Chapter 180
ရှအန်းသည် သူမ၏ဆိုင်အား မော်နီတာမှ အကြီးအသေးအမျိုးမျိုးသော ဗီဒီယိုဘောင်များဖြင့် စောင့်ကြည့်နေခဲ့သည်။
ဆိုင်၏အစပိုင်းတွင် လူအများအပြားမရှိသော်လည်း သူမ၏ပုံပါသောဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်သောအခါ လူများက သိလိုစိတ်များဖြင့် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
"ဝိုး...အဲ့ဒါ...အိန်ဂျယ်လ်...မဟုတ်လား..."
"ဟုတ်တယ်....ဒီအလှကုန်ပစ္စည်းဆိုင်အသစ်က အိန်ဂျယ်လ်နဲ့ ဆက်စပ်နေတာလား..."
"ဟုတ်တယ်...ရှအန်း ကြော်ငြာပေးတာနဲ့တူတယ်..."
များစွာသောနိုင်ငံခြားသားများနှင့် တရုတ်ခရီးသွားများက ရှအန်း၏ဆိုင်းဘုဒ်ကိုမြင်သောအခါ စိတ်ဝင်စားသွားကြပြီး ဆိုင်ထဲသို့ဝင်ရောက် ကြည့်ရှုခဲ့ကြသည်။ သူတို့ ဆိုင်ထဲသို့ရောက်သောအခါ ဆိုင်၏ မြင်ကွင်းတွင် အံ့သြသွားစေခဲ့သည်။
၄င်းသည် ဆိုင်၏အခင်းအကျင်းကြောင့်မဟုတ်ပေ။ဆိုင်၏မွမ်းမံခြယ်သမှုမှာ လှပသော်လည်း သူတို့ကို အံ့သြသွားစေလောက်အောင်မဟုတ်ပေ။
အမေရိကန်တွင် အကြီးဆုံးရှော့ပင်းမောလ်ထဲရှိဆိုင်များသည် ထိုကဲ့သို့ လှပသော အခင်းအကျင်းများရှိကြသည်။
အမှန်စင်စစ် ထိုသူများအားအံ့သြမှင်သက်သွားစေသည့်အရာမှာ ဆိုင်ထဲရှိ များစွာသောကြော်ငြာဖန်သားပြင်ပေါ်တွင် ရှအန်းအားတွေ့မြင်လိုက်ရခြင်းကြောင့်ဖြစ်သည်။ထိုအရာများသည် ရှအန်း၏ အီလက်ထရောနစ်ပိုစတာပဲဖြစ်ဖြစ် သူမ၏ကြော်ငြာပဲဖြစ်ဖြစ် ဖန်သားပြင်ထက်တွင်အားလုံးက လှပနေသည်။ ထိုသူများအား သူမ၏အသက်ရှူမှားလောက်စေသည့်အလှများဖြင့် လွှမ်းမိုးခဲ့လိုက်သည်။
ကြော်ငြာထဲတွင်...ရှအန်း၏သန့်ရှင်းစင်ကြယ်သောမျက်နှာသည် နူးညံ့ပြီး ထိုးဖောက်မြင်နိုင်လောက်အောင် ကြည်လင်လှပသောအသားအရည်ရှိကြောင်းကို မြင်သူတိုင်းအား စွဲမက်သွားစေခဲ့သည်။
"အိန်ဂျယ်ရဲ့အသားအရည်က အရမ်းကောင်းတော့ ဒီအလှကုန်ပစ္စည်းက တကယ်ကောင်းမယ့်ပုံပဲနော်!"
"ဒီအလှကုန်ပစ္စည်းက အိန်ဂျယ်လ် သုံးတာလား...ငါ တစ်ခုလောက်တော့ ဝယ်နိုင်မယ်ထင်တယ်"
"မိန်းမ...ရှအန်းကြော်ညာထားတဲ့ ဒီပစ္စည်းလေးကိုကြည့်စမ်း..တော်တော်ကောင်းတယ်...စျေးလည်းမကြီးဘူး"
"ဒါပေမဲ့..ငါတို့က နိုင်ငံခြားကိုလာတာလေ... အမျိုးသမီးပစ္စည်း အနည်းအပါးလောက်ပဲဝယ်ချင်တယ်"
ထိုအလှကုန်ပစ္စည်းမှာလူတော်တော်များများ မကြားဖူးသေးသော ပစ္စည်းဖြစ်သည်။ ထို့အပြင် ဆိုင်ထဲရှိလူအုပ်ကြီးထဲမှအများစုသည် ရှအန်း၏ပရိသတ်များမဟုတ်ကြပေ။
ထို့ကြောင့် ဆိုင်ထဲတွင် လူအများမပြားရှိကြပြီး ပစ္စည်းတန်ဖိုးမှာစျေးမကြီးသော်လည်း အမှန်တကယ် ဝယ်ယူသူမှာ နည်းပါးသည်။
လူတိုင်းက ဝယ်လိုသည့်ဆန္ဒ ပြင်းပြင်းပြပြမရှိသေးသောအချိန်တွင် ထင်မှတ်မထားသောမြင်ကွင်းတစ်ခုသည် ဖြစ်ပေါ်လာခဲ့သည်။
သူတို့အားလုံး အဆင့်မြင့်နောက်ဆုံးပေါ် တံဆိပ်များဖြင့် အထက်တန်းကျကျလှပကျော့ရှင်းသောစတိုင်ဖြင့် ဝတ်ဆင်ထားသော အမျိုးသမီးအုပ်စုအား တွေ့လိုက်ရသည်။
မစ္စကော နှင့်အမျိုးသမီးများ ရောက်ရှိလာသောအခါ ဆိုင်သည် ရုတ်တက်အသက်ဝင်လာခဲ့သည်။
"ဒါ... အိမ်ဂျယ်လ် ငါတို့ကို မိတ်ဆက်ပေးထားတဲ့တံဆိပ်ပဲ"
"ဟုတ်တယ်...အိန်ဂျယ်လ်ငါ့ကိုပေးခဲ့တဲ့ C.H ပစ္စည်းကို သုံးပြီး တစ်ပတ်အကြာမှာ င့ါမျက်လုံးဘေးပတ်လည်ကအရေးအကြောင်းတွေ တော်တော်လေးပျောက်သွားသလိုခံစားလိုက်ရတယ်"
"နင့်မှာ ဝက်ခြံတွေလည်းတော်တော်နည်းသွားတယ်နော်... အဲ့ဒါ ရှအန်းအကြံပြုလိုက်တဲ့ တံဆိပ်ကြောင့်လေ... စျေးလည်းမကြီးဘူး...အသုံးပြုရတာလည်း အဆင်ပြေတယ်ဆိုတော့ တံဆိပ်ပိုင်ရှင်က ဘာတွေစဥ်းစားထားလဲ ငါနားမလည်တော့ဘူး"
"မှန်တယ်...ဒီတံဆိပ်က ဒိုင်ရာနာအတွက် အသုံးမတည့်ဘူးဆိုရင် ငါ့အနေနဲ့ ဒီလိုစျေးနှုန်းလောက်ကိုဝယ်ဖို့ဆိုတာ ရှက်ဖို့ကောင်းတယ်"
"ထားလိုက်တော့...ဒါကအသုံးပြုရတာအဆင်ပြေတယ်..ဆိုင်ဖွင့်တုန်းလေး အိန်ဂျယ်လ်အတွက် နည်းနည်းလောက် ထပ်ဝယ်သွားကြမယ်"
ထိုအုပ်စုသည် ရှရှင်းချန်၏ကျောင်းတွင် ရှအန်းနှင့် နောက်ဆုံး ဆုံခဲ့သော ဇနီးသည်များအဖွဲ့ဖြစ်သည်။
ရှအန်းက သူမ၏ဆိုင်တွင် ဝယ်သူများလာစေရန် သူမအား အလှကုန်ပစ္စည်းနှင့်ပတ်သတ်၍မေးသောသူများအား ထိုပစ္စည်းများပို့ပေးကာ ဘယ်အချိန် ဘယ်နေရာတွင် ဆိုင်ဖွင့်မည်ကို ပြောပြခဲ့သည်။
ယခု ထိုပစ္စည်းများကို အသုံးပြုခဲ့သော ဇနီးသည်များအုပ်စုသည် ဆိုင်ဖွင့်သောနေ့တွင် ရောက်ရှိလာခဲ့ကြသည်။
ရှအန်းက သူမ၏ အမှုမဲ့အမှတ်မဲ့လုပ်ရပ်ကလေးတစ်ခုက သူမကို အကြီးကြီးအံ့သြသွားစေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
"ဒါလေး..အခုတစ်ရာ ယူမယ်နော်"
ထိုသို့ ဇနီးသည်အဖွဲ့မှအမျိုးသမီးတစ်ယောက်ကပြောလိုက်သောအခါ ကောင်တာမှကောင်မလေးသည် ရုတ်တရက် မှင်သက်မိသွားခဲ့သည်။
"မဒမ်... အဲ့လောက်အများကြီးလိုတာလား..."
ပစ္စည်းတစ်ရာကိုရောင်းရမည့် အကြီးစားရောင်းချမှုနှင့်ရင်ဆိုင်နေရသော ကောင်တာမှမိန်းကလေးသည် ကြောက်လန့်သွားခဲ့သည်။
"ဟုတ်တယ်...ပစ္စည်းအခုတစ်ရာ...ဒီလိပ်စာအတိုင်း ပို့ပေးလိုက်"
ကောင်တာမှမိန်းကလေးသည် အံ့အားသင့်စွာ ခေါင်းငြိမ့်၍ အချက်အလက်များအား မှတ်သားနေခဲ့သည်။
ထို့နောက်..အခြား သူဌေးအမျိုးသမီးတစ်ယောက်က ပြောလိုက်သည်မှာ
"ပစ္စည်းနှစ်ရာ..."
"ပစ္စည်းသုံးရာ..."
ထိုအထပ်တန်းလွှာအမျိုးသမီးများသည် တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဆိုင်နေသည်ဟု ထင်ရသည်။
အခြားသူများသည် ထိုအမျိုးသမီးများ၏အဖိုးတန် အဝတ်အစားများ၊ လက်ဝတ်ရတနာများ၊ အိတ်များ၊ ဖိနပ်များကိုကြည့်၍အလွန်ချမ်းသာကြောင်းတွေးမိသော်လည်း ဤစျေးပေါသောအလှကုန်များအား ဝယ်နေသည်ကိုမြင်သောအခါ မဖြစ်နိုင်ဘူး...တစ်ခုခုမှားနေသည်ဟု ထင်မိကြသည်။
ဇနီးသည်များက လက်မှတ်ထိုး၍ ကဒ်ကိုလွှဲလိုက်သောအခါမှ ဒါဟာ အိပ်မက်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။
အားလုံးသည် လက်တွေ့အမှန်ပင်ဖြစ်သည်။
"ငါလည်း ဝယ်မယ်! ချမ်းသာတဲ့အမျိုးသမီးတွေတောင် ဒီနေရာကိုလာပြီး အလှကုန်ပစ္စည်းကိုဝယ်ကြတာ.... အများကြီးဝယ်ကြတာ... ဒါက တော်တော်ကောင်းလို့ဖြစ်မယ်...ဟုတ်တယ်မလား?"
"ဒီအမျိုးသမီးတွေရဲ့ အသားအရည်ကလည်း အရမ်းကောင်းတယ်.... သူတို့ကောင်းကောင်း ထိန်းသိမ်းထားတာဖြစ်မယ်... သူတို့က C.H အလှကုန်ပစ္စည်းအများကြီးကို တကယ်လိုအပ်တာလား?"
"မိန်းမ...ငါ့အထင် ဒီအလှကုန်တွေက အတော်ကောင်းမယ်ထင်တယ်... ငါတို့ ပထမဆုံး စမ်းသုံးကြည့်မလား... စျေးကလည်း တစ်ထောင်ပဲရှိတာဆိုတော့ မများပါဘူး!"
"ကောင်းပြီ...အဲ့တာ မဆိုးဘူး"
ဤသို့ဖြင့် မစ္စကော ၏ဦးဆောင်မှုအောက်တွင် ဆိုင်သို့လာသောလူအားလုံးသည် C.H၏ ကာစတန်မာများဖြစ်သွားကြသည်။
အားလုံးက ကောင်တာ၏ရှေ့တွင်တန်းစီကာ ဇနီးသည်များ ဝယ်ယူခဲ့သော အလှကုန်မျိုးကို ဝယ်ယူခဲ့ကြသည်။
သို့သော်...ထိုလူများက ဘာကြောင့် အစကတည်းက အမြန်မဝယ်မိပါလိမ့်ဟူသော နောင်တများကို စတင်ရရှိလာကြသည်။အဘယ်ကြောင့်ဆိုသော်..
"တောင်းပန်ပါတယ်ရှင်...ဆိုင်မှာရှိတဲ့ ပစ္စည်းအားလုံး ဒီနေ့ အကုန်ရောင်းကုန်သွားပါပြီရှင့်... ဝယ်ချင်တယ်ဆို...နေ့လယ်လောက်မှ ပြန်လာခဲ့ပါရှင့်"
ဆိုင်တွင် တာဝန်ကျသောသူများသည် ပစ္စည်းများထိုသို့ လျှင်မြန်စွာရောင်းကုန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
စာရင်းထဲရှိပစ္စည်းများဖြင့် လုံလောက်သည်ဟု ထင်ထားခဲ့သော်လည်း ၄င်းတို့သည် မျှော်လင့်မထားလောက်အောင် လျှင်မြန်စွာ ရောင်းကုန်ခဲ့သည်။
မွန်းတည့်ချိန်မရောက်ခင်ပင် အလှကုန်များရောင်းကုန်ပြီး အနည်းငယ်သာ ကျန်ရှိတော့သည်။
မစ္စကော နှင့် အခြားဇနီးသည်များက ဆိုင်တွင် လက်ကားဆိုင်သဖွယ် ဝယ်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
"အသုံးအဆောင်ပစ္စည်းတွေကုန်သွားပေမဲ့ တစ်ကိုယ်ရေရောင်း ကုန်ပစ္စည်းတွေကျန်ပါသေးတယ်ရှင်... အဲ့ဒါက အသုံးဆောင်ပစ္စည်းတွေနဲ့ တူတူပဲဆိုတာကို ကြည့်နိုင်ပါတယ်ရှင်"
ဆိုင်တွင်တာဝန်ကျပုဂ္ဂိုလ်၏စကားအားနားထောင်ရင်း အားလုံးဝမ်းနည်းသွားကြသည်။ ထိုအရာသည် ဆိုင်သို့ပထမဆုံးရောက်လာပြီး အရင်မဝယ်ခဲ့သည့် သူတို့၏နောင်တပင်ဖြစ်သည်။
တစ်ခါတစ်ရံမှာ လူများက စျေးပေါပြီး မည်သူမှမဝယ်သော ပစ္စည်းများကို မဝယ်ချင်ကြပေ။သို့သော်...အခြားလူများက အလုအယက်ဝယ်ပြီး ရောင်းကုန်သွားသောပစ္စည်းများကို အလွန်ဝယ်ချင်ကြသည်။
ထို့ကြောင့်... ဆိုင်တွင်တာဝန်ရှိပုဂ္ဂိုလ်က အသုံးဆောင်ပစ္စည်းများကုန်သွားကြောင်းသေချာရှင်းပြသော်လည်း လူအများစုက ပစ္စည်းပြန်ရောက်မည့်နေ့လည်အထိစောင့်ရန်ဆုံးဖြတ်ခဲ့ကြသည်။
ရှအန်းက ဆိုင်တွင် ပစ္စည်းများရောင်းကုန်သွားသည်ကို ကြည့်ရှုပြီးနောက် ပထမတွင် မယုံနိုင်လောက်အောင် မျက်တောင်ခတ်လိုက်ပြီးနောက် သဘောတကျရယ်လိုက်သည်။
သူဌေးမများက ထိုသို့ရက်ရောလိမ့်မည်ဟု သူမက လုံးဝမျှော်လင့်မထားခဲ့ပေ။
ရောင်းရသောအသုံးအဆောင်ပစ္စည်းအရေအတွက်သည် ရာဂဏန်းများဖြစ်သည်။
ထိုရောင်းအားက မလုံလောက်ဘူးဆိုလျှင်တောင် ရှအန်းအတွက် ဇနီးသည်များ၏ ဝယ်ယူမှုပမာဏသည် အလွန်ကျေနပ်စေသည့်အံ့သြမှုပင်ဖြစ်သည်။
ကုန်ပစ္စည်းများ ကုန်သွားသောအခါ ရှအန်းသည် ငတ်မွတ်နေသောစျေးကွက်ကဘာလဲဆိုတာကို ခံစားမိလာသည်။
ဖြစ်စဥ်များကို မှတ်တမ်းတင်ကာ အင်တာနက်တွင်တင်လိမ့်မည်ဟုမည်သူမှ မျှော်လင့်မထားခဲ့ပေ။
ထိုသို့ပြုလုပ်ခြင်းဖြင့် ရှအန်း၏ဆိုင်အတွက် ငွေကြေးမပါသော ကြော်ညာမှုတစ်ခုအဖြစ် ခံစားမိစေခဲ့သည်။