အပိုင်း ၁၈၅
Viewers 29k

Chapter 185


ရှရှင်းချန်က ကုရှုမော့ ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားလိုက်ပြီး စကားဆက်ပြောလို့ မရအောင် လုပ်လိုက်သည်။ ရှုအန်းက လှည့်ကြည့်လိုက်သည်။


ရှအန်းက ကုရှုမော့ ပြောသည်များကို နားလည်ပြီး ရှရှင်းချန် ခုရက်ပိုင်း မပျော်သည်ကိုလည်း သိသည်။


အဲ့လိုဖြစ်တာ သူတို့က ရှရှင်းချန် အဖေကိုသိချင်နေကြလို့လား....


ဒီကလေးတွေက ဘာတွေ တွေးနေကြတာလဲ....


"အ်ိုခေ..ရှောင်ရှင်း ရှောင်ချန်းကို လွှတ်လိုက်တော့..မင်းက သူ့ကို အသက်ရှုရခက်အောက် လုပ်နေတယ်...."

 ရှအန်းက သူ၏ လက်ဖဝါးကို ကုရှုမော့ဆီကနေ ဖယ်ပေရလိုက်သည်။


ရှရှင်းချန်က ကုရှုမော့ကို ပြင်းထန်သော စကားများ ပြောခြင်းမှ ရပ်စေချင်သော်လည်း ရှအန်း၏ စကားလုံးများကြောင့် သူမပြောသည်ကို နာခံပြီး လွှတ်ပေးလိုက်ရသည်။


"ဟူး..”


ကူးရှု့မော့သည် အသက်ပြင်းပြင်းရှုလိုက်ပြီး ပြုံး၍ပြောလိုက်သည်။ 

"မမနတ်သမီးက သားအပေါ် အရမ်းကောင်းတယ်ဆိုတာ သားသိတယ်..."


"မင်းက ကလေးလေးလေ..."


ရှအန်းသည် အလွန်ငယ်ရွယ်နေသေးသော ကုရှုမော့ကို ကြည့်လိုက်ပြီး စိတ်ထဲ၌ တွေးနေသည်။ 


ဒါက တကယ့်အမျိုးသားဇာတ်ဆောင်ရော ဟုတ်ရဲ့လား....


"ဟမ့်..."


ရှအန်းက ကုရှုမော့ကို စိတ်ဆိုးစွာ ကြည့်နေသော သူမ၏ သားဘက်လှည့်လိုက်သည်။ သူမစိတ်အေးသွားသည်။ 


"ရှောင်ရှင်း..စိတ်မတိုနဲ့တော့..သားက အတွေးလွန်နေတာ..."


ရှအန်းသည် သူမ၏ သားက ယခုလိုကိစ္စတွေမှာ စိတ်တိုတတ်လိမ့်မယ်လို့ မထင်ခဲ့ပေ။


သူမ အနည်းငယ် ငိုချင်လာသည်။


"သားအတန်းဖော် ပြောတာတွေကို ဂရုမစိုက်နဲ့..မေမေက သားအတွက် အဖေတစ်ယောက် လုံးဝ ရှာပေးမှာမဟုတ်ဘူး..."


ရှအန်းသည် မတ်တပ်ရပ်လိုက်ပြီး ကောင်ကလေးဆီ သွား၍ ခေါင်းက်ို ညင်သာစွာ ပုတ်လိုက်သည်။ သူမ ဝိညာဉ်ကူးပြောင်းသွားပြီး နောက်ပိုင်းတွင် သူ လွတ်လပ်စွာ တစ်ယောက်တည်းဘဲ နေချင်သည်။


"အဲဒါကို မေ့ပစ်လိုက်..ဒါက အချိန်နဲ့ ခံစားချက်တွေကို ဖြုန်းတီးနေတာဘဲ...."


ရှအန်း၏ စကားလုံးများကို ကြားသောအခါ ကောင်ကလေးက တစ်ခုခု ပြောချင်နေသည်။ သို့သော် ဘာမှမပြောတော့ဘဲ နေလိုက်သည်။


"အိုခေ ..စားကြစို့..ညစာစားပြီးရင် ကာတွန်းကား ပေးကြည့်မယ်...."


ညစာစားပြီးသောအခါ ရှအန်းက ကလေးနှစ်ယောက်အား ကာတွန်းကားကြည့်ရန် ခေါ်သွားသည်။


ထို့နောက် သူမသည် ကလေးနှစ်ယောက်အား ချော့သိပ်လိုက်သည်။


 သူမသည် မိုးလင်းခါနီးမှ သူမအိပ်ရသို့ ပြန်၍ အိပ်ရတော့သည်။


ရှအန်း ကောင်းစွာ အိပ်မောကျနေချိန်တွင် တစ်ချို့လူများမှာ အိပ်မရသော ညများစွာ ရှိလေသည်။


......


"ရှအန်း ရှအန်း ရှအန်း..သူက သရဲလား....”


လျန်ကျားရီသည် Gucci ၏ သံအမတ်တစ်ယောက် ဖြစ်လာပြီးနောက် အလုပ်များနေသည်။ သူမသည် ကမ္ဘာအနှံ့ကို ခရီးထွက်ရရ၍ အလုပ်များနေသည်။


ထို့ကြောင့် သူမ အိမ်ပြန်လာသော အခါ သူမ၏သတင်းများကို ရှာကြည့်ချင်သည်။


သို့သော် ရှအန်းက အင်တာနက်ပေါ်တွင် နောက်တစ်ကြိမ် နေရာယူထားသည်ကို တွေ့သွားသည်။


ရှအန်းက Gucci ၏ ကျော်ကြားမှုကို ဆွဲချလိုက်သည်ဟု လှောင်ပြောင်သရော်ထားသော သတင်းများအားလုံး ပျောက်သွားပြီဖြစ်သည်။ screenတစ်ခုလုံးသည် ရှအန်း၏ C.H skincare ကြေညာများနှင့် သာပြည့်နေသည်။


"ဘာ…C.H skincare…ငါ အဲ့တာကို ဘာလို့ မကြားဖူးတာလဲ..."


လျန်ကျားရီ မေးနေသည်ကို ကြားသောအခါ သူမ၏ လက်ထောက် ရှဲ့ရီရီက ရုတ်တရက်ဖြေလိုက်သည်။


 "အိုး..C.H skincare ကုမ္ပဏီက ခုမှစတည်ထောင်တာ ဒါမဲ့ ခုမှစတယ်ဆိုပေမယ့် ပစ္စည်းတွေက အရမ်းကောင်းတယ်..”


ရှဲ့ရီရီက ထို brandပစ္စည်းအကြောင်း စိတ်လှုပ်ရှားစွာဖြင့် ပြောပြနေသည်။


"C.H ပစ္စည်းက ထိရောက်ရုံတင်မကဘူး စျေးကလဲ အရမ်းမများဘူး..."


အသားအရည်ကို ထိန်းသိမ်းချင်သော သူများအတွက် အကောင်းဆုံးပစ္စည်းဖြစ်သည်။


သို့သော် ချို့ယွင်းချက်မှာ အလွယ်တကူ ဝယ်၍ မရနိုင်တာဖြစ်သည်။


"ခုမှ စတဲ့ ကုမ္ပဏီလေးလား....."

 ရှဲ့ရီရီ၏ စကားမဆုံးခင် လျန်ကျားရီက ဖြတ်ပြောလိုက်သည်။


သူမ၏ လေသံသည် သရော်မှုများနှင့် ပြည့်နေသည်။


"သူမက တော်တော် ရုန်းကန်နေရတာဘဲ..သူမက ဒီလိုမျိုး နာမည်မရှိတဲ့ ကုမ္ပဏီသေးသေး အတွက် ကြေညာရိုက်ပေးတယ်..ဒါက အရမ်းအဆင့် နိမ့်တာဘဲ..."


ရှဲ့ရီရီ၏ စိတ်လှုပ်ရှားမှုသည် ပြောင်းလဲသွားပြီး လျန်ကျားရီ၏ စကားလုံးများကို လိုက်သဘောတူလိုက်သည်။


 "ဟုတ်တယ် ဟုတ်တယ်..ရှအန်းက အဲ့လိုမျိုး ကုမ္ပဏီ အသေးစားအတွက်ဘဲ ကြော်ငြာပေးနိုင်တယ်..သူမက အစ်မ ကျားရီလို လုပ်နိုင်စွမ်းမရှိဘူး..အစ်မ ကျားရီက Gucci လိုမျိုး brandကို ကြော်ငြာနိုင်တယ်…ရှအန်းက နာမည်မရှိတဲ့ ကုမ္ပဏီအတွက်ဘဲ ကြေညာပေးရတယ်..သူမက အစ်မနဲ့ အကွာကြီးဘဲ...."


ရှဲ့ရီရီက လျန်ကျားရီ၏ ဘေး၌ လက်ထောက်အဖြစ်နေရသော အကြောင်းရင်းမှာ သူမ၏ ချိုသာသော စကားများကြောင့်ဖြစ်သည်။


ရှအန်း၏ သတင်းများကို မြင်၍ အနည်းငယ် ဒေါသထွက်နေသော လျန်ကျားရီသည် သူမ အဆင်ပြေသည်ဟု ပြောနေသည်။ 


"ဟမ့်..."

 လျန်ကျားရီသည် ငေါက်လိုက်ပြီး သူမ၏ မျက်နှာသည် ဂုဏ်ယူမှုများနှင့် ပြည့်နေသည်။ 


သူမက Gucci brand ရဲ့ အမတ်လေ...


ရှအန်းက သူမကို ဘယ်လိုလို့ ယှဉ်နိုင်မှာတဲ့လဲ...


"ဟုတ်ပြီ ကျားရီကျဲ ပဲရစ် ဖက်ရှင်ပြပွဲသွားရင် Gucci က ဝတ်စုံဒီဇိုင်နာ ငှါးပေးမှာလား..."

 ရှီးရီရီက မေးလိုက်သည်။


Gucci ၏ အသင့်ဝတ် ဝတ်စုံများသည် သူမအကြိုက် မဟုတ်သော်လည်း သူတို့သည် နာမည်ကြီး brandပစ္စည်းများ ဖြစ်ကြသည်။ အသင့်ဝတ်စုံ တစ်ထည်ကို ရာချီပေးဝယ်ရသည်။ လူအများစုသည် ဝယ်ယူရန် မတတ်နိုင်ကြပေ။


စတားများက ထိုအရာမးကို ဝယ်ယူနိုင်သော်လည်း လက်ဆောင်ပေးသည်များကိုသာ ဝတ်ဆင်ကြသည်။ သို့သော် ထိုလက်ဆောင်များမှာ တစ်ခါသုံးများ ဖြစ်ကြသည်။


စတားတစ်ယောက်သည် ဘယ်လောက်ပိုက်ဆံရရ ထိုကဲ့သို့သော တန်ဖိုးကြီးbrand ပစ္စည်း လက်ဆောင်ကို သူတို့ကိုယ်သူတို့ မဝယ်ယူကြပေ။


ပိုက်ဆံပေး၍ ဝယ်ယူလျှင်တောင်မှ သိန်းချီတန်သော ဝတ်စုံကို နောက်တကြိမ် ဝတ်ဆင်၍ မရနိုင်ပေ။ ထိုပစ္စည်းသည် အလွန်စျေးကြီးသည်။


သို့သော် နောက်ဆုံးပေါ် brand ဝတ်စုံများကို လူတိုင်းမရနိုင်ပေ။


ထို့ကြောင့် brandပစ္စည်း လက်ဆောင်များကိုဝတ်ဆင်၍ ပွဲတတ်သော စတားများသည် အလွန်တင့်တယ်ကြပေသည်။


"အရေးမပါတာတွေ ပြောမနေနဲ့..ငါက Gucci ရဲ့ သံအမတ်ဘဲ..."


ထိုသို့ပြောပြီးနောက် လျန်ကျားရီသည် ဂုဏ်ယူနေပြန်သည်။


သူမသည် ပထမအဆင့်က စတားဖြစ်သော်လည်း ဝတ်စုံငှါးဖို့ ခက်ခဲနေသည်။


သူမ ဝတ်နေကျ ဝတ်စုံများက ဖက်ရှင်ခန်းမှ ငှါးထားသော ဝတ်စုံများသာ ဖြစ်သည်။


ဒီတစ်ခေါက်တွင် သူမသည် Gucci ၏ ဖက်ရှင် ပွဲတတ်ဂါဝန်ကို ဝတ်ဆင်ရမည်ဖြစ်၍ သူမသည် ပဲရစ်ဖက်ရှင်ပြပွဲ သွားရန် မစောင့်နိုင်တော့ပေ။ 


"ဒါနဲ့ ရီရီ..အစ်မ ဖန်ကို  Gucci ရဲ့ ငှါးထားတဲ့ ဝတ်စုံနဲ့ လိုက်တဲ့ ရတနာပစ္စည်းတွေ ယူခဲ့ပေးဖို့ ပြောလိုက်အုန်း..ဒီတစ်ခေါက် ပဲရစ် ဖက်ရှင်ပြပွဲမှာ မျက်စိဖမ်းစား နိုင်တဲ့သူက ငါဘဲဖြစ်ရမယ်....”


လျန်ကျားရီက ဖက်ရှင်ပြပွဲကို သွားမည့် သူမ၏ အံ့မခန်းဖွယ် ပုံစံကို စိတ်ကူးယဉ်နေသည်။


"အော်..ရှအန်းလည်း သွားမလားမသိဘူး..အဲ့ကောင်မလေးနဲ့ မတွေ့ရတာကြာပြီဆိုတော့ တွေ့ချင်နေတာ...."


"အစ်မ ကျားရီ ဖက်ရှင်ပြပွဲက လူတိုင်းသွားလို့ရတဲ့ နေရာ မဟုတ်ဘူး..သူမကို ဘယ်သူမှ မဖိတ်တာလဲ ဖြစ်နိုင်တယ်...."


......


အမေရိကန်တွင်...


"ဝှါး..”


သူမသည် သမ်းဝေလိုက်ပြီး အခန်းတံခါးဖွင့်၍ အိမ်ခန်းထဲသို့ ဝင်လာသောအခါ သူမဆီကို စိတ်လှုပ်ရှားမှုများနှင့် လျှောက်လာသည့် သူမ၏အေးဂျင့် ရှုထျန်းထျန်းကို တွေ့ရသည်။ 


"ရှအန်းကျဲ....ကြည့်ပါအုန်း..ဘယ်ရဲ့ဝတ်စုံကို ကြိုက်လဲ...."


ရှုထျန်းထျန်းက tablet ကိုကိုင်ထားသည်။


Tablet ထဲက လှပသော ဝတ်စုံများကို ကြည့်ရင်း တွေဝေစွာဖြင့် မျက်လုံးများကို ပွတ်၍ကြည့်လိုက်သည်။


"ဒါဘာလဲ..”