အပိုင်း ၁၈၁
Viewers 29k

Chapter 181


အင်တာနက်ပေါ်တွင် တင်လိုက်သော ဗီဒီယိုအပေါ် စိတ်ဝင်စားမှုများ ပို၍ မြင့်တက်လာသည်။


ဗီဒီယိုတင်ပြီး နာရီပိုင်းအတွင်းမှာပင် အင်တာနက်သုံးစွဲသူများက ဗီဒီယိုထဲတွင်ပါသည့် အမျိုးသမီးများဝတ်ဆင်သော တန်ဖိုးကြီးပစ္စည်းများ၏ တန်ဖိုးများကို သေချာစွာ တွက်ချက်၍ တင်ထားသည်။


[အဲ့လူတွေကအတော်ချမ်းသာကြတာပဲ...]


ချမ်းသာသော ဇနီးများသည် မကြာသေးခင်က ဖွင့်ထားသော စတိုးဆိုင်အသစ်ရှိ ပစ္စည်းများစွာကို ဝယ်ယူကြသည်။ 


[ဒါက အဲ့ပစ္စည်းတွေရဲ့ အရည်အသွေးကောင်းတာကို သွယ်ဝိုက်ပြီး ဖော်ပြနေတာ မဖြစ်နိုင်ဘူးလား.]


ထို့ကြောင့် နေ့လည်ပိုင်းတွင် C.H skin careဆိုင်ရှိ ပစ္စည်းများအကုန်လုံး ရောင်းထွက်သွားလေသည်။


မနက်ပိုင်းထက် နေ့လည်ပိုင်းတွင် လူပိုကျကာ ပို၍လာဝယ်ကြသောကြောင့် ဖြစ်သည်။


ကောင်တာထိုင်သော မိန်းကလေးများက အလုပ်များနေကြတော့သည်။


ရှအန်း၏ C.H skin care ဆိုင်က အောင်မြင်နေပြီး နိုင်ငံခြား အင်တာနက်ပေါ်ရှိ ရှာဖွေမှုအများဆုံးတွင် နေရာယူနေသည်။


[ C.H ဆိုတဲ့ ကုမ္ပဏီကို သိလား..အိန်ဂျယ်လ် ထောက်ခံကြေညာပေးတဲ့ skin care က ရိုးရိုးလေးနဲ့ အရမ်းမိုက်တယ်..နေ့လည်တုန်းက အရမ်းလဲဈေးမကြီးဘဲ ငါနဲ့သင့်တော်မယ့် skincare ဝယ်ဖို့ သွားခဲ့တယ်..ဒါပေမဲ့ ငါရောက်တော့ ပစ္စည်းတွေအားလုံးက ရောင်းထွက်သွားပြီ..ဒါတောင်မှာ ပထမနေ့ဘဲ ရှိသေးတယ်]


[ C.H skincare ကို မသုံးဖူးပေမယ့် နှစ်ခုဘဲရလိုက်တာ အရမ်းကံကောင်းတယ်]


[ပစ္စည်း များများဝယ်ထားတဲ့ သူငယ်ချင်းတွေရှိရင် ငါ့ကို တစ်ခုရောင်းပေးပါ..ဈေးပိုပေးပါ့မယ်]


[အိန်ဂျယ်လ်ရဲ့ ကြော်ညာက အရမ်းလှတာဘဲ..ပစ္စည်းဝယ်ပြီးတော့ ဆိုင်ဝန်ထမ်းကို အိန်ဂျယ်လ်ရဲ့ ပိုစတာပေးဖို့ တောင်းခဲ့သေးတယ်]


[အရမ်း စိတ်တိုဖို့ကောင်းတယ်…တစ်ချို့လူတွေက ဘာလို့ ပစ္စည်းတွေအများကြီး ဝယ်ကြတာလဲ..တစ်နေ့လည်ခင်းလုံး တန်းစီစောင့်နေတာ ဘာမှမရခဲ့ဘူး]


[ C.H ရဲ့ ဈေးက အဲ့လောက်မများပေမယ့် ကောင်းမလားတော့မသိသေးဘူး..တစ်ပတ်လောက်သုံးကြည့်ပြီးရင် နောက်အပတ်ကျရင် အားလုံးကို review ပေးမယ်]


[ငါ မနက်ဖြန် မနက်ကျရင် သွားတန်းစီမလို့..ငါနဲ့လိုက်မယ့်သူ ရှိလား]


[ငါလိုက်မယ်..]


[ငါရောဘဲ]


[တူတူသွားကြစို့]


.....


ရှအန်းက သူမ၏ ပစ္စည်းများကို ကြေညာသည့်အပိုင်းတွင် ပိုက်ဆံအများကြီးမသုံးခဲ့ပေ။ သူမ၏ skincare ပစ္စည်း ကြေညာရိုက်ကူးပြီးတာတောင်မှ တီဗီပေါ်တွင် မလွှင့်ခဲ့ပေ။


သို့သော်လည်း ရောင်းအားက ပထမဆုံးနေ့မှာပင် ကြောက်လန့်စရာကောင်းလောက်အောင် များပြားသည့် ပမာဏကို ချိုးဖောက်သွားလေသည်။


ဆိုင်၏ သက်ဆိုင်သောသူများက ပထမနေ့သည် ချွင်းချက်ဖြစ်ပြီး နောက်နေ့တွင် ရောင်းအားကျပြီး ပုံမှန်အတိုင်းဖြစ်နေမည်ဟု ထင်ခဲ့ကြသည်။


သို့သော်လည်း ဒုတိယနေ့နှင့် တတိယနေ့ပြီးနောက် ဆိုင်ရှိ ပစ္စည်းများက ရောင်းထွက်နေဆဲဖြစ်သည်။ ထိုအချိန်တွင်  သူတို့၏ ပစ္စည်းများက လူကြိုက်များကြောင်း သဘောပေါက်သွားသည်။


marketing အစီအစဉ် မပါဘဲနှင့် ပစ္စည်းများသည် ဈေးကွက်ကို ထိုးဖောက်နိုင်သည်။


Skincare ဆိုင် လူသိများလာသည့် အကြောင်းအရင်းများထဲမှ တစ်ခုမှာ လူချမ်းသာဇနီးများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပြီး ရှအန်း၏ စန်းပွင့်မှုကြောင့်လဲ ဖြစ်သည်။


ရှအန်း၏ ပိုစတာကြောင့် သူမ၏ နိုင်ငံခြား ပရိတ်သတ်များက C.H skincare ပစ္စည်းများကို အများအပြား ဝယ်ယူကြသည်။


သူတို့ထဲတွင် အများကယောကျာ်းလေးများဖြစ်ကြသည်။


ငါးရက်မြောက်နေ့တွင်လည်း ဆိုင်၏ အခြေအနေ ပြောင်းလဲသွားခြင်း မရှိပေ။ လူများစွာက ရောက်လာသည်နှင့် ပစ္စည်းအများအပြားကို ဝယ်ယူကြပြီး တန်းစီနေသော သူများကို စိတ်ညစ်စေခဲ့သည်။


အကြောင်းရင်းမှ ရောင်းအားများကို နှစ်ဆတိုးလိုက်ခြင်းကြောင့် ဖြစ်သည်။


ရလဒ်အနေဖြင့် C.H အရောင်းအဖွဲ့က ရောင်းအားစည်းမျဉ်းများကို အချိန်မီ ထုတ်ရတော့သည်။


ဝယ်ယူသူ တစ်ယောက်စီက တစ်နေ့လျှင် ပစ္စည်းနှစ်ခုကိုသာ ဝယ်ယူကြရမည်။


ထိုစည်းမျဉ်း ထုတ်လိုက်သောကြောင့် သူတို့သည် ပစ္စည်းပြတ်လတ်မှုများ မရှိတော့ဘဲ ပစ္စည်းများသည် ခဏနှင့် ရောင်းထွက်တော့မည် မဟုတ်ဟု မျှော်လင့်ထားကြသည်။


သို့သော်လည်း C.H skincare ၏ နေ့စဉ်ရောင်းအားက အလွန်များပြားနေသေးပေသည်။


ရှအန်းက ရှုထျန်းထျန်းဆီမှ Big Bang ထဲတွင် သရုပ်ဆောင်ရန် တွန်းအားပေးခံရသည်။ သူမ သရုပ်မဆောင်ချင်သော်လည်း လုပ်ရမည်ဖြစ်သည်။ 


အဘယ်ကြောင့်ဆိုသော် ရှုထျန်းထျန်းက စာချုပ်ချုပ်ထားပြီးဖြစ်သလို သူမ၏ C.H skincare ကို တီဗီပေါ်တွင် ကြေညာနိုင်ရန်လည်း ဖြစ်သည်။


ထိုရိုက်ကူးရေးတွင် ရှအန်းက သူမကိုယ်တိုင် သရုပ်ဆောာင်ရမည်ဖြစ်သည်။


ရှအန်းက Big Bang ကိုလည်း ကြည့်ချင်သည်။


ဇာတ်လမ်းမှာ မဆိုးလှဘဲ စိတ်ဝင်စားစရာကောင်းသည်။  


ဇာတ်လမ်းမှာ ရိုးသား၍ ရှက်တတ်သော လူတစ်ယောက် အကြောင်းဖြစ်ပြီး သူ့ကိုယ်သူ ဖျားနာမှု နောက်ဆုံးအဆင့်ရှိသည်ကို သိရှိသွားပြီးနောက် သူလုပ်ချင်သော အရာများကို စာရင်းလုပ်၍ မသေခင် အားလုံးကို လုပ်သွားရန် ဆုံးဖြတ်လိုက်သည့်အကြောင်း ဖြစ်သည်။


ထို့ကြောင့် သူသည် ရယ်စရာကောင်း၍ အဓိပ္ပာယ်မရှိသော ခရီးတစ်ခုကို စတင်ခဲ့သည်။


ရှအန်းက အော်ရိုရာနေရာတွင် သရုပ်ဆောင်ချင်သည်။ တကယ်တမ်းတွင် ထိုဇာတ်ကောင် နေရာသည် အပျော်မက်သော မိန်းကလေး ဖြစ်သည်။


ဇာတ်လမ်းတွင် ပျော်စရာများ ၊ တိုက်ခိုက်မှုများ ၊ သတ်ဖြတ်ခြင်းများ နှင့်သောက်စားခြင်းများလဲ ပါသည်။ 


ထိုအရာများက ရှအန်း သရုပ်ဆောင်ချင်သော ဆန္ဒ၏ အဓိက အကြောင်းအရင်းလည်းဖြစ်သည်။


ပို၍ အရေးပါသော အကြောင်းအရင်းတစ်ခုမှာ သူမသရုပ်ဆောင်ရသော အော်ရိုရာ နေရာကဇာတ်လမ်းတွင် အများကြီး မပါသောကြောင့်လည်းဖြစ်သည်။


သူမ၏ သရုပ်ဆောင်မှု အမြန်နှုန်းနှင့် ဆိုလျှင် ထိုဇာတ်ကောင်၏ ရိုက်ကူးမှုသည် ရက်အနည်းငယ်တွင် ပြီးမည်ဖြစ်သည်။


"Cut..အိန်ဂျယ်လ် မင်းအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တယ်...."


ဘရိုင်ယန်သည် ရှအန်း၏ ဟန်ပန်အမူအရာကို ကြည့်၍ သူမ၏ ရောင်ဝါလက္ခဏာများကို ပြန်တွေးနေသည်။


သူက ရုပ်ညွှန်းရေးဆရာ၏ သဘာဝကျကျရေးသားထားသော လူဆိုးဇာတ်ကောင်ကို သဘောကျပါသော်လည်း ထိုနေရာက သရုပ်ဆောင်ရန် ခက်ခဲသည်။


ဖျော်ဖြေရေးနယ်ပယ်ထဲ၌ ထိုကဲ့သို့သော နေရာတွင် သရုပ်ဆောင်နိုင်သူမှာ အနည်းငယ်သာရှိပြီး ခိုက်ရန်ဖြစ်ပွါးသည့် နေရာတွင် ကျွမ်းကျင်သူမှာ မရှိပေ။


ရှိလျှင်တောင်မှ ထိုလူများက နာမည်ကြီးများ ဖြစ်ကြသည်။ သူတို့က အရန်နေရာတွင် သရုပ်ဆောင်မည် မဟုတ်ပေ။ သူတို့အားလုံးက ရုပ်ရှင်များသာရိုက်ကြပြီး အမေရိကန် တီဗီရှိုးများကို မရိုက်ကြပေ။


ထို့ကြောင့် အော်ရိုရာနေရာတွင် သရုပ်ဆောင်မည့်  သရုပ်ဆောင် မရှိခဲ့ပေ။ ထိုနေရာကို ဖြုတ်ချရန် တွန်းအားပေးခဲ့ကြသည်။


တစ်နေ့တွင် တရုတ်မင်းသမီး အကြောင်းပြောသော သူ့သူငယ်ချင်းက ဗီဒီယိုအတို တစ်ပုဒ်ကို သူ့အား လာပြခဲ့သည်။ 


ထိုအချိန်မှစပြီး အော်ရိုရာဇာတ်ကောင်မှာ ထိုတရုတ်မင်းသမီးနှင့် ကွက်တိကျကြောင်းသိလိုက်ခဲ့သည်။


ရှအန်းနှင့် သဘောတူညီမှုရရှိပြီးသည့် နောက်တွင် သူ အော်ရိုရာနေရာကို အလျင်စလို စတင်ရိုက်ကူးခဲ့သည်။


ထိုတီဗီဇာတ်လမ်းတွဲသည် ရှအန်း မပါဝင်ခင်ကတည်းက အပိုင်းနှစ်ပိုင်းကို ရိုက်ကူးပြီးဖြစ်သည်။ ယခု ရှအန်းနှင့် ရိုက်ကူးပြီးသောအခါ သူတို့သည် တီဗီပေါ်တွင် ထုတ်လွှင့်တော့မည် ဖြစ်သည်။


"ကျေးဇူးတင်ပါတယ်...."


 ရှအန်း သူမ၏ လက်ထောက်ဆီမှ လက်ဖက်ရည် ယူ၍ တစ်ငုံသောက်လိုက်သည်။ မိတ်ကပ်ဆရာနှင့် ဆံပင်ပြင်သူတို့က သူမ၏ နောက်ထပ် ရိုက်ကွင်းအတွက် ပြင်ဆင်ဖြီးလိမ်းပေးနေကြသည်။


ထိုဇာတ်ကောင်က မိတ်ကပ်ဆရာနှင့် အလှဖန်တီးသူ အများအပြား လိုအပ်သည်။


ရှအန်း ခေါင်းဆောင်မင်းသားကို ကယ်တင်သော အခန်းကို ပထမဆုံး ရိုက်ကူးရသည်။


သူမ၏ ပုံစံက ဗိုလ်ကျကာ အနိုင်ကျင့်တ်တသောပုံစံ ဖြစ်နေပြီး အလွယ်တကူ သရုပ်ဆောင်နိုင်ခဲ့သည်။


ရှအန်း  နောက်ထပ် ရိုက်ကူးရေးအတွက် ပြင်ဆင်နေ၍ သူမကိုယ်သူမလည်း ပထမဆုံးနေ့တွင်ပင် ရိုက်ကူးရေးအဖွဲ့၏ သဘောကျမှုကို သိမ်းပိုက်နိုင်လိုက်သည်ကို မသိလိုက်ပေ။


ရိုက်ကွင်း၏ နောက်တွင် အမျိုးသမီးတစ်ယောက်ဖြစ်စေ ခန့်မှန်းထားသော သရုပ်ဆောင်ဖြစ်စေ မည်သူမျှ ရှအန်း၏ ထူးချွန်ပြောင်မြောက်မှုကို မလွန်ဆန်နိုင်ကြပေ။


[အိန်ဂျယ်လ်က အရမ်းချောတာဘဲ..အိုးမိုင်ဂေါ့ ငါသူ့ကို ချစ်မိတော့မယ် ထင်တယ်....]


[အိန်ဂျယ်လ် အရမ်းကြည့်ကောင်းတဲ့ ယောကျာ်း ပုံစံဝတ်ပြီး သရုပ်ဆောင်တာ မြင်ဖူးတာ ဒါပထမဆုံးဘဲ..သူမက အရမ်းခန့်တာဘဲ...]


[အိုးမိုင်ဂေါ့..အိန်ဂျယ်လ်ရဲ့ ကောင်မလေးဖြစ်ချင်လိုက်တာ..]


[ကံမကောင်းစွာနဲ့  ငါက အိန်ဂျယ်လ်နဲ့ သရုပ်ဆောင်ရတဲ့ နေရာမတူဘူး စိတ်ပျက်ဖို့ကောင်းလိုက်တာ..]


[ဟေး..ငါက သူမရဲ့ လက်တွဲဖော်လုပ်ရပြီး သူမနဲ့တွဲကရတော့မှာ]


[ဝိုး.. မနာလိုလိုက်တာ]


[ငါလဲ အိန်ဂျယ်လ်နဲ့ တွဲကချင်တယ်..]