အပိုင်း ၁၇၀
Viewers 29k

Chapter 170


ထိုအချိန်တွင် ထိပ်တန်းဖက်ရှင်အသိုင်းအဝန်းများကပြောင်းလဲခြင်း ပြုလုပ်နေချိန်တွင် ဖက်ရှင်အသိုင်းဝိုင်းမှ နိုင်ငံခြားအနုပညာရှင်များစွာက ရှအန်းသည် မကြာမီ ဖက်ရှင်နယ်ပယ်တွင် လူကြိုက်အများဆုံး ဖက်ရှင်အနုပညာရှင်ဖြစ်လာတော့မည်ကို အနံ့ခံမိသွားကြသည်။


ပြည်တွင်းသတင်း များတွင် ရှအန်းက variety show တွင် ပါဝင်သည့် ထိပ်တန်းမင်းသမီးအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။


ရှအန်းက ဖက်ရှင်နယ်ပယ်ထဲ လျင်မြန်စွာ  အခြေချလိမ့်မည်ဟု မထင်ခဲ့ကြပေ။


ဖက်ရှင်နယ်ပယ်တွင် အရည်အချင်းနှင့် တောက်ခံအင်အားမရှိပဲ ကြာကြာမရပ်တည်နိုင်ပေ။


" စိတ်အနှောင့်အယှက်ဖြစ်လိုက်တာ တစ်နေကုန်ရှအန်းအကြောင်းတွေကြီးပဲ ... ဒီလူတွေမှာ တခြားအကြောင်းရေးဖို့ မရှိတော့ဘူးလား ..."

လျန့်ကျားရီ အင်တာနက်ပေါ်မှ ရှအန်းအကြောင်းသတင်းများကိုကြည့်ပြီး စိတ်တိုလာသည်။


"ကျားရီကျဲကျဲ စိတ်မဆိုးပါနဲ့ ... ဒီရှအန်းက ခွေးချီးသာသာပဲရှ်ိတာ ကျဲကျဲလောက်တောင်မတော်ဘူး ..."

လက်ထောက်ရှဲ့ယီယီက သူမသူဌေးကိုနှစ်သိမ့်နေသည်။


သူဌေးနှင့်သက်ဆိုင်လာပါက သူမအမြဲတမ်းကံဆိုးသည်။


သူမသည်လည်း ပြည်တွင်းမင်းသမီးများထဲတွင် လှပပြီး သရုပ်ဆောင်ကောင်းသည့် ပထမတန်းစားသရုပ်ဆောင်များထဲတွင် ပါဝင်သည်။


ဒါရိုက်တာဂရေစ့်ရိုက်ကူးမည့် “Return to Earth”၏ အဓိကဇာတ်လိုက် ဂျုန်းနေရာအတွက် ယှဉ်ပြိုင်ခဲ့သည်။ 


ထိုအချိန်က လျန်ကျားရီက ထိုဇာတ်ကောင်နေရာကို ရရှိနိုင်သည့် အလားအလာအရှိဆုံး တရုတ်မင်းသမီးတစ်ယောက်ဖြစ်သည်။


သူမတွင် ကိုယ်ခံပညာရပ်ဆိုင်ရာစွမ်းရည်များမရှိသဖြင့် ဆရာတစ်ယောက်ရှာပြီးနှစ်ဝက်ခန့် သင်ယူခဲ့ရသည်။


သို့ရာတွင် မမျှော်လင့်ပဲ ရှအန်းက ထိုနေရာကို လုသွားသည်။


အကယ်၍ အခြားမင်းသမီးများက ထိုသို့လုပ်သွားပါက အဆင်ပြေသည်။ သို့သော် ထိုလူက သူမနှင့် ဇာတ်လမ်းတွဲရိုက်စဉ်က အရံဇာတ်ကောင်နေရာတွင်သရုပ်ဆောင်ခဲ့သည့် ပန်းအိုးသရုပ်ဆောင်ရှအန်း ဖြစ်နေသည်။


လျန်ကျားရီကို ထိုကိစ္စက စိတ်အနှောင့်အယှက်ပေးနေဆဲဖြစ်သည်။


" အိုး ... ဒါရိုက်တာဂရေစ့်က နာမည်မကြီးပဲ သရုပ်ဆောင်စွမ်းရည်မရှိတဲ့ ကြယ်ပွင့်တွေကိုသုံးတဲ့ လူပြိန်းကြိုက်လုပ်တတ်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်မယ် မထင်ခဲ့မိဘူး ..."

လျန်ကျားရီသရော်လိုက်ပြီး သူမအသံက လှောင်ပြောင်မှုများဖြင့် ပြည့်နေသည်။


" ဟုတ်ပါ့ ... ဒါရိုက်တာဂရေစ့်နဲ့ ရှအန်းတူတူရိုက်တဲ့ ရုပ်ရှင်က သေချာပေါက် ဖလုတ်မှာပဲ ... အရမ်းမစိုးရိမ်ပါနဲ့ အဲ့လိုဖြစ်လာမှာပဲ စောင့်ကြည့်ကြတာပေါ့ ..."


"စကားမစပ် ငါတို့Gucciကို ပိုက်ဆံအများကြီးပေးထားတယ်နော် ... ငါ တရုတ်ရဲ့ brand ambassador ရာထူးကို ငါဘယ်တော့ရမှာလဲ ..."


လျန်ကျားရီ ဤရက်ပိုင်းတွင် Gucciနှင့် အလုပ်တွဲလုပ်နေခြင်းမှာ တရုတ်၏ brand ambassador ရာထူးကို ရလိုသောကြောင့်ဖြစ်သည်။


လတ်တလောတွင် သူမက ကျော်ကြားမှုများ လုံလောက်နေသည်ဟု သတ်မှတ်ခံထားရသည့်အတွက် ယခုအခါ သူမ၏ အရည်အချင်းများကို မြှင့်တင်ရန်အတွက် ဇိမ်ခံဖက်ရှင်အရင်းအမြစ်တစ်ခု လိုအပ်နေပြီဖြစ်သည်။


ထို့ကြောင့် များပြားသော ရုပ်သံလိုင်းနှင့် ရင်းမြစ်များမှတစ်ဆင့် Gucci၏ brand ambassadorနေရာရရန် ကြိုးပမ်းနေသည်။


ထို့အပြင် သူမ၏ခွန်အားဖြင့်ဆိုလျှင် ဖြစ်နိုင်ချေရှိသည်။


မူလက လျန်ကျားရီမှာ brand ambassador နေရာရရန် အလွန်ယုံကြည်မှုရှိနေခဲ့သော်လည်း သူမ၏လက်ထောက် ပြောလိုက်သောစကားမှာ –


" အမ် ... ကျားရီကျဲ ... အစ်မဖန်က ကျဲရုပ်ရှင်ရိုက်နေတုန်း ဖုန်းဆက်တယ် ..."


" ပြောလေ ..."


ရှဲ့ယီယီ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။ လျန်ကျားရီသည်လည်း တစ်စုံတစ်ခု ဆိုးရွားသည် ဖြစ်ပျက်တော့မည်ကို သိရှိနေသည့်အလား အံ့အားသင့်နေသညိ။


" ကျွန်မတို့မှာ ယှဉ်ပြိုင်ရမယ့်သူ ရှိနေတယ် ... အစကတော့ ကျဲနဲ့ပဲ ဆွေးနွေးထားကြတာ ဒါပေမဲ့ ကြည့်ရတာ တစ်စုံတစ်ယောက်က လမ်းလည်ခေါင်မှာ ရွှေတုံးတစ်တုံးကို ချထားလိုက်ပုံပဲ ... Gucciရဲ့ စီနီယာအဖွဲ့ဝင်က တခြားအမျိုးသမီးအနုပညာရှင်နဲ့ပဲ ပူးပေါင်းတော့မယ်လို့ ရည်ရွယ်ထားတယ်တဲ့ ..."


လျန်ကျားရီ ခဏတာအေးခဲသွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

" တခြားအမျိုးသမီးအနုပညာရှင်ဟုတ်လား ... ဒီနိုင်ငံထဲမှာ ငါ့ထက်ပိုပြီး အရည်အချင်းပြည့်မီတဲ့ တခြားအမျိုးသမီးအနုပညာရှင်ရှိသေးတာလား ..."


ရှဲ့ယီယီ ခေါင်းငုံ့ထားမိသည်။ ထိုအချိန်က အစ်မဖန်၏ဖုန်းကို ကိုင်မိသွားသည်ကို နောင်တရနေမိသည်။


မဟုတ်ရင် ဒီလို ဒေါသထွက်ခံရမှာမဟုတ်ဖူး ...


" ဟုတ်ကဲ့ ကျွန်မလည်း အံ့ဩသွားတာ ... ကျားရီကျဲကျဲကလွဲရင် ပြည်တွင်းအမျိုးသမီးအနုပညာရှင်တွေကြားထဲမှာ ဒီ ambassadorနေရာကို ယှဉ်ပြိုင်နိုင်တဲ့ မင်းသမီးကို မစဉ်းစားမိဘူး ..."


" အဲ့ဒါ ယွီစစ်ပေလား ..."


ယွိစစ်ပေက လူသစ်ဖြစ်သော်လည်း သူမ၏ သရုပ်ဆောင်စွမ်းရည်က အလွန်ကောင်းမွန်သည်။ ရုပ်ရှင်ရိုက်ပြီးနောက် သူမ၏ကျော်ကြားမှုက လျန်ကျားရီထက် သာလွန်ခဲ့သည်။


" မဟုတ်ရင် ပိုင်ယွိဝမ်လား ..."


နာမည်အများအပြားကို ပြောပြီးသော်လည်း ထိုလူများက သူမထက်သာသည်သူက လျန်ကျားရီမထင်လိုက်ပေ။


ဒီလူတွေက သူမနောက်ကလေ ...


Gucciကိုရဖို့ သူမဘယ်လောက်ကြိုးစားရဦးမှာလဲ ...


ကြည့်ရတာ မလွယ်ဘူးထင်တယ် ...


နောက်ဆုံးတွင် သူမနောက်ကွယ်မှ ရွှေသခင်ကို တိုက်ရိုက်ပြောပြီး သူမနှင့် ယှဉ်ပြိုင်နေရသည့်လူကို စုံစမ်းခိုင်းလိုက်သည်။


သူမ၏ရွှေသခင်က သူမကို စိတ်မပျက်စေခဲ့ပေ။ သူမ၏Gucci brand ambassador ရာထူးကို လုသွားသည့်လူကို သိလာသည်။


" ဘာ ... ရှအန်း ဟုတ်လား ... လာနောက်နေသလိုပဲ ... တကယ်ပဲ ရှအန်းလား ..."


ထိုနာမည်ကို ထပ်ကြားရလိမ့်မည်ဟု လျန်ကျားရီမထင်ခဲ့မိပေ။


အဲ့ဒီပန်းအိုးသရုပ်ဆောင်ရဲ့နာမည်ကြားရတာ သူမကို စော်ကားနေသလိုပဲ ...


" တကယ်ပဲပေါ့ ... Gucciက ရှအန်းနဲ့ စာချုပ်ချုပ်ပြီးပြီလား ..."


ဖုန်းချပြီးသည့်နောက် လျန်ကျားရီ ကြောင်အအဖြင့်သာ ရပ်နေမိသည်။


ရှအန်းကို သူခိုးမဖြစ်မယ်လို့ မထင်ထားဘူး ...


ပြီးတော့ သူမပိုင်ဆိုင်တဲ့အရာကို လုသွားတာ ဒုတိယအကြိမ်ပဲ ...


" ရှအန်း ရှအန်း ... ဘာလို့ ရှအန်းပဲဖြစ်နေပြန်တာလဲ ..."


လျန်ကျားရီ သူမလက်ထဲကဖုန်းကို ဆောင့်ချလိုက်သည်။ သူမ၏လှပ၍ ညို့အားပြင်းသောမျက်ဝန်းတစ်စုံတွင် ဒေါသဖြင့်ပြည့်နေသည်။


" ကျားရီကျဲ ဒေါသမထွက်ပါနဲ့ ... Gucciမဟုတ်ရင်လည်း တခြားဘရန်းတွေရှိသေးတာပဲ ..."


ရှဲ့ယီယီ၏ အားပေးနှစ်သိမ့်သောစကားမဆုံးမီ လျန်ကျားရီက ဖြတ်ပြောလိုက်သည်။

" မရဘူး ... ငါက Gucciရဲ့ brand ambassador ပဲဖြစ်ချင်တာ ..."


လျန်ကျားရီ နှုတ်ခမ်းကို ဖိကိုက်ထားသည်။ သူမ၏ လှပသောမျက်ဝန်းနက်များတွင် အေးစက်မှုများကို မြင်နေရသည်။


" ရှအန်း နင်က ငါနဲ့တိုက်ခိုက်ချင်တယ်ပေါ့ ... ဘယ်သူနိုင်မလဲ ကြည့်ကြသေးတာပေါ့လေ ..."



သနားစရာကောင်းသောရှအန်းမှာ သူမစာရင်းထဲတွင် ရန်သူအဖြစ်အထည့်ခံလိုက်ရသည်ကို မသိပေ။ သူမဘာမှမလုပ်သော်လည်း အားလုံးက မုန်းတီးနေကြသည်။


သိလျှင်လည်း ရှအန်းက ဂရုမစိုက်မည်မှာ သေချာပေါက်ပင်။


" ရှအန်းကျဲ ကျွန်မရှောင်ဝူကို စစ်တမ်းကောက်ခိုင်းထားတယ် ... ကျွန်မတို့ရဲ့ လိုအပ်ချက်တွေနဲ့မကိုက်ညီတဲ့ brandတွေအများကြီးရှိတယ် ... ဥပမာ Gucciဆိုရင် တခြား brandတွေလောက်မကောင်းဘူး ..."

(စာရေးသူပြောတာနော် ဘာသာပြန်သူနဲ့မဆိုင်ဘူးနော်... (⊙_⊙) )


ရှအန်းက လှည့်ပင်မကြည့်ပဲ ရှုထျန်းထျန်း၏စကားကို ဖြတ်ပြောလိုက်သည်။

" ဒါဆို Gucciကို ပယ်လိုက် ..."


သူမစကားများကို လောလောဆယ် ရှအန်းဂရုမစိုက်နိုင်သေးပေ။


" ထျန်းထျန်း အဲ့ကိစ္စတွေ တို့ကိုလာမမေးပဲ ကိုယ့်ဘာသာဆုံးဖြတ်လိုက်လည်းရတယ် ..."


ရှအန်း၏ လျစ်လျူရှု့ထားမှုကြောင့် သူမ၏နတ်ဘုရားမလေး မည်သည့်ကိစ္စဖြင့် အလုပ်ရှုပ်နေသည်ကို ရှအန်းသိချင်လာသည်။


ယခုနောက်ပိုင်း ကြော်ငြာရိုက်ကူးရသည်များ မရှိသော်လည်း နတ်ဘုရားမလေးက နေ့တိုင်းအလုပ်များနေသည်။


သူမ အပြင်ထွက်လျှင်လည်း လက်ထောက်များကို မခေါ်သွားပေ။


" ရှအန်းကျဲကျဲ ခုနောက်ပိုင်း ဘာတွေလုပ်နေလဲဟင် ..."

နောက်ဆုံးတွင် သူမသိချင်စိတ်ကို မထိန်းနိုင်တော့ပဲ မေးလိုက်မိသည်။


" တို့လား ... ဒီကိုလာ ပြောပြမယ် ... တို့ကုမ္ပဏီဖွင့်တော့မယ်လေ ..."