အပိုင်း ၁၆၄
Viewers 29k

Chapter 164


ရှုထျန်းထျန်း၏ မျက်လုံးများက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသည်။ ပုံရိပ်ယောင်တစ်ခုကို မြင်နေရသည်ဟုသာ ခံစားမိသည်။


အမြဲတမ်းပျင်းနေပြီး အလုပ်မလုပ်ချင်တဲ့ နတ်ဘုရားမလေးက ကြော်ငြာတွေအားလုံးကိုလက်ခံပြီး အလုပ်ကြိုးစားချင်နေတာလား ...


မဖြစ်နိုင်ဘူး ...


" အင်း အဲ့လိုပဲ လုပ်ကြတာပေါ့ ...အခုက တို့တွေကြော်ငြာများများရိုက်ရမယ့် အချိန်ရောက်ပြီ ..."


ရှုထျန်းထျန်းက သူမ၏သူဌေးရှအန်းကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေသည်။


တ ... တကယ်ပဲလားဟင် ...အရင်က ဒီလောက်ထိ ဝီရိယမရှိပါဘူး ...


ရှုထျန်းထျန်း ပါးစပ်ဟလိုက်သော်လည်း အဆုံးတွင် သူမစိတ်ထဲမှစကားများကို ထုတ်မပြောလိုက်ပေ။ 


သို့သော်လည်း ရှုထျန်းထျန်းက သူမကို သတိပေးလိုက်သည်။

" ရှအန်းကျဲ ကျွန်မရွေးထားတဲ့ကြော်ငြာတွေက မများဘူးဆိုပေမယ့် တစ်ဒါဇင်ကျော်တယ် ... တချို့ဘရန်းတွေက ကြော်ငြာကြေးအများကြီးပေးပေမယ့် အများစုက ဘာမှမဟုတ်တာတွေများတယ် ... ကျွန်မအမြင်အရဆို ကျန်တဲ့ကြော်ငြာတွေကို ဒါရိုက်တာဂရေစ့်ရဲ့ ရုပ်ရှင်ကားရုံတင်ပြီးတဲ့အထိ စောင့်လိုက်ပါလား ..."


ယခုအချိန်တွင် ရှုထျန်းထျန်း နောင်တရနေသည်။


သူမက နတ်ဘုရားမလေးအတွက် ဘရန်းအနည်းငယ်ကိုသာ ရွေးချယ်ခဲ့သည်။ အကယ်၍ ကြော်ငြာများပိုမိုရွေးချယ်ခဲ့မိပါက နတ်ဘုရားမလေးက တစ်ခု သို့မဟုတ် နှစ်ခုကိုသာ ရွေးချယ်လိမ့်မည်။


အခုတော့ သူမအကျင့်နဲ့ ဘာမှမဆိုင်ပဲ အားလုံးကို ရွေးဖို့ ဆုံးဖြတ်လိုက်တယ်တဲ့ ...


ဒါ အရမ်းကြောက်ဖို့ကောင်းလွန်းတယ် ...


သူမ လုပ်ငန်းနဲ့ထိတွေ့မှုကို တိုးမြှင့်လိုက်တာ ကောင်းပါတယ် ...  ဒါပေမယ့် သူမအဲ့လိုလုပ်လိုက်ရင် နိုင်ငံတကာ ဇိမ်ခံအမှတ်တံဆိပ်ဘရန်းတွေက နတ်ဘုရားမလေးကို  စတိုင်နဲ့ ဖက်ရှင်ကျကျ ခံစားချက်မရှိဘူးလို့ ထင်ကြလိမ့်မယ် ...


" ဘာလို့ စောင့်နေဦးမှာလဲ ... ရုပ်ရှင်ရိုက်ပြီးရင်လည်း ကြော်ငြာတွေဆက်ပြီး လက်ခံသွားဦးမယ်လေ ..."

ရှအန်းက မတုန်မလှုပ်ပြောလိုက်သည်။


ရှအန်းက ဖက်ရှင်လောက၏ အလှည့်အပြောင်းများကို မရှင်းလင်းသေးသည့်အတွက် ရှုထျန်းထျန်းက သူမကို ထပ်မံရှင်းပြလိုက်သည်။


ရှုထျန်းထျန်း ရှင်းပြပြီးသည့်နောက်တွင်လည်း ရှအန်းက စိတ်မပြောင်းသေးပေ။ 


" နိုင်ငံတကာဘရန်းတစ်ခုနဲ့ ဘရန်းအသေးတစ်ခုရဲ့တတ်နိုင်တဲ့ဈေးနှုန်းတွေကို မယှဉ်နိုင်ရမှာလဲ ... ပစ္စည်းရဲ့ အရည်အသွေးကကောင်းပြီး ဆုတွေကလည်း တူတူပဲဆိုရင် ဘယ်ဟာက ပိုဈေးကြီးတယ်ဆိုပြီး ဘာလို့စိတ်ရှုပ်ခံနေမှာလဲ ... ထျန်းထျန်း အားလုံးက လိုချင်နေတဲ့ရင်းမြစ်တွေကို လက်ဦးမှုယူပြီး မလုချင်ဘူး ... ပြီးတော့လည်း အဲ့ဒါတွေက ..."


" အတိုချုပ်ပြောရရင် ထားလိုက်ပါ ..."


ရှုထျန်းထျန်းသည်လည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်လိုက်ရသည်။


သူမက အနုပညာရှင်တစ်ယောက်၏ အေးဂျင့်ဖြစ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ လူသစ်တစ်ယောက်သာဖြစ်သည်။ 


ဖျော်ဖြေရေးနယ်ပယ်အတွင်းတွင် ရှအန်းကဲ့သို့ လျစ်လျူရှုလွယ်သော အနုပညာရှင်တစ်ယောက် ထပ်မရှိနိုင်တော့ကြောင်း သူမ သဘောပေါက်သွားသည်။


ရှုထျန်းထျန်း၏ မျက်နှာငယ်လေးကိုကြည့်ပြီး ရှအန်းရယ်လိုက်သည်။ သူမကဲ့သို့ အားတက်သရောမရှိသည့် ဘောစ့်နောက်ကိုလိုက်နေရသည့် ရှုထျန်းထျန်းကို သနားမိသွားသည်။


" ထျန်းထျန်း အဲ့လိုမဟုတရင်လည်း ဒီစာရင်းထဲက ဘရန်းခြောက်ခုကို ‌ကူရွေးပေးလေ... အကုန်လုံးကို မရွေးနိုင်တော့ တို့ကို ကူရွေးပေးပေါ့ ..."


ရှအန်းက ဒါဇင်နှင့်ချီသည့် ကြော်ငြာများကို မရိုက်တော့သည့်အတွက် ရှုထျန်းထျန်း၏မျက်နှာက ထပ်မံပြုံးလာသည်။


" ကောင်းပါပြီ ရှအန်းကျဲကျဲ ကျွန်မဒီအထဲက ခြောက်ခုကို သေချာရွေးပေးပါ့မယ် ..."


ရှုထျန်းထျန်းက ရှအန်းအတွက် ကြော်ငြာများရွေးချယ်ပေးရသည့်အတွက် ကျေနပ်အားရနေသည်။  ဒါပေမဲ့ သူမ အခုရွေးချယ်စရာ မလိုတော့ဘူးလို့ မထင်ထားမိခဲ့ဘူး ...


အဘယ်ကြောင့်ဆိုသော် နတ်ဘုရားမရှအန်း အနုပညာကြေးက တစ်ဖန်ပြန်တက်သွားသောကြောင့်ဖြစ်သည်။


ရှုထျန်းထျန်း ကနဦးရွေးချယ်ထားသော ကြော်ငြာများက ဈေးနှုန်းအသစ်ပြင်ဆင်ပြီး ပြန်လည်ဆက်သွယ်ခဲ့ကြသည်။



H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲတွင် ကမ္ဘာ့အဖိုးတန်ဆုံး ဓာတ်ပုံပြိုင်ပွဲဖြစ်ပြီး လူကြိုက်အများဆုံး ဓာတ်ပုံပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။


နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသော ဓာတ်ပုံဆရာများက ၎င်းတို့၏ စိတ်ကူးများနောက်လိုက်ပြီး ပြိုင်ပွဲသို့ လာရောက်ကြသည်။


ယခုနှစ် ဓာတ်ပုံဆုပေးပွဲကို ယခင်နှစ်များကထက် ပိုမို၍ ခမ်းနားစွာ ကျင်းပခဲ့ခြင်းကြောင့် ယခုနှစ် ပြိုင်ပွဲတွင် ပါဝင်သူ ပိုမိုများပြားခဲ့သည်။


ဤနှစ်တွင် ဓါတ်ပုံဆရာများ အလွန်များပြားသောကြောင့် ဤပြိုင်ပွဲကို ကြာမြှင့်စွာ ကျင်းပခဲ့ရသည်။


ဤနေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် အောင်မြင်စွာ ကျင်းပသည်။


နောက်ဆုံးအနိုင်ရရှိသူကို ကျွမ်းကျင်သောဒိုင်လူကြီးများက အကဲဖြတ်မည်ဖြစ်သည်။


ဤတစ်ကြိမ်တွင် အနိုင်ရရှိသူကို ဆုံးဖြတ်ရန် အချိန်အတော်ယူခဲ့ရသည်။


ဤတစ်ကြိမ်ဓာတ်ပုံရိုက်ကူးမှုများက ပထမနေရာကိုရောက်နိုင်သည်များ များပြားလွန်းခဲ့သည်။


သူတို့အားလုံးက ဉာဏ်ကြီးရှင်များကြားမှ နံပါတ်တစ်ဖြစ်တိုင်မည့်လူကို ရွေးချယ်ခဲ့ရသည်။


ဒီဓာတ်ပုံရိုက်ကူးမှုက အံ့အားသင့်ဖွယ်ပဲ ...


ဒီဓာတ်ပုံကို ပထမဆုံးမြင်ချိန်တည်းက စိတ်ထဲတွင် ဆုံးဖြတ်ပြီးသားဖြစ်၍ ဤနှစ်၏ ချန်ပီယံဟု ဆိုနိုင်သည်။


ဒါပေမဲ့ ...


ဓာတ်ပုံရဲ့ တစ်ခုတည်းသော အားနည်းချက်က


ဓာတ်ပုံထဲကမော်ဒယ်က အပျော်တမ်းမဟုတ်ပဲ တကယ့်အနုပညာရှင် ဖြစ်နေတာပဲ ...


အကယ်၍ သာမန်အနုပညာရှင်ဆိုပါက အရာအားလုံး အဆင်ပြေနိုင်သည်။ ဂရုတစိုက်မကြည့်ပါက မသိရှ်ိနိုင်ပေ။


သို့ရာတွင် ဤဓာတ်ပုံမော်ဒယ်က လူမသိသူမသိ အနုပညာရှင် မဟုတ်ပေ။


သူမကို နေရာတိုင်းတွင် မြင်တွေ့နိုင်ပြီး သူမနာမည်ကလည်း ကမ္ဘာကျော်ဖြစ်သည်။ ယခုအချိန်တွင် အအောင်မြင်ဆုံး နိုင်ငံတကာ အနုပညာရှင်ဟုပင် ဆိုနိုင်သည်။


တစ်ကမ္ဘာလုံးက သိကြတဲ့ ကြယပွင့်တစ်ယောက်က ဓာတ်ပုံပြိုင်ပွဲမှာ ပထမရတယ်တဲ့လား ...


ဒါက အုတ်အုတ်ကျက်ကျက် ဖြစ်သွားမှာ သေချာပေါက်ပဲ ... ပြီးတော့ ပြိုင်ပွဲကို မတရားဘူးလို့ ထင်သွားကြလိမ့်မယ် ...


ထို့ကြောင့်H.S အပြည်ပြည်ဆိုင်ရာဓာတ်ပုံဆုပေးပွဲမှ ဒိုင်လူကြီးများ စိတ်ရှုပ်နေကြသည်။


နောက်ဆုံးတွင် ဒိုင်လူကြီးများ၏ ရင်ထဲမှအတိုင်း ထိုအတွဲကိုသာ ပထမနေရာ ပေးလိုက်သည်။ ၎င်းက ဧရာမဂယက်တစ်ခုဖြစ်လာနိုင်သော်လည်း ဓါတ်ပုံများကို အလွန်တော်သော ဓာတ်ပုံရိုက်ကူးသူမှ ရိုက်ကူးထားခြင်းဖြစ်သည်။