အပိုင်း ၁၆၇
Viewers 29k

Chapter 167


ကလစ် ကလစ် ...


" ဟုတ်ပြီ အိန်ဂျယ်လ် မင်းရဲ့ မျက်နှာအမူအယာက အဆင်ပြေတယ် ..."


ရှအန်းက ဖက်ရှင်မဂ္ဂဇင်း၏ international edition ကာဗာဓာတ်ပုံ ရိုက်ကူးနေရခြင်းဖြစ်သည်။

သူမမှာ ဘယ်တုန်းက အင်္ဂလိပ်နာမည်တစ်ခုရသွားတာပါလိမ့် ... အင်္ဂလိပ်နာမည်တွေက သူမကို ဘာပြောရမှန်းမသိ ဖြစ်စေတယ် ...


အိန်ဂျယ်လ်တဲ့လား ...


ဘာလို့ ပါလိမ့် ... ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်နာမည် မပေးထားမိလို့လား ...


သူမရဲ့ အင်္ဂလိပ်နာမည်က အိန်ဂျယ်လ်ဆိုတာတောင် ကိုယ့်ဘာသာမသိခဲ့ဘူး ...


ရှအန်းက စိတ်မသက်မသာဖြစ်သော်လည်း အားလုံးက သူမကို အိန်ဂျယ်လ်ဟုသာခေါ်သဖြင့် အသိအမှတ်ပြုလိုက်ရသည်။


သူတို့ကို အမှန်ပြင်ပေးသော်လည်း ခဏသာ နာမည်အရင်းကိုခေါ်ပြီး သူမပြန်လာချိန်တွင် အိန်ဂျယ်လ်ဟုသာ ထပ်ခေါ်ကြသည်။


" အိုကေ ပြီးသွားပါပြီ ... အလုပ်ကြိုးစားခဲ့ပါတယ် အိန်ဂျယ်လ်ရေ ..."


သူမ အလုပ်ပြီးသွားကြောင်း ဓာတ်ပုံဆရာက ပြောလိုက်သည့်အခါ ရှအန်း၏အော်ရာက ပြောင်းလဲသွားသည်။ 


သူမ အခုလေးတင် မြင့်မြတ်ပြီး စိတ်ကြီးဝင်ခဲ့သော်လည်း ရိုက်ကွင်းပြီးသည့်အခါ သူမ၏ ပျင်းရိသောအနေအထားသို့ ချက်ချင်းပြန်ပြောင်းသွားသည်။


" ရှအန်းကျဲကျဲ ပင်ပန်းနေပြီလား ..."


ပုံများကိုကြည့်ရှု့သောအခါ ဓာတ်ပုံဆရာကို ကျေးဇူတင်၍ ရှအန်း၏ဘေးသို့ ရှုထျန်းထျန်းရောက်လာပြီး သူမအကြိုက်ဆုံးဖြစ်သည့် ချိစ်ခရင်မ်တစ်ခွက်ကို ချပေးလိုက်သည်။


သာမန် အမျိုးသမီးသရုပ်ဆောင်တစ်ယောက်သာဆိုရင် ဒီလောက်ကယ်လိုရီများတာတွေ သောက်မှာမဟုတ်ပေ။ သူတို့က နွားနို့တစ်ခွက်ပင် မသောက်ကြချေ။...


ထိုကိစ္စက ရှအန်းအတွက် စိတ်ပူစရာမဟုတ်ပေ။


အခြားအမျိုးသမီးသရုပ်ဆောင်များက ဝလာမည်ကိုစိတ်ပူကြသော်လည်း ရှအန်းက လုံးဝစိတ်မပူပေ။ အဘယ့်ကြောင့်ဆိုသော် သူမပို၍စားလေ ပို၍လှပလာလေပင်ဖြစ်သည်။


" အဆင်ပြေပါတယ် ..."


ရှအန်းချိစ်နို့လက်ဖက်ရည်ကို ယူလိုက်ပြီး ကျေနပ်စွာဖြင့် တစ်ငုံသောက်လိုက်သည်။


အရမ်း အရသာရှိတာပဲ ...


ရှအန်း နို့လက်ဖက်ရည်ကို အားရပါး‌ရသောက်နေသည်ကိုကြည့်ပြီး နတ်ဘုရားမလေး၏ ခန္ဓာကိုယ်ကို ဤသို့ဖွဲ့စည်းထားသဖြင့် သူမကျေးဇူးတင်နေမိသည်။ 

သူမက ဘယ်တော့မှ မဝဘူးပဲ ...


မဟုတ်ရင်တော့ အစားမက်တဲ့ နတ်ဘုရားမလေးကို ဘယ်လိုထိန်းချုပ်ရမလဲမသိဘူး ...


" ရှအန်းကျဲ နေ့လယ်ကျရင် ဖက်ရှင်မဂ္ဂဇင်းနဲ့ ‌အင်တာဗျူးဖြေရမယ်... အချိန်သိပ်မကြာပါဘူး ..."


နို့လက်ဖက်ရည်ကို စိတ်ပါလက်ပါသောက်နေချိန်တွင် ရှုထျန်းထျန်းက သူ၏ အချိန်ဇယားကို ပြောပြနေသည်ကို နာခံစွာဖြင့် နားထောင်နေသည်။ 


H.S နိုင်ငံတကာ ဓာတ်ပုံပြပွဲကြောင့် သူမတစ်ဖန် အလုပ်များလာပြန်သည်။ 


ရှအန်းက နေ့တိုင်းအလုပ်လုပ်ရန်မလိုသည့် မဂ္ဂဇင်းကာဗာဓာတ်ပုံများကိုသာ ရိုက်နေသည်။


အလုပ်များပြီး ပင်ပန်းနေရသည်ကို မနှစ်သက်သောကြောင့် သူမ၏အေးဂျင့်က သူမအတွက် စဉ်းစားပေးထားခြင်းဖြစ်သည်။


သူမ၏အလုပ်များကိုလည်း ကူညီလုပ်ကိုင်ပေးနေသဖြင့် သူမ အလွန်အကျွံ အလုပ်ပိမနေပေ။


ရှုထျန်းထျန်း ခေါင်းမော့ပြီး ရှအန်းကိုကြည့်လိုက်သည်။


" စကားမစပ် ရှအန်းကျဲရေ ကျွန်မ လက်ထောက်တချို့ကို ခေါ်ထားတယ် ... နေ့လယ်ပိုင်း အင်တာဗျူးပြီးရင် သူတို့ကိုအလုပ်ခန့်ဖို့ ‌လိုက်ကြည့်ပေးပါလား ..."


ရှအန်း မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။

" တို့ လက်ထောက်အသစ်ရှာဖို့ မပြောမိဘူးထင်တယ် ..."


" ရှအန်းကျဲ မပြောထားပါဘူး ... ကျွန်မဘာသာ အသစ်ခန့်ဖို့ တွေးထားမိတာ ..."


ရှုထျန်းထျန်းက သူမကိုပြုံး၍ကြည့်လိုက်သည်။

" ရှအန်းကျဲကျဲ ကျွန်မအရမ်းအလုပ်များတော့ တစ်ယောက်တည်းမနိုင်တော့ဘူး ...အဲ့ဒါကြောငါ့ ပရိသတ်တွေထဲက အချို့ကိုပဲ လက်ထောက်အဖြစ်ခန့်ဖို့ မေးထားလိုက်တာ ..."


အလွန်တော်သောအေးဂျင့်က်ိုကြည့်၍ ရှအန်း၏ မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်လာသည်။


" ပရိသတ်ထဲက လူတွေကို ခန့်မှာလား ..."


ဘယ်လိုကြီးလဲ ...


စတားတွေက အဲ့လိုပဲလုပ်ကြတာလား ...


" ဒါပေါ့ ..."


ရှုထျန်းထျန်း ပြုံးပြပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

" ရှအန်းကျဲကျဲ ကျွန်မ ကတိပေးပါတယ် ... ဒီလူတွေက လူကောင်းတွေပါ ....အကုန်လုံးက ကျဲကျဲရဲ့ပရိသတ်ဖြစ်ရုံတင်မရကဘူး ရှုထောင့်အမျိုးမျိုးမှာလည်းတော်ကြတယ် ..."


ထိုသို့ပြောလိုက်စဉ် ရှုထျန်းထျန်း သူမကိုယ်ကို အလွန်တော်သည်ဟု တွေးမိသွားသည်။ သူမရွေးချယ်ထားသူများမှာ ဖျော်ဖြေရေးနယ်ပယ်မှမဟုတ်သော်လည်း အားလုံးက ကျွမ်းကျင်မှုကိုယ်စီရှိကြသည်။ 


သူတို့ရောက်လာဖို့တောင် မစောင့်နိုင်တော့ဘူး ...


" တို့က ပညာရေးနဲ့ စွမ်းရည်တွေကို သိပ်ဂရုမစိုက်ပါဘူး ... သူတို့ကို ယုံကြည်လို့ ရမရပဲ ဂရုစိုက်တယ် ..."


ရှအန်း လက်ရမ်းပြလိုက်သည်။ သူမက ဖျော်ဖြေရေးနယ်ပယ်၏ထိပ်ဆုံးတွင် ရပ်တည်ရန်လည်း စိတ်ဝင်စားသူမဟုတ်ပေ။


သူမယုံကြည်၍ ရနိုင်သောလူ ဟုတ် မဟုတ်မှလွဲ၍ သူမဂရုမစိုက်ပေ။


" စိတ်အေးအေးနေပါ ကျဲကျဲ သူတို့ကိုယုံလို့ရတယ် ... သူ‌တို့တွေက fan clubက လူတွေကြီးပဲ တစ်ယောက်ချင်းစီက  ပရိသတ်သက်တမ်းကြာတဲ့လူတွေကြီးပဲ အားလုံးစီနီယာတွေ ..."


ရှုထျန်းထျန်း၏ အာမခံမှုကြောင့် ရှအန်း သိချင်သွားသည်။


တခြား ကလပ်အဖွဲ့ဝင်တွေရော ဘာလုပ်ကြပါလိမ့် ...


ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရတာ သူတို့အတွက်တော့ အ့ဩစရာကြီးဖြစ်နေမှာပေါ့ ...


ရှအန်း လူသစ်များ မခန့်ချင်သော်လည်း ယခုချိန်၌ သူမတွင်လုပ်စရာကိစ္စများ အလွန်များနေသည်ကိုသိသည်။


ထို့အပြင် ရှုထျန်းထျန်းသည်လည်း နေရာအနှံ့ပြေးလွှား၍ အလုပ်ရှုပ်နေသဖြင့် ဤကိစ္စကို လက်ခံလိုက်ရသည်။


နေ့လယ်စာစားပြီးသောအခါ ဖက်ရှင်မဂ္ဂဇင်းနှင့် အင်တာဗျူးဖြေရသည်။


သူမ အလွန်အလုပ်ရှုပ်နေသောကြောင့် ညနေမှသာ အိမ်ပြန်ရောက်သည်။ သူမအိမ်ပြန်ရောက်သောအခါ ရှုထျန်းထျန်း၏လက်ထောက်များကို မြင်လိုက်ရသည်။


" နတ်ဘုရားမလေးပဲ ..."


ထိုလက်ထောက်များကိုကြည့်ပြီး ရှအန်း လန့်သွားသည်။


ရှုထျန်းထျန်းက လက်ထောက်နည်းနည်းခန့်မယ်ပဲပြောခဲ့တာလေ ... ရှေ့ကနေစရေကြည့်လိုက်တာ စုစုပေါင်း ၁၁ယောက်တိတိရှိတယ် ...


သူမကို နတ်ဘုရားမလေးလို့ခေါ်တဲ့ လူတစ်ဒါဇင်လောက်ရှေ့မှာ ရှအန်း အူကြောင်ကြောင်ဖြစ်သွားမိတယ် ...


" အိုကေ ကျွန်မကို နတ်ဘုရားမလေးလို့ မခေါ်နဲ့လေ ..."


ရှအန်း ဆိုဖာပေါ်တွင်ထိုင်ပြီး ထိုလူအုပ်စုကိုလည်း ထိုင်ခိုင်းလိုက်သည်။


ထိုလူများက သူမကို မြင်တွေ့ရသည့်အတွက် စိတ်လှုပ်ရှားနေကြသည်။


သူမခိုင်းသမျှ ဘာမဆိုလုပ်မည့်ပုံဖြင့် ထိုနေရာတွင်ထိုင်ပြီး သူမကိုစိုက်ကြည့်နေကြသည်။


ထိုလူများက ထိုင်ခိုင်းလျှင် ချက်ချင်းထိုင်ပြီး ရေသောက်ခိုင်းလျှင်လည်း တစ်ယောက်မကျန် ရေ‌ခွက်ယူ၍ ကုန်အောင်သောက်ကြသည်။


အဲ့လောက်ဆိုရင် ဒီလူတွေကို ယုံလို့ရလောက်ပါတယ် ...


" ဟုတ်ပါပြီ စိတ်မလှုပ်ရှားကြပါနဲ့ ... ကျွန်မတို့က အနာဂတ်မှာ အလုပ်တူတူလုပ်ရမှာပဲ ... ကျွန်မကို ရှအန်းကျဲလို့ပဲ ခေါ်ကြပါ ..."


သူတို့အားလုံးစိတ်လှုပ်ရှားနေကြသည်ကိုကြည့်ပြီး ရှအန်းရယ်လိုက်မိသည်။


သူမက ဖျော်ဖြေရေးနယ်ပယ်နှင့် ခဏတာ ပက်သတ်ခဲ့မိသည့် အနုပညာရှင်တစ်ယောက်သာဖြစ်သည်။ 

ဒါပေမယ့် သူမ စတားတစ်ယောက်ကိုမှ မကြိုက်ခဲ့မိဖူးဘူးလေ ...


အရင်ဘဝကရော အခု ခန္ဓာကိုယ်နဲ့ရော ဘယ်စတားကိုမှ သဘောမကျခဲ့ဖူးဘူး ...


ထို့ကြောင့် ဤပရိသတ်တစ်အုပ်ကို သူမနားမလည်နိုင်ပေ။


သို့ရာတွင် သူမအပေါ်ကောင်းသူမှန်သမျှကို သူမကလည်း ကောင်းကောင်းမွန်မွန်သာ ဆက်ဆံသည်။


ထိုလူများက သူမကိုသစ္စာရှိပြီး အတူတကွအလုပ်လုပ်ကိုင်ကြသည်ဖြစ်၍ သူတို့ကိုကောင်းကောင်းဆက်ဆံပေးပြီး လုပ်အားခအနည်းငယ် ပိုပေးလိုက်ပြီး ပိုမိုသစ္စာရှိအောင် လုပ်လိုက်ခြင်းကို ပြဿနာမရှိဟု ထင်ထားလိုက်သည်။


" ကဲ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေအကြောင်း ပြောကြပါလား ... ပြီးတော့ ဘာအလုပ်လုပ်နိုင်လဲပါပြောကြည့်လေ ..."

ရှအန်း ထိုလူများကို ပြုံးပြလိုက်သည်။


သို့ရာတွင် ရှအန်း မပြုံးပြလိုက်ပါက ပိုကောင်းမည်။ သူမ ပြုံးပြ ပြီးသည့်နောက် ဆိုဖာပေါ်တွင်ထိုင်နေသည့် လူတစ်ယောက်က မူးမေ့မတတ်ဖြစ်သွားသည်။


ဟမ် တစ်ယောက်က သတိလစ်သွားတာလား ...


ဆိုဖာပေါ်တွင် သတိလစ်သွားသည့်လူကိုကြည့်ကာ ရှအန်း၏ နှုတ်ခမ်းများတွန့်ချိုးသွားပြီး ရှုထျန်းထျန်းကို ကြည့်လိုက်မိသည်။