အပိုင်း ၁၉၁
Viewers 29k

Chapter 191


ယခုအချိန်၌ ရှအန်းသည် အဆင်ပြေနေဆဲဖြစ်ကာ တခြားအမှတ်တံဆိပ်များ၏ဖက်ရှင်ရှိုးပွဲများကိုဆက်လက်တက်ရောက်ခဲ့သည်။


သူမ၏ အသွင်ပြင်ပုံစံအားလုံးက တောင်ပကာလင်းလက်နေပြီး  အမျိုးသမီးကြယ်ပွင့်များစွာကို ဖိနှိပ်ထားနိုင်လေသည်။


ထို့အပြင် သူမတက်သမျှ ဖက်ရှင် ရှိုးပွဲများတွင် ဝတ်ဆင်သော ပွဲတက်ဝတ်စုံတိုင်းက အလွန်အမင်း ဈေးကြီးနေလေ့ရှိကြသည်...။


သူမဝတ်သမျှ ပွဲတက်ဝတ်စုံ တံဆိပ်တိုင်း၏ တံဆိပ်က ဟယ်ရီဝစ်စတန်မှာ စီးရီးတစ်ခုစာလုံးဖြစ်ကာ အဓိပ္ပာယ်များစွာဖော်ကြူး၍ရသော ပွဲတက်ဝတ်စုံများက ဈေးပိုကြီးသည်။


ထိုပွဲတက်ဝတ်စုံစီးရီးလိုက်ကို ကြည့်ပြီး လူတိုင်းအံ့သြသွားတော့သည်...။


အထူးသဖြင့် ရှအန်းက မည်သည့်ရှိုးသို့တက်ရောင်ပါစေ အချိန်တိုင်း ထိုမျှ တန်ဖိုးကြီးသော ပွဲတက်ဝတ်စုံများကိုဝတ်ပြီး ပထမတန်း၌ အမြဲထိုင်လေ့ရှိသည်။


၎င်းက ရှအန်းကို မနာလိုရှုံ့ချချင်ကြသော လူများစွာ၏ အကြိုက်ဖြစ်သွားခဲ့သည်....။


တရုတ်နိုင်ငံ၌ အဆင့်မြင့်တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ်ဖက်ရှင်ရှိုးပွဲ များစွာ တက်ရောက်နိုင်သည့် အမျိုးသမီးစတားတစ်ယောက်မှ မရှိသလို အချိန်တိုင်း ပထမတန်းတွင် ထိုင်ရန် အခွင့်အရေးရဖို့ဆိုသည်မှာ စိတ်ကူး၍ပင်မရပေ။


အဲ့တာက ဘာကိုဆိုလိုတာလဲ....


၎င်းက ဖက်ရှင် အသိုင်းဝိုင်းထဲတွင် 

ရှအန်း ၏အရင်းအမြစ်များ ပေါများနေခြင်းကို ပြသနိုင်ခြင်းဖြစ်သည်။ ၎င်းက နိုင်ငံအတွင်းရှိ အမျိုးသားကြယ်ပွင့်များ သာမက အမျိုးသမီးကြယ်ပွင့်များထဲတွင်ပါ အကောင်းဆုံးဖြစ်ခဲ့ပေသည်...။


ရလဒ်အနေဖြင့် ပြည်တွင်းကွန်ရက်ရှိလူအများစုက ရှအန်းသည် အဘယ်ကြောင့် အဆင့်မြင့်တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ်များကိုဝတ်ဆင်နိုင်ပြီး အမြဲတမ်းပထမတန်းထိုင်ခုံ၌ ထိုင်နိုင်နေခြင်းအကြောင်းကို  စတင်တွေးလာကြတော့သည်။


[ဖက်ရှင်ရက်သတ္တပတ်ရဲ့ အမှတ်တံဆိပ်ရှိုးပွဲမှာ ပထမတန်းမှာ တစ်ကြိမ်ထိုင်နိုင်တာက အဆန်းမဟုတ်ပေမဲ့..  အကြိမ်တိုင်း ပထမတန်း၌သာ ထိုင်နိုင်တာကတော့... တကယ် အံ့သြစရာကောင်းလွန်းတယ်...ရှအန်း ကဖက်ရှင်နယ်ပယ်ထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီပဲ..]


[နိုင်ငံခြားသားများက ရှအန်း၏အလှကို မြင်ပြီး... ရှအန်းရဲ့အလှကြောင့် ဆွဲဆောင်ခံလိုက်ရတာလား.]


[ကြည့်ရတာ သူက နိုင်ငံတကာကြယ်ပွင့် ဖြစ်လာတော့မှာမလား...]


[ရှအန်းက ထိုင်ခုံကြောင့် ပြသာနာတစ်စုံတစ်ခုရှိမှာမဟုတ်လောက်ဘူး... သူမက အချိန်တိုင်း ပထမတန်းမှာပဲ ထိုင်ခဲ့ရတာနော်]


[အိုး...ပထမတန်းမှာ ထိုင်ရဖို့ ခက်ခဲလို့လား...

ဖက်ရှင်ရက်သတ္တပတ်ရဲ့ ပထမတန်းထိုင်ခုံတွေ အားလုံးကို သေသေချာချာ စာရင်းပေးထားရတယ်ဆိုတာ မင်းသိလား...မင်းသာဝယ်နေနိုင်သရွေ့ ပထမတန်း၌ထိုင်လို့ရတယ်..]


[ဖက်ရှင်ရှိုးပွဲရဲ့ ပထမတန်းကထိုင်ခုံတွေကို 

ဝယ်လို့ရတယ်ထားပါတော့.. ဒါပေမဲ့ ဝတ်စုံရောပါ့လို့လား.. ရှအန်းက ဟယ်ရီဝစ်စတန်ရဲ့ ပွဲတက်ဝတ်စုံတွေချည်းပဲ ဝတ်ဆင်လာခဲ့တာလေ... အဝတ်အစားအကြောင်းဘေးပစ်ထားရင်တောင် သူဝတ်လာတဲ့လက်ဝတ်လက်စားအဆောင်တွေ အားလုံးက တခြားသူတွေရဲ့ ပွဲတတ်စုံထက် ဈေးအများကြီးပိုကြီးတယ်.... သူကအဲ့လိုတွေကိုပါ တတ်နိုင်တယ် ထင်လို့လား...]


[သူကဘာလို့မတတ်နိုင်ရမှာလဲ..ရှအန်းက ဘယ်လိုနာမည်ကြီးလာပြီး ဘယ်လိုပိတ်ပင်ခံထားခဲ့တာလဲဆိုတာ မေ့သွားပြီလား....ရှအန်း က သခင်မလေး တစ်ယောက်ဖြစ်ခဲ့ဖူးတယ်လေ...သူက အရမ်းလှတော့ အရာအားလုံးရနိုင်တာပဲလေ... သူ့နောက်မှာချမ်းသာပြီး မိုက်မဲတဲ့ စပွန်ဆာတွေအများကြီး ရှိလောက်တယ်..]


......


ရုတ်တရက် ရေညစ်များက ရှအန်းပေါ်သို့ ထင်မထားဘဲ စီးကျလာတော့သည်။


အကြီးဆုံးပြည်တွင်းအတင်းအဖျင်း ဖိုရမ်တွင်  'ကျွမ်းကျင်ပညာရှင်ကြီးများ' က ပို့စ်တင်လာလေသည်။


ထိုပို့စ်တွင် လူများစွာက ရှအန်းဝတ်ဆင်ခဲ့သည့် ပွဲတက်ဝတ်စုံတိုင်း၊လက်ဝတ်ရတနာတိုင်း နှင့် သူမ စီးခဲ့သော ဖိနပ်တိုင်းကို အမှတ်တံဆိပ် နှင့် ဈေးနှုန်းကို အသေးစိတ် ရှာတွေ့နိုင်လေသည်။


ထိုတင်ထားသောပို့စ်များကို  လူတိုင်းကကြည့်ပြီးအံ့သြနေကြတော့သည်....။


ရှအန်းဝတ်ထားသောအရာအားလုံးသည် အလွန်ဈေးကြီးသည်ဟု မည်သူမျှ မမျှော်လင့်ကြပေ။


သူမ၏ခန္ဓာကိုယ်ပေါ်ရှိ တန်ဖိုးအကြီးဆုံး ပွဲတက်ဝတ်စုံသည် ဂဏန်း၈လုံးအထိ ရောက်ရှိခဲ့ပြီး ဝတ်ဆင်ထားသော လက်ဝတ်ရတနာအားလုံးသည်လည်း ထိုဝတ်စုံထက်ပင် ပို၍ဈေးကြီးလေ၏...။


တစ်စုံစီပေါင်းထည့်လိုက်ရုံနှင့် ရှအန်းဝတ်ဆင်ထားသော ပစ္စည်းများ၏ဈေးနှုန်းသည် ပထမတန်းစားမြို့ကြီးများတွင် အိမ်တစ်လုံးဝယ်ရန် အသုံးပြုနိုင်လောက်သည်ကို တွေ့ရသောအခါ လူတိုင်း ထိတ်လန့်သွားတော့သည်။


ထို့ကြောင့် သူမက အိမ်တစ်လုံးပမာဏတန်ဖိုးကြီးသော အရာများကို ဝတ်ဆင်ထားသည်ဟု ဆုနိုင်လေသည်။


ထိုကဲ့သို့  မယုံနိုင်စရာကောင်းသော အဖြစ်အပျက်များကို ကြုံလိုက်ရသောအခါ အင်တာနက်သုံးစွဲသူများစွာက ရူးသွပ်ကုန်ကြလေသည်။


[ဆင်းရဲမွဲတေမှုက ငါ့ရဲ့အတွေးအမြင်တွေကို ကန့်သတ်သွားတာပဲ... ရှအန်းဝတ်သမျှအရာအားလုံးက ကြောက်ဖို့ကောင်းလောက်အောင် ဈေးကြီးတာပဲ.]


[၁၀သန်းကျော် တန်တဲ့ ပွဲတက်ဂါဝန်နဲ့...သန်းပေါင်းများစွာတန်တဲ့ လက်ဝတ်ရတနာတွေ...ရှအန်းက တော်တော် ချမ်းသာတာဘဲ...]


[ရှအန်းနဲ့ နှိုင်းယှဉ် ကြည့်ရင် အခြားအနုပညာ

ရှင်တွေက နိမ့်ကျနေသလိုပဲ... သူက အခြားကြယ်ပွင့်တွေကို အေးဆေးရိုက်ချသွားနိုင်တာ]


[အဲ့တာဆို ....ရှအန်းက ချမ်းသာတာလား...မဟုတ်ရင် သူမ အဲ့တာတွေကို ဘယ်လို ဝတ်နိုင်မှာလဲ...တရုတ်နိုင်ငံမှာ ဒီလို ကြီးကျယ်ခမ်းခမ်းနားနား ဝတ်စားဆင်ယင်နိုင်တဲ့ကြယ်ပွင့် မရှိဘူးလေ...]


[ရှအန်းမှာ တကယ်ဘဲ စပွန်ဆာတစ်ယောက် ရှိနေတာလား....ဒါမှမဟုတ် သူကပဲ အရမ်းချမ်းသာနေတာလား...ငါတို့အားလုံး သိကြတဲ့အတိုင်း ဟယ်ရီဝစ်စတန် အမှတ်တံဆိပ်က သူတို့ရဲ့ ပွဲဝတ်စုံကို ငှားခဲတယ်လေ... ပုံမှန်အတိုင်းဆို သူတို့က ကြော်ငြာဖို့အတွက် စတားတွေကို အားမကိုးကြဘူးမလား... ထို့အပြင် ပွဲဝတ်စုံငှားမယ်ဆိုရင်တောင် ကမ္ဘာပေါ်ရှိထိပ်တန်းစတားကိုသာ ငှားပေးမှာပဲလေ...ငါတို့ရဲ့ပြည်တွင်းမင်းသမီးတွေက ဟယ်ရီဝစ်စတန်ဝတ်စုံကို ငှားဖို့  ဘယ်သူမှမရည်အချင်းမပြည့်မီဘူး... တကယ်လို့ သူတို့ဝတ်ချင်ရင်တောင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ဝတ်ရမှာ...]


[ရှအန်းက အဲ့ဒီ့ဝတ်စုံနှင့် လက်ဝတ်ရတနာတွေကိုဝယ်ခဲ့တာဆိုရင်တော့... ငါပြောချင်တာကတော့ ရှအန်းရဲ့စပွန်ဆာက သူ့ကို အရမ်းချစ်တယ်ဆိုတာပဲ... ]


[ဒါဆိုနိဂုံးချုပ်ရရင်..... ရှအန်းမှာ စပွန်ဆာတစ်ယောက်ရှိနေတာလား...အဲ့စပွန်စာကရောဘယ်သူလဲ...]


....


ပြည်တွင်းအင်တာနက်ကွန်ရက်ရှိ ကွန်မန့်များကို ကြည့်ရင်း ရှုထျန်းထျန်းက လုံးဝထိတ်လန့်မှုမရှိခဲ့ဘဲ အကြံကောင်းတစ်ခုရှိလာခဲ့သည်။


"အစ်မထျန်းထျန်း.... ဒီလူတွေက တအားတုံးကြတာပဲ... ညီမတို့ရဲ့ နတ်ဘုရားမက ဝတ်စုံဝယ်ဖို့ ဘယ်လိုလုပ်ပြီး ပိုက်ဆံတွေအများကြီးဖြုန်းမှာလဲနော့်...."

ရှောင်လီက အင်တာနက်ပေါ်ရှိ ကွန်မန့်များကို ကြည့်ရင်း ရယ်မောလိုက်သည်။


ရှအန်းနှင့် အလုပ်လုပ်သော "လက်ထောက်လေးများ"အဖွဲ့သည် ရှအန်းနှင့် အချိန်များစွာ မကုန်ဆုံးခဲ့ကြသော်လည်း သူတို့က ရှအန်း၏ စွမ်းဆောင်ရည်များအကြောင်းကို တဖြေးဖြေးသိလာကြသည်။


ရှအန်းက အစားအစာနှင့် တည်းခိုခန်းအတွက် ပိုက်ဆံကို အသုံးပြုရန် အမှန်တကယ်ဆန္ဒရှိသော်လည်း အဝတ်အစားအတွက် ပိုက်ဆံအများကြီးသုံးရန်မကြိုက်၍ သောင်းချီတန်သော အဝတ်အစားများမှလွဲ၍ ထို့ထက်ပိုဈေးကြီးသော အဝတ်အထည်များကို မဝယ်လိုပေ။


ထိုအပြင် သူမဝတ်ခဲ့သော ဝတ်စုံက သန်းပေါင်းများစွာ ကုန်ကျပြီး ပုံမှန်အားဖြင့် တစ်ကြိမ်သာ ဝတ်နိုင်သည်ဖြစ်၍ ရှအန်းက သေချာပေါက်ကိုဝယ်မည် မဟုတ်ချေ။


ရှောင်လီ ၏စကားကြောင့် ရှုထျန်းထျန်းက ရယ်မောလိုက်သည်။


"ဟုတ်တယ် ငါတို့ရဲ့နတ်ဘုရားမ က သူတို့ထင်သလို ဟိတ်ဟန်မှ မထုတ်တတ်တာ..."


"ဒါဆို အစ်မထျန်းထျန်း ညီမ နတ်ဘုရားမအတွက် ဖြေရှင်းပေးဖို့ စောင့်နေတာလားဟင်... အရင်တလောကတင်  အစ်မကညီမတို့ကို  လူမသိသူမသိနေဆိုလို့ ညီမတို့ ငြိမ်ငြိမ်လေးနေနေကြတာ...."


လက်ထောက်အားလုံးက ရှအန်း၏ ပရိသတ်အဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အခုချိန်တွင် သူတို့သည် ရှအန်းနှင့် အလုပ်လုပ်နေသော်လည်း ပရိသတ်အဖွဲ့နှင့် အဆက်သွယ်မဖြတ်ခဲ့ပေ။ ထို့ကြောင့် ပရိသတ်အဖွဲ့စေတနာအဖွဲ့အစည်းတွင်လည်း ပိုမိုကျွမ်းကျင်ခဲ့သည်။


"ဘာလို့ အလျင်လိုနေတာလဲ...မနက်ဖြန်အထိစောင့်ပါဦး.....မနက်ဖြန် ဟယ်ရီဝစ်စတန်ရဲ့ရှိုးပွဲ ရှိလိမ့်မယ်... သူတို့ကြည့်ပြီးသွားရင် သူတို့ကိုယ်တိုင် သဘောပေါက်သွားကြလိမ့်မယ်...."

 ရှုထျန်းထျန်း၏အသံက တဖြေးဖြေးအေးစက်သွားလေသည်။


"အဲ့အချိန်မှာ ငါတို့ အခွင့်ကောင်းယူပြီး လူတိုင်းကို သင်ခန်းစာပေးရမယ်..."


 မူလကစိတ် သက်သာရာရနေသော ရှောင်လီသည် ရှုထျန်းထျန်း၏မျက်လုံးများကို မြင်သောအခါ သူမ တုန်လှုပ်သွားလေသည်။


ရှုထျန်းထျန်း သည် တိုက်ပွဲကြီးတစ်ခုကို နောက်နေ့တွင် စတင်ရန် စောင့်ဆိုင်းပြီးမှ လှုပ်ရှားရန်စဉ်းစားနေသည်။


သို့ပေသော် ရှအန်းအတွက်မူ ဖျော်ဖြေရေးနယ်ပယ်ထဲရှိ အရာများကိုလုံးဝဂရုမစိုက်သလို ဘာမှလည်း မသိခဲ့ပေ။


သူမစိတ်ကို သိမ်းပိုက်ထားသော အရာမှာ...သူမ၏ကိုယ်ပိုင် C.H ဘရန်းပင်ဖြစ်သည်။


ရှအန်းက ဟယ်ရီဝစ်စတန်မှ စီစဉ်ပေးသော ကြယ်ငါးပွင့်ဟိုတယ်တွင် အိပ်နေပြီး C.Hမှ သူမ၏အကြီးတန်းအမှုဆောင်အရာရှိ ပို့ထားသော အီးမေးလ်ကို ကြည့်နေသည်။


အီးမေးလ်အစီရင်ခံစာတွင် ကုမ္ပဏီ၏အရောင်းဆိုင်များ အခြေနေကောင်းမွန်နေပြီး အမြတ်များရနေကြောင်းဖော်ပြထားသည်။


ကုမ္ပဏီ၏ စီအီးအိုက သူတို့ကုမ္ပဏီ၏အားနည်းချက်မှာ ထုတ်ကုန်ပစ္စည်းများ အများအပြား မရှိခြင်းဖြစ်ကြောင်း ရှင်းလင်းစွာပြောကြားလေသည်။


စကင်ကဲပစ္စည်း တစ်မျိုးတည်းကိုသာ ထုတ်လုပ်ခြင်းမှာ ဝယ်ယူသူများအတွက် သတင်းကောင်းမဟုတ်ပေ။


နောက်ဆုံး၌ အချို့ အဆင့်မြင့်ပစ္စည်း သူံးစွဲသူများသည် ဈေးနှုန်း နိမ့်သောကြောင့် ထုတ်ကုန်သည် ဆဆင့်မြင့်မည်မဟုတ်ဟု ထင်မြင်ကြလိမ့်မည် ဖြစ်၏။


ထို့အပြင် အဆင့်နိမ့်ပစ္စည်းသုံးစွဲသူများကလည်း ထုတ်ကုန်များက သူတို့ကိုပစ်မှတ်ထားခြင်းမဟုတ်ကြောင်း ခံစားရလာမည်ဖြစ်သည်။