အပိုင်း ၁၈၃
Viewers 29k

Chapter 183


[C.H ကကောင်းလို့လား..အဲ့တာက ကြော်ငြာအားကောင်းလို့ မဟုတ်ဘူးလား..အဲ့တာက နာမည်မရှိတဲ့ ပစ္စည်းတစ်ခုပဲလေ...]


[ C.H ကို သုံးတဲ့သူ တစ်ယောက်အနေနဲ့ ပြောပြချင်တယ်..ဒီ brand ပစ္စည်းတွေက အရမ်းကောင်းတယ်.. လူတွေက C.Hကဈေးပေါတယ် ပြောကြပေမယ့် သူက deep seaလိုဘဲ ထူးခြားတယ်..အဲ့ဒါကြောင့် မကောင်းဘူးဆိုတာ လုံးဝမှားတယ်..C.Hက အရမ်းအသုံးဝင်တယ်]


[C.H က သုံးဖူးသမျှထဲမှာ အကောင်းဆုံး skincare ပစ္စည်းပဲ]


[C.H setက ၁၀၀၀ဘဲ ပေးရတယ်…ပိုင်ရှင်က အရမ်း တာဝန်ကျေတယ်..ဈေးကလဲ တန်တယ်]


[ငါ့နတ်ဘုရားမ ကြေညာလို့ ဝယ်သုံးကြည့်တာ အဲ့တာ သုံးပြီးတော့ C.H skincare တွေက ခုလိုကောင်းလိမ့်မယ်လို့ မထင်ခဲ့ဘူး..နတ်ဘုရားမ က အမြင်ရှိလိုက်တာ]


[ပထမက ရှအန်းက ဘာလို့ ဒီလို skincare brand ကြော်ငြာတာလဲ နားမလည်ခဲ့ဘူး ဒါမဲ့ ခုတော့ ရှအန်းရဲ့ ကြော်ငြာတွေက တကယ်မှန်တာဘဲ..ရှအန်းလဲ ဒီ skincare ဘဲသုံးတာ အဲ့တာကြောင့် သူမ အသားအရည်က အရမ်းကောင်းနေတာ]


[အိုးမိုင်ဂေါ့..C.H ကအရမ်း ဝယ်ရခက်တယ်..

C.H ပစ္စည်းတွေကို ဝယ်ချင်တယ်]


[အို..ဒါက မယုံနိုင်စရာဘဲ..အမေရိကန် C.H ပစ္စည်းက ၁၀၀၀ထက်ပိုပေးရတယ်..ငါတို့ အဲ့တာဝယ်ရင် နှစ်ဆပေးရမှာ]


[ဝယ်ဖို့ တန်းစီနေတဲ့သူတွေ အများကြီး ရှိတယ်]


C.H ပစ္စည်းသည် အမေရိကန်တွင်သာမက တရုတ်ပြည်တွင်လည်း အတော်ရောင်းရသည်။


အမေရိကန်တွင် ဝယ်ယူပေးသော ကိုယ်စားလှယ်များသည်  C.H စတိုးဆိုင်တွင် တန်းစီဖို့ နေရာလုနေကြသည်။ သို့သော် တစ်နေ့လျှင် တစ်ယောက်ကို skincare set ၂ခုဘဲ ဝယ်ယူရန် ကန့်သတ်ထားသောကြောင့် ပိုဝယ်၍မရပေ။


တရုတ်ပြည်တွင် ကိုယ်စားလှယ်များက ပစ္စည်းများကို ဈေးတင်၍ ရောင်းကြသော်လည်း လူများသည် ဝယ်နေကြဆဲဖြစ်သည်။


ထိုအရာက C.H skincare များကို ဈေးကွက်ထဲတွင် ဈေးအမြင့်ဆုံး ဖြစ်ဖို့ရာ ဦးတည်နေသည်။


C.H skincare ပစ္စည်းများကို တရုတ်ပြည်တွင်လည်း လူသိများလာသည်။


ရှအန်းသည် C.H skincare ပစ္စည်းများကို တရုတ်ပြည်တွင် အမြန်ရောင်းချရန် ဆုံးဖြတ်လိုက်သည်။


အမေရိကန်နိုင်ငံတွင် နေရသည်မှာ အရမ်းကောင်းသော်လည်း သူမသည် တရုတ်လူမျိုးဖြစ်နေသေးသည်။


သူမသည် တရုတ်ပြည်ကို ပြန်ရမည် ဖြစ်သည်။


ထို့ကြောင့် ကုမ္ပဏီသည် တရုတ်ပြည်တွင် ရှိမှဖြစ်မည်။


ရှအန်းသည် C.H ကို တရုတ်ပြည်သို့ ပြောင်းရွေ့ရန် စီစဉ်ပြီးဖြစ်သည်။


အမေရိကန်တွင် C.H skincare ရောင်းအားများသည် အလွန်ကောင်းနေသည်။


ထို့ကြောင့် သူမ တရုတ်ပြည်သို့ မပြောင်းရွေ့ခင် အမေရိကန်တွင် စတိုးဆိုင်ခွဲများ ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။


တကယ်တမ်းတွင် အမေရိကန်ရှိ ဆိုင်တိုင်းသည် အလွန် အလုပ်များကြသည်။


နေ့စဉ်ရောင်းရသည်ကိုပင် မလုံလောက်ကြပေ။


ထို့ကြောင့် သူတို့က ဈေးကွက် ကြော်ငြာများထည့်သွင်း ပါဝင်ပေးရန် အချိန်မရှိကြပေ။ ရှအန်းနှင့် လူချမ်းသာ ဇနီးများကြောင့်သာ နာမည်ကြီးမှု  ပျံ့နှံ့သွားသည်။


ရှအန်းသည် သူမ ပါဝင်သရုပ်ဆောင်ထားသော အမေရိကန် ဇာတ်လမ်းတွဲ "Big Bang” ကို ထုတ်လွှင့်တော့မည်ဟု အကြောင်းကြားထားသောကြောင့် C.H ၏ CEOသည် အမေရိကန် mall များတွင် စတိုးဆိုင်ခွဲများ ဖွင့်ရန် စိုးရိမ်နေသည်။


ပထမပိုင်းတွင် C.H skincare ကြေညာ တစ်ခုထည့်ထားပြီး အနာဂတ်တွင် အပတ်တိုင်း သူမသည် C.H skincare ကြေညာ ဇာတ်လမ်းကို ရိုက်ရမည်ဖြစ်သည်။


C.H ၏ CEOသည် Big Bang ဇာတ်လမ်းတွဲ၏ အားပေးမှုနှုန်း ကောင်းသလားဆိုသည်ကို မသိသော်လည်း ရှအန်းက ခုတလော နာမည်ကြီးနေသောကြောင့် သူမရိုက်သော ဇာတ်လမ်းတွဲသည် နာမည်ကြီးနိုင်သည်။


ထိုအရာက CEO အတွက် အရေးကြီးသည်။


အမေရိကန်တွင် ဆိုင်ခွဲများဖွင့်မည့် ခရီးစဉ်ကို အရင်ဆုံး စီစဉ်ရမည် ဖြစ်သည်။


တရုတ်ပြည်တွင် C.H ဖွင့်ရန် အစီအစဉ်ကို ခနဘေးဖယ်ထားရသည်။


သို့သော် ရှအန်းနှင့် သူမ၏ CEOက တရုတ်ပြည်၏ ဈေးကွက်ထဲကို ဝင်ရောက်ရန် ကြန့်ကြာမည်ဟု မထင်ခဲ့ပေ။ သို့သော် ထိုအရာကို ဖိအားပေး၍ လုပ်ရမည်။


လကုန်တွင် အမေရိကန်၌ ဆိုင်ခွဲများ ဖွင့်မည့်အချိန်သည် ရှအန်း၏ ပထမဆုံး အမေရိကန်ဇာတ်လမ်းတွဲ ထုတ်လွှင့်မည့်အချိန်နှင့် တိုက်နေသည်။


တီဗီဌာနသည် Big Bangအား ကြည့်ရှုသူများကို စွဲဆောင်ရန်  ပထမဆုံး အပိုင်း၏ trailer ကိုစတင် ထုတ်လွှင့်မည်။


Big Bang၏ ၁၃စက္ကန့် ကြာသော ထွေလာကို ထုတ်လွှင့်ပြီးသောအခါ စိတ်ဝင်စားသူ အများအပြား ရှိလာသည်။


လူများစွာသည် ထိုအမေရိကန် ဇာတ်လမ်းကို ဆွေးနွေးမှုများ ရှိလာသည်။


ဆွေးနွေးမှုက ဇာတ်လမ်းတွင် ပါဝင်သည့် သရုပ်ဆောင်အကြောင်းပင် ဖြစ်သည်။


[၉စက္ကန့်မှာ ပေါ်လာတဲ့ ချောမော ခန့်ညားတဲ့ ဂန်းစတားက ဘယ်သူလဲ]


[ဒီရဲ့ သရုပ်ဆောင်ကို တစ်ခါမှ မမြင်ဖူးဘူး သူ့ဆံပင်က အနက်ရောင်ဆိုတော့ သူက အာရှလူမျိုးလား]


[သူက အရမ်း ခန့်တာဘဲ..]


[Big Bang trailer က အဲ့နေရာမှာ ပါတဲ့သူကို ဘာလို့ မပြတာလဲ]


[trailer ထဲမှာ ၂စက္ကန့်ဘဲ ပေါ်လာတဲ့ ဂန်းစတားက ဘယ်သူလဲဆိုတာ သိတဲ့သူရှိလား]


Big Bang အဖွဲ့ခေါင်းဆောင်သည် ရှအန်းက အော်ရိုရာနေရာတွင် ထူးချွန်စွာ သရုပ်ဆောင်ထားသည်ကို သိသည်။ သို့သော် ၂စက္ကန့်ကြာဘဲ ပေါ်လာတဲ့ သူမရဲ့ ပုံစံက လူများစွာရဲ့ စိတ်ဝင်စားမှုကို ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။


ဇာတ်ညွှန်းရေးဆရာနှင့် ဒါရိုက်တာနှစ်ဦးစလုံးသည် ရှအန်းပါဝင်သော ဇာတ်လမ်းတွဲများကို ပို၍ ရိုက်ချင်နေကြသည်။


"ရှအန်းကျဲ ဒီအပတ်မှာ Harry Winstonရဲ့ နွေဦးရာသီ မင်္ဂလာဆောင်ဝတ်စုံအတွက် ရိုက်ကူးဖို့ ပဲရစ်ကို သွားရမယ်ဆိုတာ မမေ့ပါနဲ့နော်..."

ရှုထျန်းထျန်း၏ စကားလုံးများသည် အိမ်တွင် တီဗီကြည့်နေသော ရှအန်းကို အနှောင့်အယှက် ဖြစ်စေသည်။

 

"မင်းက တို့ရဲ့လက်ထောက်ဖြစ်လာကတည်းက နေ့တိုင်း အလုပ်များနေရတော့တာဘဲ”


ရှအန်းက ယခုတွင် အလုပ်များသော စတားတစ်ယောက်ဖြစ်သည်။


"အစပိုင်းမှာ ငါvariety showတွေ ရိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ..ဒါပေမဲ့ မင်းက ကြော်ငြာ ရိုက်ပေးဖို့ အကြောင်းပြောတယ် အိုခေ…အခုလဲ ကြေညာ ရိုက်ပြီးသွားပြီ…ဒါမဲ့ အခု ဖက်ရှင်ရှိုးပွဲလဲ သွားရအုန်းမယ်..ငါသီချင်းခွေထုတ်ရင်  တစ်ခြား နယ်ပယ်မှာတွေ ပါဝင်ဖို့ ခက်တော့မာလား “


သူမသည် variety showပွဲ၏ သရုပ်ဆောင်ဖြစ်ပြီး ယခုတွင်လည်း မော်ဒလ် ဖြစ်လာတော့မည်။ ရှအန်း၏ နှလုံးသားထဲတွင် တွန့်ဆုတ်နေသည်။


ထိုအချိန်အတွင်း သူမသည် အလုပ်များနေသည်။


"သရုပ်လဲဆောင်ရမယ်…ကုမ္ပဏီအတွက်လည်း စလုပ်ရမယ်…catwalk လျှောက်ဖို့လဲ သင်ရဦးမယ်..”


"မော်ဒလ် တစ်ယောက် runway မှာလျှောက်ရင် သူမရဲ့ လမ်းလျှောက်ပုံကို လူတွေကြိုက်နိုင်လား”


"အထူးသဖြင့် နှစ်ဆယ် စင်တီမီတာလောက်ရှိတဲ့ ဒေါကိဖိနပ်နဲ့ လျှောက်ရတာ..စဉ်းစားကြည့်စမ်း…သူမခြေထောက်တွေ နာမာဘဲ”


"မနာပါဘူး..သူမက နာကျင်မှု ခံစားဖူးပြီးသား”


"နှစ်ဆယ် စင်တီမီတာဒေါက်ဖိနပ်….”


"အဲ့ဒါက လူတွေ စီးဖို့ လုပ်ထားတာ မဖြစ်နိုင်ဘူး..”