အပိုင်း ၁၈၆
Viewers 29k

Chapter 186


"ဒါက ဘာလဲ..."


ရှအန်း၏ လက်ချောင်းများသည် tablet၏ screen ပေါ်တွင်ရှိသည့် လှပသော ဝတ်စုံများကို လျင်မြန်စွာ ရွေ့ကြည့်နေသည်။


" ဘာများဖြစ်နိုင်ဦးမှာလဲ ရှအန်ကျဲရယ်... .ဒါက ပဲရစ် ဖက်ရှင်ပြပွဲမှာ ကျဲဝတ်ရမယ့် ဝတ်စုံပဲ..."


ရှအန်း၏ စိတ်ဝင်စားမှု မရှိသော်လည်း ရှုထျန်းထျန်းက စိတ်လှုပ်ရှားနေသည်။


"ရှအန်းကျဲ ဒီဝတ်စုံတွေအားလုံးက ဟယ်ရီဝင်စတန်ရဲ့ နောက်ဆုံးပေါ် ဝတ်စုံတွေ ပြီးတော့ စျေးကလည်း ဂဏန်းခုနစ်လုံး အထက်တွေချည်းပဲ...."


ဖက်ရှင်ပြပွဲတွင် ထိုကဲ့သို့ စျေးကြီးသော ဝတ်စုံများကို ဝတ်နိုင်သော စတားများရှိလျှင် ဖျော်ဖြေမှု ထုတ်လုပ်ရေး၏ ထိပ်ဆုံးလိုင်းတွင် နေရာရမည် ဖြစ်သည်။


"ဂဏန်း ခုနစ်လုံးစျေး..” 

ရှအန်းက ဝတ်စုံများ၏ တန်ဖိုးသည် ဂဏန်းခုနစ်လုံး ရှိသည်ကို ကြားသောအခါ အံ့ဩသွားသည်။


"အဲ့ဒါက ဝတ်စုံ တစ်ခုပဲလေ..ဘာလို့ အဲ့လောက်စျေးကြီးရတာလဲ..အရူးတစ်ယောက်ကဘဲ အဲ့ဒါကို ဝယ်လိမ့်မယ်...."

ရှအန်းသည် ဘာပြောရမှန်းမသိ ဖြစ်သွားသည်ကို ရှုထျန်းထျန်းက အော်ရယ်လိုက်သည်။


"ဟုတ်တယ် လူအနည်းငယ်ကဘဲ ဒီလို စျေးကြီးတဲ့ ဝတ်စုံတွေကို ဝယ်ဝတ်နိုင်တယ်..စတားအများစုက ဒီလိုမျိုး တန်ဖိုးကြီး brand ကုမ္ပဏီတွေကနေ ငှါးဝတ်ကြတာ..ဒါပေမဲ့ သူတို့တောင် ငှါးလို့ရချင်မှရတာ...."


သူမ၏ နတ်ဘုရားမက အလွန် စွမ်းအားကြီးသည်။


တစ်ခြား စတားများက စျေးမြင့်သော brand များကို ငှါးမည်ဆိုလျှင် သူတို့မှာ ရွေးချယ်စရာမရှိပေ။ brand ကုမ္ပဏီက ငှါးပေးသည်များကိုသာ ဝတ်ရသည်။ တစ်ခါတစ်ရံတွင် နာမည်ကြီး စတားများကို ငှါးပေးသော ဝတ်စုံများသည် ရုပ်ဆိုးပြီး ကွတ်တိမဖြစ်ပေ။ သို့သော် သူတို့သည် ဝတ်စရာလိုလျှင် ငှါးရမည်ဖြစ်သည်။


သို့သော် နတ်ဘုရားမက မတူပေ။ သူမ ဝတ်စုံအတွက် ဟယ်ရီဝင်စတန်ကို တောင်းဆိုစရာမလိုဘဲ သူတို့က ရွေးချယ်ရန် စျေးကြီးသော ဝတ်စုံများကို ပြင်ဆင်ပြီးဖြစ်သည်။ ထိုဝတ်စုံများမှာ စျေးလဲကြီးပြီး လှလဲလှပသည်။ နတ်ဘုရားမသည် ဘယ်ဝတ်စုံဝတ်ဝတ် လှပနေမည် ဖြစ်သည်။ 


"အဲ့တာက ငှါးဖို့ရာအတွက် အရမ်းစျေးကြီးတယ်...."


ရှအန်းသည် ဝတ်စုံအတွက် မပေးဘဲ ပိုက်ဆံကိုသာ စဉ်းစားနေသည်။ 

"ပိုက်ဆံအများကြီး ပေးရတာပဲ...."


"ရှအန်းကျဲ ဒီဝတ်စုံတွေက ပေးရတဲ့စျေးနဲ့ တကယ်တန်တယ်..အထူးသဖြင့် ဟယ်ရီဝင်စတန်ရဲ့ ဝတ်စုံတွေက နောက်ဆုံးပေါ်ဖြစ်တာကြောင့် စျေးတွေကလည်း ကောင်းကြတယ်..."


ရှုထျန်းထျန်းက ဝတ်စုံ ဓာတ်ပုံများကို ပြ၍ လေးနက်စွာဖြင့် ရှအန်းကို ရှင်းပြနေသည်။ 

"ဒီဝတ်စုံတွေမှာ ပါတဲ့ လက်မှု ရတနာတွေကလဲ အစစ်တွေလေ..အဲ့ဒါကြောင့် ဒါတွေက စျေးအရမ်းကြီးတာ...."


ဟယ်ရီဝင်စတန်၏ အဓိက brandများတွင် လက်ဝတ်ပစ္စည်း၊ အသင့်ဝတ် ဂါဝန်များ၊ မင်္ဂလာဆောင် ဝတ်စုံများ စသည်တို့သည် ဒုတိယ ထုတ်လုပ်သော ထုတ်ကုန်များဖြစ်ကြသည်။


ထိုပစ္စည်းများက ဒုတိယအကြိမ် ထုတ်လုပ်သော အရာများဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ထိပ်ဆုံးတွင် နေရာယူထားသည်။ 


အထက်တန်းစား စတားများသည် ဟယ်ရီဝင်စတန်၏ ဝတ်စုံများကို ကြိုက်ကြမှာ စျေးကြီး၍ မဟုတ်ဘဲ အလွန်လှပသောကြောင့် ဖြစ်သည်။


ရှအန်းက ထိုbrandကို ကြေညာခွင့်ရသည်ဟူသော သတင်း ပျံ့သွားသည်နှင့်အမျှ  လူများစွာသည် အံ့ဩသွားခဲ့ကြသည်။


အထူးသဖြင့် အမျိုးသမီး စတားများသည် မနာလိုဖြစ်ကြသည်။


"ဒါတွေက အမှန်တရားတွေဘဲ...."


ရှအန်းက ဝတ်စုံကို ကြည့်၍ ယုံကြည်မှုရှိအောင် ပြောလိုက်သည်။


သူမသည် တောက်ပနေသော လက်ဝတ်ရတနာများကို အတုများဟု ထင်ခဲ့ပြီး ထိုပစ္စည်းများသည် အစစ်များဖြစ်သည်ဟု မမျှော်လင့်ခဲ့ပေ။


ထိုကိစ္စကို မေ့လိုက်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် ထိုဝတ်စုံအတွက် သူမ ပိုက်ဆံမကုန်တာကြောင့် သူမရွေးချယ်နိုင်သည်။


သူမသည် သူမကိုယ်ပေါ်တွင် ဂဏန်းခုနစ်လုံး တန်ဖိုးရှိသော ဝတ်စုံကို ဝတ်ရသည့် အတွေ့အကြုံလည်း ရမည်ဖြစ်သည်။


ထို့ကြောင့် သူမသည် ငှါးချင်သည့် ဝတ်စုံကို ဂရုတစ်ိုက် ရွေးချယ်နေသည်။


ရုတ်တရက် နက်ပြာရောင် လင်းလက်နေသော ဝတ်စုံကို သူမ တွေ့လိုက်သည်။


"ဒီတစ်ခု..."


ရှအန်းသည် တွန့်ဆုတ်မှု မရှိဘဲ ဝတ်စုံကို ဖက်ရှင်ပြပွဲအတွက် ရွေးချယ်လိုက်သည်။


"ညီမလည်းကြည့်ချင်တယ်..."

 ရှုထျန်းထျန်းသည် သိချင်စိတ်ဖြင့် ပြောလိုက်သည်။


ရှအန်း ရွေးချယ်ထားသော ဝတ်စုံကို ကြည့်၍  ရှုထန်းထန်းက စိတ်ရင်းဖြင့် ပြောလိုက်သည်။

 "ရှအန်းကျဲက တကယ်အမြင်ရှိတာဘဲ..စျေးအကြီးဆုံး ဝတ်စုံတွေထဲက တစ်စုံကို ရွေးလိုက်တာပဲ..."


"ဘာ…”

ရှအန်းက သူမကိုယ်သူမ စျေးအကြီးဆုံး ဝတ်စုံများထဲက တစ်ထည်ကို ရွေးချယ်မိသည်ဟု မထင်ခဲ့ပေ။


"ဒါမဲ့ အဲ့ဒါက တော်တော် ရိုးစင်းတယ်လေ..."


ရှအန်းသည် ဝတ်စုံများကို အနီးကပ်ကြည့် လိုက်သည်။ ငြီးငွေ့စရာကောင်းသော ဒီဇိုင်းများ မရှိပေ။ ထိုဝတ်စုံသည် ကြိုးမပါသော ဂျိုင်းပြတ်အင်္ကျီ ဖြစ်သည်။


"ရှအန်းကျဲ... ညီပြောပြမယ် ဒီဝတ်စုံ ဒီဇိုင်းက ရိုးရှင်းပေမယ့် စိန်ကြယ်သီး တွေနဲ့စီချယ်ထားတာ...."


ရှအန်းက ဝတ်စုံကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။ ဓာတ်ပုံထဲတွင် ဝတ်စုံသည် ဂလက်ဆီနှင့်တူသော ကြယ်များ ဝင်းလက်နေသည် ဟုထင်ပြီး အလွန် ထူးခြားနေသည်။


သူမကိုယ်ပေါ်တွင် စိန်ဝတ်ရမည်မှာ အလွန်ထူးခြားသည်။


"ရှအန်းကျဲ..ဘာလို့ ဒီဝတ်စုံကို ရွေးတာလဲ..."


ရှုထျန်းထျန်းသည် သူမ၏ နတ်ဘုရားမကို သိချင်စိတ်ဖြင့် ကြည့်နေသည်။ တန်ဖိုးကြီးပြီး လှပသော ဝတ်စုံက မျက်စိဖမ်းစား လိမ့်မည်။


ထို့အပြင် ထိုဝတ်စုံသည် စျေးအမြင့်ဆုံး နောက်ဆုံးပေါ်ဝတ်စုံ မဟုတ်ပေ။


"ဒီဝတ်စုံက ကြယ်တွေလင်းလက်နေတဲ့ ကောင်းကင်က ကြယ်ပွင့်လေးနဲ့မတူဘူးလား....” 

ရှအန်းက ရှုထျန်းထျန်းကို အပြုံးဖြင့် ပြောလိုက်လေသည်။


(T/N -ကြယ်ပွင့်လေး = ရှောင်ရှင်း)


ပရိတ်သတ်လေး ရှုထျန်းထျန်းက သူမ၏ ရင်ဘတ်ကို အုပ်လိုက်လေသည်။


".နတ်ဘုရားမက အရမ်းချစ်တတ်တာပဲ..."


ရှအန်းသည် လာမည့် ဖက်ရှင်ပြပွဲအတွက် ဝတ်စုံရွေးပြီးသောအခါ Big Bang ဇာတ်လမ်းတွဲကလည်း ကြိုတင်ရိုက်ထားသော ဓာတ်ပုံများနှင့် သရုပ်ဆောင်များကို စတင်မိတ်ဆက်လေသည်။


ထိုဓာတ်ပုံများကို ကြည့်ပြီးနောက် လူများသည် အလွန် အံ့ဩသွားကြသည်။


အဘယ်ကြောင့်ဆိုသော် Big Bang ဇာတ်လမ်းတွဲထဲ၌ ဂန်းစတားသည် ရှအန်းက ပုံပြောင်း၍ ပါဝင်ထားသောကြောင့်ဖြစ်သည်။


[ ဘာ..ဒီရဲ့ အရမ်းခန့်တဲ့ ဂန်းစတားက အိန်ဂျယ်လ်တဲ့... ဘာလို့ အရမ်းလှပတဲ့ အိန်ဂျယ်လ်က ခန့်ညားတဲ့ လူဆိုး လုပ်ရတာလဲ]


[အိန်ဂျယ်လ်က  ငါ့ကိုlesbian တစ်ယောက် ဖြစ်ချင်အောင် လုပ်နေတာဘဲ]


[အစတုန်းက Return to Earth ထွက်လာမှာကို စောင့်နေတာ..အမေရိကန် ဇာတ်လမ်းတွဲကို အရင် လွှင့်လိမ့်မယ်လို့ မထင်ခဲ့ဘူး]


[အိန်ဂျယ်လိကို မိတ်ကပ် လိမ်းပေးတာ ဘယ်သူလဲ..အရမ်းမိုက်တာဘဲ..သူမကိုတောင် မမှတ်မိသလိုဖြစ်သွားတယ်]


[နောက်ထပ် ထွေလာတွေ ကြည့်ချင်တယ်..အိန်ဂျယ်လ်ရဲ့ ဂန်းစတားပုံက အရမ်းမိုက်တာဘဲ..အိန်ဂျယ်လ်က ဇာတ်လမ်းတွဲတွေကို တောင်မှရိုက်နိုင်တယ်..ဇာတ်လမ်းတွဲထဲမှာ အိန်ဂျယ်လ်ရဲ့ ဖ်ိုက်တင်ခန်းတွေရော ပါလားမသိဘူး]


[အိန်ဂျယ်ရဲ့ ဂန်းစတား ဇာတ်ကောင်ကို မျှော်နေပြီ..ဖိုက်တင်း]


လူတိုင်းသည် Return to Earth ထဲတွင် ပါသည့်ဂန်းစတားသည် ရှအန်းက ပြောင်းလဲ သရုပ်ဆောင်ထားသည်ကို သိသောအခါ ကြည့်ရရန် စိတ်လှုပ်ရှားနေကြသည်။


Big Bang ထဲတွင်ပါသည့် အဓိကသရုပ်ဆောင်များသည် ငယ်ရွယ်၍ နာမည်ကြီးသော ခေါင်းဆောင် မင်းသမီးအပါအဝင် နာမည်ကြီးမင်းသားများပင် ဖြစ်သည်။


နာမည်ကြီး ဒါရိုက်တာ ဘရိုင်ယန် ရိုက်ကူးသောကြောင့် Big Bang တွင် ပါသည့် စတားများက အလွန် ထူးခြားသည်။


သို့သော် ထွေလာထဲတွင် နှစ်စက္ကန့်သာ ပြသည့် အရန်ဇာတ်ကောင်ကို စိတ်ဝင်စားမှုများ လာမည်ဟု မည်သူမျှ မထင်ခဲ့ပေ။


လူများစွာသည် ရှအန်းကိုပင် အာရုံစိုက်ကြသည်က တစ်ခြား သရုပ်ဆောင်များ၏ ရေပန်းစားမှုကို ဖုံးကွယ်သွားသည်။


သို့သော် ထိုတိမ်းစောင်းမှုများသည် တီဗီဌာနနှင့် Big Bang အဖွဲ့ခေါင်းဆောင်ကို စိတ်မကောင်း မဖြစ်စေခဲ့ပေ။


အမေရိကန် ဇာတ်လမ်းတွဲ Big Bangသည် ထိုးဖောက်လိမ့်မည်ကို သူတို့အားလုံး သေချာသိကြသည်။


ဘရိုင်ယန်၏ အရင်က အလုပ်များနှင့်ယှဉ်လျှင် ဒီတစ်ခုသည် အလွန်အကျိုးအမြတ်ကြီးသည်။ သူတို့သည် ကျော်ကြားမှု ထိန်းသိမ်းနိုင်လျှင် ထိုအမေရိကန်ဇာတ်လမ်းတွဲသည် အကောင်းဆုံးဖြစ်လာနိုင်သည်။


ပြဿနာများ မရှိလျှင် သူတိူ့သည်  season ဆယ်ခုထက် ပိုရိုက်၍ ရနိုင်သည်။ 


အမေရိကန်၏ အင်တာနက်ပေါ်တွင်လည်း တရုတ်ကဲ့သို့ Big Bangက ရေပန်းစားနေသည်။


ဇာတ်လမ်း၏ နှစ်က္ကန့်သာပါသော သူသည် ရှအန်းဖြစ်ကြောင်းကိုလည်း တွေ့ပြီးဖြစ်သည်။


[ရှအန်းက အရမ်းခန့်ညားတယ်..သူမရဲ့ မျက်နှာက လှပသိမ်မွေ့ပြီး ရိုးရှင်းတယ်..မယုံနိုင်စရာဘဲ]


[ရှအန်းက ယောကျာ်းလေးပုံ ဝတ်စားထားတယ်..ဒီနိုင်ငံက ခန့်ညားတဲ့ ယောကျာ်းလေးတွေကို ကျော်တက်သွားတာဘဲ..သူမက အမေတစ်ယောက်နဲ့ လုံးဝ မတူတော့ဘူး…ရှအန်းရော ရှအန်းရဲ့ မိတ်ကပ်ဆရာရော တော်ကြတယ်]


[အိုးမိုင်ဂေါ့…ဒီအမေရိကန် ဇာတ်လမ်းတွဲထုတ်လွှင့်တော့မှာ ..အခုတောင်ကြည့်ချင်နေပြီ]


ပြည်တွင်းရော ပြည်ပရောရှိ အင်တာနက်သုံးစွဲသူများသည် ရှအန်းပါဝင်သရုပ်ဆောင်ထားသည့် Big Bang ထုတ်လွှင့်မည့် အချိန်ကို စောင့်နေကြသည်။


လူတိုင်း မမျှော်လင်ထားသည့်အရာက ရှအန်းသည် ပဲရစ်ဖက်ရှင်ပြပွဲတွင်လည်း အသက်ရှူမှားလောက်အောင် လှပအုန်းမည် ဆိုတာပင်။