Chapter 192
ရှအန်းက အီးမေးလ် စစ်ရင်း အနည်းငယ်ဘဝင်မကျဖြစ်ခဲ့သည်။
ဤskincare set များကို သူမထုတ်ခဲ့သည်မှန်သော်လည်း အမှန်တကယ်ပြုလုပ်သူမှာ သူမ၏ ဉာဏ်ကြီးရှင်သားလေး ဖြစ်သည်။သူသည် ထိုskincare set များကို လွယ်ကူစွာပြုလုပ်နိုင်ခဲ့သည်။
သူက ထိုပစ္စည်းများကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်နေဆဲဖြစ်သည်။
သူမ၏သားက မလုပ်နိုင်လျှင် သူမဘက်က နေလွတ်မှရေ ကို သိပ္ပံပညာရှင်များအား ပေးကာ သုတေသန ပြုခိုင်းမည်။ သို့သော် ၎င်းက အလွန်အန္တရာယ်များသည်။
ရှအန်း အကြိမ်ရေများစွာ စဉ်းစားချင့်ချိန်ပြီးနောက် ထိုအကြောင်းကိုမတွေးဖို့ ဆုံးဖြတ်လိုက်သည်။ ယခု သူမ၏ C.H ထုတ်ကုန်သည် အနည်းငယ်နာမည်ရလာပြီဖြစ်၍ အနာဂတ်တွင် ပိုက်ဆံအမြောက်အများရှာနိုင်တော့မည်ဖြစ်သည်။
ဈေးကွက် အနိမ့်အမြင့်များအား သူမ ဂရုမစိုက်ပေ။
ထိုအကြောင်းကိုစဉ်းစားပြီးနောက် ရှအန်းသည် ကြီးမားသောအိပ်ယာပေါ်သို့ ပျော်ရွှင်စွာ လဲလျောင်းလိုက်သည်။ သူမစိတ်ထဲတွင် အမေရိကရှိသူမ၏အိမ်သို့ပြန်ချင်သည့် ဆန္ဒသာရှိသည်။ ပဲရစ်တွင်ကျင်းပသော တစ်ပတ်တာရှိုးပွဲသို့ တက်ရောက်ရန် အမေရိကမှ လာခဲ့သည်မှာ သုံးရက်ရှိပြီဖြစ်သည်။သူမနှင့် သူမ၏သားသည် ယခုကဲ့သို့ အကြာကြီး မခွဲဖူးပေ။သူမ၏ချစ်လှစွာသောသားနှင့် ထိုကဲ့သို့အကြာကြီးခွဲနေရခြင်းက သူမအတွက် ကျင့်သားမရသေးသောကြောင့် အလွန်ပင်ပန်းစေခဲ့သည်။
"ရှောင်ရှင်း ဘာတွေလုပ်နေလဲမသိဘူး...."
သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။သူမသည် သူမ၏သားကို ဖုန်းဆက်ရန် စဉ်းစားနေစဉ် ဖုန်းသံက မြည်လာခဲ့သည်။
"ဒါ ရှောင်ရှင်းပဲ ဖြစ်ရမယ်....."
ထိုသို့ ရေရွတ်လိုက်ပြီး အိပ်ရာပေါ်တွင် ဖုန်းနားသို့သို့ရောက်အောင်လှိမ့်ကာ ဖုန်းကိုင်လိုက်သည်။
သူမ ဖုန်းနံပါတ်ကိုမကြည့်ဘဲ ကိုင်လိုက်ခြင်းဖြစ်သည်။ ဖုန်းထဲမှကြားရသော အသံပိုင်ရှင်သည် သူမနှင့် ဖုန်းဆက်ဖူးသူမဟုတ်ပေ။
"ဟယ်လို..."
"ဟယ်လို-ရှအန်း-ကိုယ်ပါ..."
ဖုန်းထဲမှကြားရသောအသံကြောင့်ရှအန်းမျက်မှောင်ကြုတ်သွားသည်။
"ဖုရှန်းလား...."
ရှအန်းသည် ထိုလူက မည်သူဆိုတာကို လုံးဝမှတ်မိသည်။
ရှအန်း၏လေသံက တိကျပြတ်သားနေသောကြောင့် အခြားတစ်ဘက်မှလူက အတော်လေးစွံ့အသွားသည်။
သူသည် တိတ်ဆိတ်စွာပြောလိုက်သည်။
" ဟုတ်တယ်.ရှအန်း...ကိုယ်ပါ မင်းကိုယ့်ကိုမှတ်မိနေသေးလို့ တော်သေးတာပေါ့...."
"တော်တော့.အပိုတွေလုပ်မနေနဲ့.ရှင်နဲ့စကားမပြောချင်ဘူး.ကျွန်မ ဖုန်းနံပါတ်ဘယ်ကရတာလဲ..."
သူမက ဖုန်းနံပါတ်ကိုမကြည့်ဘဲချက်ချင်းဖြေရခြင်း၏အကြောင်းပြချက်မှာ သူမ၏ဖုန်းနံပါတ်သည် သူမနှင့်နီးစပ်သောသူများမှလွဲ၍မည်သူမှမသိသောကြောင့်ဖြစ်သည်။
ဒါက သီးသန့်ဖုန်းနံပါတ်လေ.... ဖုရှန်းကဘယ်လိုလုပ် ဒီနံပါတ်ကို သိနေရတာလဲ...
"ကိုယ်...-"
ရှအန်း၏ မေးခွန်းသည် ဖုရှန်းအတွက် ပြန်ဖြေရန်ခက်ခဲခဲ့သည်။
ဖုရှန်းက ရှအန်း၏ ပုဂ္ဂိုလ် ရေးအရထားရှိသောဖုန်းနံပါတ်သာမက ယခု ရှအန်း မည်သည့်ဟိုတယ်တွင် နေသည်ဆိုတာပါ သိသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကိုယ်ပိုင်စုံထောက်တစ်ယောက်ကို ရှအန်း၏အကြောင်းများစုံစမ်းရန် စေလွှတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ဖုရှန်ဟအသက်ကိုပြင်းပြင်းရှူလိုက်ပြီး လျှင်မြန်စွာပြောလိုက်သည်။
"ရှအန်း...ကိုယ် မင်းနဲ့စကားပြောချင်တယ်... ကိုယ်တို့ ခဏလောက်တွေ့ရအောင်...."
ရှအန်းက စိတ်မဝင်စားသောပုံစံဖြင့် သက်ပြင်းချကာ ဖုန်းချရန်ပြင်ခဲ့သည်။
"ဟမ့်... ဖုရှန်း... ကျွန်မကရှင်နဲ့ တွေ့မယ်လို့ ထင်နေတာလား...."
ထို့နောက် သူမက ဖုန်းချဖို့ခလုတ်ကို နှိပ်ရန်ရွယ်လိုက်သည်။သို့သော် သူမ မနှိပ်ခင် အခြားတစ်ဖက်မှတောင်းဆိုသံကိုကြားလိုက်ရသည်။
" ခဏလေး....ဖုန်းမချပါနဲ့ဦး....ကိုယ် မင်းရဲ့သားဖုယွီ အကြောင်းပြောချင်လို့ပါ...."
ဖုန်းချရန် ပြင်ဆင်နေသောရှအန်းက ထိုစကားကို ကြားပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။
နောက်ဆုံးမှာ သူမက ဖုန်းကို သူမ၏နား နားသို့ ပြန်ကပ်လိုက်သည်။
"တောင်းပန်ပါတယ်.ကျွန်မထပ်ပြောမယ်. ကျွန်မသားရဲ့နာမည်က ရှရှင်းချန်. ဖုယွီမဟုတ်ဘူး...."
ရှအန်း၏ အေးစက်မာကျောသောအသံကို ကြားလိုက်ရသော ဖုရှန်းက သူမ မကျေမနပ်ဖြစ်သွားသည်ကို သတိထားမိခဲ့သည်။
သူက ပင့်သက်ရှူသံဖြင့်ပြောလိုက်သည်။ "ဆောရီး..ရှအန်း ကိုယ်မှားသွားတယ်...."
"ကောင်းပြီ...ကျွန်မရှင့်ကို အချိန် ၃မိနစ်ပေးမယ်..ရှင်ပြောစရာရှိတာကို ခပ်မြန်မြန်ပြော..ကျွန်မမှာလုပ်စရာတွေရှိသေးတယ်...."
ရှအန်းက ဖုရှန်၏တောင်းပန်စကားကို နားထောင်ရန် အလွန်ပျင်းသည်။သူမ၏သားနှင့်ပက်သတ်ပြီး ပြောမည့်စကားကိုသာ နားထောင်ချင်သည်။
ဖုရှန်က အသက်ကိုပြင်းပြင်းရှူကာသူမကိုပြောလိုက်သည်။
"ဖုယွီ.မဟုတ်ဘူး မှားလို့....ရှရှင်းချန်က မင်းရဲ့သားမဖြစ်နိုင်ဘူးလို့ ငါထင်ရှိတယ်..."
သူသည် သူ၏သမီးဆီမှကြားခဲ့ရသည်များကိုကောက်ချက်ချပြီး ပြန်ပြောပြလိုက်သည်။ဒါသည် သူပြောချင်သော အကြောင်းအရာပင်ဖြစ်သည်။
သူ မနာလိုစိတ်ဖြင့်ပြောခဲ့ခြင်းမဟုတ်သော်လည်း သူ့သမီး၏ပြောစကားများက ဟာသမဟုတ်ဘဲ အမှန်ဖြစ်နိုင်ကြောင်း ခံစားမိသည်။
၎င်းသည် အမြစ်ကို စွဲနှုတ်ခံရသော အစေ့တစ်ခုကဲ့သို့ပင်ဖြစ်သည်။
ထို့ကြောင့် သူသည် ရှအန်းနှင့် ရှကျင်း၏ အတိတ်ကအဖြစ်မပျက်များကိုစုံစမ်းရန် ငွေကုန်ကြေးကျခံကာ အတော်ဆုံးစုံထောက်တစ်ယောက်ကို ငှားခဲ့ခြင်းဖြစ်သည်။
သို့သော် ဖုအန်းချီ၏စကားများကို ဖုရှန် ကြားရစဉ်က အလွန်တုန်လှုပ်ခဲ့သော်လည်း ရှအန်းအတွက် မည်သည့်တုန်လှုပ်မှုမှမရှိခဲ့ပေ။
" ပြောလို့ပြီးပြီလား.... ကောင်းပြီ...."
တစ်ဖက်မှရှအန်းက စိတ်မကျေနပ်မှုတစ်စုံတစ်ရာ ပြောင်းလဲသွားခြင်းမရှိပေ။
ဖုရှန်သည် ရှအန်းအတွက် ဘာမှအရေးမပါသော အကြောင်းအရာများကို ပြောနေသလိုဖြစ်နေသည်။
" ခဏလေး...ရှအန်း...ကိုယ် မင်းကိုညာနေတာမဟုတ်ဘူးနော်...ကိုယ်တကယ် သံသယရှိနေတာ ဘာလို့လဲဆိုတော့ ကိုယ့်သမီးက...."
ဖုရှန်သည် ရှအန်း၏စိတ်မဝင်စားသောတုန့်ပြန်မှုကိုတွေ့လိုက်ရသောအခါ သူမက သူ့အားနားလည်မှုလွဲနေသောကြောင့် ယခုကိစ္စကို အလေးအနက်မထားတာဖြစ်နိုင်သည်ဟု ခံစားလိုက်သည်။ထို့ကြောင့် ဖုရှန်က သူမအား အသည်းအသန်ရှင်းပြချင်နေသည်။
သူ့အတွက် တစ်ခုတည်းသောအဖြေမှာ "တီ....တူ..." ဟူသော ဖုန်းကျသွားသည့်အသံပင်ဖြစ်သည်။
"သေစမ်း...."
ဖုရှန်က ဒေါသထွက်ကာ ဖုန်းကိုမြေပြင်ပေါ် လွှတ်ပစ်လိုက်သည်။
ရှအန်းက အလွန်ကျော့မော့သောအမူအရာဖြင့် ဖုန်းကို အိပ်ရာပေါ်သို့ ပစ်လိုက်သည်။
"ရှအန်း....ရှရှင်းချန်က မင်းရဲ့သားမဖြစ်နိုင်ဘူး....."
ဖုရှန်၏ စကားများက ရှအန်းအပေါ် မည်သည့်အကျိုးသက်ရောက်မှုမှမရှိခဲ့သော်လည်း သူမ၏စိတ်ထဲတွင် ထိုစကားများက ကျန်ရစ်နေခဲ့သည်။သူမသည် အိပ်ရာပေါ်သို့လှဲလိုက်ကာ စိတ်ထဲတွင် ဖုရှန်းပြောခဲ့သောစကားလုံးများအား ပြန်လည်တွေးတောနေခဲ့သည်။
"ဟီး..ဟီး..ရှောင်ရှင်းက ငါ့သားမဟုတ်ဘူးတဲ့လား...."
သူမသည် နှုတ်ခမ်းထက်တွင် သရော်သောအပြုံးများဖြင့် ညင်သာစွာပြောလိုက်သည်။
သူက သူမ၏ အမှတ်တကယ် သားအရင်းဟုတ်မနေပေ။
ထို့ကြောင့် ရှရှင်းချန်က ရှအန်း၏ သား ဟုတ်သည် မဟုတ်သည်က အရေးမကြီးပေ။ထိုကိစ္စနှင့်ပတ်သက်၍ သူမတွင် ဘာမှပြောစရာမရှိပေ။ထိုအကြောင်းအရာက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူမအတွက် ဘာအကျိုးသက်ရောက်မှုမှမရှိပေ။
သူမက ရှရှင်းချန်အား သူမ၏သားဟု သတ်မှတ်ထားသောကြောင့် သူသည် သူမ၏သားပင်ဖြစ်သည်။ထိုသို့စဉ်းစားပြီး သူမသည် ဖုရှန်း၏စကားများကို လျစ်လျူ ရှုထားလိုက်သည်။
သူမ အိပ်ယာပေါ်တွင် အတန်ကြာလှဲနေပြီးနောက် စားစရာတစ်ခုခုယူလာရန် မှာလိုက်သည်။သို့သော်...သူမ၏ဖုန်းက တစ်ဖန်ပြန် မြည်လာသည်။ ဖုရှန်းကြောင့် သူမက ဒီတစ်ကြိမ်တွင် ဖုန်းနံပါတ်ကိုသေချာစွာကြည့်ခဲ့သည်။ ဖုန်းမှန်ပြင်ပေါ်မှနာမည်ကိုမြင်သောအခါ သူမက ပျော်ရွှင်သောခံစားချက်ဖြင့် ပြန်လည်ဖြေကြားခဲ့သည်။