အပိုင်း ၁၈၇
Viewers 29k

Chapter 187


ပဲရစ်ဖက်ရှင်ပြပွဲသည် သက်တမ်းအရင့်ဆုံး ဒီဇိုင်နာများကို ဂုဏ်ပြုသော အခမ်းအနားဖြစ်ပြီး ကမ္ဘာ့ဖက်ရှင်အကျဆုံး ပွဲတစ်ခုဖြစ်သည်။


ထိုပွဲများသည် အရှိန်အဝါကြီးမားပြီး ဖက်ရှင်ပြပွဲ တစ်ခုစီတွင် brandsများကို ခင်းကျင်းပြသကြသည်။


အဓိက ဖက်ရှင်ပြပွဲလေးခုတွင် ထိုအရာသည် အလွှမ်းမိုးဆုံးဖြစ်သည်။ ဆယ်လီများ အပြိုင်အဆိုင် တက်ရောက်ကြသော ပွဲတစ်ခုလဲဖြစ်သည်။


ဒီနှစ်၏ ပဲရစ်ဖက်ရှင်ပြပွဲသည်လည်း အတူတူပင်ဖြစ်သည်။ စတားများစွာ တက်ရောက်ကြပြီး အထူးသဖြင့် တရုတ်ပြည်၏ စတားများ တက်ရောက်ကြသည်။


စတားများသည် ရှိုးပွဲကြည့်ရန် ရှေ့ဆုံးခုံများတွင် ထိုင်ရန် brandများက ဖိတ်ကြားထားသော်လည်း အဓိက ရှေ့ဆုံးတန်းများကို ရရှိရန် မလွယ်ကူပေ။ ထိုင်ခုံများကို အရည်အချင်းအလိုက် ထိုင်ရန် ခင်းကျင်းထားခြင်းဖြစ်သည်။


ထိုနေရာသည် စတားများ၏ ပြိုင်ဆိုင်မှု အသေးစားဖြစ်ပြီး red carpet ဖက်ရှင်ရှိုးပွဲသည် ပြိုင်ဆိုင်မှု အကြီးဆုံးဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် ဆယ်လီများနှင့် ဖက်ရှင်မီဒီယာများသည် သူတို့၏ အရည်အချင်းနှင့် ဆွဲဆောင်မှုများကို အကောင်းဆုံး ပြသကြသည်။


သူတို့သည် ဖက်ရှင်လောကထဲသို့ ဝင်ရန် နည်းလမ်းတစ်ခု အနေဖြင့် မျှော်လင့်ကြပြီး သူတို့၏ ကိုယ်ပိုင်ဖက်ရှင်ကို အသုံးပြု၍ ကျော်ကြားမှုကို မြင့်တင်ကြသည်။



ဖက်ရှင်ပွဲ အစတွင် များစွာသော စတားများ နှင့် မီးရောင်များဖြင့် စတင်သည်။


စတားများသည် ဘယ်နိုင်ငံကဆိုသည်မှာ အရေးမကြီးပေ။ သူတို့အားလုံးသည် လှပစွာ ဝတ်စားထားကြ၍ ဓာတ်ပုံဆရာများ၏ ရှေ့တွင် ပိုစ့်များပေးကြသည်။


"ကျားရီကျဲ....ဖက်ရှင်ပွဲမှာ တရုတ်ပြည်က စတားတွေထဲမှာ ဈေးအများဆုံးနဲ့ အလှဆုံးဝတ်စုံကို ဝတ်တဲ့ကြယ်ပွင့်က ကျဲပဲ....အခု ကျဲရဲ့ ခံ့ညားတဲ့ ပုံတွေက အင်တာနက်ပေါ်မှာ ပျံ့သွားလိမ့်မယ်…ကျဲက တကယ်ကို ဆွဲဆောင်မှုအရှိဆုံးဘဲ”


ထိုနေ့တွင် လျန်ကျားရီသည် Gucci ဝတ်စုံကို ဝတ်၍ ဖက်ရှင်ပြပွဲတက်လာပြီး တစ်ခြားကြယ်ပွင့်များသည် သူမလောက် ဈေးမကြီးသော ဝတ်စုံများ ဝတ်ထားသည်ကို တွေ့ရသည်။ သူမထက် လှသောသူ တစ်ယောက်မှ မရှိကြပေ။ သူမသည် အလွန် ဂုဏ်ယူနေသည်။


သူမ၏ လက်ထောက်က ထိုသို့ ပြောပြသည့်အခါတွင် ပို၍ပင် ပျော်ရွှင်နေသည်။


ရုတ်တရက် သူမသည် သူမ၏ လုပ်ရည်ကိုင်ရည်များကို အကြိမ်ကြိမ် အမှီလိုက်သော ရှအန်းကို သတိရသွားသည်။


"ရှအန်းက ဘယ်ရောက်နေတာလဲ..သူမ ဒီနေ့ ဘာဝတ်စုံဝတ်ထားတာလဲ..."


လက်ထောက် ရှဲ့ရီရီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကျားရီကျဲ.. ညီမရှအန်းကို မတွေ့မိဘူး..သူမကို မဖိတ်ဘူး ထင်တယ်..သူက variety show ရိုက်တော့ ဒီပွဲနဲ့ မထိုက်တန်ဘူးလေ..."


"ကောင်းပြီလေ…အဲ့လောက်လဲ မဟုတ်ပါဘူး..သူမရဲ့ ဖက်ရှင်ကလဲ မပြည့်စုံဘူး...." ကျွမ်းကျင်သော စတားများ ကြိုက်ကြသော လျန်ကျားရီသည် အထင်သေးစွာ ပြောလိုက်သည်။ သူမသည် ရှအန်းကို ကြည့်မရပေ။


ဒီနေ့တွင် သူမ မြင်တွေ့ရမည့် ပထမဆုံးရှိုးပွဲသည် Gucci ၏ နွေဦးရာသီ ရှိုးပွဲဖြစ်သည်။


သူမသည် ရှိုးပွဲတွင် တစ်ခြားနာမည်ကြီး ကြယ်ပွင့်များ ဖိတ်ကြားခံရသည် မခံရသည်ကို မသိသော်လည်း သူမသည် ပထမဆုံး အတန်းတွင် ထိုင်ရသည်ကိုသာ သိသည်။


တကယ်တမ်းတွင် သူမသည် Gucci brand၏ သံတမန် တစ်ယောက်ဖြစ်သည်။


သူမ၏ အတွေးသည် လုံးဝ မှားယွင်းနေသည်။


လျန်ကျားရီသည် ရှိုးပွဲထဲသို့ ရောက်သောအခါ ရှိုးပွဲစတင်တော့မည် ဖြစ်သည်။ ကြယ်ပွင့်များစွာ မရောက်သေးပေ။ သူတို့သည် red carpet ပေါ်မှာတွင်ဘဲ ရှိသေးသည်။


မူးဝေလောက်အောင်လှသော ပုံရိပ်သည် ပေါ်လာပြီး ဓာတ်ပုံဆရာအားလုံးကို အာရုံစူးစိုက်အောင် ဆွဲဆောင်လေသည်။ ပွဲကျင်းပရာသို့ သူမဝင်လာသောအခါ သူမ၏ ဝတ်စုံသည် red carpet ပေါ်၌ galaxy ထဲတွင် တောက်ပနေသော ကြယ်များနှင့် တူနေသည်။


ဇာဖြင့် ချုပ်ထားသော အလင်းရောင်ထိုးဖောက်နေသည့် အင်္ကျီက ဖြူသော အသားရောင်ကို ပို၍ ထင်ပေါ်စေသည်။ ရိုးရှင်းသော လှပမှုသည် လူတိုင်း၏ အာရုံစူးစိုက်မှုကို ရရှိနေသည်။


ကြယ်ပွင့်ကဲ့သို့သော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးသည် သူမလမ်းလျှောက်လိုက်လျှင် သူမ၏ဂါဝန်သည် ကြယ်ပွင့်လေးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ကနေသလိုပင် ဖြစ်နေသည်။


ရှအန်းသည် ကောင်းကင်ပေါ်က ကြယ်ကလေးများကို လွှမ်းခြုံထားသကဲ့သို့ လှပစွာ တောက်ပနေသည်။


ထိုနက်ပြာရောင် ဝတ်စုံသည် ကြယ်များကဲ့သို့ လှပနေပြီး ရှအန်းသည် နေမင်းကြီးကဲ့သို့ အသက်ရှူမှားလောက်အောင် လှပနေသည်။


သူမ၏ လှိုင်းကဲ့သို့ ကောက်နေသော ဆံသားများက ပုခုံးပေါ်တွင် ပြန့်ကျနေ၍ သားရေဦးထုပ်ကို ဆောင်းထားသည်က လှပသိမ်မွေ့နေပြီး သူမ၏ ကြော့ရှင်းသော လည်တိုင်ကို ပေါ်လွင်စေသည်။


ဆံပင်အတွက် အသုံးအဆောင်များ မပါဘဲ ကြယ်တစ်ပွင့်ပါသော လက်ကောက်နှင့် တောက်ပသော စိန်နားကပ်တစ်စုံသာ ဝတ်ဆင်ထားသည်။ ထိုစိန်ပွင့်များက သူမတစ်ကိုယ်လုံးကို အရောင်ဟပ်နေလေသည်။


ရှအန်းသည် မထိရက်လောက်အောင် လှပကြော့ရှင်းနေသည်။


လူတိုင်းသည် ခနအကြာ အံ့ဩမှင်တက်သွား၍ ဓာတ်ပုံဆရာများ၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများပေါ်လာသည်။ လင်းလက်နေသော ကောင်းကင်ကဲ့သို့ ဝတ်ဆင်ထားသည့် အမျိုးသမီး ကြယ်ပွင့်ကို ဓာတ်ပုံများရိုက်ကြသည်။


သူတို့သည် ဓာတ်ပုံရိုက်နေရင်း သူမ၏ အလှအပနှင့် စွဲဆောင်မှုကို ခံစားရသည်။


[အိုးမိုင်ဂေါ့. အိန်ဂျယ်လ်ရဲ့ အလှက မယုံနိုင်စရာဘဲ…သူမက တကယ် နတ်သမီးလေးနဲ့တူတယ်]


[ဟယ်ရီဝင်စတန်ရဲ့ ဝတ်စုံနဲ့ ဒီလောက်လှတဲ့ စတားမျိုး မမြင်ဖူးသေးဘူး]


[ဟယ်ရီဝင်စတန်ရဲ့ ဈေးအမြင့်ဆုံးဝတ်စုံဘဲ..ငါဖတ်တာမှန်တယ်ဆိုရင် ဒီနေ့မှာ ဈေးအကြီးဆုံးဝတ်စုံဘဲ]


တရုတ်သတင်းမီဒီယာများသည် နိုင်ငံခြား ဓာတ်ပုံဆရာများ ပြောနေသည်ကို ကြားသောအခါ သူတို့၏ မျက်လုံးများသည် သူမဆီသို့ ရောက်လာကြသည်။


ပွဲလာသူများထဲတွင် အလှပဆုံး အမျိုးသမီးကြောင့် သူတို့သည် အံ့ဩသွားကြသည်။


သူတို့သည် ရှအန်းက ဟယ်ရီဝင်စတန်၏ နောက်ဆုံးပေါ် ဈေးအမြင့်ဆုံးဝတ်စုံကို ဝတ်ထားသည်ဟု ကြားသောအခါ သူတို့သည် မကြည့်၍ မနေနိုင်တော့ပေ။


ရှအန်းသည် ယခုတွင် အလွန်နာမည်ကြီးပြီး ဖန်များစွာ ရရှိလေသည်။


သူတို့သည် ရှအန်းက ဖက်ရှင်နှင့်ပက်သက်၍ ခုလို တော်လိမ့်မည်ဟု မထင်ခဲ့ပေ။


သူမသည် ဟယ်ရီဝင်စတန်၏ ဈေးအမြင့်ဆုံး ဝတ်စုံကို ရရှိခဲ့သည်။


ကျွမ်းကျင်သော သတင်းမီဒီယာများသည်လည်း သူမ၏ ပုံများကို အလုအယက် ရိုက်နေကြသည်။


သူတို့သည် သူတို့၏ ပြိုင်ဘက်များထက် ပိုမြန်အောင် ရှအန်းပုံများကို အလျင်စလို ရိုက်ကြပြီး ဖက်ရှင်ပြပွဲ အတွက် red carpet ပုံများကို အလုအယက် တင်ကြသည်။ ပထမဆုံး ထုတ်လွှင့်သူဖြစ်ချင်သည့် သတင်းမီဒီယာများသည် ရှအန်း၏ ပုံကောင်းများနှင့် တစ်ခြား အနုပညာရှင်များ၏ ပုံများကို ပြင်ပြီးသည်ထိ မစောင့်တော့ပေ။

သူတို့သည် မပြင်ရသေးသော ပုံများကို တစ်ခါတည်း တင်လိုက်ကြသည်။


ဖက်ရှင်ပွဲတွင် ပါဝင်သည့် ကြယ်ပွင့်များသည် ရှအန်းကဲ့သို့ သိသာထင်ရှားရန် ကြိုတင် မတွက်ဆထားကြပေ။


"ရှအန်းကျဲ..ငါတို့ခုံက လူပြည့်နေပြီ..”


ခန်းမထဲသို့ လျှောက်လာပြီးနောက် ရှအန်းနှင့်အတူ ရှိုးပွဲကိုလာသည့် ရှုထျန်းထျန်းသည် သူမ၏ နတ်ဘုရားမက ထိုင်ခုံရရန် ကြိုးစားနေရသည်ကို တွေ့သွားသည်။


ထိုအခါ ရှုထျန်းထျန်းသည် အလွန် ဒေါသထွက်သွားသည်။ ဖက်ရှင်ပြပွဲ၏ ရှေ့ဆုံးတန်းတွင် ထိုင်ရမှ ဖြစ်မည်။ အနောက်မှာထိုင်ရလျှင် သူတို့အား ဓာတ်ပုံရိုက်၍ မရနိုင်တော့ပေ။


ပို၍ အရေးကြီးသည်မှာ ထိုနေရာသည် ဖက်ရှင်လောကတွင် ရှအန်း၏ အဆင့်အတန်းကို ပြသောကြောင့်ဖြစ်သည်။


ရှုထျန်းထျန်းသည် စိတ်မတိုဘဲ မနေနိုင်တော့ပေ။


ရှအန်းသည် ထိုင်ခုံကို ကြည့်၍ ဂရုမစိုက်သည့်ပုံဖြင့် ပြောလိုက်သည်။

"ထားလိုက်တော့..ဒါက ထိုင်ခုံ တစ်လုံးဘဲ..အရင်ဆုံး ထိုင်ဖို့ နေရာရှာကြစို့...."


ရှအန်းသည် ရှိုးပွဲကြည့်ရန် စိတ်မဝင်စားပေ။ ထို့ကြောင့် သူမက ထိုင်စရာနေရာအတွက် ဂရုမစိုက်ပေ။


ထို့ပြင် အားလုံးသည် ထိုင်နေကြပြီဖြစ်၍ တစ်ယောက်ယောက်ကို သူမ၏ ထိုင်ခုံပြန်ပေးရန် ပြောနေမည်ဆိုလျှင် လူတိုင်း၏ အာရုံစိုက်မှုသည် သူမအပေါ်တွင် ရောက်ရှိလာမည်ဖြစ်သည်။


"…”


ရှအန်း၏ စိတ်အေးလက်အေးနေပုံကို ကြည့်၍ ရှုထျန်းထျန်းသည် ဘာပြောရမှန်းမသိ ဖြစ်နေသည်။


သို့သော် ရှအန်း၏ ထိုင်ခုံသည် အခိုးခံလိုက်ရပြီး ရှိုးပွဲကလည်း စတော့မည်ဖြစ်၍ သူမတို့ ထိုင်ခုံပြန်ယူ၍ မရတော့သည်ကို နားလည်သည်။


တကယ်တမ်းတွင် ထိုသို့ဖြစ်ခြင်းက ရှက်စရာကောင်းနေသည်။


ရှုထျန်းထျန်းသည် သက်ပြင်းချလိုက်သည်။ သူမ၏ ဒေါသကို ချုပ်ထိန်း၍ သူမနတ်ဘုရားမ ထိုင်ရန် အနောက်မှာ ထိုင်ခုံယူပေးလိုက်သည်။


သူတို့သည် လျှောက်သွားရင်းဖြင့် မျိုးရိုးမြင့်သော လူတစ်ယောက်နှင့် ဆုံလေသည်။


ထိုလူသည် ရှအန်းကို ပထမဆုံးအတန်း ရရန် ကူညီပေးသူဖြစ်သည်။


"အိုး..အန်း..ထိုင်ခုံရှာနေတာလား..ကျွန်တော့်ဘေးမှာ လာထိုင်ပါလား”


"လီယိုနယ် လား..”


ရှအန်းသည် သူမနာမည်ကို ခေါ်လိုက်သောကြောင့် အံ့ဩသွားသည်။


"ဟိုင်း..လုပ်ဖော်ကိုင်ဖက်..မတွေ့တာကြာပြီနော်..."


လီယိုနယ်သည် ရှအန်းကို အံ့ဩစွာကြည့်၍ ပြုံးပြလိုက်သည်။ သူ၏ မျက်လုံးများသည် ပင်လယ်ကဲ့သို့ ကြည်လင်၍ ပြာနေပြီး မူးယစ်စေသည်။


"မတွေ့ရတာ အတော်ကြာပြီပဲ..."


သူမသည် လီယိုနယ်ကို Return to Earth ရိုက်ပြီးကတည်းကရင်း မတွေ့ရပေ။ သူတို့သည် ဖုန်းလဲမခေါ် စာလဲမပို့ကြပေ။


"သွားစို့ ငါနဲ့အတူထိုင်ပါစကားပြောရအောင်..မင်းရဲ့ လတ်တလော အမေရိကန် ဇာတ်လမ်းတွဲ Big Bangက ထုတ်လွှင့်တော့မယ် ကြားတယ်..ထွေလာကြည့်ပြီး မင်းရဲ့ နေရာကို အရမ်းစိတ်ဝင်စားနေတာ..."


ရှအန်းသည် တွန့်ဆုတ်နေပြီး ရှုထျန်းထျန်း၏ စူးစိုက်သော မျက်လုံးများကြောင့် သူမခေါင်းငြိမ့်လိုက်ပြီး လီယိုနယ် နောက်လိုက်သွားသည်။