အပိုင်း ၁၇၃
Viewers 29k

Chapter 173


တစ်ချိန်တည်းမှာပင်..ရှုထျန်းထျန်းတွင် ရှအန်းအတွက် အခြားလက်ထောက် ၁၁ယောက်အား ဦး‌ဆောင်ပေးရန် အခွင့်အာဏာရှိနေသည်။


ရှအန်း၏စကားများကို ထိုလက်ထောက်များထံ လက်ဆင့်ကမ်းပြီးနောက်တွင် လူတိုင်းက ရှုထျန်းထျန်းကဲ့သို့ ကြိုးကြိုးစားစား လုပ်ကိုင်ကြလေသည်။


အားလုံးက ရှအန်းအတွက် စိတ်အားထက်သန်စွာ အလုပ်ကြိုးစားကြသည်။ ဤက သူတို့၏နတ်ဘုရားမအတွက် လုံလောက်သောပေးဆပ်မှု မဟုတ်သေးပေ။ နတ်ဘုရားမက သူတို့ကို လစာကောင်းကောင်းပေးခဲ့သည်။


သူတို့၏စားဝတ်နေရေးအတွက် နတ်ဘုရားမက အားလုံးထောက်ပံ့ပေးခဲ့သည်။ထို့အပြင်.. လစာမှာလည်း ၄င်းတို့နှင့်အဆင့်တူများထက်ပိုရသည်။


ယခု..သူတို့၏နတ်ဘုရားမက သူတို့ကို ပို၍အသုံးပြုရလွယ်ကူသောအလှကုန်ပစ္စည်းကိုပေးချင်နေသေးသည်။ထို့ကြောင့်  လူတိုင်း၏ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်နေသော အခြေအနေအောက်တွင် ရှအန်း၏အောင်မြင်မှုမှာ တဟုန်ထိုး တိုးတက်လာခဲ့သည်။


ရှအန်း သူမ၏ကိုယ်ပိုင်ကုမ္ပဏီအတွက် အလှကုန်ပစ္စည်းထောက်ခံချက်ကြော်ငြာရိုက်ရန် အချိန်အများကြီးရှိသည်။


ရှအန်းက အလှကုန်ပစ္စည်းကြော်ငြာရန်အတွက် မည်သည့်ကြော်ငြာရိုက်ကူးရေးကုမ္ပဏီကိုမှ မငှားခဲ့ပေ။


သူမ၏ကိုယ်ပိုင်အတွေးဖြင့် ရိုးရှင်းလှသော ထောက်ခံချက် ကြော်ငြာလေးကို ရိုက်ကူးခဲ့သည်။ ဘာမှထူးထူးခြားခြားမရှိပေ။


သူမတို့က အဆင့်မြင့်ရုပ်ကြည်လင်ပြတ်သားသော ကင်မရာကိုသာသုံးခဲ့သည်။မည်သည့်filtersမှမသုံးပေ။


ထို့နောက် သူမ၏မျက်နှာကို‌ သန့်စင်ရာတွင် အနီးကပ်ဗီဒီယိုကို ရိုက်ခဲ့သည်။ သူမက ကင်မရာတွင်သူမ၏သဘာဝအလှကိုမြင်သာအောင်ပြသခဲ့သည်။


သို့သော်..မည်သည့်ကင်မရာအဖက်မှ မသုံးသော်လည်း ထုတ်လုပ်ပြီးသောအလှကုန်ပစ္စည်းများကို သုံးထားသည်ဟုထင်ရလောက်အောင် ရှအန်း၏အသားအရည်က လှပနေသည်။


ကုန်ပစ္စည်းထောက်ခံချက်ကြော်ငြာများနှင့်နှိုင်းယှဥ်လျှင် သူမ၏ကုန်ပစ္စည်းကြော်ငြာဓာတ်ပုံများသည် ပို၍ လှပပြီး ဆန်းပြားသည်။


ကုန်ပစ္စည်းကြော်ငြာဓာတ်ပုံများကို နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွင်ဆုရရှိခဲ့သော ဓာတ်ပုံဆရာ အယ်လန်ကိုယ်တိုင်ရိုက်ကူးပေးခဲ့သည်။ထို့ကြောင့်..ထောက်ခံချက်ကြော်ငြာဗီဒီယိုနှင့် ကုန်ပစ္စည်းထောက်ခံချက်ဓာတ်ပုံများသည် လုံးဝကွဲပြားနေသည်။


အဆုံးမှာ..ရလဒ်က အံ့သြစရာဖြစ်သည်။


ရှအန်း၏ကုန်ပစ္စည်းထောက်ခံချက်ဗီဒီယိုနှင့် ဓာတ်ပုံများပြီး၍ အပြင်အဆင်များအလုံးစုံဖန်တီးပြီးသောအခါ..ရှအန်း၏ ယခင်ကရိုက်ကူးခဲ့သောကြော်ငြာများသည် TV နှင့် လမ်းဘေးကြော်ငြာဆိုင်းဘုတ်များတွင်ပေါ်ထွက်လာခဲ့သည်။


ထိုကြော်ငြာများက ယခင်ကတည်းက ရိုက်ကူးထားသောကြောင့် အဆင့်မြင့် ဇိမ်ခံတံဆိပ်များမဟုတ်ကြပေ။ ၎င်းတို့ထဲတွင် အကောင်းစားတံဆိပ်ဖြစ်ပါခဲ့လျှင်ပင် သူမက ပြောရေးဆိုခွင့်ရှိသူတစ်ယောက်မဟုတ်ခဲ့ပါ။ သာမန်ကြော်ငြာတစ်ခု ရိုက်ကူးပေးရုံသာ ဖြစ်လေသည်။


မကြာမီတွင် အမေရိကန်၏ကြော်ငြာနှင့်တီဗီဖန်သားပြင်ပေါ်၌ရှအန်း၏ပုံရိပ်များက လွှမ်းမိုးခဲ့သည်။


ကြော်ငြာတစ်ခုချင်းစီတွင် ဖိနပ်၊အဝတ်အစား၊မျက်မှန် စသဖြင့် ထပ်နေခြင်းမရှိပေ။ကြော်ငြာတစ်ခုခြင်းစီ၏ပုံရိပ်များသည် ကွဲပြားကြသည်။


အေးစက်စက်နိုင်သော၊ နူးညံ့သိမ်မွေ့သော၊ချစ်စရာကောင်းသော၊ အပျိုဖော်ဝင်စအရွယ် စသည်ဖြင့် အမျိုးမျိုးသောပုံစံများကို တွေ့မြင်ခြင်းအားဖြင့်  ရှအန်းသည်သူမ၏ရောင်ဝါလက္ခဏာကိုပြောင်းလဲနိုင်သော နတ်သမီးတစ်ပါးဖြစ်ခဲ့ကြောင်း အားလုံးကို ပြန်လည်သိရှိစေခဲ့သည်။


[Angelက မြင်ဖူးသမျှထဲမှာ စွယ်စုံအရဆုံးသူပဲ...အဲ့အပြင် သူမက အရမ်းကို လှတာ..]


[Angel ကြော်ငြာပေးတဲ့ ကုန်ပစ္စည်း၏တန်ဖိုးတိုင်းက နာမည်ကျော်သွားတာ ...သူမကလေ အာရှတိုက်ရဲ့ မှော်ဆန်လွန်းလှတဲ့ နတ်သမီးတစ်ပါးပဲ..]


[ဘုရားရေ.. Angel ကြော်ငြာပေးတဲ့ကုန်ပစ္စည်းတွေက အရမ်းလှပါလား....ငါ့အခန်းဖော်တွေတောင်အဲ့ဒါကိုဝယ်ဖို့လုပ်နေပြီ...]


[Angelက ငါ့ကို နေ့တိုင်း နှုတ်ဆက်နေတယ်လို့ခံစားရတယ်....ဘုရားရေ..ငါအမြဲတမ်းပျော်တာပဲရော....Agel နောက်ထပ်ကြော်ငြာတွေရိုက်နိုင်ပါစေလို့ ငါမျှော်လင့်မိတယ်...]


["Return to Earth" မပြခင် ငါ အဲ့ဒီ့ကြော်ငြာတွေကိုပဲ ကြည့်ခဲ့ရတာ... ]


[ငါ့ရဲ့အဖွားနဲ့အမေကAngel ကိုအရမ်းကြိုက်တယ်....သူတို့က Angel ကိုအရုပ်လေးတစ်ရုပ်လို အရမ်းလှတယ်လို့ တောင်ပြောကြသေးတယ်...]


ရှအန်း၏ကြော်ငြာများကို တရုတ်ရုပ်သံလိုင်း အမေရိကန်ရုပ်သံလိုင်းလောက် ပေါ်လွင်အောင် မပြသသော်လည်း တရုတ်၌ပြသသောအခါ netizens များက ချက်ချင်းပွက်လောရိုက်ကြသည်။


၄င်းက ရှအန်းကို တရုတ်နိုင်ငံမီဒီယာများက အချ်ိန်ကြာပိတ်ပင်ထားမည်မဟုတ်ကြောင်း သက်သေပြနေသည်။


ရှအန်းက နိုင်ငံ၏ နာမည်အကြီးဆုံး အရက်တံဆိပ်အတွက် ကြော်ညာရိုက်နေသည်။ ထို့ပြင် တစ်ချိန်တည်းမှာပင်  ၄င်းသည် ဘီယာအမျိုးအစား၏ ထိပ်ဆုံး၌ရှိသောထုတ်ကုန်တစ်ခုအတွက် ထောက်ခံချက်ဖြစ်လာခဲ့သည်။


ကျက်သရေရှိသော ပုံပန်းသဏ္ဌာန်၊ နူးညံ့၍လှပသော အင်္ဂါရပ်၊ ဖြူဖွေး၍ ချောမွေ့သောအသားအရေ စသည့် သူမ၏တရုတ်စတိုင်သည် အားလုံးအပေါ် ဆွဲဆောင်မှုရှိစေခဲ့သည်။


၎င်းသည် သူတို့အရင်ကမတွေ့ဖူးသော ရှအန်းပင်ဖြစ်သည်။ရှအန်းက ချောင်းဆမ် ဝတ်ထားရုံဖြင့် ဤမျှလှပနေလိမ့်မည်ဟု မည်သူမျှထင်မထားခဲ့ပေ။သူမကိုကြည့်ရသည်မှာ ကျော့မော့လှပနေလေသည်။ အရက်ပုလင်းကိုနွဲ့နှောင်းစွာလှမ်းယူလိုက်သောအခါတွင် ရှအန်းက ရဲရဲဆွေးနေပြီး အလွန်အရသာရှိသော ဝိုင်တစ်ခွက်ကဲ့သို့ဆွဲဆောင်မှုရှိနေသည်။


[ဒီနေ့ကစပြီး ငါရှအန်းရဲ့ fan girlဖြစ်သွားပြီ..... ချောင်းဆမ် လေးနဲ့အရမ်းလှနေတဲ့ရှအန်းက ရိုးရိုးလေးနဲ့ကို ဖမ်းစားနိုင်စွမ်းရှိတာပဲ..]


[မိန်းကလေးတစ်ယောက်အနေနဲ့ ငါရှအန်းကိုအရမ်းကြိုက်တယ်.... ဘယ်သူက ချောင်းဆမ် ဝတ်စုံကို အဲ့လောက်လှပအောင်ဝတ်ဆင်နိုင်မှာလဲလို့...]


[ရှအန်းက အရင်ကတည်းကလှတာပါ...... ဒါပေမဲ့ ဒီယမကာကြော်ငြာမှာပိုလှသလိုပဲ....သူမရဲ့မျက်နှာတင်မကဘူး သူမရဲ့ပင်ကိုယ်ပြောင်းလဲမှုလေးကပါ လှပနေတာ...]


[ငါတို့ ရှအန်းရဲ့ ကြော်ငြာတွေကို တရုတ်ရုပ်သံလိုင်းမှာတွေ့နေရပြီပဲ.... ဒါက ရှအန်းကိုပိတ်ပင်ထားတာ အဆုံးသတ်သွားပြီဆိုတဲ့ သဘောလား....ရှအန်းက မကြာခင် တရုတ်ကိုပြန်တော့မှာလား..]


ရှုထျန်းထျန်းက ရှအန်းအတွက် တရုတ်နိုင်ငံမှ ကြော်ငြာတစ်ခုတည်းကိုသာ ရွေးချယ်ပေးခဲ့သော်လည်း ထိုကြော်ငြာတွင် ရှအန်း၏ ချောင်းဆမ်ဝတ်ထားပုံလေးက တရုတ်လူမျိုးအားလုံးကို ဆွဲဆောင်သွားခဲ့သည်။


ပြည်တွင်းမှတုန့်ပြန်ချက်များသည် ပြည်ပထက်ပို၍အားကောင်းလာသည်။ထိုနေ့မှာပင် ထိုအရက်ကြော်ငြာက ရှာဖွေမှုအများဆုံးဖြစ်လာခဲ့သည်။ရှအန်းကြော်ငြာသော အရက်က ကြေညာပြီးနောက်နေ့တွင်ရောင်းအားကောင်းလာခဲ့သည်။နောက်နေ့တွင် ရှအန်းကြော်ငြာပေးခဲ့သော အရက်ဖြူအားလုံး ရောင်းကုန်လုနီးပါးဖြစ်ခဲ့သည်။


၃ရက်၄ရက်နေ့မြောက်မတိုင်မီ စျေးကွက်တွင် ထို အရက်ရောင်းရန်မရှိတော့ပေ။ ထိုအရာကပြဿနာမဟုတ်ပဲ တကယ့်ပြဿနာမှာ မူလကစျေးကြီးသော အရက်က ပို၍စျေးကြီးလာနိုင်ချေရှိလာ၍ဖြစ်သည်။


သို့သော် လူများက ပို၍ဝယ်ချင်နေဆဲဖြစ်သည်။


၄င်းက အရက်ထုတ်လုပ်ရေးတွင်အံ့အားသင့်စရာတစ်ခုပင်ဖြစ်သည်။ ယခင်က သူတို့ဘက်က ရှအန်းကို လစာများများဖြင့် ငှားရန်သဘောမတူခဲ့ကြပေ။ 


ကြော်ငြာရိုက်ချင်လျှင် အမေရိကန်သို့သွား၍ ရှအန်းကို ကြော်ငြာရိုက်ရန် တောင်းဆိုဖို့လိုအပ်လာသည်။ တစ်စုံတစ်ယောက်၏အပြင်းအထန်တောင်းဆိုမှုသာမရှိခဲ့လျှင် သူတို့သည်ထိုဟာသဆန်သော တောင်းဆိုမှုကို သဘောမတူခဲ့လျှင် ရှအန်း၏ကြော်ငြာများလည်းရှိလာမည်မဟုတ်ပေ။


ယခု သူတို့က ရှအန်းကြော်ငြာထားပါသော အရက်၏ ရောင်းအားတက်မှုများကို ကြည့်နေကြသည်။ သူတို့ ရှအန်းနှင့်စာချုပ်ချုပ်ခဲ့ခြင်းမှာ ကံကောင်းခြင်းဖြစ်သည်။


စီးပွားရေးသမားတစ်ယောက်က ဘာကိုတန်ဖိုးအထားဆုံးလဲ.....


ဆယ်လီတွေ သူတို့ရဲ့ ကုန်ပစ္စည်းအပေါ် ရောင်းအားတက်စေမှုကိုသာဖြစ်သည်။


အနုပညာရှင်များ၏ ကြော်ငြာနိုင်မှုစွမ်းရည်သည် ၄င်းတို့၏ပြောရေးဆိုခွင့်ရှိသောပုံရိပ်ကိုထင်ဟပ်စေသည်။


ယနေ့ခေတ်တွင် မည်သူမဆို ပရိသတ်များရှိသည်။ ကျော်ကြားကြသည်။ ကြော်ငြာများလည်းရိုက်ကြရသည်။


သို့သော် ဇာတ်ကောင်တွေအတွက်မူ လုံးဝ ကိစ္စမရှိပေ။


"ရှောင်လီ...မစ္စရှအန်းရဲ့အေးဂျင့်ကို အမြန်ဆက်သွယ်...ဒီအချိန်မှာ ငါတို့ကုန်ပစ္စည်းတွေအတွက် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အဖြစ် မစ္စရှအန်းကို လိုအပ်တယ်...တခြားအဖွဲ့တွေက အခြေအနေကိုဘယ်လိုပဲကန့်ကွက်ပါစေ ကိစ္စမရှိဘူး..ငါသူတို့နဲ့ရင်ဆိုင်မယ်...မစ္စရှအန်းနဲ့လက်မှတ်ထိုးဖို့သာ သေချာအောင်လုပ်...."