အပိုင်း ၁၉၀
Viewers 29k

Chapter 190


ရှအန်း ဝတ်ခဲ့သော ဝတ်စုံ၏ စျေးကို သိသွားကြသောအခါ လူတိုင်းက အံ့ဩသွားကြသည်။


အားလုံး၏ မျက်လုံးများက ရှအန်းဝတ်စုံပေါ်ရောက်လာကြသည်။


ဟယ်ရီဝင်စတန်၏ ဝတ်စုံများသည် ငှါးရန် မလွယ်ကူပေ။ တစ်ခြား brand ပစ္စည်းများသည် သံတမန်များမရှိသော်လည်း ဆယ်လီများ၏ ထောက်ခံကြေညာမှုများ ရှိကြသည်။


သို့သော် ဟယ်ရီဝင်စတန်သည် တရုတ်ပြည်တွင်  ဆယ်လီများ၏ ထောက်ခံကြေညာများ မရှိပေ။


ကျွမ်းကျင်သော ကြယ်ပွင့်များ ပထမလိုင်းရှိ ကြယ်ပွင့်များတောင်မှ ဟယ်ရီဝင်စတန်၏ အဆင့်မြင့် ဖက်ရှင်များကို မငှါးရမ်းနိုင်ပေ။


ထို့ကြောင့် လူများသည် ရှအန်းက ဝတ်စုံကို ငှါးထားသလား ဝယ်ထားသလားဆိုသည်ကို ခန့်မှန်းနေကြသည်။



ပဲရစ်ဖက်ရှင်ပွဲတွင် ပါဝင်သော ကျွမ်းကျင်သည့် ကြယ်ပွင့်များသည် သူတို့၏ ပုံများကို ဖက်ရှင်ပွဲအတွင်း တင်လိုက်သည်ကို မသိကြပေ။


ထိုပုံများသည် မမြင်ရသေးသော ပုံများဖြစ်နေလေသည်။


"အိုးမိုင်ဂေါ့..”


ရှဲ့ရီရီက ဖုန်းscreen ပေါ်ရှိ ပုံများကို ကြည့်နေသည်။ ရှအန်းဝတ်ခဲ့သော ဝတ်စုံကို အင်တာနက်ပေါ်တွင် မြင်ပြီးနောက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။


ရှအန်းသည် ဖက်ရှင်ပွဲကို တက်ရောက်၍ ထိုကဲ့သို့ လှပ၍ စျေးကြီးပေးရသော ဝတ်စုံကို ဝတ်ဆင်လိမ့်မည်ဟု စိတ်ကူးပင် မယဉ်ခဲ့ပေ။


ထို့ပြင် ဟယ်ရီဝင်စတန်၏ brand ဖြစ်နေသည်။ ထိုbrandသည် Gucci ထက် အဆင့်မြင့်သော brandဖြစ်သည်။


ထိုပိုစ့်အား ရှအန်းကို မုန်းနေသော သူမ၏ သူဌေးမမြင်လျှင် စိတ်တိုမည် ဖြစ်သည်။


ထို့ကြောင့် သူမ မမြင်အောင် လုပ်ရမည်။


သို့သော် တစ်နည်းနည်းဖြင့် မြင်သွားမည်ကို ရှဲ့ရီရီက စိုးရိမ်နေသည်။


တစ်က္ကန့်လောက် သူမ ဖုန်းကိုကိုင်၍ စဉ်းစားနေသည်။ နောက်တစ်က္ကန့်တွင် သူမဖုန်းကို ဆွဲယူခံလိုက်ရသည်။


"မင်း ဘာကြည့်နေတာလဲ..စိတ်ဝင်စားဖို့ကောင်းမဲ့ပုံဘဲ..."


လျန်ကျားရီသည် ရှဲ့ရီရီ၏ ဖုန်းကို ယူ၍ ကြည့်လိုက်သည်။


သူမသည် ဖုန်း screenပေါ်က ပုံကိုတွေ့သွားပြီး ထိုပုံသည် သူမမျက်လုံးများ မခွါနိုင်အောင် လှပလွန်းနေသည်။ သူမသည် ဖုန်းကို တစ်စစီ ထုချေပစ်ချင်နေသည်။


"ရှအန်း..”


လျန်ကျားရီ၏ တုံပြန်မှုသည် ရှဲ့ရီရီ ထင်ထားသည့်အတိုင်းပင် ဖြစ်သည်။


လျန်ကျားရီသည် ရှအန်း ဖက်ရှင်ပွဲကို လာသည်ကို မသိခဲ့ပေ။ ရှအန်းဝတ်ထားသော ဝတ်စုံမှာလည်း အလွန်လှပပြီး သူမ ဝတ်သောဝတ်စုံထက်ပင် စျေးမြင့်နေသည်။ 


"ကျားရီကျဲ..ဒေါသမထွက်ပါနဲ့…မင်းကအဲ့ဝတ်စုံ ဝတ်ရတာ Gucci ရဲ့ သံအမတ်ဖြစ်လို့လေ..သူမရဲ့ ဝတ်စုံက ငှါးလို့မရတာသေချာတယ်...."


သူမအပေါ် ဒေါသထွက်ခြင်း မဖြစ်စေရန် ရှဲ့ရီရီသည် လျန်ကျားရီကို အမြန် ချော့မော့၍ ပြောလိုက်သည်။


သို့သော် လျန်ကျားရီသည် ဒေါသထွက်နေဆဲပင်။


သူမသည် စိတ်မကောင်းဖြစ်နေသည်။


တကယ်ဆိုလျှင် သူမသည် ထိုပဲရစ်ဖက်ရှင်ပွဲ၏ နာမည်အကြီးဆုံး ကြယ်ပွင့်ဖြစ်ပြီး Gucci ၏ သံအမတ်လဲဖြစ်၍ စိတ်ဝင်စားမှုသည် သူမရရှိရမည်ဖြစ်သည်။


သို့သော် အခုတွင်…


ပုံကိုကြည့်၍ ရှအန်းက ထိုဖက်ရှင်တွင် နာမည်အကြီးဆုံးကြယ်ပွင့် ဖြစ်သည်ကို သူမ သဘောပေါက်သွားသည်။


ဒီတစ်ခေါက်တွင် ရှအန်းက သူမကို ကျော်တက်သွားသည်ကို မြင်သည့်သူသည် လျန်ကျားရီတစ်ယောက်တည်း မဟုတ်တော့ပေ။


တစ်ခြား ကြယ်ပွင့်များကလဲ သူတို့၏ ပုံများကို ရှအန်းက ရုပ်ရည်ရော ဝတ်စုံမှာပါ ကျော်တက်သွားသည်ကို တွေ့သည်။


ကြယ်ပွင့်များ အားလုံးက ဒေါသထွက်နေကြသည်။


"ဒါက ဘယ်မီဒီယာလဲ… ဘာကြောင့် စည်းမျဉ်းတွေကို နားမလည်ရတာလဲ..ပုံတွေကို မတင်ခင် ပြင်ရမယ်ဆိုတာ မသိဘူးလား...."


“ရှအန်းပုံတွေကိုကျ ဘာလို့ ပြင်ထားတာလဲ..."


"အိုးမိုင်ဂေါ့..အဲ့ဒါငါလား..သူတို့ဘာလို့ ဒီလောက်ရုပ်ဆိုးအောင် ရိုက်ရတာလဲ...."



ရှအန်းသည် အမျိုးသမီး ကြယ်ပွင့်အားလုံး၏ ရန်သူဖြစ်လာသည်သာမက ကြယ်ပွင့်အားလုံး၏ တစ်ယောက်တည်းသော ရန်သူဖြစ်လာသည်။


ရှအန်းကို လူများစွာ မသိသော်လည်း ရှအန်း၏ ပြန်ပြင်ထားသော ပုံများကြောင့် အာရှကြယ်ပွင့်များသည် လက်စားချေချင်နေကြသည်။


မကြာမီတွင် ရှအန်းအကြောင်း ပြောကြသော သတင်းများသည် အင်တာနက်ပေါ်တွင် ပေါ်လာခဲ့သည်။


[နာမည်ကြီး သရုပ်ဆောင် ရှအန်းက ပဲရစ် ဖက်ရှင်ပွဲမှာ Gucci ရှိုးရဲ့ ပထမဆုံးအတန်းက နေရာကို ရတာ အရမ်းလူပါးဝလွန်းတယ်]


[Gucci ဖက်ရှင် ရှိုးပွဲ ထိုင်ခုံအပြင်အဆင်တွေက မီးရောင် အသစ်တွေ ထွန်းပေးတယ်]


[အရည်အချင်းမရှိတဲ့ ကြယ်ပွင့်က Gucci ရှိုးပွဲမှာ သူမရဲ့ အရှက်မရှိမှုကို ပြဖို့ရာအတွက် ပြည်ပထိသွားခဲ့တယ်]



ခနအကြာတွင် Gucci ၏ ထိုင်ခုံကို ယူသည်ဟု ရှအန်းကို စွပ်စွဲထားသော သတင်းများသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့လာသည်။


ထို့ကြောင့် လူတိုင်းသည် ရှအန်း၏ အောင်မြင်နေသော အလှအပကို ဆွဲချ၍ သူမ၏ သတင်းများကို ကြည့်ရှုကြသည်။


[ရှအန်းက လှပေမယ့် ဒီအပြုအမူကတော့ ဆိုးတယ်]


[ပြည်ပမှာ ဒီလိုလုပ်တာ ရှက်စရာကောင်းတယ်…ရှအန်းရဲ့ EQနဲ့ IQက ဘာဖြစ်နေတာလဲ]


[သူမက ဒီလိုလှတဲ့ ဝတ်စုံဝတ်ရင် တစ်စုံတစ်ခုကို လုပ်နိုင်မယ် ထင်နေတာ]


[လီယိုနယ်ရဲ့ နိုင်ငံခြား ကြယ်ပွင့်တွေကလဲ အချိန်ပေးပြီး လူပါးဝတဲ့ ကြယ်ပွင့်နဲ့ တူတူရှိနေတယ်]


အခြေအနေကို ပိုဆိုးစေရန် တမင်တကာ မဟုတ်မှန်သည်များကို ပြောနေကြသော နေရာမျာရလည်းရှိသည်။


“အို..ဒီဂရုကလူတွေ တော်တော် စပ်စုနိုင်တာဘဲ…နေရာရဖို့ ဘယ်သူက လူပါးဝလို့လဲ..."

 ရှုထျန်းထျန်းသည် ပါ့ပလစ်က အမြင်များကို တွေ့ပြီးနောက် ဒေါသထွက်သော အပြုံးဖြင့် အေးဆေးစွာ ပြောလိုက်သည်။


ကြယ်ပွင့်တစ်ယောက်က သူမ၏ နတ်ဘုရားမနေရာကို လုယူသွားသည် ထိုအတွက် သူတို့သည် မကျေမနပ်မဖြစ်ခဲ့ပေ။ 


ရှအန်းသည် ကူညီရာမဲ့သလို ခံစားလာရသည်။


ဖျော်ဖြေမှုထုတ်လုပ်ရေးတွင် ဖြစ်သော ကိစ္စအသေးအမွှားလေးကအစ လူတိုငိးက သိကြသည်။


Gucci ရှိုးပြီးသည်မှာ မကြာသေးဘဲ အတွင်းရေးပြဿနာများက ထပ်၍ ပေါ်ပေါက်လာသည်။


“ရှအန်းကျဲ....စိတ်လျှော့ပါ..ဒီကိစ္စတွေအားလုံး ညီမတာဝန်ထားလိုက်..ဘယ်သူက အရှက်မရှိတာလဲဆိုတာ ညီမလုပ်ပြမယ်...."

 ရှုထျန်းထျန်းသည် အေးစက်စွာ ပြောလိုက်ပြီး တစ်ဖြည်းဖြည်း ဒေါသထွက်လာသည်။


"မင်းဘဲလုပ်လိုက်ပါ..မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံကြည်တယ်..."

 ရှအန်းသည် ရှုထျန်းထျန်း၏ 

ပုခုံးကို ပုတ်၍ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။


သူမသည် ရှုထျန်းထျန်းကဲ့သို့ တာဝန်ကျေသော ကိုယ်စားလှယ် တစ်ယောက်ရှိသည်မှာ ကံကောင်းသည်။


သူမ ဒီလိုမျိုး ကိုယ်စားလှယ်ရပြီးကတည်းက အနိုင်ကျင့်ခံရသည်များ မရှိတော့ပေ။


ထိုင်ခုံတွင် ထိုင်၍ ဒေါသထွက်နေသော ရှုထျန်းထျန်းသည် လျင်မြန်စွာ အစီအစဉ်များ ရေးဆွဲတော့သည်။


သူမသည် Gucci ရှိုးတွင် ရှအန်း၏ ထိုင်ခုံ လုယူသွားသည့်သူကို ရှာတွေ့ရန်ကြိုးစားသည်။


ဒီနည်းလမ်းက ပါ့ပလစ်က အမြင်များကို ပြောင်းလဲပစ်နိုင်သည်။


ရှုထျန်းထျန်းသည် အလုပ်များစွာကို လုပ်ရသည်။ တစ်ယောက်ယောက်က Gucci ထိုင်ခုံလက်မှတ်ကို လာထုတ်သောအခါ သူမက Gucci ၏ အော်ရဂျင်နယ် ထိုင်ခုံလက်မှတ်ကို ဖော်ထုတ်လိုက်မည်ဖြစ်သည်။


ထိုနည်းလမ်းသည် သူမ၏ နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။


တစ်ယောက်ယောက်က သူမ၏ နတ်ဘုရားမကို ကြမ်းတမ်းစွာ ဆက်ပြောနေမည်ဆိုလျှင် သူမသည် မျက်နှာချင်းဆိုင်၍ ပါးချမည်ဖြစ်သည်။


Gucci ၏ ထိုင်ခုံ လက်မှတ်များကို ပိုစ့်တင်ခြင်းသည် အထိရောက်ဆုံး ဖြစ်သည်။ ရှအန်း၏ နာမည်ကို ပထမဆုံးအတန်းရှိ လျန်ကျားရီ၏ ဘေးတွငိ ရေးထားလိုက်သည်။


ယခုတွင် လူအားလုံးသည်..


[ဝါး..ရှအန်းက ပထမဆုံးအတန်းမှာ..]


[ဒီထိုင်ခုံထားတဲ့နေရာမှန်တယ်ဆိုရင် သူမရဲ့ ခုံကို ဘယ်သူယူသွားတာလဲ]


[ဒါက ပွဲကြီးတစ်ပွဲဖြစ်တယ်..ရှအန်းရဲ့ ပထမဆုံးအတန်းက နေရာကို တစ်ယောက်ယောက်က ယူသွားလို့ သူမက တစ်ခြား အတန်းမှာ သွားထိုင်တာ]


[သိချင်နေတဲ့သူက ငါတစ်ယောက်ထဲလား..အခု ရှအန်းက Gucci ရှိုးရဲ့ ပထမအတန်းမှာ ထိုင်ဖို့ အရည်အချင်းရှိသွားပြီလား]


[သူမရဲ့ ပထမဆုံးအတန်းကနေရာကို ယူသွားတဲ့သူကို သိချင်တယ်]


[ရှအန်းက အရမ်းလှတယ်..ဟယ်ရီဝင်စတန်ရဲ့ ဝတ်စုံကို ဝတ်ထားပြီး အဲ့တာကလည်း လာတဲ့သူတွေထဲမှာ စျေးအကြီးဆုံး ဝတ်စုံဘဲ..သူမအိမ်မှာ ရွှေတွေရှိတာလား ဒါမှမဟုတ် သူမနောက်ကွယ်မှာ ရွှေသူဌေးရှိနေတာလား]


[ထိုင်ခုံထားတဲ့ နေရာက မှန်တယ်လို့ ဘယ်သူအာမခံနိုင်လဲ…ရှအန်းက သူမရဲ့ သတင်းတွေကို ဖြေရှင်းချင်လို့ လုပ်ထားတာလဲ ဖြစ်နိုင်တယ်..ပြီးတော့ တစ်ယောက်က နေရာရထားပြီးပြီဆိုရင် တစ်ခြားသူရဲ့ ထိုင်ခုံတွေကို ယူလို့မရဘူး]


ရှုထျန်းထျန်း မျှော်လင့်ထားသလို သူမက နေရာကို ဖော်ထုတ်လိုက်တာတောင် တစ်ခြားသူတွေက မဟုတ်မမှန်သည်များကို ဆက်၍ပြောနေကြသေးသည်။ တစ်ချို့ အင်တာနက်သုံးစွဲသူများက ရှအန်းဘက်ကပြောကြသည်။


သို့သော်လည်း ထိုဂရုက လူများသည် ရှုထျန်းထျန်း မျှော်လင့်နေသည့် အရာကို မသိကြပေ။


နောက်ဆုံးတွင် သူမသည် ဒုတိယမြောက် တိုက်ခိုက်မှုကို ဆက်လက်စီမံသည်။


ဂရု၏ ပူးပေါင်းဆောင်ရွက်မှု မပါလျှင် သူမသည် လူတစ်ယောက်၏ မျက်နှာကို ရိုက်နိုင်မည်မဟူတ်ပေ။


"အို..မင်း အခုဘာပြောလိုက်တာလဲ..”


ရှအန်း အပါအဝင် မည်သူမျှမသိဘဲ အင်တာနက်ပေါ်တွင် နောက်ထပ် ကြီးမားသည့် ဆူပွက်မှုတစ်ခု ဖြစ်ပေါ်လာသည်။


ဒီတစ်ခေါက်တွင် အင်တာနက်က ဖြစ်စေသော ပွက်လောရိုက်မှု မဟုတ်တော့ပေ။


ကမ္ဘာတစ်ဝန်းရှိ ကွန်ရက််များသည် ပွက်လောရိုက်မှုကို ဖြစ်ပေါ်စေသော အရာဖြစ်သည်။