အပိုင်း ၁၈၉
Viewers 29k

Chpater 189


လီယိုနယ်နှင့် ရှအန်း စကားပြော​​နေကြပြီး ခနအကြာတွင် ရှိုးပွဲစတင်လေသည်။


လီယိုနယ် နှင့်ရှအန်း တို့နှစ်ယောက်ကြားက ဆက်ဆံရေး ကဲ့သို့ပင် ရှိုးပွဲကလည်း ကြည့်ကောင်းနေသည်။ သူတို့နှစ်ယောက်ကို မြင်သောသူများသည် သူတို့ အလွန်ရင်းနှီးသည်ဟု ထင်နေကြသည်။


သူတို့သည် ရယ်မော၍ စကားပြောနေကြသည်။ နီးကပ်စွာထိုင်ကြ၍ တစ်ခါတစ်ရံ တစ်ယောက်ကိုတစ်ယောက် တိုးတိုးလေး ပြောနေကြသည်။ ကြည့်လိုက်လျှင် သူတို့သည် အလွန်ရင်းနှီးကြသည့် ပုံပေါက်နေသည်။


ဓာတ်ပုံဆရာများကလဲ သူတို့နှစ်ယောက်၏ ရင်းနှီးနေပုံများကို ပုံများရိုက်ကြသည်။


သို့သော် ရှအန်းနှင့် လီယိုနယ်၏ ဆက်ဆံရေးသည် သူတို့ထင်သလို မရင်းနှီးကြပေ။


Gucci ဖက်ရှင်ရှိုးပွဲပြီးနောက် ရှအန်းသည် လီယိုနယ်ဆီမှ ထွက်လာရန် မစောင့်နိုင်တော့ပေ။


ရှအန်းသည် နောက်ထပ် ဒုတိယအကြိမ် ရှုထျန်းထျန်း နှင့် လီယိုနယ် တွေ့မည်ကို စိုးရိမ်နေသည်။


သူတို့နှစ်ဦးသည် စကားပြောကောင်းကြ၍ ရှုထျန်းထျန်းသည် သူမကို ပြန်၍ အသုံးချမည်ဖြစ်သည်။


Gucci ရှိုးပွဲမှ တစ်ယောက်ထဲ ထွက်လာခဲ့ပြီး ရှုထျန်းထျန်းနှင့် တွေ့သည်။ ရှအန်းသည် ထွက်ခွါဖို့ အချိန်မရှိအောင် မီဒီယာများက သူမပတ်လည်တွင် ဝိုင်းနေကြသည်။


လူအုပ်သည် ရှအန်းကို ပုံများ ရိုက်ကြသည်။


"မစ္စ ရှအန်း ..မစ္စတာ လီယိုနယ်နဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ”


"မစ္စ ရှအန်း..”


"အိန်ဂျယ်လ်...”


များစွာသော သတင်းထောက်သူများသည် ရှအန်းကို ဝိုင်းထားကြပြီး သူမကို ရှိုးပွဲ၏ အဓိက ဦးဆောင်သူကဲ့သို့ မေးခွန်းများ မေးကြသည်။


တစ်ခြားကြယ်ပွင့်များသည်လည်း မီဒီယာများ ဝိုင်းအုံနေသော ကြယ်ပွင့်ကို သတိထားမိလာသည်။


ဆယ်လီများအားလုံးသည် မနာလိုနေကြပြီး မည်သည့် လုပ်ဖော်ကိုင်ဖက်ဟု မသိကြပေ။


"ဟောလိဝုဒ်က နာမည်ကြီးတဲ့ ကြယ်ပွင့်ဘဲဖြစ်ရမယ်...."


"ကောင်းပြီလေ..ဟောလိဝုဒ် နာမည်ကြီး ကြယ်ပွင့်ဘဲ ဒီလို မီဒီယာတွေ ဝိုင်းနေတဲ့ ဆက်ဆံရေးမျိုးရတယ်..."


"ဒီမှာရှိနေတဲ့ ငါတို့ကရော သူတို့နဲ့ ယှဉ်လို့မရဘူးလား..ပြည်ပမီဒီယာတွေက ငါတို့ကို ရိုက်တောင်မရိုက်ဘူး..."


လျန်ကျားရီသည် သူမ အနီးနားက အချင်းချင်းပြောနေသည်များကို ကြားသောအခါ ပါးစပ်ပိတ်နေလိုက်သည်။


သူမ အနည်းငယ် နေရခက်နေသည်။


တရုတ်ပြည်တွင် သူမသည် လူများစွာ၏ ဝိုင်းရံခြင်းကိုခံရပြီး ပြည်ပနှင့် မတူပေ။ သူမသည် ပြည်ပသို့လာတိုင်း  သက်တောင့်သက်သာမရှိပေ။


ပြည်ပတွင် သူမသည် ဘာမှမဟုတ်သော တန်ဖိုးမရှိသည့် ကြယ်ပွင့်လေးလို ဖြစ်နေသည်။


အဘယ်ကြောင့်ဆိုသော် သူမက နိုင်ငံတကာရုပ်ရှင်များ မရိုက်သောကြောင့် ဖြစ်သည်။


“Return to Earth” တွင် အဓိကဇာတ်ဆောင်နေရာအတွက် အာရှသရုပ်ဆောင် အလိုရှိကြောင်း ကြေညာစဉ်က သူမသည် သူမ၏ အခွင့်အရေးဟု ထင်ခဲ့သည်။ သူမသည် အပြင်းအထန်ကြိုးစားခဲ့ပြီး အင်အားများကို အသုံးပြုခဲ့သည်။ ငွေအင်အား များစွာလဲ ကုန်ကျခဲ့သည်။


အဘယ်ကြောင့်ဆိုသော် သူမသည် ထိုဟောလိဝုဒ် ဇာတ်ကားတွင် ပါဝင်ရလျှင် နိုင်ငံတကာတွင် သူမ၏ အဆင့်အတန်းသည် ကွဲထွက်သွားမည်ဆိုသည်ကို နားလည်သည်။


နောက်ဆုံးတွင် တစ်ခြားသူများက ရရှိသွားသည်။


သူမသည် ဒေါသထွက်၍ သွားများ နာကျင်တဲ့ထိ အံကြိတ်ထားလေသည်။


ထိုအကြောင်းကိုတွေး၍ လျန်ကျားရီ၏ စိတ်ထဲတွင် လှပ၍ ရိုးစင်းသော ရှအန်း၏ မျက်နှာပေါ်လာသည်။


ရှအန်းသည် အရန် သရုပ်ဆောင်သာဖြစ်သည်။ ဘာကြောင့် သူမ အကြောင်းတွေးမိနေတာလဲ..


လျန်ကျားရီသည် ရှအန်းကို တွေးနေပြီး ရုတ်တရက် ကြယ်တစ်ပွင့်ကဲ့သို့ နက်ပြာရောင် ပုံရိပ်ကို ဖျက်ကနဲတွေ့လိုက်သည်။


ထူးဆန်းလိုက်တာ..ဒီမိန်းမက..ရှအန်းနဲ့ တူနေတယ်..


ရှအန်းက ရှိုးပွဲလာတာလား..


လျန်ကျားရီသည် နက်ပြာရောင် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးကို သေချာ လိုက်ကြည့်သောအခါ ထိုအမျိုးသမီးသည် ပျောက်သွားခဲ့သည်။


"ကျားရီကျဲ ပင်ပန်းနေတာလား...” 

ရှဲ့ရီရီ၏ အသံသည် ရှအန်းကို ရှာနေသော လျန်ကျားရီကို ဖြတ်ပြောလိုက်သည်။ 


သူမသည် ရှဲ့ရီရီဘက် လှည့်၍ ကြည့်လိုက်သည်။ 


"ရှအန်းကို တွေ့မိသေးလား...."


"အာ..ရှအန်း..သူ့ကို မတွေ့မိပါဘူး..ဘာဖြစ်လို့လဲ..."


"ငါသူ့ကို မြင်လိုက်တယ်လို့ထင်တယ်..."


ရှအန်းသည် ရှိုးပွဲကို အမှန်တကယ်လာခဲ့လျှင် ကောင်းသည်။ “Return to Earth” တွင် သူမ၏နေရာကို လုယူခဲ့ပြီး သူမ၏ Gucci အမတ်နေရာကိုလည်း ရယူရန် ကြိုးစားနေသော ကြယ်ပွင့်လေးကို ဖိနှိပ်ချင်နေသည်။


သူမသည် ရှအန်းကို ချေမှုန်းချင်သော်လည်း သံသယ ဖြစ်နေမိသည်။


ရှအန်းနှင့် ဘောင်မတူသည်မှာ သူမအတွက် ပို၍ကောင်းသည်။


မဟုတ်လျှင် အလွန်ရှက်စရာကောင်းမည် ဖြစ်သည်။


ယခုတွင်မူ တရုတ်ပြည်၏ အင်တာနက်ပေါ်တွင် ရှအန်းက တရုတ်ဆယ်လီများကို ကျော်တက်နေသူ ဖြစ်သည်။


ထိုဆယ်လီများသည်လည်း ရှအန်းနှင့် အဆင့်အတန်းမတူသော်လည်း သူမ ရှိုးပွဲလာသည်ကို သူတို့မသိကြပေ။


[ဝိုး..ဒီတစ်ခေါက် ပဲရစ် ဖက်ရှင်ပြပွဲရဲ့ red carpet ကြည့်ပြီးပြီလား..ရှအန်းက အရမ်းလှတယ်]


[ရှအန်းရဲ့ နက်ပြာရောင် ကြယ်ပွင့် ဝတ်စုံကလဲ အရမ်းလှတယ်]


[ ဖက်ရှင်ပွဲရဲ့ ဓာတ်ပုံတွေက မလှဘူး..ရှပန်းကလွဲပြီး ကျန်တဲ့ ကြယ်ပွင့်တွေရဲ့ မျက်နှာတွေက လှပမှု လျော့နည်းနေသလိုဘ]


[ရှအန်းပုံကို တင်တဲ့ editor က မေ့သွားတာများလား..ရှအန်းပုံတွေကဘဲ လှနေပြီး ကျန်တဲ့ကြည်ပွင့်တွေရဲ့ ပုံတွေက မလှဘူး]


Gucci ၏ နွေရာသီ ဖက်ရှင်ရှိုးပွဲ ပြီးဆုံးသွားပြီး ခနအကြာတွင် အင်တာနက်ပေါ်၌ rep carpetပေါ်တက်ရောက်ကြသော ကြယ်ပွင့်များအားလုံး၏ ပုံများထွက်ပေါ်လာသည်။


ဖက်ရှင်ပွဲအတွင်း Rep carpet ပေါ်ရှိ ကြယ်ပွင့်များ၏ ပုံများ ထွက်လာသောအခါ ရုတ်ရုတ်သဲသဲမဖြစ်ပေ။ လူအများစုသည် ရုပ်ဆိုးသော ဝတ်စုံဝတ်ထားသော ကြယ်ပွင့်များကို သရော်ကြသည်။ စိတ်ဝင်စားမှုများ မရရှိပေ။


သို့သော် ဒီတစ်ခေါက်တွင် ကွဲပြားသွားသည်။


လူများစွာသည် ရှအန်း၏ တောက်ပနေသော ကြယ်ဝတ်စုံကြောင့် အံ့ဩနေကြသည်။


ထိုဝတ်စုံသည် နာမည်ကြီးလာသည် အဘယ်ကြောင့်ဆိုသော် တစ်ခြားကြယ်ပွင့်များ၏ ပုံများသည် အလွန်ရုပ်ဆိုးနေသောကြောင့်ဖြစ်သည်။


သူတို့ ပုံတွေကို ပြန်ပြင်ဖို့ မေ့သွားတာများလား..


ဒီတစ်ခေါက်တွင် ကြယ်ပွင့်များ တင်ထားသော ပုံများသည် ပြုပြင်ထားခြင်းမရှိဘဲ နဂိုအတိုင်းသာဖြစ်နေသည်။


တစ်ချို့ ကြယ်ပွင့်များသည် ရုပ်အရမ်းမဆိုးကြပေ။ သူတို့သည် နဂိုထက်ပင် ပို၍ လှနေသည်။


သို့သော် သူတို့၏ ပြုပြင်ထားသော အရင်ကပုံများနှင့် ယှဉ်လျှင် အလွန်ပင် ရုပ်ဆိုးနေသည်။


ထိုအကြောင်းအရာကို အင်တာနက်ပေါ်ရှိ လူများက ဆက်တိုက်ပြောနေကြသည်။


အဘယ်ကြောင့်ဆိုသော် သူတို့ထဲတွင် ရှအန်းသည် အလွန်လှနေသောကြောင့် ဖြစ်သည်။


သူမ၏ မျက်နှာအနေအထားသည် တစ်ခြားကြယ်ပွင့်များကြားတွင် အထင်းသားပေါ်လွင်နေသည်။


ရှအန်း အသားဖြူနေရခြင်းမှာ သူမ၏ ပုံများကို ပြုပြင်ထားသောကြောင့် ဖြစ်သည်ဟု လူများက ထင်နေကြသည်။


တစ်ခြားကြယ်ပွင့်တွေရဲ့ အသားအရည် ဆိုးရွားနေချိန်မှာ သူမရဲ့ အသားအရည်က ဘာလို့ ကောင်းနေရတာလဲ..


[ရှအန်းက ကြယ်ပွင့်တွေ အားလုံးကို ကျော်တက်လိုက်တာဘဲ…အမူအရာတင် မဟုတ်ဘဲ စတိုင်အရရော အရာရာမှာ သာနေတယ်…အဲ့ကြယ်ပွင့်တွေနဲ့ ရှအန်းနဲ့က အဆင့်အတန်းချင်း လုံးဝမတူဘူး]


[ငါမေးချင်တယ်..ရှအန်းရဲ့ ပုံတွေက ပြင်ထားတာလား..မပြင်ထားဘဲ အသားအရည်က အခုလိုကောင်းနေရင် အသားအရည်က အရမ်းကောင်းလို့ဘဲ]


[ရှအန်းက ပုံကို ပြင်ထားတယ်လို့ ထင်တယ်..တစ်ခြားအသားအရည်ကြည်တဲ့ ကြယ်ပွင့်တွေတောင်မှ အပြစ်အနာအဆာ ရှိသေးတာဘဲ..ရှအန်းရဲ့ အသားအရည်က အပြစ်အနာအဆာမရှိဘူး..အဲ့တာက အစစ် မဖြစ်နိုင်ဘူး]


[ဒီတစ်ခေါက် သူတို့ ပုံတွေမပြင်ရသေးဘူး..ရှအန်းရဲ့ ဖက်ရှင်က ကြယ်ပွင့်တွေထဲမှာ အလှဆုံးဘဲ..ပြည်ပကြယ်ပွင့်တွေနဲ့ ယှဉ်ရင်လဲ သူမက အလှဆုံးပဲ..သူမရဲ့ ကြယ်ဝတ်စုံကလဲ တကယ်လှတယ်..တောက်ပနေတာပဲ..ကြယ်တွေလင်းနေတဲ့ ကောင်းကင်က သူမကိုယ်ပေါ်မှာ ရောက်နေသလိုဘဲ..အဲ့တာက အရမ်းစွဲဆောင်မှု ရှိတယ်]


[အဲ့တာက ဘာလို့ စွဲဆောင်မှု မရှိရမာလဲ..နင်မသိသေးဘူးထင်တယ် ရှအန်းဝတ်ထားတာက ဟယ်ရီဝင်စတန်ရဲ့ ဈေးအမြင့်ဆုံးဝတ်စုံ ပြီးတော့ ဒီနှစ်မှာ ထွက်ထားတဲ့ ဝတ်စုံတွေထဲမှာ ဈေးအများဆုံး ဝတ်စုံဘဲ..အဲ့တာက ဂဏန်း ခုနစ်လုံး တန်ဖိုးရှိတယ်]


[ဂဏန်းခုနစ်လုံး တန်ဖိုးရှိတဲ့ ဝတ်စုံ..ရှအန်း ဝတ်တဲ့ ဝတ်စုံက ဂဏန်းခုနစ်လုံးလောက် တန်ဖိုးရှိတယ်..]