အပိုင်း ၁၇၈
Viewers 29k

Chapter 178


"ကျွန်မ မှားတယ် ဟုတ်လား....ရှင့်သား ထိုးထားတဲ့ အခြားအတန်းဖော်တွေကိုကြည့်လိုက်ပါဦး..."


ဆရာမကတ်သရင်းက နံရံတစ်ဖက်တွင် ရပ်နေသော ကောင်လေးများကို လက်ညှိုးညွှန်၍ ပြောလိုက်သည်။


ရှရှင်းချန်နှင့်ကူရှုမော့တို့က အတန်းကျော်တက်ခဲ့ရသောကြောင့် အခြားကျောင်းသားများထက် ပိုငယ်သည်။


အထူးသဖြင့်...အာရှလူမျိုး၊ ဥရောပလူမျိုးနှင့် အမေရိကန်လူမျိုးတို့၏ ကိုယ်လုံးကိုယ်ပေါက်မှာသိသိသာသာကွဲပြားသဖြင့်  အခြားကျောင်းသားများက  ရှရှင်းချန်နှင့် ကုရှုမော့တို့ ထက် အရပ်ပိုရှည်၍ ပိုသန်မာကြသည်။


သို့သော်လည်း....ထွားကြိုင်းသန်မာသောကောင်လေးအုပ်စုသည် သေးကွေးသောကောင်လေးနှစ်ယောက်၏ရိုက်နှက်ခြင်းကိုခံခဲ့ရသည်။


"ဖွီး..."

  ရှအန်းက မအောင့်နိုင်တော့ဘဲ ကျယ်လောင်စွာရယ်လိုက်မိသည်။


"ဝိုး...မိုက်တယ်...."

ရှအန်းက ရှရှင်းချန်နှင့် ကုရှုမို့အား တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။


ကံကောင်းသည်မှာ ဆရာမကက်သရင်းက တရုတ်စကားနားမလည်ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ရှအန်းက ကလေးနှစ်ယောက်ကို ရန်ဖြစ်ခြင်းကိုအားပေးသည့် စကားများသာ ကြာခဲ့ပါက ကြောင်တောင်တောင်ဖြစ်သွားနိုင်သည်။


ကောင်လေးနှစ်ယောက်ကလည်း ရှအန်း သူတို့ကို အပြစ်တင်လိမ့်မည်ဟုထင်ထားခဲ့သည်။


သို့သော် ရှအန်းက သူတို့ကို ဆူပူခြင်းမရှိသည့်အပြင် ချီးကျူးပေးနေသည်ကို သိလိုက်ရသောအခါ မျက်လုံးပြူးသွားကြသည်။


"အဟွတ်..."

 ရှအန်းက ချောင်းဆိုးပြကာ ရှက်ကိုးရှက်ကန်းအနေအထားဖြင့် ကတ်သရင်းကို ကြည့်လိုက်သည်။


"ဆရာမ...ကျွန်မတောင်းပန်ပါတယ်... အဲ့ဒီကလေးတွေရဲ့ဆေးဖိုးကုန်ကျစရိတ်ကို ကျွန်မပေးပါ့မယ်... အားလုံးက ကလေးတွေပဲလေ... ကျွန်မရဲ့သားကိုတော့ အရမ်းကြီးစိတ်မဆိုးသင့်ပါဘူး..."


ကတ်သရင်း၏မျက်နှာတွင် သူမ၏ သဘောထားကို မြင်နိုင်ပေသည်။


"ကျွန်မ သူတို့ရဲ့မိဘတွေကိုလည်း အကြောင်းကြားပြီးပါပြီ.... ရှင် သူတို့နဲ့ ဆွေးနွေးနိုင်ပါတယ်..."


"ကောင်းပြီ... ကိစ္စမရှိပါဘူး...."


သူမ အနည်းငယ် ဘဝင်မကျသော်လည်း ထိုမိဘများကို စောင့်ရမည်ဖြစ်သည်။ သူမက ဤကျောင်းမှာ အကောင်းဆုံးကျောင်းဖြစ်ပြီး သူမ၏သားကလည်း ဒီကျောင်းတွင် ဆက်လက်ပညာသင်ကြားရဦးမည်ဖြစ်ကြောင်း တွေးကာ စိတ်လျော့လိုက်သည်။ ထို့ကြောင့် သူမက စိတ်ရှည်စွာစောင့်နေခဲ့သည်။


အချိန်အနည်းငယ်ကြာစောင့်ပြီးနောက် ရှအန်းက သူမ၏မျက်မှန်ကိုချွတ်လိုက်သည်။


ထိုအခိုက်အတန့်၌ ရှရှင်းချန်ကို ရန်လိုနေခဲ့ကြသော ကောင်လေးများက အံ့သြသွားခဲ့ကြသည်။


"အိမ်ဂျယ်လ်လား... အဲ့ဒါ အိမ်ဂျယ်လ်လား...."


"အမ အိမ်ဂျယ်လ်..."


ထိုသို့ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာကြသည်ကို မြင်သောအခါ ရှအန်း တုန်လှုပ်သွားခဲ့သည်။ သူမစိတ်ရှုပ်ထွေးသွားရကာ လူဆိုးလေးတစ်သိုက်ကိုကြည့်၍ ဘာဖြစ်သွားတာလဲဟု မေးချင်သွားသည်။


ရှအန်း၏ပုံရိပ်မှာ မူလတန်းကျောင်းသား ပေါက်စလေးတွေအပေါ် အတော်လေး လွှမ်းမိုးမှုရှိပေသည်။


"အမအိမ်ဂျယ်လ် သားနဲ့အတူ ဓါတ်ပုံအတူရိုက်လို့ရမလား..."


"အမအိမ်ဂျယ်လ် အစ်မက ရှရှင်းချန်ရဲ့ အမေလား...."


"အမအိမ်ဂျယ်လ်...."


ရှအန်း၏ ဘေးတွင် ကလေးများဝိုင်းအုံလာကြသည်။ သူမ၏ဖန်အဖွဲ့တွင် မူလတန်းကျောင်းသား‌များပင် ရှိနေခဲ့သည်။


သူမ၏သား ထံမှ သနားစရာကောင်းအောင် ရိုက်နှက်ခံထားရသော ကျောင်းသားလေးများအားကြည့်ကာ သူတို့၏မိဘများမလာခင် သူတို့ကို မျက်နှာသာပေးလိုက်မည်ဟု တွေးလိုက်သည်။


" တစ်ယောက်ချင်းစီလာ... စိတ်မပူနဲ့... အားလုံး တစ်ပုံစီရိုက်ရမယ်..."


ထိုအခိုက်အတန့်တွက် ဆရာမကတ်သရင်း၏ရုံးခန်းက ပရိတ်သတ်လက်မှတ်ထိုးပွဲတစ်ခုကဲ့သို့ ဖြစ်နေသည်။ 


ရှအန်းနှင့်အတူ ဓာတ်ပုံရိုက်ချင်နေသော ကလေးများမှာ ကြိတ်ကြိတ်တိုးနေကြသည်။


ထိုလူအုပ်ကြီးကိုကြည့်ရင်း ကတ်သရင်း ဆွံ့အအနေမိသည်။ ကုရှုမို့က မျှော်လင့်ချက်မဲ့နေသည်။ ရှရှင်းချန်က စိတ်တိုနေသည်။


မုန်းစရာကောင်းလိုက်တာ.....


လူတွေက သူ့ဆီမှ သူ့အမေကို လုယူဖို့ကြိုးစားနေသည်ကို အလွန်မုန်းသည်။


ဤကဲ့သို့ဖြစ်မည်သာ ကြိုသိခဲ့လျှင် သူ့ဘက်က ထိုသို့စိတ်လိုက်မာန်ပါ လုပ်ခဲ့မည်မဟုတ်ပေ။


အရိုက်ခံရသော ကျောင်းသားများ၏မိဘများရောက်လာသောအခါ...သူတို့၏ကလေးများ၏မျက်နှာကိုမြင်လိုက်ရသောအခါ အလွန်ဒေါသထွက်သွားကြသည်။ သူတို့၏ကလေးများ ပြင်းပြင်းထန်ထန်အရိုက်ခံ ခဲ့ကြရသည်ဟု ခံစားခဲ့ကြသည်။


ထို့ကြောင့် ထိုအမျိုးသမီးထုက ရှအန်းကို တိုက်ခိုက်ရန် လက်သီးလက်မောင်းတန်းလာခဲ့ကြသည်။


သို့သော်လည်း သူတို့အားလုံးက အမျိုးသမီးများသာဖြစ်၍ ထိုကဲ့သို့ မလုပ်နိုင်ကြပေ။


အားလုံးက ပုံကြီးချဲ့လာကြသည်။


"ဒီကိစ္စကိုရှေ့နေနဲ့ဖြေရှင်းမယ်..."


ထိုအထက်တန်းစားအမျိုးသမီးများအဖွဲ့က ရှအန်းကိုတရားဆွဲမည်ဟု ပြောသောအခါ သူမ ညင်သာစွာ မျက်တောင်ခတ်လိုက်သည်။


ဘာလဲ.... ဒါကကလေးတွေကြားက အသေးအဖွဲပြဿနာလေးတစ်ခုလေ....


 ကလေးတွေရဲ့ ရန်ပွဲမှာ ရှေ့နေတွေဘာတွေလိုလို့လား.....


  သူတို့က ဘာကြောင့် ရှေ့နေတွေ ငှားနေမှာလဲ...


ရှအန်းက အော်ကလီဆန်လာသော်လည်း သူမ၏သားအား ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ပြုံးထားခဲ့သည်။


ကတ်သရင်း၏ရုံးခန်းထဲတွင် ဆူညံပွက်လောရိုက်နေလောက်အောင် မူလတန်းကျောင်းသား ပေါက်စလေးများက ရူးလောက်စေသည်။


နောက်ဆုံးတွင်...ရှအန်းက တောင်းပန်ပေးခဲ့သည်။ ကလေးများကလည်း သူတို့၏ မိဘများအား လက်ခံရန် ပြောပေးခဲ့ကြပြီး ညှိနှိုင်းမှုအဆင်ပြေခဲ့သည်။


" ကောင်းပြီ..ရှင့်ရဲ့ စိတ်ရင်းနဲ့တောင်းပန်မှုကြောင့် ဒီတစ်ကြိမ်တော့ခွင့်လွှတ်လိုက်မယ်..."


"ဒီတစ်ခေါက်ပဲနော်...ရှင့်သားက ကျွန်မတို့ ကလေးတွေကို နောက်တစ်ခါရိုက်လို့ကတော့ ကျွန်မတို့က ရဲကိုခေါ်တော့မှာ...."


အားလုံးကိုပြေလည်အောင်တောင်းပန်ပြီးနောက်...ရှအန်းက အနည်းငယ် ပင်ပန်းလာ၍ ပြန်ချင်နေသည်။သူမက ကလေးနှစ်ယောက်နှင့်ထွက်မသွားခင် သူမ၏နောက်မှ ခေါ်သံကြားလိုက်သည်။


"အိုး..ခဏလေးနေပါဦး...."


ရှအန်းက နောက်ပြန်လှည့်ကြည့်လိုက်သောအခါ....အနည်းငယ်ရှက်နေသော ဟန်ပန်ဖြင့် ရွှေရောင်ဆံပင်ရှိသော မစ္စကော ကိုတွေ့လိုက်သည်။ 


မစ္စကော ကရှအန်းအားမေးလိုက်သည်။

.."မစ္စရှ..ရှင့်ရဲ့ အသားအရည်ကို ဘယ်လိုထိန်းသိမ်းတာလဲဟင်...."


အမှန်တကယ်တွင်.ထိုမိဘများ ရုံးခန်းထဲစဝင်လာချိန်တွင် သူတို့၏အာရုံစူးစိုက်မှုက သူတို့၏ ကလေးများပေါ်တွင် မဟုတ်ကြပေ။ ရှအန်း၏ ကြည်လင်တောက်ပသော အသားအရည်ပေါ်တွင်သာဖြစ်သည်။


သူမက ကလေးနှစ်ယောက်အမေဖြစ်ပြီး အသားအရည်ကို  ကောင်းမွန်စွာ ထိန်းသိမ်းနိုင်နေသည်။ မည်သည့်အရေးအကြောင်းမှလည်းမရှိ ချွေးပေါက်ကလေးတွေတောင်မမြင်နိုင်လောက်အောင် သူမ၏အသားအရည်က ကောင်းမွန်လှသည်။


၄င်းသည် ထိုမိခင်များအားမနာလိုအားကျဖြစ်စေခဲ့သည်။ သူတို့တွင် အချိန်နှင့် ပိုက်ဆံပေါကြပြီး နေ့စဥ် သူတို့၏အလှကို တိုးစေမည့် ပစ္စည်းများကို ဝယ်ကြသူများဖြစ်သည်။


ထို့ကြောင့် ရှအန်းက ဤမျှကောင်းမွန်တဲ့အသားအရေကို မည်သို့ရရှိလာသလဲဟု သိလိုစိတ်များဖြစ်လာကြသည်။


သို့သော်..ယခုလေးတင်   ပြဿနာမှာ အနည်းငယ် အချိုးမပြေမှုများကြောင့် သူတို့က မေးရန် ရှက်နေကြသည်။


ယခု...ရှအန်းက ထွက်သွားတော့မည်ကို မြင်သောအခါ သူတို့၏စိတ်ထဲရှိအလှတရားနှင့်ပတ်သက်သောစွဲဆောင်မှုကို ချုပ်ထိန်းမထားနိုင်တော့ဘဲ သူတို့သိချင်သောအရာကို မေးလိုက်ကြသည်။


ရှအန်းက သူမကို မျှော်လင့်ချက်များဖြင့်ကြည့်နေသော ထိုသူဌေးမများ၏ အနေအထားအားမြင်လိုက်ရသောအခါ အံ့သြသွားခဲ့သည်။


ထို့နောက်..သူမ ချက်ချင်းတွေးလိုက်မိသည်မှာ သူမ၏ မကြာမီဖွင့်တော့မည့် ကုမ္ပဏီအား ကြော်ငြာရန်ဖြစ်သည်။


"အာ...ကျွန်မက အမြဲတမ်းတော့ မထိန်းသိမ်းဖြစ်ပါဘူး... ကျွန်မက C.H အလှကုန်ပစ္စည်းကိုသုံးတာလေ..."


"C.H..."


"အဲ့ဒါက ဘာတံဆိပ်လဲ.... ဘာလို့ ကျွန်မက အဲ့ဒါကို မကြားဖူးသလိုဖြစ်နေရတာလ. ..."


"ကျွန်မ အဲ့ဒါကို မကြားဖူးဘူး.... ဘယ်နာမည်ကြီးအလှကုန်ပစ္စည်းက ထွက်တာလဲ..."

ထိုအမျိုးသမီးများက ရှအန်းအား တွေဝေသောမျက်လုံးများဖြင့်ကြည့်နေကြသည်။


"အာ...ရှင်တို့ မကြားဖူးဘူးဆိုတာဖြစ်သင့်ပါတယ်... ကျွန်မသုံးတဲ့ ဒီအလှကုန်ပစ္စည်းက ကျွန်မအတွက်သီးသန့် ထုတ်ထားတာပါ.... စျေးကွက်မှာရောင်းဖို့မဟုတ်ပါဘူး..."

ထိုပစ္စည်းက တစ်စုံတစ်ယောက်အတွက်သီးသန့်ထုတ်ထားသည်ကို သိသောအခါ ထိုအမျိုးသမီးများ၏ မျက်လုံးများတောက်ပကုန်ကြသည်။


တစ်ဦးတည်းအတွက်သီးသန့်ထုတ်သော အလှကုန်ပစ္စည်းများက သာမန်အားဖြင့် အလွန်ကောင်းသည်။


သူတို့၏ရှေ့ရှိကလေးနှစ်ယောက်၏ အသားအရည်မှာအလွန်ကောင်းနေသည်ကိုလည်း မေးနေစရာမလိုတော့ပေ။


"ကျွန်မတို့ကို အဲ့ဒီအလှကုန်ပစ္စည်းထုတ်တဲ့လူနဲ့မိတ်ဆက်ပေးလို့ရမလား...."


သူတို့က ရှအန်းပေါ်တွင်ထားသောသဘောထားအားပြောင်းလဲပေးခဲ့သည်။ မျှော်လင့်ချက်တို့ ပြည့်နေသော မျက်လုံးများ၏အောက်တွင် ရှအန်းက တည်ငြိမ်စွာခေါင်းခါပြလိုက်သည်။


ထိုအမျိုးသမီးများတွင် အင်အားကြီးသောမိသားစုနောက်ံခံများရှိကြသည်။


သူတို့က ရှအန်း၏စကားကိုကြားသောအခါ အနည်းငယ် စိတ်ဆိုးသွားကြသည်။ 


" စိတ်မကောင်းပါဘူး...အဲ့လူက အဲ့လိုပုဂ္ဂိုလ်ရေးအရ ပစ္စည်းတွေ မထုတ်ပေးတော့ဘူး......ဒါပေမဲ့  သူက ကုမ္ပဏီအသစ်ဖွင့်တော့မှာပါ.... C.H ဆိုတာ သူ့ကုမ္ပဏီပစ္စည်းရဲ့ နာမည်လေ...."


သူမ၏စကားအားကြားသောအခါ ထိုအမျိုးသမီးများက ယခင်ကမျှော်လင့်ချက်တို့ ပြန်လည်ရရှိလာသည်။


"အဲ့ဒီကုမ္ပဏီက ဘယ်နေရာမှာလဲ...."


"အခုထိ မဖွင့်သေးဘူးလား...."


အမျိုးသမီးများ၏ စိတ်လှုပ်ရှားနေပုံကိုကြည့်ကာ ရှအန်က ဘဝင်ကျစွာပြုံးလိုက်သည်။


 ကုမ္ပဏီမဖွင့်ခင်...သူမကိုယ်သူမ အပေးအယူလုပ်ထားသည်မှာ .... သူမကြော်ငြာပေး လိုက်သည့် ထိုအမျိုးသမီးများနှင့်သာဆိုလျှင် သူမ၏ ကုန်ပစ္စည်းများ မရောင်းရမှာစိတ်ပူစရာမလိုတော့ပေ။


သူမက ထိုအမျိုးသမီးများကို သူမ၏ကုန်ပစ္စည်းများအား ဝယ်ယူရန် ဆွဲဆောင်နေစဉ်တွင် Amway Gucci၏သံအမတ်ဖြစ်လာတော့မည်ဟုသော ကိစ္စက ပို၍ဆိုးလာခဲ့သည်။ ၄င်းကတောမီးကဲ့သို့ပြန့်နှံ့သွားခဲ့သည်။


အားလုံးက ရှအန်းသည် Gucci ၏ သံအမတ်တစ်ယောက်ဟုထင်ခဲ့ကြသည်။


၄င်းက ရှာဖွေမှုအများဆုံး နံပါတ်တစ်ဖြစ်လာခဲ့သည်။ လူသစ်လေးရှအန်းက ဒီဇိုင်းအရင်းမြစ်ကို ရရှိခြင်းက ကြီးမားသည့်ပြောင်းလဲမှုဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။


Gucci's Weibo ၏သံအမတ် ကြော်ငြာချက်က မည်သူမှ မျှော်လင့်မထားသောအရာဖြစ်သည်။


Gucci' Weibo မှတရားဝင်ကြေညာသောသံအမတ်သည် ရှအန်းမဟုတ်ဘဲ လျန့်ကျားရီဖြစ်သည်။


[Gucci China V:ဂုဏ်ယူပါတယ် @လျန့်ကျားရီ   တရုတ်နိုင်ငံရဲ့ အမျိိုးသမီး အလှကုန်တံဆိပ်အတွက် သံအမတ်တစ်ယောက်ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်]


အားလုံးက အထင်နှင့်အမြင်တလွဲစီဖြစ်ခဲ့သည်။ ယခုကာလတွင် ရှအန်းက Gucci၏သံတမန်ဖြစ်လာတော့မည် ဟူသော သတင်းက ရှာဖွေမှုအများဆုံးနှင့် လူပြောအများဆုံးဖြစ်ခဲ့သည်။ 


သို့သော်...ယခုတွင်...


[ ဒါဆို...ရှအန်းက Gucciရဲ့သံတမန်မဟုတ်ဘူးပေါ့...]


[ငါပြောသားပဲ! သူမက Gucci ကို ဆွဲဆောင်နေတာ...သူမရဲ့ အရည်အချင်းနဲ့ ဘယ်လိုလုပ် Gucciရဲ့ သံအမတ်ဖြစ်လာနိုင်မှာလဲ?]


[ မျှမျှတတပြောရရင်...လက်ရှိမှာ ရှအန်းက အောင်မြင်နေတယ်ဆိုပေမယ့် သူမမှာ ကြီးမားတဲ့အင်အားနဲ့ အရည်အချင်းမျိုးတွေလုံးဝမရှိဘူး!Gucciဆိုတာက နိုင်ငံတကာရဲ့ နာမည်ကြီးတံဆိပ်တစ်ခုလေ! အဲ့‌ေတာ့ဘယ်လိုလုပ်သူမကို သုံးမှာလဲ ]


[ Gucci မှာ ပစ္စည်းတွေအများကြီးရှိတာပဲ!ရှအန်းက အိတ်တွေအတွက် သံအမတ်လည်း ဖြစ်နိုင်တယ်]


[သေလိုက်လေ!ဘာမှကာကွယ်ပြောပေးမနေနဲ့! Gucci က လျန့်ကျားရီဟာသံအမတ်ပါလို့တရားဝင်ကြေညာပြီးတာတောင် ရှအန်းကို ကာကွယ်ပြောပေးနေတာတွေ မရပ်‌‌သေးဘူးလား?]


[အခု ရှအန်းက Gucci ကိုဘယ်လိုဖမ်းဆွဲထားမလဲဆိုတာ သိချင်လိုက်တာ!]