အပိုင်း ၁၈၂
Viewers 29k

Chapter 182


ရှအန်းကို အသဲစွဲကြသော ရိုက်ကွင်းထဲရှိအမျိုးသမီးများသည် ရှအန်း ယောကျာ်းလေးပုံစံ ပြောင်းလဲလာမှာကို တွေ့ရရန် စောင့်နေကြသည်။


ရှအန်း ပြောင်းလဲသွားသောအခါတွင် သူတို့အားလုံး အသက်ရှူ ရပ်လောက်အောင်ပင် အံ့အားသင့်နေကြသည်။


ရှအန်း၏ စတိုင်က ခန့်ညား၍ ချောမောလှပနေသည်။


ဖိုက်တင်အခန်းကို ရိုက်မည်ဖြစ်သော ရှအန်းသည် ဂန်းစတားတစ်ယောက်ကဲ့သို့ ပြင်ဆင်ထားသည်။


သူမက ရိုးရှင်းသော အနက်ရောင် tuxedo ကိုဝတ်ထားပြီး ရွှေရောင်မျက်မှန်ကို တပ်ထားသည်။ သူမ၏ ဟန်ပန်အမူအရာကြောင့် သူမသည် တည်ငြိမ်ရင့်ကျက်သည့်ပုံ ပေါက်နေသည်။


သူမကိုကြည့်ရသည်မှာ အထက်တန်းစား လူချမ်းသာ တစ်ယောက်နှင့်တူနေသည်။


သူမ၏ နက်ဆွေးလှသော မျက်လုံးများက သူမကိုတစ်မူ ထူးခြားစေသည်။


"အိုး...အိန်ဂျယ်လ်..မယုံနိုင်စရာဘဲ.. အော်ရိုရာနေရာက မင်းနဲ့ကွက်တိဖြစ်နေခဲ့တာပဲ..."

ဘရိုင်ယန်က ရှအန်းကို ကြည့်၍ စိတ်ရင်းဖြင့် ပြောလ်ိုက်သည်။


ရှအန်းက ဘရိုင်ယန်၏ ချီးကျူးမှုကို ကျေးဇူးတင်လိုက်သည်။


သူမကိုယ်တိုင်လည်း ယခုပုံစံကို အလွန်ကြိုက်သည်။


မမျှော်လင့်စွာဖြင့် ယောကျာ်းလေးဝတ်စုံ ဝတ်ရသည်က သူမကို ခန့်ညားစေသည်။


သူမ အမျိုးသမီးအဝတ်တွေ ဝတ်တာထက် ပို၍ပင် ကြည့်ကောင်းနေသည်။


ရှအန်းက ဂန်းစတားဇာတ်ရုပ်ဖြင့် အလွန်အမင်းလိုက်ဖက်နေသည်။


ရှအန်း၏ စတိုင်ကို ခုလို ဆန့်ကျင်ဘက် ပြောင်းလဲလိုက်တာက ကြည့်ကောင်းလိမ့်မည်ဟု မည်သူမျှ မထင်ကြခဲ့ပေ။


ရှအန်းစတင်သရုပ်ဆောင်သည်နှင့် သူမနှင့်အတူသရုပ်ဆောင်သော သရုပ်ဆောင်မိန်းကလေးမှာ အလွန်အမင်းရှက်သွေးဖြာ၍ မူးမေ့သွားခဲ့သည်။


"သူမ ခေါင်းမူးနေတာလား..."


"ဟေး..ထစမ်း ထစမ်း..."


"အိုးမိုင်ဂေါ့…သူမ သတိလစ်သွားတာလား.."


အားလုံးသည် ဘာပြောရမန်းမသိ ဖြစ်သွားကြသည်။ မြေပြင်ပေါ်တွင် မူးမေ့သွားသော သရုပ်ဆောင်ကိုကြည့်၍ အားလုံးက ငြိမ်နေကြသည်။


ရှအန်း၏ သရုပ်ဆောင်ချက်က အလွန်ကောင်းလွန်းလှ၍ တစ်ဖက်လူက မလွန်ဆန်နိုင်ခဲ့ခြင်းဖြစ်ပေသည်။


"ဒါဆို..နောက်ထပ် သရုပ်ဆောင်တစ်ယောက်..”


ဒုတိယ သရုပ်ဆောင်သည်လည်း မေ့လဲသွားမည်ဟု သူတို့မထင်ခဲ့ကြပေ။


ဘရိုင်ယန်က နောက်ထပ် တတိယတစ်ယောက်နှင့် ကြိုးစားကြည့်ချင်သေးသည်။ သို့သော် ဒီနေ့သည် ပြန်ရိုက်သော နေ့ဖြစ်၍ ရိုက်ကွင်းကို လာသော သရုပ်ဆောင်များ သိပ်မရှိပေ။ ပို၍ အဓိကကျသည်မှာ တစ်ချို့ သရုပ်ဆောင်ဆောင်များသည် ရှအန်းနှင့် ပြိုင်၍ သရုပ်မဆောင်နိုင်ကြပေ။ ထိုသို့ဆိုလျှင် ဇာတ်လမ်းသည် ကမောက်ကမ ဖြစ်သွားလိမ့်မည်။


နောက်ဆုံးတွင်


"ကားလ်.. အိန်ဂျယ်လ်နဲ့ တွဲကဖို့ လာခဲ့...”


"ဟမ်..ကျွန်တော်လား..”


ကားလ်ဆိုသူက တစ်ခြားသူမဟုတ်ပေ။ အမေရိကန် အချစ်ဇာတ်လမ်းတွဲရိုက်သော သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။


"ဟုတ်တယ်..မင်းကိုပြောတာ..အခု ဇာတ်လမ်းကို ပြောင်းလိုက်ပြီ...."


ဘရိုင်ယန်သည် အလွန်စိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်းကိုတွေး၍ အကြံရခဲ့သည်။


ထိုဇာတ်လမ်းသည် ဇာတ်ညွှန်းရေးဆရာက အစပိုင်းမှာ ဖော်ပြချင်ထားသော ဇာတ်လမ်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇာတ်ညွှန်းရေးဆရာသည် အော်ရိုရာ ဇာတ်ကောင်ကို ရေးသောအခါ ခေါင်းဆောင်မင်းသမီးအဖြစ် ရေးခဲ့ပေသည်။


ဇာတ်ညွှန်းရေးဆရာက အော်ရိုရာ ဇာတ်ကောင်အကြောင်း ရေးလေလေ ကြိုက်လေလေဖြစ်၍ ဘယ်သရုပ်ဆောင်မှ အော်ရိုရာ နေရာနှင့် မကိုက်ဘူးဟု ထင်လေလေဖြစ်သည်။ နောက်ဆုံးတွင် အော်ရိုရာနေရာက သဘာဝကျသော ဇာတ်ကောင်တစ်ခု ဖြစ်လာခဲ့သည်။


ယခုတွင် ဘရိုင်ယန်က ဇာတ်ညွှန်းရေးဆရာက အော်ရိုရာနေရာကို ဘယ်သူမှ သရုပ်ဆောင်နိုင်မည်မဟုတ်ဟု ပြောခဲ့ဖူးသည်ကို တွေးနေသည်။


ဇာတ်လမ်းအရ အော်ရိုရာ နှင့် ခေါင်းဆောင်မင်းသား တွဲကရမည်ဖြစ်သည်။ ထို့ကြောင့် ရှက်တတ်သော ခေါင်းဆောင်မင်းသားဘက်က အမျိုးသမီးများကဲ့သို့ ကရမည်ဖြစ်သည်။


အဆုံးတွင် ဒါရိုက်တာပြောသည့်အတိုင်း ကားလ်က မိန်းကလေးကဲ့သို့ ကရမည်ဖြစ်သည်။


ရှအန်းက သူစိမ်းတစ်ယောက်နှင့် တွဲကရမည်ဖြစ်သည်။ ယောကျာ်းလေးတစ်ယောက်အတွက် မိန်းကလေးကဲ့သို့ ကရမည်မှာ ကြောင်တောင်တောင်နိုင်သော်လည်း ရှအန်း၏ ဟန်ပန်အမူအရာမှာ ပြင်းထန်နေသည်။ ထိုကြောင့် ထိုသို့ပူးပေါင်း သရုပ်ဆောင်ရမည်က လိုက်ဖက်နေသည်။


သို့သော် ထိုသို့ ထူးခြားသော တွဲဖက်မှုမှာ မင်းသားအတွက် ခက်ခဲသည်။


အဘယ်ကြောင့်ဆိုသော် သူ ရှအန်းနှင့် တွဲကချိန်တွင် မူးဝေလာသောကြောင့် ဖြစ်သည်။


ခနအကြာတွင် ပြန်ရိုက်ကူးသော အခန်းနှစ်ခန်း သည် ပြီးသွားပြီဖြစ်သည်။ ရှအန်း၏ မျက်လုံးများက အားရစရာကောင်းသော ခံစားချက်တို့ဖြင့် ပြည့်၍ ကျန်ရစ်နေသည်။


သူမသည် အိမ်ပြန်ရောက်သောအခါ အေးဆေးစွာ ရေချိုးရန် ဆုံးဖြတ်လိုက်သည်။


သူမ ထိုကဲ့သို့ အေးဆေးစွာ ရေချိုးနေစဉ်တွင် ဖုန်းတစ်ခုဝင်လာသည်။


သူမ မျက်လုံးများကို ဖွင့်လိုက်ပြီး လက်သုတ်၍ ရေချိုးကန်ဘေးတွင် ရှိသော သစ်သားစင်ပေါ်တွင် တင်ထားသည့် ဖုန်းကို ကောက်ကိုင်လိုက်သည်။


သူမသည် သံသယမျက်လုံးများဖြင့် ဖုန်းကိုင်လိုက်ပြီး ပြောလိုက်သည်။

"ဟေး..ဟန် တစ်ခုခုဖြစ်လို့လား...."


ယခုတလောတွင် သူတို့နှစ်ယောက်လုံးသည် အလုပ်ရှုပ်နေကြပြီး ဟန်ယွဲ့က ဖုန်းခေါ်သည်မှာ ရှားပါးသည်။


"ဘာလို့လဲ..မင်းအဆင်ပြေလားလို့မေးဖို့ ဖုန်းမခေါ်ရဘူးလား...."

ဟန်ယွဲ့သည် စနောက်လိုက်သည်။


"အဆင်ပြေပါတယ်..ရှင်ရောအဆင်ပြေလား..ပြေပါတယ်..အဲ့ဆိုဒါဘဲနော်...."

ရှအန်းက သူမ၏ မျက်လုံးများကို ဝှေ့၍ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။


ရှအန်းက ပြောပြီးပြီးချင်း တကယ် ဖုန်းချတော့မည်ဆိုတာကို ဟန်ယွဲ့သိသည်။


သူ ရှအန်းကို အလျင်စလိုပြောလိုက်သည် ။

"မချပါနဲ့ မချပါနဲ့ ငါမင်းကို ရှာနေတာ..."


"ဘာဖြစ်လို့လဲ..."


"မင်း C.H skincare တွေကို ကြေညာပေးခဲ့တာ မဟုတ်လား..."

ရှအန်းသည် အံ့ဩသွားသည်။


ဟန်ယွဲ့လို အသက်ကြီးတဲ့သူတစ်ယောက်က သူမရဲ့ brand ဖြစ်တဲ့ skincare ပစ္စည်းတွေကို ဘယ်လိုသိတာလဲ ဟု အံ့ဩနေသည်။


ဟန်ယွဲ့လို မြေခွေးအိုကြီးက သိတာ ဖြစ်နိုင်ပါ့မလား.....


ရှအန်းသည် တွေဝေစွာ ပြောလိုက်သည်။

"ဟမ် ဘာပြောတာလဲ”


သို့သော် ခဏအကြာတွင် ဟန်ယွဲ့၏ စကားတစ်ခွန်းက ရှအန်းကို ပို၍ မသိချင်ယောင်ဆောင်ချင်စေသည်။

"ဟိုဟာ..ငါမေးမလို့..ပြောရေးဆိုခွင့်ရှိသူ အနေနဲ့ မင်း skincareပစ္စည်းတွေ ဝယ်လို့ရလား..."


"ဘာ..ဟန် ..ရှင်က C.Hပစ္စည်းတွေ ဝယ်မလို့ ဟုတ်လား..ကျွန်မဘဲ နားကြားမှားတာလား...."

ရှအန်းသည် ကြက်သေသေ သွားသည်။


ရှဟန်းသည် ဟန်ယွဲ့က သူမအကြောင်းကို ခုလိုမျိုး ရှာတွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။


"အာ.. C.H skincare ပစ္စည်းက ခုတစ်လော အရမ်းနာမည်ကြီးနေတယ်..ငါ့မိန်းမနဲ့ အမျိုးတွေကလည်း ရချင်နေကြတယ်..သူတို့က ငါနဲ့ မင်း ရင်းနှီးတယ်ဆိုတာ သိကြတယ်..အဲ့ဒါကြောင့် သူတို့က ငါ့ကို မင်းဆီကနေ ဝယ်ခိုင်းနေကြတာ..."


ရှအန်းသည် ဟန်ယွဲ့က ထိုအကြောင်းကြောင့် ဖုန်းခေါ်မည်ဟု မမျှော်လင့်ခဲ့ပေ။


C.H က ခုလောက် နာမည်ကြီးမယ်လို့လည်း မထင်ခဲ့ပေ။


CHရဲ့ နာမည်ကြီးမှုက သူတို့နိုင်ငံထိတောင် ရောက်သွားတာလား.... အတော်လေးစိတ်ဝင်စားစရာ ကောင်းတာပဲ...


"တကယ်တော့ဝယ်ဖို့ မတတ်နိုင်လို့တော့ မဟုတ်ပါဘူး..C.Hက အကန့်အသတ်နဲ့ ရောင်းတာမို့ပါ..တရုတ်ရဲ့ ငွေပေးချေတဲ့ ကိုယ်စားလှယ်ကလဲ အားလုံး မဝယ်ဘူးဖြစ်နေတာ..."


ရှအန်းက အကြောင်းရင်း အားလုံးကို သိသွားပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ပြီး ဟန်ယွဲ့ကို ဖြတ်ပြောလိုက်သည်။

"ဟန်..ပြဿနာမရှိဘူး..ကျွန်မက C.Hရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုတော့ ပစ္စည်း နည်းနည်းတော့ ရနိုင်လို့ရပါတယ်.....လိပ်စာပဲပေးလိုက်..ရှုထျန်းထျန်း ကိုပို့ခိုင်းလိုက်မယ်.."


"ဟားဟား ဟုတ်ပါပြီဗျာ..ကျေးဇူးအများကြီး တင်ပါတယ်..ဒါနဲ့ မင်းက တော်တော် နာမည်ကြီးနေတယ်နော်…မကောင်းတဲ့အမြင်တွေကို အာရုံမစိုက်နဲ့ နောက်ကျရင် အဲ့တာတွေက မမှန်တာကိုတွေ့ရလိမ့်မယ်...."


"ကောင်းပါပြီ..ကျွန်မသိပါတယ်..."


ဟန်ယွဲ့နှင့် စကားပြောပြီးနောက် ဖုန်းချလိုက်သည်။


သူမ၏ skincare ပစ္စည်းများက အဲ့လောက် နာမည်ကြီးနေတာလားဟု တွေးနေသည်။


သူမဘက်က ပြည်တွင်းစျေးကွက်ထဲသို့ ဝင်ရောက်ရန် အစီအစဉ်မရှိပေ။ သို့သော် စျေးကွက်ထဲ ရောက်နှင့်ပြီးသား ဖြစ်နေသည်။


ထိုအကြောင်းကိုတွေး၍ ရှအန်းသည် ရေချိုးကန်ထဲမှ ထွက်၍ ရေသန့်စင်လိုက်ပြီး တပတ်နှင့်ပတ်၍ ရုံးခန်းသို့ လျှောက်လာသည်။


ထို့နောက် လပ်တော့ဖွင့်၍ တရုတ်ပြည်၏ အင်တာနက်ထဲသို့ ဝင်ကြည့်လိူက်သည်။သူမသည် တရုတ်ပြည်ရှိ C.H ၏ အခြေအနေကို သိသွားပြီး အံ့ဩသွားသည်။


"တရုတ်ပြည်မှာ C.Hက တော်တော် အကျိုးအမြတ်များတာပဲ...."


သူမက ဆိုက်ဘာစကွက်မှ ကလျန့်ကျားရီ ၏ Gucciကို အင်တာနက်သုံးစွဲသူများ အကြိုက်နည်းလာကြောင်း တင်ထားသည်ကို တွေ့ပြီး အံ့ဩသွားသည်။


ထို့နောက် C.H skincare ပစ္စည်းများ ပေါ်လာသည်။


သို့သော် C.H brandသည် အရင်ကတည်းက အမေရိကန်တွင် ရောင်းသော brandတစ်ခု ဖြစ်သည်။ တရုတ်ပြည်၏ အာရုံစူးစိုက်မှု မရှိသောကြောင့်သာ မရှိခြင်းဖြစ်သည်။


သို့သော်လည်း C.H brand ဖွင့်လှစ်ပြီးနောက် တရုတ်ပြည်ရှိ ခရီးသွားများသည် ရှအန်း၏ ကြေညာကြောင့် skincare ပစ္စည်း အများအပြားကို ဝယ်ယူကြသည်။


တရုတ်ပြည်၏ မင်းသမီး ကြော်ငြာတာဖြစ်ပြီး ပစ္စည်းများကလဲ စျေးပေါသောကြောင့် ဖြစ်သည်။


သို့သော် မည်သူမျှ မြန်ဆန်သော ရလဒ် ရလိမ့်မည်ဟု မထင်ထားကြပေ။


တရုတ်ခရီးသွားများက ရှအန်းကြေညာသော C.H ပစ္စည်းများကို အသုံးပြုပြီး တစ်ပတ်အကြာတွင် ထူးခြားသော ရလဒ်များ ရရှိကြသည်။


အသားအရည် မကောင်းသော သူများသည် C.H skincare သုံး၍ အသားအရည်များ ကောင်းလာကြသည်။ အသားအရည် ကောင်းပြီးသားသူများကလည်း စျေးကြီးပေးဝယ်ရသော skincare များသုံးသည်ထက် ပို၍ အသားအရည်ကောင်းလာသည်။


ခရီးသွားများထဲတွင် blogger တစ်ယောက်ရှိသည်။


ရှအန်း ကြေညာသော C.H skincare သည် skincare စျေးကွက်ထဲသ်ို့ ရောက်ရှိလာသည်။


Deep blue skincare နှင့် ယှဉ်ပြောကြသော C.H skincare ကို တရုတ်လူမျိုးများသည် ဝယ်ချင်လာကြသည်။


သို့သော် C.H skincare များက အမေရိကန်

နိုင်ငံတွင်သာ ရောင်းသည်။


အရေအတွက် အကန့်အသတ်ဖြင့်လည်း ရောင်းရသေးသည်။ အမေရိကန်တွင် နေထိုင်သူများသည်ပင် ဝယ်၍မရနိုင်ပေ။ အင်တာနက်ပေါ်ရှိ လူများသည် ဝယ်ရန် ပို၍ ခက်ခဲသည်။


ထိုကဲ့သို့သော စျေးကွက်ထဲတွင် C.H skincare သည် ပို၍ နာမည်ကြီးလာသည်။


တရုတ်လူမျိုးများက ပို၍ ဝယ်ချင်လာကြသည်။


ထို့ကြောင့် ဟန်ယွဲ့သည် ရှအန်းကို ဝယ်ခိုင်းရန် ဖုန်းခေါ်ရခြင်းဖြစ်သည်။


သူမ အင်တာနက်ပေါ်ရှိ C.H skincare ၏ ကျော်ကြားမှုနှင့် အင်တာနက်ပေါ်ရှိ ဝယ်ယူချင်သော သူများ၏ အမြင်များကို ကြည့်နေသည်။


ရှအန်းသည် စီးပွါးရေး မလုပ်တတ်သော်လည်း ချက်ချင်း အကြံတစ်ခုရသွားသည်။


"ဒါဘဲ..”


"တရုတ်ပြည်မှာလည်း C.H skincare ရောင်းချရမယ်”