အပိုင်း ၁၇၉
Viewers 29k

Chapter 179


Gucci၏ Weiboအကောင့်မှ တရားဝင်ထုတ်ပြန်ချက်က အင်တာနက်ပေါ်တွင် ကြီးမားသောဂရက်ရိုက်ခတ်မှုတစ်ခုကို ဖြစ်စေခဲ့သည်။ Weiboတစ်ခုလုံးတွင် ရှအန်းက Gucci၏သံအမတ်ဖြစ်သည်ဟူသော ရှာဖွေမှုမှာ ထိပ်ဆုံးနေရာတွင်ရှိနေသောကြောင့်ဖြစ်သည်။


လူများက Gucci ၏တရားဝင်ထုတ်ပြန်ချက်အား ကြားသောအခါ ၎င်းက ရှအန်းကို မျက်နှာဖြတ်ရိုက် ခြင်းဖြစ်သည်ဟုခံစားလိုက်ရသည်။ နှိုင်းယှဥ်ရလျှင် ရှအန်းမှာ လျန့်ကျားရီထက် အနည်းငယ် ပိုလှသည်ဟုထင်ရသည်။


လျန့်ကျားရီသည် Gucciအမျိုးသမီးအလှကုန်ပစ္စည်း၏ သံတမန်အဖြစ် ကြည့်ရှုမှုများလာခဲ့သည် ။သူမကို Gucci၏ ဝေ့ပေါ်Weibo မှ တရုတ်၏သံအမတ်အဖြစ် တရားဝင်ကြေညာလိုက်သောအခါ သူမ၏တန်ဖိုးများက တဖန်ပြန်၍တက်လာခဲ့သည်။


သူမဘက်က Gucciအတွက် ကြော်ငြာများ တရားဝင်စတင်မရိုက်ကူးရသေးသော်လည်း ဤနှစ်နွေဦးတွင် ပဲရစ်တွင်ကျင်းပမည့် ဖက်ရှင်ရှိုးပွဲသို့ဖိတ်ကြားခြင်းခံခဲ့ရသည်။အထူးသဖြင့် Gucciမှ လျန့်ကျားရီကို ပဲရစ်သို့ နွေးဦးဖက်ရှင်ရှိုးကြည့်ရန် ဖိတ်ကြားခဲ့သည်။


တစ်ပတ်တာဖက်ရှင်ရှိုးပွဲသို့ သွားရောက်ကြည့်ရှုနိုင်သော အနုပညာရှင်များစွာရှိသည်။


သို့သော်...နိုင်ငံတကာနာမည်ကြီးတံဆိပ်တစ်ခုမှ ပုဂ္ဂိုလ်ရေးအရ လာရောက်ကြည့်ရှုရန် ဖိတ်ကြားခြင်းခံရသော အနုပညာရှင်မှာ ရှားပါးလေသည်။


ထို့ကြောင့်...အင်တာနက်ပေါ်တွင် လျန့်ကျားရီ တောက်ပနေချိန်တွင် ရှအန်းမှာ စိတ်မချမ်းမြေ့ဖွယ် အခြေအနေဖြစ်နေလေသည်။အင်တာနက်ပေါ်တွင် ရှအန်း၏ဂုဏ်သတင်းများ မှေးမှိန်ကာ လျန့်ကျားရီအား အမွှန်းတင်နေကြသည်။ 


[မင်းသမီးရှအန်းနဲ့ယှဥ်ရင် ငါကတော့ လျန့်ကျားရီက Gucci ရဲ့သံတမန်ဖြစ်လာတာကို ပိုသဘောကျတယ်!]


[ ရှအန်းက လှတော့လှပါတယ်.... ဒါပေမဲ့  ရုပ်ရည်သွင်ပြင်လက္ခဏာအရဆို လျန့်ကျားရီက ပိုလှတယ်..]


[Gucci က အမြင်ရှိတယ်... လျန့်ကျားရီရဲ့မျက်နှာက ပထမဆုံး အကြည့်နဲ့တင် တိုးတက်နိုင်တယ်!]


.....


အမေရိကန်တွင်.....


"အမထျန်းထျန်း...ပြည်သူတွေရဲ့ အမြင်က အမရှအန်းအပေါ်မှာ ပိုပြီးဆိုးလာပြီ... ညီမ အခုလှုပ်ရှားရတော့မလား..."


စတူဒီရိုခန်းထဲတွင် ရှအန်း၏လက်ထောက် ရှောင်လီက အင်တာနက်ပေါ်မှ ပြည်သူများ၏ ထင်မြင်ချက်များကိုဖတ်၍ စိတ်မသက်မသာဖြစ်နေသည်။


အပူတပြင်းဖြစ်နေသော လက်ထောက်ရှောင်လီနှင့်ယှဥ်လျှင် ရှုထျန်းထျန်းက ပရိတ်သတ်အတု လက်ထောက်အတု ဟုပင်ထင်ရနိုင်သည်။အဘယ်ကြောင့်ဆိုသော်...သူမက ဘာပူပန်မှုမှမရှိခြင်းကြောင့်ဖြစ်သည်။


"နေဦး...ခဏလေး စောင့်လိုက်ဦး.."


ရှုထျန်းထျန်းက အမြင်မကြည်သော ပြည်သူများ၏ထင်မြင်ချက်များကိုဖတ်ရင်း အကြည့်များက စူးရှသွားရကာ သူမ၏နှုတ်ခမ်းအားတစ်ခြမ်းကိုတွန့်လိုက်သည်။


ရှုထျန်းထျန်းက ပြည်တွင်းပရိသတ်များ၏ ထင်မြင်ချက်များကို ဖတ်ရှုခြင်းဖြင့် လျန့်ကျားရီက မည့်သည့်အကွက်ကိုရွှေ့နေသည်ဆိုသည်မှာ ခန့်မှန်းရန်မခက်ခဲပေ။


ထိုလှည့်ကွက်သည် အခြားသောသူများအပေါ်အသုံးချလျှင် အသုံးဝင်ကောင်းဝင်နိုင်သော်လည်း သူတို့၏နတ်ဘုရားမအတွက် အသုံးမဝင်ပေ။ ထိုသူများသည် သူတို့ကိုယ်သူတို့ပြန်ထိခိုက်နိုင်သည်။


"စောင့်ရဦးမှာလား...အစ်မထျန်းထျန်း...ဘယ်လောက်ကြာကြာစောင့်ရဦးမှာလဲ?အခြားလူတွေက ညီမတို့တွေကိုစော်ကားပြောဆိုနေကြပြီနော်...."


ရှအန်းအပေါ်  ပြည်သူများ၏ထင်မြင်ချက်များကို တောက်လျှောက်ဖြေရှင်းပေးနေရသော ရှောင်လီ စိတ်ပျက်လာလေသည်။


"ရန်သူကိုတိုက်ခိုက်ဖို့ သူ့ရဲ့အားနည်းချက်ကို အရင်ရှာရတယ်!အခုကအချိန်ကောင်းမဟုတ်သေးဘူး..."


ရှုထျန်းထျန်းက ညင်သာစွာခေါင်းခါလိုက်ပြီး ရှောင်လီကို အရူးတစ်ယောက်ကို ကြည့်နေသောအကြည့်ဖြင့်ကြည့်နေခဲ့သည်။


ရှောင်လီက ရှုထျန်းထျန်း ဘာကိုဆိုလိုသည်ကိုနားမလည်သော်လည်း ရှုထျန်းထျန်းတွင် နိုင်ဖဲတစ်ကဒ် ရှိသည်ကို သဘောပေါက်လိုက်သည်။


သူမ၏စိတ်ထဲတွင်အနည်းငယ် ပူပန်မှုနေရသည်။ ရှုအန်းကို တရုတ်နိုင်ငံတွင် အပုပ်ချပြောဆိုနေကြဆဲဖြစ်သော်လည်း သူမတွင် တရားဆွဲဆိုပိုင်ခွင့်မရှိပေ။ ထို့ကြောင့်...ရှုထျန်းထျန်း၏ အစွမ်းအစကိုသာ ယုံကြည်ရတော့မည်ဖြစ်သည်။


"ကောင်းပြီလေ ..ညီမစောင့်ကြည့်မယ်နော်..."


ရှုထျန်းထျန်းက ပြုံးလိုက်ပြီး သူမ၏မျက်လုံးများသည် ကွန်မန့်တစ်ခုဆီသို့ရောက်သွားသည်။ ထိုကွန်မန့်တွင် လျန့်ကျားရီအား ကောင်းချီးပေးထားသောစကားလုံးများနှင့် ပဲရစ်တွင်ကျင်းပမည့် ဖက်ရှင်ဝိခ် သို့တက်ရောက်ရမည့်သတင်းများဖြစ်သည်။


ရှုထျန်ထျန်၏မျက်လုံးများက အေးစက်မာကျောသောအလင်းတန်းများဖြာထွက်လာသည်။


သူမ အမြန်လှုပ်ရှားရတော့မည်ဟု စဥ်းစားရင်း သူမ၏ဖုန်းကိုထုတ်ကာ ဖုန်းဆက်လိုက်သည်။


"ဟေး...မစ္စတာ ဒယ်လ်တန်လား... ကျွန်မထင်တယ်  ကျွန်မတို့......"


အခုချိန်တွင် ရှုထျန်းထျန်းက ရှအန်း၏ကိစ္စများနှင့် အလုပ်ရှုပ်နေပြီး ရှအန်းကလည်း သူမ၏ကုမ္ပဏီကိစ္စနှင့် အလုပ်ရှုပ်နေသည်။


Central Shopping City သည် အမေရိကန်တွင် အကြီးဆုံးရှော့ပင်းစင်တာဖြစ်ပြီး စတုရန်းပေ ၅.၁မီတာကျယ်ဝန်းပြီး အထပ်၆ထပ်ရှိသည်။


ရှောပင်းမောလ် ထဲတွင် ဆိုင်အမျိုးမျိုးရှိသည်။ဇိမ်ခံ ကုန်ပစ္စည်းများ၊ အလယ်အလတ် ဇိမ်ခံပစ္စည်းများနှင့် အဆင့်မြင့်ဇိမ်ခံပစ္စည်းတံဆိပ်များ ရှိသည်။လိုချင်သောကုန်ပစ္စည်းများကို ထိုနေရာတွင် ဝယ်နိုင်သည်။


ရှအန်းတည်ထောင်သော C.H တံဆိပ်ကုမ္ပဏီသည် ထိုကြီးမားသော ရှော့ပင်းမောလ်ထဲတွင် ဖြစ်သည်။ထို့အပြင် ဆိုင်၏ တည်နေရာသည် အလွန်ကောင်းသည်။ ၄င်းက ဓါတ်လှေကားနားရှိ အလှကုန်ပစ္စည်းများရောင်းသော အထပ်တွင် တည်ရှိသည်။ထို့ကြောင့် အလှကုန်ပစ္စည်းဝယ်ရန်လာသောမည်သူမဆို ရှအန်း၏ဆိုင်ကို ပထမဆုံးတွေ့နိုင်သည်။


C.H ကိုတရားဝင်ဖွင့်သောနေ့တွင် ဆိုင်တံခါး၌ ပန်းခြင်းများဖြင့် ပြည့်နေသည်။


သို့သော်...ဆိုင်ရှင်ရှအန်းသည် ဆိုင်သို့ပေါ်မလာခဲ့ပေ။သူမသည် ဆိုင်အဝင်ဝတွင် လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်နိုင်ရန် အဆင့်မြင့်ရုပ်ကြည်ပြတ်သားသောမော်နီတာတစ်ခုကို အသုံးပြုခဲ့သည်။အမှန်တကယ်တွင်...သူမသည် ပထမဆုံးနေ့တွင် ဆိုင်သို့သွားချင်ခဲ့သည်။


သို့သော်...သူမသည် C.H ၏ပိုင်ရှင်တစ်ယောက်ဖြစ်သည်ကို လူများက အချိန်တိုအတွင်းသိသွားမည်ကို မလိုလားပေ။ ထို့ကြောင့် သူမ၏အိမ်မှ မော်နီတာမှ တဆင့်သာ စောင့်ကြည့်နေခဲ့သည်။