွေးများ​သေဆုံးသွားကာအနည်းငယ် ​မ​သေချာဖြစ်​နေခဲ့သည်။


ထိုထက်ပို၍အ​ရေးကြီးသည်မှာ...


ရှို့ဟန်ရဲ့အပြုအမူ​​တွေအရ သူ ငါ့ကို လိုက်​နေတာလား...


ကုယွီမြန်​ ကျောင်းသားဘဝတွင် ​ကောင်မ​လေးများထံမှ စာ​ပေးခံရဖူး​သော်လည်း အမျိုးသားတစ်​ယောက်လိုက်ခြင်းခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် ရှို့ဟန်က 

သာမန်ခံစားချက်ဖြင့် သူ့ကတ်များကို ကစားမည့်သူမဟုတ်​ချေ။ ကုယွီမြန်မှာ သူက အချစ်တွင်ကျရှုံးရန် စိတ်ဝင်စားမှုမရှိ​ကြောင်း ​​ရိုးတိုးရိပ်တိတ် ပြောပြခဲ့​သော်လည်း ရှို့ဟန်၏အပြုအမူများမှာ မရှင်းလင်း​ပေ။


ထို့ပြင် ခရီး​ဆောင်အိတ်များမထုတ်မီတွင် ရှို့ဟန်မှ သူ့အား​မေးခွန်း​မေးခဲ့သည်။


ရှို့ဟန်၏အနမ်းမှာ အမှန်တကယ် မ​မျှော်လင့်ထားသည့်အရာဖြစ်သည်။ သူက ယခင်ကဲ့သို့ မာနကြီး​နေ​​သော်လည်း 

လိုချင်တပ်မက်မှုများမရှိ​ချေ။ သူ နမ်းချင်​သော​ကြောင့်သာ ဖိကပ်လိုက်သည့်ပုံ​ပေါ်ပြီး ကုယွီမြန်မှာနှစ်စက္ကန့် သုံးစက္ကန့်ခန့် မတုံ့ပြန်နိုင်ခဲ့​ချေ။


ရှို့ဟန်၏အသံက အလွန်တိုးပြီး  ကျဥ်း​မြောင်း​သော​နေရာတွင် ပဲ့တင်ထပ်​နေကာ ​မျှော်လင့်ချက်နှင့်ပျင်းရိမှုမှာလည်း 

မထင်မရှားနှင့် သူ၏အသံအား ပို၍ကြမ်းတမ်းသည့်ပုံ​ပေါ်​စေသည်။ ကုယွီမြန် တစ်ခဏမျှ သူ့နှလုံး​သားထဲမြည်ဟိန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။


ထိုအချိန်က ကုယွီမြန် သူ့အ​မေးအား ကြားလိုက်ရသည်။

"ကိုယ့်​မွေး​နေ့က မကြာခင်​ရောက်​တော့မှာ... မင်း လက်​ဆောင်​ပေးမှာလား..."


"...."


ကုယွီမြန် သူ့အ​တွေးများအား ပြန်ရုတ်သိမ်းလိုက်သည်။


​မွေး​နေ့လား... လက်​ဆောင်​ပေးတာပုံမှန်ဆို​ပေမယ့်... သူနည်းနည်းတည်ငြိမ်သင့်တယ်လေ... ငါတို့ ဒီအ​ကြောင်း​ကိုနောက်မှ​ပြောသင့်တယ်...


ကုယွီမြန် သစ်သားတံခါးအား တွန်းဖွင့်လိုက်​​သောအခါ နှင်းကျားသစ်​လေးက တံခါးဝတွင်ထိုင်ပြီး သူ့အား​စောင့်​နေသည်။ သူ့လက်သည်း​လေးများဖြင့် တံခါးအားကုတ်ခြစ်ပြီး သ​ဘောတူညီချက်အား ချိုး​ဖောက်သည်ဟု သူ့မျက်လုံးများဖြင့်​ ပြော​နေခဲ့သည်။ မိနစ် ၃၀​ကျော်သွားပြီဖြစ်သည်။


"အာ...ငါ့အမှားပါ..."

ကုယွီမြန် ခရီး​ဆောင်အိတ်အားချလိုက်​သောအခါ စက်ရုပ်​လေးမှ အလို​လျောက်လာသယ်​​​ပေးသည်။ ထို့​နောက် ​ပေါက်စ​လေးအားချီပြီး သူ့လက်ဖဝါး​လေးကိုနမ်းကာ 

ပခုံး​​ပေါ်တင်လိုက်သည်။


"ငါနည်းနည်း​​​နောက်ကျသွားတယ်... ​နောက်ဆို ခုလိုမဖြစ်​စေရဘူး​နော်..."

ကုယွီမြန်က နှင်းကျားသစ်​လေး၏ လက်ဖဝါးများကို စစ်​ဆေးကြည့်လိုက်သည်။ ၎င်းတို့မှာသန့်ရှင်း​နေပြီး အပြင်ထွက်ထားသည့်ပုံ​မ​​​​ပေါ်ချေ။ သူ၏​ ငွေရောင်အမွေးများမှာလည်း အလွန်သန့်ရှင်း​နေကာ တံခါးဖွင့်ထားသည့် ပုံမ​ပေါ်​ချေ။


အာတိတ်​မြေ​ခွေး​လေး၏ အမူအရာမှာလည်း ပုံမှန်ဖြစ်သည်။ အကယ်၍ နှင်းကျားသစ်​လေးထွက်သွားလျှင် ပန်ဒါ​လေးမှာ သတိမထားမိနိုင်​သော်လည်း လိမ္မာပါးနပ်သည့် ​မြေ​ခွေး​လေးမှာ​သေချာ​ပေါက် သတိထားမိလိမ့်မည်။

သူ တုံ့ပြန်ခဲ့​သေးလား...


"ကျီ..." 

​မြေ​ခွေး​လေးမှာ အလွန်စိုးရိမ်​နေ​သော်လည်း စိတ်ထိန်းထားရသည်။ တံခါး​ဘောင်အားဆွဲ၍ သူ၏အမြှီးကြီးအားလှုပ်ယမ်းကာ ​ရှေ့သို့တိုးချင်​သော်လည်း နှင်းကျားသစ်​လေး​ကြောင့် မတိုးရဲ​ပေ။ ပန်ဒါ​လေးမှာ ​ဖြေးငြင်းစွာ​ရွှေ့လျားလာပြီး ကုယွီမြန်၏ ​​​ခြေ​ထောက်အားဖက်ကာ

ရွှင်ပျပျအသံများ ပြုလုပ်​နေသည်။


ကုယွီမြန် စိတ်မ​ကောင်းဖြစ်သွားရသည်။ သူအပြင်သို့ နာရီဝက်ခန့်သာ ထွက်သွား​သော်လည်း အလုပ်ခရီး​ကြောင့်အိမ်မှလအ​တတော်ကြာဝေးကွာသွားသည်ဟု ခံစားလိုက်ရသည်။ သူ အိမ်ပြန်​လာသောအခါ က​လေးများမှာ သူ့အား သနားစဖွယ်​စောင့်​နေသည်ကို မြင်လိုက်ရသည်။


နောက်ဆို မင်းတို့ကိုလည်း အတူ​ခေါ်နိုင်ဖို့ ကြိုးစားပါ့မယ်...


သူက က​လေးတစ်​ယောက်ချင်းစီအား ချီ၍ နဖူးများကိုနမ်းပြီး ​မြေ​ခွေး​လေး၏လက်ဖဝါးကို ဆုပ်နယ်​ပေးကာ က​လေးတိုင်း စိတ်ချမ်းသာ​စေရန်အတွက် ပန်ဒါ​လေး၏ဗိုက်​လေးကိုလည်း ပွတ်​ပေးခဲ့သည်။


ည၉နာရီတွင် ကုယွီမြန် သူ၏တိုက်ရိုက်ထုတ်လွှင့်မှုအား ထပ်မံလွှင့်ခဲ့သည်။


တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သည်နှင့်တစ်ပြိုင်နက် ကြည့်ရှုသူအ​ရေအတွက်မှာ အလွန်လျင်မြန်စွာ တိုးလာသည်။


"ဟဲလို ကျွန်တော်က တင်ဆက်သူ ကုယွီမြန်ပါ..."

ကုယွီမြန်က ကြည့်ရှု့သူများအား ​​တောင်းပန်လိုက်သည်။

"အကြာကြီး​စောင့်​စေမိလို့ ​တောင်းပန်ပါတယ်... အပြင်မှာအသိတစ်​ယောက်နဲ့​တွေ့​နေလို့ ​နောက်ကျသွားတယ်..."


ကြည့်ရှုသူများမှာ အဆင်​ပြေသည်ဟု တညီတညွတ်တည်း ​ပြောကြသည်။ သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုဖြင့်ပင် 

စိတ်​ကျေနပ်​နေကြ၍ သူတို့ကို ချော့ရလွယ်ကူသည်။ ကုယွီမြန်အား ခွင့်လွှတ်​စေချင်လျှင် သူတို့ကိုနမ်း၍ရ​ကြောင်း လေးလံ​သော​လေသံဖြင့်  ပြောသည့်သူအချို့ပင်ရှိသည်။


ကုယွီမြန် ပြုံးလိုက်သည်။

"​ကောင်းပြီ အ​ခြားအ​ကြောင်း​​တွေမ​ပြော​တော့ဘူး

အခု က​လေး​တွေကို​ရေပူစမ်း​ခေါ်သွား​ပေးမယ်နော်... ရေစိမ်ပြီးရင် သူတို့အမွေး​တွေကိုဖြီးပေးမယ်… ညလယ်စာ အဆာ​ပြေမုန့်စားပြီး အချိန်ကျတဲ့အခါ အိပ်ရာဝင်မယ်... အဆင်​ပြေလား..."


နှင်းကျားသစ်​လေးနှင့်​ မြေ​ခွေး​လေးတွင် အမွေးရှည်များရှိ၍ ဂရုမစိုက်လျှင် ထုံးသွားပြီး ဖြီးသည့်အခါ နာကျင်လိမ့်မည်။ ထို့​ကြောင့် ​​​နေ့တိုင်းဖြီးပေးရန် လိုအပ်သည်။ ကုယွီမြန်က ကြည့်ရှုသူများ၏ ဖြီးသင်ပြင်ဆင်​ပေးခြင်းအ​ပေါ်

တုံ့ပြန်မှုမှာ မဆိုး​ကြောင်း ယခင်တိုက်ရိုက်ထုတ်လွှင့်မှုအရ သိထားသည်။ သူက တစ်ခါတစ်ရံ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ဤတင်ဆက်မှုအား ချန်ထားခဲ့သည်။


[အာ့ရွှယ်က သရဖူကိုလိုချင်တယ် : အမွေး​တွေဖြီးတာ...အားးးး ငါလိုချင်တယ်... ငါဒီမှာရှိ​နေတာ အရင်တုန်းက မြန်မြန် သူတို့အအမွေး​​တွေကို  ကျွမ်းကျွမ်းကျင်ကျင်ဖြီး​ပေးတာ​ကြောင့်ပဲ...]


[တာတာ ​ဆော့စ် : ညစာကဘာလဲ...( ̄q ̄) သရည်ယို...​ခေါက်ဆွဲက အရသာရှိတယ် ​​​နောက်တစ်ပွဲထပ်လိုချင်တယ်... ​ခေါက်ဆွဲလေးထပ်ရနိုင််မလား... အနိုင်မရလို့နာကျင်​နေပါပြီ...]


[​ကြောင်က​လေးရဲ့​မြောင် : မြန်မြန်က ​ရေဘဝဲ​ခေါက်ဆွဲစားမယ်လို့ ​ပြောတာကြားမိသလားလို့...​ရေပူစမ်းကို​မျှော်လင့်​နေမိပြီ... ချိုက်ခဲ့ရှန် (Chaikeshan)ကိုသွားဖို့ ပိုက်ဆံမရှိ​ပေမယ့် ချိုက်ခဲ့ရှန်မှာ မြန်မြန်နဲ့အတူ အားလပ်ရက်

အချိန်ဖြုန်းမယ့်​ကြောင်​လေးက ငါပဲ...]

[ Chaikeshanက အခုရောက်နေတဲ့ ရေပူစမ်းဟိုတယ်နာမည်ပါ ]


ကုယွီမြန်၏ ကြည့်ရှုသူများ၏ အားပေးနှုန်းက အလွန်မြင့်မားသည်။ တိုက်ရိုက်ထုတ်လွှင့်မှု အလယ်တွင် မိနစ်၄၀ခန့်ဖြတ်​တောက်ခံခဲ့ရ​သော်လည်း ပြန်လည်တိုက်ရိုက်ထုတ်လွှင့်ပြီး​​​နောက် ​ကျော်ကြားမှုအား မထိခိုက်ခဲ့​ပေ။ သူ၏စတူဒီရိုက မကြာမီတွင် အဓိကစာမျက်နှာ၏ လူကြည့်အများဆုံး​ ကျော်ကြားသည့်စာရင်းတွင် ထိပ်ဆုံး၅​နေရာသို့​ ရောက်သွားသည်။


ကုယွီမြန်၏ ကံစမ်းမဲနှင့်လက်​ဆောင်များဖြင့် ဖြတ်ရိုက်ခံရ​သောအခါ အခြားတင်ဆက်သူအများအပြား၏သွားများကျိုးလုနီးပါးပင်။


"​ရေဘဝဲ​ကို​နောက်မှစားရ​အောင်... ဒီ​​နေ့က နည်းနည်း​နောက်ကျ​နေပြီမို့ အစာ​ချေဖို့လွယ်ကူတဲ့ အဆာ​ပြေမုန့်အ​သေးစား​​လေးတွေ လုပ်​ပေးမယ်​..."


ကုယွီမြန်က ရေပူစမ်းတွင် ကိုယ်တိုင်စိမ်ရန် အစီအစဥ်မရှိ​ချေ။ က​လေးများသက်​သောင့်သက်သာရှိ​နေစေရန် ရေစိမ်ပြီး​နောက် သူတို့၏ အမွေးများကို ဖြီးသင်​ပေးချင်ရုံသာဖြစ်သည်။ သား​ပေါက်စလေးများအား ဂရုစိုက်ခြင်းမှ ရရှိလာသည့် ​ပျော်ရွှင်မှုက ​ရေပူစမ်းစိမ်ရခြင်းထက် ပိုများသည်။


ဆပ်ပြာရည်အား ပြင်ဆင်ပြီး​နောက် ကုယွီမြန်က ​ရေကန်ထဲတွင်ထိုင်လိုက်ပြီး ​ရေချိုးစက်ရုပ်အားပြင်ဆင်ကာ 

​ပျော့​ပျောင်းသည့်အခင်း ခင်းပြီး အစွန်းများတွင် အကာအကွယ်ပစ္စည်းများ တပ်ဆင်လိုက်သည်။ က​လေး၃​ယောက်အတွက် ​ရေချိုးပဝါများ၊ ဘရတ်ရှ်နှင့်ဆပ်ပြာရည်များကိုလည်း ပြင်ဆင်ထားသည်။ သူက အဆာ​ပြေမုန့်​သေး​သေး​လေးများနှင့်​​ ဖျော်ရည်အား ​ရေကန်​ဘေးရှိ

ပန်းကန်​​လေးများပေါ်တွင် တင်ထားသည်။


"​ရေပူစမ်းစိမ်တာက ​အရမ်းရေဆာ​လာစေလိမ့်မယ်... ဒါ​ကြောင့် လတ်ဆတ်တဲ့ ​ဖျော်ရည်​လေး​တွေပြင်ဆင်ထားတယ်..."


​ဆောင်းရာသီတွင် ​အေးသည့်တစ်စုံတစ်ခုအား​​သောက်ရန် မသင့်​​လျော်​ချေ။ ကုယွီမြန်က ဘလူးဘယ်ရီနှင့်သံပုရာရည်အား အခန်းတွင်းအပူချိန်ဖြင့် ပြင်ဆင်ထားပြီး​နောက် အခြားပူ​​​နွေးသည့်တစ်ခုခုအားလုပ်ရန် စီစဥ်ထားသည်။ ယခုအချိန်၌ လက်ဖက်ရည် လုပ်ရမည်လား နွားနို့ပူပူလုပ်ရမည်လားကို သူ မဆုံးဖြတ်ရသေး​ချေ။ ​ရေပူစမ်းထဲမှထွက်လာပြီး​နောက် အနည်းငယ် ​အေးမည်ဖြစ်၍ နွားနို့မှာ ကောင်းမွန်သည့်​ရွေးချယ်မှု ဖြစ်လိမ့်မည်။


သူ ပြင်ဆင်နေသည့်အချိန်တွင် ပန်ဒါ​လေးမှာ သူ့ဗိုက်အားပွတ်ပြီး ဗလာဖြစ်စွာကြည့်​ကာ ပြင်းပြင်းထန်ထန်လက်ခုပ်တီးသည်။ ​မြေ​ခွေး​လေးမှာ အလွန်ဥာဏ်​ကောင်းပြီး သူ့၏ဘေးတွင် ထိုင်​နေခဲ့သည်။ ကုယွီမြန်​နောက်သို့ လှည့်လာ​သောအခါ သူရှာ​နေသည့် ပန်းကန်​လေးအားတွန်းပို့လာသည်။ ​​မြေ​ခွေး​လေးက အလွန်ရှက်ရွံ့ပြီး နှစ်ကြိမ်ခန့်​​​အော်မြည်လိုက်သည်မှာ အလွန်ချစ်စရာ ကောင်း​ပေသည်။


နှင်းကျားသစ်​လေး :"...."


ကုယွီမြန်မှာ နှင်းကျားသစ်​လေးနှင့် ​မြေ​ခွေး​လေးမှာ တက်ကြွ​နေလိမ့်မည်ဟု မ​မျှော်လင့်ခဲ့​ချေ။ သူတို့ ကုယွီမြန်အားမည်သို့ကူညီနိုင်မည်ကို‌ စဉ်းစားနေသည်။ နှင်းကျားသစ်​လေး ဦးစွာလုပ်ခဲ့ပါက ကုယွီမြန်၏ချီးကျူးမှုအား ဦးစွာခံယူရမည်ဖြစ်သည်။ ​မြေ​ခွေး​လေးမှာ ကုယွီမြန်အား​တွေ​ဝေစွာကြည့်ပြီး အနည်းငယ်အကူညီမဲ့​နေခဲ့သည်။


ကုယွီမြန် "..."


"ထွမ်ထွမ်..."

ကုယွီမြန် ချက်ချင်းစိတ်ဓါတ်ကျသွားရပြီး နှင်းကျားသစ်​လေး​တွေး​​နေသည့် အရာများမှာ ​ပြောပြရန်ခက်ခဲသွားသည်။ သူ သက်ပြင်းချလိုက်ပြီး နှင်းကျားသစ်​လေးနှင့်​မြေ​ခွေး​လေးအား လက်​မောင်းထဲသို့ချီလိုက်သည်။

"​ကောင်းပြီ ကိုယ့်ဘာသာပဲလုပ်လိုက်မယ်​နော်... ထွမ်ထွမ်၊ ယွမ်ယွမ်၊ နဲ့ချိုးချိုး သုံးယောက်လုံးကချစ်ဖို့ ကောင်းတယ် ဟုတ်ပြီလား..."


ပန်ဒါ​ပေါက်​လေးက တုံ့ဆိုင်းခြင်းမရှိဘဲ ကုယွီမြန်၏လက်ကိုကိုင်ကာ သ​ဘောတူခဲ့သည်။

" အီ..."


[အလှကုန်​တွေကို လွှင့်ပစ်မယ် : ဟားဟားဟား… ချစ်ဖို့​ကောင်းခြင်းရဲ့အဖိုးအခပဲ... ​ကောင်းပြီ အလုပ်ပြီး​​မြောက်အောင် အ​ကောင်းဆုံးကြိုးစားပါ့မယ်...]


[မိုင်းတွင်းထဲမှာ မိသားစုတစ်ခုရှိတယ် : ထွမ်ထွမ်က အရမ်းသနားစရာ​ကောင်းတယ်… အရင်က​နေ အခုချိန်ထိသူက  အ​ရှေ့နန်း​ဆောင်ရဲ့တစ်ဦးတည်း​သော အချစ်​တော်​လေးဖြစ်ခဲ့တာ... ခု​တော့ သုံးပုံတစ်ပုံ​လောက် အ​လျှော့ချခံလိုက်ရပြီ...သနားပါတယ်...]


[ငါနူးညံ့တာကို အရမ်းကြိုက်တယ် : အ​ရှေ့နန်း​ဆောင်က တစ်ဦးတည်း​သော အချစ်​​တော်တဲ့လား… အကိုမင် မင်းကပရိသတ်အ​ဟောင်း​ရောဟုတ်ရဲ့လား... တင်ဆက်မှု​သေး​​သေး​တွေက​နေ ဦး​နှောက်​ဆေးခံလိုက်ရတာလား...]


[အလှ​လေး : ဒီမိသားစုက အရမ်းချစ်ဖို့​ကောင်းတာပဲ... ငါ သူတို့စားတာ အိပ်တာကိုတစ်​နေကုန် ဘာမှမလုပ်ဘဲ ကြည့်​နေနိုင်တယ်...]


ကြည့်ရှုသူများက ပန်ဒါ​လေး၏ရှု့​ထောင့်မှ ကြည့်​နေခဲ့ကြသည်။ သူတို့က ကုယွီမြန်နှင့် က​လေးများကြားရှိအပြန်အလှန် ဆက်ဆံ​ရေးကို စိတ်ဝင်စားရုံသာမက ပါဝင်နစ်​​မြောလာသည်။ တမင်တကာ ဖန်တီးယူရန်မလိုသည့် 

မိသားစုခံစားချက်နှင့်ငြိမ်းချမ်းစွာ ​နေထိုင်​သောမိသားစု၏​နွေး​ထွေးမှုက အတိတ်အားတသသဖြစ်စေကာ အခြားတင်ဆက်မှုများကိုကြည့်ရန်အတွက် ထွက်ခွာရမည်အား တွန့်ဆုတ်​စေသည်။


​ကောင်းကင်​ပေါ်တွင် ​တောက်ပ​သောလမင်းကြီးက ချိတ်ဆွဲလျက်ရှိသည်။​ ဆောင်းရာသီတွင် လမင်းကြီးနှင့်အလင်း​ရောင်များက ​ရေပူစမ်းမျက်နှာပြင်​​ပေါ်၌ တလက်လက်

အ​ရောင်ပြန်​နေသည်။​ နွေး​ထွေး​သောအဖြူ​ရောင်အခိုး​ငွေ့များက သူတို့ခန္ဓာကိုယ်၏ လက်မတိုင်းကို​ပွေ့ဖက်ထားသည်။ ​ရေ​ငွေ့များက နှာ​ခေါင်းထဲ​သို့ သစ်ရွက်နံ့

ခပ်​ဖျော့​ဖျော့ဖြင့် တိုးဝင်လာပြီး ​ရေများက တပွက်ပွက်ဆူပွက်​နေသည်။


လူအနည်းငယ်ကသာလျှင် ဤမိသားစု၏ ​ခေါက်ဆွဲပူပူစားခြင်း၊ ရယ်​မော၍စကား​ပြောခြင်း၊ ​ရေပူစမ်းစိမ်ခြင်း၊ အအမွေးများအား ဖြီးသင်၍ အိပ်ခြင်းတို့အား ခုခံနိုင်သည်။

သူတို့မအိပ်မီတွင် နှင်းများအားမြင်နိုင်သည်။


ယခုအချိန်က ၉နာရီရှိပြီဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုနှုန်းမှာ ၇နာရီနှင့်ယှဥ်လျှင် လျော့နည်းသွားသည်။

သို့​သော် ကုယွီမြန်တိုက်ရိုက်ထုတ်လွှင့်မှု၏ ကျော်ကြားမှုမှာ ကြားတွင် ရပ်သွားပြီးနောက် တစ်ဖန်ထပ်၍ ထိပ်ဆုံးသို့ 

ထပ်မံ​ရောက်ရှိသွားသည်။ ကြည့်ရှုသူအများဆုံး​ကျော်ကြားသည့် စာရင်းတွင် ထိပ်ဆုံး၃​နေရာသို့​ရောက်သွားပြီး အချိန်တိုအတွင်း ထိပ်ဆုံးသို့ ထပ်မံ​ရောက်ရှိသွားသည်။


"ထွမ်ထွမ်၊ ယွမ်ယွမ်၊ ချိုးချိုး မင်းတို့ရဲ့လက်ဖဝါး​တွေသုတ်ဖို့ တန်းစီမယ်နော်..."


​ရေပူစမ်း၏ အကျယ်နှင့်အမြင့်က ဧည့်သည်​ပေါ်မူတည်ပြီး အလို​လျောက် ချိန်ညှိလိမ့်မည်။ ကုယွီမြန်မှ က​လေးသုံးပုံစံသို့​ ပြောင်းလိုက်​သောအခါ ​ရေကန်မှာ ကျဥ်း​မြောင်းသွားပြီး ရေက ပန်ဒါ​​လေး၏ဗိုက်အထက်သာ ရှိ​​တော့သည်။ သေးငယ်​​သော နှင်းကျားသစ်​လေး နှင့်​မြေ​ခွေး​လေးဆိုလျှင်ပင် သူတို့​ခြေချလိုက်သည့်အခါ ရေများက နှာ​ခေါင်းနှင့်ပါးစပ်ထဲသို့ မဝင်နိုင်​​တော့ချေ။


သို့​သော် ကုယွီမြန်က က​လေးများ၏ ​လက်ဖဝါး၊​ခြေဖဝါးများကိုသုတ်ရန် လိုအပ်​သေးသည်။​ ၎င်းက နောက်ပိုင်း ထသည့်အခါ ​ချော်လဲခြင်း၊ ထိခိုက်မိခြင်းတို့အား ​​ရှောင်ရှားရန် ဖြစ်သည်။​ မြေ​ခွေး​လေးနှင့်ပန်ဒါ​လေးတွင် နှင်းကျားသစ်​လေးအ​ပေါ် နားမလည်နိုင်သည့် ​လေးစားမှုများ

ရှိ​နေခဲ့သည်။ သူတို့ တန်းစီလိုက်​သော်လည်း နှင်းကျားသစ်​လေးအား ​ရှေ့တွင်ထားခဲ့သည်။ သူက ကုယွီမြန်၏ လက်​မောင်းများ​ပေါ်တွင်​မေးတင်၍ ​​ခြေဖဝါးကို ပျင်းရိစွာဆန့်ပြီး

ကုယွီမြန်၏လက်ဖဝါး​ပေါ်တင်လိုက်သည်။


ကုယွီမြန်က နှင်းကျားသစ်​လေးအား ​ကြောင်အကြီးစား ဟု စ​နောက်​​လေ့ရှိ​သော်လည်း သူက အမှန်တကယ်တွင် အလွန်ကွဲပြားသည်။


ဥပမာအားဖြင့် အရွယ်​ရောက်နှင်းကျားသစ်တစ်​ကောင်၏လက်သည်းက ​​ကြောင်ထက် ကြီးမား၍ ကျယ်ပြန့်သည်။ လက်သည်းများသိမ်းလိုက်​သောအခါ လက်ဖဝါးက ပို၍ထူကာနူးညံ့သည်။​ မြေ​ခွေး​လေး၏လက်ဖဝါးကအလွန်​သေးငယ်ပြီး မနူးညံ့သော်လည်း အလွန်ချစ်စဖွယ်​ကောင်းသည်။ ပန်ဒါ​လေး၏ ခန္ဓာကိုယ်တစ်ခုလုံးက လုံးဝန်းပြီးလှိမ့်​နေသည်။ ကုယွီမြန်မှာ သူ၏​ရှေ့လက်ဖဝါးကိုသာ သုတ်​ပေးရန်လိုအပ်သည်။


သူက ဟိုတစ်​ယောက်၊ သည်တစ်​ယောက် လက်ဖဝါးများကို ဖျစ်ညှစ်ပြီး​နောက် သူ့က​လေးများအား ပွဲထုတ်ချင်စိတ် ပြင်းပြလာသည်။


[ဆိုဒါ : တစ်ချိန်တည်းမှာပဲ ငါလူသားနဲ့ က​လေး​တွေအတွက် အရမ်း​ပျော်မိတယ်...]


[ထွမ်ဇီ : က​လေး​တွေက အရမ်းချစ်ဖို့​​ကောင်းတယ် ​ကောင်​လေးက လက်ဖဝါး​တွေကိုစွဲလန်း​နေတာကလည်းချစ်ဖို့​ကောင်းတယ်... ငါဒီသံပရာသီးကို ကိုင်ထားမယ်... ဘယ်သူကချဥ်မလဲဆို​တာ​တော့ မသိဘူး...]


ကုယွီမြန်က မှတ်ချက်မျက်နှာပြင်အား ကြည့်ပြီး မ​​နေနိုင်ဘဲ ရယ်​​လိုက်မိသည်။ သူက ​ရေပူစမ်းအားကိုယ်တိုင်ပြင်ဆင်မိသည့်အတွက် တာဝန်ရှိပြီး က​လေးများမှာ 

ချစ်စရာကောင်း​နေသည့်အတွက် တာဝန်ရှိသည်။ ပုဂ္ဂိုလ်​ရေးအရ သူတို့အားလုံး အလုပ်ကောင်း​ကောင်းလုပ်ခဲ့သည်ဟု ထင်သည်။


"အင်း... ​ရေပူစမ်းကိုသွားကြရ​အောင်..."



🐯🐯🐯