Chapter 6+7
Viewers 2k


💘Chapter 7

 á€á€ąá€ˇá€á€ťá€”á€şáá€’á€ąá€Ťá€ž



ဝေ့ချန်က ဦးတည်ရာကို ကောင်းကောင်းထိန်းချုပ်နိုင်သဖြင့် သူထိုင်ခုံကိုပစ်ပေါက်လိုက်သည့်အခါ ထိုလျှာရှည်သောအမျိုးသမီးများကို အမှန်တကယ် မထိသွား​ပေ။သို့​​သော်လည်း ထိုင်ခုံနှင့်ကြမ်းပြင် ရိုက်ခတ်သည့်အသံကျယ်ကျယ်က ဧည့်ခန်းထဲမှတခြားသူများ၏ အာရုံကိုဆွဲဆောင်လိုက်ဆဲဖြစ်လေသည်။


ပြီးလျှင် ခုနလေးကမှ ဝေ့ချန်နှင့် ချန်လီကို ရယ်နေကြသေးသော ထိုလူချမ်းသာအမျိုးသမီးများမှာလည်း ဝေ့ချန်၏ရုတ်တရတ်စိတ်ရူးပေါက်မှုကြောင့် ထိတ်လန့်သွားကြသည်။သူတို့ပြန်ပြီး အသိစိတ်ဝင်လာသောအခါ ဝေ့ချန်ကို ဒေါသတကြီးကြည့်ပြီးပြောကြလေသည်။


"ဝေ့ချန် နင်ရူးနေပြီလား"


ထိုလူချမ်းသာအမျိုးသမီးများထဲမှ တစ်ယောက်၏သားကလည်း ပြေးလာကာ သူ့အမေအတွက်ရပ်တည်ပေးချင်လေသည်။သူက သူ့အမေရှေ့မှာရပ်ပြီး ဝေ့ချန်ကိုစိုက်ကြည့်လိုက်၏။


"ဝေ့ချန် မင်းရူးနေတာတော့မဟုတ်ပါဘူးနော်...အဲဒီအရူးကို လက်ထပ်ရမှာကမင်းကိစ္စလေ...မင်းဘာဖြစ်နေတာလဲ...ဒေါသထွက်ချင်ရင်လည်း အဲဒီအရူးကိုဒေါသထွက်လေ...မင်းဘာလုပ်—"


အစရှိ အရူးဟူသောစကားလုံးရော အဆုံးရှိအရူးဟူသောစကားလုံးကပါ ဝေ့ချန်၏ဒေါသလယ်ဗယ်ကို လုံးလုံးလျားလျားစိန်ခေါ်နေ၏။ထို့အပြင် ဝေ့ချန်က သူ၏ရန်အလိုဆုံးအချိန်ဖြစ်သည့် နောက်ငါးနှစ်အကြာမှ ပြန်လည်မွေးဖွားလာသည်မှာ မကြာသေးပေ။ထိုလူ စကားဆုံးအောင်မပြောရသေးခင်မှာ ဝေ့ချန်က သူ့လက်သီးကိုလွှဲယမ်းပြီး ထိုလူကိုမျက်နှာတည့်တည့်ထိုးပစ်လိုက်သည်။

 

ထိုလူ မတုံပြန်နိုင်သေးခင်မှာ ဝေ့ချန်က တစ်ခါတည်း သူ့​ကော်လာကိုဆုပ်ကိုင်​ပြီး အားဖြင့်ဆွဲမလိုက်၏။သူ့မျက်နှာပေါ်ရှိအမူအရာက ယခင်အတိုင်းအတူတူပဲဖြစ်နေပေမဲ့ သူ့မျက်လုံးများက အလွန်တရာအေးစက်နေခဲ့သည်။


" 'အရူး'ဆိုတဲ့စကားကို နောက်တစ်ခါထပ်ပြောကြည့်စမ်း"

 

ဝေ့မိသားစု၏အမြင်မှာ ဝေ့ချန်က အမြဲတမ်း ရင့်ကျက်တည်ငြိမ်သူဖြစ်ခဲ့သည်။​ဝေ့မိသားစုအနေဖြင့် ဝေ့ချန်ဒေါသထွက်သည်ကို မြင်ရခဲလေသည်။အချိန်အများစုမှာ ဝေ့ချန်က ဒေါသထွက်စရာပင်မလိုချေ။သူတို့ကို အမူအရာမဲ့သောမျက်နှာနှင့် တစ်ချက်ကြည့်လိုက်လျှင်ပင် အကြောက်ကြောက်အလန့်လန့်ဖြစ်ကုန်ကြသည်။ထို့ကြောင့် ယနေ့မှာ ဝေ့ချန်က သူများကို ကိုယ်ထိလက်ရောက်ရိုက်နှက်သည်အထိ ဒေါသထွက်လိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။ပြီးလျှင် သုံးထားသည့် အားကလည်းမသေးပေ။ထိုလူ ခုနကသွားကျိုးသွားလောက်​သည်၊ ပါးစပ်ထောင့်ကနေ သွေးများလျှံကျနေ၏။


လူချမ်းသာအမျိုးသမီးက သူမသားအထိုးခံရသည်အား မပျော်သည်မှာသဘာဝဖြစ်လေသည်။သူမက ရှေ့တက်ပြီး ဝေ့ချန်၏လက်ကိုဆုပ်ကိုင်ကာ သူ့အား ပါးစပ်ဖွင့်ပြီး ငေါက်မည်ပြုလိုက်သည်။သို့ပေမဲ့ ဝေ့ချန်က သူမကို အေးစက်​နေသော မျက်လုံးများဖြင့်ကြည့်ပြီး အေးစက်စွာပြောလိုက်၏။


"ပါးစပ်ပိတ်ထား..." 


ထိုအမျိုးသမီး၏စကားလုံးများက လည်ချောင်းဝကိုရောက်ခါရှိသေး ဝေ့ချန်ကိုကြောက်ပြီး ပြန်ဝင်သွားသဖြင့် သူမ နင်သွားပြီး ချောင်းဆိုးလိုက်၏။


ဝေ့ချန်က ထိုလူကိုကော်လာကနေကိုင်ကာ ဆွဲမထားပြီးနောက် အားဖြင့်တွန်းထုတ်လိုက်၏။သူ၏အေးစက်စက်မျက်လုံးများက ဧည့်ခန်းထဲကို တစ်ချက်ဝေ့​ကြည့်လိုက်ပြီး နောက်ဆုံးမှာ သူက ပြောလိုက်လေသည်။


"ချန်လီကို 'အရူး'လို့ခေါ်သံ နောက်တစ်ခါ မကြားရစေနဲ့...မဟုတ်ရင် ငါဘာလုပ်မိမလဲမသိဘူးဖြစ်သွားမယ်"


ထိုစကားများထွက်ကျလာပြီးနောက် ဝေ့ချန်က တခြားသူများ၏ တုံ့ပြန်မှုကိုမစောင့်ဘဲ လှည့်ကာ ဝေ့မိသားစုအိမ်တော်ထဲကနေ ခြေလှမ်းကျဲကြီးများဖြင့်ထွက်လာခဲ့လေသည်။တံခါးအပြင်သို့ရောက်ပြီး ဝေ့ချန်အသက်ပြင်းပြင်းရှူလိုက်သည့်တိုင် သူ၏တင်းမာနေသော ခံစားချက်များမှာ လျော့ပါးမသွားသေးပေ။


ဝေ့မိသားစုအိမ်တော်ထဲမှ လူတိုင်း ဝေ့ချန်၏ရုတ်တရတ်ဒေါသကြောင့် တိတ်ကျသွားသည်။ဝေ့ချန် အပြင်ရောက်သွားခါမှ အသိစိတ်ပြန်ဝင်လာပြီး ခုနကဖြစ်သွားသည့်ကိစ္စအကြောင်းကိုဆွေးနွေးကြလေသည်။သို့ပေမဲ့ ချန်လီအကြောင်းကိုမူ မသိစိတ်ဖြင့် ရှောင်ပြောကြ​လေသည်။ထိုအရူးဟူသောစကားကို ဘယ်သူမှထပ်မပြောကြပေ။မည်သို့ပ​င်ဖြစ်စေ ဝေ့ချန်၏ခုနကပုံစံက ကြောက်စရာကောင်းလွန်းသည်လေ။


အပေါ်ထပ်က လူအိုကြီးက ဤအရာများအားလုံးကို တိတ်တဆိတ်ပဲကြည့်နေခဲ့သည်။သူ၏အနည်းငယ်တိမ်စွဲနေသောမျက်လုံးများက တစ်စုံတစ်ခုက တဖြည်းဖြည်းချင်း အနည်ထိုင်နေသလိုမျိုး ဝေ့ချန်ထွက်သွားသည့်ဘက်ကို ငေးကြည့်နေပြီးနောက် အိမ်တော်ထိန်းဘက်ကိုလှည့်ကာ ပြောလိုက်၏။


"ဒေါက်တာလျှိုကို တစ်ချက်သွားကြည့်ခိုင်းလိုက်ပါ"


ဒေါက်တာလျှိုက ဝေ့မိသားစုအိမ်ဟောင်း၏ မိသားစုဆရာဝန်ဖြစ်ပြီး ဝေ့မိသားစုအိမ်ဟောင်းမှာပဲ အမြဲနေလေသည်။


အိမ်တော်ထိန်းက အမိန့်ကိုခံယူပြီး အောက်ဆင်းသွား၏။


ထိုမှသာ လူအိုကြီးဝေ့က စာကြည့်ခန်းဆီ ဖြည်းညှင်းစွာ ပြန်လျှောက်သွား၏။


စားပွဲခုံပေါ်က အစီအစဥ်ကိုမြင်သောအခါ လူအိုကြီးဝေ့၏မျက်နှာမှာ အပြုံးရိပ်ပါးပါးပေါ်လာခဲ့​လေသည်။


ဝေ့ချန်က ချန်လီကို လက်ထပ်ရန်သဘောတူရခြင်းမှာ ဤကိစ္စကို စျေးဆစ်သည့်ချစ်ပ်အနေဖြင့် အသုံးပြုပြီးသူ့အား သူ့ကို ရှန်ဟိုင်းသို့ပြန်ခေါ်ခိုင်းရန်အတွက်ဟုထင်ခဲ့သည်။မည်သို့ပင်ဖြစ်စေ ရှန်ဟိုင်းက ဝေ့မိသားစု၏ဌာနချုပ်ဖြစ်လေသည်။ရှန်ဟိုင်းမှာ နေခြင်းက ဝေ့မိသားစု၏ဗဟိုချက်မမှာ နေခြင်းဟု ဆိုလိုပေသည်။


သို့ရာတွင် ဝေ့မိသားစုအတွက် မြို့တော်က အဆီတုံးကြီးဖြစ်သော်လည်း မျိုချရန်ထိုမျှမလွယ်ပေ။စင်စစ်အားဖြင့် မြို့တော်ရှိ အင်အားစုများက ရှုပ်ထွေးပြီး ကိုင်တွယ်ရခက်သည်။ဝေ့မိသားစုအတွက် ပိုင်မုန့်တစ်ပိုင်းကို(ဝေစုတစ်စုကို) ရရန် ထိုမျှမလွယ်ကူပေ။သို့သော်လည်း သူတို့ မြို့တော်မှာ ​နေရာတစ်​နေရာရပြီဆိုသည်နှင့် ဝေ့မိသားစု၏ အ​ခြေအနေက လုံးလုံးလျားလျား ပြောင်းလဲသွားမှာဖြစ်ပြီး တစ်ထီးတစ်နန်းနှင့်ဖြစ်သွားပေလိမ့်မည်။


ထို့ကြောင့် ဝေ့ချန်က မြို့တော်မှာနေပြီး ​နေရာတစ်​နေရာရအောင်လုပ်ရန် ရည်ရွယ်ထားသည်။


လူအိုကြီးဝေ့ အနည်းငယ်အံ့အားသင့်သွားပေမဲ့  ထိုအကြောင်းကို တွေးကြည့်ပြီးနောက်မှာ ရုတ်တရုတ်သဘောပေါက်သွားသည်။


ထက်မြက်ပြီး ရည်မှန်းချက်ကြီးသော ဝေ့ချန်က သူ၏ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့် သင်ကြားမှုနှင့်ထိုက်တန်ပေသည်။


<< >>



💘Chapter 8 

ချန်မိသားစုက ချန်ချင်း



နောက်တစ်နေ့ နေလည်ခင်း၌

 á€›á€Źá€žá€Žá€Ľá€á€Żá€€ သာယာပြီး နေက ကောင်းကင်ယံအထက် မြင့်မြင့်မှာရှိနေကာ ကျစ်ကျစ်တောက်ပူနေသော နေရောင်များ ထွန်းလင်း၍နေသည်။ကမ္ဘာမြေကြီးကလည်း ပူကျက်နေကာ လမ်းဘေးဝဲယာရှိသစ်ပင်များက နေပူပူအောက်မှာ ညှိုးရော်နေကြသည်။


ဤသည်က မြို့၏အဆင့်မြင့်လူနေရက်ကွက်ဧရိယာဖြစ်ပြီး ဥယျာဥ်ဗီလာများပြန့်ကျဲ၍တည်ရှိလေသည်။၎င်းတို့ထဲမှာ ချန်မိသားစု၏အိမ်က အကောင်းဆုံးနေရာကိုသိမ်းပိုက်ထားသည်။


ဤသည်က ချန်မိသားစုအိမ်ဟောင်းမဟုတ်ဘဲ ချန်ယွင်ရှန့်တို့မိသားစု၏အိမ်ဖြစ်လေသည်။တိုက်တိုက်ဆိုင်ဆိုင် နဂါးလှေပွဲတော်ပိတ်ရက်ဖြစ်နေသဖြင့် ချန်ယွင်ရှန့်၏သား ချန်ချင်းနှင့် သမီးဖြစ်သူ ချန်ယွီတို့က နဂါးလှေပွဲတော်ပိတ်ရက်ရှည်ကို အခွင့်ကောင်းယူပြီး အိမ်သို့ပြန်ကာ မိသားစုပြန်လည်ဆုံဆည်းပွဲအသေးစားလေးပြုလုပ်ကြသည်။


ချန်ချင်းက ချန်ယွင်ရှန့်၏သားဖြစ်ကာ ဤနှစ်မှာ ၂၃နှစ်ရှိပြီဖြစ်ပြီး မြို့တော်က Bတက္ကသိုလ်မှာ စီးပွားရေးစီမံခန့်ခွဲမှုပညာကို သင်ယူနေသည်။ချန်ယွီက ချန်ယွင်ရှန့်၏သမီးဖြစ်ပြီး ဤနှစ်မှာ ၂၁နှစ်ရှိပြီဖြစ်ကာ မြို့တော်က Fတက္ကသိုလ်မှာ ဒီဇိုင်းပညာကိုသင်ယူနေသည်။


ချန်ယွင်ရှန့်နှင့် သူ့​ဇနီး တုလီရွှင်းတို့က သားသမီးများကို အလွန်တရာ ချစ်ခင်ကြသည်။ချန်ချင်းနှင့် ချန်ယွီက လူတိုင်း၏မျက်လုံးထဲမှာ ကောင်းကင်ဘုံ၏ချစ်သားချစ်သမီးများဖြစ်ကာ ချန်ယွင်ရှန့်နှင့်တုလီရွှင်းတို့​ကို များစွာဂုဏ်ရှိစေလေသည်။သားနှင့်သမီးအကြောင်းကို တစ်ယောက်ယောက်က ထည့်​ပြောတိုင်း ချန်ယွင်ရှန့်တို့လင်မယားက အမြဲပြုံးရွှင်ပြီး အလွန်အမင်းဂုဏ်ယူနေတတ်ကြသည်။


ဆန့်ကျင်ဘက်အနေဖြင့် တစ်ယောက်ယောက်က သူတို့ရှေ့မှာချန်လီအကြောင်းထည့်ပြောလိုက်လျှင် သူတို့နှစ်ယောက်ထဲက တစ်ယောက်က မေးခွန်းကိုရှောင်ပြီး ရှက်ရွံ့သည်ဟန်မျက်နှာနှင့်ဖြစ်သွားလိမ့်မည်ဖြစ်ပြီး တခြားတစ်ယောက်က မျက်နှာကြီးလုံးလုံးလျားလျားမည်းသွားကာ ချက်ချင်းလက်ငင်း ထွက်သွား​ပေလိမ့်မည်။


ချစ်မြတ်နိုးမှုလယ်ဗယ်က အတော်လေးသိသာလွန်းသဖြင့် ဘက်ခြမ်းနှစ်ခုကြားမှာ ကွာဟချက်အကြီးကြီးရှိလေသည်။


နောက်ပိုင်းမှာ ချန်ချင်းက သူ့အိတ်များကိုထုတ်ပိုးပြီး ကျောင်းသို့ပြန်တော့မည်ပြုသည်။ထိုအခါ တုလီရွှင်းက နေ့လည်ခင်းပါတီကို ရွှေ့ပြီး အိမ်မှာချန်ချင်းနှင့်အတူအဖော်ပြုပေးလေသည်။ဤအခိုက်အတန့်မှာ ချန်ချင်း၏အိမ်ခန်းထဲမှာ သူမက တခြားဘယ်သူ့အကူအညီမှမယူဘဲ ချန်ချင်း၏ခရီးဆောင်အိတ်ကို ကူညီထုပ်ပိုးပေးရင်းအလုပ်များနေသည်။


"မနေ့ကမှ ပြန်လာခါရှိသေး ဒီနေ့ပြန်တော့မယ်...ငါ မင်းကိုရှန်ဟိုင်းက ကျောင်းကို လျှောက်ဖို့မပြောဘူးလား ...ဒါပေမဲ့မင်းကနားမထောင်ဘူး...ကဲ အခုတော့အိမ်ကိုတစ်နှစ်လုံးနေလို့ တစ်ခေါက်နှစ်ခေါက် လောက် ပြန်လာဖို့တောင်အချိန်မရှိ​တော့ဘူး"


တုလီရွှင်းက ချန်ချင်း၏ခရီးဆောင်အိတ်ကို ဇစ်ပိတ်ရင်း စိတ်တိုတိုဖြင့်ပြောလေသည်။


ချန်ချင်းက အရပ်ရှည်ရှည် ခြေတံရှည်ရှည်နှင့်ဖြစ်ကာ သူ၏မျက်နှာအစိတ်အပိုင်းများက ချန်ယွင်ရှန့်နှင့်တုလီရွှင်းတို့ဆီက လုံးလုံးလျားလျား အမွေဆက်ခံထားခြင်းဖြစ်လေသည်။သူက လုံးဝကို လူချောဖြစ်၏။တုလီရွှင်း၏ မကျေမနပ်ပြောဆိုသံကိုကြားသောအခါ သူက ချက်ချင်း တုလီရွှင်း၏ဘေးကိုသွားကာ သူမကိုဖက်ပြီးချော့လေသည်။


"အချိန်မရှိရင် ကျွန်တော်က အခုလိုပြန်လာနိုင်ပါ့မလား...ပေကျင်းနဲ့ရှန်ဟိုင်းက လေယာဥ်နဲ့ဆိုမကြာပါဘူးအမေရဲ့...အမေကျွန်တော့်ကို လွမ်းရင် ဖုန်းသာခေါ်လိုက်...ကျွန်တော် ချက်ချင်းအ​ပြေးပြန်လာခဲ့မယ်"


"လုပ်မနေပါနဲ့...မင်းအဖေက ငါ့ကိုမင်းရဲ့အချိန်တွေကိုဖြန်းတီးနေပါတယ်ဆိုပြီးပြောလိမ့်မယ်"

သိသာစွာပင် တုလီရွှင်းက ချန်ချင်း၏လှည့်ကွက်များနောက်ပါမသွားပါချေ။သူမ ပါးစပ်ကမလုပ်နဲ့ငြင်းနေသော်လည်း မျက်နှာကမူပြုံးနေ၏။


သားအမိနှစ်ယောက်စကားကောင်းနေကြသည်မှာ အိမ်တော်ထိန်းက တံခါးလာခေါက်ပြီး သူတို့ကြားကစကားဝိုင်း၏ဝင်နှောက်ယှက်သည်အထိပင်။


"ဖူးရန် ဝေ့မိသားစုကသခင်လေးရောက်နေပါတယ်"


သားအမိနှစ်ယောက်၏မျက်နှာပေါ်ရှိ အပြုံးများပျက်ပြယ်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ဤအချိန်မှာ ဝေ့ချန်ရောက်လာမည်မှန်း သူတို့မမျှော်လင့်ထားကြသည်မှာသိသာ၏။


"ကျွန်တော် သွားကြည့်လိုက်ဦးမယ်"


ချန်ချင်းက ထရပ်ပြီး ဝေ့ချန်ကို ကိုယ်တိုင်သွားကြိုဆိုရန်ဆုံးဖြတ်လိုက်သည်။ဝေ့ချန်က သူ့ကိုကြိုက်နေမှန်းသူသိသည်။ထို့ကြောင့် ဤတစ်ခေါက်ဝေ့ချန်က ချန်လီနှင့်လက်ထပ်ပွဲကို ငြင်းချင်၍ရောက်လာခြင်းဖြစ်မည်ဟု သူ့စိတ်ထဲမှာ ခန့်မှန်းမိလိုက်သည်။


"သွားသွား သခင်လေးဝေ့ကို ကောင်းကောင်းဧည့်ခံလိုက်"


တုလီရွှင်းက ပြောလိုက်ပြီး ချက်ချင်းပဲ သခင်မချန်ပုံစံအပြည့် ဂိုက်ဖမ်းလိုက်၏။


…


ဝေ့ချန် ကွေ့ကောက်သောလမ်းတစ်လျှောက် ကားကိုဖြတ်မောင်းလာပြီး နောက်ဆုံးမှာ ချန်မိသားစု၏တံခါးရှေ့တွင် ကားထိုးလိုက်သည်။ဝေ့ချန်၏အကြည့်က ချန်မိသားစု၏ဗီလာပေါ်မှာ ကျရောက်သွားပြီးနောက် သူခဏလောက်တုံ့ဆိုင်းသွားသည်။


ယခုအချိန်မှာ သူဘယ်လိုခံစားနေရမှန်းမသိတော့ပေ။ချန်လီကိုတွေ့ချင်သည့်အတွက်ကြောင့်နှင့် သူချန်မိသားစု၏အိမ်ကိုကားမောင်းလာခဲ့သည်။သို့ပေမဲ့ ယခု ချန်မိသားစု၏အိမ်ရောက်လာသောအခါတွင်မူ ဝေ့ချန် ချန်လီကိုတဖန်ပြန်တွေ့ရမည်အား ကြောက်နေမိပြန်သည်။


ချန်လီနဲ့တွေ့ရင် သူဘာပြောရမလဲ...သူဘာလုပ်ရမလဲ...ဝေ့ချန် အနည်းငယ်ရှုပ်ထွေးနေသလို အနည်းငယ်လည်းမဝံ့မရဲဖြစ်နေသည်။


အဆုံးတွင် ရှုပ်ထွေးမှုများနှင့်မဝံ့မရဲဖြစ်မှုများအားလုံးက သူ့နှလုံးသားထဲရှိ ချန်လီကိုတွေ့ချင်စိတ်ကို မတွန်းလှန်နိုင်ခဲ့ပါချေ။ဝေ့ချန် တံခါးဘဲလ်ကိုတီးလိုက်သည်။


တံခါးဘဲလ်ကိုနှိပ်လိုက်သည့်အခိုက်တွင် ဝေ့ချန် သူ့နှလုံးသားထဲရှိ ရှုပ်ထွေးနေသောခံစားချက်များအားလုံးကိုတည်ငြိမ်အောင်လုပ်ပြီး တံခါးပွင့်လာမည်အား ငြိမ်ငြိမ်လေး စောင့်နေလိုက်သည်။


တံခါးလာဖွင့်သူက ချန်မိသားစု၏အိမ်တော်ထိန်းမဟုတ်ပါဘဲ သူ့ကို ကိုယ်တိုင်ကိုယ်ကျလာကြိုသည့်ချန်ချင်းဖြစ်နေသည်။တံခါးဖွင့်လိုက်ပြီး ဝေ့ချန်ကိုမြင်လိုက်သည်နှင့် ချန်ချင်းက သွားအဖြီးသားပြုံးပြလေသည်။


"ဝေ့တာ့ကော ဘယ်လို​ဖြစ်လို့ရောက်လာလဲ...ဝင်ခဲ့လေ..."


အေးစက်စက်အ​ကြည့်များက ချန်ချင်း၏ချောမောသောမျက်နှာအပေါ် ရိုက်ခတ်သွားပြီး ဟုန်းခနဲဖြစ်လာသည့် ဒေါသက ထိန်းမနိုင်သိမ်းမရပေါက်ကွဲလုလုနီးနီးဖြစ်လာ၏။


အဆုံးတွင် ဝေ့ချန် ဒေါသကိုမြိုသိပ်ထားလိုက်ပေမဲ့ ဘေးမှာချထားသည့် သူ့လက်နှစ်ဖက်က အ​ပြာရောင်သွေးကြောများ​​ထောင်ထလာသည်အထိ လက်သီးတင်းတင်းဆုပ်ထားလေသည်။


💘