Chapter 14+15
Viewers 3k


💘Chapter 15

 á€œá€™á€şá€¸á€œá€ťá€žá€ąá€Źá€€á€şá€‘ွက်ခဟင်း



အ​ပြင်ဘက်ရှိ မနက်ခင်းနှင်းစက်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားမှ ဝေ့ချန်က ချန်လီကိုခေါ်ပြီး လမ်းလျှောက်ထွက်ရန် ရည်ရွယ်ထားလေသည်။


ကန့်သတ်ထားသောနေရာတစ်ခုထဲမှာပဲ တစ်နေကုန်ပိတ်လှောင်နေခြင်းက ချန်လီ၏ကျန်းမာရေးအ​​ခြေ အနေအတွက်မကောင်းပေ။


သို့ရာတွင် အများနှင့်မပတ်သတ်ဘဲတစ်ယောက်ထဲနေလိုသော ချန်လီက လမ်းလျှောက်ထွက်ချင်မှာမဟုတ်မှန်းလည်း ဝေ့ချန်သိလေသည်။အကြောင်းမှာ သူလမ်းလျှောက်ထွက်သည်နှင့် လူများနှင့်ပိုပြီး အဆက်အဆံလုပ်ရမည်ဟုဆိုလိုပြီး ယင်းက ချန်လီအတွက် အင်မတန်ခက်ခဲသောစိန်ခေါ်မှုတစ်ခုဖြစ်သည်။


သေချာသည်ပင်၊ဝေ့ချန်က သူ့ကိုလမ်းလျှောက်ထွက်ရန်ခေါ်သွားချင်ကြောင်းကြားသောအခါ ချန်လီ၏ကိုယ်လေး စောင်အောက်ကို ကြုံ့ဝင်သွားပြီး ဝေ့ချန်ကို မျက်လုံးပြူးလေးဖြင့် စိုက်ကြည့်နေသည်။သူက ဝေ့ချန်ကို အကြည့်ဖြင့် ငြင်းဆန်ချင်​​နေမှန်းသိသာလှသည်။


ဝေ့ချန်က ဤအခြေအနေကိုမျှော်လင့်ထားပြီးသားဖြစ်သည်။သူက အနောက်မှာဝှက်ထားသော ရုံးအိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး လမ်းလျှောက်ထွက်မည့်အကြောင်းမပြောတော့ဘဲ ချန်လီကိုပန်းချီဆွဲရန်အပြင်ခေါ်သွားမည်ဟုပြောလိုက်၏။


ပန်းချီဆွဲမည်ဟူသောစကားကိုကြားသောအခါ ချန်လီ၏မျက်လုံးများ သိသိသာသာ တောက်ပသွား၏။သူ့အကြည့်များက ဝေ့ချန်ဆီက ဖယ်ခွာပြီး ရုံးအိတ်နောက်ကို လုံးဝဥဿုံပါသွားတော့သည်။


ဝေ့ချန်စိတ်ထဲမှာပြုံးလိုက်၏။ဤအဆင့်မှာ ချန်လီ၏စိတ်ခံစားချက်များကို ဆွဲဆောင်နိုင်သော တစ်ခုတည်းသောအရာက ပန်းချီဆွဲခြင်းဖြစ်လေသည်။


အဆုံးမှာ ချန်လီ ပန်းချီဆွဲခြင်း၏သွေးဆောင်​ဖြားယောင်းမှုကို မခုခံနိုင်ဘဲ လူနာကုတင်ပေါ်မှထကာ ဝေ့ချန်နှင့် လူနာဆောင်အပြင်ဘက်ကိုလိုက်ထွက်မည်ပြုသည်။သို့ပေမဲ့ ဆေးရုံကော်ရစ်တာမှာ ဝင်ထွက်သွားလာနေသော လူများကိုတွေ့သောအခါ ချန်လီအနည်းငယ် နောက်တွန့်သွားပြီး လူနာဆောင်တံခါးဝမှာရပ်ကာ အပြင်ထွက်ရမည်ကိုကြောက်နေ၏။


"မကြောက်နဲ့...ကိုယ်ရှိတယ်လေ"

ဝေ့ချန် မ​ထိန်းနိုင်ဘဲ ချန်လီ၏လက်ကိုကိုင်ကာ အားပေးလိုက်မိ၏။


ဝေ့ချန်၏လက်က နွေးထွေးပြီး သန်မာလေသည်။သူ့လက်အကိုင်ခံလိုက်ရချိန်မှာ ချန်လီက သက်တောင့်သက်သာမဖြစ်စွာနှင့် အကြိမ်အနည်းငယ်ရုန်းကန်လိုက်ပေမဲ့ ဝေ့ချန်၏ နူးညံ့သောအကြည့်များ၏နှစ်သိမ့်မှုအောက်မှာ ချန်လီ တဖြည်းဖြည်းနှင့် ရုန်းကန်နေခြင်းရပ်သွားပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လူနာဆောင်အပြင်ဘက်ကိုခြေချလိုက်လေသည်။


"လိမ္မာလိုက်တာ"

ဝေ့ချန်က သူ့တခြားလက်ဖြင့် ချန်လီ၏ဆံပင်ကိုပွတ်ပေးကာ ချီးမွမ်းလိုက်၏။


ချန်လီက စကားတစ်ခွန်းမှမဆိုပေ။သူ့မျက်နှာက ရန်သူ​တော်အကြီးစားကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ အမူအရာမဲ့နေသည်။

…


ယနေ့ ရာသီဥတုသာယာလှသည်။

မနက်ရှစ်နာရီခန့်ရှိပြီဖြစ်ပြီး ကောင်းကင်က လုံးလုံးကြီးပူနွေးမလာသေးပေ။နေသာနေပြီး ရွေရောင်အလင်းတန်းများက သစ်ရွက်များအကြားအဟလေးများမှထိုးဖောက်ကာ ကျဆင်းနေပြီး ဟိုဟိုသည်သည်ပြန့်ကျဲနေသော နေပြောက်လေးများချန်ထားခဲ့​လေသည်။


ဤအချိန်မှာ လူများစွာက နွေရာသီအပူရှိန်မရှိ​သေးသည်ကို အခွင့်ကောင်းယူပြီး အပြင်မှာလမ်းလျှောက်ထွက်ကာလေကောင်းလေသန့်ထွက်ရှူကြသည်။ဆေးရုံအောက်ထပ်က ပန်းခြံငယ်​လေးထဲမှာ လူနာများနှင့်လူနာများ၏မိသားစုဝင်များ စကားပြောရယ်မောနေကြသည်။ရံဖန်ရံခါ ဂျူတီကုတ်အဖြူရောင်များနှင့်ဆရာဝန်များဖြတ်သွားသည်ကိုလည်းမြင်နိုင်၏။


အလွန်ကိုအသက်ဝင်တက်ကြွသော မြင်ကွင်းပါပင်။


သို့သော်လည်း ချန်လီအတွက် ထိုသို့သောမြင်ကွင်းက သူ့ခန္ဓာကိုယ်ရှိအာရုံ​ကြောတိုင်းကို ဖိနှိပ်နေမည်က သံသဖြစ်ဖွယ်မရှိပါချေ။တစ်ယောက်ယောက် သူ့နားကဖြတ်သွားတိုင်း သူက ဝေ့ချန်၏ရင်ခွင်ထဲသို့ကြုံ့ဝင်သွားပြီး ဘေးပတ်ပတ်လည်ကို မျက်ရည်စတို့ဝေ့သီနေသော မျက်လုံးရွဲကြီးများဖြင့် မဝံ့မရဲကြည့်တတ်လေသည်။


ဝေ့ချန်က ချန်လီကို တစ်လမ်းလုံးကာကွယ်ပေးခဲ့ပြီး ဝင်ထွက်သွားလာနေသောလူအုပ်ကြီးဆီက​နေ သူ့ကို ပိုင်းခြားထားပေးခဲ့သည်။သူ၏ရင်ခွင်ကျယ်ကြီးက ချန်လီအတွက် လုံခြုံရာရပ်ဝန်းတစ်ခု ဖြစ်​ပေးခဲ့သည်။


ဝေ့ချန်၏ကာကွယ်ပေးမှုကြောင့် ချန်လီ တဖြည်းဖြည်းနှင့်စိတ်သက်သာရာရလာပြီး ဘေးပတ်ဝန်းကျင်ကိုမကြည့်ဘဲ ခေါင်းငုံ့ကာ ဝေ့ချန်၏ခြေလှမ်းများအတိုင်း တစ်လှမ်းမကွာ လိုက်ခဲ့လေသည်။


နောက်ဆုံးမှာ ဝေ့ချန်က သစ်ပင်ရိပ်တစ်ခုအောက်မှာရပ်လိုက်ပြီး ချန်လီအတွက် ဒေါက်နှင့်ကင်းဗတ်စဆင်ပေးလိုက်​သည်။အသစ်စက်စက် ဝယ်ထားသော နောက်ဆုံးပေါ်ပစ္စည်းများသုံးထားသည့် ရေဆေးများကိုဘေးမှာချပေးလိုက်ပြီးနောက် ချန်လီကို ဂရုတစိုက်နှင့်ထိုင်ရန်ကူညီပေးခဲ့​လေသည်။

 

"မင်းကဘာပန်းချီအမျိုးအစားမှာတော်မှန်းကိုယ်မသိဘူး...စာအုပ်ဆိုင်က စာရေးကိုမေးကြည့်တော့ ဒီရေဆေးထဲမှာအန္တရာယ်ဖြစ်စေတဲ့ပစ္စည်းတွေမပါဘူးဆိုလို့ ဒါကိုမင်းအတွက်ဝယ်ခဲ့လိုက်တာ"


ဝေ့ချန်က ပြောလိုက်ပြီး စုတ်တံကို ချန်လီ့ဆီ ကမ်းပေးလိုက်သည်။


ချန်လီက ဝေ့ချန်လက်ထဲမှစုတ်တံကိုယူလိုက်သည်။သူက မူလတုန်းက ရှက်တတ်ကြောက်တတ်သောလူတစ်ယောက်ဖြစ်ပေမဲ့ စုတ်တံကိုယူလိုက်ပြီးနောက် သူ့အရှိန်အဝါတစ်ခုလုံး ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ဘယ်နေမှာသူပြောင်းလဲသွားမှန်း ဝေ့ချန်မပြောနိုင်ပေမဲ့ ချန်လီကအလွန်ကိုမှ တောက်ပနေသည်ကို သူခံစားမိသည်။ ​ဝေ့ချန်၏လက်ရှိပုံစံက သူ့အကြည့်များကို


အခိုင်အမာ ဖမ်းစားသွားခဲ့လေသည်။


တွေဝေနေခြင်းမရှိပါဘဲ ချန်လီကစုတ်တံကို ချက်ချင်းကောက်ကိုင်ပြီး အရောင်စပ်ကာ ကင်းဗတ်စက္ကူပေါ်မှာ စတင်​​ရေးဆွဲတော့သည်။သူ့အကြည့်များက တစ်နေရာထဲမှာစွဲမြဲနေသည်။ ပတ်ဝန်းကျင်လောကကြီးက သူ့အတွက် ကြောက်စရာမဟုတ်တော့ဘဲ သူ၏ပန်းချီအတွက် ကုန်ကြမ်းတစ်ခုသက်သက်သာ ဖြစ်လာခဲ့လေသည်။




<< >>


💘Chapter 16 

သူ့နှလုံးသားထဲက ကမ္ဘာကြီးကို​ရေးဆွဲခြင်း



ချန်လီက ပန်းချီစဆွဲပြီဆိုသည်နှင့် သူ့ကိုယ်သူ ပန်းချီထဲမှာနှစ်မြုပ်ထားလိမ့်ပေမည်။

သူ့အနားပတ်ဝန်းကျင်ရှိမည်သည့်အရာကမှ သူ့ကိုမသက်ရောက်နိုင်တော့ပေ။သူ့လက်ထဲက စုတ်တံကျဆင်းသွားလေတိုင်း အမြင်အားဖြင့် ကင်းဗတ်စပေါ်မှာ အရောင် အကွက်အကွက်များစွန်းပေသွားသည့်နှယ်​ဖြစ်လေသည်။သို့ပေမဲ့ ထိုအကွက်များဆက်တိုက်စုပုံလာသည်နှင့် အသက်ရှူမှားလောက်ဖွယ် ပန်းချီကားတစ်ချပ်က တဖြည်းဖြည်းပေါ်လာသည်။


ဝေ့ချန်က ချန်လီဘေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ချန်လီပန်းချီဆွဲသည်ကိုကြည့်နေသည်။ချန်လီ၏စုတ်တံအောက်က ပန်းချီက ချန်လီ၏နှလုံးသားထဲကမ္ဘာကြီးဖြစ်ပြီး သူ ထိုပန်းချီထဲကနေ တဆင့် ချန်လီ၏နှလုံးသားထဲကို ချောင်းကြည့်နိုင်​​လေသည်။


ပထမတုန်းက ဝေ့ချန် ချန်လီဘာဆွဲနေမှန်းမသိခဲ့ပေ။မိနစ်နှစ်ဆယ်လောက်ကြာပြီးနောက် ကင်းဗတ်စပေါ်က ပန်းချီက တဖြည်းဖြည်း ပုံပေါ်လာပြီး ဝေ့ချန် ချန်လီဘာဆွဲနေသည်ကို မြင်နိုင်လာခဲ့လေသည်။


ချန်လီက ပတ်ဝန်းကျင် သဘာဝရှုခင်းကို ဆွဲထားခြင်းဖြစ်သည်။သို့ပေမဲ့ နွေလယ်ခေါင်၏အသက်ဝင်တက်ကြွမှုကိူ ရောင်ပြန်ဟပ်နိုင်သည့် အရောင်ကွက်တစ်ခုမှမပါပေ။အရောင်များက ထူထဲလေးလံပြီး စိတ်မချမ်းမသာဖြစ်စရာကောင်းအောင် ထိုင်းမှိုင်း၍နေသည်။အစိမ်းရောင်သစ်ပင်များက အစွယ်တဖွားဖွား လက်သည်းခြေသည်းရှည်ရှည်များနှင့်သရဲများ အတိုင်းဖြစ်နေကာ ဖြတ်သွားဖြတ်လာများက သူ့ကိုသတ်ဖြတ်ချင်နေကြသော ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးဝိညာဥ်များဖြစ်လာသည်။


ဤသည်က ချန်လီ၏နှလုံးသားထဲကကမ္ဘာကြီးဖြစ်လေသည်။သူ့အတွက် အပြင်လောကမှာ ရှိရှိသမျှအရာရာတိုင်းက အလွယ်တကူ သူ့လည်မျိုကိုညစ်သတ်နိုင်သည့်အတိုင်း မလိုတမာစိတ်များနှင်ပြည့်နေကာ ချောက်ချားစရာအတိဖြစ်၏။


ထိုသို့သောပန်းချီကိုမြင်လျှင် ဝေ့ချန်၏နှလုံးသားက ချန်လီအတွက်စိတ်မကောင်းဖြစ်မှုများနှင့်ပြည့်သွားခဲ့သည်။


ဝေ့ချန် သစ်ရွက်များဘေးက နေစက်နေပြောက်များကိုကြည့်ကာ သူ့ဘာသာသူ တွေးလိုက်သည်။နောင်မှာ သူသေချာပေါက် ချန်လီ၏ကမ္ဘာထဲမှာနေရောင်ခြည်များဖြင့် ပြည့်နေအောင်ဖြည့်ပေးပြီး ဤကမ္ဘာကြီးက ထိုမျှမရက်စက်ကြောင်းနှင့် ထိုမျှချောက်ချားစရာမကောင်းကြောင်းကို ချန်လီအားသိစေမည်။


ချန်လီက သစ်ပင်ပေါ်မှာ နောက်ဆုံးအနက်​ရောင်စုတ်ချက်ထူထူကို ချလိုက်ပြီး ပန်းချီကားကိုအပြီးသတ်လိုက်၏။ဤပန်းချီကားကိုမြင်သည့် မည်သူမဆို သူ့နှလုံးသားထဲက စိတ်ပျက်အားငယ်မှုကို ခံစားမိကြလိမ့်မည်ဖြစ်လေသည်။သိသာစွာပင် ယင်းက အစစ်အမှန်ထက် စိတ်ကူးသက်သက်ကပိုပေမဲ့ လေထုကိုဖိနှိပ်ထားနိုင်ပုံရသည် ဖရိုဖရဲမျဥ်းကြောင်းများနှင့် အရောင်ကွက်များက လူများအား မွန်းကြပ်လာစေသည်။


"ဒီလူငယ်လေးက ပန်းချီဆွဲတော်တာပဲ"


ချန်လီ သူ့စုတ်တံကိုချလိုက်သည့်အခိုက်တွင် အိုမင်းနေသောအသံတစ်သံ သူတို့နှစ်ယောက်၏နားများထဲကိုဝင်ရောက်လာသည်။ချန်လီက ထိုထူးဆန်းသောအသံကြောင့် လှုံ့ဆော်ခံလိုက်ရပြီး  လက်ထဲကစုတ်တံက ကြောက်လန့်တကြား လွတ်ကျသွားသည်။သူက ဝုန်းခနဲထရပ်ပြီး ဝေ့ချန်၏နောက်မှာ ကြောက်အားငယ်စွာ ပုန်းနေလေသည်။


ဝေ့ချန်က ချန်လီ၏လက်ကိုဖျစ်ညစ်လိုက်ပြီး ချန်လီ၏စိတ်ခံစားချက် တိတ်တိတ်လေး တည်ငြိမ်စေလိုက်သည်။ထို့နောက် သူက သူနှင့်ချန်လီ၏ဘေးမှာ ဘယ်အချိန်ကပေါ်လာမှန်းမသိရသည့် အဘိုးကြီးဆီ သူ့အကြည့်ကိုပို့လိုက်ပြီး အေးစက်စွာမေးလိုက်သည်။


"တစ်ခုခုလိုအပ်လို့လား"


အဘိုးကြီးဝတ်ထားသည့်ဝတ်စုံက အတွေးအမြင်သစ်ကိုဖော်ဆောင်လွန်းနေပြီး ခေါင်းကနေခြေဖျားအထိ အနည်းဆုံးအရောင်ငါးရောင်ရှိကာ နေရောင်အောက်မှာ အနည်းငယ်တောက်ပနေပုံရလေသည်။သူ့ဆံပင်များက ဖြူတစ်စမည်းတစ်စနှင့် မီးခိုးရောင်သန်းနေပြီး သူ့မျက်နှာက အရေတွန့်နေသည်။အရယ်များ၍ပဲလား ဇရာ၏ထုဆစ်မှုကြောင့်လားကား မသိရပေ။


သူ့ပုံစံက အနည်းငယ်သံသယဖြစ်စရာကောင်းနေသဖြင့် ဝေ့ချန်လည်း အနည်းငယ်သတိထားနေသည်။


ချန်လီ၏တုံ့ပြန်မှုကိုမြင်လျှင် အဘိုးကြီးလည်း သူခုနကစကားပြောလိုက်ချိန်က အတော်လေးမဆင်မခြင်နိုင်သွားသည်ကို သိလိုက်ပြီး ချက်ချင်းသူ့အမှားကိုဝန်ခံလိုက်၏။


"ငါ့အမှားပါ...ငါ မင်းတို့ကို နှောက်ယှက်မိသွားတယ်...မင်းတို့ကိုဒုက္ခဖြစ်စေမိရင် တကယ်တောင်းပန်ပါတယ်"


သူက ဝေ့ချန်၏သတိထားနေမှုကိုမြင်၍ဖြစ်မည်၊သူ့မျက်နှာပေါ်ကအပြုံးကိုဖိနှိပ်ပြီး ရိုးရိုးသားသား စိတ်ရင်းနှင့်ပြောလိုက်၏။


ပြုံးနေသည့်လူ၏မျက်နှာကို မရိုက်​ကောင်းဆိုသည့်စကားအတိုင်း အဘိုးကြီးကပြုံး​နေရုံသာမက သူ့အပြစ်သူပါ ရိုးရိုးသားသားဝန်ခံလာသဖြင့် ဝေ့ချန်အတွက် ထိုအဘိုးကြီးကိုအေးစက်စက်သဘောထားဖြင့်ဆက်ဆံရန် မဖြစ်နိုင်တော့ပေ။ထို့ကြောင့် သူက ပြန်ပြီး မေးလိုက်သည်။


"ဒီကလူကြီးမင်း ဘာများကူညီရမလဲ"


ခုနက လူကြီးတစ်ယောက်အပေါ်ထားသည့်သဘောထားနှင့်နှိုင်းယှဥ်လျှင် ယခုက အများကြီးပိုယဥ်ကျေးလေသည်။


"ငါကလည်း ပန်းချီတွေကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ...ဒီလူငယ်လေးရဲ့ပန်းချီကားကိုမြင်လိုက်တော့ ငါ့ရဲ့အကြိုက်နဲ့ကိုက်ညီတယ်လို့ခံစားရလို့ မနေနိုင်ဘဲလာမိတာပါ...ရိုင်းပြမိခဲ့တဲ့သူကငါပါ"


အဘိုးကြီး ရှင်းပြ၏။


အနှီ ထူးခြားသောပန်းချီပုံစံနှင့်လူငယ်လေးမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိနေမှန်း ယခု သူသတိ​ပြုမိပြီဖြစ်လေသည်။မဟုတ်လျှင် သူက ယခုလို မှုန်မှိုင်းပြီး ချောက်ချားစရာကောင်းသောပန်းချီမျိုးဖန်တီးမှာမဟုတ်ပေ။


အဘိုးကြီးလည်း ချန်လီ၏စိတ်ပိုင်းဆိုင်ရာပြဿနာများအကြောင်းသိ​သွားပြီ​ဖြစ်သည်။ချန်လီက သူစိမ်းများနှင့်ဆက်ဆံရသည်အားကြောက်လောက်သည်ဟု ခန့်မှန်းမိသဖြင့် ဝေ့ချန်နှင်ထုတ်မည်အားမစောင့်ဘဲ လှည့်ထွက်သွားခဲ့လေသည်။သို့ပေမဲ့ မထွက်ခွာခင်မှာ သူကစကားတစ်ခွန်းနှင့်လုပ်ငန်းကတ်တစ်ခုကိုထားခဲ့လေသည်။


"ဒါကငါ့ရဲလုပ်ငန်းကတ်ပါ

...အရင်သိမ်းထားလိုက်ပါ လူကြီးမင်း...တနေနေ့တချိန်ချိန်ကျအသုံးဝင်လာပါလိမ့်မယ်"


အဘိုးကြီး ထွက်သွားပြီးနောက် ဝေ့ချန်အဘိုးကြီး၏လုပ်ငန်းကတ်ကို ကြည့်လိုက်၏။ကြည့်ပြီးသွားပြီးနောက် ဝေ့ချန်၏အကြည့်များ နက်ရှိူင်းသွားခဲ့လေသည်။


ကျူးကောယွီ သုခုမအနုပညာပါမောက္ခ Qတက္ကသိုလ်။


ဝေ့ချန် ကျူးကောယွီ၏နာမည်ကိုရိုက်ရှာကြည့်ရာ အောင်မြင်မှုစာရင်းအရှည်ကြီးကျလာလေသည်။သို့ပေမဲ့ အကျဥ်းချုပ်လိုက်လျှင် ဤလူက ပြည်တွင်းနှင့်ပြည်ပနှစ်ခုလုံးမှာ နာမည်ကျော်ကြားသော ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ကျောင်းအသစ်တစ်ကျောင်း၏တည်ထောင်သူဖြစ်လေသည်။



<< >>


💘