အပိုင်း ၁၇၂
Viewers 29k

Chapter 172


ရှုထျန်းထျန်းသည် ကြော်ငြာရိုက်ကူးရေးကုမ္ပဏီနှင့် ဓါတ်ပုံဆရာကို လျှင်မြန်စွာဆက်သွယ်ခဲ့သည်။ သို့သော်.. ရှအန်းက တားခဲ့သည်။


"ထျန်းထျန်း... ဒုက္ခခံစရာမလိုဘူးပါဘူး...တို့စဉ်းစားပြီးပြီ...ကြော်ငြာရိုက်တာ ထူးထူးဆန်းဆန်းတွေမလိုဘူးလေ....မျက်နှာကို နေလောင်ကာ ခရင်မ် ပုတ်လိုက်ရုံပဲလေ...."


ရှအန်းက ကြော်ငြာကုမ္ပဏီ၏ငှားရမ်းမှုကို အတွေးထဲပင် မထည့်ချေ။ သူမကိုယ်သူမ မည်သည့် ပကာသနမှမလိုဘဲ ‌အလှကုန်ပစ္စည်းများကိုကောင်းစွာ‌ကြော်ငြာနိုင်မည် ဟုယုံကြည်ထားသည်။


သူမ သူမ၏ကုန်ပစ္စည်းကို သူမကိုယ်တိုင်မြှင့်တင်မည်ဖြစ်သည်။


သူမက ထိုအလှကုန်ပစ္စည်းများပေါ်တွင် မှီခိုစရာမလိုသော်လည်း... နေရာလွတ်မှရေက အသားအရေကို ပိုမိုကောင်းမွန်စေသည်။


၎င်းသည် တခြားနာမည်ကြီး Brand များထက် ပို၍အကျိုးသက်ရောက်မှုရှိသည်။


ဓါတ်ပုံဆရာအတွက်မူ သူမစဉ်းစားပြီးသား ရှိလေသည်။


"  အယ်လန်သာဓါတ်ပုံရိုက်ဖို့ကူညီရင် ကောင်းမှာပဲ.. ဘာပဲဖြစ်ဖြစ်..သူငါ့ကို ဓါတ်ပုံအလကားရိုက်ပေးမယ်လို့ ပြောထားတာလေ.."


ရှအန်းက ရှုထျန်းထျန်းကို ပြုံးပြလိုက်သည်။


ဝက်ကကျားကိုစားသည့်ကစားပွဲတွင် သူမ၏နတ်ဘုရားမကအကောင်းဆုံးကစားသွားခဲ့သည်ကို သူမ သဘောပေါက်လိုက်သည်။


အားလုံးက သူမဘာမှလုပ်စရာမလိုဘဲ ပြီးသွားခဲ့သည်။


လူတစ်ယောက်က အမေရိကန်လိုနိုင်ငံမျိုးတွင် အရည်အချင်းမရှိဘဲ ကုမ္ပဏီတစ်ခုကိုစတင်ရန် မဖြစ်နိုင်ပေ။


သို့သော်


အရေးအကြီးဆုံးကိစ္စများကို ဖြေရှင်းပြီးသော်လည်း..ရှုထျန်းထျန်း စိုးရိမ်နေသေးသည်။


ကုမ္ပဏီတစ်ခုကိုစတင်ရန် ရှအန်း အတွက် ပြသနာမဟုတ်ပေ။


ဘယ်အနုပညာရှင်မှာများ သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးဆိုပြီး ရှိဖူးလို့လဲ....


စကင်ကဲပစ္စည်းကုမ္ပဏီ ဆိုပိုဆိုးပေါ့....


"ရှအန်းကျဲ... ညီမ ကျဲကိုမယုံလို့ပြောတာမဟုတ်ဘူးနော်...ကျဲရဲ့အလှကုန်ပစ္စည်းကအဆင်ပြေတယ်ဆိုတာသေချာလား...ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး လုပ်ရမယ့်လုပ် ထုံးလုပ်နည်းတွေရော ပြီးပြီလား.."


အမှန်မှာ...ရှုထျန်းထျန်းက ရှအန်းကို ဤကုမ္ပဏီနှင့်ပတ်သက်ပြီး မလုပ်စေချင်ခဲ့ပေ။


လူတိုင်း၏အသားအရည်က မတူညီကြပေ။ ဤအလှကုန်ပစ္စည်းနှင့် ပတ်သက်၍ တစ်ခုခုမှားသွားခဲ့ပါလျှင် ပြဿနာဖြစ်လာနိုင်သည်။


အထူးသဖြင့်..တစ်စုံတစ်ယောက်သာ ရှအန်းက ကုမ္ပဏီ၏နောက်ကွယ်ကသူဌေးတစ်ယောက်ဟုသိသွားလျှင် ပို၍ပြဿနာကြီးနိုင်သည်။


"လုပ်ထုံးလုပ်နည်းအားလုံးကိုသေသေချာချာ ပြီးအောင်လုပ်ခဲ့ပါတယ်..."


ရှုထျန်းထျန်း စိုးရိမ်နေသည်ကိုကြည့်ပြီး ရှအန်းက အကောင်းဆုံးယုံကြည်ရလောက်သောလိမ်ညာမှုတစ်ခုကို ပြတ်ပြတ်သားသားပြောရန် ဆုံးဖြတ်ခဲ့သည်.။


"တို့ရဲ့ အသားအရည်ကိုကြည့်လေ.... အဆင်ပြေမနေဘူးလား...."


ရှအန်းက မိတ်ကပ်မပါသောသူမ၏မျက်နှာကိုညွှန်ပြခဲ့သည်။


သူမ၏ မျက်နှာလေးက အကြိမ်ပေါင်းများစွာကြည့်ခဲ့ပြီးလျှင်တောင် နေ့တိုင်းကြည့်ချင်နေဆဲ ဖြစ်စေသည့် ပုံလေးဖြစ်သည်။ ရှုထျန်းထျန်းက အရမ်းစိတ်ဝင်စားသွားခဲ့သည်။


"ဟုတ်သားပဲ...ရှအန်းကျဲ.. ကျဲရဲ့အသားအရည်က ကလေးတစ်ယောက်ထက်ပိုနူးညံ့တယ်.. ညီမဖြင့် ကျဲလောက်အသားအရည်ကောင်းတဲ့သူ တစ်ခါမှမတွေ့ဖူးဘူး...."

 ရှုထျန်းထျန်းက ခေါင်းညိမ့်ခဲ့သည်။


သူမက ဖျော်ဖြေရေးလုပ်ငန်းတွင် အလွန်ကျွမ်းကျင်သော မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး...အနုပညာရှင်အမျိုးမျိုးနှင့် ကြုံခဲ့ဖူးသည်။


သူမက ပြည်တွင်းပြည်ပအနုပညာရှင်များလည်းမြင်ဖူးသည်။


သို့သော်...ရှအန်းထက်အသားအရည်လှသောသူကိုမတွေ့ဖူးပေ။


ကြော်ငြာရိုက်ကူးရေးများတွင်..လူအများစုက သူမကို သူမ၏အသားအရည်အံ့မခန်းအောင်လှကြောင်း မကြာခဏ ပြောခဲ့ကြသည်။


ထို့အပြင်...လူအများစုက ရှအန်းကို အသားအရည်ဘယ်လိုထိန်းသိမ်းတာလဲ....ဘာအလှကုန်ပစ္စည်းသုံးတာလဲ....ဘာတွေစားတာလဲ.....ဟူ၍မေးလေ့ရှိကြသည်။


 သူမ၏နတ်ဘုရားမက မည်သည့်ထူးခြား‌သောအလှကုန်ပစ္စည်းမှ သုံးသည်ကိုမမြင်ဖူးကြောင်း ဘုရားသခင်သိသည်။


သူမ၏ မိတ်ကပ်စားပွဲပေါ်တွင် မည်သည့်အလှကုန်ပစ္စည်းမှ မတွေ့ပေ။


အကယ်၍ သူမ မည်သည့်အလှကုန်ပစ္စည်းမှမသုံးဘဲ ...နေ့တိုင်း အာဟာရမမြောက်သောအစားအစာများကိုစားသည်ဟု ‌ ဖြေခဲ့လျှင် ထိုသူများက သူမကိုသတ်ကြလိမ့်မည်။


ရှုထျန်းထျန်း မျက်လုံးပြူးသွားသည်။


အာ...နတ်ဘုရားမရဲ့ မိတ်ကပ်စားပွဲပေါ်မှအလှကုန်ပစ္စည်းများက သူမရဲ့ဟာတွေ မဟုတ်ဘူးလား....


ရှုထျန်ထျန်က အတွေးထဲတွင်ခဏတာပျောက်ဆုံးနေချိန် ရှအန်းက သူမ၏ပခုံးကိုပုတ်၍ပြောလိုက်သည်။


 "ခဏစောင့်ဦးနော်...ညီမကိုပေးစရာရှိတယ်.."


ရှအန်းက အိပ်ခန်းထဲမှထွက်သွားခဲ့သည်။ ထို့နောက် သူမက တံဆိပ်တပ်မထားသောအလှကုန်ပုလင်းလေးတစ်ခုကိုယူလာခဲ့သည်။


ရှုထျန်ထျန်က သူမကိုကြောင်တောင်တောင်ကြည့်ခဲ့သည်။


"ဒါ ကျဲသုံးနေတဲ့ ဒီပြည်တွင်းဖြစ်အလှကုန်ပစ္စည်းတွေပဲ.... ကျဲအနာဂတ်ကုမ္ပဏီရဲ့ ထုတ်ကုန်ဆိုလည်းဟုတ်တယ်...ကျဲအသားအရည်က အရမ်းကောင်းနေတယ်လို့နင်မထင်ဘူးလား...ကျဲအလှကုန်ပစ္စည်းနဲ့ပတ်သက်ပြီးဘယ်သူ့မှာပြဿနာရှိဦးမှာလဲ....ဒါကိုရောင်းဖို့ ခက်ခဲဦးမှာလား..."


ရှုထျန်ထျန်က ပုလင်းများကိုသူမ၏လက်ထဲတွင် ထွေးပွေ့လိုက်သည်။


သူမ၏လက်ထဲရှိ ပုလင်းနှင့်ဖန်ခွက်သေးသေးလေးများအားကြည့်ရင်း.....သူမ၏လက်ဖဝါးများသည် အရမ်းပူလာသည် ဟုခံစားနေ သည်။


ဘယ်မိန်းကလေးက သူတို့ရဲ့အသားအရည်ကောင်းမွန်မှုကိုမလိုချင်ဘဲရှိမှာလဲ.....


အလှကုန်ပစ္စည်းများက ဈေးကြီးသော်လည်း ဝယ်သူများကရှိနေဆဲဖြစ်သည်။


သူမက ဤကုမ္ပဏီနှင့်ပက်သတ်၍ လုံးဝစိုးရိမ်မှုမရှိတော့ပေ။


အဘယ်ကြောင့်ဆိုသော်...ရှအန်း၏မျက်နှာသည် အကောင်းဆုံးသက်သေဖြစ်သည်။ ဤကုမ္ပဏီက အလှကုန်လုပ်ငန်းမှာလုံးဝအောင်မြင်လာမည်ဖြစ်သည်။


"ကျဲမှာ ဘာကုန်ပစ္စည်းမှမရှိတော့ဘူး.. ကုမ္ပဏီ ကလူတွေကို မနက်ဖြန် ကုန်ပစ္စည်း တချို့လာပို့ဖို့ပြောလိုက်မယ်...ပြီးတော့ ရှောင်းဝူကိုပို့လိုက်မယ် ပြီးမှသူတို့ကိုတစ်ယောက်စီပေးလိုက်...."


သူမအဖွဲ့မှ လက်ထောက်များက သူမအပေါ် သစ္စာရှိ၍ သူမ ထိုသူများကို ရက်ရက်ရောရောပေးကမ်းဆက်ဆံရမည်ဖြစ်သည်။


သူတို့၏လစာမှာပုံမှန်ထက်များအောင် မပေးထားသော်လည်း သူတို့အားကောင်းမွန်စွာဆက်ဆံပေးသည်။ သူတို့ အားလုံးက လုပ်နိုင်စွမ်းကိုယ်စီရှိကြသည်။


"ကောင်းပြီ..ငါနားလည်ပြီး...ကျေးဇူးပဲ ရှအန်း..."


ရှုထျန်းထျန်းသည် ရှအန်းက လက်ထောက်တစ်ယောက်ချင်းဆီကို အလှကုန်ပစ္စည်းတစ်စုံဆီပေးမည်ဟု ကြားသောအခါ သူမ၏မျက်နှာတွင် ပျော်ရွှင်သောအပြုံးများချက်ချင်းပေါ်လာသည်။


သူမ၏ကုမ္ပဏီကိုဖွင့်ခဲ့သောနတ်ဘုရားမသည် သူမအတွက် ကုန်ပစ္စည်းများကိုယူဆောင်ပေးလိမ့်မည်။ သူမက နတ်ဘုရားမလေး၏ စီးပွားရေးကိုကူညီပေးသင့်သည်။


သူမ၏နတ်ဘုရားမက ချမ်းသာသော်လည်း  သူမဘက်က ကုန်ပစ္စည်းများကိုဝယ်၍ နတ်ဘုရားမကို ကူညီချင်နေဆဲဖြစ်သည်။


"ရှအန်းကျဲကျဲ...အဲ့ဒီအလှကုန်ပစ္စည်းတွေရဲ့ဈေးကတော်တော်ကြီးမှာပဲနော်...ဟုတ်တယ်မို့လား...အဲ့ပစ္စည်းတွေဈေးကွက်ထဲရောက်လာရင် ဆိုင်သွားပြီးဝယ်မယ်...အဲ့ဒါက ပိုပြီးအခွင့်သာနိုင်တယ်...."


သူမ၏နတ်ဘုရားမအသားအရည်ကအလွန်ကောင်းသောကြောင့် ဒီအလှကုန်ပစ္စည်းတွေက ဈေးကြီးမှာ သေချာသည်.


"ဈေးမကြီးပါဘူး...ယွမ် ၁၀၀၀အထက်လောက်ပဲရှိမယ်...."


၎င်းသည် နေရာလွတ်မှရေ၏ အသွင်ဆောင်မှုတစ်ခုဖြစ်သည်။ ထို့အပြင်..အလှကုန်ပစ္စည်း၏အားပျော့သောပထမမျိုးဆက်သစ်အဖြစ်ယူဆနိုင်သည်။


ထို့ကြောင့်..သူမ ထိုပစ္စည်း၏ဈေးကို မြှင့်မထားခြင်းဖြစ်သည်။


ရှအန်းက သူမ၏အလှကုန်ပစ္စည်းများကို  အမြင့်ဆုံးအလှကုန်ပစ္စည်းအဖြစ်နေရာယူပေးနိုင်သည်။


"ဒါက ဈေးကြီးတယ်ဆိုရင်တောင်...ညီမကကျဲလုပ်ဖော်ကိုင်ဖက်ပဲလေ... တစ်လျှောက်လုံးကျဲကို စောင့်ရှောက်ခဲ့တာပဲ...အနည်းဆုံးတော့ ကျဲဘက်က ဒါလေးကိုပေးနိုင်ပါသေးတယ်.."


ရှအန်း ဤငြိမ်းချမ်းသော ကမ္ဘာထဲသို့ ဝင်ပြီးသည့်နောက်တွင် သူမ၏ ပုဂ္ဂိုလ်ရေးနှင့်IQများက ပိုကောင်းလာသည်။ သူမ၏စကားလုံးများနှင့် လုပ်ဆောင်မှုများက ပို၍နွေးထွေးလာသည်။


ထို့ကြောင့်..ရှုထျန်းထျန်းနှင့် လက်ပွန်းတတီးနေလာသည်။ ထို့ကြောင့်လည်း ရှုထျန်းထျန်းကလည်း ရှအန်းအတွက် ကြိုးကြိုးစားစားလုပ်ဆောင်ပေးခဲ့သည်။