အပိုင်း၄
Viewers 4k

🥰 Chapter 4 




နာရီအနည်းငယ်ကြာပြီးနောက်တွင် မင်လျိုရီသည် ရုတ်တရက် လန့်နိုးလာခဲ့သည်။ သူမ၏ ညအိပ်ဝတ်စုံသည် ရေရွဲရွဲစိုနေပြီး ကုတင်ဘေးတွင်လည်း ရေကွက်အကြီးကြီးတစ်ခုရှိနေသည်။


မင်လျိုရီသည် စိတ်ထဲမှ ငိုကြွေးလိုက်မိသည်။


'ဆိုးရွားလိုက်တာ...'


သူမအပျင်းကြီးမိလို့ အခုလိုဖြစ်ရတာ။ သူမက ကုတင်ရဲ့အစွန်းပိုင်းလေးကို မှီပြီး တစ်ညလုံးနေလို့ရမည်ဟုထင်ခဲ့သော်လည်း နောက်ဆုံးတွင် ရေစိုသွားရသည်။ သူမ အိပ်ရာထဲမှ ခပ်မြန်မြန်ထွက်ကာ သန့်ရှင်းသော ညအိပ်ဝတ်စုံတစ်ထည်အား လဲပြီး ဆံပင်ကိုခြောက်အောင်သုတ်လိုက်သည်။ ထို့နောက် တွေဝေမှုမရှိဘဲ အခင်းအောက်သို့ ဝင်လိုက်လေသည်။ ဒါပေါ့ ... သူမ ယောင်ကျိကျိုးနဲ့ အတတ်နိုင်ဆုံး ဝေးဝေးနေရမယ်ဆိုပေမဲ့ စိုနေတဲ့အခင်းကိုလဲ ရှောင်ရဦးမည်။ ထို့ကြောင့် သူမ တောင့်တောင့်ကြီးလှဲချကာ ထိုအတိုင်းအိပ်ဖို့ပြင်လိုက်သော်ငြား သူမအိပ်နိုင်ပါ့မလား သံသယဝင်မိသည်။ သို့သော် များများစားစားမတွေးလိုက်နိုင်ခင်မှာပဲ သူမထပ်ပြီးအိပ်ပျော်သွားပြန်သည်။


မင်လျိုရီ မြန်ဆန်စွာပင် အိပ်မက်ကမ္ဘာထဲသို့ရောက်သွားသည်။ အိပ်မက်ထဲတွင် သူမနှင့်တူသော မိန်းကလေးအားတွေ့သည်။ တစ်ဖက်လူသည် ဘာမှမပြောသော်ငြား မူလမင်လျိုရီမှန်း သူမတပ်အပ်သိလေသည်။


မင်လျိုရီသည် ကြောက်ရွံမှုများနှင့် သူမနောက်လိုက်သွားသောအခါ မူလမင်လျိုရီသည် အိမ်ပြန်သွားမှန်း တွေ့ရသည်။ သူမ ထိုမိန်းကလေး၏ မိဘများ၏ ပူပန်မှုနှင့်စိတ်ဓာတ်ကျဆင်းမှုများအား မြင်နေရသည်။ ထိုမိန်းကလေး၏ မိခင်သည် ခေါင်းမော့ကာပြောလေသည်။


"နင့်အသက် ၂၂ နှစ်တောင်ရောက်နေပြီ ဆိုတော့ အိမ်ထောင်ပြုလို့ရနေ​ပြီ"


"သမီးနဲ့ ယုဟန်ရဲ့အကြောင်းကို သိနေတာလား"


မူလလျိုရီသည် အံ့အားသင့်သွားသည်။


ယုဟန်၏ နာမည်အားကြားပြီးနောက်တွင် မစ္စတာမင်သည် ဒေါသထွက်စွာပြောသည်။


"ယုဟန်က ဘယ်ကောင်လဲဆိုတာသိလား ...သူက အကြံကြီးပြီး တာဝန်ယူမှုမရှိတဲ့ကောင် ... နတ်ဆိုးလိုကောင် ... နင့်မှာအရှက်မရှိပေမဲ့ ငါတို့မှာရှိတယ် "


မူလမင်လျိုရီသည် ထိတ်လန့်နေသည်။


"အဖေ သူ့အကြောင်းနားမလည်ပါဘူး ...သူကအဲ့လိုလူမျိုးမဟုတ်ဘူး ..."


"နင့်အဖေနဲ့ငါ အလုပ်ကောင်းကောင်းရှိတဲ့သူနဲ့ နင့်ကိုလက်ထပ်ပေးဖို့ ဆုံးဖြတ်ပြီးပြီ"


မစ္စမင်သည် အညှာတာမဲ့စွာပြောလိုက်သည်။


"အမြန်သွားပြီး အဆင့်သင့်ပြင်ထား "


"မလုပ်ချင်ဘူး...သမီးယုဟန်နဲ့ပဲ အတူနေချင်တယ်"


မူလမင်လျိုရီသည် ဒေါသထွက်ကာ စိတ်ပင်ပန်းလာသည်။ သို့ပေမဲ့ သူမမိဘတွေရဲ့ ဆန္ဒတွေဆီကနေ သူမဘယ်လိုများ ရုန်းထွက်ရပါ့မလဲ...


မျက်စိတစ်မှိတ်အတွင်းမှာတင် မြင်ကွင်းအသစ်သို့ပြောင်းသွားသည်။ မူလမင်လျိုရီသည် သက်တော်စောင့် အများအပြား၏ ခေါ်ဆောင်ခြင်းကို ခံနေရသည်။


အပြင်ဘက်တွင် တိုရိုတာ အဲဖက်တစ်စီးပေါ်တွင် ထိုင်နေသော အရပ်ရှည်ပြီးကျက်သရေရှိသည့် မိန်းကလေးလည်းရှိသည်။ သူမသည် မူလမင်လျိုရီအား ဝေဖန်သရော်လိုက်လေသည်။


"ယောင်ကျိကျိုးဆိုတာ တစ်ချိန်က ယောင်မိသားစုရဲ့ အကြီးအကဲပဲ ... နင်အလွယ်လေး လွတ်လောက်ပါတယ်"


မူလမင်လျိုရီသည် သာမန်မိသားစုမှဖြစ်သည်။ သူမ၏အမေသည် ချိုက်မိသားစု၏ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ပြီး ချိုက်သခင်မနှင့် တစ်ချိန်တည်းကိုယ်ဝန်ဆောင်ခဲ့သူလည်းဖြစ်သည်။ ချိုက်သခင်မသည် စာနာတတ်သူဖြစ်သည့်အတွက် မစ္စမင်နှင့် တစ်ပြိုင်တည်းမီးဖွားဖို့ပင် စီစဥ်ပေးခဲ့သည်။ ထို့နောက် တစ်ချိန်တည်းလိုလိုပင် သမီးမိန်းကလေးနှစ်ယောက်အား ပြိုင်တူမွေးဖွားခဲ့သည်။


သို့သော် ကလေးနှစ်ယောက်သည် မိန်းကလေးများဖြစ်သော်လည်း ကံကြမ္မာမှာ မတူညီကြပေ။


မူလမင်လျိုရီသည် ကောလိပ်မတက်ခဲ့သောကြောင့် ရင့်ကျက်မှုမရှိပေ။ သူမသည် ယုဟန်နှင့် အထက်တန်းကျောင်းတွင် တွေ့ဆုံခဲ့ပြီး နှစ်ဦးစလုံးသည် ခပ်ပေါ့ပေါ့သာနေထိုင်ခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် မူလမင်လျိုရီသည် ရှေးရိုးဆန်သည့်လူဖြစ်ပြီး ယုဟန်နှင့် အဆက်အသွယ်မလုပ်ခဲ့ပေ။ ထိုအချိန်တွင် ချိုက်မိသားစု အိမ်အလည်လာခဲ့လေသည်...


မင်လျိုရီသည် ကောင်းမွန်စွာမအိပ်စက်ခဲ့ရသဖြင့် သူမ၏ နဖူးတွင်ချွေးစို့နေလေသည်။ စက္ကန့်ပိုင်းအတွင်း အိပ်မက်သည်ထပ်မံပြောင်းသွားပြီး ဒီတစ်ကြိမ်တွင်တော့ မူလမင်လျိုရီသည် ယောင်မိသားစုနှင့် လက်ထပ်ခဲ့လေသည်။


ထိုအချိန်တွင် သူမနှင့် ယောင်ကျိကျိုးနှစ်ယောက်တည်း အိမ်တွင်ရှိနေသည်။ မူလမင်လျိုရီသည် ဟန်မဆောင်တော့ဘဲ ယောင်ကျိကျိုးအား အော်ဟစ်လိုက်သည်။


"မျက်မမြင် ဒုက္ခိတကောင် ဘယ်သူကမှရှင်နဲ့လက်မထပ်ချင်ဘူး။ ဘာလို့ ဒီအတိုင်းသွားမသေတာလဲ"


ယောင်ကျိကျိုးသည် ဝှီးချဲပေါ်တွင်ထိုင်နေပြီး ဖျော့တော့နေကာ နှုတ်ခမ်းများအားတင်းတင်းစေ့ထားခဲ့သည်။


ယောင်ကျိကျိုးဆီမှ တုန့်ပြန်မှုမရရှိသည့်အခါ မူလမင်လျိုရီသည် ဒေါသပိုမိုထွက်လာသည်။


"ရှင်က ကျွန်မနဲ့ယုဟန်ကို ခွဲလိုက်တာ သေသင့်တယ် ... ရှင်ကဘယ်လိုခေါင်း​ဆောင်လဲ တခြားသူရဲ့ အခြေအနေကိုတောင်မတွေးပေးတတ်တဲ့လူ ... သုံးစားလို့မရတဲ့လေလိုလူ"


"မင်းပြောလို့ပြီးပြီလား...ပြီးရင်လည်း ထွက်သွားတော့"


ယောင်ကျိကျိုး၏ အသံသည် ရေခဲတမျှအေးစက်နေသည်။


"ရှင်က ကျွန်မကို ထွက်သွားခိုင်းတာလား... လက်ထပ်ဖို့တောင်းဆိုတာက ရှင့်မိသားစုလေ ... ထွက်သွားချင်းထွက်သွား ရှင်ကသာထွက်သွားရမှာ...ရှင့်လိုဒုက္ခိတကို ကြည့်နေရတာနဲ့တင် စိတ်ဆင်းရဲလွန်းလို့"


မူလမင်လျိုရီသည် အရင်ကတည်းကပင် ဆီလျော်စွာပြုမူနိုင်စွမ်း ကင်းမဲ့လေသည်။


ယောင်ကျိကျိုးသည် သူမ၏ စော်ကားပြောဆိုမှုများနှင့် နေသားကျနေပြီးဖြစ်ကာ ဤသို့ရင်ဆိုင်ရသည့်အချိန်တိုင်း လျစ်လျူရှုခြင်းသည်သာ အကောင်းဆုံးဖြစ်ခဲ့သည်။ သူသည် အီလက်ထရစ်ဝှီးချဲပေါ်မှ ခလုတ်ကို ဖြစ်သလိုနှိပ်ကာ အခန်းထဲမှဖြည်းညင်းစွာ ထွက်သွားခဲ့သည်။


မူလမင်လျိုရီသည် ဒေါသထွက်လွန်း၍ သွားများပင်ကြိတ်ထားမိသည်။ သူမထိုလူအား နေ့စဥ်နှင့်အမျှ ကြိမ်းမောင်းလေ့ရှိသည်။ ဒါပေမဲ့ အဲ့မျက်မမြင် ဒုက္ခိတက အသက်ရှင်ဖို့သူများကို မှီခိုနေရချိန်တွင်တောင်မှ မာန်တက်နေလေသည်။ ထိုအရာသည် သူမအား သူ့ကိုပိုမိုမုန်းတီးစေသည်။ သူမရဲ့ဘဝကို ဖျက်ဆီးပြီးတာတောင်မှ ဘာလို့အထက်စီးကနေပဲ နေနေရတာလဲ...


သို့သော်လည်း မူလမင်လျိုရီမမြင်လိုက်သည်မှာ ယောင်ကျိကျိုးက သူ၏လက်သီးကို တင်းကြပ်စွာဆုပ်ထားခဲ့ခြင်းပင်။ သူသည် သူ့အားနေ့စဥ်ကျိန်ဆဲပီး အများရှေ့တွင်တော့ ချစ်ပြဂရုစိုက်ပြသည့် ထိုသို့သော မိန်းမမျိုးအား လက်ထပ်ရလိမ့်မည်ဟု မတွေးခဲ့ဖူးပေ။ ယောင်ကွေသည်ပင် သူ၏ချွေးမသည် ပညာတတ်မျိုးရိုးမဟုတ်သော်ငြား ကျိုးကြောင်းဆင်ခြင်တတ်သည်ဟု မြင်နေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်အား အိမ်တွင်အတူကျန်ခဲ့မည်ကို တစိုးတစိမျှ စိတ်မပူဘဲ ယောင်မိသားစု အာဏာကိုပင်ပေးလိုက်သည်။


တစ်ဖက်တွင်တော့ ဒေါသထွက်လာသော ယောင်ကျိကျိုးသည် သူ့မိန်းမတိုက်သော ရေနှင့် အာဟာရစာအား မှောက်ချပစ်လိုက်လေသည်။


ထိုအရာကို ယောင်ကွေမြင်သောအခါ သူ၏ခေါင်းကိုသာခါရမ်းပြီး ယောင်ကျိကျိုးအား ဘာကြောင့်ထိုသို့ပြုမူရသည်ကို မမေးမြန်းခဲ့ပေ။


အချိန်ကြာလာသောအခါ ယောင်ကျိကျိုးသည် သူခံစားနေရသော အိမ်တွင်းအကြမ်းဖက်မှုအား သူ၏မိသားစုကိုပြောပြချင်စိတ်မရှိတော့ပေ...


ယောင်ကျိကျိုးသည် သူလက်ထပ်ရမည်ဟုကြားသိသည့်အခါ သူ့အဖေသည် သူ၏မှောင်မှိက်နေသော ဘဝအားအလင်းပေးနိုင်မည့် တစ်စုံတစ်ယောက်အား ရွေးချယ်ပေးလိမ့်မယ်ဟုထင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင်တော့....


ယောင်ကျိကျိုး၏ ဝမ်းနည်းအားငယ်မှုအား ခံစားမိလိုက်သောအခါ သူမ၏မျက်လုံးအား တင်းကြပ်စွာမှိတ်လိုက်ပြီး မျက်ရည်နှစ်စက်သည် အိပ်မက်မက်နေစဥ်မှာပင် ကျဆင်းလာခဲ့သည်။


🥰