အပိုင်း ၁၆၆
Viewers 29k

Chapterr 166


" ရှအန်းကျဲမသိပေမယ့် အခုလေးတင် နိုင်ငံတကာ ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်တွေက  ဖိတ်ကြားချက်တွေအများကြီး ရောက်လာတယ်  ... သူတို့က ကျဲနဲ့အတူ ကြော်ငြာရိုက်ချင်နေကြတယ် ..."


တစ်ဖက်လူက brand ambassador လုပ်ရန်ဟု မပြောသော်လည်း ထိုသို့ဖိတ်ကြားခြင်းကပင် ရှုထျန်းထျန်းအတွက် ပျော်စရာဖြစ်နေသည်။


ကုန်ပစ္စည်းအမှတ်တံဆိပ်အတွက် ကြော်ငြာရိုက်ပေးခြင်းကပင် brand ambassador ဖြစ်ရန် နီးကပ်လာခြင်းဖြစ်သည်။


ရှုထျန်းထျန်း၏ စိတ်လှုပ်ရှားနေသောအကြည့်ကို မြင်သောအခါ ရှအန်းပျော်ရွှင်သွားသည်။ 

ခုနလေးတင်ပဲ စိတ်ဆိုးနေတဲ့မိန်းကလေးက ခုတော့ စိတ်လှုပ်ရှားနေပြီ ...


" အိုကေ ထျန်းထျန်းပဲ ကြည့်လုပ်လိုက်နော် ..."

ရှအန်း ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်သည်။ ယခုအချိန်တွင် သူမအတွက်အရေးကြီးဆုံးကိစ္စက သူမကုမ္ပဏီသာဖြစ်သည်။


" ရှအန်းကျဲ သူတို့အားလုံးကို ရွေးလိုက်ရင်ရော ...ဘာပဲဖြစ်ဖြစ်သူတို့က နိုင်ငံတကာမှာ နာမည်ရထားတာတွေကြီးပဲလေ ... ကျဲရဲ့ ပုံရိပ်ကိုလည်း မထိခိုက်နိုင်ဘူး ..."

ရှုထျန်းထျန်းက လေးလေးနက်နက်ပြောလိုက်သည်။


" အမ် ... အကုန်လုံးကိုလား ..."

ရှုထျန်းထျန်းကို ထိုမျှရက်စက်လိမ့်မည်ဟု ရှအန်းမထင်ခဲ့ပေ။ သူမ၏အေးဂျင့်ကို ထိတ်လန့်စွာကြည့်နေမိသည်။


" ဟုတ်တယ် အကုန်လုံးကိုလေ ကျဲပဲ အရင်တစ်ခေါက်က ကြော်ငြာတွေအများကြီးရိုက်တော့မယ်လို့ ပြောခဲ့တယ်မလား ..."


ရှအန်း ကိုယ့်သေတွင်းကိုယ်တူးမိသွားသည်။


ဘာပဲဖြစ်ဖြစ် ဒါက သူမအတွက်ကောင်းတာပဲလေ ...


" ဒါဆိုလည်း ထျန်းထျန်းကြိုက်တာလုပ်ပါ ..."

ရှအန်း ခေါင်းငြိမ့်လိုက်သည့်အခါ ရှုထျန်းထျန်း ထခုန်မတတ်ဖြစ်သွားသည်။


သူမ၏ နတ်ဘုရားမလေးက variety show၊ ရုပ်ရှင်နှင့် တီဗီရုပ်သံလိုင်းများကို သိမ်းပိုက်ပြီးနောက် မကြာတော့မည့်အနာဂတ်တွင် ဖက်ရှင်လောကတွင်ပါ အောင်မြင်လာတော့မည်ကို သူမ သေချာပေါက်သိနေသည်။


သူမနတ်ဘုရားမလေး၏ အမြဲတမ်းပြောင်းလဲနေသော စိတ်သဘောထားကို သူမ မယုံကြည်နိုင်သော်လည်း ဤအခွင့်အရေးတွင် နိုင်ငံတကာ ကုန်ပစ္စည်းအမှတ်တံဆိပ်များစွာ၏  brand ambassador ဖြစ်လာနိုင်သည်။


ရှုထျန်းထျန်းက ယုံကြည်ချက်များနှင့် ပြည့်ဝနေပြီး ရှအန်းအတွက် ဖက်ရှင်ရင်းမြစ်ကိုရှာရန်ပြင်လိုက်သည်။


ပထမဆုရဓာတ်ပုံဖြစ်သည့် "မျှော်လင့်ချက်နှင့် ကတိတည်ခြင်း"က အင်တာနက်ပေါ်တွင် ရေပန်းစားနေသည်။


ထိုဓာတ်ပုံကြောင့် လူအများက အနုပညာရှင်များ။ဖော်ပြလိုသော သဘောတရားများကို သိရှိခွင့်ရလာသည်။


H.Sနိုင်ငံတကာဓာတ်ပုံဆုပေးပွဲက အများပြည်သူ လူမှုဖူလှုံရေးကို နှစ်တိုင်းလုပ်ဆောင်သည်ကိုလည်း သိရှိလာကြသည်။


မကြာမီ ရှအန်း၏လွှမ်းမိုးမှုကြောင့် H.Sနိုင်ငံတကာဓာတ်ပုံဆုပေးပွဲက trending ဖြစ်လာသည်။


၎င်းက ဓာတ်ပုံဆရာနှင့် ဓာတ်ပုံပညာရပ်ကိုသဘောကျသူများကြားတွင်သာမက မရေမ‌တွက်နိုင်သော သာမန်လူများကြားတွင်လည်း ‌နာမည်ကြီးလာခံ့သည်။


မရေမတွက်နိုင်သောလူများစွာက H.Sနိုင်ငံတကာဓာတ်ပုံဆုပေးပွဲမှ ပြုလုပ်သည့် လူမှုဖူလှုံရေးလုပ်ရှားမှုများကို ရှအန်းကြောင့် ပါဝင်လာကြသည်။


လူမှုဖူလုံရေးနှင့် ပရဟိတလုပ်ငန်းများက တစ်ကမ္ဘာလုံးတွင် ပြုလုပ်လျက်ရှိသည်။ 


စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ပရဟိတပြုလုပ်သည့် အနုပညာရှင်များက ချီးကျူးမှုများနှင့် လွှမ်းမိုးမှုများ ရရှိနိုင်သည်။


ထို့ကြောင့် H.Sနိုင်ငံတကာဓာတ်ပုံဆုပေးပွဲက နာမည်ကျော်ကြားလာရသည်။


ပရိဟိတလှုပ်ရှားမှုများက H.Sနိုင်ငံတကာဓာတ်ပုံဆုပေးပွဲကို အလေးစားခံလာရစေမည်ဟု မည်သူမျှ မထင်ခဲ့ပေ။


ရှအန်းသည်လည်း အာရုံစိုက်မှုများနှင့် အလေးစားခံရမှုများစွာကို ရရှိလာခဲ့သည်။ သူမကို အာရုံစိုက်ကြသည်မှာ ဓာတ်ပုံဆုပေးပွဲမှ ပရဟိလုပ်ငန်းများကြောင့် မဟုတ်ပေ။ 


အဘယ့်ကြောင့်ဆိုသော် -


[ အယ်လန့်ရဲ့ နောက်ဆုံးအင်တာဗျူးကို ကြည့်ပြီးကြပြီလား ... ရှအန်းက လူကုန်ကူးခံရတဲ့ ကလေးတစ်ယောက်ကို ကယ်ထားတယ်ဆိုတာတောင် ငါမေ့လုနီးပါးဖြစ်နေတယ် ]


အယ်လန်သည်လည်း နာမည်ကြီးလာသည်။


မြောက်များစွာသော သတင်းရေးသူများက သူ့ထံရောက်လာပြီး အင်တာဗျူးသည့်အခါ အယ်လန်က ဓာတ်ပုံရိုက်ကူးစဉ်က ရှအန်းနှင့် ဖြစ်ပျက်ခဲ့သောကိစ္စများကို ပြန်ပြောပြခဲ့သည်။


ရှအန်းက ဓာတ်ပုံရိုက်ကူးသည့် ဝေးလံခေါင်ဖျားသောရွာတွင် လူကုန်ကုးခံရသည့် ကုရှုမော့ကို ကယ်တင်ခဲ့ကြောင်း အယ်လန်ကပြောပြခဲ့သည်။


အင်တာဗျူးကို ရုပ်သံလွှင့်သည့်အခါ "Come on Challenger" တွင် ကလေးပျောက်ဆုံးကြောင်း သတိပေးမက်ဆေ့ထုတ်ပြန်ခဲ့သည်ကို အမှတ်ရသွားကြသည်။


သူတို့က ဇာတ်လမ်းအပြည့်အစုံကို မသိကြပံ ရှအန်း ရိုကိကူးရေးလုပ်နေစဉ် ကလေးတစ်ယောက်ကို ကယ်တင်ခဲ့ကြောင်းသာသိသည်။


သူတို့ ရှအန်းကို လေးစားခဲ့ကြသော်လည်း မကြာမီ မေ့သွားကြသည်။


ဤတစ်ကြိမ်တွင် အယ်လန်၏ အကြောင်းစုံကိုပြောပြပေးမှုကြောင့် ရှအန်းက အားလုံး၏ရင်ထဲမှ သူရဲကောင်းတစ်ယောက် ဖြစ်လာသည်။


ရှအန်း၏ တရုတ်ကွန်ဖူးကို မေးခွန်းထုတ်ခဲ့ကြသူတို့မှာလည်း ပါးရိုက်ခံရသကဲ့သို့ဖြစ်သွားသည်။


ဘာပဲဖြစ်ဖြစ် ရှအန်းက ကျေးလက်ကဒေသမှာ ပြန်ပေးဆွဲခံရတဲ့ ကလေးတစ်ယောက်ကို လူသန်ကြီး‌တစ်ယောက်လက်ထဲက တကယ် ကယ်တင်ခဲ့တာပဲလေ ...


မကြာမီ အယ်လန်၏အင်တာဗျူးကို နိုင်ငံခြားမီဒီယာများတွင်လည်း ပြသကြသည်။


အင်္ဂလိပ်ဘာသာပြန်ပြီးနောက်တွင် နိုင်ငံခြားမှလူများက တရုတ်ပြည်မှလူများထက်ပို၍ ထိတ်လန့်သွားသည်။


ရှအန်းကို အင်တာနက်ပေါ်တွင် အားလုံးက ချီးကျူးကြသည်။


ထိုကိစ္စက ဒါရိုက်တာများ ထုတ်လုပ်သူများနှင့် ဖက်ရှင်နယ်ပယ်ထဲမှ နာမည်ကြီးများကိုပါ အံ့အားသင့်သွားစေသည်။


ရှုထျန်းထျန်း ထိုသို့ဖြစ်လာမည် မထင်ခဲ့ပေ။


သူမက ရှအန်းအတွက် အဆင့်မြင့်ဖက်ရှင်အစီအစဉ်ကိုပြုလုပ်နေစဉ်မှာပင် ကောင်းကင်ပေါ်မှ ပိုင်မုန့်တစ်ခုပြုတ်ကျလာသကဲ့သို့ပင်။


" ဘာကြီး ... တကယ်ပြောတာလား ရှင်တို့ဘရန်းက ရှအန်းကိုAsian Ambassador ဖြစ်စေချင်တယ်ပေါ့ ..."


" နွေဦးမှာလုပ်မယ့် ပဲရစ်ဖက်ရှင်ရက်သတ္တပတ်ကို ဖိတ်ချင်တာလား ..."


" ဖက်ရှင်မဂ္ဂဇင်းအတွက် ကာဗာဓာတ်ပုံရိုက်ပေးရမှာလား ..."



ထိုနေ့တွင် ရှုထျန်းထျန်းတစ်နေကုန် ဖုန်းလက်ခံဖြေကြားခဲ့ရ၍ ခြေထောက်များပျော့ခွေနေသော်လည်း သူမ မပင်ပန်းခဲ့ပေ။


သူမ တွေးနေခဲ့သည့်အရာအားလုံးက လက်ထဲ ရောက်လာသည်။


ဇိမ်ခံဘရန်းတစ်ခုရဲ့ ambassador.... အဆင့်မြင့်ဖက်ရှင်ရက်သတ္တပတ် ... ထိပ်တန်း ဖက်ရှင်မဂ္ဂဇင်းငါးခုရဲ့ ကာဗာဓာတ်ပုံ ... အဲတွေက အစတည်းက သူမရဲ့ အစီအစဉ်တွေပဲ ခုတော့ အားလုံးကို ရသွားပြီ ...


ရှုထျန်းထျန်း အိမ်မက်ဟုပင် တွေးနေမိသည်။


" ဘာတွေဖြစ်ကုန်ပါလိမ့် ..."

ရှုထျန်းထျန်း ညင်သာစွာ ရေရွတ်လိုက်ပြီး ကွန်ပျူတာဖွင့်လိုက်သည့်အခါ သူမ၏နတ်ဘုရားမလေးက အင်တာနက်ပေါ်တွင် နာမည်ကြီးနေပြန်သည်။


မည်သည့်အရာများဖြစ်ပျက်နေသည်ကို သိမြင်သွားသောအခါ ရှုထျန်းထျန်း နက်နက်နဲနဲ တွေးမိသွားသည်။


လက်ထောက်တစ်ယောက်တော့ရှာဖို့လိုနေပြီ ...


သူမရဲ့ နတ်ဘုရားမလေးက အရမ်းကပ်စေးနဲတော့ လက်ထောက်တစ်ယောက်တောင် ရှာဖို့မမေးဘူး ...


အရင်ကတော့ သူမတစ်ယောက်တည်းနဲ့ လုံလောက်ပြီထင်ခဲ့တာ ...


အခုတော့ ရှအန်းကို ကူညီဖို့ လက်ထောက်တစ်ယောက်လိုနေပြီ ... မဟုတ်ဖူး တိတိကျကျပြောရရင် သူ့ကို ကူညီဖို့ ...


သူမက ကြေညာချက်များလုပ်ဆောင်ခြင်း၊ ဆက်သွယ်ပေးခြင်းနှင့် ရှအန်း၏ အချိန်ဇယားရေးဆွဲခြင်းများအားလုံးကို ပြုလုပ်ပေးရသည့်အတွပ် အလွန်အလုပ်များသည်။


အင်တာနက်ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေရန် အချိန်မရှိပေ။


ဒါကြောင့် လက်ထောက်တစ်ယောက်လိုတယ် ...


တစ်ယောက်ယောက်ကို ခန့်ရမယ် ...


ရှုထျန်းထျန်းက လက်မြန်သူဖြစ်သဖြင့် အမြန်လှုပ်ရှားလိုက်သည်။


ရှအန်း၏ အကျင့်စရိုက်အရ လူစိမ်းများကို ယုံကြည်ရန်ခက်ခဲကြောင်း သူမသိသည်။


ထို့ကြောင့် ရှအန်း၏ ပရိသတ်ထဲမှတစ်ယောက်ကို ရှာဖွေရန် ရည်ရွယ်ထားသည်။


အဲ့ဒါမှ ရှအန်းအပြစ်ရှာလို့မရမှာ ...


လက်ထောက်အသစ်က အလုပ်ကြိုးစားတဲ့လူလည်းဖြစ်ရမယ် ...


ရှုထျန်းထျန်းက ရှအန်း၏ပရိသတ်ထဲတွင် စီနီယာအကျဆုံးဖြစ်သည့်အတွက် မကြာမီသင့်တော်သူတစ်ယောက်ကို ရှာတွေ့သွားသည်။


သူမ၏အဖွဲ့က ကြီးထွားလာနေသည်ကို ရှအန်းမသိပေ။ 


"ဟား~"


ရှအန်း သမ်းဝေပြီး ဆိုဖာပေါ်လှဲနေသည်။


Return to Earth”၏ လူသတ်သမားဇာတ်ကောင်တစ်ခုနေရာတွင် သရုပ်ဆောင်ပြီးနောက် သူမက "အလုပ်အကိုင်မဲ့ ခြေသလုံးအိမ်တိုင်" ဖြစ်လာသည်။


သို့ရာတွင် အပေါ်ယံ၌ အလုပ်လက်မဲ့ဖြစ်နေသော်လည်း သူမတွင် လက်ထောက်ဝန်ထမ်းတစ်ယောက် ရှိလာတော့မည်ဖြစ်သည်။