အပိုင်း ၁၈၄
Viewers 29k

Chapter 184


"ရှအန်းကျဲ... ညီမတို့ ဗီဒီယိုကို ဘာလို့ မလွှင့်တာလဲ” 

ရှုထျန်းထျန်းက မေးလိုက်သည်။


ရှအန်းက သူမကို အေးစက်စက်နှင့် ကြည့်လိုက်သည်။ 

"ဘာလုပ်ဖို့လွှင့်ရမှာလဲ...”


"ရှအန်းကျဲ ညီမ လတ်တလောမှာ အလုပ်တွေ နည်းနည်းများနေတယ်..ဖက်ရှင်ပြပွဲ အပတ်ပြီးသွားရင် ကျဲအတွက် အားလပ်ရက် ပေးမယ်လို့ ကတိပေးတယ်..."


ရှုထျန်းထျန်းက ရှအန်းပြုံးနေသည်ကို ကြည့်လိုက်ပြီး မကြာခင် သွားရတော့မယ့် ဖက်ရှင်ပွဲကို သွားရန် မစောင့်နိုင်တော့ပေ။


ထိုအချိန်တွင် သူမသည် လျန်ကျားရီ၏  မျက်နှာအမူအရာကို တွေ့ရရန် မျှော်လင့်နေသည်။


သူမသည် ထိုအကြောင်းကိုတွေးရင်း ဝမ်းသာနေသည်။


"ငါဖြင့် မင်းကို မယုံနိုင်ဘူး”

 ရှအန်းသည် ငေါက်လိုက်သည်။ သူမသည် ဖက်ရှင်ပြပွဲတွင် နှစ်ဆယ်စင်တီမီတာ ရှိသော ဒေါက်ဖိနပ်စီးရမည်ကို တွေး၍ စိတ်ညစ်နေသည်။


ရှုထျန်းထျန်းသည် ရှအန်း၏ မပြောင်းလဲသော ပုံစံကိုကြည့်၍ စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။


ရှအန်းက သူမ၏ နတ်ဘုရားမ ဖြစ်သည်။


ရှအန်းသည် brand ပစ္စည်း၏ ပြောရေးဆိုခွင့် ရှိသူ ဖြစ်သည်သာမက အဓိက ဖက်ရှင်ပွဲလေးခုတွင်လည်း brand ပစ္စည်းများကို ဝတ်ဆင်ခွင့်ရမည်ဖြစ်သည်။


ဒါက စတားတွေ အားလုံးရဲ့ အိမ်မက်ဘဲ မဟုတ်လား....


နတ်ဘုရားမက အဓိက brandဒီဇိုင်နာများ၍ နှစ်သက်မှုကို ရရှိထားသော နောက်ဆုံးပေါ် မင်္ဂလာဆောင်ဝတ်စုံကို ဝတ်ဆင်ရမည် ဖြစ်သည်။


သူမ၏ နတ်ဘုရားမက မော်ဒလ်တစ်ယောက်ထက် နတ်သမီးတစ်ပါးနှင့် တူနေသည်။


ရှုထျန်းထျန်းက ကမ္ဘာ့ထိပ်ဆုံး တန်ဖိုးကြီးသော brand များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသောအခါ နံပါတ်တစ် ကျောက်မျက်ရတနာ  ပစ္စည်းဖြစ်သည့် ဟယ်ရီဝင်စတန်က နတ်ဘုရားမကို တွေ့ဆုံဖို့ပြောလိမ့်မည်ဟု မထင်ခဲ့ပေ။ 


အစည်းအဝေးပြီးသောအခါ နတ်ဘုရားမက ဟယ်ရီဝင်စတန်၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာသည်။


ဟယ်ရီစတန်ကဲ့သို့သော ကျောက်မျက်ရတနာ brandပိုင်ရှင်သည် စတားများကို ဖိတ်ခေါ်လေ့မရှိပေ။


အဘယ်ကြောင့်ဆိုသော် နာမည်ကြီး brandဖြစ်သောကြောင့် သူတို့၏ အမြင်နှင့် ကိုက်ညီသော သူတို့brand၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သော စတားတစ်ယောက်ကို ရနိုင်ချေနည်း၍ ဖြစ်သည်။


ထိုကဲ့သို့သော တန်ဖိုးကြီး brand၏ ပရိတ်သတ်သည် သာမှန်လူများ မဖြစ်နိုင်ပေ။


တကယ်တော့ ပစ္စည်းများက စျေးကြီး၍ လူအများ မတတ်နိုင်ကြသောကြောင့် ဖြစ်သည်။


ကြော်ငြာပေးသော ဆယ်လီကြောင့် ပစ္စည်းကို လူတွေ မရွေးချယ်ကြတာလည်း ဖြစ်နိုင်သည်။


ထိုအရာက လူတစ်ယောက်က ဆယ်လီဖြစ်တာကြောင့် မရွေးသည် မဟုတ်ပေ။


ထို့ကြောင့် နာမည်ကြီး ကျောက်မျက် brandသည် ပြောရေးဆ််ိုခွင့်ရှိသူများကို မရှာဘဲ ကြော်ငြာများအတွက်သာ လူရှာသည်။


သို့သော် ယခုတွင် ရှအန်းသည် ထိုbrand ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာမည့်အပြင် တစ်ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆ်ိုခွင့်ရှိသူလည်း ဖြစ်လာဦးမည်ဖြစ်သည်။


ထို့ကြောင့် ရှုထျန်းထျန်းသည် ဖက်ရှင်ပြပွဲကို သွား၍ လျန်ကျားရီ၏ အံ့ဩသွားသော မျက်နှာကို မြင်ရရန် မစောင့်နိုင်ခြင်း ဖြစ်သည်။


"ရှအန်းကျဲ ဒီရက်ပိုင်း ညမိုးချုပ်ထိနေပြီး တီဗီမကြည့်နဲ့နော်....နေ့တိုင်းစောစော အိပ်ပြီး ကျန်းမာရေး​ကောင်းအောင်လုပ်ထားပါ..."


"အိုခေ..သွားပါတော့..ကျွန်မတီဗီ အေးဆေးကြည့်ပါရစေလားရှင်...”

ရှအန်း သက်ပြင်းချ၍ ရှုထျန်းထျန်းကို လက်ရမ်းပြလ်ိုက်သည်။


နတ်ဘုရားမ၏ တွန်းအားပေး၍ ပြောဆိုမှုကြောင့် သူမသည် သက်ပြင်းချ၍ ရှအန်းကို နှုတ်ဆက်ကာ ပြန်သွားသည်။


ရှုထျန်းထျန်းထွက်သွားမှ ရှအန်းလည်း တီဗီ အေးဆေးကြည့်နိုင်တော့သည်။


တီဗီတွင် နောက်ထပ် ဇာတ်လမ်းပိုင်းတစ်ခုကို ကြည့်ပြီးနောက် ရှအန်းသည် အချိန်ကိုကြည့်လိုက်သည်။  သူမသည် ထ၍ ကလေးနှစ်ယောက်အတွက် အစားအစာ လုပ်ပေးရန် မီးဖိုထဲသို့ ဝင်သွားခဲ့သည်။


"မမနတ်သမီး…သားတို့ ပြန်လာပြီ”


ညစာ အဆင်သင့်ဖြစ်သောအခါ ကလေးနှစ်ယောက်သည် ကျောင်းမှပြန်လာသည်။


"မင်းတို့ လက်တွေ ဆေးပြီး လာစားလို့ ရပါပြီ”


"ကောင်းလိုက်တာ...."


ရှအန်းသည် ညစာကို စားပွဲပေါ်တင်၍ သူမ၏ သားသည်  ခုရက်ပိုင်းတွင် အနည်းငယ် ထူးခြားနေသည်ကို တွေ့ရသည်။


ပုံမှန်အားဖြင့် သူမ၏ သားအိမ်ပြန်ရောက်လျှင် သူမကို ကုရှုမော့ ကဲ့သို့ နှုတ်ဆက်လေ့ရှိသည်။


ထို ဗီလိန်သည် စကားမများသော်လည်း သူမနှင့်တော့ ပြောသည်။


"ရှောင်ရှင်း..ဘာဖြစ်နေတာလဲ..ဒီရက်ပိုင်း နေမကောင်းသလိုဘဲ” 

ရှအန်းသည် ရှရှင်းချန် ၊ ကုရှုမော့ တို့နှင့် မျက်နှာချင်းဆိုင်ထိုင်၍ သံသယဖြင့် မေးလိုက်သည်။


ရှရှင်းချန်က  ကျောင်းမှ မကောင်းသော အတွေးများကို အိမ်သို့သယ်လာသည်ကို နှောင်တရသည့်ပုံဖြင့် ပါးစပ်ပိတ်လိုက်သည်။


"သား ဗိုက်မဆာဘူး” 

လူသေးသေးလေးသည် ညည်း၍ တိုးတိုးလေး ပြောလိုက်သည်။


သို့သော် သူမ လုံးဝမယုံပေ။


"ကျောင်းမှာ အနိုင်ကျင့်တဲ့သူတွေက သားကို ထပ်အနိုင်ကျင့်ပြန်ပြီလား”


သူမသည် သူမ၏ ကလေးကျွမ်းကျင်မှုကိုသိသည်။ နောက်ဆုံးတစ်ခေါက်တုန်းက သူမ၏သားက ကောင်းကောင်းတိုက်ခိုက်ခဲ့သည်။


သို့သော် သူမ သား၏ အရည်အချင်းသည် တော်သော်လည်း သူသည် ကလေးဘဲရှိသေးသည်။


သူသည် ကိုယ်လက်ထိခိုက်အောင် အနိုင်မကျင့်ခံရသော်လည်း စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသည်။


"မဟုတ်ပါဘူး..သူတို့က သားကို အနိုင်မကျင့်ရဲဘူး”


ရှအန်းက ကလေးများ အကြောင်းပြောသောအခါ သူ၏မျက်လုံးသည်  လင်းလာသည်။


"ဒါဆို ဘာကြောင့် ဒီရက်ပိုင်း စိတ်တိုနေတာလဲ” 

ရှအန်း စိုးရိမ်နေမိသည်။


ကုရှုမော့သည်  တစ်ဖက်ကနေ ရှအန်း စိုးရိမ်နေသည်ကို သိသောကြောင့် ရှရှင်းချန် ကို မဖုံးကွယ်ပေးတော့ပေ။

 "ရှောင်ရှင်း..မင်းမပြောရင် ငါပြောပြလိုက်မယ်”


ရှအန်းနှင့် ရှရှင်းချန် နှစ်ယောက်လုံးက သူ့ကိုကြည့်လိုက်သည်။


"ကုရှုမော့..မင်း…”


အထူးသဖြင့် ရှရှင်းချန်၏ တုံပြန်မှုသည် အလွန်ကြီးမားသည် သူသည် ကုရှုမော့ကို တားချင်သော်လည်း မရနိုင်ပေ။


သနားစရာ ရှရှင်းချန်သည် ပြော၍မပြီးသေးပဲ ကုရှုမော့မှာ အသက်ရှုတစ်ချက် ရှူထုတ်စာ အချိန်အတွင်း အကြောင်းအရင်း အားလုံးကိုပြောပြပြီးသွားလေသည်။ 

"မမနတ်သမီး ရှောင်ချန်း လတ်တလော မပျော်ရတဲ့ အကြောင်းက အတန်းထဲက ကျောင်းသားအုပ်စုက ရှောင်ချန်းရဲ့ အဖေကိုသိချင်နေကြလို့လေ...."


"ဘာ..” 

ရှအန်းက ကုရှုမော့၏ စကားလုံးများကို ကြားပြီး သူမနှုတ်ခမ်းများကို မဲ့လိုက်သည်။


သူမ ကုရှုမော့ပြောသော စကားလုံးများကို နားလည်သည်။ သို့သော် ထိုစကားလုံးများသည်…


"ဘာကိုဆိုလိုတာလဲ..သူ့အဖေ..”


ကုရှုမော့က  မထီမဲ့မြင်ပြုသော သူ၏ အတန်းဖော်များ အကြောင်းကို ပြောပြလေသည်။

 "မမနတ်သမီး သားတို့ကျောင်းကို တစ်ခါလောက်တော့ လာခဲ့ပါလား.... ရူးနေတဲ့ ကျောင်းသားအုပ်စုက အစ်မ ပရိတ်သတ်တွေချည်းပဲ…ဒါဆို ရှောင်ရှင်းရဲ့ အဖေကို သိချင်နေကြတဲ့ သူအားလုံးက ရှောင်ရှင်းအမေက နတ်သမီးအစ်မဆိုတာ သိသွားလိမ့်မယ်”


ကုရှုမော့က အားမာန်အပြည့်ဖြင့် ပြောနေသည်။  သူပြောလို့ မပြီးခင်မှာဘဲ ရှောင်ရှင်းက သူ၏ပါးစပ်ကို အုပ်လိုက်လေသည်။


"တော်တော့”


“…”