Chapter 177
"အဲ့ဒါ ဇာတ်ပို့ခန်းမှာသရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့တဲ့တစ်ခုလေ...."
"ရှအန်းကျဲ..ဘာလို့ကျွန်မကို ဘာမှမပြောပြခဲ့တာလဲ"
ရှအန်းက နှုတ်ခမ်းဆူ၍စိတ်ပျက်လက်ပျက်ပြောလိုက်သည်။
"ကျဲ တီဗီဇာတ်လမ်းတွဲတွေ မရိုက်ချင်လို့...."
အဲ့တာ အကြောင်းပြချက်ပဲလေ...
ပြောရလျှင်.. သူမ၏ နတ်ဘုရားမက အလွန်ပျင်းတတ်သည်။ သူမတွင် ဘာရည်မှန်းချက်မှမရှိပေ။
"ရှအန်းကျဲ...ဒီအမေရိကန်ဇာတ်လမ်းတွဲက ညီမတို့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်မယ်လို့ ထင်တယ်နော်...."
အစက ရှုထျန်းထျန်းကိုယ်တိုင်လည်း ရှအန်း၏ပုံစံနှင့် ဇာတ်ညွှန်းထဲမှ ဇာတ်ကောင်၏ပုံစံကို လုပ်နိုင်မည်မဟုတ်ဟု ခံစားခဲ့ရသည်။
ဇာတ်ညွှန်းထဲရှိဇာတ်ကောင်မှာ အမျိုးသမီးဂိုဏ်းစတားတစ်ယောက်ထက်ပင် ပိုပေသည်။
ပြောရမည်ဆိုလျှင်...သူမ၏နတ်ဘုရားမက လှလွန်းပေသည်။ သူမက နတ်သမီးတစ်ပါးကဲ့သို့ လှပသည်။ နိုင်ငံခြားသားများကပင် Angel ဟု အင်္ဂလိပ်နာမည်ပေးခံရအောင် လှလွန်းသည်။
သို့သော်...ရှအန်း၏ ခက်ထန်သည့် အပြုံးအားမြင်လိုက်ရချိန်တွင် ရှုထျန်းထျန်းက ထိုကာရိုက်တာက သူမ၏နတ်ဘုရားမအတွက်သာ ဖြစ်ရမည်ဟု သဘောပေါက်ခဲ့သည်။
ရှုထျန်းထျန်းက ဇာတ်ညွှန်းကို ဖတ်ပြီးပြီဖြစ်သောကြောင့် ထိုဇာတ်ညွှန်းက မည်မျှကောင်းကြောင်းသိပေသည်။
ရှအန်း သရုပ်ဆောင်ရမည့် အခန်းမှာလည်း အလွန်ကောင်းသော အခန်းဖြစ်သည်။
သရုပ်ဆောင်သာ ကောင်းမည်ဆိုလျှင် ဒီအခန်းက ခေါင်းဆောင်မင်းသမီးမင်းသားများထက် ပိုအောင်မြင်နိုင်သော အခန်းဖြစ်သည်။
ထို့အပြင်.နတ်ဘုရားမ၏သရုပ်ဆောင်ကျွမ်းကျင်မှုကို အမှန်အကန်ပြသနိုင်ပြီး ပရိသတ်အများကြီး ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သည်။ အထူးသဖြင့် မိန်းကလေးပရိသတ်များဖြစ်သည်။
လက်ရှိတွင် နတ်ဘုရားမတွင် ယောကျာ်းလေးပရိသတ်ကသာ များနေသည်။အကယ်၍ ပရိသတ်အင်အားနှင့် ယှဉ်ပြိုင်ရမည်ဆိုလျှင် နတ်ဘုရားမမှာ အခြားအနုပညာရှင်များကို ရှုံးနိမ့်သွားနိုင်သည်။
ပြောရမည်ဆိုလျှင် သူတို့သဘောကျသောအနုပညာရှင်အား ချီးကျူးကြွားဝါပြီး သဘောမကျသောအနုပညာရှင်အား ချိုးနှိမ်ပြောဆိုရသော ပရိတ်သတ်အဖွဲ့ကြီးများတွင် ယောက်ျားလေးပရိသတ်၏ တိုက်ခိုက်နိုင်စွမ်းမှာ နည်းပါးသည်။
ထို့အပြင် ယောက်ျားလေး ပရိသတ်တစ်ယောက်၏ အားပေးမှုက အဆုံးစွန်ထိမဟုတ်ပေ။ ထို့ကြောင့် ယောက်ျားလေးပရိသတ်များက အများကြီးရှိနေသော်လည်း အသုံးမဝင်နိုင်ပေ။
သို့သော် ယခုတွင် သူမ၏နတ်ဘုရားမက အမေရိကန်ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်နိုင်ပါက အရာအားလုံး ပြောင်းလဲသွားနိုင်သည်။
သရုပ်ဆောင်ရမယ်.....နတ်ဘုရားမ ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ကိုဆောင်ရမယ်....
"အာ...ဒါပေမဲ့ ကျဲက တီဗီဇာတ်လမ်းတွဲတွေ မရိုက်ချင်ဘူးလေ....သရုပ်ဆောင်ရတာလည်းအရမ်းပင်ပန်းတယ်... ပြီးတော့...ကြော်ငြာရိုက်တာလောက်လည်း အကျိုးအမြတ်ပိုမရဘူး..."
ရှအန်း မငြင်းနိုင်သေးခင် ရှုထျန်ထျန်က ဖြန်ပြောလိုက်သည်။ ဤသည်က ရှုထျန်းထျန်းအတွက် ရှအန်း၏စကားကို ကြားဖြတ်ပြောဖူးသော ပထမဆုံးအကြိမ်ဖြစ်သည်။
ထို့အပြင် သူမ၏သဘောထားမှာ ခိုင်မာပြတ်သားနေပြီး ရှအန်းနှင့်ဆန့်ကျင်ဘက်တွင်ရပ်တည်နေသောပထမဆုံးအကြိမ်လည်းဖြစ်သည်။
"ရှအန်းကျဲ...ညီမ အခု ကျဲကို ဇာတ်ညွှန်းပေးမယ်.... ကောင်းကောင်းဖတ်ကြည့်နော်... ညီမပ ဒါရိုက်တာ ဘရီယန်ကို ကမ်းလှမ်းမှုအကြောင်းနဲ့ ပတ်သက်ပြီး စကားပြောကြည့်လိုက်မမယ်...."
ထိုသို့ပြောပြီးနောက် ရှုထျန်းထျန်းက ရှအန်း၏တုန့်ပြန်ချက်ကိုပင်နားမထောင်တော့ဘဲ ထွက်ခွာသွားခဲ့သည်။အကယ်၍သူမသာ ဆက်နေလျှင် နတ်ဘုရားမ၏သဘောထားကိုမပြောင်းလဲနိုင်ဘဲ သူမကသာ နတ်ဘုရားမကြောင့်သဘောထားပြောင်းသွားမည်ကို ကြောက်သောကြောင့်ဖြစ်သည်။
"ဟေ့..ဟေ့.."
ရှအန်းက ထွက်ပြေးသွားသော ရှုထျန်းထျန်းကိုကြည့်ရင် မျက်လုံးပြူးသွားသည်။
အခု ဘာတွေဖြစ်နေတာလဲ....
သူမရဲ့သစ္စာအရှိဆုံးပရိသတ်.... သူမကို အမြဲတမ်း ထောက်ခံအားပေးနေတဲ့ အေးဂျင့် က သူမကိုကျောခိုင်းသွားတာလား.....
"ရှုထျန်းထျန်း.... ကျဲ ကိုပုန်ကန်နေတာလား"
သို့သော်လည်း....ရှအန်း ငိုပြောလျှင်တောင် အကူအညီဖြစ်တော့မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော်...ရှုထျန်းထျန်းက သူမထွက်သွားပြီးနောက်တွင် ဂရေ့စ်၏သူငယ်ချင်း ဖြစ်သူ ဒါရိုက်တာ ဘရီယန့် ကို ချက်ချင်း ဆက်သွယ်လိုက်၍ဖြစ်သည်။
ရှအန်းက သူမ၏အေးဂျင့်ကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ခဲ့သော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်။
"ထားလိုက်တော့... သရုပ်ဆောင်တာပဲမဟုတ်လား.... ခေါင်းဆောင်နေရာက သရုပ်ဆောင်ရမှာမှ မဟုတ်တာ... အများကြီးသရုပ်ဆောင်စရာမလိုလောက်ပါဘူး..."
ရှအန်း မုန့်များကို ဆက်လက်စားနေလိုက်ကာ ရုပ်ရှင်ဆက်ကြည့်နေသည်။သူမသည် remotပြန်နှိပ်ကာ မိနစ်အနည်းငယ်ကြာ တီဗီကြည့်ပြီးနောက် သူမ၏ ဖုန်းက ပြန်မြည်လာခဲ့သည်။
အစက ရှုထျန်းထျန်းဆက်သည်ဟုထင်ခဲ့သော်လည်း ဖုန်းကိုင်လိုက်သောအခါတွင် အံ့အားသင့်သွားခဲ့သည်။
၎င်းသည် ရှုထျန်ထျန်ဆီမှမဟုတ်ပေ။ သူမ သားလေး၏ ဆရာမထံမှဖြစ်သည်။
"ရှရှင်းချန်ရဲ့ အမေလား မသိဘူး...."
"ဟုတ်ကဲ့...ကျွန်မပါ...ကျွန်မက ရှရှင်းချန်ရဲ့အမေပါ...."
"ကျွန်မက ရှရှင်းချန်ရဲ့ဆရာမ ကတ်သရင်းပါ.... ရှင့်ရဲ့သားက ကျောင်းမှာပြဿနာရှာထားတယ်...ဖြစ်နိုင်ရင် ကျောင်းကိုအမြန်လာခဲ့ပေးလို့ရမလား...."
ဖုန်းကျသွားပြီးနောက် ရှအန်းက သူမကိုယ်သူမ အိပ်မက်မက်နေသလို ခံစားခဲ့ရသည်။
သူမရဲ့ လိမ္မာပြီး နာခံတတ်တဲ့သားလေးက ပြဿနာရှာခဲ့တာလား..
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
ကျီစားတတ်တဲ့သခင်လေး ကုရှုမော့ကပဲ ပြဿနာရှာတဲ့လူ ဖြစ်သင့်တာမဟုတ်ဘူးလား....
ထိုသို့တွေးပြီးနောက်တွင်....ရှအန်းက ဆရာမဘက်က လူမှားပြောတာဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။
ရှအန်းက မျက်မှန်တပ်၍ ကျောင်းသို့ အမြန်သွားခဲ့သည်။ ကျောင်းသို့သောအခါတွင် ဆရာမ ဘက်က မှားပြောဦ မဟုတ်ကြောင်း သိလိုက်ရသည်။
အမှားလုပ်သောသူမှာ သူမ၏နာခံတတ်သောသားလေးဖြစ်ပြီး သူက အရင်လိုမဟုတ်တော့ပေ။
"ရှောင်ရှင်း...သားမှာဘာပြဿနာရှိလို့လဲ..."
သူမ ဆရာမရုံးခန်းသို့ ရောက်သည်နှင့် အခန်းထဲတွင် ဖူးရောင်နေသောမျက်နှာများနှင့် ရပ်နေကြသော ကောင်လေးများကိုတွေ့လိုက်ရပြီး သူမ၏ အထိအခိုက်မရှိပဲ ပုံမှန်အတိုင်းရှိနေသော သူမ၏သားလေးဆီပြေးပြီး ဖက်လိုက်သည်။
သူမသားလေးကို ဖက်ကာ ဂရုတစိုက်ထပ်မံစစ်ဆေးပြီး သား၏မျက်နှာပေါ်တွင် မည်သည့်ဒဏ်ရာမှ မတွေ့သောအခါမှ သူမစိတ်အေးခဲ့ရသည်။
"မာမား...သား အဆင်ပြေပါတယ်...."
ကောင်လေးက ရှအန်း၏ စိုးရိမ်ကြီးဖြစ်နေသော ပုံကိုမြင်လိုက်ရသည်။
" အားလုံး အဆင်ပြေတယ်....အဆင်ပြေတယ်..."
သားအမိနှစ်ယောက်ကြားရှိ လေထုက အလွန်နွေးထွေးနေသည်။
ထိုအချိန် ဝမ်းနည်းကြေကွဲနေသော အသံတစ်ခုကို ကြားလိုက်ရပြီးသော ရှအန်းတို့ နှစ်ဦးကြားရှိ ထိုနွေးထွေးနေသော လေထုကို အားချိုးဖျက်လိုက်သည်။
"မမနတ်သမီး... ရှောင်ချန်ကို သတိမထားမိဘူးလား...ရှောင်ချန် ဒဏ်ရာရထားတယ်လေ..သားကို ဖက်ရမှာလေ...."
ထိုအခါမှ..ရှအန်းက သူမ၏ သားလိမ္မာလေးဘေးတွင် ကုရှုမော့ရပ်နေသည်ကို သတိထားမိသွားသည်။
ယခုချိန်တွင် သူမက သူမ၏သားလေးကို စိုးရိမ်နေသည့်စိတ်က စောနေသဖြင့် အခြားသူများအား သတိထားချိန်မရှိပေ။
"ရှောင်ချန်...ဘာဖြစ်သွားသေးလဲ.... ဘယ်နားနာသွားသေးလဲ... ကြီးကြီးမားမားထိခိုက် သွားလား..."
မစ္စတာကု က သူမကို အများကြီးကူညီခဲ့သည့်အတွက် သူမကလည်း ကုရှုမော့၏ဒဏ်ရာကို ဝတ္တရားအရ ကြည့်ရှုပေးခဲ့သည်။
"ဒီနား..ဒီနား..ပြီးတော့ ..ဒီနား..မမနတ်သမီး....သားအရမ်းနာတယ်..."
ရှအန်းရောက်လာပြီး မကြာမီ သူက လေထဲမှ ငှက်တစ်ကောင်လို တဂျီဂျီလုပ်ကာ အခြားသူများအား ဂရုမစိုက်တော့ပေ။ ရုံးခန်းထဲရှိ ဆရာမမှာ စိတ်ဆိုးလာတော့သည်။
"မဒမ်..ကျေးဇူးပြုပြီး အလေးအနက်ထားပေးပါ...."
ကက်သရင်းက စားပွဲခုံကိုခေါက်ကာ ပြင်းထန်သောလေသံဖြင့်ပြောလိုက်သည်။
"ရှင်က ဆရာမကက်သရင်းပဲ...."
ရှရှင်းချန်နှင့် ကုရှုမော့တွင် ဘာမှထိခိုက်မှုမရှိကြောင်း သေချာသွားပြီးနောက်တွင် ရှအန်းက သူတို့၏ဆရာနှင့် စကားပြောခဲ့သည်။
စကားပြောပြီနောက် သူမ၏ရှေ့၌ အလွန်လိမ္မာယဉ်ကျေးသောသားက ကျောင်းတွင်မကြာခဏရန်ဖြစ်ကြောင်း သိလိုက်ရ၍ အလွန်အံ့သြသွားခဲ့သည်။သူမ၏သားက ယောက်ျားလေးကျောင်းသားများနှင့်မတည့်ပေ။
"ဆရာမ...ရှင်မှားနေတာများလား...."
အမှန်တကယ်တွင် ရှအန်းက ဆရာမ မမှားကြောင်းသိပေသည်။
သို့သော် သူမ၏ သားဖြစ်သူမှာ လိမ္မာရေးခြား ရှိသည်ဆိုသည်မှာလည်း အမှန်ပင်ဖြစ်သည်။ရှောင်ရှင်းက ရန်ဖြစ်ပြဿနာရှာမည့် ဆိုးသွမ်းသော ကျောင်းသားနှင့် မတူပေ။