Chapter 12+13
Viewers 3k



💘Chapter 13

 á€Ąá€€á€źá€™á€şá€¸á€–က်မသုနသင်အ ဝိုင်းပယ်ထားခြင်း




ချန်လီ၏ခန္ဓာကိုယ်ကိုစစ်ဆေးချိန်တုန်းက သူ ချန်လီ၏ကိုယ်ပေါ်မှာ အတွင်းကြေဒဏ်ရာများစွာတွေ့ခဲ့ရသည်။ဒဏ်ရာအသစ်များရော အဟောင်းများပါရှိကာ အချိန်အကြာကြီး နှိပ်စက်ခံထားရပုံရလေသည်။

 

ထို့ကြောင့် ဆရာဝန်ထွက်လာပြီးနောက်ဝေ့ချန်ကချန်လီ၏အခြေအနေကိုမေးချိန်မှာ သူက ဝေ့ချန်ကိုခဏလောက်စိုက်ကြည့်နေပြီးမှ ဆိုးရွားသောလေသံဖြင့်မေးလိုက်လေသည်။


"လူနာနဲ့ခင်ဗျားရဲ့ဆက်ဆံရေးကဘာလဲ...ဘာလို့လူနာက စိုးရိမ်ရတဲ့အထိအပူလျှပ်သွားရတာလဲ"


သူက ဆေးပညာလောကမှာကျင်လည်နေသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ပြီး သေခြင်းနှင့်ရှင်ခြင်းကို မြင်တွေ့ရသည်အား ကျင့်သားရနေပြီဖြစ်သော်လည်း အိမ်တွင်းအကြမ်းဖက်မှုကို သည်းမခံနိုင်ပါချေ။


ဝေ့ချန်လည်း ဆရာဝန်၏လေသံထဲကသဲလွန်စတချို့ကိုအာရုံခံမိသဖြင့် စိုးရိမ်တကြီးမေးလိုက်၏။


"ဒေါက်တာ သူဘယ်လိုနေလဲ"


သူ့မျက်နှာပေါ်ရှိအမူအရာမှာ မပြောင်းလဲသော်ငြား သူ့မျက်လုံးများထဲရှိ စိုးရိမ်မှုများက စစ်မှန်နေဆဲဖြစ်လေသည်။


"ကျုပ်ကိုအရင်ဖြေပါ...လူနာနဲ့ခင်ဗျားရဲ့ဆက်ဆံရေးကဘာလဲ"


ဆရာဝန်က လွှတ်ပေးလိုက်ရန်ငြင်းဆန်သည်။သူရှေ့ရှိလူက လူနာကိုနှိပ်စက်ခဲ့သည့်သူဆိုလျှင် သူ သူ့ကိုလူနာ၏အခြေအနေအား ပြောပြစရာမလိုပါချေ။ဤကိစ္စကိုကိုင်တွယ်ရန် ရဲစခန်းပင်တိုင်လိုက်ဦးမှာ ဖြစ်သည်။ဤသည်က ပြင်းထန်သော အိမ်တွင်းအကြမ်းဖက်မှုဖြစ်ရပ်ဖြစ်လေသည်။


ဤအခိုက်အတန့်မှာ သူသာ သူနှင့်ချန်လီ၏ဆက်ဆံ​ရေးကိုရှင်းရှင်းလင်းလင်း ရှင်းမပြလျှင် ဆရာဝန်က သူ့ကိုချန်လီ၏အ​ခြေအနေကိုပြောပြရန်နေနေသာသာ၊ချန်လီကိုပင်ဝင်ကြည့်ခွင့်ပြုမှာမဟုတ်မှန်း ဝေ့ချန်သိလိုက်၏။


"ကျွန်တော်က သူနဲ့စေ့စပ်ထားတဲ့သူပါ...ဒီနေ့သူ့ကို သူ့အိမ်မှာပထမဆုံးအကြိမ်သွားတွေ့တာပါ"


ဝေ့ချန်၏အသံက ဒေါသကြောင့် ခပ်နိမ့်နိမ့်ဖြစ်၍နေကာ စိုးရိမ်မှုများပြည့်နေလေသည်။


ဆရာဝန်က ဝေ့ချန်ကိုခဏလောက်စိုက်ကြည့်နေပြီး သူ့ခံစားချက်များကအတုအယောင်ဟုတ်ပုံမရသည်ကိုတွေ့ရသဖြင့် အလေးအနက်ပြောလိုက်၏။

"လူနာမှာ အော်တစ်ဇင်ရောဂါရှိတယ်...ဒါကိုတော့သိလောက်မှာပါ"


ဝေ့ချန်က ခေါင်းညိတ်လိုက်၏။


"လူနာရဲ့ခန္ဓာကိုယ်က အခြေအနေသိပ်မကောင်းဘူး... အပူကြောင့်အားအင်ကုန်ခမ်းတာ အာဟာရချို့တဲ့တာ သွေးအားနည်းတာ ဖွံဖြိုးမှုနှေးတာ...ဒါတွေအကုန်လုံးက သေသေချာချာ ဂရုစိုက်ရင် ပြန်ကောင်းနိုင်တဲ့ အသေးစား​ပြ​ဿနာလေးတွေပါ...အဓိကပြဿနာက လူနာရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာ"


"လူနာက ရက်စက်ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာ အကြာကြီးအပိတ်​လှောင်ခံထားခဲ့ရတယ်ထင်တယ်...အဲဒါက သူ့ရဲ့အော်တစ်ဇင်​ရောဂါကို ပိုပိုဆိုးလာ​စေတယ်...သူက တခြားသူတွေချည်းကပ်လာတာကိုကြောက်တယ်...ဒါပေမဲ့ မငြင်းနိုင်ဘူး...တိတ်တိတ်လေးပဲသည်းခံနေတယ်"


"အဓိကအကြောင်းအရင်းက အရင်တုန်းက သူငြင်းခဲ့တုန်းက ရက်စက်တဲ့လက်တုန့်ပြန်မှုကိုခံစားခဲ့ရလို့ဖြစ်နိုင်တယ်...ဒါကြောင့် သူ မသိစိတ်နဲ့ ပြင်ပလောကကနေ သူ့အပေါ် အခွင့်အရေးယူလာမှုမှန်သမျှကို တုံဏိဘာဝေ လက်ခံတတ်လာတယ်...ဒါကလည်း လူနာရဲ့အော်တစ်ဇင်လက္ခဏာတွေကို ပိုပိုဆိုးဝါးလာစေခဲ့တယ်"


"လူနာကို ဒီအမှောင်ထုထဲကနေ​ပြန်ဆွဲမထုတ်ရင် တစ်နေ့မှာ သူအမှောင်ထုထဲမှာ နစ်မြုပ်သွားပြီး ဘယ်​တော့ပြန်မလာနိုင်ဖြစ်မှာစိုးရတယ်"


ဆရာဝန်က ဆိုလေသည်။ထို့နောက်က သူက ဝေ့ချန်ကို တစ်ချက်ကြည့်ကာ ဆက်ပြော၏။


"ခင်ဗျားက သူနဲ့စေ့စပ်ထားသူဆိုတော့ ခင်ဗျားရဲ့လူနာ့အတွက်စိုးရိမ်မှုတွေကအစစ်အမှန်တွေလို့ကျုပ်ထင်တယ်...ခင်ဗျား လူနာရဲ့ပတ်ဝန်းကျင်ကိုပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်တယ်...လူနာအရင်တုန်းက​ရှိနေခဲ့ပတ်ဝန်းကျင်ကို ဘယ်တော့မှပြန်ရောက်မသွားစေပါနဲ့...အဲဒီပတ်ဝန်းကျင်က လူနာရဲ့စိတ်အာရုံကိုနှိုးဆွပေးပြီး အတိတ်ကိုပြန်သတိရစေလိမ့်မယ်...လူနာရဲ့ကျန်းမာ​ရေးအခြေအနေအတွက် အကျိုးမရှိဘူး"


"ကောင်းပါပြီ"


ဤစကားက ဝေ့ချန် အံကြိတ်လုနီးနီးဖြင့် ပြောလိုက်ခြင်းဖြစ်ပြီး ထိုထဲမှာ အားကောင်းသော ဒေါသလှိုင်းတစ်ခုပါဝင်နေ၏။ဝေ့ချန်၏အမူအရာက အမူအရာမဲ့နေဆဲဖြစ်​သော်လည်း သူ့မျက်လုံးများကနီရဲနေပြီးသူ့လက်များက တင်းနေအောင်လက်သီးဆုပ်ထားလေသည်။အပြာရောင်သွေးကြောများက ဖောင်းကြွနေ၍နေပြီး အရိုးအဆစ်များက တဂျွတ်ဂျွတ်မြည်နေကာ သူ့ရင်ဘက်ထဲကဒေါသများကို သူမည်မျှထိန်းထားရမှန်း သိသာလေသည်။


ဆရာဝန်က ဝေ့ချန်ကိုနှစ်သိမ့်ပေးမနေဘဲ ယခုလိုသာမေးလိုက်၏။


"ကျုပ်ရဲခေါ်ပေးရမလား"

ယခုလို ပြင်းထန်သောအိမ်တွင်းအကြမ်းဖက်မှုမျိုးအတွက် ရဲများ ဝင်ပါမှရမှာဖြစ်၏။


ဝေ့ချန်ကခေါင်းခါလိုက်၏။

"မလိုဘူး...အသုံးမဝင်ဘူး"

ချန်မိသားစုအတွက် ရဲ​တိုင်လို့ဘာအသုံးဝင်မှာလဲ...


ဆရာဝန်လည်း ဖုံးကွယ်ထားသောအမှန်တရားရှိလောက်သည်ဟု အာရုံခံမိပြီး ဝေ့ချန်၏ပခုံးကိုပုတ်ကာပြောလိုက်သည်။


"လူနာနိုးလာရင် သူ့ကိုကောင်းကောင်းဆက်ဆံပေးလိုက်ပါ...သူအများကြီးခံစားခဲ့ရရှာတာ"


ဝေ့ချန်က နှုတ်ဆိတ်၍ပဲနေပြီး နီရဲနေသောမျက်လုံးများဖြင့် လူနာဆောင်ကိုကြည့်​နေ၏။ ချန်လီက လူနာကုတင်ပေါ်မှာ အသိစိတ်မဲ့စွာရှိနေသည်။သူက ငြိမ်းချမ်းစွာ အိပ်စက်နေပေမဲ့ ကြည့်နေသူမှာ ရင်နာရသည်။


<< >>



💘Chapter 14

 á€”ွ္းထွ္းသ္ဏဥဖ္ဏ်ပဟုမသု



နောက်တစ်နေ့ မနက်စောစော ရောင်နီတက်လာချိန်မှာ ချန်လီနိုးလာခဲ့သည်။


နှင်းဖြူရောင်ကမ္ဘာကြီးက ချန်လီကို မှင်တက်သွားစေခဲ့၏။ထို့​နောက်မှာ သူ့မျက်လုံးများက မျက်နှာကျက်ကိုပဲ တည့်တည့်ကြည့်နေခဲ့ပြီး ၎င်းတို့ထဲတွင်ဘာခံစားချက်မှရှိမနေပေ။


ထိုအခိုက်အတန့်မှာ လူနာဆောင်တံခါးက တွန်းဖွန်းခြင်းခံလိုက်ရပြီး ချန်လီမသိစိတ်ဖြင့် ကိုယ်လေးကြုံ့သွားသည်။စောင်အောက်ကလက်က စောင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ၏အသက်မပါသောမျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများပြည့်နေ၏။သို့ပေမဲ့ နောက်တစ်စက္ကန့်မှာပဲ နူးညံ့သောအသံတိုးတိုးက ချန်လီ၏နားထဲခုန်ဝင်လာလေသည်။


ဝေ့ချန်က ဆန်ပြုတ်တစ်ဘူးကိုကိုင်ပြီး လူနာဆောင်ထဲဝင်လာသည်။ချန်လီ နိုးနေပြီဖြစ်သည်ကိုတွေ့ရာတွင် သူကဆန်ပြုတ်ဘူးကို လူနာကုတင်ဘေးက

ကစားပွဲပေါ်မှာတင်လိုက်ပြီး နူးညံ့စွာပြောလိုက်၏။

"နိုးပြီလား...ဗိုက်ဆာနေလား...ကိုယ်မင်းအတွက် ဆန်ပြုတ်လုပ်လာတယ်...နည်းနည်းလောက် ထသောက်လိုက်နော်"


ချန်လီက ခေါင်းလှည့်လာသည်။ဝေ့ချန်၏ မျက်နှာကိုမြင်သောအခါ စောင်အောက်ကလက်သီးဆုပ်လေးက တဖြည်းဖြည်း ပြေသွားသည်။သူ့မျက်လုံးများထဲရှိ သတိထားနေမှုများလည်း တဖြည်းဖြည်ပျောက်ကွယ်သွားခဲ့၏။


ဝေ့ချန်က ချန်လီ၏အမူအရာအာရုံစိုက်နေခဲ့ခြင်းဖြစ်လေသည်။ချန်လီ၏ပုံစံကိုမြင်လျှင် သူအပျော်လွန်သွားပြီး လူနာကုတင်ကို ချန်လီထိုင်၍ရအောင်မြှောက်ပေးလိုက်၏။


"ဗိုက်ဆာနေ​ပြီလား"


ဝေ့ချန်က ဆန်ပြုတ်ဘူးကို အဖုံးဖွင့်လိုက်ရာ လတ်ဆတ်သောဆန်နံ့မွှေးမွှေးလေးချက်ချင်း ပျံ့နှံ့လာသည်။


ချန်လီ၏နှာခေါင်းဖျားလေး လှုပ်ရှားသွားပြီး သူ့အကြည့်က ဝေ့ချန်၏လက်ထဲကဆန်ပြုတ်ပန်းကန်အပေါ် တန်းတန်းမတ်မတ် ရောက်သွားလေသည်။


ဝေ့ချန်ကလည်း ချန်လီကိုစောင့်မနေခိုင်းပါချေ။သူက ဆန်ပြုတ်တစ်ဇွန်းအပြည့်ခပ်လိုက်ပြီး ညင်ညင်သာသာ မှုတ်လိုက်၏။ဆန်ပြုတ်က နွေးတေးတေးလေးအခြေအနေကိုရောက်သွားပြီ ဆိုသည့်အခါမှ ချန်လီ၏နှုတ်ခမ်းနားကို တေ့ပေးလိုက်၏။ဤသည်က ဝေ့ချန်အတွက် သူများကိုပထမဆုံးအကြိမ်ယခုလိုမျိုးဂရုစိုက်ပေးခြင်းဖြစ်ပေမဲ့ ဝေ့ချန် သူမယုံနိုင်လောက်အောင်ချောချောမွေ့မွေ့လုပ်နေသလိုခံစားရလေသည်။


ချန်လီက သူ့နှုတ်ခမ်းနားကဆန်ပြုတ်ကို ကြောင်တက်တက်ကြည့်နေ၏။၎င်းနောက် ဝေ့ချန်ကိုကြည့်လိုက်ပြီးမှ ဖြည်းညှင်းစွာ နှုတ်ခမ်းဟပြိး ဝေ့ချန်ကို ဆန်ပြုတ်ခွံ့ကျွေးခွင့်ပြုလေသည်။ဝါးပင်မဝါးဘဲ သူကတိုက်ရိုက်မြိုချလိုက်သည်။ဗိုက်ဆာနေ၍ပေလား ဘယ်လိုစားရမှန်းမသိ၍ပေလား မသိရပေ။


"ဖြေးဖြေးစား အလျင်လိုစရာမလိုဘူး"


ဝေ့ချန်က ချန်လီမဝါးဘဲမြိုချလိုက်သည်ကိုမြင်လိုက်သည်။ကံကောင်းပေ၍ သူ ယနေ့မှာယူလိုက်သည်က ဆန်ပြုတ်ဖြစ်နေသည်။


ထမင်းသာဆိုရင်ချန်လီနင်သွားမှာမဟုတ်ဘူးလား...


ထို့နောက် ဝေ့ချန်က သူကိုယ်တိုင်တစ်ဇွန်းစားပြီး တမင်တကာ သူလှုပ်ရှားမှုများကိုနှေးကာ ချန်လီကိုဘယ်လိုစားရမလဲသင်ပေးလိုက်၏။ထို့နောက် ချန်လီကိုတစ်ဇွန်းထပ်ခွံ့လိုက်သည်။


ချန်လီက ဤတစ်ခေါက်တွင် ဝေ့ချန်ဆီကနေသင်ပြီး ဖြေးဖြေးချင်းဝါးလေသည်။သူ့မျက်နှာက အမူအရာမဲ့နေဆဲဖြစ်သော်လည်း ဝေ့ချန် ချန်လီအများ​ကြီးစိတ်သက်သာရာရသွားသည်ကို ခံစားမိလိုက်၏။ 


နောက်ဆုံးဆန်ပြုတ်တစ်ဇွန်းကို ချန်လီကိုခွံ့ကျွေးပြီးသောအခါ ဝေ့ချန်ကဆန်ပြုတ်ဘူးကို အောက်ချလိုက်၏။သူက တစ်ရှူးတစ်ရွက်ယူပြီး ချန်လီ၏နှုတ်ခမ်းထောင့်စွန်းမှာပေနေသောဆန်ပြုတ်များကို သုတ်ပေးလိုက်သည်။ပြီးလျှင်ချန်လီ၏လူနာကုတင်ကိုပြန်နှိမ့်ပေးပြီး ခေါင်းလေးကိုပွတ်ပေးလိုက်သည်။



"ကောင်းကောင်းအနားယူနော်"


ချန်လီ၏မျက်လုံးများက ဝေ့ချန်ကိုပဲစူးစူးစိုက်စိုက် ငေးကြည့်နေခဲ့သည်။ရုတ်တရတ် ဝေ့ချန် ချန်လီဘာကိုဆိုလိုချင်မှန်းနားလည်သွားသည်။ချန်လီကို စောင်ခြုံပေးပြီးနောက် သူက တိုးတိုးလေး​ပြောလိုက်၏။


"စိတ်မပူပါနဲ့ ကိုယ်မင်းအနားမှာရှိနေမှာပါ"


တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ ဝေ့ချန်က ချန်လီ၏အသက်မဲ့နေသောမျက်လုံးများထဲသို့စိုက်ကြည့်ကာ အခိုင်အမာပြောလိုက်၏။


"ကိုယ်မင်းအနားမှာအမြဲရှိနေမှာ"


ချန်လီ၏မျက်လုံးများထဲမှာ ခံစားချက်တစ်စုံတစ်ရာ ဖြတ်ပြေးသွားပုံရလေသည်။


ဝေ့ချန် ထိုခံစားချက်ကိုမဖမ်းမိလိုက်သော်လည်း သူနှလုံးသားထဲမှာအနည်းငယ်ပျော်သွားသည်။ဒါက ချန်လီက ချန်လီကသူ့အပေါ်ထားတဲ့သတိကို တဖြည်းဖြည်းနဲ့လွှတ်ချပြီး သူ့ကိုသူ့ကမ္ဘာထဲဝင်ခွင့်ပြုမယ်လို့ဆိုလိုတာမလား...


မနေနိုင်ဘဲ ချန်လီ၏နူးညံ့​သော​ဆံပင်လေးကို လှမ်းပွတ်မိလိုက်ပြန်ရင်း ဝေ့ချန်ကပြောလိုက်သည်။


"ခဏလောက်လှဲနေလိုက်ဦးနော်...ကိုယ်မင်းကို ပြီးရင်လမ်းလျှောက်ဖို့ခေါ်သွားမယ်"


ချန်လီ နားလည်မလည်သူမသိပေမဲ့ ချန်လီက အမှန်တကယ်ပင် သူ့ခေါင်းလေးနှင့် ​ဝေ့ချန်၏လက်ကိုပွတ်သပ်လာသည်။သို့ပေမဲ့ သူ့အကြည့်များကမူ ဝေ့ချန်အပေါ်မှာပဲ စွဲမြဲနေဆဲ ဖြစ်လေသည်။


ချန်လီ၏လုပ်ရပ်က ဝေ့ချန်ကို များစွာအံ့အားသင့်သွားစေခဲ့သည်။သူ့လက်ဖဝါးက ချန်လီ၏ဆံပင်လေးများပေါ်မှာ မခွဲနိုင်မခွာရက်နှင့် ညင်ညင်သာသာ ပွတ်သပ်နေခဲ့သည်။သူ့မျက်နှာပေါ်မှာ ပြုံးနေသည့်အမူအရာကိုမလုပ်နိုင်ပေမဲ့ ဝေ့ချန်၏မျက်လုံးများက ချန်လီနစ်ဝင်၍သွား​လောက်မတတ် နူးညံ့​နေလေသည်။


ဝေ့ချန်က သူ့လက်ကိုချန်လီ၏ဆံပင်ပေါ်မှာခွာမည်ပြုလိုက်ပေမဲ့ ချန်လီ၏ခေါင်းလေးက အ​ပေါ်သို့တိုးလာပြီး အနည်းငယ် အလောတကြီးနိုင်စွာ ပွတ်သပ်လာလေ၏။ဝေ့ချန်အား သူ့လက်ကိုဖယ်မသွားစေချင်မှန်း သိသာလေသည်။


"လိမ္မာလိုက်တာ"


ဝေ့ချန်က ချန်လီဆိုလိုသည်ကို နားလည်လိုက်၏။သူ့မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိသော်လည်း သူ့လေသံက မသိလိုက်ပါဘဲအပြုံးရိပ်တို့စွက်နေခဲ့လေသည်။



<< >>


💘