အပိုင်း ၁၈၈
Viewers 29k

Chapter 188


လီယိုနယ်၏ နေရာရောက်သောအခါ သူ၏နေရာသည် ရှိုးပွဲ၏ အလယ်၌ရှိကြောင်း ရှအန်း သတိထားမိသည်။ ဘေးတွင်နိုင်ငံခြားသားများ ထိုင်ကြသည်။ လီယိုနယ်မှလွှဲ၍ သူမ သိတဲ့သူမရှိပေ။


သို့သော် လူတိုင်းသည် သူမကို သိကျွမ်းသည့်ပုံဖြင့် ပြုံးပြနှုတ်ဆက်ကြသည်။


"ကျွန်မတို့ ထိုင်လို့ရတာ သေချာလား..."


ရှအန်းသည် လူအုပ်ကိုကြည့်၍ လီယိုနယ်နောက် လိုက်လာခဲ့သည်ကို နည်းနည်း နောင်တရနေသည်။


ရှိုးပွဲလုပ်သည့် ခန်းမက ကျယ်ပြီး ကုလားထိုင် များမဟုတ်ဘဲ ခုံတန်းရှည်များ ပြုလုပ်ထားခြင်းကြောင့် လူများသည်ဟု ထင်နေတာလည်း ဖြစ်နိုင်သည်။


ခုံတန်းရှည်တွင် နေရာများ ကန့်သတ်ထားပြီး လူများစွာသည် နေရာရနေပြီးဖြစ်သည်။


"ရပါတယ် အန်း..မင်းထင်သလို နေရာအကျယ်ကြီးတော့ မဟုတ်ဘူးပေါ့..."


လီယိုနယ်သည်  လူကြီးလူကောင်းကဲ့သို့ ရှအန်းကို ထိုင်ရန် ပြောလိုက်သည်။


လီယွန်နယ် ဘေးတွင်ထိုင်နေကြသော အခြား ကြယ်ပွင့်များက အလိုက်သတိဖြင့် နှစ်ယောက်စာ နေရာချန်ပေး၍ ဘေးတိုးပေးကြသည်။


ထိုမှသာ ရှအန်းသည် မညည်းမညူတော့ဘဲ ထိုင်နိုင်တော့သည်။


ရှအန်းထိုင်သည့်အချိန်တွင် Gucci ရှိုးပွဲသည် စတင်တော့သည်။


တစ်ချိန်ထဲမှာပင် စတားနှစ်ယောက်၏ ကြားက စစ်ပွဲသည်လည်း စတင်လေသည်။


Catwalk လျှောက်တော့မည်ဖြစ်၍ သီချင်းသံကို စကြားပြီး တန်ဖိုးကြီး ဝတ်စုံများကို ဝတ်ဆင်ထားသော မော်ဒယ်များသည် ပေါ်လာ၍ သံစဉ်နှင့်အညီ လျှောက်ကာ သူတို့၏ အဝတ်အစားများကို ပြသကြသည်။


စင်ပေါ်တွင် မော်ဒလ်များသည် ရှိုးလျှောက်နေစဉ် ကြယ်ပွင့်များကလဲ သူတို့၏ အလှကို ပြသကြသည်။


နောက်ပိုင်းတွင် ဓာတ်ပုံဆရာများသည် မော်ဒလ်များသာမက ပရိတ်သတ်တွေ ကြားမှာထိုင်၍ ပွဲကြည့်နေသော ကြယ်ပွင့်များကိုပါ ပုံများရိုက်ကြသည်။


ထို့နောက် သူတို့သည် အလှဆုံးနှင့် ရုပ်အဆိုးဆုံး ဝတ်စုံများကို ရွေးချယ်ကြသည်။


ထို့ကြောင့် ကြယ်ပွင့်များသည် ပွဲကြည့်နေကြသော်လည်း သူတို့သည် စိတ်ထဲမှ ပြိုင်ဆိုင်နေကြသည်။


ဖျော်ဖြေရေးထုတ်လုပ်မှုထဲတွင် သူတို့သည် အလွန် အတွေ့အကြုံ ရှိသည်။ ဘယ်ရှုထောင့်က အလှဆုံး ၊ ဘယ်အပြုံးက အလှဆုံးဆိုသည်ကို သိသည်။


ထို့ကြောင့် ကြယ်ပွင့်များသည် သူတို့၏ အမူအရာများကို ချုပ်ထိန်း၍ အလှပဆုံး ဟန်ပန်များကို ပြသကြသည်။


"ကျားရီကျဲ ပထမဆုံးအတန်းက လီယိုနယ် ဘေးမှာထိုင်နေတဲ့ အာရှကြယ်ပွင့် တစ်ယောက်ကို ညီမတွေ့တယ်…မျက်နှာကို သေချာမမြင်ရလို့ သူဘယ်သူလဲဆိုတာတော့မသိဘူး..”


လျန်ကျားရီသည် အလှပဆုံး ဟန်ပန်ကို ကြိုးစား၍  ဓာတ်ပုံဆရာ ရှေ့တွင် သတိဖြင့်နေနေသည်။ သို့သော် တတိယလိုင်းက ကြယ်ပွင့် ထန်ယွဲ့ ပြောသည်များကို ကြားသောအခါ သူမ အေးစက်စွာဖြင့် ငေါက်လိုက်၍ မျက်လုံးများကို ဝှေ့လိုက်သည်။


"အို..”


ထန်ယွဲ့သည် လျန်ကျားရီက ဂရုစိုက်ပုံမရဘူးဟု ထင်နေသည်။ သူမသည် စိတ်မပျက်ဘဲ လျန်ကျားရီနှင့် စကားပြောရမည်ကို ပို၍စိတ်ဝင်စားနေသည်။ 


"ကျားရီကျဲ ဒီကြယ်ပွင့်ကလဲ ရှက်နေတယ်..လီယိုနယ်က ဥရောပနဲ့ အမေရိကန်တွေ ကြားမှာ ထိုင်နေတာ..အဲ့ဒါကြောင့် အာရှ ကြယ်ပွင့်က အဲ့မှာထိုင်ရတာ ရှက်နေတာဘဲဖြစ်ရမယ်..ထိုင်ခုံနေရာတွေ ထွက်လာရင် ကြည့်ထားလိုက် သူမ ဆဲဆိုခံရလိမ့်မယ်..”


ရုပ်ဆိုးသော ပုံများအရိုက်ခံရမည်ကို မစိုးရိမ်လျှင် လျန်ကျားရီသည် ထန်ယွဲ့ကို ကြိမ်းမောင်ချင်သည်။


သူမကိုယ်တိုင်က အခြားသူ၏ ထိုင်ခုံတွင်ထိုင်၍ သူတစ်ပါးကို ရှက်စရာကောင်းကြောင်း ပြောနေ၍ ဖြစ်သည်။


တွေးရင်း တွေးရင်းဖြင့် လျန်ကျားရီသည် ဒေါသထွက်လာသည်။


သူမသည် ပထမဆုံးအတန်းတွင် ထိုင်ရန် ဖိတ်ကြားခံရသော တစ်ဦးတည်းသော တရုတ်ပြည်၏ ကြယ်ပွင့်ဟု ထင်နေသည်။


သူမရောက်လာ၍ ထိုင်သောအခါ ပထမဆုံးအန်းတွင် ကြယ်ပွင့်အနည်းငယ်လည်း ရှိကြောင်း သိရသည်။


သို့သော် ပထမဆုံး အတန်းတွင် ထိုင်နေသည့် ထိုကြယ်ပွင့်များသည် အခြားသူများ၏ နေရာကို ယူထားသည်ဟု သူမ ယုံကြည်သည်။


သူမဘေးတွင် ထိုင်သည့် ထန်ယွဲ့ပင်လျှင် ထိုင်ရန် အရည်အချင်းမရှိပေ။


"အိုး..ဒီနေရာက မင်းနေရာလား....” 

နောက်ဆုံးတွင် မနေနိုင်တော့၍ လျန်ကျားရီသည် ထန်ယွဲ့ကို ပြုံး၍ မေးလိုက်သည်။


ယွဲ့ယွဲ့၏ မျက်နှာသည် ခက်ထန်လာ၍ တည်ငြိမ်စွာ မထိုင်နိုင်တော့ချေ။


သူမသည် ပြာယာခက်သွားပြီး ခနအကြာတွင် သူမသည် ပြန်လည်ပြုံးလိုက်ပြီး ပြောလိုက်သည်။

 "အစ်မ ကျားရီ ကြည့်..လူအများကြီး ထိုင်နေကြတယ်..ကျွန်မလဲ ပထမဆုံး အတန်းမှာ ထိုင်နေတယ်..."


ထန်ယွဲ့သည် အရှက်အကြောက်မဲ့စွာ တစ်ခြားအတူထိုင်သော ကြယ်ပွင့်များကို ကြည့်လိုက်သည်။ လျန်ကျားရီလည်း သက်ပြင်းချ၍ လူပါးဝသော ထန်ယွဲ့ကို မနှောင့်ယှက်တော့ရန် ဆုံးဖြတ်လိုက်သည်။ 


ထန်ယွဲ့ ဘေးတွင် ထိုင်ရသည်က သူမ၏ တန်ဖိုးကျသွားသည်ဟု ခံစားရသည်။


သို့သော် ထန်ယွဲ့ဘေးတွင် ထိုင်နေသည့် ကြယ်ပွင့်ကို သိချင်နေသည်။ 


ထို့ပြင် ပထမဆုံးအတန်းတွင် လီယိုနယ် ဘေးတွင် ဖိတ်ကြားခံရသော အာရှကြယ်ပွင့်ကိုလဲ သိချင်နေသည်။



"အို..အိန်းဂျယ်လ်မင်းကအရမ်းလှတာလဲ”


"အိန်ဂျယ်လ် ငါ Big Bangရဲ့ ထွေလာကို တွေ့လိုက်တယ် မင်းက အရမ်းမိုက်တာဘဲ”


“အိန်ဂျယ်လ်..”


ရှအန်းသည်  ပြည်ပကြယ်ပွင့်များက သူမအကြောင်း စိတ်ဝင်စားကြလိမ့်မည်ဟု မထင်ခဲ့ပေ။


သူမသည် လီယိုနယ်က တစ်ဆင့် စကားပြောခံရပြီး ယခုတွင် သူမနှင့် စကားဝိုင်းဖွဲ့ပြောနေသော ပြည်ပကြယ်ပွင့်များ အုပ်စုလိုက်ဖြစ်လာသည်။


သူတို့သည် ဖော်ရွေကြပြီး စကားပြောရသည်ကို စိတ်ဝင်စားနေကြသည်။


ပြည်ပကြယ်ပွင့်များကို ယဉ်ကျေးစွာ ဖြေပေးပြီးနောက်တွင် ရှအန်းသည် အကူအညီမဲ့လာသည်။


သူမသည် သူစိမ်းများနှင့် စကားပြောရသည်ကို မကြိုက်ပေ။


သူမသည် လီယိုနယ်ကဲ့သို့ အသ်ိအကျွမ်းများနှင့်တောင် စကားမပြောပေ။


"အန်း..ငါမင်းကို ငါ့ရဲ့ဖုန်းနံပါတ် ပေးလိုက်ပါတယ်..ငါ့ကို ဘာလို့ မဆက်သွယ်တာလဲ...."

လီယွန်နယ်က ရှအန်းကိုကြည့်၍ မေးလိုက်သည်။ ရှအန်း ရိုက်ကူးရေးပြီးတုန်းက သူသည် သူ့ဖုန်းနံပါတ်ကို ပေးခဲ့သည်။


ရှအန်းကတော့ သူမ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို လီယိုနယ်အား မပေးခဲ့သည့်အပြင် ဘာသတင်းမှ မချန်ထားဘဲ သွားခဲ့တာဖြစ်သည်။


"ရှင့်ကို ဆက်သွယ်ဖို့လား...ကျွန်မက ဘာလို့ ရှင့်ကိုဆက်သွယ်ရမှာလဲ..."

ရှအန်းက စနောက်သလိုဖြင့် ပြောလိုက်သည်။


လီယွန်နယ်သည် ရှအန်း၏ အေးဆေးသော အမူအရာကို ကြည့်၍ စိတ်ညစ်နေသည်။


သူသည် သူ့ခေါင်းကို ကိုင်၍ စိတ်ထဲမှ ပြောနေသည်။ သူသည် မိန်းကလေးတစ်ယောက်အတွက် ဘယ်တုန်းကမျှ မစောင့်ခဲ့ဖူးပါ။


“အဟွတ်..”


လီယိုနယ်သည် သူ၏ ရှက်စရာကောင်းသော လုပ်ရပ်ကို ဖုံးကွယ်ရန်အတွက် ချောင်းဆ်ိုး၍ စကားလွှဲလိုက်သည်။ 


"အန်း..ငါ ဒါရိုက်တာ တော်တော်များများကို သိတယ်..လိုအပ်ရင် ဇာတ်ကားကောင်းတွေ အတွက် မိတ်ဆက်ပေးလို့ရတယ်..”


အခြားဆယ်လီများ အထူးသဖြင့် တရုတ်ပြည်ရှိ ဆယ်လီများသာဆိုလျှင် နိုင်ငံတကာ သရုပ်ဆောင် လီယိုနယ် ပြောသည်ကို ကြားလျှင် သူတို့အတွက် ဇာတ်ကားကောင်း ရိုက်ရန် မိတ်ဆက်ခိုင်းမည်ဖြစ်သည်။ 


သူတို့သည် တွန့်ဆုတ်မှု မရှိဘဲ သဘောတူမည်ဖြစ်သည်။


သို့သော် ရှအန်းကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။


"မလုပ်ပါနဲ့..ကျွန်မမှာ အလုပ်တွေအများကြီးရှိပြီး ခုတလော အလုပ်များနေတာ…ခုချိန်မှာ ပရောဂျက်အသစ်တွေ မလိုသေးလို့ပါ..ရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”


လီယွန်နယ်သည် ကြက်သေသေလျက် ဘာပြောရမှန်းမသိဖြစ်သွားသည်။


စတားတွေအားလုံးက ဇာတ်လမ်းကောင်းရဖို့အတွက် မျှော်လင့်နေကြတာမဟူတ်လား....


ရှအန်းက ဘာလို့ ကွဲပြားနေရတာလဲ...


"ဟုတ်ကဲ့ပါ ငါနားလည်ပါတယ်..."


လီယိုနယ်သည် ခနမျှဘာပြောရမှန်းမသိ ဖြစ်နေသည်။


သူသည် အရင်က ရှအန်းနှင့် အလုပ်အတူလုပ်ရန် စိတ်ဝင်စားသည်..အခုတော့..


လီယိုနယ်၏ နောင်တရနေသည့်ပုံကို ကြည့်၍ ရှအန်းသည် အလွန်ဝမ်းသာနေသည်။


ရှုထျန်းထျန်းက သူမ နောက်မလိုက်လာသည်မှာ ကံကောင်းခြင်းဖြစ်သည်။ မဟုတ်လျှင် သူမသည် သူ၏အကူအညီကို လက်ခံရမည် ဖြစ်သည်။


ထိုအရာကို တွေး၍ သူမသည် နောက်တစ်ကြိမ် လွတ်မြောက်သွား၍ ပို၍ ကံကောင်းသည် ဟုခံစားနေရသည်။


ရှအန်း၏ အတွေးများကို တစ်ခြားကြယ်ပွင့်များ သိလျှင် သူတို့သည် ရှအန်းကို ကံကောင်းခြင်းကို မမြင်သည့်သူဟု ပြစ်တင်ကြိမ်းမောင်းကြမည်ဖြစ်သည်။ ဆွေးနွေးမှုများလည်း ရှိမည် ဟုပေ။