Chapter 10+11
Viewers 3k

💘Chapter 11 

ပထမဆုံးဆုံတွေ့​မှု



နွေရာသီ၏ပြိုင်သူမဲ့သောအပူရှိန်က ကမ္ဘာကြီးကို ပေါင်းအိုးထဲထည့်ပိတ်ထားသလိုဖြစ်စေပြီး လူများအား အာခေါင်ခြောက်ကာ ချွေးအလွန်အကျွံထွက်စေသည်။အထူးသဖြင့် ချန်မိသားစု၏ထပ်ခိုးထဲမှာဖြစ်လေသည်။


ချန်လီက ဤထပ်ခိုးထဲမှာ တစ်နေကုန်ရှိနေခဲ့သည်။သူက သံဖြင့်ထုထားသည့်လူဆိုလျှင်ပင် သူ့ခန္ဓာကိုယ်က သူခံနိုင်သည့်ကန့်သတ်ချက်ရှိနေဆဲဖြစ်သည်။


ထို့ကြောင့် ဝေ့ချန် ချန်လီ၏ဘေးကို​ရောက်သွားသောအခါ နေမကောင်းပုံပေါက်အောင်နီရဲနေသောမျက်နှာကိုမြင်လိုက်ရသည်။သူ့နှလုံးသားထဲရှိ ခံစားချက်များအားလုံးပျောက်ကွယ်သွားပြီး ချက်ချင်းလက်ငင်း ချန်လီကိုစိတ်ပူသည့်စိတ်များဖြင့်ပြည့်သွားခဲ့သည်။


ဝေ့ချန်က ချန်လီရှေ့တည်တည့်မှာ ရပ်ပြီး ပြတင်းပေါက်ကနေ အပြင်ဘက်ကမ္ဘာကြီးကိုကြည့်နေသည့် ချန်လီ၏အကြည့်များကိုပိတ်ဆို့လိုက်သည်။


ထိုမှသာ ချန်လီသည် တစ်စုံတစ်ယောက်က သူ့ကမ္ဘာထဲ ဖောက်ထွင်းဝင်ရောက်လာခဲ့ကြောင်းကို သတိထားမိသွား၏။ချန်လီ၏မျက်လုံးများထဲသို့ သတိနိုး​ကြားမှုနှင့်မဝံ့မရဲဖြစ်မှုများ ချက်ချင်းဝင်ရောက်လာသည်။သူ့လက်ထဲကစုတ်တံကလည်း အောက်ပြုတ်ကျသွားသည်။အနက်ရောင်ဆေးများ ကြမ်းပြင်ပေါ်မှာပြန့်ကျဲသွားပြီး ချန်လီ၏တစ်ကိုယ်လုံးစတင်တုန်ယင်လာတော့သည်။


သူ ချန်လီကို နှောက်ယှက်မိလိုက်မှန်း ဝေ့ချန်သိပေမဲ့ ချန်လီ၏လက်ရှိရုပ်ပိုင်းဆိုင်ရာအခြေအနေအရ ဤကမ္ဘာထဲကနေထွက်ခွာမှရမည်ဖြစ်သည်။အနီးနားကပ်ကြည့်လိုက်သည့်အခါ ချန်လီ၏မျက်နှာက နီရဲနေသော်လည်း သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးနေသောခံစားချက်တချို့ရှိနေပြီဖြစ်သည်။သူ့အသားအရည်ပေါ်တွင် အဖြူရောင်ခရစ်စတယ်လေးများပင်ရှိနေသည်။ယင်းတို့က ချွေးများအငွေ့ပြန်သွားပြီးနောက်ကျန်ခဲ့သောဆားပွင့်များမှန်းသိသာလေသည်။


ဝေ့ချန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့မျက်နှာပေါ်မှာနူးနူးညံ့ညံ့အပြုးတစ်ပွင့်ကိုမချိတ်ဆွဲနိုင်ပေမဲ့ ချန်လီကြောက်မသွားရလေအောင် သူ့မျက်လုံးများကိုအတတ်နိုင်ဆုံးကြိုးစားပြီးနူးညံ့စေခဲ့သည်။


"ချန်လီ မကြောက်ပါနဲ့...ကိုယ်မင်းကိုနာကျင်အောင်မလုပ်ပါဘူး"


အသံဩဩက ချော့မြူလိုရိပ်များစွက်နေပုံရပြီး ချန်လီက ၎င်းကိုကြားပြီးနောက် ဝေ့ချန်ကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မော့ကြည့်လာ၏။ 


"မကြောက်နဲ့နော်...ကိုယ်မင်းကိုနာကျင်အောင်မလုပ်ပါဘူး"


ဝေ့ချန်က နူးညံ့ညင်သာစွာဖြင့် ထိုစကားကိုထပ်ခါထပ်ခါပြောနေခဲ့ပြီး ချန်းလီကိုလက်လှမ်းပြီးမထိရဲခဲ့ပါချေ။


အော်တစ်ဇင်များက သူတို့ကိုယ်သူတို့ကမ္ဘာတစ်ခုထဲမှာပိတ်လှောင်ထားပြီးအပြင်လောကမှ စိမ့်ဝင်လာသည့် နွေးထွေးမှုနှင့်ကြင်နာမှုများကို ငြင်းဆန်ကြသည်ကို လူတိုင်းနားလည်ကြသည်။သို့ပေမဲ့ ဤအခိုက်အတန့်မှာ ဝေ့ချန်ကိုမြင်ပြီးနောက် ချန်လီ၏မျက်လုံးများထဲမှ သတိထားနေမှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။


ဝေ့ချန်က ချန်လီ၏ပြောင်းလဲမှုများကိုသတိထားမိပြီး သူ့မျက်လုံးများထဲမှာ အံ့အားသင့်မှုများပေါ်လာလေသည်။ချန်လီက သူ၏ကြင်နာမှုကို မငြင်းဆန်သရွေ့ သူ မရေမတွက်နိုင်သောနေ့ရက်များကိုသုံးပြီး ချန်လီကိုထိုခြောက်သွေ့ပြီး အထီးကျန်ဆန်သော ကမ္ဘာထဲမှဖြည်းဖြည်းချင်း ဆွဲထုတ်ပေးမှာဖြစ်သည်။


"ကိုယ့်နာမည်က ဝေ့ချန်ပါ...မင်းကိုယ့်ကိုအားချန်လို့ခေါ်လို့ရတယ်"


ဝေ့ချန်က ထိုသို့ပြောပြီး ချန်လီ၏အနားကိုမသိမသာ တိုးလိုက်ကာ ချန်လီကိုစိတ်ရှည်ရှည်နှင့်လမ်းပြပေးနေခဲ့သည်။


ချန်လီကလည်း ဤအချိန်မှာ လှုပ်ရှားမှုများပြုလုပ်လာခဲ့သည်။သူက သူ့လက်ကိုတောင့်တောင့်ကြီးမြှောက်ပြီး ဝေ့ချန်ကိုမျက်နှာကို လှမ်းထိမည်ပြုသည်။ဝေ့ချန်၏မျက်နှာကို ထိတော့မည့်အချိန်မှာပဲ တစ်စုံတစ်ခုကိုတွေးမိသွားပုံရပြီး မဝံ့မရဲနှင့်သူ့လက်ကိုပြန်ရုတ်သွား​လေသည်။


"ရတယ် ချန်လီ...လာ ကိုယ့်မျက်နှာကိုထိကြည့်"

ဝေ့ချန်က ချန်လီဘာလုပ်ချင်နေသည်ကိုမြင်ပြီး ချန်လီ၏အနားကိုအနည်းငယ်တိုးကပ်သွားကာ နူးညံ့သောအသံဖြင့်ချော့မော့လိုက်၏။


ချန်လီ၏မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိပေမဲ့ သူ့အကြည့်က ဝေ့ချန်၏မျက်နှာပေါ်မှာပဲ ဆက်တိုက်ကျရောက်နေခဲ့သည်။သူ့မျက်လုံးများထဲမှာ သတိထားနေမှုတို့မရှိဘဲ မဝံ့မရဲဖြစ်နေမှုများကလည်းတဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။သူက သူ့လက်ကိုထပ်မြှောက်လိုက်ပြီး ဝေ့ချန်ကိုထိရန် ကြိုးစား၏။ဤအခိုက်အတန့်မှာချန်လီက ဘာတွေးနေမှန်းမသိ​ပေ။သူ့လက်က အနည်းငယ်တုန်ရီနေ၏။သို့ပေမဲ့ သူကဝေ့ချန်၏မျက်နှာနားကို နည်းနည်းချင်းကပ်လာခဲ့သည်။


နောက်ဆုံးမှာ သူ၏လက်ချောင်းထိပ်များက ဝေ့ချန်၏မျက်နှာကိုညင်သာစွာထိတွေ့နိုင်ခဲ့သည်။တစ်ဖက်လူ၏မျက်နှာ​ပေါ်ရှိ ပူနွေးမှုက ချန်လီအား သူ့လက်ချောင်းများကိုအနည်းငယ်ကွေးလိုက်မိစေသည်။ဝေ့ချန်၏ အားပေးနေသောအကြည့်များနှင့်ဆုံလိုက်ရသည့်အခါ ချန်လီ၏တောင့်တင်းနေသောလက်များက တဖြည်းဖြည်းနှင့် ပြေလျော့သွားပြီး တစ်စုံတစ်ခုကိုအတည်ပြုနေသလိုမျိုး ဝေ့ချန်၏မျက်နှာကို ညင်ညင်သာသာထိတွေ့လာခဲ့လေသည်။


ဝေ့ချန်၏မျက်ဝန်းများက နူးညံ့မှုများလျှံထွက်နေခဲ့သည်။ချန်လီ သူ့ကိုပိုပြီးလွယ်လွယ်ကူကူထိတွေ့နိုင်အောင် ယခုအချိန်မှာ သူကချန်လီ၏ရှေ့မှာ လုံးလုံးလျားလျားထိုင်ချလိုက်ပြီဖြစ်လေသည်။သို့ပေမဲ့ ချန်လီဆီမှာ သူနှင့်ဤမျှနီးနီးကပ်ကပ်ထိတွေ့ရသည်အားခုခံလိုရိပ် တစွန်းတစ်စမှမရှိပါချေ။


တစ်ယောက်က ထိုင်နေပြီး တစ်ယောက်ကဆောင့်ကြောင့်နေနေသည်။တိတ်ဆိတ်သောထပ်ခိုးလေးထဲမှာ နွေးထွေးမှု​ရေလျင်တစ်ခု တဖြည်းဖြည်းချင်း စီးဆင်းနေခဲ့လေသည်။


ထိုစဥ်...


"ချန်လီ အဲဒါဘာလုပ်နေတာလဲ"


အသံတစ်သံက ဤကမ္ဘာ​လေး၏ ငြိမ်သက်အေးချမ်းမှုကို ဖျက်စီးလိုက်၏။


ချန်ချင်း ရောက်လာလာချင်းမှာ မြင်လိုက်ရသည်က ချန်လီကသူ့လက်ကိုဝေ့ချန်၏မျက်နှာပေါ်မှာ ထားထားခြင်းပါပင်။


ချန်လီဘာလုပ်ချင်နေသည်ကို သူဂရုမစိုက်ပေ။သူက သည်အတိုင်းအပြစ်ပြောလိုက်ခြင်းသာဖြစ်သည်။မည်သို့ပင်ဖြစ်စေ အရူးတစ်ယောက်က ဘာကောင်းသည့်အရာမှ လုပ်လိမ့်မည်မဟုတ်သည်က သေချာသည်။


ချန်လီက အကျင့်ပါနေသလိုမျိုးအလန့်တကြားထရပ်လိုက်၏။သူ့ခန္ဓာကိုယ်ထဲကအပူကြော​င့်ဖြစ်ချင်ဖြစ်မည် သို့မဟုတ် ကာလ​ကြာရှည်အာဟာရချို့တဲ့ခြင်း​ကြောင့် သူက အားနည်းနေ၍ဖြစ်ချင်ဖြစ်မည်။ရုတ်ချည်းမတ်တပ်ထရပ်ပြီးသည်နှင့် ချန်လီမထိန်းနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်က ယိုင်ထိုးကာ မူးလဲတော့သည်။


"ချန်လီ"


ဝေ့ချန်က အမြန်ထရပ်ပြီး မူးလဲလာသောချန်လီကို သူ့ရင်ခွင်ထဲမှာ ဆီးဖမ်းထားလိုက်​​လေသည်။


<< >>


💘Chapter 12

 á€…ိုးရိမ်ရသ္ဏဥခဟ္ဥန္



ချန်လီကို ဆေးရုံတင်လိုက်ရသည်။


ထပ်ခိုးလေးထဲမှာ သူမေ့လဲသွားသည့်အခိုက်တွင် ဝေ့ချန်၏မျက်နှာက ရုတ်ချည်းဖြူစုတ်သွားခဲ့၏။


သူ၏အတိတ်ဘဝတုန်းက ချန်လီအသတ်ခံရပြီး သူ့ရှေ့မှောက်မှာ​သေဆုံးသွားသည်ကို အင်အားမဲ့စွာကြည့်နေခဲ့ရသည်ကို သူမ​နေနိုင်ဘဲ ​သတိရမိသွားခဲ့သည်။သူနှလုံးသားထဲမှ ကြောက်ရွံ့မှုကိုခံစားလိုက်ရပြီး ချန်လီကိုပွေ့ဖက်ထားသည့်လက်များက သွေးကြောများထောင်တက်လာသည့်တိုင် အတုန်တုန်အယင်ယင်ဖြစ်နေမှုကို မထိန်းချူပ်နိုင်ခဲ့ပါချေ။


ဤတစ်ခေါက် ချန်လီမေ့လဲသည်က အတော်လေးစိုးရိမ်ရ၏။ဆေးရုံကိုရောက်သည်နှင့် သူ့ကိုအရေးပေါ်ခန်းထဲတန်းပို့လိုက်ရပြီး ကယ်ဆယ်ရေးပင်လုပ်ခဲ့ရလေသည်။


ချန်လီက အပူလျှပ်ပြီး အပူဒဏ်ကြောင့်အားအင်ကုန်ခမ်းသွာခြင်းဖြစ်၏။အတွေ့နောက်ကျပါက သို့မဟုတ် ဆေးရုံသို့အပို့နောက်ကျပါက အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်သော အပူရှပ်ခြင်းအခြေအနေထဲသို့ရောက်သွားနိုင်သည်။


ဆရာဝန်ဆီက ဤစစ်ဆေးမှုရလဒ်ကိုကြားသောအခါ ဝေ့ချန်ဒေါသထွက်လွန်း၍ နံရံကိုလက်သီးဖြင့်ထိုးလိုက်မိ၏။သူသာ ယနေ့ချန်လီကိုသွားမတွေ့ခဲ့လျှင် ချန်လီ ထိုကဲ့သို့အပူချိန်မြင့်သည့်ပတ်ဝန်းကျင်မှာ...ဝေ့ချန် ဆက်မတွေးရဲပေ။ထိုဖြစ်နိုင်ခြေကိုတွေးမိသည်နှင့် ဝေ့ချန်၏နှလုံးသားထဲမှာ ထိန်းမရအောင်ကြောက်စိတ်မွှန်လာခဲ့လေသည်။


ချန်ချင်းက ဝေ့ချန်၏နောက်ကနေလိုက်လာသည်။ချန်လီ၏အ​ခြေအနေကို သူဂရုစိုက်၍မဟုတ်ပါဘဲ ဝေ့ချန်၏ ချန်လီအပေါ်စိတ်ပူမှုကြောင့် သူအံ့ဩသွား၍ဖြစ်လေသည်။


ချန်လီမေ့လဲသွားချိန်မှာဖြစ်ပေါ်လာသည့် ဝေ့ချန်၏မျက်လုံးများထဲမှ အကြောက်တရားနှင့်ဒေါသက အတုအယောင်ဟုတ်ပုံမရပေ။


ချန်ချင်း၏အကြည့်များ အနည်းငယ်နက်ရှိုင်းသွားပြီး ဒေါသထွက်ထွက်နှင့်နံရံကိုမှီကာ ခေါင်းငိုက်စိုက်ကျနေပြီးဘာတွေးနေမှန်းမသိရသည့်ဝေ့ချန်ကိုကြည့်လိုက်၏။


နောက်ဆုံးမှာ သူဝေ့ချန်ဘေးကိုလျှောက်သွားပြီး လက်လှမ်းကာ နှစ်သိမ့်ပေးရန်ကြိုးစားခဲ့သည်။


"ဝေ့တာ့ကော..."


သို့ပေမဲ့ သူ့လက်ကဝေ့ချန်၏ပခုံးကိုမထိခင်မှာ ဝေ့ချန်ကသူ့ကိုကြမ်းကြမ်းတမ်းတမ်းတွန်းထုတ်လိုက်၏။မထင်မှတ်ထားသော ချန်ချင်းလည်း ဝေ့ချန်ကြောင့် ကြမ်းပြင်ပေါ်ကိုတစ်ခါတည်းလဲကျသွားခဲ့လေသည်။


"ထွက်သွား...ဝေးနိုင်သမျှဝေးဝေးကိုထွက်သွားစမ်း"


ဝေ့ချန်က ကြမ်းပြင်ပေါ်မှာထိုင်နေသောချန်ချင်းကို အမူအရာမဲ့စွာကြည့်လိုက်၏။သို့ပေမဲ့ သူ့မျက်လုံးများကမူ ဒေါသများဖြင့်ပြည့်နေခဲ့သည်။ဒီ​နေ့ချန်လီဘာလို့မေ့လဲတာလဲ...ချန်မိသားစုက သူ့ကိုပစ်ထားပြီး နှိပ်စက်လို့မဟုတ်ဘူးလား...


ဝေ့ချန်၏မျက်လုံးများဖြင့် စိုက်ကြည့်ခြင်း ခံလိုက်ရသည့်အခါ ချန်ချင်းအသိစိတ်လွတ်သွားပြီး အနည်းငယ်ပင်ကြောက်လန့်သွားခဲ့သည်။သူက ကြမ်းပြင်ပေါ်ကနေထပြီး"သောက်ရူး"ဟု တစ်ခွန်းတည်းအော်ကာ လှည့်ထွက်လာခဲ့လိုက်၏။


ဤအခိုက်အတန့်တွင် ချန်ချင်း၏စိတ်ထဲကသံသယများက ကြီးသထက်ကြီးလာနေသည်။


ဝေ့ချန်ကဘာလို့ဒီလိုမျိုးဖြစ်လာတာလဲ...

ယခုနက ဝေ့ချန်၏ဘေးမှာသူခံစားခဲ့ရသောအရှက်ကွဲမှုကိုတွေးပြီး ချန်ချင်း၏အမူအရာက ပိုပိုမှုန်မှိုင်းလာကာ သူ့နှလုံးသားထဲမှာ တစ်စုံတစ်ခုကိုစတင်ကြံစည်လာမိတော့သည်။

*


ညက မှောင်သထက်မှောင်လာနေပြီး မြို့ပေါ်နေရာအသီးသီးမှာ မီးများ ကိုယ်စီထိန်လင်းလာကြသည်။


လူနာဆောင်ထဲမှာ မည်သည့်မီးမှဖွင့်မထားပေ။ပြတင်းပေါက်ကနေဖြတ်ဝင်လာသောအလင်းရောင်ကြောင့်သာ လူနာဆောင်က အနည်းငယ်မျှပို၍လင်းနေလေသည်။


ချန်လီ၏လူနာကုတင်အစွန်းမှာ မေးတင်ကာထိုင်ရင်း ဝေ့ချန် ချန်လီ၏ခန္ဓာကိုယ်နှင့်ပတ်သက်၍ ဆရာဝန်ပြောသွားသည်များကိုပြန်တွေးနေမိသည်။ သူ မနေနိုင်ဘဲ​ဒေါသ ထပ်ထွက်လာပြန်သည်။ချန်ချင်းကို သင်ခန်းစာကောင်းကောင်းမပေးဘဲ တွန်းရုံတွန်းမိလိုက်သည်အား သူနောင်တရလာသည်။


ဝေ့ချန်၏ရင်ဘက်က ဖားဖိုကြီးလိုဖောင်းလိုက်ပိန်လိုက်ဖြစ်နေသည်။သူရင်ဘက်ထဲက ရုန့်ကြမ်းသော ဒေါသကိုဖိနှိပ်နိုင်ရန် အကြိမ်ပေါင်းများစွာအသက်ပြင်းပြင်းရှူခဲ့ရ၏။သို့ပေမဲ့ ကျန်ရှိနေသည်များက လူနာကုတင်ပေါ်က ချန်လီအတွက် ခေါင်းကိုက်မှုတို့ပါပင်။


ဝေ့ချန် ချန်လီကိုကြည့်ပဲကြည့်နေခဲ့သည်။သူ၏အ​ပြုအမူတစ်ခုခုက ချန်လီကိုနိုးသွားစေပြီး ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်နေသည်အားအနှောက်အယှက်ပေးမိမည်စိုး၍ သူ့စိတ်သူ့သဘောနှင့် သွားမထိရဲခဲ့ပါချေ။


အ​စောပိုင်းတုန်းက ချန်လီတစ်ခါနိုးလာသေးသည်။သူ့ကိုယ်သူ မရင်းနှီးသည့်ပတ်ဝန်းကျင်မှာ ရောက်နေသည်ကိုတွေ့ပေမဲ့ ငိုလည်းမငိုသလို ပြဿနာလည်းမရှာခဲ့ပါချေ။လူနာဆောင်ထဲမှာ ဘယ်သူမှမရှိလျှင် သူကရုပ်သေးရုပ်တစ်ခုလို သည်အတိုင်းလှဲပဲလှဲနေလိမ့်မည်ဖြစ်​ပြီး ဘယ်သူမှ ဝင်မလာလျှင် ဘာတစ်ခုမှမလုပ်ဘဲ မျက်နှာကျက်ကိုပဲ တစ်နေ့ခင်းလုံး ငေးကြည့်နေမှာ​ဖြစ်သည်။


ဆရာဝန်က လူနာဆောင်သို့လာပြီးချန်လီ၏ခန္ဓာကိုယ်ကိုစစ်ဆေးပေးချိန်မှာ

ချန်လီက သတိထားမှုအပြည့်နှင့်လူနာကုတင်၏ထောင့်စွန်းလေးမှာကွေးနေ၏။ဆရာဝန်က ချန်လီ၏ဘေးနားသို့​ရောက်လာသောအခါ ချန်လီ၏ ပြူးကျယ်နေသော မျက်လုံးများထဲမှာ ကြောက်ရွံ့မှုများပြည့်နေသော်လည်း သူကမခုခံခဲ့ပါချေ။မခုခံရဲသည်လည်းဖြစ်နိုင်သည်။


ဆရာဝန်က စစ်ဆေးနေချိန်တ​လျှောက်လုံး ချန်လီကို သေချာလေ့လာနေခဲ့သည်။ပြီးသွားသောအခါ သူက ဖိုင်ပေါ်မှာ တစ်စုံတစ်ခုကို ရေးခြစ်လိုက်ပြီး ၎င်းနောက်လူနာဆောင်ထဲကအသာအယာထွက်လာလေသည်။လူနာဆောင်တံခါးကိုပိတ်ပြီးသောအခါ ဆရာဝန်က သက်ပြင်းအရှည်ကြီးချလိုက်ပြီး သူ့မျက်နှာပေါ်မှာ သနားကရုဏာသက်သည့်အမူအရာတစ်ခုပေါ်လာလေသည်။


သူ လူနာများစွာကိုကုသခဲ့ဖူးသည်။ချန်လီကဲ့သို့ လူနာတစ်ယောက်ကိုပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်၏။


အိုင်း... သနားစရာကောင်းလိုက်တဲ့ကလေးလေး...


💘