အပိုင်း ၁၆၅
Viewers 29k

Chapter 165


H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲတွင် ပထမရသည့်ဓာတ်ပုံဆရာမှာ အယ်လန်ဖြစ်သည်။ 


ဒိုင်များကို စိတ်ရှုပ်ထွေးစေခဲ့သည့် မော်ဒယ်ကြယ်ပွင့်မှာ ရှအန်းဖြစ်သည်။


H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲရလဒ်ကို ကြေညာလိုက်သည်နှင့် ဒိုင်လူကြီးများ မျှော်လင့်ထားသည့်အတိုင်း အင်တာနက်ပေါ်တွင် ဂယက်ထသွားသည်။


အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့သည်မှာ ရှအန်းမော်ဒယ်အဖြစ်ရိုက်ထားသည့် ဓာတ်ပုံဖြစ်သည်။ 


H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲကို လူများက အလွန်အာရုံမစိုက်ကြပေ။


၎င်းက အတတ်ပညာဆိုင်ရာဓာတ်ပုံပြိုင်ပွဲတစ်ခုဖြစ်၍ ဖျော်ဖြေရေးနယ်ပယ်တွင် နာမည်မကျော်ပေ။


ဤပြိုင်ပွဲကို စိတ်ဝင်စားကြသူများက  ဓာတ်ပုံဆရာအချို့နှင့် ဓာတ်ပုံပညာရပ်ကို စိတ်အားထက်သန်စွာလိုက်စားသူအချို့သာဖြစ်သည်။


ထို့ကြောင့် ပြိုင်ပွဲ၏ရလဒ်နှင့်ပတ်သက်၍ အလွန်ဂယက်မထသွားပေ။ 


အားလုံးစိတ်ဝင်စားကြသည်မှာ H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲတွင် ပထမရရှိသွားသူက တရုတ်လူမျိုးဖြစ်နေခြင်းကိုပင်။


"မျှော်လင့်ချက်နှင့် ကတိတည်ခြင်း"ဟူသည့် ဓာတ်ပုံမှ မော်ဒယ်မှာ သူတို့၏ နတ်ဘုရားမလေးဖြစ်ကြောင်း လူအချို့က မှတ်မိကြသည်။


[ နင်တို့အားလုံး ယုံမယ်တော့မထင်ဘူး ဒီနှစ် H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲမှာ ပထမရသွားတဲ့မော်ဒယ်က နတ်ဘုရားမလေးရှအန်းတဲ့ ]


[ ဘုရားရေ ... ရှအန်းရဲ့ဓာတ်ပုံက အရမ်းလှတာပဲ...  မျှော်လင့်ချက်နှင့် ကတိတည်ခြင်း ဆိုတဲ့နာမည်နဲ့လိုက်ဖက်ပါပေတယ် ]


[ ပထမဆုရတဲ့ ပုံဖြစ်သင့်ပါပေတယ် ... တကယ်မိုက်တာပဲ ... မျှော်လင့်ချက်ဆိုတဲ့ ခံစားချက်ကိုရတယ် ]


[ ရှအန်းရဲ့ မျက်နှာက တကယ့်ကို အံ့အားသင့်စရာပဲ ... တရုတ်က "Come on Challenger" အစီအစဉ်ကိုကြည့်တုန်းက ရှအန်းက စွမ်းအားရှိတဲ့လူတစ်ယောက်လိုပဲ ... "ရှအန်း၏စတားဘဝ" မှာတော့ ရှအန်းက အလုပ်ကြိုးစားတဲ့ အမေတစ်ယောက်လို ခံစားရတယ် ... မျှော်လင့်ချက်နဲ့ ကတိတည်ခြင်းဆိုတဲ့ပုံမှာတော့ ရှအန်းမျက်နှာပေါ်မှာ စိတ်ပျက်ဝမ်းနည်းမှုနဲ့ မျှော်လင့်ချက်တွေကို မြင်ရတယ် ... ရှအန်းက တကယ်ကို အံ့ဩစရာကောင်းတာပဲ ... သူမ “Return to Earth”မှာလည်း ကောင်းကောင်းသရုပ်ဆောင်ထားမယ်လို့ ထင်မိတယ် ]



အယ်လန်၏ ဆုရဓာတ်ပုံဖြစ်သည့် မျှော်လင့်ချက်နှင့် ကတိတည်ခြင်းက အင်တာနက်ပေါ်တွင် ဆူပွက်စေခဲ့သည်။


ဤဓာတ်ပုံကိုမြင်သူတိုင်းက လွှမ်းမိုးခံရပြီး စိတ်လှုပ်ရှားကုန်ကြသည်။


ဤနိုင်ငံတကာဓာတ်ပုံဆုပေးပွဲတွင် တရုတ်လူမျိုးတစ်ယောက် ဆုရရှိခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။


ဒါက ဂုဏ်ယူစရာကိစ္စပဲမလား ...


ဟီးဟီးဟီးဟီး ...


ဤကိစ္စကြောင့်ဓာတ်ပုံဆရာအယ်လန်က အလွန်ရေပန်းစားသွားခဲ့သည်။


သို့ရာတွင် အားလုံး၏အာရုံစိုက်မှုက ရှအန်းအပေါ်တွင်သာ ရှိခဲ့သည်။


ထိုကိစ္စကို အယ်လန်ဂရုမစိုက်ပေ။ သူက ရိုက်ကွင်းနောက်ကွယ်ဝန်ထမ်းတစ်ယောက်သာဖြစ်သည်။


အယ်လန်က ပထမဆုရရုံသာမက H.Sနိုင်ငံတကာဓာတ်ပုံဆုပေးပွဲတွင် ပထမရဖူးသည့် ပထမဆုံးအာရှတိုက်သား တရုတ်လူမျိုးဖြစ်သည်။


"မျှော်လင့်ချက်နှင့်ကတိတည်မှု"ဓာတ်ပုံက လက်ရှိတွင် ရှအန်းနေထိုင်နေသည့် အမေရိကန်ပြည်ထောင်စုအထိ ရောက်သွားခဲ့သည်။


ဤဓာတ်ပုံတွင် ရှအန်းက မိတ်ကပ်မလိမ်းထားသည့် အပြင် ဓာတ်ပုံကို တမင်သက်သက် ပြင်ထားခြင်းလည်း မရှိပေ။


သူမက ရိုးရိုးရှင်းရှင်း အဖြူရောင်ဝတ်ရုံရှည်ကိုသာ ဝတ်ဆင်ထားပြီး သူမဆံပင်များက ညှပ်ရိုးပေါ်တွင် ဝဲကျနေသည်။


ဤဓာတ်ပုံ ရိုက်ကွင်းကလည်း မရှုပ်ထွေးပေ။ အစိမ်းရောင်အညှောင့်များထွက်နေသော်လည်း ခြောက်သွေ့နေသော သစ်ပင်ကြီးတစ်ပင်နှင့် လပြည့်ဝန်းကြီးသာဖြစ်သည်။


ထိုသို့ရိုးရှင်းသော သာမန်ဓာတ်ပုံကို နိုင်ငံခြားသားများ အလွန်နှစ်သက်ကြသည်။ ရှအန်းကို သဘောမကျသည့် နိုင်ငံခြားသားအများစုပင် တရုတ်အမျိုးသမီးလေး၏ ဆံပင်အနက်ရောင်နှင့် မျက်ဝန်းနက်များကြောင့် သူမကို ချစ်ခင်သွားကြသည်။


သူတို့အကြိုက်ဆုံးဖြစ်သည့် ရှအန်း၏ ဆံပင်ရွှေရောင်နှင့်ပုံထက်ပင် လူကြိုက်များနေသည်။


ဤဓာတ်ပုံတွင် ရှအန်း၏ နောက်ထပ်လှပမှုတစ်ခုကို တွေ့ကြုံခံစားလိုက်ရသည်။


ဆုရဓာတ်ပုံဖြစ်သည့် "မျှော်လင့်ချက်နှင့်ကတိတည်ခြင်း" ကြောင့် ရှအန်းအပေါ်အမြင်များ ပြောင်းလဲသွားကြသည်။


နိုင်ငံခြားသားအားလုံးက ရှအန်းကို လက်ခံလာကြသည်။ တရုတ်မိန်းကလေးတစ်ယောက်၏ ကွဲပြားသော ဆံပင်အရောင် မျက်လုံးနှင့် အသားအရည်သည်လည်း တစ်မူထူးခြားစွာလှပကြောင်း ခံစားလာမိကြသည်။



" ရှအန်းကျဲကျဲ အယ်လန့်ရဲ့ မော်ဒယ်လုပ်ခဲ့တယ်ဆိုတာ ဘာလို့ကျွန်မကို ကြိုမပြောပြတာလဲ ... ပြီးတော့ အဲ့ဒါကလည်း နိုင်ငံတကာ ဓာတ်ပုံဆုပေးပွဲအတွက်တဲ့လား ..."


ရှအန်း၏အေးဂျင့် ရှုထျန်းထျန်းက H.Sဓာတ်ပုံဆုပေးပွဲမှ ပထမဆုကြောင့် ဘာလုပ်ရမည်မသိ ဖြစ်နေသည်။


သူမ အလွန်အလုပ်ရှုပ်နေခဲ့သောကြောင့် H.Sနိုင်ငံတကာဓာတ်ပုံဆုပေးပွဲကို အာရုံမစိုက်ခဲ့မိပေ။


တခြားလူများပြောမှသာ သူမ၏နတ်ဘုရားမလေးက hot searchသို့ တစ်ကြိမ်ထပ်ရောက်နေကြောင်း သိလိုက်ရသည်။


‌နောက်ဆုံး ရေပန်းအစားဆုံးသတင်းကို မြင်လိုက်ရသည့်အခါ သူမမျက်နှာပျက်သွားသည်။ 

ဒါက မသင့်လျော်တာပဲ ... ရှရန်းရဲ့ အေးဂျင့်အနေနဲ့ တာဝန်ပျက်ကွယ်ခြင်းပဲ ...


ရှုထျန်းထျန်း စိတ်တိုနေပြီး စိတ်ဓာတ်ကျကာ နောင်တရနေသည်။ 


ရှအန်း မျက်တောင်ခတ်ပြီး တောင်းပန်လိုက်သည်။

" တောင်းပန်ပါတယ်  ... တို့ပြောပြဖို့ မေ့သွားတာ ..."


ရှအန်းပြောသည့်စကားများက အမှန်ဖြစ်သည်။


သူမ အမှန်တကယ်ပင် မေ့သွားခြင်းဖြစ်သည်။


အယ်လန်က သူ့ကိုဖုန်းခေါ်ဆိုပြီး ဆုရရှိကြောင်းပြောခဲ့သော်လည်း သူမက ဓာတ်ပုံဆရာမဟုတ်သည့်အပြင် ဓာတ်ပုံပညာလိုက်စားသူလည်း မဟုတ်သဖြင့် စိတ်ထဲမထားခဲ့ပေ။ 


သူမက ဓာတ်ပုံအတွက် မော်ဒယ်လုပ်ပေးခဲ့ပေမယ့် hot searchကို ရောက်သွားမယ်လို့ ဘယ်သူထင်မှာလဲ ... ဒါက ဓာတ်ပုံပြိုင်ပွဲတစ်ခုပဲဆိုတာ ဘုရားသခင်ပဲသိတယ် ... 


“…”


ရှအန်း၏ အပြစ်ကင်းစင်သော အမူအယာကြောင့် ရှုထျန်းထျန်း ဘာပြောရမည်မသိ ဖြစ်သွားသည်။


သူမ သက်ပြင်းချပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 

" ရှအန်းကျဲကျဲ နောက်ဆိုဘာလုပ်လုပ် ကျွန်မကိုကြိုပြောပါ ဟုတ်ပြီနော် ..."


ရှုထျန်းထျန်းက ရှအန်းကို လေးနက်စွာပြောလိုက်သည်။

" ကျွန်မက ကျဲကျဲရဲ့အေးဂျင့်လေ ... ကျဲကျဲမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ တခြားလူတွေထက် ကြိုသိဖို့လိုတယ် ... ကျွန်မအချိန်မီမသိပဲ ကြော်ငြာလုပ်ငန်းတွေနဲ့သာ လက်မှတ်ထိုးလိုက်ရင် ငွေတွေအများကြီး ဆုံးရှုံးရတော့မှာ ..."


ထိုသို့ပြောနေစဉ်တွင် ကံကောင်းစွာဖြင့် ကြော်ငြာများကို ကိုယ်တိုင်ဂရုတစိုက် ရွေးချယ်ထားမိသည့်အတွက် ကျေးဇူးတင်မိသွားသည်။


သူမ၏ နတ်သမီးလေးနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်တော်ဆုံး အကောင်းဆုံးအမှတ်တံဆိပ်ခြောက်ခုကို ရွေးချယ်ရန်အတွက် စစ်တမ်းများနှင့် အကဲဖြတ်မှုများ ပြုလုပ်ခဲ့သည်။


သူမသာ ဂရုမစိုက်ခဲ့မိပါက ယခုအချိန်တွင် လက်မှတ်ထိုးပြီးပြီဖြစ်သည်။


ထိုအခါတွင် ထိုင်ငိုနေရုံရမည်သာ။


ယခင်က ရှအန်းက "ရှအန်း၏ကြယ်ပွင့်ဘဝ" variety show ကို မှီခို၍ အမေရိကန်ထိပ်တန်းအနုပညာရှင်များကဲ့သို့ ကျော်ကြားမှုရရှိရန် ကြိုးစားခဲ့ရသည်။ သို့ရာတွင် နောက်ဆုံး၌ ရှအန်းက variety show များကိုသာမှီခိုနေရသည့် ဂျူနီယာအနုပညာရှင်အဆင့်သာ ရှိသေးသည်။ ထို့ကြောင့် ရှအန်းက ဖက်ရှင်လောကမှ အဆက်အသွယ်များ မရရှိသေးပေ။ ဖက်ရှင်မဂ္ဂဇင်းများနှင့် နိုင်ငံတကာမှ ဇိမ်ခံပစ္စည်းဘရန်းများက ရှအန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် မကမ်းလှမ်းကြပေ။


ဖက်ရှင်လောကနှင့် အဆက်အသွယ်မရှိသော အနုပညာရှင်တစ်ယောက်က ‌နာမည်ကြီးပါကလည်း ဟာသတစ်ခုသာ ဖြစ်လိမ့်မည်။ ကံဆိုးစွာဖြင့် အနုပညာရှင်အားလုံးကလည်း ဖက်ရှင်လောကနှင့် အချိတ်အဆက်မရှိကြပေ။


အထူးသဖြင့် နိုင်ငံတကာမှ ထိပ်တန်းဘရန်းများက ထိုအတွက် ပြည်တွင်းဖျော်ဖြေရေးနယ်ပယ်တွင် ပြိုင်ဆိုင်နေကြခြင်းဖြစ်သည်။


နာမည်ကြီးသရုပ်ဆောင်များပင် နိုင်ငံတကာထိပ်တန်းဘရန်းများကို မဖမ်းဆုပ်နိုင်ကြပေ။ 


ဖက်ရှင်အရင်းအမြစ်များက ကြယ်ပွင့်များအားလုံး ဖမ်းဆုပ်လိုသော ဆွဲဆောင်မှုရှိသည့် မုန့်တစ်ခုဖြစ်သည်မှာ သေချာသည်။


သူမ၏ နတ်ဘုရားမလေးက အားတက်သရောမရှိပဲ ပျင်းရိနေသည့်အတွက် ဖက်ရှင်ရင်းမြစ်များနှင့်ပတ်သက်၍ မျှော်လင့်ချက်မရှိဟု ရှုထျန်းထျန်း ခံစားနေခဲ့မိသည်။


မမျှော်လင့်ထားတဲ့ အရာကတော့ သူမရဲ့ နတ်ဘုရားမလေးက သူမကို ဒီလို အံ့အားသင့်စေခဲ့တာပဲ ...


သူမက H.Sနိုင်ငံတကာဓာတ်ပုံဆုပေးပွဲတွင် မော်ဒယ်လုပ်ပေးခဲ့ပြီး အနိုင်ရရှိခဲ့သည်။


H.Sနိုင်ငံတကာ ဓာတ်ပုံဆုပေးပွဲက လူသိများသော ပြိုင်ပွဲတစ်ခု မဟုတ်ပေ။


သို့ရာတွင် ဓာတ်ပုံလောက၌ H.Sနိုင်ငံတကာ ဓာတ်ပုံဆုပေးပွဲ၏ ကျော်ကြားမှုက အမြင့်ဆုံးဖြစ်သည်။


အထူးသဖြင့် H.S နိုင်ငံတကာဓာတ်ပုံပြပွဲက လူမှုဖူလှုံရေးနှင့် သက်ဆိုင်နေသည်။


အရေးကြီးဆုံးအရာမှာ ဓာတ်ပုံလုပ်ငန်းသည်လည်း ဖက်ရှင်လုပ်ငန်း၏ ကဏ္ဍတစ်ခုပင်။


ထို့ကြောင့် ဤတစ်ကြိမ်တွင် ရှအန်းက ဖက်ရှင်လောကထဲဝင်ရန် အခွင့်အရေးရလာခဲ့သည်။