Chapter 136
Viewers 4k

🚩Chapter 136

Arc_7.နေရာလွဲမှားနေသောသမီး [ 2]


_


အခက်အခဲတို့ကိုကျော်ဖြတ်ရင်း ကျန်းယိုကနောက်ဆုံးတွင် ဆေးရုံကုန်ကျစရိတ်များ၏ ပထမတစ်ဖြတ်အတွက် ပိုက်ဆံပမာဏကို စုဆောင်းနိုင်ခဲ့သည်။ ထိုအချိန်တွင် ဆေးရုံက ကျန်းယိုနှင့် ကျောင်းမေ့၏‌ သွေးအမျိုးအစားများ မကိုက်ညီကြောင်း ရုတ်တရက် အသိပေးလာသည်။ ထိုအခါ သူမက ကျောင်းမေ့အတွက် ကျောက်ကပ်လှူမရတော့ပေ။ 


ထိုအချိန်တွင် အိပ်ရာထဲတွင်လဲနေပြီး နောက်ဆုံးအချိန်ရောက်နေသော ကျောင်းမေ့က ငိုကြွေးကာ ကျန်းယိုအား အမှန်တရားတို့ ပြောလာခဲ့သည်။ ကျန်းယိုက သူမ၏သမီးအရင်းမဟုတ်ပေ။


တစ်ချိန်က တောင်ပေါ်ရှိ ဆေးခန်းတွင် ကျောင်းမေ့နှင့်ဝမ်ရှူးကျယ်တို့သည် တစ်ရက်တည်းမှာပင် မီးဖွားခဲ့ကြ၏။ ထို့အပြင် နှစ်ယောက်စလုံးက မိန်းကလေးများ မွေးဖွားခဲ့သည်။ 


ထိုအချိန်က ဝမ်ရှူးကျယ်၏ ခန္ဓာကိုယ်က အားနည်းနေသောကြောင့် မီးဖွားပြီးသည်နှင့်သတိမေ့သွားခဲ့သည်။ ကျောင်းမေ့က သားဖွားဆရာမထွက်သွားစဥ် အခွင့်အရေးကိုယူကာ ကလေးချင်းလဲလိုက်တော့သည်။ 


သူမတစ်ကိုယ်ကောင်းဆန်မိခဲ့သည်။ သူမယောက်ျားက မကြာသေးခင်ကပင် သေဆုံးသွားခဲ့သဖြင့် သူမရဲ့သမီးလေးကို သေချာမထောက်ပံ့နိုင်မည်ကို ကြောက်ရွံ့နေခဲ့၏။ ဤသို့ဖြင့် ရုတ်တရက် သတိလွတ်သွားခဲ့သည်။ 


၂လကြာ၍ ကျောင်းမေ့နောင်တရသည့်အချိန်တွင် စုဟိုင်ချန်းတို့က ပြောင်းရွှေ့သွားကြပြီဖြစ်သည်။


လွန်ခဲ့သည့်ဆယ်နှစ်တွင် ကျောင်းမေ့က ကျန်းယိုအပေါ်တွင် အကြွေးတင်နေသလို ခံစားနေခဲ့ရသည်။ သူမကို အကောင်းဆုံးအရာများသာပေးရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ သို့သော်လည်း အဆုံးတွင်တော့ သူမခန္ဓာကိုယ်က အရင်လဲသွားခဲ့သည်။


နောက်ဆုံး၌ ကျောင်းမေ့က ခွဲစိတ်မှုမတိုင်ခင်အထိ ထိန်းမထားနိုင်တာ့သဖြင့် သူမအား သဲလွန်စအနည်းငယ်နှင့် ဓာတ်ပုံတစ်ပုံပေး၍ Dမြို့တွင် မိဘများကိုသွားရှာရှန်နှင့် ကျောင်းမေ့၏သမီးအရင်းကိုလည်း ကူညီစောင့်ရှောက်ပေးရန် ပြော၍ထွက်သွားတော့သည်။ 


ကျန်းယိုက မွေးစားအမေ၏ဆန္ဒများနှင့် သူမရဲ့မိဘများကိုရှာရန်ဆုံးဖြတ်ချက်ဖြင့် Dမြို့သို့ရောက်ရှိလာခဲ့သည်။ အချိုးအကွေ့အချို့ကိုရင်ဆိုင်ရပြီးနောက် သူမက နောက်ဆုံးတွင် မိဘအရင်းတို့ကိုရှာတွေ့ခဲ့သည်။


တစ်ညတည်း၌ပင် ကျန်းယိုက “တောသူလေး” မှ စုမိသားစု၏ အကြီးဆုံးသခင်မလေးဖြစ်သွားတော့သည်။ ထိုတစ်ညတည်းမှာပင် စုဝမ်က ကောင်းကင်ဘုံမှ ငရဲသို့ကျဆင်းခဲ့ရသည်။


စုဇနီးမောင်နှံက ကျောင်းမေ့ကို နှလုံးသားအောက်ခြေတဆုံးအထိ မုန်းမိသော်လည်း ကလေးများက အပြစ်ကင်းလေသည်။ ဤလွန်ခဲ့သည့်နှစ်များတွင် သူတို့ရဲ့ခံစားချက်အားလုံးကို စုဝမ်အပေါ်တွင်သာ ပုံအပ်ထားခဲ့ကြ၏။ ထို့ကြောင့် နောက်ဆုံးတွင် စုဇနီးမောင်နှံက စုဝမ်ကို စုမိသားစုမှ ထွက်မသွားစေဘဲ သူမနှင့် ကျန်းယိုကို ညီအစ်များဖြစ်လာစေခဲ့သည်။


စစ်မှန်သည့်သခင်မလေးအဖြစ်မှ တစ်စုံတစ်ယောက်၏ စေတနာတို့အပေါ်တွင် မှီခိုနေရသည့် လူတစ်ယောက်ဖြစ်သွားခြင်းအတွက် စုဝမ်နှလုံးသားထဲမှ ကွာဟမှုကို ကောင်းစွာပုံဖော်ကြည့်နိုင်သည်။ သူမက စိတ်ဓာတ်ကျလာပြီး ကျောင်းပြေးကာ အရက်သောက်ခြင်းများ စတင်လာတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမနှင့် လော့ယွီကြားမှ ခံစားချက်များက မှေးမှိန်သထက်ပို၍ မှေးမှိန်လာခဲ့သည်။ 


စုဝမ်အသိတရားတို့ပြန်ဝင်လာပြီး သူမကိုယ်သူမပြုပြင်လာချင်သည့်အချိန်တွင် လော့ယွီက သန်မာပြီးရဲရင့်သည့် ကျန်းယိုကို စွဲလမ်းသွားပြီဖြစ်သည်။ သူက စုဝမ်အားတုံ့ဆိုင်းခြင်းမရှိဘဲ လမ်းခွဲခဲ့ပြီး ကျန်းယိုကိုစတင်လိုက်ခဲ့သည်။


ယခုတော့ စုဝမ် လော့ယွီထံမှ အပစ်ခံလိုက်ရသည်မှာ ငါးရက်ရှိပြီဖြစ်သည်။ လမ်းခွဲမှုကြောင့် မူလပိုင်ရှင်က ညတိုင်း အရက်သောက်ပြီးမူးနေခဲ့သည်။ အတန်းထဲမှကျောင်းသားများက သူမရဲ့မိသားစုအခြေအနေကိုသာမက လော့ယွီထံမှ အပစ်ခံလိုက်ရသည်ကိုပါ သိကြ၏။ သူမစိတ်အခြေအနေမကောင်းတာကို တွေ့မြင်နေကြသောကြောင့် ဘယ်သူကမှ သူမကိုရန်မစရဲကြပေ။ 


နှေးကွေးပြီး ရိုးသားသည့်အတန်းခေါင်းဆောင် ရွှီနော့ကသာ အခုအချိန်တွင် စုဝမ်အား “အိမ်စာထပ်ရန်” မေးရဲလေသည်…….။


.......


နံနက်စောစော၏နေရောင်က စာသင်ခန်းရဲ့ သန့်ရှင်းတောက်ပြောင်နေသည့် ကြမ်းပြင်မှမျက်နှာကြက်ထိ မြင့်သော ပြတင်းပေါက်ကိုဖြတ်၍ ကျရောက်လျက်ရှိပြီး မျက်စိမဖွင့်နိုင်လောက်အောင်ထိ တောက်ပနေသည်။


ဒုတိယနှစ် အတန်း၃မှ ကျောင်းသားများ ရောက်မလာကြသေးပေ။ သူမပတ်ဝန်းကျင်မှ ထူးဆန်းသော်လည်း ရင်းနှီးနေသော ငယ်ရွယ်သည့်မျက်နှာလေးများကိုကြည့်ရင်း စုဝမ်က စားပွဲပေါ်မှ လွယ်အိတ်ကိုဖွင့်လိုက်သည်။ အိတ်ထဲတွင် အသစ်စက်စက်ပုံနှိပ်စာအုပ်များသာမက ဘောပင်လေးတစ်ချောင်းတောင်ရှိမနေပေ။ အိမ်စာအကြောင်းကိုတော့ ‌မေ့လိုက်သည်ကကောင်းမည်။


ဒီလိုမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။


“အိမ်စာယူမလာခဲ့မိဘူး”


စုဝမ်က လွယ်အိတ်ကိုလှန်ပြီး ရွှီနော့၏မျက်နှာရှေ့တွင် သူမရဲ့ပြားချပ်နေသည့် လွယ်အိတ်ကို အကြမ်းပတမ်း ခါပြလိုက်သည်။ 


“အာ... ရပါတယ် ရပါတယ်”


စုဝမ်ကသူမအား ထိုကဲ့သို့ကြည်ကြည်သာသာဖြင့် ပြန်ပြောလိမ့်မည်ဟု ရွှီနော့မျှော်လင့်မထားမိပေ။ လွန်ခဲ့သည့် ရက်များတွင် စုဝမ်က ကျည်ဆံအမှုန့်များကိုစားထားပုံရကြောင်း သိထားသင့်သည်။ သူမအား စကားသွားပြောသည့် မည်သူမဆို အပစ်ခံရလိမ့်မည်မှာ သေချာပေါက်ပင်။ 


ရွှီနော့က စုဝမ်အား လက်ဝှေ့ယမ်းပြ၍ လှည့်ထွက်သွားသော်လည်း သူမလှည့်လိုက်သည့်အချိန်တွင် ရုတ်တရက်တစ်ခုခုကိုသတိရသွားပြီး ရပ်လိုက်သည်။ 


သူမက တွန့်ဆုတ်စွာနှင့် စုဝမ်ကိုပြန်ကြည့်ပြီး စကားဆိုလိုက်၏။


“စုဝမ် အဲ့ဒါက.... နင့်မျက်နှာကိုကြည့်ရတာ အဆင်မပြေတဲ့ပုံပဲ... တကယ်မသက်မသာဖြစ်နေတယ်ဆို ငါနင့်ကို ကျောင်းဆေးခန်းကို လိုက်ပို့ပေးလို့ရတယ်နော်”


အမှန်တိုင်းပြောရလျှင် ယခုလောလောဆယ်၌ စုဝမ်က တကယ်ကို ဆိုးဆိုးဝါးဝါးပုံပေါက်နေသည်။


မနေ့ည၌ မူလပိုင်ရှင်က တစ်ညလုံးဘီယာများသောက်ထားသဖြင့် မနက်ရောက်သောအခါ မျက်လုံးတစ်ဝိုက်၌ အမည်းရောင်အကွင်းလိုက်ဖြစ်နေပြီး တွန့်ကြေနေသော ကျောင်းယူနီဖောင်းကို ဒယိမ်းဒယိုင်နှင့်ဝတ်၍ ကျောင်းသို့ တန်းလာခဲ့သည်။ ထို့နောက် သူမထိုင်ခုံတွင် ထိုင်ပြီး ပထမဆုံးလုပ်သည့်အရာက.... အိပ်ခြင်းပင်ဖြစ်သည်။ 


ထိုအခြေအနေ၌ သူမမျက်နှာအမူအရာများကောင်းမွန်နေလျှင် လုံးဝထူးဆန်းနေလိမ့်မည်။ 


ရွှီနော့၏အသံမှ စိုးရိမ်နေမှုနှင့် စိတ်ပူနေမှုများကို ခံစားမိသောကြောင့် စုဝမ်က သူမကိုပြုံးပြလိုက်သည်။ 


“ငါအဆင်ပြေပါတယ်...အမ်... ငါဆရာဝမ့်ဆီသွားပြီး ခွင့်တောင်းလိုက်မယ်”


ဝမ့်ဝမ်ဟောက်...။ တက္ကသိုလ်၏ အထူးချွန်ဆုံးကျောင်းသားတစ်ယောက်ဖြစ်ပြီး ဒုတိယနှစ် အတန်း၃၏ အသစ်ခန့်အပ်ထားသော အတန်းပိုင်ဆရာဖြစ်သည်။ 


မူလပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင် ဆရာဝမ့်က အလွန်ကျော့ရှင်းပြီး နူးညံ့ညင်သာသည့်သူတစ်ယောက်ဖြစ်သည်။ သို့သော် သူမ မသိခဲ့သည်က ဤဝမ့်ဝမ်ဟောက်က တကယ်တမ်းတွင် အနာဂတ်၌ မျိုးနွယ်စုကြီးတစ်ခု၏ အမွေဆက်ခံသူဖြစ်လာပြီး ကျန်းယိုအား လိုက်ပိုးပန်းသူများထဲမှ တစ်ယောက်ဖြစ်လာလိမ့်မည်ဆိုတာပင်။


စုဝမ်က ကျန်းယိုအကြောင်းတွေးတောနေစဥ်မှာပင် သူမရဲ့သေးသွယ်နေသည့်ကိုယ်လုံးလေးက စာသင်ခန်း အပေါက်ဝတွင်ပေါ်လာသည်။ 


အဟုတ်ပင်... သူမတို့နှစ်ယောက်က အတန်းဖော်များဖြစ်ကြသည်။


ကျန်းယိုကအရပ်ရှည်ပြီး ဝမ်ရှူးကျယ်၏အလှကို အမွေဆက်ခံထားသည်။ သူမကတူညီသည့် ကျောင်းယူနီဖောင်းကို ဝတ်ထား‌သော်လည်း လူကြားထဲတွင်ရပ်နေသောအခါ ထူးခြားနေသည့် လေထုကို ဆောင်ကျဥ်းနေ၏။


ထိုအချိန်တွင် ကျန်းယို၏လှပသော မျက်လုံးများက စာသင်ခန်းထဲသို့ ဝေ့ဝဲကြည့်နေသည်။ မြင်ကွင်းထဲတွင် စုဝမ်၏ ပုံရိပ်ကို ဖမ်းမိသည့်အခါ မျက်လုံးများကတောက်ပသွားပြီး စုဝမ်ထံရောက်လာတော့သည်။ 


“ရှောင်ဝမ်.... မနေ့ညက တစ်ညလုံးဘာလို့အိမ်ပြန်မလာတာလဲ.... အမေနဲ့အဖေက အတော်လေးစိတ်ပူနေတာကို သိရဲ့လား”


ကျန်းယို၏အသံက စူးရှပြီးပြတ်သားနေသည်။ သူမက တမင်ကို အသံကိုမနှိမ့်လိုက်‌‌ပေ။ ထိုအခါ သူမ၏ မေးခွန်းနှင့်အတူ မူလကဆူညံနေသည့် စာသင်ခန်းက ရုတ်တရက် တိတ်ကျသွား၏။


မနေ့ညက အိမ်ပြန်မလာဘူး......။


အရွယ်ရောက်နေသူအဖို့ဆိုလျှင် ထိုကိစ္စကသာမန်ပင်ဖြစ်သော်လည်း သူတို့က ကျောင်းသားများသာဖြစ်ပြီး ယခုနှစ်တွင်မှ လူတိုင်းက ၁၇နှစ်ရှိကြသေး၍ အရွယ်မရောက်ကြသေးပေ။


အရေးအကြီးဆုံးအရာမှာ စုဝမ်က မိန်းကလေးဖြစ်ပြီး ကျောင်းပန်းကလေးဖြစ်နေသည်။


ကျောင်းပန်းကလေးက တစ်ညလုံးအိမ်မပြန်ဘူးတဲ့လား....ဘာပဲဖြစ်ဖြစ် ဒါက ကျောင်းဖိုရမ်မှာတင်ဖို့ အကောင်းဆုံး ခေါင်းစဥ်ပဲကွ....ဟုတ်ပြီလား


ပတ်ဝန်းကျင်မှလူများတီးတိုးပြောနေကြတာကို ခံစားမိသောအခါမှ ကျန်းယိုက ရိပ်မိသွားပြီး အေးခဲသွား၏။ ထို့နောက် သူမက ရှက်ရွံ့စွာနှင့် ခေါင်းကိုကုတ်လိုက်သည်။ 


“ရှောင်ဝမ်..... ရှောင်ဝမ်.... ငါအဲ့လိုမဆိုပါဘူး... ငါဆိုလိုတာက...”


ကျန်းယိုကရှင်းပြချင်သော်လည်း စုဝမ်က ရုတ်တရက် သူမ၏လွယ်အိတ်အလွတ်ကို ကျောပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက်သူမက စိတ်မဝင်စားဟန်နှင့် ထလာသည်။ 


“နင့်ဘာသာ ဘာကိုပဲပြောပြော ငါမသိချင်ဘူး... ပြီးတော့လည်း ငါ့ကိစ္စတွေကို နင်ဝင်ပါစရာအကြောင်းမရှိဘူး”


ပြောပြီးသည်နှင့် စုဝမ်က ကျန်းယိုကိုတစ်ချက်လေးပင်မကြည့်ဘဲ မျက်နှာချီလျက် လွယ်အိတ်ကို ကျောပေါ်တွင် တင်ကာ စာသင်ခန်းအဝသို့လျှောက်သွားတော့သည်။


“ရှောင်ဝမ်”


ကျန်းယိုက လက်လျှော့ရန် ဆန္ဒမရှိချေ။ သူမက အခန်းပေါက်ဝသို့ ခြေနှစ်လှမ်း ၊ သုံးလှမ်းဖြင့် ပြေးလာ၍ စုဝမ်လမ်းကို ပိတ်ရပ်လာသည်။


 â€œá€›á€žá€ąá€Źá€„á€şá€á€™á€ş... လပတ်စာမေးပွဲကနီးလာနေပြီ နင်အတန်းထပ်မပြေးသင့်တော့ဘူး”


“ငါအတန်းပြေးမယ်လို့ ဘယ်သူပြောလဲ”


စုဝမ်ကပျင်းရိစွာနှင့် ကျန်းယို့ကိုပင့်ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်နေသော အပြုံးလေးကို လှစ်ဟလိုက်သည်။ 


“ငါပစ္စည်းတွေပါမလာလို့လေ အိမ်ကိုပြန်ယူလို့မရဘူးလား.... ကျန်းယို အမြဲတမ်းနင့်ကိုယ်နင် မှန်တယ်လို့ တွေးမနေနဲ့..... နင်မှန်တယ်လို့ ယူဆထားတဲ့ အရာတွေကလည်း တစ်ခါတစ်လေကျ မှားနေတတ်တယ် သိရဲ့လား.... အခု လမ်းဖယ်” 


ပြောပြီးသည်နှင့် စုဝမ်က သူမကိုတားထားသည့် ကျန်းယို၏လက်ကို ပြင်းပြင်းထန်ထန် ပုတ်ထုတ်လိုက်ပြီး ခြေလှမ်းကျဲများဖြင့် စာသင်ခန်းထဲမှ ထွက်သွားလေသည်။ 


ကျန်းယိုက စာသင်ခန်းတံခါးဝတွင်ရပ်နေရင်း စုဝမ်ထွက်သွားသည့်လမ်းကြောင်းကို တုံးအအလေးကြည့်နေသည်။ ထိုအချိန်တွင် သူမ၏မျက်နှာ၌ မှားယွင်းကွဲလွဲနေသည့် အမူအရာပေါ်လာသည်။ သို့သော် သူမက ထိုအဆိုးမြင်ခံစားချက်များကို ဖိနှိပ်လိုက်၏။ သူမက ဖြူဖွေးနေသော ပါးပြင်ကိုပုတ်လိုက်ပြီး တခစ်ခစ်ရယ်၍ သူမကိုယ်သူမပြောလိုက်သည်။ 


“ကျန်းယို နင်လုပ်နိုင်တယ်...သေချာပေါက်.....သေချာပေါက် စုဝမ် နင့်ကိုသဘောကျလာမယ့်နေ့ ရောက်လာလိမ့်မယ်”


သူမ၏ဆုံးဖြတ်ချက်ကို ထောက်ခံသည့်အနေနှင့် ကျန်းယိုက လက်သီးဆုပ်ကလေးလုပ်လိုက်ကာ ပြုံးရွှင်စွာနှင့် အတန်းထဲသို့ပြန်ဝင်သွား၏။ ထိုအချိန်တွင် ဖြောင့်တန်းနေသည့် ပုံရိပ်က စာသင်ခန်းလျှောက်လှမ်းရှိ ပြတင်းပေါက်ဘေးတွင်ရပ်နေသည်။ ယခုလေးတင် ကျန်းယို၏ အပြုအမူတစ်ခုတိုင်းက သူ့အမြင်ကို ဖမ်းစားသွားလေသည်။ 


“စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်မလေးပဲ”


ပြတင်း‌ပေါက်မှ ယောက်ျားလေးက တစ်ယောက်တည်းတီးတိုးပြောလိုက်ရင်း ဖြေးညင်းစွာ လှည့်ထွက်သွားတော့သည်။


ဖုန်းဟန်ကျောင်းမှ ကစားကွင်းက အလွန်ကြီးမားသည်။ ကျောင်းတွင်းလုံခြုံရေးကို ခိုင်လုံစေရန်အတွက် ကျောင်းဝန်းအတွင်း ကားမောင်းခြင်းကို တားမြစ်ထားသည်။


သဘာဝကျစွာပင် စည်းမျဥ်းများအားလုံးက ချိုးဖောက်ရန် တည်ရှိနေခြင်းဖြစ်သည်။


စုဝမ်က သူမ၏လွယ်အိတ်အလွတ်ဖြင့် ကျောင်းကစားကွင်းအနားတွင် လျှောက်လာနေစဥ် Porscheပြိုင်ကား တစ်စီးက ကစားကွင်းအတွင်းသို့ မောင်းဝင်လာသည်။


ထိုအချိန်တွင် ကစားကွင်းထဲ၌ ဘယ်သူမှရှိမနေသောကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် တစ်ဦးတည်း သွားလာနေသူ စုဝမ်က သိသာသည့်ပစ်မှတ်တစ်ခုဖြစ်သွားသည်။ 


စုဝမ်မျက်နှာက မပြောင်းမလဲရှိနေပြီး ပြိုင်ကားထဲမှခုန်ထွက်လာသည့် ဆံနီနှင့် လူငယ်လေးကို တိတ်တဆိတ် ကြည့်နေသည်။


စုဝမ်က ထိုဆံနီလူငယ်လေးကို မှတ်မိသွား၏။ 


လင်ချင်းသည် လင်မိသားစုလုပ်ငန်းကို အမွေဆက်ခံသူဖြစ်သည်။ ထို့အပြင်ဖုန်းဟန်ကျောင်းမှ တတိယနှစ်ကျောင်းသားဖြစ်ပြီး ထိပ်တန်းကျောင်းသား ‌လော့ယွီ၏ ‌နောက်လိုက်များထဲမှ တစ်ယောက်ဖြစ်သည်။ 


လင်ချင်းသည်လည်း ဖုန်းဟန်ကျောင်းတွင် ဩဇာကြီးသည့်သူဖြစ်ပြီး ရာထူးကြီး၍ မြင့်မြတ်သည်။


“စုဝမ်..... မတွေ့ရတာတောင် ရက်နည်းနည်းကြာနေပြီ.... ဘာလို့ဒီလောက်တောင် မှုန်သိုးနေတာလဲ”


လင်ချင်းကားထဲတွင်ရှိနေစဥ်က ပင်ပန်းနွမ်းနယ်နေသည့် စုဝမ်ကိုတွေ့လိုက်သည်။ စုဝမ်နှင့် လော့ယွီအတူရှိတုန်းက သူမတွင် ပြဿနာများစွာရှိပြီး ထိုကဲ့သို့ နူးညံ့သည့် မိန်းကလေးမျိုးက လင်ချင်း၏အကြိုက်ပုံစံ မဟုတ်ပေ။ ယခုတွင် လော့ယွီကနိုးထလာပြီး စုဝမ်နှင့်လမ်းခွဲလိုက်ပြီဖြစ်ရာ လင်ချင်းအနေနှင့် စုဝမ်ကိုတွေ့ရန် အလွန်ခက်ခဲသွားတော့သည်။ ထို့ကြောင့် စုဝမ်အား လှောင်ပြောင်ရန် ယခုလို လမ်းကြုံလာသည့်အခွင့်အရေးအား လက်လွှတ်မခံနိုင်ချေ။ 


လင်ချင်း၏လှောင်ပြောင်မှုကို မျက်နှာချင်းဆိုင်ရင်း စုဝမ်က သူ့ကို တိတ်တဆိတ်တစ်ချက်သာကြည့်လိုက်သည်။ ထို့နောက် သူမ၏လွယ်အိတ်ကို ကောက်၍ စကားတစ်ခွန်းမဆိုဘဲ ကျောင်းဂိတ်ပေါက်ဝသို့ လှည့်ထွက်သွားသည်။ 


ဇာတ်လိုက်များကို ထောက်ပံ့ပေးသည့် ခွေးရူးများက ဤကမ္ဘာတွင် အလွန်ပေါများသည်။ ဤလင်ချင်းကလည်း ‌နောက်ပိုင်းတွင် ကျန်းယိုကို လိုက်ပိုးပန်းသည့်သူတစ်ယောက်ဖြစ်လာလိမ့်မည်ပင်။ သူမကြောင့်ပင် သူက လော့ယွီနှင့် ရန်သူများဖြစ်ခဲ့ကြသေးသည်။


သေချာပေါက် ဇာတ်လိုက်မအတွက် မည်သို့တိုက်ခိုက်ပေးကြမည်က ထိုယောက်ျားအုပ်ကြီး၏ ကိစ္စဖြစ်သည်။ 


စုဝမ်စဥ်းစားရမည့် အရေးအကြီးဆုံးအရာက......


စုရွေ့ ဘယ်မှာလဲ ဆိုတာပင်။


ကျန်းယိုကို နှစ်သက်မြတ်နိုးပြီး တိတ်တဆိတ်သဘောကျနေသည့် အရံအမျိုးသားဇာတ်ကောင်များက များလွန်းကာ ထိုအထဲမှ ယောက်ျားအများစုကိုလည်း မူလပိုင်ရှင်တစ်ခါမှမတွေ့ဖူးပေ။ ထို့ကြောင့် ယခုလောလောဆယ်တွင် စုဝမ်က စုရွေ့၏ဇာတ်ကောင်ကို မခန့်မှန်းနိုင်ဖြစ်နေသည်။ 


ဤကမ္ဘာ၏ မူလဇာတ်ကြောင်းအရ စုဝမ်က အမြှောက်စာဇာတ်ကောင်ဖြစ်သည်။ သူမ အမြှောက်စာဖြစ်ရသည့် အကြောင်းအရင်းက ကျန်းယိုကို ခဏခဏဆန့်ကျင်နေသောကြောင့်ဖြစ်သည်။


အလှမ်းမဝေးတော့သည့်အနာဂတ်တွင် ကျန်းယိုဘေးနားတွင် ထူးချွန်သည့်ယောက်ျားအများအပြား ဝိုင်းအုံနေလိမ့်မည်။ ထိုယောက်ျားများက ပို၍အင်အားကြီးကာ ပို၍အညှာအတာမဲ့ကြသည်။


မူလပိုင်ရှင်စုဝမ်က ဂိုဏ်းစတားတစ်ယောက်၏လက်ထဲတွင် သေဆုံးခဲ့ရသည်။ ထိုဂိုဏ်းစတားနှင့် ကျန်းယို၏ တွေ့ဆုံမှုက အလွန်ဒရာမာဆန်လှသည်။ ထိုအချိန်၌ ထိုလူ၏ဂိုဏ်းအတွင်းတွင် တိုက်ပွဲများဖြစ်နေပြီး သူက လုပ်ကြံခံရကာ ပြင်းပြင်းထန်ထန်ထိခိုက်သွားခဲ့သည်။ သူကလမ်းကြားလေးတစ်ခုတွင် သတိမေ့နေခဲ့ပြီး ကျောင်းဆင်းချိန်ဖြတ်သွားသည့် ကျန်းယိုက နှလုံးသားကြင်နာစွာဖြင့် အိမ်သို့ ခေါ်သွားခဲ့၏။


ဤအကြောင်းအရာနှင့်ပတ်သက်၍ စုဝမ်တွေးမိသည်က ‘အေသုံးလုံးကျောင်းသူတစ်ယောက်အနေနဲ့ လမ်းပေါ်မှာ လူတစ်ယောက် ဒဏ်ရာရနေတာကိုတွေ့ရင် 120ကိုအရင်ခေါ်သင့်တာမဟုတ်ဘူးလား နင့်ကိုယ်နင် ဟွာ့ထို ဝင်စားတယ်များထင်နေသလား သေနတ်ဒဏ်ရာကို နင်ကိုင်တွယ်နိုင်လို့လား’ 


[ T/N ဟွာ့ထိုသည် ဟန်မင်းဆက် နောက်ပိုင်း နာမည်ကြီးသော သမားတော်ဖြစ်သည်။ ]


__

🌍