Chapter 22+23
Viewers 2k

💘Chapter 23

 á€œá€€á€şá€‘ပ်ဓဏတ်ပုလရိုက်ခဟင်း



ဝေ့ချန်က ချန်လီကိုဆွဲပြီး လူနာဆောင် တံခါးကိုပိတ်သွားသည်ကိုမြင်လျှင် ချန်ချင်းကအလျင်စလိုရှေ့တက်ပြီး တံခါးမခေါက်ခဲ့ပါချေ။


သူက လူနာဆောင်၏ကော်ရစ်တာမှာ နေရာတစ်နေရာရှာပြီး ထိုင်ချလိုက်၏။သူ့လက်ထဲမှာကား ကြက်သွေးရင့်ရောင်အိမ်ထောင်စုစာရင်းစာအုပ်တစ်အုပ်ကိုကိုင်ထားပြီး သူ့နှုတ်ခမ်းထောင့်စွန်းများက မသိမသာကော့တက်နေသည်။ပူပြင်းခြောက်သွေ့သောရာသီဥတုက သူ၏စိတ်အ​ခြေအနေကောင်းမွန်နေမှုကို မနှောင့်ယှက်နိုင်ပါချေ။


ဝေ့ချန်နှင့်ချန်လီ လူနာဆောင်အပြင်ဘက်ကိုထွက်လာချိန်မှာ ချန်ချင်းကဆီးကြိုပြီးမေးလိုက်၏။


"ဘာဖြစ်လို့လဲ ဝေ့တာ့ကော...ချန်လီက မင်းနဲ့လက်မထပ်ချင်ဘူးတဲ့လား"


ဤအချိန်မှာ ဝေ့ချန်က သူ့ကိုယ်သူ ကျဥ်းထဲကျပ်ထဲရောက်အောင် အမှန်တကယ် တွန်းပို့လိုက်မိပြီဖြစ်လေသည်။သူသာ ချန်လီကိုလက်မထပ်ချင်လျှင် သူ့ကိုယ်သူဆီကနေ အကြောင်းပြချက်ရှာ၍မရသဖြင့် ချန်လီကလက်မထပ်ချင်ဟုပြောပြီး ချန်လီကိုသာ ဆင်​ခြေတစ်ခုအဖြစ်သုံးနိုင်၏။ချန်ချင်းကလည်း ဤသည်ကိုသိသဖြင့် ယခုအချိန်မှာ သိလျက်နှင့်တမင် မေးလိုက်ခြင်းဖြစ်လေသည်။(ဤကား ချန်ချင်း၏အတွေး)


"ငါအစက ​ပြီးမှ လီလီကိုခေါ်ပြီး မင်းတို့အိမ်မှာ အိမ်ထောင်စုစာရင်းစာအုပ်လာယူမလို့...မင်းကအခုရောက်နေပြီဆိုမှတော့ ပြည်သူ့ရေးရာဗျူရိုကို တစ်ခါတည်း သွားကြတာပေါ့"


ဝေ့ချန်က မျက်နှာသေနှင့်ပြောလိုက်၏။


"ဒါဆိုလည်း သွားကြရအောင်"


ချန်ချင်းက သူ့မျက်လုံးများကိုအနည်းငယ်မှေးစင်းလိုက်၏။ဝေ့ချန် ဘယ်လောက်ကြာကြာ တည်ငြိမ်အောင်နေနိုင်မလဲ သူသိချင်သည်။

*

 

ယနေ့က နေ့ကောင်းရက်မြတ်ပဲ ဖြစ်ရမည်။


ယနေ့၌ ပြည်သူ့ရေးရာဗျုရိုကိုလာပြီး လက်ထပ်မှတ်ပုံတင်လုပ်ရန်ရွေးချယ်ကြသည့်စုံတွဲများ များစွာရှိနေလေသည်။ဝေ့ချန်နှင့်ချန်လီရောက်သွားချိန်တွင် လက်ထပ်မှတ်ပုံတင်စာရင်းသွင်းသည့်နေရာရှေ့မှာ လူတန်းအရှည်ကြီးရှိနေပြီဖြစ်သည်။

 

ကြင်စဦးဇနီးမောင်နှံတိုင်း၏မျက်နှာများမှာ ပျော်ရွှင်မှုအပြုံးပန်းများဝေနေကာ အချင်းချင်း စကားပြောရယ်မောနေကြသည်။သူတို့၏မျက်ဝန်းများမှာကား တစ်ဦးအပေါ်တစ်ဦးထားသည့် ချစ်မြတ်နိုးမှုများဖြင့်ပြည့်နေကြ၏။


လိင်တူလက်ထပ်​ခြင်းဥပဒေကိုခွင့်ပြုပေးခဲ့သည်က နှစ်နှစ်ပဲရှိသေးလေသည်။ကာလကသိပ်မကြာသေးသဖြင့် ရိုးရာအယူအဆများ၏ကန့်သတ်မှုကို ခံနေရဆဲဖြစ်၏။အချင်းချင်းချစ်မြတ်နိုးပြီး တစ်ယောက်မရှိဘဲတစ်ယောက်မနေနိုင်သော လိင်တူစုံတွဲများကသာ လာပြီးလက်ထပ်မှတ်ပုံတင်လုပ်လေ့ရှိကြသည်။


ပြည်သူ့ရေးရာခန်းမထဲမှာ ကြည့်လိုက်လျှင် လိင်မတူဇနီးမောင်နှံအလောင်းအလျာများချည်း ဖြစ်သဖြင့် 

လိင်တူအကြင်လင်လင် အလောင်းအလျာများဖြစ်သည့် ချန်လီနှင့်ဝေ့ချန်တို့မှာ အလွန်မျက်စိဖမ်းစားစရာဖြစ်နေလေသည်။


ချန်လီက လူအများကြီးရှိသည့်နေရာများမှာနေရသည်အား မကြိုက်ပေ။ယခုအချိန်မှာ လူများစွာ၏မျက်လုံးများက သူ့အပေါ်မှာ အာရုံစိုက်နေသဖြင့် ချန်လီဝေ့ချန်၏လက်ကို သတိလက်လွတ်နီးနီး တင်းနေအောင်ဆုပ်ညစ်လိုက်မိ​ပြီး သူ၏မျက်လုံးဝိုင်းကြီးများထဲမှာ ကြောက်ရွံမှုအနည်းငယ်နှင့်ပုန်းရှောင်လိုမှုများကို တွေ့နေရလေသည်။


"မကြောက်ပါနဲ့...ကိုယ်ရှိတယ်လေနော်"


ဝေ့ချန်က ချန်လီ၏လက်ကို သူ၏နွေးထွေးသော လက်ဖဝါးပြင်ကျယ်ကြီး​ထဲမှာ ထွေးဆုပ်ကာ နူးညံ့စွာနှစ်သိမ့်ပေးလိုက်၏။


ဝေ့ချန်၏နှစ်သိမ့်မှုက တကယ်အလုပ်ဖြစ်၍ဖြစ်မည်။ချန်လီ၏ တင်းမာနေသောခံစားချက်များက တဖြည်းဖြည်ပြေလျော့သွားခဲ့သည်။ဝေ့ချန်၏ဘေးမှာ ရပ်နေရင်း လုံးလုံးလျားလျားကြီး စိတ်ပြေလျော့သွားသည်မျိုးမဟုတ်ပေမဲ့ သူက နောက်တွန့်မနေတော့သလို ပုန်းကွယ်နေလိုခြင်းလည်းမရှိတော့ပါချေ။


သူတို့နှစ်ဦးကြားက အပြန်အလှန်ဆက်ဆံပုံများကို ချန်ချင်းကမသိကျိုးကျွန်မပြုခဲ့ပါချေ။တစ်ခုခုမှားနေသလိုမျိုးခံစားချက်က သူ့နှလုံးသားထဲကိုဝင်ရောက်လာသည်။သူ့အကြည့်က ဝေ့ချန်ပေါ်ကိုရောက်သွားပြီး စေ့စေ့စပ်စပ် စီစစ်ကြည့်မိတော့သည်။


ဝေ့ချန်က ချန်လီကို ထိုမျှလက်မထပ်ချင်သည့်ပုံမပေါ်ပေ။


တစ်ခုခုမှားနေသည်ဟု သူ့စိတ်ထဲမှာခံစားနေရသော်လည်း ချန်ချင်းက သူ့မျက်နှာပေါ်မှာ များစွာအမူအရာမပြခဲ့ပါချေ။သို့ပေမဲ့ သူ့အကြည့်က ဝေ့ချန်နှင့်ချန်လီတို့၏ သွယ်ယှက်ထားသောလက်များဆီသို့ရောက်သောအခါ သူ့မျက်ခုံးများကြုံ့သွားဆဲဖြစ်လေသည်။သူ့အပိုင်ဖြစ်သင့်သောအရုပ်တစ်ရုပ်ကို တခြားသူတစ်ယောက်က ယူသွားသည့်အတိုင်း သူ့နှလုံးသားထဲမှာ ရှင်းပြရခက်သောခံစားချက်တစ်ခု လှိိုင်းထလာပြီး အလွန်ကိုမှမသက်မသာဖြစ်ရလေသည်။

…


ချန်လီနှင့်ဝေ့ချန်က လူတန်းကွာဟချက်ကိုအခွင့်ကောင်းယူပြီး ဓာတ်ပုံအခန်းသို့သွားကာ ဓာတ်ပုံသွားရိုက်ကြလေသည်။ဓာတ်ပုံရိုက်ရန် တာဝန်ယူထားသည့် ဝန်ထမ်းက မကြာမီ အကြင်လင်လင်များဖြစ်ကြတော့မည် ဂေးစုံတွဲကိုတွေ့သောအခါ အံအားသင့်စွာ မျက်ခုံးပင့်လိုက်ပေမဲ့ ပရော်ဖက်ရှင်နယ်ပီသမှုက ကျန်ရှိနေဆဲဖြစ်လေသည်။သူတို့နှစ်ဦးကို တစ်ချက်ကြည့်ပြီးနောက် သူက ကင်မရာကို​သွားချိန်ညှိလေသည်။


"ဒီရှေ့မှာရပ်ပါ"


ကင်မရာကိုချိန်ညှိပြီးနောက် ဝန်ထမ်းက သူတို့ရှေ့က အနီရောင်နောက်ခံဘုတ်ကိုလက်ညှိုးထိုးပြပြီး ချန်လီနှင့်ဝေ့ချန်ကိုပြောလိုက်၏။


ဝေ့ချန်က ၎င်းကိုကြားသောအခါ ချန်လီကိုခေါ်ပြီး အနီရောင်နောက်ခံဘုတ်ဆီသွားလိုက်သည်။


"ကောင်းတယ် နည်းနည်းကပ်မယ်"


ဝန်ထမ်းက ကင်မရာကိုကြည့်ပြီး ညွှန်ကြားလိုက်၏။


ဝေ့ချန်က သူ့စကားများအတိုင်း သူနှင့်ချန်လီကြားက အကွာအဝေးကိုကျဥ်းမြောင်းစေလိုက်သည်။


ဝေ့ချန်က အရပ်အတော်လေးရှည်ပြီး အရပ်အမြင့်1.85မီတာ၊ပခုံးကျယ်ကျယ်၊ခါးကျဥ်းကျဥ်း၊ခြေတံရှည်ရှည်နှင့်ဖြစ်လေသည်။သူ့ခန္ဓာကိုယ်က အဝတ်အစားများဝတ်ထားလျှင် ကျစ်လစ်သည့်ပုံစံရှိပေမဲ့ အဝတ်အစားများချွတ်လိုက်ပါက ကြွက်သားအပြည့်ကြည့်ကောင်းသောခန္ဓာကိုယ်မျိုးဖြစ်သည်။


ချန်လီကမူ ကာလရှည်အာဟာရချို့တဲ့မှုကြောင့် 1.7မီတာနီးနီးသာရှိပြီး ပိန်ပါးကာအားနည်း၏။ဝေ့ချန်၏ဆွဲကပ်မှုကိုခံလိုက်ရသည့်ဤအခိုက်အတန့်မှာ သူကဝေ့ချန်၏ရင်ခွင်ထဲကိုမှီနေသည့်အတိုင်းဖြစ်ပြီး တစ်ယောက်ကရှည် တစ်ယောက်ကပု၊တစ်ယောက်က တောင့်တောင့်ဖြောင့်ဖြောင့် တစ်ယောက်ကပိန်ပိန်ပါးပါးကိုမှ နှစ်ယောက်စလုံး၏ ချောမောပြီး အကြည့်ခံသော ရုပ်ရည်များထပ်ပေါင်းလိုက်သည့်အခါ 

နှစ်ဦးသား ဘောင်တစ်ခုထဲမှာရှိနေသည့်ဓာတ်ပုံက အလွန်ကို လှပလေသည်။


တစ်ခုသာ...


"ပြုံးမယ်...ဒါက လက်ထပ်ဓာတ်ပုံနော် လိုင်စင်ဓာတ်ပုံမဟုတ်ဘူး...အဲလောက်ကြီး ရုပ်တည်စရာမလိုဘူး...ရုပ်တည်ကြီးနဲ့ဆိုကြည့်မကောင်းဘူးနော်"


ဝန်ထမ်းက ကင်မရာနောက်ကနေခေါင်းပြူထွက်ကာ သူတို့နှစ်ယောက်ကို​ပြောလိုက်၏။


သို့တိုင် ဝေ့ချန်၏မျက်နှာက မျက်နှာသေဖြင့်ရှိနေဆဲဖြစ်ပြီး ချန်လီ၏မျက်နှာကလည်း အသက်မပါဖြစ်နေဆဲဖြစ်လေသည်။ချန်လီကဆိုလျှင် ဝန်ထမ်း၏ရုတ်ချည်းခပ်မာမာပုံစံကြောင့် ဝေ့ချန်၏ရင်ခွင်ထဲကိုပင်ကြုံ့ဝင်သွား​သေးပြီး ဝေ့ချန်က ချန်လီ၏ကျောကိုပုတ်ပေးကာ သူ့ကိုနှစ်သိမ့်ပေးလိုက်၏။


ဝန်ထမ်းက ရုတ်တရုတ် အေးခဲသွားလေသည်။


သူ့ပုံစံက အဲလောက်ကြီး ကြမ်းသွားတာလား...



<< >>



💘Chapter 24

 á€”á€Źá€¸á€™á€œá€Šá€şá€á€źá€„á€şá€¸



"ပြုံးထားမယ်...အပြုံးဆိုတာဘာမှန်းရောသိကြရဲ့လား"


ဝန်ထမ်းက ကင်မရာနောက်ကနေ ထပ်ပြီး ခေါင်းပြူထွက်လိုက်ပြန်သည်။ဤသည်ကို သူဘယ်နှစ်ကြိမ်လောကိအလေးပေးပြောနေရမှန်းကို မမှတ်မိတော့ပေ။


သူ့ရှေ့က စုံတွဲက လက်ထပ်ဓာတ်ပုံလာရိုက်မှန်းသိသာပေမဲ့ တစ်ယောက်ထက်တစ်ယောက် ပိုတည်နေကြပြီး ရုပ်တည်ချင်းပြိုင် ဘယ်သူနိုင် ဆိုသလိုဖြစ်နေကာ နည်းနည်းလေးမှမပြုံးကြပေ။


သူတို့၏နှုတ်ခမ်းထောင့်စွန်းများက မျဥ်းဖြောင့်များလို ဖြောင့်တန်းနေပြီး မျက်နှာသေကြီးများနှင့်တောင့်တောင့်ကြီးဖြစ်နေကြသည်။ဒီလိုလက်ထပ်ဓာတ်ပုံမျိုးက ဘယ်လိုလုပ်ကြည့်ကောင်း​တော့မှာလဲဟ...


"Smile...အသက်ရှုသွင်းကြည့် ပြီးရင် ပြုံးမယ် နားလည်လား...ရယ်စရာမလိုဘူး နှုတ်ခမ်းထောင့်လေးနည်းနည်းပင့်ပြီး အပြုံးရေးရေးလေးပြရင်ရပြီ"


ဝန်ထမ်းက သူ့နှုတ်ခမ်းထောင့်စွန်းများသူကိုင်ကာ ထိုနှစ်ယောက်ကို ကိုယ်တိုင်အမူအရာလုပ်ပြရင်းပြော​နေ၏။


"ငါလုပ်သလို နှုတ်ခမ်းထောင့်ကိုနည်းနည်းလေးကွေးလိုက်"


ချန်လီ၏မျက်ဝန်းများက အသက်မဲ့နေဆဲဖြစ်၏။သူက ဝေ့ချန်သူ့အနားမှာသူ့ကိုကာကွယ်ပေးနေကြောင်းကိုအတည်ပြုပြီး သူ့ကမ္ဘာလေးထဲသူပြန်ဆုတ်သွားကာ ဘာမှန်းမသိရသောတစ်စုံတစ်ရာကိုတွေးနေသည်။ဝေ့ချန်ကမူ ပြောမနေပါတော့နှင့်၊သူ၏ မျက်နှာအာရုံကြောများကအားနည်းသည်ဖြစ်ရာ ပြုံးရန်နေနေသာသာ သူနှုတ်ခမ်းထောင့်စွန်းများကို ဆွဲဆန့်ရသည်ကပင် သူ့အတွက်ခက်ခဲပင်ပန်းသောအလုပ်ကြီးတစ်ခုဖြစ်နေပြီဖြစ်လေသည်။


အနှီလူနှစ်ယောက်မှာ တစ်ယောက်က ဘယ်လိုပြုံးရမည်ကိုမသိ​သူဖြစ်ကာ နောက်တစ်ယောက်က မပြုံးနိုင်သူဖြစ်လေသည်။ဝန်ထမ်းက မည်သို့မည်ပုံပြုံးရမည်ကို ပြောပြနေသော်လည်း တစ်ယောက်မှ ထိုကြင်နာမှုကိုမခံစားနိုင်ကြပေ။ထိုသို့ဖြစ်ရာ ဝန်ထမ်းခင်ဗျာ 

အသုံးမဝင်သောအလုပ်ကိုလုပ်မိခြင်းဖြစ်သွားပေတော့သည်။


အဆုံးမှာ ဝန်ထမ်းက အနောက်မှာလူအများကြီးရှိသေးသည်ကိုထည့်တွက်ပြီး ၎င်းကိုတွန်းအားမပေးတော့ပေ။မပြုံးချင်လည်း မပြုံးကြနဲ့ပေါ့...ကာယကံရှင်ကတောင် ဘာမှမဖြစ်တာ သူကဘာလို့စိတ်ပူနေရမှာလဲ...


"ကင်မရာကိုကြည့်မယ်"


ဝန်ထမ်းက ကင်မရာနောက်ကိုပြန်သွားပြီး ဆုံချက်ကိုချိန်ညှိကာ ကလစ်တစ်ချက်နှိပ်လိုက်သည်။နှစ်ဦးသား၏ဓာတ်ပုံက ကင်မရာထဲမှာပေါ်လာသည်။


အနီရောင် နောက်ခံဘုတ်အကြီးကြီးအောက်မှာ ပိန်ပါးပါးလူငယ်လေးကအရပ်ရှည်ရှည်လူကို အနည်းငယ်မှီထားပြီး သူ့မျက်နှာက အသက်မဲ့နေကာ မျက်လုံးသေများနှင့်ဖြစ်လေ၏။ထိုစဥ် အရပ်ရှည်ရှည်လူ၏မျက်နှာအမူအရာက တောင့်တောင့်ကြီးဖြစ်နေပြီး အသေးငယ်ဆုံးသောအပြုံးလေးပင်ရှိမနေပေ။သူမျက်လုံးများက အေးစက်စက်အကြည့်များဖြင့် ကင်မရာကို တည့်တည့် ကြည့်နေသည်။


အနောက်က အနီရောင်နောက်ခံဘုတ်ကြီးကြောင့်သာမဟုတ်လျှင် ဘယ်သူ့သွားပြပြ လက်ထပ်ဓာတ်ပုံပါဟုယုံမှာမဟုတ်ပေ။အနှီဓာတ်ပုံကိုရိုက်သော ဝန်ထမ်းကလည်း ခေါင်းခါလိုက်သည်။ ဤဓာတ်ပုံက သူရိုက်ထားသည့်ဓာတ်ပုံပါဟုပင် သူမပြောရဲဖြစ်နေသည်။


ဓာတ်ပုံရိုက်သည့်ဝန်ထမ်းက ဓာတ်ပုံကိုကြည့်ပြီး အားမလိုအားမရဖြင့်ခေါင်းခါလိုက်သည်။သူပြန်လှည့်ပြီး သူ့လုပ်ဖော်ကိုင်ဖက်များကိုတစ်စုံတစ်ခုပြောတော့မည့်အချိန်မှာခုနက သူဓာတ်ပုံရိုက်ပေးလိုက်သည့်စုံတွဲကို သူမြင်လိုက်ရသည်။


အရပ်ရှည်ရှည်လူက ဖောင်သွားယူပြီး လူငယ်လေးက သူ့နောက်မှာရပ်နေသည်။သို့ပေမဲ့ယခုလိုအဝေးကပင် လူငယ်လေးစိတ်ခံစားချက်များ လုံးလုံးလျားလျား တင်းမာနေသည်ကို ဓာတ်ပုံရိုက်ပေးသည့် ဝန်ထမ်းခံစားရနိုင်လေသည်။သူက ဘေးပတ်ပတ်လည်ကို သတိအပြည့်ဖြင့်ကြည့်ကာ တခြားသူများမပါဘဲ ကမ္ဘာတစ်ခုထဲမှာ သူ့ကိုယ်သူ စည်းခြားထား တော့မည့်အတိုင်း လက်နှစ်ဖက်ကိုရင်ဘက်ပေါ်မှာတင်ပြီး ကြုံဲ့ကြုံ့လေးရှိနေသည်။ခုနက သူတို့ဓာတ်ပုံရိုက်နေချိန်ရှိ စိတ်အေးသက်သာအခြေအနေမှာ ပျောက်ကွယ်သွားလေပြီ။


အရပ်ရှည်ရှည်လူက ဖောင်ကိုအမြန်ယူပြီး လူငယ်လေး၏လက်ကို လှမ်းဆွဲ၍ သူ့လက်ဖဝါးထဲမှာထည့်ကာ ဆုပ်ကိုင်လိုက်၏။ထိုလူ လူငယ်လေး၏နားထဲကို ဘာပြောလိုက်မှန်းမသိသော်လည်း လူငယ်လေး၏စိတ်ခံစားချက်များတဖြည်းဖြည်းတည်ငြိမ်သွားပြီး ထိုလူ၏ဘေးမှာ လိမ်လိမ်မာမာရပ်နေလေသည်။သတိအပြည့်နှင့်ရှိမနေတော့သလို ကြောက်လည်းကြောက်မနေတော့ပေ။


ဝန်ထမ်းက ထိုလူကို သေသေချာချာ ကြည့်လိုက်၏။သူက ယခုနကအတိုင်း မျက်နှာသေနှင့်ရှိနေဆဲဖြစ်သော်လည်း ဤအချိန်မှာ ထိုလူပုံစံက အတော်လေးနူးညံ့နေသည်ဟုဝန်ထမ်းခံစားရသည်။အထူးသဖြင့် ထိုအနက်ရောင်မျက်ဝန်းတစ်စုံက နူးညံ့မှုများလျှံထွက်တော့မတတ် ပြည့်လျှံနေသည်။


"ဟေး ဘာကြည့်နေတာလဲ အရမ်းတွေစိတ်ဝင်စားနေတာ"


လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကဓာတ်ပုံရိုက်သည့်ဝန်ထမ်းကို ဝင်တိုက်ကာ သိလိုစွာမေးလိုက်၏။ထို့နောက် ကင်မရာထဲကဓာတ်ပုံကိုကြည့်ပြီး မနေနိုင်ဘဲ ပြောလိုက်လေသည်။


"ဒါက ရုပ်ချောချောလိင်တူစုံတွဲမဟုတ်လား...သူတို့ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်ထင်နေတာ...ဒီလက်ထပ်ဓာတ်ပုံက ဈာပနဓာတ်ပုံကြီးကျနေ မျက်နှာသေကြီးတွေနဲ့"


ဓာတ်ပုံရိုက်သည့်ဝန်ထမ်းက ဘာမှပြန်မဖြေပေ။သူက မှတ်ပုံတင်သည့်နေရာဆီကိုလျှောက်သွားနေပြီဖြစ်သော လူနှစ်ယောက်ကိုပဲ လှမ်းကြည့်​နေပြီး ၎င်းနောက် သူ့ကင်မရာထဲကဓာတ်ပုံကိုကြည့်လိုက်သည်။


ဒီလိင်တူစုံတွဲက တကယ်တစ်ယောက်နဲ့တစ်ယောက်မချစ်ကြဘူးလား...ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့...



<< >>


💘