အပိုင်း ၁၇၆
Viewers 29k

Chapter 176


"ကျဲကိုပြောစရာရှိတယ်...."


ရှုထျန်းထျန်းက တုန့်ဆိုင်းမှုမရှိဘဲ ပြောလိုက်သည်။ ရှအန်းက လိုရင်းတိုရှင်းပြောရတာကြိုက်သည်ကို သူမ သိ၍ အတိုဆုံးနှင့်  အထိရောက်ဆုံးပုံစံဖြင့် သတင်းကိစ္စကို ရှအန်းအား ပြောပြခဲ့သည်။


ရှအန်း၏ပထမဆုံးအတွေးမှာ ရှကျင်း လက်ချက်ဟုထင်လိုက်သည်။သို့သော်.. ဤတစ်ကြိမ်တွင် ရှကျင်းမဖြစ်နိုင်ကြောင်း သူမသဘောပေါက်လိုက်သည်။


ရှကျင်း၏နောက်ခံအင်အားက တောင့်တင်းသည်ဆိုသော်လည်း သူမက အမေရိကန်အထိတော့ ခြေမဆန့်နိုင်ပေ။


ရှအန်း၏အတွေးများသေချာသွားပြီးနောက် ရှုထျန်ထျန်က သူမအားဖြေပေးခဲ့သည်။


"ရှအန်းကျဲ... ညီမကျဲကိုလာမတွေ့ခင်ကတည်းက ဒီတစ်ခါက ဘယ်သူ့လက်ချက်လဲဆိုတာကို စုံစမ်းခဲ့ပြီးပြီ...." 


ရှုထျန်းထျန်းက တစ်ဖက်လူကို တူသလားတန်သလားဟူသည့်သဘောမျိုးဖြင့် တစ်ဖန် နှာခေါင်းရှုံ့လိုက်ပြန်သည်။


"ထျန်ထျန်က အရမ်းအံ့သြဖို့ကောင်းတာပဲ...."


ရှအန်းက ရှုထျန်းထျန်း၏ပခုံးလေးအား ဂုဏ်ယူဝင့်ကြွားသောအပြုံးများဖြင့် ပုတ်လိုက်သည်။


"ဒါဆို.. တို့ကို ဘယ်သူလဲဆိုတာပြော...."


"လျန့်ကျားရီ...."


ဒီကိစ္စက စစ်ဆေးရန်လုံးဝမခက်ချေ။ Gucci က ရှအန်းနှင့် ပူးပေါင်းဆောင်ရွက်ချင်ခဲ့သည်ကို သိသောသူမှာ Gucci ၏စီနီယာညွှန်ကြားရေးမှုးတစ်ယောက်တည်းသာရှိသည်။ သူက ရှအန်းကို တိုက်ခိုက်ချင်၍ ကောလဟာလများ

ဖြန့်မည့်သူ မဟုတ်ပေ။


 Gucci ၏ပူးပေါင်းဆောင်ရွက်မှုကို ရှအန်းတို့ဘက်က ငြင်းဆိုလိုက်ပြီးနောက်တွင် သူတို့ကနေရာ၌ သံတမန်အသစ်ခန့်အပ်မည်ဖြစ်သည်။


ထို့ကြောင့် ရှအန်းကို ချောက်ချရန် ကြိုးစားနေသူကမည်သူဆိုသည်မှာ စုံစမ်းရန် မခက်ခဲချေ။


ရှုထျန်းထျန်းက နာမည်ထုတ်ပြောလိုက်သည်နှင့်.. ရှအန်း အံ့သြသွားခဲ့ရသည်။ 


"ဘယ်သူ..."


"လျန့်ကျားရီ...."


"အဲ့ဒါ ဘယ်သူလဲ..."


ရှအန်းက ရှုထျန်ထျန်အား မျက်နှာမဲ့၍ကြည့်လိုက်ပြီး မေးလိုက်သည်။ သူမက လျန့်ကျားရီကိုမမှတ်မိပေ။


သူမတွင် ကောင်းမွန်လှသောမှတ်ဉာဏ်ရှိသည်။  သို့သော် သေချာသည်မှာ သူမသည် လျန့်ကျားရီဟုခေါ်သော လူကိုတကယ်မသိပေ။


"သူ တရုတ်နိုင်ငံရဲ့ထိပ်တန်းအမျိုးသမီးအနုပညာရှင်လေ....သူ့ရဲလ ပြောင်မြောက်တဲ့သရုပ်ဆောင်ကျွမ်းကျင်မှုတွေကြောင့် သူမက အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆုကိုရခဲ့သေးတယ်...."


ရှုထျန်းထျန်းက မျှော်လင့်ချက်မဲ့စွာ ခေါင်းခါရင်း ဖြေလိုက်သည်။ နတ်ဘုရားမက ဖျော်ဖြေရေးသံသရာထဲမှာ ကျင်လည်ခဲ့သော်လည်း မည်သူ့ကိုမှသေချာမသိပေ။ 


အကယ်၍သူမသာ တရုတ်နိုင်ငံ၏ဖျော်ဖြေရေး လောကတွင် ပြန်လည်လုပ်ကိုင်ရမည်ဆိုလျှင် ဘာမှသိမည်မဟုတ်။ 


"အာ.. လျန့်ကျားရီက ဘာဖြစ်ချင်တာတဲ့လဲ...."

 ရှအန်း ကပို၍ရှုပ်ထွေးလာသည်။ 


အဲ့ဒီလူက သူမနဲ့ ပတ်သတ်စရာ အကြောင်းရှိလို့လား....


"ရှိလား ....မရှိဘူးလား..."


ရှုထျန်ထျန်က လက်ရှိသူမ စုံစမ်းသိရှိရသမျှကို ရှအန်းအားပြောပြနေသည်။ ဖျော်ဖြေရေးနယ်ပယ်က အလွန်ကျဉ်းမြောင်းသည်။ ထိုနယ်ပယ်တွင် လျှို့ဝှက်ချက်ဟူသည်မရှိ။သိချင်တာရှိလျှင် အကုန်သိနိုင်သည်။ 


ရှုထျန်းထျန်းက လျန့်ကျားရီနှင့် သူမ၏နတ်ဘုရားမကြားမှ မပြေလည် မှုကို သိရှိပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ပြိုင်ဘက်များဖြစ်သောကြောင့်ဖြစ်သည်။


ရှအန်းက သူမဆီမှ ဟောလိဝုဒ်ရုပ်ရှင်ကားတွင် ဇာတ်လိုက်နေရာအား လုယူခဲ့ဖူးပြီး ဒုတိယအကြိမ် သံတမန်နေရာကိုလုယူမလိုဖြစ်ခဲ့သည်။


နာမည်ကြီးအမျိုးသမီးများက ထိုကိစ္စမျိုးအပေါ်တွင် အလွန်ဒေါသထွက်တတ်ကြသည်။

ထိုအချက်ကို ရှုထျန်းထျန်းက သဘောပေါက်သော်လည်း ရှအန်းက လုံးဝနားမလည်ပေ။


"အဲ့ဒီ့တစ်ယောက်က ဘာလဲတဲ့....ကျဲက သြူဆီက ဘယ်လိုတွေလုယူခဲ့လို့လဲ...ပြီးတော့ အဲ့အချက်ကြောင့် သူက ငါ့ကိုလက်စားပြန်ချေတာတဲ့လား...."


ရှအန်းက ရှုထျန်ထျန်ကို အပြုံးတစ်ချက်ဖြင့်ကြည့်၍ အံ့သြစွာပြောလိုက်သည်။


"ရှအန်းကျဲ... အခုပြဿနာမှာ ဒီအချက်က ဖြစ်နိုင်ခြေပိုများတယ်...."

 ရှုထျန်းထျန်းက ရှအန်းကိုနှစ်သိမ့်ပြီးဆက်ပြောခဲ့သည်။


"ဒါပေမဲ့ .. အမရှအန်း စိုးရိမ်စရာမလိုပါဘူး...ဒီတစ်ခါတော့ ပြဿနာအကြီးကြီးအတက်မခံဘူး... လွယ်လွယ်လေး ဖြေရှင်းနိုင်တယ်..."

ထို့နောက်.. သူမသည် ရှအန်းကို ပြဿနာ၏ဖြေရှင်းနည်းများကို အစီရင်ခံပြီး ရွေးချယ်စေခဲ့သည်။


"ရှအန်းကျဲ...အခု အမကိုတိုက်ခိုက်နေတဲ့ အင့တာနက်က လူတွေရဲ့သဘောထားတွေကို နှိမ်နင်းဖို့ သူတို့ကိုရှင်းပြချင်လား.... ဒါမှမဟုတ်..."


ရှုထျန်းထျန်းက သူမ၏နှုတ်ခမ်းထောင့်အားမတင်လိုက်ပြီး သူမ၏မျက်နှာတွင် အလွန်ခက်ထန်သောအပြုံးများ တရိပ်ရိပ်ပေါ်လာလေသည်။


"အဲ့ဒီ လျန့်ကျားရီဆိုတဲ့သူကို ညီမတို့တွေက သူဒုက္ခပေးလို့ရမယ့်သူတွေမဟုတ်ဘူးဆိုတာသိသွားအောင် သင်ခန်းစာကောင်းကောင်းပေးလိုက်ကြရအောင်...."


ရှုထျန်းထျန်းက ရှအန်းနှင့် အလုပ်စလုပ်ကတည်းက သူမ၏ စိတ်ထားအမှန်ကို တဖြည်းဖြည်းချင်းထုတ်ဖော်တက်လာသည်။ 


ရှုထျန်းထျန်း၏နာမည်က အမှန်မှာ ချိုမြိန်သည်ဟုအဓိပ္ပါယ်ရသည်။ သူမ၏ရုပ်ရည်ကလည်း ချစ်စရာကောင်းသည်။


 သို့သော်..သူမက ထိုအချက်များနှင့်အညီ ရိုးရှင်းစွာနေမည်ဆိုပါက ရှအန်း၏ဖျော်ဖြေရေးလုပ်ငန်းအားကောင်းစွာလုပ်ဆောင်နိုင်သော

အရည်အချင်းများရှိလာမည်မဟုတ်ပေ။ 

(ထျန် =ချိုမြိန်သော)


သူမက ရှအန်း နှင့်ဆိုလျှင်ချစ်စရာကောင်းသောပရိသတ်တစ်ယောက်ဖြစ်သည်။

သို့သော်..အခြားသူများနှင့် အထူးသဖြင့် ရှအန်း၏ရန်သူများနှင့် တွေ့လျှင် သူမသည် ညှာတာထောက်ထားမှုကင်းမဲ့သောသွေးအေးသည့် လူတစ်ယောက်ဖြစ်သည်။


ရှအန်းက သူမ၏မျက်လုံးထဲတွင် ကြိုတင်သိနေသောအရိပ်အငွေ့များဖြင့် သူမ၏နှုတ်ခမ်းထောင့်အားမတင်၍ပြုံးလိုက်သည်။


"အသေအချာပဲ...ဒုတိယအကြိမ်..သူမကို သင်ခန်းစာပေးရမယ်..."


ရှအန်းက လူကောင်းတစ်ယောက်တော့မဟုတ်ချေ။ ရှကျင်းကိုတိုက်ခိုက်ရန် ခိုင်မာသောအထောက်အထားမရှိသောကြောင့်သာ သူမဘက်က မတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


သို့သော်..လျန့်ကျားရီနှင့်ကိစ္စတွင် သူမမှာ တိုက်ခိုက်ရန် နည်းလမ်းရှိသည်။


သူတို့ရဲ့အောင်မြင်မှုတွေ ကျရှုံးမှုတွေကို ထည့်မတွက်ဘဲ သူမကိုလဲကျအောင် ကြံစည်ရဲတဲ့  သူတွေကတော့ သေဖို့သာပြင်ထားကြပေတော့...


"ကောင်းပြီ..ရှအန်းကျဲ.. ညီမတာဝန်သာထားလိုက်...ကျဲက စောင့်သာကြည့်နေ...."


ရှအန်းက စိတ်ကိုတည်ငြိမ်အောင် ထားရန်ကြိုးစားခဲ့ရသည်။


ဒီအချိန်မှာ သူမ၏မျက်နှာတွင် ကြီးကြီးမားမားဖော်ပြချက်များမတွေ့သော်လည်း သူမ၏နှလုံးသွေးများကတော့ ဆူပွက်နေသည်။


အာ.....ငါ့ရဲ့နတ်ဘုရားမက ဘယ်လိုတောင်နှစ်လိုဖွယ်ကောင်းရတာလဲ...ငါတို့ရဲ့နတ်ဘုရားမက ဗီလိန်တွေကိုသွားတိုက်မှာကို ကြည့်ချင်လိုက်တာ...


ဒီလိုအရမ်းခက်ထန်တဲ့နတ်ဘုရားမရဲ့ပုဲရိပ်တွေကိုတီဗီမှာ ထုတ်လွှင့်ပြီး  အမြဲတမ်း  မှတ်တမ်းတင်ထားသင့်တယ်.....


ရုတ်တရက်..ရှုထျန်းထျနက ရှအန်းကို အမေရိကန်ဇာတ်လမ်းတွဲတစ်ခုအတွက်ကမ်းလှမ်းထားသော အမေရိကန်ဒါရိုက်တာအား စဉ်းစားမိသွားသည်။ ထိုလူက ဂရေ့စ်၏သူငယ်ချင်းဖြစ်သည်။


ထိုအချိန်က သူမက ဒါရိုက်တာ၏ အောင်မြင်မှုကို သိသောကြောင့် ဇာတ်ညွှန်းကိုလက်ခံခဲ့သည်။ သူမက ဇာတ်ညွှန်းထဲရှိကာရိုက်တာမှာ အနည်းငယ်ရက်စက်သော ဗီလိန်တစ်ယောက်ဖြစ်နေသောကြောင့် သူမသည် သူမ၏နတ်ဘုရားမအား ထိုဇာတ်ညွှန်းကိုမရွေးချယ်ရန် ဖျောင်းဖျခဲ့သည်။ ထိုအခန်းမျိုးက ရိုက်ရန် ခက်ခဲသည်ဖြစ်ရာ သူမ၏နတ်ဘုရားမအတွက် ပိုလို့တောင်ခက်ခဲနိုင်သည်။


ဒုတိယအနေဖြင့်.. ထိုကာရိုက်တာကြောင့်ဖြစ်သည်။ သူမ၏နတ်ဘုရားမက အလွန်လှပလွန်း၍ သူမ၏ကာရိုက်တာက TVပေါ်တွင် လှပပြီး စိတ်ချမ်းသာစရာ ဇာတ်ကောင်အဖြစ်သာ ပေါ်ထွက်လာသင့်သင့်သည်။


သို့သော် ယခု ရှုထျန်းထျန်း၏အတွေးထဲတွင် ရှအန်း၏ခက်ထန်သော အပြုံးများက ဖြာထွက်နေသည်။ ရုတ်တရက်သူမ စဉ်းစားမိသွားသည်မှာ သူမ၏နတ်ဘုရားမသာ ထိုယုတ်မာသောဇာတ်ဝင်ခန်းကိုသရုပ်ဆောင်ခဲ့လျှင်

 အလွန်အံ့သြစရာကောင်းလိမ့်မည်ဟူသော အတွေးသာဖြစ်သည်။


ရှုထျန်းထျန်းသည် သူမ နှာခေါင်းသွေးယိုလာတော့ မလိုခံစားလိုက်ရသည်။


"ရှအန်းကျဲ.. ညီမ ကျဲအတွက် အမေရိကန်ဇာတ်လမ်းတွဲတစ်ခုရွေးပေးမယ်...."

ရှအန်း လန့်သွားခဲ့သည်။


 အရမ်းမြန်ဆန်လွန်းမေနေဘူးလား....


အမေရိကန်ဇာတ်လမ်းတွဲဆိုတော့ ဒါရိုက်တာဂရေ့စ်ပြောထားတဲ့ဟာ မဟုတ်လောက်ပါဘူးနော်...


"ဒါရိုက်တာဂရေ့စ်က ညီမကိုလည်း လာရှာထားတာလား...."

ရှအန်းက ရှုထျန်ထျန်ကို အံ့သြစွာ ကြည့်လိုက်သည်။ 


ဂရေ့စ်က ငယ်ချင်းတစ်ယောက်ရဲ့ ဇာတ်ညွှန်းအတွက် ရှုထျန်းထျန်းကိုတောင် ဖုန်းတောင်ဆက်ခဲ့တာလား....


အဲ့ဒီသူငယ်ချင်းက ဂရေ့စ်အတွက် ဘယ်လောက်တောင် အရေးပါလို့များလဲ...


"အမေရိကန်ဇာတ်လမ်းတွဲအကြောင်းကို ကျဲလည်းသိပြီးပြီလား...."


 ရှုထျန်ထျန်ကလည်း ရှအန်းအားအံ့သြစွာ ပြန်ကြည့်လိုက်သည်။ သူမက ရှအန်း ထိုကိစ္စကို သိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။