အပိုင်း ၁၇၁
Viewers 29k

Chapter 171


ရှအန်း  ရှုထျန်းထျန်းကို ပြုံးရင်းကြည့်ပြီး သူမနား လာရန် လက်ဟန်ပြလိုက်သည်။


နာခံမှုရှိသော ရှုထျန်းထျန်းက သူမ၏ နတ်ဘုရားမထံသို့ လျှောက်သွားခဲ့လေသည်။


"ဒီကိုလာ တို့ မင်းကိုပြောပြမယ် ...  တို့မကြာခင်မှာ ကုမ္ပဏီတစ်ခုဖွင့်တော့မယ်လေ...."


ရှုထျန်းထျန်းက သူမကြားလိုက်ရသည်ကို မယုံနိုင်ဖြစ်သွားသည်။


"ကုမ်...ကုမ္ပဏီတစ်ခု စတော့မှာ ပေါ့..."

 ရှုထျန်းထျန်း သူမ၏နားများပင် မယုံနိုင်ဖြစ်ခဲ့ရလေသည်။


သူမက ရှအန်း၏အေးဂျင့် ဖြစ်သော်လည်း သူမ ကုမ္ပဏီအကြောင်း လုံးဝမသိခဲ့ပေ။


ဒါ...ဘယ်တုန်းက ဖြစ်သွားတာလဲ...


ရှုထျန်းထျန်းက သရဲမြင် သလို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။


ရှအန်းလည်း အားရပါးရယ်လိုက်တော့သည်။


သူမရယ်နေသည်ကို မြင်သော ရှုထျန်းထျန်းက သူမ၏နတ်ဘုရားမက သူမကို နောက်ပြောင်နေသည်ဟု ခံစားလိုက်ရသည်။


"ရှအန်းကျဲ...ကျဲညီမ ကို နောက်နေတာလား..."


"ရှုထျန်းထျန်း.... တို့မင်းကို နောက်နေတယ်ထင်လို့လားကွယ်... တို့ ကုမ္ပဏီ တစ်ခုထောင်ဖို့ တကယ်စလုပ်နေတာ...."


သူမ ရှုထျန်းထျန်းကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။


 "ရှုထျန်းထျန်း... ညီမကို အလေးအနက်ထားပြီး ပြောလိုက်မယ်.... ကျဲက ကုမ္ပဏီတစ်ခု စထောင်တော့မယ်....ပြီး တော့ မင်းကိုလည်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ နေရာမှာ ခန့်ဖို့ စီစဉ်ထားတယ်...."


ထိုတစ်ကြိမ် တွင်ရှုထျန်းထျန်း လုံးဝ အံ့သြသွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှ သူမ၏နတ်ဘုရားမက နောက်ပြောင်နေခြင်း မဟုတ်ကြောင်း နောက်ဆုံး၌ သူမ နားလည်သွားခဲ့၍ဖြစ်သည်။ 


သူမက အမှန်တိုင်းပြောနေခဲ့ခြင်းဖြစ်သည်။


သူမ တံတွေးမျိုချလိုက်ပြီး အနည်းငယ် မယုံနိုင်စွာပြောလိုက်သည်။


"ကျဲကိုယ်တိုင် ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ်လိုက်ပါ... ဒါနဲ့ ကျဲ ဘာကုမ္ပဏီ ကိုစထောင်တာလဲ....."


သူမ၏နတ်ဘုရားမက ' ချမ်းသာသော အမျိုးသမီး' ဖြစ်ရုံသာမက ပျင်းရိသော လူတစ်ယောက်လည်းဖြစ်သည်။ သူမက ရှအန်း အဘယ်ကြောင့် ပျင်းရိရသည်ကို သဘောကျကြောင်း နားမလည်ခဲ့ပေ။ သို့သော် ယခုတွင် ရှအန်းက ကုမ္ပဏီတစ်ခုကို စတင်တော့မည်ဖြစ်သည်။


သူမသည် သူမ၏ အသက်မွေးဝမ်းကြောင်း အတွက် အလေးထား ပုံ ရသည်။


သို့သော် နတ်ဘုရားမ၏ လက်ရှိ ပိုင်ဆိုင်မှုဖြင့် သူမက လုပ်ငန်းတစ်ခု စတင်ဖို့ မလိုအပ်ပေ။ နတ်ဘုရားမလေးမှာ စတားတစ်ယောက် ဖြစ်သောကြောင့် လှဲနေရင်းပင် ပိုက်ဆံများကို ရေတွက်နိုင်သည်။


လုပ်ငန်းတစ်ခုကိုစတင်ဖို့ ဘာလို့ ဖိအားများခံပြီး လုပ်နေရသေးတာလဲ....


ရှအန်းတွင် ဘာတွေတွေးနေလဲ သူမ မသိတော့ပေ။


"တို့ စကင်ကဲထုတ်ကုန်ကုမ္ပဏီ ထောင်မလို့.... လက်ရှိထုတ်ကုန်က စကင်ကဲထုတ်ကုန်တွေပဲ...." 

ရှအန်းက ရှုထျန်းထျန်းကို ပြုံးပြရင်း ငြင်သာစွာ ပြောခဲ့သည်။


"ကျဲက အကုန်လုံးကို တစ်ယောက်ထဲလုပ်ခဲ့ပြီးသားပဲ.... ဒါပေမဲ့ အခုတော့ ရှုထျန်းထျန်းဆိုတဲ့ မင်းက ကျဲရဲ့အေးဂျင့်ဖြစ်လာတော့ ဒီအကြောင်းတွေ ပြောပြရမှာပေါ့....  ဒါနဲ့ ကျဲကုမ္ပဏီထောင်တော့မယ်ဆိုတာကို မင်းကလွဲပြီး ငါဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး... ဟန်ယွဲ့ကိုတောင်ပြောဖူးတာမဟုတ်ဘူး.."


ရှထျန်းထျန်း က ရှအန်း၏ စကင်ကဲထုတ်ကုန်ကုမ္ပဏီ ကို စတင်တည်ထောင်ခဲ့သော အကြောင်းကို သူမက လွဲ၍ အခြားသူများကို မပြောရသေးကြောင်း ကြားလိူက်သောအခါ လုံးဝ တုန်လှုပ်သွားခဲ့သည်....။သူမ၏နတ်ဘုရားမလေးက သူကိုယုံကြည်၍ အပျော်လွန်ကာ မျက်ရည်များ ကျလာတော့သည်...။


"ရှအန်းကျဲကျဲ...."


ရှထျန်းထျန်း က အလွန်ထိတ်လန့်သွားပြီး စကားမပြောနိုင်တော့ပေ။ သူမသည် ရှအန်း ကိုကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ အဆုံးတွင် သူမပြောချင်ပါသော ထောင်သောင်းချီသည့် စကားလုံးပေါင်းများစွာက စကားအနည်းငယ်အဖြစ်သာ ပြောင်းသွားလေတော့သည်။


"ရှအန်းကျဲကျဲ စိတ်ချပါ .... ကျဲ ဘာလုပ်လုပ် ညီမ ထောက်ပံ့ပေးမယ်..."


ရှအန်း ပြုံးလိုက်သည်။ ရှထျန်းထျန်း ကဲ့သို့ အေးဂျင့်တစ်ဦးရှိခြင်းသည် အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်သည်။


"ဟူး ...... ကျဲသိပါတယ်... လာ... ကုမ္ပဏီဖွင့်မဲ့ နေ့ကို လာပြီးရွေးကူလှည့်...."

ရှအန်းက ရှုထျန်းထျန်းကိုပြောလိုက်သည်။


စကင်ကဲပစ္စည်း ကုမ္ပဏီသည် ထုတ်ကုန်များကို ဆိုင်များနှင့် ရောင်းဝယ်ရန် အဆင့်သင့်နေကြပြီဖြစ်သည်။အားလုံးအဆင်သင့်ဖြစ်နေကြပြီဖြစ်၍ ရက်ရာဇာနေ့ကို ဖွင့်ပွဲနေ့အဖြစ် ရွေးချယ် ရမည်ဖြစ်သည်။


မစ္စတာကုက သူမအား ကုမ္ပဏီဖွင့်မည့်ရက်ရွေးပေးရန် ဖုန်းရွှေသခင်တစ်ယောက်ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ရှအန်းသည် ရက်ရွေးရန် စိတ်အားထက်သန်နေခဲ့သည်။


ရှထျန်းထျန်း သည် စာအုပ်ထဲမှ ရက်စွဲများကို မြင်သောအခါတွင် တစ်ရက်နေ့ကိုအမြန်ရွေးလိုက်သည်။


"ရှအန်းကျဲ... ညီမကတော့ ဒီနေ့ကြိုက်တယ်..."


ရှအန်း အနည်းငယ် မျက်မှောင် ကြုတ်ရင်း သံသယစိတ်ဖြင့်မေးလိုက်သည်။


"ဘာလို့ အဲ့နေ့ကို ရွေးလိုက်တာလဲ..."


ရှုထျန်းထျန်း ရွေးချယ်သော နေ့သည် ရက်ရာဇာနေ့များတွင် အစောဆုံးနေ့မဟုတမ်ဘဲ နောက်ဆုံးနေ့ ဖြစ်နေသည်။


"ရှအန်းကျဲ... ကိုယ်ပိုင်ကုမ္ပဏီကို ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်...မဖွင့်ခင် ထောက်ခံချက်တွေ လုပ်ငန်းမှတ်ပုံတင်တွေကို မလုပ်သင့်ဘူးလား... ပြီးတော့ တခြားကုမ္ပဏီတွေအတွက် ကြော်ငြာတွေအရင် ရိုက်ပေးသင့်တယ်လေ...."


ရှထျန်းထျန်းက သူမရဲ့နတ်ဘုရားမက  အစောဆုံးနေ့ကို ရွေးချင်သည်ဟု ခန့်မှန်းမိပေသည်။


"အမ်....ကျဲကုမ္ပဏီကိုအရင် ကြော်ငြာပေးလို့ မရဘူးလား..." 


ရှအန်းက မျက်တောင်ခတ်ရင်းပြောလိုက်သည်။ သူမက ကုမ္ပဏီအတွက် ပြောရေးဆိုခွင့် 

ရှိသူဖြစ်ရန်စီစဉ်နေပြီး သူမကိုယ်တိုင် ကြော်ငြာဖို့ စီစဉ်နေတော့သည်။


ထိုသို့ဖြင့် ကုမ္ပဏီ ကို သူမပိုင်ဆိုင်သည်ဟု ဘယ်သူမှ ထင်မည် မဟုတ်ပေ...။


ရှအန်းသည် အတွေးလွန်သွားတော့သည်...။

 တခြားလူတွေက ဘယ်လိုလုပ် သံသယဝင်မှာလဲ....


"ရှအန်းကျဲ.... ကျဲ ဒီကုမ္ပဏီ ကို စထောင်ခဲ့တာကို လူမသိစေချင်ရင်  ကြော်ငြာတွေကိုစောစော ရိုက်သင့်တယ်...."


ရှအန်း၏အေးဂျင့် အနေဖြင့် ရှုထျန်းထျန်းက သူမအတွက် ဆုံးဖြတ်ချက်များစွာ ချခဲ့လေသည်။ သူမသည် ထိုအခြေအနေများအပေါ် အခြေခံ၍ အတွေ့အကြုံများစွာ ရလိုက်တော့သည်။


"ရှအန်းကျဲ..... ကျဲကြော်ငြာပေးနေတာတွေ အားလုံးက ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်း ဇိမ်ခံအမှတ် တံဆိပ်တွေလေ.... ကျဲက လုပ်ငန်းအမှတ်တံဆိပ်တောင်မရသေးဘဲ နာမည်မကြီးသေးတဲ့ ကုမ္ပဏီသေးသေးလေး

အတွက် ကြော်ငြာရိုက်ပေးတယ်ဆိုရင်.... အဲ့တာ သံသယဝင်ရာကောင်းတယ်လေ...."


"ဟုတ်သားပဲ ...ကျဲမေ့သွားတာ..."


ရှအန်းက နားလည်သွားတော့သည်။


" ဟုတ်ပြီ... ရှအန်းကျဲ... အခြားကုမ္ပဏီရဲ့ ထုတ်ကုန် ကြော်ငြာတွေ နဲ့ ပရိုမိုရှင်း ဓာတ်ပုံတွေကို အရင်ဆုံး မြန်မြန်ရိုက်ကြရအောင်..."


စကားပြောပြီးနောက် ရှုထျန်းထျန်း က ထပ်မေးသည်။ 


"ဒါဆို ရှအန်းကျဲ ကြော်ငြာရိုက်ဖို့ ကြော်ငြာကုမ္ပဏီကိုရှာပေးရမလား..."