အပိုင်း ၁၇၅
Viewers 29k

Chapter 175


ဖျော်ဖြေရေးလုပ်ငန်းတွင် ရေပန်းအစားဆုံးသတင်းမှာ ရှအန်းနှင့် Gucci ၏ပူးပေါင်းဆောင်ရွက်မှုအကြောင်းပင် ဖြစ်သည်။


အနုပညာရှင်တစ်ယောက် အနေဖြင့် နိုင်ငံတကာ အဆင့်မြင့်ဇိမ်ခံတံဆိပ်များကို ကြော်ငြာပေးခွင့်ရရှိရန် အလွန်ခက်ခဲကြောင်းလူတိုင်းသိကြသည်။ အထူးသဖြင့် တရုတ်အနုပညာရှင်တစ်ယောက်ဆိုလျှင် ပို၍ခက်ခဲပေသည်။


ထိုအရာက ဟောလိဝုဒ်ရုပ်ရှင်ကားတွင် သရုပ်ဆောင်ရခြင်းထက်ပိုခတ်ခဲသည်။


သို့သော် ယခုလက်ရှိတွင် ကျော်ကြားနေပါသော်လည်း အလုပ်ဟူ၍ မယ်မယ်ရရမရှိသေးသော ရှအန်းက ဤအခွင့်အရေးကို ရရန် အရည်အချင်းမရှိသေးပေ။ ထို့ကြောင့် လူတိုင်းက ရှအန်းအပေါ် အာရုံစိုက်လာကြသည်။


နိုင်ငံတွင်း မှထိပ်တန်းအနုပညာရှင်များပင် ရှအန်းကဲ့သို့ ယခုလို အကျိုးကျေးဇူး ကြီးမားလှသော ဒီဇိုင်းအရင်းအမြစ်များမရှိ။


သူမက Gucci ၏သံတမန်တစ်ယောက်အဖြစ် ခန့်အပ်ခြင်းခံရဖို့နေနေသာသာ Gucci တံဆိပ်ကြော်ငြာရိုက်ရန်ပင် ပူးပေါင်းနိုင်စွမ်းမရှိပေ။


ထို့ကြောင့် ရှအန်းက Gucci၏သံတမန်ဖြစ်သည်ဟုကြားသောအခါ ပြည်တွင်းကွန်ရက်တစ်ခုလုံး ပေါက်ကွဲကုန်ကြသည်။


အမှန်တကယ်တွင် Gucci အတွက် ရှအန်းက သံတမန်ဖြစ်သည်ဟုကြားသောအခါ ...အင်တာနက်တွင်သာမက..ဖျော်ဖြေရေးအနုပညာရှင်များအားလုံး အလွန်ပင်အံ့ဩသွားခဲ့သည်။


သူတို့အားလုံး ရှအန်းကို မနာလိုအားကျနေကြသည်။ ရှအန်းက ပိတ်ပင်ခြင်းခံထားရသော်လည်း ပိုပိုအောင်မြင်လာခြင်းကြောင့်ဖြစ်သည်။


[အံ့အြစရာပဲ..ရှအန်းက Gucci ရဲ့သံတမန် ဘယ်လိုလုပ်ဖြစ်သွားတာလဲ သိချင်လိုက်တာ... သူမက အလုပ်တစ်ခုတည်းရှိတာမဟုတ်လောက်ဘူးနော်..]


[ရှအန်းရဲ့အောင်မြင်မှုက အရမ်းမြန်လွန်းနေတယ်...သူမက လွန်ခဲ့တဲ့ရက်ကမှ အဓိကဖက်ရှင်မဂ္ဂဇင်း၅ခုရဲ့ မျက်နှာဖုံးမှာ ပါခဲ့တယ်.. အခုကြတော့ သူမက Gucci ရဲ့သံအမတ်တစ်ယောက်ဖြစ်နေပြီ....ဒါက အရမ်းကိုမြန်ဆန်လွန်းတယ်မဟုတ်လား...]


[ဒါက ဘယ်လိုဖြစ်တယ်ဆိုတာသေချာမသိပေမဲ့ ငါတို့ရဲ့နတ်ဘုရားမလေးက Gucci ရဲ့သံတမန်ဖြစ်လာတာကိုတော့ အရမ်းပျော်တယ်]


[Gucci ကခုထိတရားဝင်မကြေညာရသေးဘူး... ဒီတော့ အဆုံးထိပြောဖို့ဆိုတာ စောပါသေးတယ်...ဟုတ်တယ်မို့လား....ရှအန်းက Gucci နဲ့ပူးပေါင်းဆောင်ရွက်ဖို့သူမကိုယ်သူမ မြှင့်တင်ဖို့ကြိုးစားနေတာလားဆိုတာ ဘယ်သူသိမှာလဲ..]


ရှအန်းက Gucci ရဲ့သံတမန်ဖြစ် ရွေးချယ်ခြင်းခံလိုက်ရသည်ဟု ကြားသိသောအခါ ပြည်တွင်းကွန်ရက်တစ်ခုလုံး ပွက်လောရိုက်ကုန်ကြသည်။


အမေရိကန်တွင်..


"အမထျန်းထျန်း.. ဒါကိုကြည့်ပါဦး...ပြည်တွင်းကွန်ရက်မှာ. ရှအန်းကျဲက Gucci ရဲ့သံတမန်အဖြစ်ရွေးချယ်ခံရတယ်လို့ တစ်စုံတစ်ယောက်က သတင်းလွှင့်နေတယ်...."


ရှအန်းနှင့် ပက်သက်သော သတင်းများကို အင်တာနက်ပေါ်တွင်  ပြန်လည်ဖြေကြားပေးရသော   လက်ထောက်ရှောင်လီက လက်ရှိအခြေအနေကို ရှုထျန်းထျန်းဆီ တင်ပြခဲ့သည်။ ရှုထျန်းထျန်း စိတ်ပျက်သွားခဲ့သည်။


ရှောင်လီက သူမဆီ တက်ဘလက် လှမ်းပေးလိုက်သည်။ ရှုထျန်းထျန်းကလည်း ရှအန်းနှင့်ပက်သက်သော သတင်းများကို လျှင်မြန်စွာ ရှာကြည့်ခဲ့သည်။


"မဟုတ်သေးဘူး...."

 ရှုထျန်းထျန်းက ညင်သာစွာရေရွတ်လိုက်ပီး တစ်ခုခုမှားနေမှန်း သိလိုက်သည်။


Gucci ကသူမတို့နှင့် လက်တွဲရန် ဆန္ဒရှိခဲ့သော်လည်း သူမတို့ Gucci နှင့် လက်တွဲရန် ငြင်းဆိုခဲ့ပီး တရုတ်နိုင်ငံ၏အခြားသော ပြောရေးဆိုခွင့်ရှိသူနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ဖူးသည်။


"အစ်မထျန်းထျန်း.... အင်တာနက်ပေါ်မှာ ပြောနေကြတာတော့ အမရှအန်းက Gucci ရဲ့သံအမတ်တစ်ယောက် ဖြစ်သွားပြီတဲ့ အဲ့တာအမှန်ပဲလားဟင်...."


ရှုထျန်ထျန်က လျှင်မြန်စွာ ပြောလိုက်သည်။  "ဘယ်လို..."


ဒီကိစ္စမှာ မကောင်းသောရည်ရွယ်ချက်များ၏ ရှိနေမည်ဟု ခံစားနေရသည်။


Gucci အနေဖြင့် တရုတ်တွင် ယခုလိုဂရက်ထရန်အတွက် သူတို့ကိုအသုံးချမည် မဟုတ်ပေ။တစ်စုံတစ်ယောက်က ရှအန်းကို တိုက်ခိုက်ချင်နေခြင်းသာ ဖြစ်နိုင်သည်။


"တစ်ချို့လူတွေက ပြောကြတယ်..ရှအန်းကျဲက သူမရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ Gucci ကို အသုံးချနေတာတဲ့....ပြီးတော့ Gucci ဘက်ကလည်း တရားဝင်ထုတ်ပြန်ချက်တောင် မလုပ်ရသေးဘူးဆိုတော့...ရှအန်းကျဲက သူ့ကို လူစိတ်ဝင်စားအောင်လုပ်နေတာလားဆိုပြီး ပြောနေကြတာ..."


ရှောင်လီ၏စကားအဆုံးတွင် ရှုထျန်းထျန်းက စိတ်ထဲတွင် စတင်တွက်ချက်နေတော့သည်။

တစ်စုံတစ်ယောက်ကသူတို့၏နတ်ဘုရားမလေးအတွက် တွင်းတူးပေးနေခြင်းဖြစ်သည်။ ထိုတွင်းကလည်း ခပ်သေးသေးမဟုတ်ပေ။


သူမ မျက်လုံးများမှိတ်ကာ စဉ်းစားနေလိုက်ကာ အဆုံးတွင် ပြဿနာ၏အဖြေကိုရှင်းလင်းစွာ သိလိုက်ရသည်။


"အမ ထျန်းထျန်း...ဘာဖြစ်လို့လဲ...ပြဿနာက ကြီးလို့လားဟင်..."


ရှအန်းနှင့် ရှုထျန်းထျန်းက Gucci ၏ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ဖူးကြောင်း မည်သူမှမပြောခဲ့ဖူးပေ။ တခြားသူများကလည်း ထိုကိစ္စကို သိမည် မဟုတ်ပေ။


ထို့ကြောင့်...လက်ထောက် ရှောင်လီက Gucci နှင့်ပက်သက်သောသတင်းများကို တွေ့သော်လည်း သူမက တစ်ခုခုမှားနေသည်ဟု မခံစားရခြင်းဖြစ်သည်။


သို့သော်.. ရှုထျန်းထျန်းက အရာတိုင်းကိုသိနေ၍ ထိုကိစ္စ၏ အလှည့်အပြောင်းများကို  သဘောပေါက်နားလည်ခဲ့ခြင်းဖြစ်သည်။


"ပြဿနာက အရမ်းကြီးမကြီးပါဘူး...."


ရှုထျန်ထျန်က သူမ၏နှုတ်ခမ်းထောင့်အား ကွေးညွတ်လိုက်ကာ သက်ပြင်းတစ်ချက်ကိုရှူထုတ်လိုက်သည်။ သူမ၏မျက်လုံးများတွင် အေးစက်သောအလင်းများဖြ

င့် ပြည့်နှက်နေသည်။


ပြဿနာက ကြီးမားလာမည့်အလားအလာရှိသည်။ သို့သော်.. ထင်သလောက်တော့ မဟုတ်လောက်နိုင်ပေ။


ဆိုလိုသည်မှာ.. သူတို့၏လက်ထဲတွင် နိုင်ဖဲကဒ် ရှိနေသေးသည်။


သို့သော်လည်း..ထိုနိုင်ဖဲကဒ်သာမရှိခဲ့ပါလျှင် ယခုအချိန် သူတို့ကအခြားလူ၏ ထောင်ချောက်အောက်ရောက်နေမည်ဖြစ်သည်။


" ညီမတို့ ဘာာလုပ်သင့်လဲ..."


ရှောင်လီသည် ရှုထျန်းထျန်း၏ အေးစက်ခက်ထန်နေသော မျက်နှာထားကို ပထမဆုံးမြင်ရခြင်းဖြစ်သည်။ ရှုထျန်းထျန်းက ခေါင်းရမ်းပြလိုက်သည်။


"ကောင်းပြီ.. မလိုဘူး.. ငါ အရင်ဆုံး ရှအန်းကျဲဆီသွားလိုက်ဦးမယ်..နင်က အင်တာနက်ပေါ်က လက်တလော သတင်းတွေကိုမျက်ခြေမပြက်စေနဲ့..."


စကားပြောပြီးနောက်..သူတို့၏ယာယီရုံးခန်းမှ လျှင်မြန်စွာ ထွက်လာခဲ့ပြီး.. လက်တလော ရှအန်းတည်းခိုနေသော ဟိုတယ်သို့ သွားခဲ့သည်။


မကြာသေးမီက.. ကြော်ငြာများ ရိုက်ကူးပြီးသွားပြီး ကုမ္ပဏီ၏ပထမဆုံးသော စတိုးဆိုင်ကိုလည်း နေရာချထားပြီးဖြစ်သောကြောင့် ရှအန်းတွင် လက်တလောလုပ်စရာအလုပ်မရှိပေ။ သူမနေသော ဟိုတယ်မှလွဲ၍ ဘယ်မှမသွားပေ။


ရှုထျန်းထျန်းက သူမကိုဖုန်းပင် ကြိုမဆက်ခဲ့ပေ။ ရှုထျန်းထျန်းဟိုတယ်ထဲရောက်သည်နှင့် ဧည့်ခန်းထဲတွင် အသင့်စားအစားအစာများအား ကိုင်ကာ စားသောက်နေသော ရှအန်းကိုတွေ့လေသည်။


"ရှအန်းကျဲ.."

ရှအန်း ခေါင်းလှည့်လိုက်ပြီး သူမ၏အေးဂျင့်အားကြည့်လိုက်သည်။


"ထျန်းထျန်း.. ဘာလို့ဒီရောက်လာရတာလဲ.."


သူမကို တံဆိပ်တစ်ခု၏သံတမန်ဖြစ်တော့မည်ဖြစ်၍ မကြာခင်တွင် အလုပ်ရှုပ်လာနိုင်သည်ဟုပြောခဲ့သော သူမအေးဂျင့်၏စကားကို သတိရသွားခဲ့သည်။


ထို့ကြောင့် ဘာပဲဖြစ်ဖြစ် သူမက သူမ၏အေးဂျင့်ဆီသို့လာမှာမဟုတ်ပေ။ ရက်အနည်းငယ်လောက်ကြာမှ သူမ၏အေးဂျင့်က သူမဆီသို့ လာကြည့်ခဲ့သည်။