အပိုင်း ၁၇၄
Viewers 29k

Chapter 174


သို့သော်.. ဝိုင်လုပ်ငန်း၏ စီစဉ်သူရာထူးအား ရှအန်းကိုပေးရန် ဆုံးဖြတ်လိုက်သောအခါ အခြားပြည်တွင်းစီးပွားရေးလုပ်ငန်းများလည်း ရှအန်းနှင့်လက်မှတ်ထိုးရန် မမျှော်လင့်ရဲတော့ပေ။


ရှအန်းထောက်ခံကြော်ညာထားသော အရက်၏ရူးသွားစေလောက်သော ရောင်းအားတက်မှုကိုမြင်ပြီးသည့်နောက် သူတို့သည် ရှအန်း၏လုပ်ဆောင်နိုင်သောအကျိုးအမြတ်ကို သိရှိသွားခဲ့သည်။


ပူးပေါင်းဆောင်ရွက်မှုအတွက် အမေရိကန်သို့သွားကာ ရိုက်ကူးရေးလုပ်ရန် ပြောစဉ်အခါက သူတို့သည် သွားရန် ဝန်လေးနေကြသည်။ယခု သူတို့သည် ဆုံးရှုံးသွားသောထိုအခွင့်အရေးအတွက် ဝမ်းနည်းနေကြသည်။


ယခု.. အရင်က ရှအန်းအားအထင်သေးစွာဆက်ဆံခဲ့သောထို လုပ်ငန်းရှင်များကလည်း အချိုးများပြောင်းလဲကုန်ကြသည်။ ယခုတွင် သူတို့အားလုံး အမေရိကန်သို့သွားကာ ရှုထျန်းထျန်းနှင့်မျင်နှာချင်းဆိုင်ဆွေးနွေးရန် တောင်းဆိုလာကြသည်။


ထို့ကြောင့်.. Return to Earth ၏အစတွင် ရှအန်း၏ကြော်ငြာများထွက်လာသောအခါ ၎င်းသည် ပြိုင်စံရှားဖြစ်လာသည်။နောက်ထပ်ကြော်ငြာများလည်း တွေ့လာသည်။ 


ထိုအချိန်တွင် ၎င်းတို့က သာမန်ကြော်ငြာထောက်ခံချက်များ မဟုတ်ကြတော့ပေ။


စီးပွားရေးသမားများက အဓိကပြောရေးဆိုခွင့်ရှိသူအဖြစ် စာချုပ်ချုပ်ရန်ကမ်းလှမ်းလာကြသည်။


အထူးသဖြင့် ပြည်တွင်းနာမည်ကြီးလုပ်ငန်းရှင်ကြီးများက ရှအန်းအား ၎င်းတို့အမှတ်တံဆိပ်၏ပြောရေးဆိုခွင့်ရှိသူအဖြစ်လက်တွဲလုပ်ဆောင်ရန် ဆန္ဒစောလာကြသည်။


ရှအန်းက ထိုခေါင်းရှုပ်စရာပြဿနာကို မဖြေရှင်းပေ။


သူမ၏ ဘဝကိုကြော်ငြာများရိုက်ရင်း ပျော်ရွှင်နေခဲ့သည်။


တရုတ်တွင်...


လျန့်ကျားရီသည် အင်တာနက်မှ ရှအန်း၏ ချောင်းဆမ်ဝတ်ထားသောပုံများကို မြင်သောအခါ မနာလိုလွန်း၍ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိသည်။ 


သူမ ဝန်မခံရဲသော်လည်း ရှအန်း၏ကိုယ်နေဟန်ထားက လှပကြောင်း သိပေသည်။ 


" ရှဲ့ယီယီ  ငါလည်းချောင်းဆမ်ဝတ်ပြီး ဓါတ်ပုံ့ရိုက်ဖူးတယ်မို့လား...."


ရှအန်းကို ပြိုင်ဖက်အဖြစ်သဘောထားနေသော လျန့်ကျားရီကရှအန်း နှင့် နှိုင်းယှဉ်ချင်သေးသည်။


သူမက ရှအန်းကဲ့သို့ကြည့်မကောင်းသော်လည်း သူမ၏ပုံပန်းသဏ္ဌာန်နှင့် ပင်ကိုလက္ခဏာမှာရှအန်းထက်သာသည်ဟုခံစားရသည်။


အထူးသဖြင့် သူမသည် ရှအန်းထက်မိန်းမပိုဆန်သည်။


လက်ထောက် ရှဲ့ယီယီသည်  ရှအန်း၏ပုံကို မနာလိုစွာကြည့်နေသော သူမ၏သူဋ္ဌေးကိုကြည့်ရင်း မျှော်လင့်ချက်မဲ့စွာ သက်ပြင်းချလိုက်သည်။


သူဋ္ဌေးတွင် ကျောထောက်နော်ခံကောင်းကောင်းရှိသည်။ အထူးသဖြင့် သူမက ရှအန်းနှင့်မတူပဲ သူမတွင် အလွန်ချမ်းသာသော ရွှေပေါင်လုံးကြီးရှိသည်။ ထို့ကြောင့် သူမ၏အနာဂတ်က တောက်ပလျက်ရှိသည်။


ဒါကိုတောင် ဘာကြောင့် ရှအန်းနဲ့ သူမကိုယ်သူမ နှိုင်းယှဉ်နေရတာလဲ...


"ကျားရီကျဲ... ကျဲက တရုတ်ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့တယ်လေ.... ဒါကြောင့် ချောင်းဆမ် ဝတ်ပြီးလည်းကားရိုက်ခဲ့ရတယ်... ပြီးတော့..အင်တာနက်သုံးစွဲသူတွေက ချောင်းဆမ်ဝတ်ဖို့ အသင့်တော်ဆုံးအမျိုးသမီး အနုပညာရှင်အဖြစ် ရွေးချယ်ခဲ့ကြတယ်လေ...."


ရှဲ့ယီယီ၏စကားကို ကြားပြီးနောက် လျန့်ကျားရီ အတော်လေးစိတ်သက်သာရာရခဲ့သည်။


ထို့နောက်..သူမက နောက်တစ်ဖန် စဉ်းစား၍မေးပြန်သည်။


"ကောင်းပြီ.. ရုပ်ရှင်ရိုက်ဖို့က ဘယ်အချိန်လဲ...အစ်မဖန့်က ထပ်ခေါ်ပြီလား.."


မကြာသေးမီကမှ သူမသည် သူမ၏အေးဂျင့် အမဖန့်၏ဖုန်းကို မျှော်နေပြီး ဖုန်းမလာသောကြောင့် သူမ စိတ်ပျက်နေသည်။


"ကျားရီကျဲ.... ညီမ ကျဲကိုအခုပဲပြောတော့မလို့....." 

ရှဲ့ယီယီက ပြောလိုက်သည်။


"အမဖန့်က ဘာပြောလဲ..."


"အမဖန့်က ဘာမှမပြောပါဘူး.....သူမက အမရုပ်ရှင်ရိုက်ပြီးရင် သူ့ကိုဖုန်းပြန်ဆက်ပေးပါတဲ့.... အမနဲ့ အရေးကြီးပြောစရာရှိတယ်တဲ့....."


ရှဲ့ယီယီ၏ စကားကြောင့် လျန့်ကျားရီက ဖုန်းခေါ်လိုက်သည်။မကြာမီ ဖုန်း၏အခြားတစ်ဖက်မှလူက ပြန်ဖြေခဲ့သည်။


"ဟယ်လို..."


လျန့်ကျရီက သူမ၏အေးဂျင့်ဆီမှ အသံကြားသည်နှင့် သူမကလျှင်မြန်စွာမေးခဲ့သည်။

 "ဟယ်လို...အမဖန့် ..အခုလေးတင် ကျွန်မကိုခေါ်ထားတာလား..."


"ဟုတ်တယ် ကျားရီ...Gucci ရဲ့တရုတ်နိုင်ငံသံတမန်ခန့်ဖို့ ငါတို့ဆွေးနွေးနေတာ....မင်းကို Gucci ရဲ့တရုတ်နိုင်ငံဆိုင်ရာ သံတမန်ခန့်လိုက်ပြီ..."


အစက လျန့်ကျားရီတစ်ယောက် တည်ငြိမ်စွာ နားထောင်နေခဲ့သည်။ သို့သော်..တစ်ဖက်လူဆီမှ ဝမ်းသာဖွယ်အသံကိုကြားရသောအခါတွင် အမြဲတမ်း တည်ငြိမ်စွာသရုပ်ဆောင်ခဲ့ရသောသူမက ကလေးတစ်ယောက်ကဲ့သို့စိတ်လှုပ်ရှုားကာ ခုန်ပေါက်လိုက်တော့သည်။


"အရမ်းမိုက်တယ်....ငါနိုင်ပြီ..."

 လျန့်ကျားရီသည် ထိုစကားလုံးများကို စိတ်လှုပ်ရှုားစွာရေရွတ်လိုက်သည်။


သူမက အလွန်ပျော်နေသော်လည်း အနည်းငယ် စိတ်ထိန်းကာ သိလိုစိတ်ဖြင့် မေးခဲ့သည်။

"ရှအန်းကရော.. Gucci စီမံခန့်ခွဲသူတွေက ရှအန်းကိုပိုသဘောကျနေတယ်ဆိုပြီး အစ်မ မပြောခဲ့ဘူးလား...."


သူမ၏စကားလုံးများက မေးမြန်းသည့်သဘောသက်ရောက်သော်လည်း..သူမ၏အသံအနေအထားမှာ ဟာသဆန်ဆန် ဂုဏ်ယူမှုများနှင့်ပြည့်နေသည်။


"ရှအန်းလား..ငါမသိဘူး...ဒါပေမဲ့...မင်းက Gucci ရဲ့သံတမန်ဆိုတာတော့ ရာနှုန်းပြည့်သေချာတယ်....မကြာခင်မှာ Gucci ရုံးရဲ့ ဝန်ထမ်းက မင်းက တရုတ်နိုင်ငံရဲ့ သံတမန်ဆိုတာကို ကြေငြာကြလိမ့်မယ်...."


ဆိုလိုသည်မှာ စာချုပ်က အောင်မြင်သွားပြီဖြစ်သည်။လျန့်ကျားရီက ရုတ်တရက် အတွေးဝင်လာသည်။


"အမဖန့်..ကျွန်မ အမကိုမေးစရာရှိသေးတယ်..."


"ဘာကိစ်စလဲ...."


"ကျွန်မအထင်....."

လျန့်ကျားရီက သူမ၏တောင်းဆိုမှုကို ပြောပြသောအခါတွင် အမဖန့်က အော်လေတော့သည်။


"ကျားရီ..နင်ဘာတွေစဉ်းစားနေတာလဲ... အခု နင်က Gucci ရဲ့ သံတမန်တစ်ယောက်ဖြစ်နေပြီလေ.... ဘာမဟုတ်တဲ့ ရှအန်းလို အနုပညာရှင်လေးနဲ့ယှဉ်စရာမလိုဘူး... သူမက မင်းရဲ့နေရာကိုလုမှာမဟုတ်ဘူး.."


လျန့်ကျားရီက အမှန်တရားကိုသိသော်လည်း..သူမဘက်က ရှအန်းကို တိုက်ခိုက်ရန် ထိုကောင်းမွန်သောအခွင့်အရေးကို အဆုံးရှုံးမခံချင်ဖြစ်နေသည်။


"အမဖန့်.. ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ကျွန်မကိုကူညီပါနော်.... အခု ရှအန်းက နာမည်ကြီးနေတာလည်း အမမြင်တယ်မို့လား... ပြီးတော့ သူက အဲ့ဒါကို ကျွန်မနဲ့အပြိုင် ဆုပ်ကိုင်ထားချင်နေတာ... တကယ်လို့ သူမကိုသင်ခန်းစာပေးဖို့ ... ဒီအခွင့်အရေးသာဆုံးရှုံးသွားရင်..နောက်ထပ်တစ်ကြိမ် အခွင့်အရေးရဖို့လွယ်မှာမဟုတ်ဘူး..."


လျန့်ကျရီ၏စကားလုံးများက သူမကို လှုံ့ဆော်စေခဲ့သည်။ နောက်ဆုံးတွင် အမဖန့် စိတ်သက်သာရာ ရသွားခဲ့သည်။


"ကောင်းပြီ..ငါ ကြည့်လုပ်လိုက်မယ်.... နင် ဒါကို စိုးရိမ်စရာမလိုဘူး... စိတ်ချလက်ချသာအနားယူ...."


"ကောင်းပြီ..ကျေးဇူးပါနော် အမဖန့်..."


ဖုန်းချပြီးနောက်.. လျန့်ကျားရီ၏မျက်နှာတွင် တောက်ပသောအပြုံးများ ပေါ်လွင်နေသည်။


"ရှအန်း..ဒီတစ်ခါတော့ နင်တော့ ကိစ္စပြတ်ပြီ...."


"နောက်ထပ် ငါပိုင်ဆိုင်ရမယ့်အရာတွေကိုနင်ဘယ်လိုတောင် လူယူထားနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့...."


တစ်ချိန်လုံး ဘေးမှာ ရပ်၍စောင့်ကြည့်နေသော လက်ထောက်လေးက ကြက်သီးထသွားခဲ့သည်။ သူမ၏သူဋ္ဌေးကို ကြည့်လေ ပို၍အန္တရယ်ရှိလာလေ ဟုခံစားလာရသည်။


အမေရိကန်တွင်...


"အန်း.. မင်းအားလား...."

ရှအန်းက အမေရိကန်မောလ်တစ်ခုတွင် ဖွင့်တော့မည့် စတိုးဆိုင်တစ်ခုမှပြန်လာသောအခါ ဂရေ့စ်ဆီမှဖုန်းလာခဲ့သည်။


Return to Earth ကိုမထုတ်လွှင့်ရသေးသည့်အတွက် ရင်းနှီးမြှုပ်နှံသူ ဒါရိုက်တာဂရေ့စ်၏ဖုန်းခေါ်ဆိုမှုကိုအနည်းငယ် စိတ်လှုပ်ရှုားခဲ့သည်။


"ဒါရိုက်တာဂရေ့စ်..ဘာတွေဖြစ်လို့လဲဟင်..."


"အိုး.. အန်း...ကိစ္စတစ်ခုပါ... ငါ့မှာ အမေရိကန်ဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်... ငါသူ့ကို မင်းအကြောင်းပြောပြလိုက်တဲ့အတွက် သူက မင်းကိုသူ့ရဲ့ဇာတ်လမ်းမှာ ပါဝင်ဖို့တောင်းဆိုနေတယ်...."


"အမေရိကန် ဇာတ်လမ်းတွဲ.."


ပြန်သရုပ်ဆောင်ရဦးမှာလား....


ရှအန်း တွေးလိုက်မိသည်။ သူမက Return to Earth ရိုက်ပြီးကတည်းက နောက်ထပ်ဇာတ်လမ်းများရိုက်ရန် အစီအစဉ်မရှိပေ။


ထို့အပြင် ၎င်းက အခန်းဆက်တီဗီဇာတ်လမ်းတွဲဖြစ်နေလေသည်။ သူမ၎င်းကို စဉ်းတောင်မစဉ်းစားဖူးပေ။


"ကောင်းပြီ..ငါတက်နိုင်သလောက်မင်းကိုရှင်းပြမယ်...ဒီအမေရိကန်ဇာတ်လမ်းတွဲရဲ့အရည်အသွေးက အရမ်းကောင်းတယ်.... စွန့်စားခန်းမဟုတ်ပေမယ့် ဇာတ်လမ်းအပြင်အဆင်ကလည်း အရမ်းကောင်းတယ်...."


ဒါရိုက်တာဂရေ့စ်အတွက် အလုပ်မရှုပ်သောအချိန်ဆိုသည်မှာရှားသည်။ ယခုပြောပြနေသည်ကို.ရှအန်းအတွက်ဂရုစိုက်၍ ပြောနေခြင်းဟုလည်းမြင်နိုင်သည်။


"ကျေးဇူးတင်ပါတယ် ဒါရိုက်တာဂရေ့စ်..ဒါပေမဲ့.. ကျွန်မရဲ့အေးဂျင့်နဲ့တိုင်ပင်မှဖြစ်မယ်.."

ရှအန်းက မငြင်းခဲ့သလို သဘောလည်းမတူခဲ့ပါချေ။


"ကောင်းပြီ..အန်း..မင်းဆုံးဖြတ်ပြီးရင် ငါ့ကိုဖုန်းဆက်လိုက်နော်..."


"ကောင်းပါပြီ...."

ဖုန်းကျသွားပြီးနောက်..ရှအန်းက မျက်တောင်ခတ်၍ခေါင်းခါလိုက်ပြီးညင်သာစွာ ရေရွတ်လိုက်သည်။


"သရုပ်ဆောင်တာအချိန်အရမ်းပေးရတယ်"


သူမ ငြင်းသင့်လား....


အခု သူမမှာ ထောက်ခံချက် ကြော်ငြာတွေည်းရှိနေတယ်...မကြာခင်မှာ သူရဲ့ အလှကုန်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကလည်း ဖွင့်တော့မှာဆိုတော့ အနာဂတ်မှာ ပိုပြီးအလုပ်ရှုပ်လာတော့မှာလေ....


"ကောင်းပြီ..ငြင်းပဲငြင်းလိုက်တော့မယ်..."


သနားစရာရှအန်းလေးက ချက်ချင်း ငြင်းဖို့ဆုံးဖြတ်လိုက်သည်။


ရှုထျန်းထျန်းရောက်လာပြီးနောက်...သူမ၏ဆုံးဖြတ်ချက်ကို ပြန်လည်တွေးတောရပြန်သည်။


အမှန်တကယ် အကြောင်းပြချက်မှာ ဤအမေရိကန်ဇာတ်လမ်းတွဲက အလွန်ကောင်းသောကြောင့်ဖြစ်သည်။


အဓိကအချက်မှာ..ဒီဇာတ်လမ်းတွဲ၏ဒါရိုက်နှင့်ဇာတ်ညွှန်းရေးဆရာက အလွန်ကျော်ကြား၍ဖြစ်ပြီး ထိုဇာတ်လမ်း တွဲမျိုးက ရှအန်းကို သရုပ်ဆောင်စေချင်နေ၍ ဖြစ်သည်။


ဒါရိုက်တာဂရေ့စ်ပြောသလို ဇာတ်လမ်းအပြင်အဆင်က အလွန်ကောင်းလှသည်။ ၎င်းက အဓိကဖြစ်ပြီး အမှားအယွင်းရှိ၍မရပေ။


ရှအန်းက အမေရိကန်ဇာတ်လမ်းတွဲရိုက်ရန်ဖိတ်ကြားမှုကိုငြင်းဆိုရန်ဆုံးဖြတ်ပြီးနောက် သူမသည် ညစာစားရန် အဆင်သင့်ဖြစ်နေသည်။


နောက်ထပ်နားလည်ရခက်သော ရန်သူဖြစ်သည့်ရှကျင်းက သူမကိုတိုက်ခိုက်ရန်စတင်ခဲ့သည်။


ပြည်တွင်းကွန်ရက်တွင် ဈေးကွက်နှင့် Cyber အဖွဲ့က တိတ်ဆိတ်စွာထွက်ပေါ်လာပြီး လူသိများလာသည်။


# ရှအန်းက Gucci ရဲ့ တရုတ်နိုင်ငံကိုယ်စားပြု သံတမန်ဖြစ်လာခဲ့ပြီ#


# လူသစ်ရှအန်းလေးက Gucci ရဲ့ သံအမတ်တစ်ယောက်ဖြစ်တယ်တဲ့ဟေ့...အရမ်းအံ့သြဖို့ကောင်းလိုက်ပုံများတော့ #


.

စာစစ်သူ၏ မှတ်ချက်-


အခုအပိုင်းတွေ ဖတ်ရတာ အရမ်းအဆင်မပြေတာမျိုးရှိရင်ပြောပေးပါနော်.... ဘာသာပြန်သူ အသစ်လေးဆိုတော့ မကျွမ်းမကျင်ဖြစ်နေသေးလို့ပါ.... အဆင်မပြေဘူးထင်တာနဲ့ပြောပါ အသစ်ပြန်ပြင်ရေးပေးပါ့မယ်